Wrong Time Right Person(Completed) part17(unicode)

A+ A-

wrong time right person

အပိုင်း(၁၇)

    “ဒါက ချေသား ကြပ်တိုက်ကို
မီးဖုတ် ထုဖွပြီးဆီနဲ့ပြန်စိမ်ထားတာ
ဒါက ငါးပြေမ ကို မရမ်းပြားနဲ့ ငရုပ်သီးစိမ်းထောင်းနဲ့ အချဥ်အရည်သောက်
ဒါက ဆတ်သားလတ်လတ်ကို အစိမ်းချက်ထားတာ
ကျန်တာဇရစ်ရိုး လန်ဂေါ်ရွက်ပြုတ် တို့စရာ နဲ့ငါးပိရည်ပေါ့
တန်းလျားက အဒေါ်ကြီးတွေလာချက်ပေးသွားတာ မြို့လက်ရာနဲ့မတူပေမယ့်
ခံတွင်းတွေ့မတွေ့ စားကြည့်ကြပါဦး
ကျုပ်တို့သားအဖနှစ်ယောက်တည်းဆို
ထမင်းပဲချက်ပြီး ဟင်းက တခါတလေကိုယ်စားချင်တာလေးရှိမှ ချက်စားတာ
တန်းလျား ကပဲ တစ်အိမ်တစ်မျိုးစီပို့ပေးတာ
စားမကုန်လို့ တားယူရတဲ့အထိပဲ
ဒီမှာက ရိုးမတောင်ခြေနဲ့ ဆက်နေတော့
တောကောင်တွေ ရတာများတယ် အစားအသောက်ကတော့မရှားဘူး”

ရေချိုးရာမှ ပြန်လာချိန် နေ့လည် တစ်နာရီ ကျော်ပြီမို့
ထမင်းဝိုင်းအားကြည့်ကာ
သွားရည်များပင် ကျနေကြပြီဖြစ်သည်။
ဦးအောင်ဘွား အပြောဆုံးသည်နှင့်
ခေါင်းမဖော်တမ်းစားကြတော့သည်။
အသားမှာ လတ်သည့်အပြင် စားဖူးနေကျ လက်ရာမျိုးမဟုတ်သဖြင့်
လျှာဖျားမှာ အသစ်အဆန်းသော စည်းစိမ်ကို ကိုယ်စီခံစားလိုက်ရတော့သည်။

“အဒေါ်ကြီးတွေက ဟင်းချက်သိပ်ကောင်းတာပဲ ရောက်တုန်းရောက်ခိုက်ချက်နည်းမေးသွားရဦးမယ်”
“လင်လင် ကို ချက်ကျွေးမလို့လား နန်းဦး ရဲ့”
“ဖွီး!””

နန်းဦး အပြောအား မေးခွန်းထုတ်လိုက်သော ယသော်ကြောင့် ရေအိုင်တွင် လောလောလတ်လတ် ဆင်ဆာမဲ့ မြင်ကွင်းအား မြင်ထားရသော
ညီဘွားမှာ သောက်လက်စ အချဥ်ဟင်းမှာ အူလမ်းကြောင်းထဲဆင်းသွားရမည့်အစား အပြင်သို့ ဖွီးကနဲပြန်ထွက်လေသည်။ ယသော့်အား တည့်တည့်ထိမှန်ကာ ရင်ဘတ်မှာ ညီဘွားပါးစပ်မှ ထွက်လာသည်များနှင့် စိုကွက်သွားလေသည်။

“အစုတ်ပလုပ်ကောင် ညစ်ပတ်လိုက်တာ အဝတ်အစားများများမပါ ပါဘူးဆို “
“ဆောရီး ကွာ ငါ့ဟာသွားယူဝတ်လိုက်
ဒီတောထဲ မင်းအလှပြစရာ ဘယ်သူမှမရှိဘူး “
ယသော်က ဦးအောင်ဘွားမျက်နှာကြောင့် ညီဘွားအား ဆဲချင်သည့်စိတ်အားမြိုချကာ အဝတ်လဲရန်ထထွက်သွားလေသည်။

“မနက်ဖြန် မြေ့
တို့ရောက်လက်စနဲ့ ကျုပ်အမဲလိုက်ပေးမယ်
ကံကောင်းရင်တောဝက်လေးဘာလေး တွေ့ချင်တွေ့နိုင်တယ်”
“တောဝက်လည်း ရှိတာလား ဦးလေး”
“ကြောင် ကြီးတွေတောင် ရှိတယ်
တခါတလေ မျက်စိလည် လည်း မှားပြီး ရောက်လာတတ်တာ
ရှေ့နှစ်ကဆို
မွေးထားတဲ့ ဆိတ်တွေပါဝင်ဆွဲတာ
အပေါ်ထပ်မှာ အရေခွံချိတ်ထားတယ်
သုံးတောင်လောက်ရှိတယ် “
“ဘယ်ကြောင် မျိုးမို့ သုံးတောင်တောင်ရှိတာလဲဦးလေး”
“ကျားကို ကျားလို့မပြောချင်လို့ ကြောင်ကြီး လို့ ပြောတာ ပါ နန်းဦး ရ”

နန်းဦး ၏အပြောကို ညီဘွားက ဝင်ဖြေလို
က်ခြင်း။

“ကျား လား”
“အမြဲတော့ မရှိပါဘူး
အမဲလိုက်သွားရင်
မြေ့
ပါ လိုက်ခဲ့ မယ်မလား သခင်ကြီးရဲ့
ရိုင်ဖယ်ကို ကောင်းကောင်း သထားပေးတယ်”
ကြည်သူ ငယ်ငယ်ကတည်းက
နွေရာသီကျောင်းပိတ်တိုင်း အဘိုးဖြစ်သူနှင့် နွားခြံထဲလိုက်လာကာ
အမဲပစ်လိုက်နေကျပင်။
မိဘတွေကိစ္စဖြစ်ပြီး အဘိုးပါဆုံးသွားတော့ ကျောင်းအားနားကာ နွားခြံမှာ ပင်တစ်နှစ်လောက် စိတ်ပြေလက်ပျောက်လာနေခဲ့သည်။ စိတ်အဆင်သင့်ဖြစ်မှ ရွှေဆောင်ပြန်ကာ
ဆယ်တန်းစာမေးပွဲအား နောက်တစ်နှစ်မှပြန်ဖြေခဲ့သည်။ ဦးအောင်ဘွားပြောသော ရိုင်ဖယ်မှာ
ခြံထဲရောက်တိုင်း အဘိုးအမြဲကိုင်နေကျ ရိုင်ဖယ်ပင်။

“အင်း ကျတော်လည်း လက်ရည်ပြန်စမ်းကြည့်ချင်နေတာနဲ့အတော်ပဲ”

ယသော် က ညီဘွားအင်္ကျီ
တစ်ထည်ယူဝတ်ကာ ပြန်ထွက်လာ၏။
ညီဘွား အင်္ကျီ မှာ ယသော့်ကိုယ်ပေါ်တွင်ပွပွကြီးဖြစ်နေကာ
ပခုံးတစ်ခြမ်းရွဲနေပြန်သည်။
ထမင်းစားပြီး ဆေးကြောတဲ့ကိစ္စအား
နန်းဦး ပင်တာဝန်ယူလိုက်သည်။
နေ့လည်က ရေချောင်းမှကိစ္စကြောင့် လူကြားတွင်နေရမျက်နှာပူသေးသည်
မဟုတ်ပါလား။
ပန်းကန်ခွက်ယောက်ဆေးပြီး ပြန်ထွက်လာတော့ အိမ်ရှေ့သစ်သား ကွပ်ပျစ်တွင် ကိုကိုက ကန့်လန့်ကြီးအိပ်နေ၏။
နန်းဦး ကို မြင်တော့
ကိုယ်ကိုတစ်ခြမ်းစောင်းကာ လက်တစ်ချောင်းအား ခေါင်းအောက်တွင် ထော
က်လျက် လှည့်ကြည့်လာ၏။
နန်းဦး တစ်ကိုယ်လုံးအား စေ့စေ့စပ်စပ် ကြည့်နေသည်မို့

“ဘာ ဘာဖြစ်လို့လဲ”
“အဆင်ပြေရဲ့လား အအေးပတ်မှာ စိုးလို့ ဆေးကြိုသောက်ထားမလား
ကိုယ့်နားလာပါဦး”
“တခြားသူတွေရော”
“နွား ခြံမှာ နွားစာကျွေးဖို့ ထွက်သွားကြပြီ “

ပြောရင်း အနားရောက်လာသော
နန်းဦး အား လက်တံရှည်ကြီးဖြင့် သိမ်းဖက်၏။

ထို့နောက် နန်းဦး ကွက်ပစ်ပေါ်တွင် ထိုင်လိုက်သော နန်းဦး ပေါင်ပေါ်ခေါင်းတင်လာကာ
နန်းဦး အားမော်ကြည့်လျက်

“မင်း ကိုယ့်ကို ဘယ်လိုမြင်လဲဝေ”
“ဘယ်သူမဆို ကိုကို့ ကို ချောတယ်လို့မြင်မှာပေါ့”
“ကိုမေးတာ မင်းအမြင်ကိုပြောတာ”
“အင်း ချောတယ် လိုချင်လောက်အောင်အထိ ဒါပေမယ့် အဲဒီညက
ကိုကို့ အပေါ် ဒီလိုလုပ်ဖို့ စိတ်ကူးမရှိတာအမှန်ပဲ မမဆီကလည်း လုယူဖို့စိတ်ကူးမရှိခဲ့ဘူး “
“မင်းသိလား ဝေ နွယ်က ကိုယ့်အချစ်ဦး ဖြစ်ခဲ့တယ် ချစ်ခဲ့တယ် ဆိုပေမယ့် မင်းကိုလည်း ကိုယ့်မျက်စိရှေ့မှာ ကိုယ့်နားမှာပဲ ထားချင်ခဲ့တယ်
နွယ်နဲ့လက်ထပ်ခဲ့ရင်တောင်
မင်းကို ကိုယ့်အနား ခေါ်ထားဖို့
ကိုယ့်မှာ အစီအစဥ်ရှိပြီးသား
ဒီလိုအခြေအနေမျိုးဖြစ်လာတော့လည်း နွယ့်အပေါ် အားနာစိတ်အပြင်
မင်းကိုလည်း ကြာကြာစိတ်မဆိုးနိုင်ခဲ့ဘူး မင်းကို လက်ထပ်တာက
တစ်ညတာ ကိစ္စကြောင့်မဟုတ်ပဲ
ဘယ်လိုနေနေ ကိုယ့် အနားမှာ ခေါ်ထားမှာ မို့လို့ပဲ
အဲဒီ အဓိပ္ပယ် ကို ကိုယ်လည်း တိတိကျကျ မဖွင့်ဆိုနိုင်ပေမယ့်
မင်းကို ကိုယ့်အနားရှိစေချင်တာ
အဲ ဒါတော့
ကိုယ်ပြောနိုင်တယ်ဝေ
ဖြစ်ပြီးတာတွေလည်း
တနုံ့နုံ့နဲ့ လိုက်ခံစားမနေနဲ့ နွယ်က ရုပ်ရည်ရော အရည်ချင်းရောရှိတဲ့မိန်းကလေး ကိုယ့်ထက်မသာရင်တောင် ကိုယ့်ထက်မလျှော့တဲ့ လက်တွဲဖော်ကို ထပ်တွေ့နိုင်မှာပဲ
မင်းမိသားစုကလည်း အချိန်တန် မင်းကိုခွင့်လွှတ်မှာပဲ “

ကြည်သူစကားအဆုံး နန်းဦး က ပင့်သက်လေးမသိမသာ ရှိုက်၏။
နဂိုကတည်းက မာနကြီးကာ
ဂုဏ်သိက္ခာကို ဘုရားလို ကိုးကွယ်တဲ့
ဖေကြီးက ကိုကို ပြောသလို နန်းဦး ကို ခွင့်လွှတ်ပါ့လား။နန်းဦးအပေါ်
ကိုကို ဖွင့်ဆိုသော
အဓိပ်ပ္ပါယ်
အချစ်မဟုတ်ရင်တောင် နန်းဦး ကျေနပ်နိုင်ပါသည်။

“အဲဒီနေ့က ယောကျာ်းတစ်ယောက်ကို တာဝန်မယူနိုင်ဘူးလို့ ပြောတာက
ကိုယ့် မာမီကြောင့် မင်းတစ်ခုခုဖြစ်မှာစိုးလို့ပါ အဲဒီနောက်ပိုင်းမင်းလည်းသိမှာပဲ
ပြီးတော့ အဖြစ်အပျက်တွေက ရုတ်တရက်ဆန်ဆန် ဖြစ်ပျက်သွားတော့ ကိုယ့်စိတ်ကိုယ် လိုက်မမှီခဲ့ဘူး
ထင်မှတ်မထားတဲ့အခြေအနေမို့
ကိုယ့်စိတ်တွေလည်း တအားဆတ်နေခဲ့တာ ခေါင်းအေးအေးထားပြီး စဥ်းစားကြည်လိုက်တော့ မင်းအပေါ်
ထင်သလောက် ဒေါသမထွက်ခဲ့ဘူးပဲ”
“ကျတော်
တောင်းပန်ပါတယ် “
“ဘာအတွက်လဲ”
“ကိုကို့ အချစ်ဦး နဲ့ လွှဲခဲ့ရတဲ့အတွက်
သာမန်မိသားစု ဘဝလေးကိုမပေးနိုင်တဲ့အတွက် ပေါ့ကိုကို “
“အချစ်ဦးက လူတိုင်းမှာ
တစ်ယောက်စီရှိပါတယ်လေ
မင်းတောင်
ဟိုတစ်ယောက်နဲ့ လွှဲခဲ့သေးတာပဲ”

ဟိုတစ်ယောက်ဆိုတာ ပြည့်စုံကို ဆိုလိုတာမှန်း သိတာကြောင့် နန်းဦး
နှုတ်ဆိတ်နေလိုက်သည်။
အဆင်ပြေသလိုလို အခြေအနေမှာ အခြေအတင် ဖြစ်မှာမျိုးကို မလိုလား။
ကိုကို ကျတော့ကို တရားဝင် ချစ်ရေးဆိုတဲ့တစ်နေ့ ကျတော့ အချစ်ဦးဟာ
ကိုကို ဖြစ်ခဲ့ကြောင်း
အချစ်မှန်းသိတတ်စအရွယ်ကတည်းက
ကိုကို့ကိုသာ
ချစ်ခဲ့ ဖူးကြောင်း
ဇီဇဝါပန်းကို သက်သေတည်လျက် ပြောပြပါဦးမည်။

“ကဲ ထ နွားခြံဘက်လိုက်သွားရအောင်”

ဆယ်ငါးမိနစ်ခန့် လမ်းလျှောက်သွားသောအခါ သစ်သားကြမ်းခင်း သစ်သားအမိုးများဖြင့်
အခိုင်အမာဆောက်ထားသော
အဆောက်အဦး ဆီရောက်လာလေသည်။ သစ်များအား ပေါပေါလောလော ရသည့်နေရာမို့ ဘာပဲလုပ်လုပ် သစ်နှင့်ပင်ဖြစ်ကာ အမိုးကိုပင် ပစ်သားနှင့် မိုးထားလေသည်။
ယသော်က ကနန်းဦးတို့ကို မြင်သည်နှင့်
အပြေးရောက်လာ၏။
မြို့ပေါ်တွင် စတိုင်အပြည့်နှင့် စမတ်ကျကျနေတတ်သော် ယသော်မင်းညီမှာ
ညီဘွားအင်္ကျီ ပွပွနှင့် ဆီမရှိသော ခေါင်းမှာ ရှုပ်ပွနေကာ
မျက်နှာတွင် လည်း ချွေးတပြိုက်ပြိုက်နှင့် အဆီတဝင်းဝင်းဖြစ်နေတော့သည်။

“နန်းဦး လာ နွားစာ ကျွေးရတာ ပျော်ဖို့ကောင်းတယ်လာကြည့်
မနက်ဖြန် ကျရင် နွားနို့ ညှစ်ဦးမှာတဲ့
ဟိုးဘက်မှာ နို့ညှစ်လို့ ရတဲ့နွားမတွေ”

နွားစာ ကျွေးနေသော အလုပ်သမား
လေး ငါးယောက်မှာ နွားစာကျွေးပြီး၍ နွားများအား ရေထပ်ထည့်ပေးနေ၏။
ညီဘွားက နွားသားပေါက်လေးများအား မိခင်နွားမကြီးများထံတွင် နို့စို့ရအောင် နေရချပေးနေလေသည်။
ကြည်သူက နွားခြံထဲမဝင်ပဲ ခပ်လှမ်းလှမ်းမှ မြင်းဇောင်းဆီသွားလိုက်လေသည်။
ကြည်သူနောက်မှ ညီဘွားနှင့် ကိုညိုပါလိုက်လာ၏။
ကိုညိုက ကြည်သူအားတွေ့သည်နှင့်
ခြေထောက်အား အသာ တိုးဝှေ့လေသည်။

“ရွှေသီး နဲ့ ငွေသီးတောင်
အိုလာပြီနော်”

ကြည်သူက ညီဘွားအားလှည့်မကြည့်ပဲဆို၏။
အဘိုးရှိစဥ်က ခေါ်ဆောင်လာသော ရွှေသီးငွေသီးဟူသော အုန်းခွံရောင် မြင်းထီးမြင်းမတစ်စုံသည် ယခုအခါ
အသက်ဆယ့်ငါးနှစ်အရွယ်ရှိပြီဖြစ်ကာ
မြင်းသက်တမ်းနှင့် တွက်လျှင်
အသက်အရွယ် အိုမင်းပြီဖြစ်သော
အနေအထားပင်။

“ငွေသီး က ချူချာပေမယ့်
ရွှေသီးက သန်တုန်းမြန်တုန်း
သူ့သားတွေနဲ့အပြိုင်ကဲချင်တုန်းပဲ”

ရွှေသီးနှင့် ငွေသီးမှ မွေးသော သားနှစ်ကောင်နှင့် သမီးတစ်ကောင်တွင် သမီးမှာ ဇီးတင်နေသဖြင့် ဗိုက်မှာ သာမာန်ထက်ပိုဖောင်းနေလေသည်။
နာမည်အား တော်တော် စဥ်းစဥ်းစားစားပေးထားပုံရကာ
အထီးနှစ်ကောင်မှာ ရွှေတုံး ငွေတုံး ဟုခေါ်ကာ ဇီးတင်နေသော
အငယ်မမှာ စိန်တုံးဟု ခေါ်လေသည်။

“မင်းစီးကြည့်လေ ရသေးရဲ့လားလို့”
“ဘာလို့မရ ရမှာလဲ”
“ရွှေတုန်းက နဲနဲရိုင်းတယ် မင်းစီးချင်ရင်ငွေတုံးကိုစီး”

ကြည်သူ က နည်းနည်း ရိုင်းသည် ဆိုသော ရွှေတုန်းအား မြင်းဇောင်းထဲမှ ဆွဲထုတ်လာလိုက်သည်။
ညီဘွား က မနိုင်ဘူးဆိုသည့် အကြည့်နှင့် ခေါင်းခါကာ
မြင်းကုန်းနှီးတစ်ခုအား ရွှေတုံး၏ ကိုယ်ပေါ်လွှားတင်ပေးလိုက်လေသည်။
ကြည်သူမှာ စိမ်းနေသေးသော ရွှေတုံးကိုယ်ပေါ် ချက်ချင်းမတက်သေးပဲ
လည်ဆံမွှေးနှင့် ခေါင်းအား အနည်းငယ်ပေါ့သပ်ပေးလိုက်သည်။

“မင်းက မေးအဖေနဲ့ တူတာပဲကွ
မင်းအဖေက ငါနဲ့သူငယ်ချင်းတွေ”

ကြည်သူဆိုတော့ ရွှေတုန်းမှာ နားလည်သည့်အလား ခေါင်းအားတလှုပ်လှုပ် လုပ်နေ၏။
ထို့နောက် ဇာက်ကြိုးအားဆုပ်ကိုင်ကာ
ကိုယ်အလေးချိန်အား အတတ်နိုင်ဆုံးဖော့ ကာ ဘက်ညီအောက်လုပ်လျက် ရွှေတုံးကိုယ်ပေါ် ညင်သာစွာ လွှားကနဲတက်လိုက်လေသည်။
မြင်းမှာ စိမ်းနေသည့်တိုင် ကြည်သူမှာ
မြင်းစီးခြင်းအတတ်တွင် မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိလေသည်။
ဝါရှင်တန် ရှိအားလပ်ရက်များတွင် အားကစားအနေနဲ့ မြင်းစီးခြင်းဖြင့်ပင်အချိန်ဖြုန်းခဲ့ကာ အပျော်သဘောဖြင့် ပြိုင်ပွဲများပင်ဝင်ပြိုင်လျက် ဆုရဖူးလေသည်။
စစီးစီးချင်း ဇက်ကြိုးအားပုံမှန်ကိုင်လျက် ဖြေးဖြေးနှင့် မှန်မှန် ခွာစုံစီးလိုက်သည်။
နန်းဦး နှင့် ယသော် မှာ ကြည်သူမြင်းစီးလာသည်ကို မြင်သည်နှင့်
နွား ရုံထဲမှ ပြေးထွက်လာကာ
လက်ခုပ်လက်ဝါးတီးကာ
အားပေးကြလေသည်။ ကြည်သူမြင်ကွင်းမှပျောက်ကွယ်သွားသည်နှင့်
ယသော်မှာ
အိမ်ဘက်လှည့်ပြန်သွားပြီဖြစ်သော်လည်း
နန်းဦး မှာ ဘယ်တော့မဆို ကြည့်ကောင်းလှသော မြင်းပေါ်မှ ခြေတံရှည်များနှင့် သူ့ပိုင်ဆိုင်မှုအား
မမြင်ဖူးသည့်နှယ် မြင်းစီးသူမှာ
ဒုန်းစိုင်းလျက် တောင်ကုန်းကမူလေးအောက်ပျောက်ကွယ်သွားသည့်တိုင်လည်ပင်းများရှည်လျက်လိုက်ကြည့်နေ၏။
မကြာမီ မြင်းမှာ နန်းဦးဘက်ပြန်လှည့်လာကာ ဒုန်းစိုင်းစီးနေရာမှ အရှိန်တန့်ကာ တစ်လှမ်းချင်းဖြင့် နန်းဦး ရှေ့တွင်ရပ်သွားလေသည်။

“လာခဲ့လေ ဝေ”
“ဟင်အင်း ကျတော်မစီးရဲဘူး”

လည်ဆန်မွှေးကြီးခါကာ ခါကာ ဖြင့် ခေါင်းမော့ကာ တစ်ချက် ဟီ လိုက်သော မြင်းညိုကြီးအားကြည့်လျက်
နန်းဦး ဆို၏။
ကြည်သူ ကမြင်းပေါ်မှ လွှားကနဲခုန်ဆင်းလာကာ
နန်းဦး အား ချိုင်းမှနေ၍မြင်းပေါ်မတင်လိုက်ကာ သူပါ လွှားကနဲခုန်တက်လိုက်လေသည်။

“စိတ်လျှော့ ထား ငြိမ်ငြိမ်နေ ဘာမှမဖြစ်ဘူး”

နန်းဦး မှာ ကိုယ်ကို ကြုံ့ထားလျက် တောင့်တောင့်လေးဖြစ်နေရာမှ
ရင်ငွေ့နွေးနွေးနှင့်အတူ လက်နှစ်ဖက်အား အုပ်ကိုင်လာသော လက်နွေးနွေးတစ်ဖက်ကြောင့် အနည်းငယ်စိတ်သက်သာရာ ရသွားလေသည်။
ကြည်သူမှာ အေးစက်နေသောလက်လေးအား လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်အားပေးလိုက်ကာ
တစ်ဖက်မှ မြင်းဇက်ကြိုးအား ကျင်လည်စွာဆုပ်ကိုင်လျက် နေရာမှထွက်ခွာလိုက်သည်။
မကြာမီ အစိမ်းရောင် လွင်ပြင်ကြီးမှာ နောက်တွင် ကျန်ခဲ့ကာ ရာဘာခြံထဲ ရောက်လာ၏။
လူသွားလမ်းလေးအတိုင်း ဖြည်းဖြည်းမှန်မှန် သွားနေသော မြင်းညို ကြီးမှာ
လူနှစ်ယောက်အား တင်ထားရသည်တိုင် အားမာန်အပြည့်နှင့် အသော့နှင်ရန်သာ စိတ်စောနေလေသည်။
လမ်းတွင် ရာဘာပင်များအား
အစာထည့် ရာမှ ပြန်လာသော
အလုပ်သမားတချို့မှာ
မြင်းတစ်ကောင်နှင့် လူနှစ်ယောက်အား
ကွက်ကြည့် ကွက်ကြည့်ဖြင့် တီးတိုးစကားဆိုသွားကြလေသည်။
နာရီဝက်ခန့်ကြာသော အခါ လူသွားလမ်းလေးမှာ ဆုံးသွားကာ ရှေ့တွင် စိမ်းညို့နေသော တောင်တန်းကြီးများသာ ဆီးကြိုနေတော့သည်။
ရာဘာပင်အဆုံး ကွက်လပ်တွင် အမိုးသာ ရှိလျက် အကာမပါသော
နားနေဆောင်လေး တစ်ဆောင်ရှိလေသည်။
ကြည်သူက မြင်းပေါ်မှ ဆင်းလိုက်ကာ နန်း ဦးအား ချီ မ၍အောက်ချပေး
လိုက်သည်။
ထို့နောက်မြင်းအား နားနေဆောင်လေး၏ တိုင်တွင်ချည်လိုက်ကာ
ကြည်သူမှာ နားနေဆောင်အား ခိုင်မခိုင်စစ်ဆေးရန် မိမိအရင်တက်လိုက်ကာ
စိတ်ချရပြီဆိုမှ နန်းဦး အားတက်စေလိုက်သည်။
သစ်ပင်သစ်တော များအား ဖြတ်တိုက်လာသော လေများမှာ မြို့ပေါ်မှလေများနှင့်မတူ အစွမ်းကုန် သန့်ရှင်း လတ်ဆတ်နေကာ စိတ်ကို ကြည်လင်စေ၏။ လေအဝှေ့တွင် နန်းဦး၏ ဆံနွယ် ပျော့ပျော့လေးများမှာ နဖူးပေါ်ဝေ့ဝေ့ဝဲဝဲ။
ကြည်သူက နားနေဆောင်လေးပေါ်တွင် ပက်လက်လှန်လျက်လှဲလိုက်ကာ
လက်မောင်းတစ်ဘက်အားဆန့်တန်းလျက် နန်းဦး အိပ်စေလိုက်သည်။
နန်းဦး က လူအား လက်မောင်းပေါ်တွင် အိပ်စေကာ မျက်လုံးများမှိတ်လျက် ခပ်တည်တည်ကြီး အိပ်နေသော သူအား ကိုယ်ကိုတစ်ခြမ်းစောင်းလျက်လိုက်ကြည့်နေလိုက်သည်။
ကိုကို့ မျက်နှာ အား လိုက်ကြည့်နေရင်း
နေ့လည်က စားထားသော အရှိန်နှင့် အဆီယစ်ကာ လေ လေးတဟူးဟူးနှင့် မို့ အေးချမ်းစွာ အိပ်ပျော်ခြင်းသို့ရောက်၏။
မည်မျှကြာအောင် အိပ်ပျော် သွားသည်မသိ
ခန္ဓာကိုယ်ပေါ်မှ ဖိအား
တစ်ခုခုနှင့်အတူ အသက်ရှူမဝသလို မွန်းကြပ်လာသည်မို့
မျက်လုံးများ ဖွင့်လိုက်ရာ
မျက်နှာချောချောမှ မိမိမျက်နှာနှင့်
ထိကပ်နေကာ ခန္ဓာကိုယ်သည်လည်း ကိုယ်ပေါ်တွင် အုပ်မိုးလျက်သား။
နန်းဦး က မျက်လုံးများပြန်မှိတ်ချလိုက်ကာ ခန္ဓာကိုယ် ကြီးအား
မမှီမကမ်း ဖက်တွယ် လိုက်သည်။

“အ…အွမ်း”

ခပ်ကျိတ်ကျိတ်ဖိကိုက်ခံလိုက်ရသော
နှုတ်ခမ်းများမှာ အနည်းငယ် စပ်ဖျင်းသွားရုံ။
ကြည်သူက လက်တံရှည်နှစ်ဖက်အား နန်းဦး ခါးအောက်မှ လျှိုဝင်ကာ ခန္ဓာကိုယ်အား ချီမလိုက်သည်။
နန်းဦး မှာ ကြည်သူ့
ပေါင်
ပေါ်တွင် ခွထိုင်လျက်ဖြစ်သွားကာ
အောက်မှ မာကြောသော ထိတွေမှု တစ်ခုကိုလည်းခံစားနေရသည်။
လည်ပင်းတွင် ချိတ်တွယ် ထားသော
လက်များမှာ ပို၍တင်းကြပ်သွား ကာ
ကျော ပြင်များအား
ကြည်သူ၏လက်များဖြင့်
ပွတ်သပ်ခြင်း ခံနေရသည်မို့
ကြက်သီးနွေးနွေးများမှာ ခန္ဓာကိုယ် အနှံ့ဖြန့် ကျက်လာ၏။
လွတ်လပ်သွားသော နှုတ်ခမ်းများမှာ အနည်းငယ် ကျိန်းစပ်နေကာ ထူအမ်းနေ၏။
လည်တိုင်မွှေးမွှေးလေးအား လျှာနှင့် တစ်ချက်သပ်လိုက်လျှင်
လျှာ၏ အရသာ အသိသည် တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားကာ တစ်ခုသော နေရာသည် ပေါက်ကွဲလုမတတ်။
ယောကျာ်း တစ်ယောက်ဟာ
ဟာ ထိုမျှထိ
ချိုမြိန်ရသလား ဦးနှောက်က လိုက်မမီ ။
ဝတ်ထည်းသော ရှပ်လက်ရှည်အား ကြယ်သီး ဖြုတ်ဖို့ကို စိတ်မရှည်နိုင်စွာ
အားထည့် ၍ ဆွဲလိုက်သည်
အပေါ်ကြယ်သီးနှစ်လုံးခန့်ပြုတ်ထွက်သွားလေသည်။

“အ့…ကိုကို”

ပေါ်လာသော ညှပ်ရိုးပေါ် တတိတိကိုက်လိုက်တော့ ကောင်လေးဆီမှ ညည်းသူသံထွက်လာ၏။

“ကိုယ့် ကို ကူညီမလားဝေ”
“အင်းး..အဲ.. မဟုတ်ဘူး
ဘယ်လိုကူညီ”

ကြည်သူက ဘောင်းဘီဇစ်အား ဖြုတ်ကာ အတွင်းခံထဲမှ ဂုဏ်ရည်ချောင်းအဆွဲထုတ်ကာ
ပုခုံးပေါ်တွင် တွဲခိုထားသော နန်းဦး လက်တစ်ဖက်အား
ဖြုတ်လျက် အုပ်ကိုင်စေလိုက်သည်။
ပူနွေးသော အထိအတွေ့နှင့်အတူ
လက်ထဲ မဆန့်မပြဲ ဝင်ရောက်လာသော အရာအား နေ့ခင်းကြောင်တောင်
အကောင်အထည်လိုက်ကြီးတွေ့လိုက်ရသော နန်းဦး မှာ ရှက်လန့်တကြားလက်ကို ဖယ်ထုတ်ဖို့ လုပ်လိုက်လျှင်
ကြည်သူက လက်တစ်ဖက်ဖြင့် အပေါ်မှ အုပ်ကိုင်လာ၏။

“ရှက်လို့လား”
“အင်း”
“မင်း ကိုယ်ထဲ ရောက်ဖူးပြီးသွားပြီလေ”
“အား မပြောနဲ့ကိုကို”

ထိုညက ကအကြောင်း ဆီရောက်သွားတော့ အောက်ပိုင်းပင်ကျိန်းလာကာ
ကိုယ်ကို အလိုလိုကျုံ့မိသွားရသည်။
ဒီလိုကြီး အကောင်အထည်လိုက်မြင်လိုက်ရတော့ နန်းဦး သတိလစ်ပြီး အဖျားကြီးသွားတာ အံသြစရာတော့ ဟုတ်မနေပါ။

“လက်နဲ့ တင်းတင်း ကိုင်ပြီး
အပေါ်အောက် မြန်မြန်ပွတ်ဆွဲပေး
မင်း ဘာသာ မလုပ်ဖူးဘူးလား”
“ဟင်အင်း”
“ကိုယ့် လူပျို ရေမရောလေးပေါ့”
“လက်ညောင်းနေပြီ”
“ခဏပဲ မြန်မြန်လေး”

ကြည်သူက နန်းဦး ရင်ဘတ်မှ
ပွင့်ချပ်လေးအား ငုံစုပ်လိုက်ကာ နန်းဦး လက်အား ဖိကိုင်လျက်
မြန်မြန်သွက်သွက် လုပ်ရှားလိုက်သည်။
ကောင်လေး၏
လက်အထိအတွေ့နွေးနွေးလေး
လေးဆိုတဲ့အသိနဲ့တင်
မီးတောင်ပူပူကြီးမှာ ပေါက်ကွဲလျက်
ချော်ရည်များမှာ လျှံကျကာ
လက်ချောင်း များကြားအထိ ယိုစီးလာလေသည်။ နန်းဦး က လက်တွင် ပေနေသော ဖြူပျစ်ပျစ် အရည်များအားကြည့်ကာ
“ပေ ပေကုန်ပြီ”
“ရွံလို့လား “
“ဟင်အင်း အနံ့က ထူးဆန်းတယ်”
“အရသာလည်း ထူးဆန်းတယ် “
“အာ…”
“မင်း ဒီအသက်အရွယ်ထိ တကယ် ဒါမျိုး မဖြစ်ဖူးဘူးလား”
“တကယ်ပါဆို”
“အင်းထူးဆန်းတဲ့ ယောကျာ်းလေးပဲ
ညကျ ကိုယ် အများကြီး သင်ပေးမယ်
လက်ပေးကိုယ့်ကို”

ကြည်သူက အိတ်ကပ်ထဲမှ ပုဝါအား ထုပ်ယူကာ နန်းဦး လက်အား သုတ်ပေးလိုက်သည်။
ညကျမှ ဆိုသော စကားကြောင့် နန်းဦး မှာ နားရွက်ဖျားများနီရဲကာ ကြက်သီးများပင်ထလာ၏။
ပုစွန်ဆီရောင်ကောင်းကင်ကြီးကြီးမှာ
လှချင်တိုင်းလှနေကာ
နန်းဦး မျက်နှာလေးသည် ရွှေအရောင်ကို နေရောင်ဟပ်လိုက်သည့်နှယ်
ဝင်းလက်တောက်ပနေ၏။
နှုတ်ခမ်းဖူးဖူးလေးမှာ အစွမ်းကုန်ရန်ရှာ ခံထားရသည်မို့ နီရဲကာ ထော်ထော်လေးဖြစ်လို့နေလေသည်။
ကြည်သူကနဖူးအား တစ်ချက် နမ်းမွှေးလိုက်သည်။

“ပြန်ရအောင်”

နေလုံးကြီးမှာ အနောက်ဂေါ်ယာကျွန်းပေါ်မှေးတင်ကာ မကြာမီ ငုပ်လျှိုးပျောက်ကွယ်တော့မည်။

“အီ ဟီဟီ “

ရုတ်တရက်ကြီ ထဟီလိုက်သော ရွှေတုံးအသံကြားမှ ရွှေတုံးအား သတိရကြသည်။
မကြာခင်နေဝင်တော့မည်မို့ နန်းဦး အားရင်ခွင်ထဲထည့်ကာ
ရွှေတုံးအား ဒုံးစိုင်းစီးလျက် အိမ်ဘက်အသော့နှင်လိုက်လေသည်။
အိမ်ပြန်ရောက်လျှင်
မှောင်ရီပျိုးနေပြီဖြစ်ကာ
ရွှေတုံးအား ရေချရင်း စမ်းချောင်းမှာပင် ရေချိုးလိုက်သည်။

“မိုးမြေ့ရေ အတော်ပဲ တန်းလျားက ကိုဘပု တောကြက်နှစ်ကောင်
နဲ့ ငရှဥ့် နှစ်ကောင်
လာပေးသွားတယ် မင်းပေးထား
တဲ့ ဝီစကီဘူးကြီးတော့ အသုံးဝင်ပြီ”

အဝတ်အစားလဲကာ
အခန်းထဲမှ ထွက်လာသော ကြည်သူမိုးမြေ့အား အမွှေးအမျှင် များအားအပြောင် ကိုင်ထားသော
တောကြက်နှစ်ကောင်နှင့်
ရှဥ့် ဝဝလေးနှစ်ကောင်ဆွဲလျက်
ညီဘွားအား
တွေ့ရလေသည်။

“ဝီစကီက
ခုထိကျန်သေးတာလား”
“ဖောက်ကိုမဖောက်ရသေးတာ
သောက်ဖို့အဖော်မှမရှိတာ”

ညီဘွားပြောသော ဝီစကီမှာ ကြည်သူမိုးမြေ့ဝါရှင်တန်မှ ပြန်လာတုန်းက လက်ဆောင်ဝယ်လာပေးခြင်းဖြစ်သည်။ ညီဘွားမှာ ယမကာအား စွဲ
စွဲမြဲမြဲ သောက်တတ်သူမဟုတ်။
အဖော်ကောင်းမှ အာရွှင်သူဖြစ်တာကြောင့် ဝီစကီဘူးမှာ ဖောက်ပင်မဖောက်ရသေးတာဖြစ်သည်။

“ဘာလေးတွေလဲ ညီဘွား”
“မင်းငါ့အင်္ကျီယူဝတ်ထားပြန်ပြီ”
“ကုန်တတ်တာမှမဟုတ်တာ
ပြန်လျှော်ပေးရင်ရပြီပေါ့
ဘာလေးတွေလဲမင်းလက်ထဲက “

“ရှဥ့် နဲ့ တောကြက်”
တကယ်က ယသော်မင်းညီ ယူလာသော အဝတ်အစားများသည်
ထိုနေရာနှင့် နည်းနည်းမျှမအပ်စပ်သည့် ပြောင်ပြောင် လက်လက်များပင်ဖြစ်သည်။
ထို့ကြောင့် ညီဘွား အင်္ကျီ များ ချည်း ယူဝတ်နေရတာဖြစ်သည်။

“နန်းဦး လက်ရှည်တွေဘာတွေနဲ့ ပါလား နှုတ်ခမ်း ကပျားတုပ်ထားတာလား မှန်းစမ်း”
“အင်း”

နန်းဦး မှာ ယသော်စကားကြောင့် ယောင်ယမ်းကာ ခေါင်းငြိမ့်လိုက်လေသည်။
မှေးစေ့အား လှမ်းကိုင်ရန်ရွယ်လာသော ယသော်လက်မှာ ကြည်သူ၏ ပုတ်ထုတ်ခြင်းခံရတာမို့ လမ်းခုလတ်တွင်ရပ်သွားလေသည်။

“မင်းဒီလောက် အဖြစ်သည်းနေတာ
မဟုတ်မှ ပျားတုပ်ထားတာ မဟုတ်ပဲ
မင်းတုပ်ထားတာမှလား
ညီဘွားက ပြောတယ် ရေအိုင်မှာ ဝူးးး”

မီးဖိုချောင်မှ ပြန်ထွက်လာသော
ညီဘွားမှာ ယသော်မင်းညီစကားမဆုံးမီ ပါးစပ်အား ပြေးပိတ်လေသည်။

“မင်းတို့ နှစ်ကောင် ငါတို့
မြင်းစီးသွားတုန်း အတင်းတုပ်နေကြတာပေါ့လေ”

ကြည်သူက ညီဘွားလက်အား လှမ်းထိုးလိုက်သဖြင့်
ညီဘွား က ယသော့်နောက်ပြေးဝင်ကာ
ပုန်းလေသည်။
နန်းဦး မှာ ထိုမြင်ကွင်းများအား
ကြည့်ရင်း မိမိတို့ သူငယ်ချင်း အုပ်စုအား မြင်ယောင်လာကာ
မျက်ရည်များပင်ဝိုင်းလာ၏။

မိုချီ(ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part17(unicode), novel Wrong Time Right Person(Completed) part17(unicode), read Wrong Time Right Person(Completed) part17(unicode) online, Wrong Time Right Person(Completed) part17(unicode) chapter, Wrong Time Right Person(Completed) part17(unicode) high quality, Wrong Time Right Person(Completed) part17(unicode) light novel, ,

Comment

Leave a Reply

Chapter 34