Wrong Time Right Person(Completed) part18(unicode)

A+ A-

wrong time right person

အပိုင်း(၁၈)

အသက်မပြည့်သေးရင် ဒီကနေလှည့်ပြန်ပါကလေးတို့ရေ…

“ချီးယား”
နိုင်ငံခြားဖြစ်ဝီစကီများ ထည့်သော ခွက်မှာ ဝါးဆစ်ပိုင်းအား အချောသတ်ထားသော ဝါးခွက်ကလေးများဖြစ်ကာ နည်းနည်း တော့ အူကြောင်ကြောင်နိုင်၏။
ဝီစကီဆရာကြီးမှာ ကြည်သူမိုးမြေ့သာ ဖြစ်လျက် ယသော်နှင့် ညီဘွားမှာ စီနီယာအဆင့် ရှိလေသည်။
နန်းဦး မှာမူ ခုမှ စတင်မည်ဖြစ်သော ဂျူနီယာ လေးဖြစ်သည်မို့
ဝါးဆစ်ခွက်လေးထဲတွင် လက်တစ်ဆစ်သော ဝီစကီကိုသာ ခွဲတမ်းရလေသည်။
ဦးအောင်ဘွားမှာ နွားရုံဘေးမှ ကင်းမျှော်စင်တွင် သွားအိပ်လေသည်။
တစ်ခါတစ်ရံ မျက်စိလည် လမ်းမှားတတ်သော် ကြောင်ကြီးများအား
စောင့် ကြည့်ရန်
ဆောက်ထားတာဖြစ်သော်လည်း
ယခုတွင် မွေးဖွားခါနီး နွားမကြီး တစ်ကောင်ရှိနေ၍ ညရေးညတာ လိုအပ်လျှင် ချက်ချင်းထကြည့်နိုင်ရန်
လာရောက်အိပ်ခြင်းဖြစ်လေသည်။
ကြည်သူတို့မှာ အိမ်ရှေ့ မြေကွက်လပ်တွင် မီးပုံပုံလျက်
ကြယ်တစ်ဖျောက် နှစ်ဖျောက် လင်းလက်နေသော ကောင်းကင်ပြင်ကြီးအောက်တွင်
စုဝေးနေကြခြင်းဖြစ်သည်။
မီးအေးအေးဖြင့် ကျွတ်နေအောင်ကင်ထားသော တောကြက်ကင်နှင့် ရှဥ့်ကင်မှာ ဝီစကီနှင့် လိုက်ဖက်နေပြန်သည်။
နန်းဦး မှာ ဝါးဆစ်ခွက်ထဲမှ ဝီစကီအား လျှာဖျားနှင့် တို့လိုက် ရှဥ့်ကင်တစ်ကိုက်ကိုက်လိုက်နှင့် အရသာအသစ်အဆန်းမို့ သဘောတွေ့နေ၏။
မီးဖိုမှ မီး အလင်း
ရောင် လေး
တွင် နှုတ်ခမ်းဘေးမှ အချိုင့်လေးများသည် ပြုံးရယ်လိုက်တိုင်း ချစ်စဖွယ်ပေါ်ပေါ်လာ၏။

“ဒါနဲ့ မင်းတို့ မနေ့က ဘယ်ထိရောက်သွားတာလဲ”
“ရာဘာတောအဆုံးထိပဲ အဲဒီက နေဝင်ချိန်က သိပ်လှတာပဲ”

ကြည်သူက ခပ်တည်တည်ပင်ဖိန့်လိုက်၏။
တကယ်က နေမှာ ဘယ်အတွင်းထဲ ဝင်သွားမှန်းတောင်သိတာမဟုတ်။
ကိုယ့်အာရုံနဲ့ကိုယ်။

“နောက်နေ့မင်းနဲ့ ငါ သွားကြည့်မှာနော်”

ဝီစကီအား စွတ်မော့ နေသော ညီဘွားအား ယသော်က တံတောင်နှင့်တွတ်ကာ ပြောလိုက်သည် ။

“အီးးးးဟီးးးးဟီး”

ရုတ်တရက်ကြီး ဟီးကနဲ ထငိုသူ နန်းဦး ကြောင့် အားလုံးမှာ ကြောင်သွားကြသည်။

“ဘာလဲ အပမှီတာလား
ညီဘွား ဦးလေးမှာ ပရိတ်ရေလေးဘာလေးမရှိဘူးလား”

“ဘာရေမှ မရှိဘူး ငါ့အဖေက ဘာသာမဲ့ ငါမှတ်မိတည်း က ဘာမှ ကိုးကွယ်နေတာမတွေ့ဖူးဘူး “
“ဘာဖြစ်လို့လဲဝေ”

ဝါးဆစ်ခွက်ထဲမှ လက်တစ်ဆစ်သော ဝီစကီကြောင့် မူးနေသူနန်းဦးမှာ
ကလေးတစ်ယောက်နှယ် ခြေဆင်းလျက် ခြေထောက်ချင်းပွတ်ကာ တအီးအီးငို၏။

“မေကြီး ကိုလွမ်းတယ်မမကိုလွမ်းတယ် ပြည့်စုံနဲ့
သူငယ်ချင်းတွေကိုလည်းလွမ်းတယ်”
“ဘယ်ကပြည့်စုံလည်းဟ”
“ကျွန်းလှမှာ ကျန်ခဲ့တဲ့ ငယ်ချစ်ဦး လား ဟုတ်လားနန်းဦး”

ယသော်နှင့် ညီဘွားမှာ တစ်ယောက်တစ်ပေါက် ဝိုင်းပင့် နေသလောက်
ကြည်သူမျက်နှာ မှာ မှောင်မဲနေတော့သည်။
အရက်မူးတော့ ကျွဲခိုးပေါ်တဲ့။
ခုတော့ မိသားစု လွမ်းတာ နည်းနည်း
အဆက်ဟောင်းကို လွမ်းတာများများ။
ယသော်မင်းညီက နန်းဦး ရှေ့လက်ညှိုးလေးထောင်ကာ

“နန်းဦး မှန်မှန်ဖြေနော်”
“အင်း”
“မင်း ကြည်သူနဲ့မတွေ့ခင်က တည်းက ယောကျာ်းလေးတွေကို ကြိုက်ခဲ့တာလား”
“ကိုကို မို့လို့ကြိုက်ခဲ့တာ”

နန်းဦး က ဝီစကီတန်းခိုးနှင့် ရဲတင်းနေကာ ကြည်သူ့ပါးအား လက်ညှိုးလေးကွေးဝင်အောင်ထောက်လျက်ပြောလိုက်ခြင်း။

“မင်း က ယောက်ဖကို ခိုးကြိုက်နေတဲ့ ကောင်ဆိုးလေးဖြစ်ခဲ့တာပေါ့ “
“မဟုတ်ဘူး ယောက်ဖမဖြစ်ခင်တည်းက ကြာခဲ့ပြီ “

သူ့အား ရီဝေဝေကြည့်ကာဆိုလာသော
နန်းဦး စကားကြောင့် ကြည်သူမှာ မျက်လုံး များ အရောင်လက်လာ၏။
ယသော်က ဆက်မမေးပဲ ရပ်နေလျှင် အားမလိုအားမရ။
ယောက်ဖမဖြစ်ခင်ဆိုတာ ဘာကို ဆိုလိုတာ လဲ နွယ့်ဆီလာရင်း
ကျွန်းလှအိမ်မှာ ပထမဆုံး နွယ့်ချစ်သူမှန်း မသိခင်တုန်းက ကိုဆိုလိုတာလား။
အဲဒီတုန်းက မှင်သက်သလို တွေတွေလေး ရပ်နေတဲ့ကောင်လေးဟာ
သူ့ကို မြင်မြင်ချင်းကြွေသွားတာလား။

“ဟီးးးးဟီး  ခစ် !”
“ညနေက ကျတော်တို့ နေဝင်တာကို သွားကြည့်တာမဟုတ်ဘူးသိလား
နားနေဆောင်မှာ န…နမ်း……အွမ်းးး”

နန်းဦး က မျက်ရည်များပင် မခြောက်သေး ရုတ်တရက် ကြီး
ထရယ်ကာ ညနေက မြင်းစီးသွားရင်း နားနေဆောင်မှ ကိစ္စကို စကားစလာသည်မို့ ကြည်သူက နန်းဦး ပါးစပ်အားလှမ်းပိတ်လိုက်သည်။

“မင်း မညစ်ပတ်နဲ့မြေ့ လွှတ်ပေးလိုက်
နန်းဦး  နားနေဆောင်မှာ ဘာလုပ်ကြတာလဲဆက်ပြော”
“အားးး”

နန်းဦး က သူ့ပါးစပ်ဆီ ပိတ်ထားသော ကြည်သူ့လက်အား ကိုက်ချလိုက်သည်။

“ခွေးပေါက်”
“ဆက်ပြောလေ”
“သိတော့ဘူးဟီး ကိုကိုရှက်နေပြီ”

နန်းဦး က ကြည်သူအား မျက်လုံးလေးထောင့်ကပ်ကာ ကြည့်လျက်စနေပြန်သည်။

“ထည့်ပေးဦးနော် ကိုကို”
“အမ် ဘာတွေလဲ ငါတို့ လို တစ်ယောက်တည်း သမားလေးတွေကို အားနာပါဦး”
“ယသော် မင်းခေါင်းထဲလည်း ပေါက်ကရတွေပဲပြည့်နေ
ဟိုမှာ နန်းဦး က ဝီစကီထပ်ထည့်ပေးခိုင်းနေတာ “
“ဘာဖြစ်လဲ ယောကျာ်းလေးချင်းပဲကို
ပွင့်ပွင့်လင်းလင်းပေါ့
အဘိုးကြီးကျနေတာပဲ။”
ညီဘွားက ယသော်နဖူးအားလှမ်းတောက်ကာ ပြောလိုက်ခြင်း။
ယသော်ကလည်း တစ်ခွန်းမခံပြန်ပက်၏။

“ဟီး ဟုတ်တယ် ထည့်ပေးကိုကို
ကောင်းတယ်”
“မရတော့ဘူး
မင်းလက်တစ်ဆစ်နဲ့တောင်
လွတ်နေတာ ရော့ဒါပဲစား “

နန်းဦး က ကြည်သူခွံ့ပေးသော
တောကြက်သား အား ပလုပ်ပလောင်းဝါးလျက် မျက်စောင်းလှမ်းထိုးလေသည်။

“မိုးဖွဲလေး ကျလာတာလား”

ညီဘွား က လက်ဖျံတွင် အေးကနဲ လာစင်နေသော
မှုန်မွှားမွှား ရေစက်များကြောင့် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ ညဦးတုန်း
ကြယ်တစ်ဖျောက် နှစ်ဖျောက်ရှိသော ကောင်းကင်မှာ သူမဟုတ်သည့်နှယ် မဲမှောင်နေလျက်။
လေအဝှေ့တွင် မိုးဖွဲလေးများမှာ ပို၍စိတ်လာ၏။

“ကဲ သိမ်းကြစို့
မိုးနတ်မင်းကြီးက ငါတို့ကို နားခိုင်နေပြီ”

ညီဘွားက တစ်ဝက်ကျိုးနေသော ဝီစကီဘူး အား ပိုက်ကာ
အိမ်ထဲအရင်ပြေးဝင်သွားလေသည်။
ယသော်မှာ နောက်မှ ပြေးလိုက်သွားကာ
နန်းဦးက ပေ၍ထိုင်နေဆဲ။

“ထတော့ မိုးရွာနေပြီ”
“မထဘူး”
“”ဂျိမ်း!!”
“အား! ဘုရားကြွ”
“ဟားးးဟားး”

ကြည်သူက ဝီစကီလေး
လက်တစ်ဆစ်နဲ့ မူးနေသော
အရက်သမားလေး၏ လန့်သည့်ပုံကို သဘောကျကာ တဟားဟားအော်ရယ်၏။
လျှပ်စီးတစ်ချက်လက်ကာ ဂျိမ်းကနဲ ခြိမ်းသွားသော မိုးခြိမ်းသံကြောင့် ပေ၍ ထိုင်နေသော နန်း ဦးမှာ လန့်အော်ကာ
အနားမှ ကြည်သူ့ခြေသလုံးအား ကြုံးဖက်လေသည်။ ကြည်သူက
မိုးရွာလာပြီမို့ နန်းဦး အား
ပွေ့ချီမကာ အိမ်ထဲ ပြေးဝင်လိုက်သည်။

“အိပ်ရာ အခန်းထဲ ထည့်ပေးထားပြီနော်
မြေ့ အရေးအကြောင်းဆို ငါတို့အပေါ်မှာရှိတယ်တယ်”
“အေး”

ညီဘွားနှင့် ယသော် အပေါ်ထပ်တက်သွားသည်နှင့် ကြည်သူလည်း အောက်ထပ်မှ သူတို့အခန်းဆီဝင်လာလိုက်သည်။ အမူးသမား လေးမှာ သစ်သားကွပ်ပျစ်ပေါ်တွင်ပက်လက်ကြီး လှဲနေ၏။ ရေနံဆီမီးအိမ် ၏ ဝါကျင်ကျင် မီးရောင်အောက်တွင် နဂိုဖြူသော အသားအရေမှာ အဝါဘက်ပြေးနေလေသည်။
ကြည်သူအား မြင်သည်နှင့် အိပ်နေရာမှ လူးလဲထလာ၏။
အပြင်မှာ လေရောမိုးပါ သည်းနေကာ
ချမ်းစိမ့်စိမ့်နှင့်မို့ နန်းဦး အား အိပ်ရာပေါ်ဆွဲတင်လိုက်သည်။  ကြည်သူလည်း အိပ်ရာတစ်ဘက်ခြမ်းတွင်ဝင်လှဲလိုက်ကာ နန်းဦး က လည်ပင်းအားဖက်တွယ်လာ၏။

“ကိုကို”
“အင်း”
“ချစ်တယ်”
“မူးနေတုန်းလား”
“တကယ် “
“ပေးမလား”
“ဟင်အင်းကြောက်တယ်”

အမူးသည်အမူးပါး သူပြောချင်တာကျအကုန်ပြောပြီးသူ့အလှည့်ကျသိတတ်လေသည်။

“”မရတော့ဘူး ဒီညက ကိုယ်တို့မင်္ဂလာဦးည”
“အမ်း မရဘူး မင်္ဂလာဦး ညကပြီးသွားပြီလေ”
“မင်းလူလည်ကျလို့ ဘာမှမလုပ်ခဲ့ရဘူးလေ
ခုမှစမှာ “

ကြည်သူက တစ်ထည်တည်းသော စောင်အား နှစ်ယောက်လုံးလုံအောင်ဆွဲ
ခြုံလိုက်လေသည်။
နန်းဦး အား ပေါင်ကြားထည့်ညှပ်ကာ
နှုတ်ခမ်းအားသိမ်းပိုက်လိုက်တော့
ဝီစကီနံ့များမှာ ရောထွေးသွားလေသည်။
ဝီစကီက မူးသည်လား ထိုကောင်လေးကပဲ ယစ်မူးဖွယ်ကောင်း သည်လား မပြောတတ် ကြည်သူမှာ ယစ်ယစ်မူးမူး။
နှုတ်ခမ်းအား အားရအောင် ငုံစုပ်နေရင်း လက်များမှာ ချောမွတ်သော
ကျောပြင်လေးအား ပွတ်သပ်နေပြန်သည်။

“မျက်လုံးဖွင့်ထား ဝေ ကိုယ်ကြည့်ချင်လို့”

ကြည်သူက ရီဝေနေသော မီးခိုးရောင်မျက်လုံးလေးအား
စိုက်ကြည့်နေသလို နန်းဦး မှာ ရှည်လျက် အဖျားများ ငိုက်စင်းနေသော
မျက်တောင်ဖျားများအားလိုက်ကြည့်နေ၏။
ကျောပြင်မှ လက်များသည်
အောက်သို့ တဖြည်းဖြည်း ဆင်းလာကာ  တင်ပါးလုံးလုံးလေး နှစ်ဖက်အား
ပြိုင်တူဖျစ်ညှစ်လိုက်လေသည်။

“ကိုကို”
“ပူဖောင်းလေးလိုပဲ ပေါက်တော့ မထွက်ဘူးမှလား”
“မသိဘူး ကျတောမနေတတ်ဘူး”
“နောက်ဆိုအကျင့်ပါသွားမှာ”
“ပြွတ်”

နှုတ်ခမ်းမှာ မအားလပ်သလို လက်များမှာလည်း သူ့တာဝန်သူကျေပြွန်ကာ
နန်းဦး ဝတ်ထားသော ပုဆိုးလေးအားဖြေချနေ၏။

“ခဏ”

ကြည်သူက နမ်းနေရာမှ ထသွားကာ
ခရီးဆောင်သတ္တာထဲမှ ဦးမန်းသူပေးထားသော ဂျယ် ဘူးလေး ကိုင်လျက်
အိပ်ရာပေါ်ပြန်ရောက်လာလေသည်။

“ဒါနဲ့ဆို မနာဘူး အဆင်ပြေတယ်”

ကြည်သူ က ဝတ်ထားသော တီရှပ်လည်ဝိုင်းအား ခေါင်းမှ လျှိုချွတ်ကာ ဂျင်းဘာင်းဘီပွပွ ကြီးအား တစ်ခါတည်း ချွတ်ပစ်လိုက်လေသည်။
နန်းဦး က မျက်နှာ အား လက်ဖြင့်ကာ ကာ အဆီအပိုကင်းကာ
ပန်းပုဆရာအနုစိတ်ထုထားသလို
သန်မာလှပေသော ခန္ဓာကိုယ် အား လက်ချောင်းများကြားမှခိုးကြည့်နေ၏။
အတွင်းခံအောက်မှ ဖုဖောင်းနေသော
ဖြစ်တည်မှုဆီ အကြည့်ရောက်သွားတော့ ကြောက်စိတ်ကပြန်ဝင်လာကာ စောင်အားခေါင်းထိ ဆွဲ
ခြုံလျက်
ကိုယ်ကို စုကျုံ့လိုက်သည်။
ကြည်သူ က စောင်ရောလူပါ ကျုံးဖက်လိုက်ကာ စောင်အောက်နားစမှ အသာမ လျက် နန်းဦး ၏ ပုဆိုးရော အတွင်းခံလေးပါ ဆွဲချွတ်လိုက်၏။ အလုံးပတ်
မကြီးလှသော
ရှည်ရှည်မျောမျော ဖြစ်တည်မှုလေးမှာ
ပေါင်တွင်ပြေးကပ်နေ၏။
ကြည်သူက လက်ဖြင့် ကောက်ကိုင်လိုက်ကာ ဖူးငုံဆဲရှိသော အရေခွံလေးအား တစ်ချက်ဖိဆွဲလိုက်ရာ နန်းဦး ဆီမှ ညည်းသံသေးသေးလေးထွက်လာ၏။
တကယ့်ကို လူပျိုရေမရောလေး အငုံးလေး။
“အ့ ကိုကို”
အောက်ပိုင်းသည် လစ်ဟင်းနေကာ
မျက်နှာထိ စောင်ဆွဲခြုံထားသော နန်းဦး မှာ မိမိ ပစ္စည်းလေးအား ကျူးကျော်နေသော ကိုကို့အား မကြည့်ရဲ။

“မင်း ကတကယ့်ကို လူပျိုရေမရောလေးပဲ မင်းအထဲ ကိုယ်ရောက်ပြီးပြီ ဆိုတာ ယုံကိုမယုံနိုင်ဘူး”

ကြည်သူက အဲဒီညက
ဆေးအရှိန်ကြောင့် အလောတကြီး ဖြစ်ပျက်သွားတာမို့ တကယ်လည်း
ထိုညပြီးသောအခါ အခုထိ ဘာမှ မယ်မယ်ရရ မမှတ်မိနေပါ။
နန်းဦး က သာ ထိုညကလို သေမလိုခံစားရပြီး နာကျင်မှာကို ကြောက်လန့်နေ၏။
လူက ငိုချင်သလို ရင်ခုန်သလို ဖြစ်လာကာ တစ်ကိုယ်လုံးသိမ့်တုန်လာ၏။
ကြည်သူ က ခေါင်းထိဆွဲ ခြုံထားသော စောင်အား ဆွဲခွာကာ
အခန့်ထောင့်ဆီ လွှင့်ပစ်လိုက်သည်။
စောင်ခွာသွားသည်နှင့် နန်းဦး ၏ လက်နှစ်ဖက်မှာ မျက်နှာအား အုပ်ရမလို
လှစ်ဟာနေသော အောက်ပိုင်းအားအုပ်ရမလိုနှင့် ဗျာ များနေပြန်သည်။
ကြည်သူက နန်းဦး ကိုယ်ပေါ်တွင် အုပ်မိုးလျက် လက်လေးနှစ်ဖက်အား ဆွဲချုပ်လိုက်သည်။
စိတ်လှုပ်ရှားတာရော ကြောက်တာရော
ပေါင်းကာ ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းလေးများသည် ကြည်သူအားပို၍ဆွဲဆောင်နေ၏။
မျက်ခွံလေးအား ဖိကပ်နမ်းလိုက်ကာ
နှာခေါင်းလုံးလုံးလေးမှတစ်ဆင့် နှုတ်ခမ်းဖူးဖူး လေးအား ငုံခဲလိုက်၏။

“အင့်”

ပွတ်ဆွဲခံနေရသော နန်းဦး ၏ ပဲလင်းမြွှေလေး မှာ ကြည်သူလက်ထဲတွင်တောင့်တင်းလာ၏။
ကြည် သူက နှုတ်ခမ်းအား အလွတ်ပေးကား လည်တိုင် အနှံ့ အချစ်ခြေရာများ ချန်လျက် ရင်ဘတ်ဆီစုန်ဆင်းလိုက်၏။
အရေအပြားတွင်ကပ်နေသော ပွင့်ချပ်လေးများမှာ ပွတ်ချေခံရသည့်နေရာတိုင်းရဲရဲနီနေ၏။
လုံလောက်သည်ထက်ပို၍
ဆွခံနေရသော နန်းဦး ၏ ခန္ဓာကိုယ်လေးမှာ ရာဂမီးများတောက်လာကာ
ကြောက်စိတ်သည် အလိုရမ္မက်များကြား တိုးလျိုးပျောက်ကွယ်လုလု။
အရက်မူး အချစ်မူးလေး နန်းဦး မှာ ဂိတ်တံခါးဆီမှ အေးစက်စက်အထိအတွေ့ကြောင့် ခန္ဓာကိုယ်လေးမှာ တွန့်ကနဲ။ သို့သော်လည်း
အစွမ်းကုန် လိုက်လျောချင်လောက်အောင် နန်းဦး အပေါ်မှအမျိုးသားသည် ဆွဲဆောင်နိုင်၏။
ဂိတ်တံခါးဆီကျူးကျော်လာသော
ရှေ့ပြေးတပ်မှူးမှာ မိသားစု ဆရာဝန် ဦးမန်းသူ၏ ဂျယ် တန်ခိုးကြောင့်
ဂိတ်ဝအား ကောင်းကောင်းကြီးကျော်ဖြတ်လာ၏။

“ကောင်းလား ဝေ”
“အင်း”

မှေးစင်းနေသော မျက်လုံးလေးများနှင့် မပွင့်တပွင့် စကားသံလေးကြောင့်
ကောင်လေးမှာ အဆင်သင့်ဖြစ်နေပြီဆိုတာ သိလိုက်တာမို့ နွေးထွေး၍ ညံ့သက်နေသော ရပ်ဝန်းထဲမှ သူ့ရှေ့ပြေးလေးအား အနည်းငယ်ကွေ့ဝိုက်၍လှုပ်ရှားလိုက်သည်။
မိုးသံလေသံများကြားမှ ညည်းသံတိုးတိုးလေးမှာ ကြားသည်ဆိုရုံမျှ။
မိနစ်အနည်းငယ်လှုပ်ရှားပြီးသောအခါ
ပဲလင်းမွှေလေးဆီမှဖြူပျစ်ပျစ်
ဖြစ်တည်မှူလေးများမှာ ကြည်သူ့ ဝမ်းဗိုက်တွေထိစွန်းပေကုန်၏။

“အီးးးးအင့် ဟင့်”
“ဘာဖြစ်လို့လဲဝေ”
“သေးထွက် သွားပြီ ရှက် ရှက်လို့အီးးးး”
“သေးမဟုတ်ဘူး မင်းပြီးသွားတာ
ကြည့်ဒီမှာ ဒါမျိုး”

ကြည်သူ့လက်မှ ဖြူပျစ်ပျစ်အရည်များအား မြင်တော့ မျက်လုံးလေးမှာ ပြူးဝိုင်းနေပြန်သည်။

“ဟားးး ဘာလဲကွာ”
ကြည်သူ က ကောင်လေး၏ အမူအယာအား အသည်းယားလာကာ
နဖူးလေးအား ဖိကပ်နမ်းလိုက်သည်။

“ကဲ ကိုယ့်အလှည့်”

ကြည်သူက ပြောရင်း ကောင်လေး၏ ပေါင်ရင်းမှကိုင်လျက် ဆွဲမြှောက်လိုက်၏။

“အား ကိုကို “

အောက်ပိုင်းမှ ရှင်းရှင်း လင်းလင်းကြီးဖြစ်သွားသည်မို့ နန်းဦး ကရှက်လန့်တကြားအော်၏။
ကြည်သူက ခြေနှစ်ချာင်းအား ဆွဲမြှောက်ကာ ပုခုံးပေါ် လှမ်းတင်လိုက်သည်မို့
လုံလောက်အောင်ဖြေလျှော့ခံထားရသော နီနီရဲရဲ ဂိတ်ပေါက်လေးကြောင့် သူ့ တိုက်စစ်မှူးမှာ ခေါင်းတရမ်းရမ်း။
နန်းဦး က ထိုအနေအထားအား ရှက်လှသည်မို့ အင်္ကျီ ဖြင့် မျက်နှာအားဆွဲဖုံးနေ၏။
ကြည်သူက သူ့တိုက်စက်မှူးအား
လက်ဖြင့် ကိုင်ကာ ဂျယ်များရွှဲနေအောင်လောင်းလျက်
ဂိတ်တံခါးဝတွင် အသေအချာနေရာချလိုက်သည်။
ခေါင်းလေးတိုးဝင်လိုက်သည်နှင့်
နန်းဦး ပေါင်တွင်းသားလေးမှာ အနည်းငယ်တုန်လာကာ
ခြေချောင်းများသည်ကုပ်ကွေး၍သွားလေသည်။
ကြည်သူက မျက်နှာကို ဖုံးထားသည့် အင်္ကျီ အား ခွာချလိုက်သည်။
မျက်ခုံးလေးများမှာ တွန့်ကုတ်နေကာ
မီးခိုးရောင်မျက်လုံးလေးများမှာ မျက်ရည်ပုလဲဥများဖြင့် ရွှန်းစိုနေ၏။
နှာသီးထိပ်လေးမှာ နီရဲနေကာ
နှုတ်ခမ်းဖူးဖူးလေးများသည် မညှာမတာ ဖိကိုက်ထားခြင်းခံရသည်။
အောက်ပိုင်းမှာ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မျက်ခုံးများမှာ ပို၍တွန့်ကုပ်လာကာ ညည်းသံသဲ့သဲ့လေးထွက်လာပြန်သည်။
ကြည်သူက လက်အား
ကောင်လေးခန္ဓာကိုယ်အောက်သွင်းလျက် လည်ပင်းသားများကြားခေါင်းတိုးဝှေ့ကာ တစ်ဆက်တည်းဆိုသလို
အောက်ပိုင်းအား တစ်ဆုံးထိသွင်းကာ လှုပ်ရှားလိုက်သည်။
“အာ့ ကိုကို နာ…”
နန်းဦး ၏ လက်ချောင်းများမှာ ကြည်သူ့ခန္ဓာကိုယ်အား မမှီမကမ်းဖက်တွယ်လျက် ကြောင်ပေါက်လေးနှယ်
ကုတ်ဆွဲနေ၏။
ခဏကြာသောအခါ အဝင်အထွက်မှာ ချောမွေ့လာကာ
နာကျင်မှုအစား နားရွက်မှအစ တစ်ကိုယ်လုံးပူရှိန်းကာ အငွေ့ပျံမတတ်ဖြစ်လာလျက် တစ်မျိုးတစ်မည်ကြီးခံစားလာရပြန်သည်။

“ကိုကို သေး သေး ထပ်ထွက်တော့မယ်”

နန်းဦး ဆီမှ အချက်ပေးသံကြောင့် ကြည်သူမှာ မြန်မြန်သွက်သွက်လှုပ်ရှားလိုက်သည်။
ကောင်လေးဆီမှ နို့ရည်ပျစ်ပျစ်များ နှစ်ကြိမ်မြှောက် သူ့ဝမ်းဗိုက်ဆီ စိုရွှဲလာသည့်တိုင် သူ့တိုက်စစ်မှူးမှာ မာန်မကျသေး။
နှစ်ကြိမ်မြှောက်ပြီးထားသဖြင့် ပါးစပ်လေး ဟစိဟစိနှင့် အမောဖြေနေသော
ကောင်လေးခန္ဓာကိုယ်အား
အိပ်ရာပေါ်
ဆွဲမှောက်လိုက်ကာ
ကိုယ်ပေါ်တက်ခွလျက်နေရာယူလိုက်၏။
သူ့ကောင်ဝင်ထွက်ထားသော
နဂိုပန်းရောင် ဂိတ်ဝလေးမှာ အနီရင့်ရောင်ပြေးနေ၏။
သူ့တိုက်စစ်မှူးအား ကောင်းကောင်း လက်ခံနိုင်နေပြီဖြစ်သော အဝလေးဆီ နောက်မှ အသာ
တေ့ကာ တစ်ဆုံးထိသွားလိုက်လေသည်။

“ဗိုက်က…အောင့်တယ်ကိုကို”
“အင်း ခဏပဲ”

ကြည်သူ က ပြောလည်းပြောကာ ကောင်လေးဂုပ်ပိုးအားဆုပ်ကိုင်လျက်ဖြည်းဖြည်းချင်းလှုပ်ရှားလိုက်သည်။
တင်သားလေးနှစ်ခုမှာ ကလေးများ
ပုတ်ပုတ်လုပ်ခံရသော ပူဖောင်းလေးများလို ကြည်သူတစ်ချက်လှုပ်ရှားလိုက်တိုင်း နှစ်ချက်လောက်တုန်တုန်၍သွားလေသည်။

“ဖြောင်း!!”
“အ့ ကိုကို အင့်..ဟ!!!”

နန်းဦး ဆီမှ ညီးညူသံလေးနှင့်အပြိုင်
အထဲမှ
ညှစ်ဆွဲခံလိုက်ရသောအခါ
ကြည်သူမှာ ခပ်ကြမ်းကြမ်းမိနစ်အနည်းငယ်လောက်လှုပ်ရှားရင်း
ပူနွေးသော ရာဂရည်များအား
ကောက်လေး၏ ခန္ဓာကိုယ်ထဲ
သွန်ချလိုက်တော့သည်။
တိုက်စစ်မှူးအား ချက်ချင်း ဆွဲမထုတ်သေးပဲ ကောင်လေးအားဘေးသို့ ဆွဲချကာ
ကောင်လေးဘေးတွင်ဝင်လဲလျက်
နှုတ်ခမ်းအား ညင်သာဖွဖွနမ်းလိုက်သည်။
နန်းဦး မှာ မျက်လုံးပင်မဖွင့်နိုင်တော့အောင်ပင်ပန်းနွမ်းနယ်နေပြီမို့
အနောက်ဘက်ဆီမှ လစ်လပ်မသွားသေးသည့်တိုင် ကိုကို့ဆီမှ အသက်ရှူသံပြင်းပြင်းနှင့် မိုးသံလေသံများသည်
တဖြည်းဖြည်းနှင့်
ဝေး၍ဝေး၍ သွားကာ
လုံးဝပျောက်ကွယ်သွားလေတော့သည်။
အိပ်မက်ထဲတွင်
ကိုကိုက နန်းဦးအား
ကျွန်းလှမှ တောင်တော်ဦး ဘုရားတွင်
ချစ်ရေးဆိုနေသည် တဲ့လေ။ ။……

မိုချီ(ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part18(unicode), novel Wrong Time Right Person(Completed) part18(unicode), read Wrong Time Right Person(Completed) part18(unicode) online, Wrong Time Right Person(Completed) part18(unicode) chapter, Wrong Time Right Person(Completed) part18(unicode) high quality, Wrong Time Right Person(Completed) part18(unicode) light novel, ,

Comment

Leave a Reply

Chapter 37