Wrong Time Right Person(Completed) part (22)unicode

A+ A-

wrong time right person

အပိုင်း(၂၂)

“ဆေးတွေပုံမှန်သောက်ရမယ်နော်”
“ဟုတ်ကဲ့”
“တစ်ရက်ကို ရှစ်နာရီပြည့်အောင်
အိပ် ရမယ် အရက်နဲ့ ကော်ဖီကိုတော့လုံးဝဖြတ်ရမယ် “
“ဟုတ်ကဲ့”
“လူရောစိတ်ရော တအားပင်ပန်းခံလို့မဖြစ်သေးဘူး”

ဆရာဝန်ကြီးမှာ ပုံမှန်သောက်ဆေး အားဆေးများအား တစ်ခုစီခွဲလျက် သတ်မှတ်ပေးလိုက်၏။

“ဆရာ့ အလို ဆို
ဒီလောက်အဝေးကြီးကို မသွား စေ
ချင်သေးဘူး မောင်ရင် က စိတ်ဓာတ်တွေ ပြင်းပြနေလို့သာ”

“ကျတော် လည်းသူ့နောက်မှာ ထပ်ကြပ်မကွာ ပါမှာပါ ဆရာ”

“အေး မောင်ကြည်သာဘုန်းကပဲ ဂရုစိုက်ပေးရမှာပေါ့ တစ်ယောက်တည်းလုံးဝစိတ်ချရတဲ့အခြေအနေမှ မဟုတ်သေးတာ”

ကုန်လွန်ခဲ့သော
အချိန်တစ်နှစ်သည် အလကားတော့
မဟုတ်တန်ရာ။
အလုံးစုံ စိတ်မချရသေးသည့်တိုင်
ကြည်သူမှာ
အရင်ကထက်ပင် တည်ငြိမ်နေ၏။
တစ်နှစ်အတွင်း နန်းဦး သည် သတင်းအစအနမျှမပေါ်အောင် ပျောက်ဆုံးနေလျက် ထိုပျောက်ဆုံးနေမှုကပင်
ထိုလူသား တစ်နေရာရာမှာ ရှင်သန်နေသည်
ဟူသောအသိဖြင့်
ကြည်သူအတွက် ဆက်လက်ရှင်သန်ဖို့
လမ်းစလေးဖြစ်ခဲ့သည်မဟုတ်ပါလား။
မင်းအသက်သာ ရှင်နေပေးပါ ဝေ။
မင်းပေးသမျှကို ကိုယ် ခံယူပါ့မယ်။
ဆရာဝန်ကြီးအကူအညီဖြင့်
သူ့ဆီက စိတ်ရိုင်းကို
မောင်းထုတ်နိုင်ခဲ့ပြီဖြစ်သလို
သူ့သိမှုအား သူကိုယ်တိုင်ပဲ့ကိုင်နေနိူင်ပြီဖြစ်သော အခြေအနေတွင်
တစ်ဖက်တွင်လည်း မာမီသည်
လူကောင်းပကတိအသွင်ဖြင့်
အဝေယာ တောရတွင် မယ်သီလရှင် ဝတ်ကာ အေးငြိမ်းရာကို လျှောက်လမ်းနေပြီဖြစ်သည်။
ခေမာမြိုင်တွင်
ဒယ်ဒီနှင့်မာမီနေခဲ့သော အိမ်အား
ပြန်လည် မွမ်းမံကာ
ဝေ ပြန်လာရင် နှစ်ယောက်တစ်ဘဝကို ထူထောင်မည်။
ဝေကြိုက်သော ဇီဇဝါကို တစ်ခြံလုံးအနှံ့ ဦးတူးအား ပျိုးခိုင်းထားပြီးဖြစ်သည်။
ကြည်သူကျန်းမာရေးချို့ယွင်းနေစဥ်အတွင်း ကိုယ်ပိုင်စတူဒီယို ထောင်မည်ဆိုသော ဦးလေးဖြစ်သူ ကြည်သာဘုန်းမှာ သူ့အားအနီးကပ်စောင့်ရှောက်ရတာတစ်လှည့် ကုမ္ပဏီ ဘက် ဦးစီးရတာတစ်လှည့် ဟိုတယ်ဘက်ပြန်ကြည့်ရတာတစ်လှည့်နှင့် စတူဒီယို အိပ်မက်အားလက်လွှတ်ခဲ့ရလေသည်။
ယသော်မှာ လည်း တစ်ဖက်တစ်လမ်းမှ နန်းဦး ဓာတ်ပုံ အား တွေ့သမျှ နယ်စုံမှလာသော
သူ့ဖောက်သယ်များအား ပြကာ နန်းဦး အကြောင်းစုံစမ်းပေးခဲ့သည့်အပြင်
သတင်းစာတိုက်ပေါင်းများစွာ ခြေတိုအောင် သွားပြီး
လစဥ် သတင်းစာများတွင် လူပျောက် ကြေညာစာအားထည့်ပေးခဲ့သည်။
ဦးအောင်ဘွားနှင့် ညီဘွားမှာ လည်း ချောင်းရိုးတစ်လျှောက်တစ်လှည့်စီအရှာမပျက်။
ဝေသည် လောက ကြီးက ပျောက်ကွယ်သွားတာ မဟုတ်လျှင်
သူ့ဆီက ထွက်ပြေးနေတာ လား
သူ့ကို မတွေးချင်တော့လို့ ပုန်းနေသည်လား တစ်ခုခုတော့ ဖြစ်နိုင်သည်။
ကိုယ်ချစ်ခဲ့တဲ့သူက
ကိုယ့်လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည့်တိုင်
မကာကွယ်နိုင် ခဲ့တဲ့ဒီအရူးကြီးကို
တစ်ခါလောက် အခွင့်အရေး မပေးနိုင်တော့တာလား ဝေ……

**********

သတင်းစာအား ဖတ်နေသော သခင့် မျက်နှာလေးသည် နီတစ်လှည့် ဖြူတစ်လှည့် ။ သတင်းစာကိုင်ထားသော လက်ကလေးမှာ သိသိသာသာတုန်ယင်နေကာ မျက်ရည်ဥကြီးများက သတင်းစာပေါ် တပေါက်ပေါက်ကျ၏။
ထို့နောက်ခေါင်းတွင်တွင်ခါကာ
သတင်းစာအား လုံးချေလွှင့်ပစ်လိုက်သည်။
ထိုအခြေအနေကို
ကြည့်ခြင်းအားဖြင့်
သခင်၏ သဘောကို ရိပ်စားမိသော
ဆရာမိုးလုံးမှာ သက်ပြင်းအသာချ၏။
သတင်းစာခေါင်းကြီးပိုင်းတွင် လတိုင်း မပျက်မကွက်ပါသော ရဝေနန်းဦး
ဆိုသောအမည်နာမနှင့်
လူပျောက်သတင်းအား
စတွေ့သည့် လကတည်းက
ထိုကောင်လေးအား ပြရန်ချီတုန်ချတုန်ဖြစ်ခဲ့တာက သူ့ဘဝဇစ်မြစ်ကို မေးတိုင်း အမြဲတမ်းခါးခါးသီးသီးတုန့်ပြန်တတ်၍။
သို့သော်လည်း တစ်နှစ်ကျော်လာသည်အထိ ဇွဲနပဲ ကြီးစွာ သတင်းစာတွင် လူပျောက်သတင်းမှာ ဆက်တိုက်ပါနေခဲ့လျှင် တစ်ဖက်တွင် ထိုကောင်လေး၏
ဖြစ်တည်မှုသည်
မည်မျှအရေးပါနေသည်ဆိုတာ
ရိပ်စားမိ၍ မိမိခင်ပွန်းနှင့် ထိန်သာအား
တိုင်ပင်ကာ ဖွင့်ပြောရခြင်း။
ထိုသို့ ဖွင့်ပြောရခြင်းအကြောင်းမှာ နောက်တစ်ခု ထပ်ရှိသေးသည်။
မိမိတို့၏ သား ထိန်သာမှာ
သခင့်အပေါ် လိုတာထက် သဒ္ဒါ ပိုနေ၍။
အကယ်၍ သခင်၏ အတိတ်ဘဝတွင် သက်ဆိုင်သူရှိခဲ့ပါမူ
အချိန်လွန်လျှင် ထိန်သာကပင်ပိုထိခိုက်နိုင်သည်မဟုတ်ပါလား။
ကောင်လေးအား သနားသော်လည်း
ဇစ်မြစ် အခိုင်အမာရှိသော ကလေးအား သခင် အနေနဲ့ တစ်သက်လုံး ဝှက်ထား၍ ရမည်တဲ့လား။

“ဦးလေးတို့ ခုလိုလုပ်တာ မင်းကိုမစောင့်ရှောက်ချင်လို့ မဟုတ်ဘူး ဆိုတာသိတယ်မှလား”

ဆရာမိုးလုံးပြောတော့ အင့်ကနဲတစ်ချက်ရှိုက်ကာ ခေါင်းငြိမ့်၏။

“ကျတော်နားလည်ပါတယ်”
“မင်း…စကားပြောတယ်
စကားပြောလိုက်တယ် ဟားး…..”

တစ်နှစ်လုံး ခေါင်းငြိမ့်ခေါင်းခါက လွှဲရင် ဘာစကားမှ မဆိုခဲ့သူကောင်လေးဆီမှ စကားသံတို့ အထစ်အငေါ့မရှိ
ထွက်လာသောအခါ
ဆရာမိုးလုံးမှာ လိုရင်းကိစ္စအား မေ့ကာ
သခင် တစ်ဖြစ်လည်း ရဝေနန်းဦး အာ့ပွေ့ဖက်ကာ ယမ်းခါလိုက်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကောင်လေးအား ဖွင့်ပြောမည်ကို သိသော မိမိခင်ပွန်းနှင့် ထိန်သာမှာ ကောင်လေးအနေမခက်ရန် အင်း ထဲသို့သွားကာ
ရှောင်ပေးသွားကြသည်။

“ဘယ်တုန်းကလဲ ဘယ်တုန်းက စကားပြန်ပြောလို့ရနေတာလဲ”
“တစ်လလောက်ရှိတော့မယ် ဆရာ တောင်းပန်ပါတယ်
ကျတော် နေကောင်းသွားရင် ဆရာတို့ လက်မခံတော့မှာ စိုးလို့ အင့်!”
“မင်း ကဘာမှားလို့လဲ ဘာလို့တောင်းပန်ရမှာလဲ
ရတယ် မင်းမပြန်ချင်ဘူးဆို ဆရာတို့နဲ့
တစ်သက်လုံးနေ ဒါပေမယ့်
ဆရာ့ကို အကျိုးအကြောင်း ပြောပြရမယ် ဒါမှ ဆရာက တစ်ခုခုဆို ဘယ်လိုဖြေရှင်းရမယ် ဆိုတာ ကြိုစီစဥ်ထားရမှာပေါ့”
“ကျတော် သူ့ကို ကြောက်တယ် ထပ်မတွေ့ချင်တော့ဘူး”
“သူဆိုတာ”
“ကျတော့ ယောကျာ်း “
“မင်းက….”
“ဟုတ်တယ် ဆရာ ကျတော်က ယောကျာ်းတစ်ယောက်နဲ့လက်ထပ်ခဲ့တာ ကျတော်မှားခဲ့တာဆိုလို့
သူ့ကို ချစ်ခဲ့တာပဲ ရှိတာပါ
သူကဘာလို့ ကျတော့ကို အင့်…..”

ရှိုက်သံလေးများနှင့် အတူ အတိတ်၏ အရိပ်သည်…
တီဗွီဖန်သား ပြင်နှယ် တရေးရေးပေါ်လာ၏။
ဆရာမိုးလုံးသည်လည်း နန်းဦး ၏
ဘဝဇာတ်ကြောင်းတွင်
ရင်မောတစ်ခါ ပင့်သက်တစ်လှည့်ဖြင့်မျောပါရပြန်သည်။
ဇာတ်လမ်းအဆုံးတွင် နန်းဦး မှာ ငို၍မောသွားကာ ရေတစ်ခွက်အား ထခပ်သောက်၏။

“မင်း သူ့ကို မတွေ့ချင်တာ စိတ်ကုန်သွားတာ သေချာလား
မင်းပြောသမျှ အကြောင်းထဲမှာ ကိုကို ချင်း ထပ်နေတာ မင်းကိုယ်တိုင်ရော
သတိထား မိရဲ့လား”
“ဟင်အင်း ကျတော် သူ့ကို ထပ်မတွေ့ချင်တော့ဘူး
ကျတော့ကို သေစေချင်နေတဲ့ ဒီမျက်ဝန်းတွေကို ခုထိမှတ်မိနေတုန်းပဲ
သူကိုယ်တိုင် တိုက်ရိုက်သတ်တာ
မဟုတ်ပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့
ကျတော့ကို သေစေခဲ့တာ”
“နာမည်က ဘယ်သူတဲ့လဲ”
“ကြည်သူမိုးမြေ့”
“ဘာ!!”
“မင်း ထပ်ပြောကြည့်စမ်း”

ဆရာမိုးလုံး၏ မျက်နှာ မှာ ချက်ချင်း ပြောင်းလဲသွားကာ
နန်းဦးအား တုန်ယင်သော
လက်များဖြင့် လှုပ်ယမ်းဆွဲခါ၏။

“ကြည်သူမိုးမြေ့ ပါဆရာ”

ကြည်သူမိုးမြေ့။
ထိုနာမည်သည် ဆရာမိုးလုံးရင်မှာ ပဲ့တင်မြည်ဟီးသွားကာ
ဆယ်ငါးနှစ်အရွယ်
ကောင်လေး၏ မျက်နှာသည် အတွေးပုံရိပ်တွင်ထင်လာ၏။
နာမည်တူတာမဟုတ်ဘူးလား….

“ခေမာမြိုင်”
“ဆရာက ဘယ်လို သိတာလဲ”
“ဟုတ်လား ခေမာမြိုင်က”
“ဟုတ်ပါတယ်ဆရာ”

ဘာလို့ တိုက်တိုက်ဆိုင်ဆိုင်။
မဆုံချင်လို့ ဖြတ်ခဲ့တဲ့ ရေစက်ဟာ
အခေါင်အဖျား ပန်းမရွာအထိ။

“ဆရာ့ မျက်နှာက အမာရွတ်ဟာ ဘယ်ကနေရလာတယ်ထင်သလဲ “

နန်းဦး က ဆရာလှစ်ဟပြသော
ကိုယ်တစ်ခြမ်းနှင့် လည်ပင်းမှ မျက်နှာ အစပ်ထိ ရှိသော မီးလောင် ဒဏ်ရာအား ကြည့်ကာ အာခေါင်များပင်ခြောက်သွေ့လာ၏။
ဒါကြောင့် ဦးလေး နေသာအား တွေ့တိုင်း တစ်စုံတစ်ယောက်အား မြင်ရသလို နာကျင်ရတာ။
ခုချိန်ထိ စေ့စေ့မကြည့်ရဲခဲ့တာလား
ဒါဆိုဆရာက……..

“ဦးမင်းမောင်မောင်”
“………..”
“ဒါဆို ဦးလေးနေသာက””

ဆရာမိုးလုံး၏ အသက်ရှူသံပြင်းပြင်းနှင့် နဂိုညိုသော အသားအရေလေးမှာ ဖိစီးမှု တစ်ခုကြောင့် နီညိုရောင် ပြောင်းလာလျှင် နန်းဦး သည် အတည်ပြုရန် ထပ်မလိုတော့အောင်
အခြေအနေကို သဘောပေါက်သွား ရသည်။
ဒါပေမယ့် ဘယ်ကနေဘယ်လို….

********

ကားလေးသည် လေးညှို့မှပစ်လွှတ်လိုက်သောမြှားနှယ် အဝေးပြေးလမ်းမပေါ်တွင် အရှိန်နှင့် ပြေးနေ၏။
နဘေးမှ ကြည်သာမောင်မှာ ဆယ်နှစ်ကျော်ကြာအောင်
လွမ်းမောခဲ့ရသော
ကားကိုသာ အာရုံစိုက်မောင်းနေသည့် မျက်နှာ ညိုညို လေးကိုသာ လိုက်ကြည့်နေ၏။
ပိုင်ဆိုင်ခွင့်မရပေမယ့်
ငေးကြည့်ခွင့် တော့ရသင့်သည်မဟုတ်ပါလား။
စွေသောမိုးပြောသလိုပဲ
ခန္ဓာကိုယ်က မဟုတ်ရင်တောင်
သူဟာ စိတ်နဲ့ ဖောက်ပြားနေသောသူ။
နှုတ်ခမ်းထောင့်မှ မှဲ့နက်လေးသည်
သူငေးကြည့်နေတာ သိလေသည့်အလား တစ်ချက်တစ်ချက်တွင် လှုပ် လှုပ်၍ သွားလေသည်။

“သာမောင် “
“ဟင် အဲ”
“ငါ့မျက်နှာ မှာ တစ်ခု ခုပေနေလို့လား”
“အင်း”
“သုတ်လိုက် ငါလက်မအားလို့”

ကြည်သာမောင်က ရသည့်အခွင့်အရေးအားအမိအရဆုပ်ကိုင်ကာ ပါးတစ်ဖက်ပေါ် လက်မှအုပ်ကိုင်လျက် လက်မဖြင့် မှဲ့နက်လေးအား ဖိပွတ်၏။

“သြော် မှဲ့လေးပဲ”
“မင်းလူလည်ကျတာ ငါသိသားပဲ”
“မင်းက ငါ့ထက်အစစ အရာရာ တော်တဲ့သူပါမောင် ငါ့ကို ထားခဲ့တဲ့နေရာမှာရော ပေါ့”

မင်းမောင်မောင်မှာ ကားမောင်းနေသည့်လက်မှာ တင်းကနဲဖြစ်သွားလျက်
ကြည်သာမောင်ဘက်စူးကနဲကည့်၏။
ဟုတ်သားပဲ
စမှားခဲ့သူဟာ သူပဲ ။
ကြည်သာမောင်ဆိုတဲ့သူဟာ ဘယ်သူ့အတွက်မှ မကောင်း။
ကိုယ့် ကိုယ်ကိုယ် အတွက်တောင်ကောင်းခဲ့သည်မဟုတ်။

“ဆောရီးမောင် ကားကို အရှိန်လျှော့လိုက်ဦး အရှေ့မှာ အကွေ့”

ကားမှာ လျှောစောက်လေးအတိုင်းအရှိန်နှင့် ပြေးနေ၏။
ဘရိတ်ကို ဖိနင်းနေသော မင်းမောင်မောင်မှာ နားထင်မှ ချွေးစီးကြောင်းများကျလာကာ တစ်ခုခု မှားနေပြီဆိုတာ ချက်ချင်းသိလိုက်သည်။

“ဘရိတ်က…
ဘရိတ်က မရဘူး သာမောင်”
“ဘာ “

လမ်းဘေးမှ သစ်ပင်ကြီးငယ်များသည် ရိပ်ကနဲ ရိပ်ကနဲကျန်ခဲ့၏။
မောင် မြို့တော် သွားမယ်ဆို၍ မနေ့နေ့လည်ကတင် ဒီကားအား ဝပ်ရှော့တွင် သူကိုယ်တိုင် သွားရောက်စစ်ဆေးပေးခဲ့ပြီးဖြစ်သည်။
ဘာလို့…..

“သာမောင်… မရဘူး”
“မောင်.. မင်းငါ့ကို သူငယ်ချင်းတစ်ယောက်လိုမဟုတ်ပဲ ချစ်ခဲ့ ဖူးလား”

လေတိုးသံများနှင့် ဆူညံနေသော်လည်း
သာမောင်ပြောသည်ကို အတိုင်းသားကြားရပါသည်။
ဒါ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးအချိန်ဆိုလျှင် နောင်တမရဘဲ
ထွက်သွားနိုင်ဖို့ လိုသည်။
မင်းမောင်မောင်က
ကားမောင်းနေသော လက်တစ်ဖက်အားလွှတ်လိုက်ကာ
ကြည်သာမောင် လက်အားဖမ်းကိုင်လိုက်သည်။

“အချစ်ဆိုတာ ဘာမှန်းမသိခင်ကတည်းက မင်းတစ်ယောက်ထဲ ကိုပဲ ကြည့်လာခဲ့တဲ့ကောင်က ငါပါကွာ”
“ငါနဲ့တူတူ သွားရမယ်ဆိုရင် မင်းနောင်တရမလား”
“ဟင်အင်း “

တောင်ဆင်းလမ်းအတိုင်း ကားမှာ ပို၍ အရှိန်ပြင်းလာကာ
မင်းမောင်မှာ ကားမောင်းနေသည်အား
လုံးဝလက်လွှတ်လိုက်ကာ
ထိခိုက်ဒဏ်ရာ နည်းလိုနည်းငြား
သာမောင်အား ရှေ့မှကွယ်၍ပွေ့ဖက်လိုက်သည်။

“ဒုန်းးးးးးဝုန်းးးးး”

အသံနှင့်အပြိုင် လမ်းအကွေ့မှ နှစ်ချို့ သစ်ပင်ကြီးအား ဝင်တိုက်မိသော ကားလေးမှာ သိမ့်သိမ့်ခါသွားလေသည်။
လူချင်းကွဲသွားသော ခန္ဓာကိုယ်နှစ်ခုတွင် ကြည်သာမောင်မှာ ကားတံခါးမှ လွှင့် စင်လျက် လမ်းပေါ်ကျလေသည်။
ပူနွေးသော သွေးစီးကြောင်းများသည် နားထင်မှ မျက်နှာပေါ်သို့ အတားအဆီးမရှိကျလာ၏။
တစ်ကိုယ်လုံးတစ်စစီ ပြုတ်ထွက်သွားပြီလားဟု ထင်ရလောက်အောင်
ထူပူနေလျက် ရင်ခွင်ထဲမှ လစ်လပ်နေသော နေရာကြောင့် နှလုံးသားနေရာက
ပို၍နာလာပြန်သည်။

“မောင်”…

သစ်ပင်အား တိုက်ထားသဖြင့် ကားရှေ့ပိုင်းသည် ကြေလျက်မီးခိုးများ အူထနေ၏။
လမ်းဘေးတွင်ဖေးတွင် ဖေးတင်နေသော ကားလေးသည် ချောက်ကမ်းပါးထဲ မကျလျှင် မီးလောင်ပေါက်ကွဲတော့မည်။

“မောင်”

ပွင့်နေသော ကားတံခါးမှတစ်ဆင့်
ကားပေါ်တွင် ခေါင်းငိုက်စိုက်ကျနေသော မင်းမောင်မောင်အား တွေ့လိုက်ရလျှင် ရှိသမျှ အားအင်အား စုစည်းကာ ထရပ်လိုက်ကာ ကားဆီ လေးဖက်ထောက်လျက်တွားသွားလိုက်သည်။

“ဖျစ်… ဖျစ်…ဝုန်းးးးးး”

ကားရှေ့ခန်းသည် မီးစွဲလောင်သွား ကာ
ကားသည် လှုပ်လာ၏။
ကြည်သာမောင်မှာ နောက်ဆုံးအာအင်အား အစွမ်းကုန်အသုံးချကာ ကားဆီပြေးသွားလိုက်ကာ
အဝတ်အစားများမီးစွဲလောင်နေသော
မင်းမောင် ကိုယ်လေးအား ကားပေါ်မှဆွဲချလိုက်သည်နှင့်
ကားမှာ ချောက်ကမ်းပါးထဲသို့
ဝုန်းကနဲပြုတ်ကြလေသည်။
မီးစွဲလောင်နေသော အဝတ်စများအား
သူ့ကိုယ်နှင့် ဖိပွတ်ကာ မီးငြိမ်းစေလိုက်သည်။
ဆံပင်တစ်ဝက်မှာ မီးစွဲလောင်သွားကာ
လည်ပင်းမှတစ်ဆင့် မျက်နှာ တစ်ခြမ်းသည် နီရဲနေလျက် ဆံပင်ဆီမှ ညှော်နံလည်းရနေသေးသည်။
မင်းမရှိရင် ငါလည်းမရှိဘူးမောင်….
အတွေးနှင့်အတူ ကြည်သာမောင်သည်
ငြိမ်သက်နေသော မင်းမောင်ဘေးတွင်
ဝင်လှဲလျက် မျက်လုံးများအား
နောင်တကင်းစွာ မှိတ်ချလိုက်လေသည်……
*************

“ဦးလေးသတိရလာတော့ ဘေးမှာဒဏ်ရာတွေနဲ့သတိလစ်နေတဲ့
သာမောင်ကိုတွေ့ရတယ်
သေမင်းတံခါးဝကို တူတူသွားခဲ့ပြီးမှ
နောက်ကြောင်းကို ပြန်မလှည့်ချင်တော့ဘူး ဒါကြောင့် ပန်းမ ကိုလာတဲ့ ကားပေါ်အကူအညီတောင်းပြီးတက်လိုက်လာခဲ့တာ ဆရာက မီးလောင်ဒဏ်ရာကလွှဲရင် ဘာမှကြီးကြီးမားမားမဖြစ်ခဲ့ပေမယ့်
သာမောင်က နှစ်ရက်လောက်ကြာမှ
သတိရလာခဲ့တယ်
တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း
ဆရာတို့ ခုချိန်ထိဘယ်တော့မှမခွဲတော့ဘူး နေရာဟောင်းကို မေ့ပစ်ချင်လို့ နာမည်တွေပါပြောင်းပြီးဒီမှာ ဇာတ်မြှုပ်နေခဲ့တာ”

“ဆရာရယ်”

အနာတရများနှင့် ခန္ဓာကိုယ်နှစ်ခုမှာ ပူးကပ်နေလျက်
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်နှစ်သိမ့်နေ၏။
ခန္ဓာကိုယ်လေး နှစ်ခုမှာ သိမ့်တုန်နေလျက်
ငိုနေမှန်းသိသာစွာ….
ထိုသူနှစ်ယောက်မှာ
ဆရာမိုးလုံး တစ်ဖြစ်လည်း ဦးမင်းမောင်မောင်နှင့်
သခင် တစ်ဖြစ်လည်း ရဝေနန်းဦး……

မိုချီ(ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part (22)unicode, novel Wrong Time Right Person(Completed) part (22)unicode, read Wrong Time Right Person(Completed) part (22)unicode online, Wrong Time Right Person(Completed) part (22)unicode chapter, Wrong Time Right Person(Completed) part (22)unicode high quality, Wrong Time Right Person(Completed) part (22)unicode light novel, ,

Comment

Leave a Reply

Chapter 45