Wrong Time Right Person(Completed) part26 (unicode)

A+ A-

wrong time right person

(ဒီအပိုင်းကိုကလေးဆိုရင်ကျော်သွား)

အပိုင်း (၂၆)

ရွှေဆောင်မြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏
ဆိုသော မြို့အဝင်ဆိုင်းဘုတ်ကို ဖြတ်ကူးပြီးချိန်တွင် နန်းဦး သည် အိပ်နေရာမှ ထကာ တစ်ခါမှမရောက်ဖူးခဲ့တဲ့
နေရာ လို ကားပြတင်းမှ ခေါင်းလေးပြူလျက် လမ်းဘေးဝဲယာအား ကြည့်ရင်း
အထပ်မြင့်အဆောက်အအုံများ ကားများ ဆိုင်ကယ်များ ပိုများလာတာကို သတိထားမိသည်။
ဂုတ်ထောက်နေပြီဖြစ်သော ဆံပင်ရှည်များမှာ မျက်နှာအား အုပ်လိုက် ပါးစပ်ထဲဝင်လိုက်မို့ ကြည်သူက နောက်မှစုကိုင်လျက်စုစည်းကာ စည်းပေးလိုက်သည်။
နန်းဦးက ကြည်သူဘက်လှည့်ပြုံးကာ

“တော်တော် ပြောင်းလဲသွား တယ် ကားတွေအဆောက်အအုံတွေလည်းပိုများလာတယ်”
“အင်း
ရပြီ ခေါင်းအထဲပြန်ဝင်တော့
နောက်မှ ကိုယ် တစ်မြို့လုံး မရိုးနိုင်အောင်လိုက်ပို့ပေးမယ်”

ကြည်သူက နန်းဦး ခေါင်းအား လက်ဖြင့် အုပ်ကိုင်ကာ
ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
နဖူးအားဖျတ်ကနဲ ငုံ့မွှေးတော့
ကားရှေ့ခန်းတွင် ကားမောင်းသူ ညီဘွား၏ ဘေးတွင် ထိုင်နေသော
ကြည်သာဘုန်းက မျက်ထောင့်နီကြီးဖြင့် ကားနောက်ကြည့်မှန်မှ လှမ်းကြည့်လေသည်။

“တစ်သက်လုံး ပူးနေရမှာ ကို များအိမ်ရောက်တဲ့ထိ မအောင့်နိုင်ကြဘူး “

ကြည်သာဘုန်း၏ ပွစိပွစိအပြောကို ကြည်သူတို့စုံတွဲမကြားပေမယ့်
ဘေးချင်းကပ်နေသော
ညီဘွားက ကြားလေသည်။

“ဟားးး”
“မင်းက ဘာရယ်တာလဲ”
“ဘာရယ် မဟုတ်ပါဘူး
ဦးဘုန်းဒါကြောင့် လူပျိုကြီးဖြစ်နေတာလို့တွေ့မိလို့ပါ”
“ငါ့ လိုက်ပြောနေရအောင်
မင်းရော ခုအသက်အရွယ်ထိ ရည်းစားထားဖူးသေးလို့လား “

မြို့ထဲရောက်လာပြီမို့ ဦးဘုန်းဆီမှ စကားကို လစ်လျှူရှုကာ
ကားကိုသာအာရုံစိုက်မောင်းလိုက်သည်။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ
ခေမာမြိုင် ခြံကြီးအားအဝေးမှလှမ်းမြင်ရပြီဖြစ်သည်။
နန်းဦး မှာ ခြေဖျားလက်ဖျားများအေးစက်လာကာ နေရာသစ်အား
ပထမဆုံးရောက်ဖူးတော့မလို ခံစားနေရသည်။

“စိတ်လှုပ်ရှားနေလား”
“အင်း”

ကြည်သူကနန်းဦးလက်အား ဖျစ်ညှစ်အားပေးလိုက်သည်။
ခြံဝင်းကျယ်ရှေ့အရောက် ပိတ်ထားသော တံခါးရှေ့ ဟွန်းလေးငါးချက်ဆက်တီးလိုက်ရာ တံခါးကြီးမှာ
ပွင့်လာလေသည်။
ဦးလေးတူး လို့ မျှော်လင့်လျက်
ကြည့်လိုက်မိသော်လည်း အသားညိုညိုနှင့် လူငယ်တစ်ဦးဖြစ်နေ၏။
နန်းဦးက ကားပြတင်းမှ တစ်ဆင့်ခေမာမြိုင်ဆီမျှော်ကြည့်လိုက်လျှင်

“ဟင် ဘယ်လိုဖြစ်”
တစ်ဖက်မှ ကိုကိုတို့မိသားစု နေအိမ်ဖြစ်သော ခေမာမြိုင်အိမ်ကြီးနေရာတွင်
ခေတ်မီသစ်ဆန်းသော
တစ်ထပ် တိုက်ပုလေးနေရာယူလျက်။
အိမ်ပတ်ပတ်လည်တွင် ဇီဇဝါပန်းပင်များက နေရာယူထားကာ
ကားတစ်စီး ဝင်ဆန့်ရုံလျှောက်လမ်းလေးဘေးတွင်လည်း ဇီဇဝါပန်းပင်များသာ။

“အရင်အိမ်ဟောင်းကို ဖြိုပြီး ဝေနဲ့ကိုယ့်အတွက် ဘွားက အသစ်ဆောက်ပေးတာ ကိုယ်တို့အနာဂါတ်ကို
အဟောင်းတွေ ဘာမှ မသယ်ချင်လို့လေ”
“အိမ်ကြီး နှမြောစရာကောင်းလိုက်တာ”
“ဘာလုပ်မှာလဲဝေရဲ့ ပင်မအိမ်ကြီးတစ်ဆောင်လုံးရှိနေသေးတာ
ရွှေဆောင်မှာ ခေတ်ဟောင်းပုံစံနဲ့ အိမ်ဆိုလို့ ခေမာမြိုင်တစ်ဆောင်ပဲကျန်တယ်
တော်တော်များများ အိမ်ပုံစံအသစ်ကို ပြင်ဆောက်ကုန်ကြပြီ
ကိုယ်က သူများလုပ်လို့ လိုက်လုပ်တာမျိုးမဟုတ်ပဲ ဝေ့ကို အကောင်းဆုံးတွေပဲ ပေးချင်လို့
ကဲရောက်ပြီ”

အိမ်၏ ဆင်ဝင်အောက်တွင်
ဘွားဘွား ထိပ်တင်မိုး ဒေါ်ဒေါ်ဥ နှင့် စန်းစန်းတို့ရှိနေကြသည်။

“နန်းဦး လေး “
“နန်းဦး လေးရယ် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်တယ် ဒေါ်ဒေါ်ဥတို့ဆီပြန်လာပေးလို့”
“ကျတော်လွမ်းနေတာ ဘွားတို့ကို”

ဘွားဘွားထိပ်တင်မိုးနှင့် ဒေါ်ဥမှာ
နန်းဦး အား တစ်ယောက်တစ်လှည့်သိုင်းဖက်ကာ ငို၏။ စန်းစန်းမှာ ဝင်မဖက်သော်လည်း မျက်ရည်များကြားမှ ကြိတ်ရှိုက်နေလေသည်။

“ငါ့ မြေးလေး ပင်ပန်းသွားပြီ
ပင်ပန်းသွားခဲ့ပြီ
ငါ့မြေးကို ကယ်ခဲ့တဲ့သူတွေကို ဘွားကိုယ်တိုင်ကျေးဇူးဆပ်မယ်”

ဘွားဘွားထိပ်တင်မိုးဆိုတော့
နန်းဦး က ကြည်သူအားလှမ်းကြည့်သည်။
ကြည်သူက မသိမသာခေါင်းခါပြတော့
ဦးလေးကြည်သာမောင်တို့ကိစ္စအား
အသိပေးချင်ပုံမရသည်မို့
နန်းဦး လည်းနှုတ်ဆိတ်နေလိုက်သည်။

“သားဘုန်း နဲ့ ညီညီ ကျေးဇူးတင်ပါတယ်ကွယ် ကျေးဇူးတင်တယ်
မင်းတို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင်ငါ့မြေးနှစ်ယောက်ကို ဒီလိုတွေ့ရမှမဟုတ်ဘူး ဒီအဘွားကြီးသေပျော်ပါပြီကွယ် သေပျော်ပါပြီ”
“မိသားစုတွေပဲ မေကြီးရာ
ပြောနေစရာလိုသေးလား
သေမယ်ဆိုတဲ့စကားမပြောနဲ့ဦး မေကြီးက ကျတော်တို့ထက်အသက်ရှည်ဦးမှာ
ကဲ …ခုတော့
ကြည်သူတို့ကို နားပါစေဦး “
“သြော် အေးးး သားဘုန်းနဲ့ ညီဘွားကာ
ကိုယ့်အခန်းကိုယ်သွားရုံပဲ
မြေးလေးတို့က ဟိုဘက်အိမ်သစ်မှာ
အားလုံးလိုလေသေးမရှိအောင် ပြင်ထားတယ် ဆိုပေမယ့်
အသစ်ဆိုတော့ လိုအပ်ချက်လေးတွေရှိကောင်းရှိနိုင်တယ် ဒေါ်ဥနောက်လိုက်သွားကြ”

ညီဘွားနှင့် ကြည်သာဘုန်းက အပေါ်တက်သွားကာ
ကြည်သူနှင့်နန်းဦးက အိမ်သစ်လေးဆီဒေါ်ဥနောက်လိုက်လာခဲ့သည်။
တစ်ထပ်တိုက်လေးမှာ
ပရိဘောဂဟူ၍ များများစားစားမရှိပဲ
ကိုကို့ အကြိုက်အတိုင်း ရှင်းလင်းနေ၏။
တစ်ဆောင်လုံး အဖြူရောင်နှင့်နို့နှစ်ရောင်သာ သုံးထားကာ ဇာလိုက်ကာများကအစ အဖြူရောင် ဖြစ်သည်။
ဧည့်ခန်းထဲတွင် နို့နှစ်ရောင်ဆိုဖာ ဆက်တီတစ်စုံနှင့် မှန်စားပွဲတစ်ခုသာ ရှိကာ
ပန်းအိုးတစ်လုံးမျှပင်တင်ထားခြင်းမရှိချေ။

“ရပြီ ဒေါ်ဒေါ်ဥ
ကျတော်တို့ ကြည့်လုပ်လိုက်မယ်”
“ဒါဆို ဒေါ်ဒေါ်ဥ သွားပြီနော်
ထမင်းစားချိန် ပြန်လာခေါ်မယ်
သွားပြီ နန်းဦး လေး”
“ဟုတ်ကဲ့ပါ ဒေါ်ဒေါ်ဥ”

ဒေါ်ဥထွက်သွားသည်နှင့်
ကိုကိုနှင့်နန်းဦးသာ ကျန်ခဲ့ကာ
တစ်ယောက်အသက်ရှူသံတစ်ယောက်ပြန်ကြားနေရသည်အထိတိိတ်ဆိတ်နေ၏။

“သဘောကျရဲ့လားဝေ..
ဘွားဘွား က ဆောက်ပေးတာဆိုပေမယ့် အပြင်အဆင်တွေက ကိုယ်လုပ်ထားတာ ဝေကြိုက်လောက်မယ်ထင်လို့လေ”
“ကျတော် အိပ်မက်မက်နေတာလား”
“အ့!”

နန်းဦး ပါးတွင်စူးကနဲတစ်ချက်ဖြစ်သွားကာ ကိုကို့သွားရာအကွင်းလိုက်ထင်၏။

“နာလား အိပ်မက်မဟုတ်ဘူး “
“ကျတော် ကသဘောပြောတာကို”

နန်းဦးက ပါးလေးအား အုပ်ကိုင်ရင်းပြောတော့ ကြည်သူက နဖူးအား လက်ဖြင့်တောက်ကာ

“ကိုယ်က လက်တွေ့ဆန်တာ ပိုကြိုက်တယ် ဝေ”
“အား…ကိုကို”

ကြည်သူက ပြောရင်း နန်းဦး ကိုယ်အား ပွေ့ချီကာ ဝှေ့ယမ်းလိုက်သည်မို့
နန်းဦး က မျက်စိမှိတ်ကာ အော်ပစ်လိုက်သည်။

“ကိုကို သိပ်ဆိုးတာပဲ”
“မင်းက ထိန်းပေးပေါ့ဝေ”

ကိုကိုက နန်းဦး ကိုယ်အား ပေါ့ပေါ့ပါးပါးချီကာ အိပ်ခန်းထဲအထိလျှောက်လာ၏။ နန်းဦးအား ဖြူလွလွ ကုတင်ပေါ်အသာချကာ
အိပ်ခန်းနံရံတွင် အဖြူရောင် လွှမ်းထားသော လိုက်ကာစများ ဆွဲဖွင့်လိုက်လေသည်။

“အာ ကိုကို”

နန်းဦးက ထိုင်ရာမှ ထကာ လိုက်ကာစအား အသာဆွဲဖွင့်ကာ
ကျောခိုင်းရပ်ကြည့်နေသော
ကိုကို့ကျောပြင်အား မမှီမကမ်းဖက်တွယ်ကာ
မျက်ရည်လည်လာ၏။
နံရံတွင် သစ်သားမှန်ဘောင်နှင့် စနစ်တကျကပ်ထားသည်မှာ
ကျွန်းလှမှတောင်တော်ဦးတွင် ကိုကို ကိုယ်တိုင် ရိုက်ထားသော
မိန်းကလေးဝတ်စုံနှင့် ဆယ်ငါ့နှစ်အရွယ် နန်းဦး ပုံအား လူတစ်ကိုယ်စာ ပုံတူအကြီးကြီးဆွဲထားတာဖြစ်သည်။
ကျန်တစ်ပုံမှာ ကိုကိုနှင့် နန်းဦး မင်္ဂလာ ဆောင်တုန်းက ပုံဖြစ်သည်။

“ကိုယ် ကိုယ်တိုင်ဆွဲချင်တာ
ပါရမီမပါလို့လေ”
“ကျေးဇူးတင်ပါတယ် ကိုကို”

ကြည်သူက သူ့နောက်ကျောအား ဖက်ကာ ကျေးဇူးတင်စကား ပြောနေသူအယး လက်မှ ခွာချကာ
မျက်နှာချင်းဆိုင်သို့ဆွဲလှည့်လိုက်
သည်။
ထို့နောက်ဘမျက်ရည်စို့နေသော ပါးပြင် အား ညင်သာဖွဖွ ငုံ့နမ်းလိုက်သည်။
ခပ်ဟဟပွင့်နေသော ပန်းဆီရောင် နှုတ်ခမ်းဆီ ကျူးကျော်တော့
မကျွမ်းမကျင်နှင့် ပြန်လည် တုန့်ပြန်လာ၏။
ထိုခဏ နန်းဦး မှာ ကိုကိုနှင့် နေရာမှန် အချိန်မှန်ရောက်လာပြီလားဟု
ခံစားလိုက်ရကာ ထိုခံစားချက်မှာ မမှန်သေးကြောင်းနောက်နေ့တွင်
သိလိုက်ရသည်။
ရွှေဆောင်ရောက်ပြီးနောက်တစ်နေ့တွင်
မမ ရဝေနွယ်ဦး ဆီမှ ဖုန်းဝင်လာ၏။
မမနွယ်တို့မှာ ကျွန်းလှသို့ ပြန်ရောက်နေတာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း
ဖေကြီးနှင့် မေကြီးက နန်းဦး အားခွင့်လွှတ်သည်ဖြစ်ကာ
ဖေကြီးနေမကောင်း၍
နန်းဦး တစ်ယောက်တည်း ကျွန်းလှသို့
ပြန်လာရန် အကြောင်းပါ၏။

“ကိုယ် လိုက်ခဲ့ချင်တယ် ဝေ
ကိုယ် ဝေ့အစား လိုက်တောင်းပန်ပေးချင်တယ်”
“နေခဲ့ပါလား ကိုကို ကျတော် ပြန်လာခဲ့မယ် ဒါမှမဟုတ်ရင်
ကိုကို လိုက်ခဲ့ဖို့အဆင်ပြေတဲ့အချိန် ဖုန်းဆက်လိုက်မယ်လေ”

နန်းဦး က ကုတင်ပေါ်တွင် ခြေဆွဲထိုင်နေကာ ကိုကိုက နန်းဦး ပေါင်ပေါ် အိပ်ရင်း နန်းဦး အင်္ကျီ အောက် လက်လျှိုဝင်လျက် ခါးသွယ်သွယ်လေးအား
ဆော့ကစားကာ ကလေးတစ်ယောက်လို ဂျီကျနေခြင်း။

“နော် ကိုကို “

ကလေးတစ်ယောက်လို နှုတ်ခမ်း တစ်တောင်လောက်စူထွက်နေလျှင်
နန်းဦး က ထိုနှုတ်ခမ်းအား ငုံ့မွှေးလိုက်သည်။

“ဆေးသောက်ချိန် ကိုကို
ပြီးရင် ကိုကိုအိပ်ရေးမပျက်ရအောင်
စောစောအိပ်ရာဝင်ရအောင်”
“…….”
“ကိုကို ထပါဦး ကျတော်ဆေးနဲ့ရေယူပေးမယ်
မေးချိုင့်လေးထဲ လက်ညှိုးလေးထိုးကာ ပြောတော့ နန်းဦး လက်ညှိုးအား ပါးစပ်ထဲ ထည့်ငုံကာ
အရာပေါ်သည်အထိကိုက်လေသည်။

“အ့!”

ထို့နောက် ချက်ချင်း မလွှတ်သေးပဲ
ပါးစပ်ထဲ ငုံထားကာ
လျှာနွေးနွေးနှင့် လှည့်ပတ်လျှော့ ကစားနေလျှင် နန်းဦး တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထလာလေသည်။
ထို့နောက် နန်းဦး လက်ညှိုးအားလွှတ်လိုက်ကာ ထိုင်နေသော နန်းဦး အား ကုတင်ပေါ် ဆွဲချကာ
အပေါ်မှ အုပ်မိုးလာ၏။

“ချစ်ပွဲဝင် ချင်တယ်ဝေ”
“ပြွတ်စ်”
နန်းဦး ခေါင်း ငြိမ့်
လိုက်မိသလား
ခါလိုက်မိသား မသိသေးခင်
နှုတ်ခမ်းတစ်ခုလုံး ကိုကို့ ဆီပါသွားကာ မကြာမီ ခံတွင်းတစ်ခုလုံးအပြင် လျှာဖျားပါမွှေနှောက်ခံနေရပြန်သည်။

“အွမ်း “

နှုတ်ခမ်းဖျားမှ ထွက်လာသော
အချစ်သံစဥ်များမှာ အခန်းထဲ ပျံ့လွှင့်နေကာ နန်းဦးက အရင် အသက်ရှူကြပ်လာသည်မို့ ကိုကို့လက်မောင်းအား ကုတ်ခြစ် အချက်ပေးလိုက်လျှင်
နှုတ်ခမ်းဆီမှ ဖယ်ခွာသွားကာ
မေးဖျားဆီမှ လည်တိုင်အထိဆင်းလို့
တစ်တိတိကိုက်ကာ အချစ်ခြေရာများ
ဖြန့်ကျဲသွားပြန်သည်။
ထို့ နောက် ညဝတ်အင်္ကျီအား လည်ပင်းမှ လျှိုချွတ်ကာ
လွှင့်ပစ်လိုက်တော့ နန်းဦး လည်း
အားကျမခံ ကိုကို့ အင်္ကျီ အား ကူချွတ်လိုက်လေသည်။
အဆက်ပြတ်သွားသော အနမ်း အား
အမာရွတ်များဖြင့် နန်းဦး
ရင်ညွှန့်တွင်ပြန်ဆက်ကာ
ရင်ဘတ်မှ ပွင့်ချပ်လာအား ဆုပ်ဆွဲခံလိုက်ရလျှင် နန်းဦး ၏ အသံသေးသေးလေးမှာ သွားကြားမှထွက်လာ၏။

“ပြွတ်စ်”
“အာ့ ကိုကို ယားးးတယ် “
“အကျင့်ပါအောင်လုပ်ပေးမှာ ပြွတ်စ်”

ပြောလည်း ပြောကာ ပွင့်ချပ် နီရဲရဲအား
စုပ်ယူတော့ နန်းဦး ကျောလေးကော့ကာ လက်က
အိပ်ရာခင်းဆီ ယောင်ယမ်း
ဆုပ်ဆွဲလိုက်လေသည်။
ပွင့်ချပ်လေးအား အားရပါးရ ငုံစုပ်ပြီးသောအခါ ဝမ်းဗိုက်ရှပ်ရှပ်လေးမှတစ်ဆင့် ချက် နေရာအား လျှာဖြင့် လျက်လိုက်လျှင် ပူနွေးစိုစွတ်သော အထိအတွေ့ကြောင့် ဒုတိယအကြိမ်
ကြက်သီးမွှေးညှင်းများဖျာလာကာ
ခြေကလေးများပါ ကုပ်ကွေးထားမိသည်။
ထို့နောက် သားရေဘောင်းဘီလေးအား အတွင်းခံနှင့်အပြိုင် ဆွဲချွတ်လိုက်ရာ
မွှေးညှင်းနုနုများကြားမှ ပန်းရောင်သန်းနေသော မှိုကလေးမှာ ငေါက်ကနဲပေါ်လာ၏။
နန်းဦး က ရှက်လန့်တကြား လက်ဖြင့် ဖိအုပ်ထားလျှင် လက်ပေါ်အုပ်မိုး၍နမ်းရှိုက်လာပြန်သည်။
ထို့နောက် လက်နှစ်ဖက်အား လက်တစ်ဖက်တည်းနှင့် စုကိုင်လိုက်ကာ
ခေါင်းပေါ် ဖိချုပ်လိုက်တာမို့
နန်းဦးမှ ကိုကို့အောက်တွင် ဖားကလေးလိုကားကားလေး။
ရှက်ရှက်နှင့် မျက်လုံးအား ဖိပိတ်ထားလျှင်

“မျက်လုံးဖွင့်ထားဝေ…ကိုယ် မင်းမျက်လုံးထဲက ပန်းချီတွေကြည့်ချင်လို့”

နန်းဦး၏ မီးခိုးရောင် မျက်လုံးလေးများသည် ချစ်ရည်များဖြင့် စိုလက်နေကာ မျက်တောင်ဖျားများသည် စိုကပ်နေပြန်သည်။
နန်းဦး ၏ မှိုလေးအား ကိုကို့ မှိုကြီးက
ဖိပွတ်လာလျှင်
မအော် ညည်းမိအာင်
အောက်နှုတ်ခမ်းသားလေးအား
ဖိကိုက်လိုက်လေသည်။

“အသံထွက်လို့ရတယ်ဝေ..
ရှက်မနေပဲ မင်းယောကျာ်းကို အာရုံစိုက်ပေး”
“အမ်းးးးအင်း…အ့… ကိုကို “

ထိပ်ဖူးလေးမှ ကျင်တက်လာကာ ချစ်ရည်လေးများမှာ ဗိုက်သားရှပ်ရှပ်လေးအထိ စိုလူးလာ၏။

“ကန်..တော့..ကိုကို…
ပေကုန်ပြီ….ဘာလုပ်… အ့”

ကိုကိုမှာ
ချစ်ရည်တို့ စိုလူးနေဆဲ မှိုလေးအား လျှာဖြင့် ရစ်ပတ် တစ်ချက် ငုံလိုက်လျှင် နန်းဦး မှာ သတိလက်လွှတ်အော်လိုက်မိသည်။

“အာ့ ကိုကို ငရဲ…ကြီးမယ်”
“ငရဲ က ကိုယ့်ဟာလောက် ကြီးမလားကလေးရဲ့”
“အ့ ကိုကို…..”
“အင်း….လာခဲ့ချင်ပြီ ဝေ့ချိုင့်ဝှမ်းထဲ”
“အင်း…..”
“”ပြွတ်စ်”

နန်းဦး ဆီမှ ခွင့်ပြုချက်ရသည်နှင့်
နှုတ်ခမ်းအားငုံစုပ်ကာ
ဝမ်းဗိုက်တွင် စိုလူးနေသော
နန်းဦး ၏ အချစ်ရည်များအား လက်တွင်ပွတ်သုတ်ကာ
ဂိတ်ပေါက်လေးဆီသုတ်လိမ်းလိုက်သည်။
ချစ်ရည်များဖြင့် ရွှဲစိုနေသော
လက်ညှိုးလေးမှာ ဂိတ်ဝလေးဆီ တိုးဝင်လိုက်လျှင်
စိမ်းသက်နေသော ပြင်ပအရာအား
ပြန်လည်တွန်းကန်လာ၏။
နန်းဦး ၏ ရှက်ရှက်နေရာမှ
စူးရှထက်မြက်သော အထိအတွေ့အား
ခံစားရသည့်တိုင် နှုတ်ခမ်းမှာ ကိုကို့ဆီသိမ်းပိုက်ခံထားရဖြင့် ပီပြင်စွာမညည်းနိုင်။

“အွမ်း….”

တဖြည်းဖြည်းဖြင့်
ဂိတ်ပေါက်လေးမှာ ချောမွေ့လာကာ
လက်ညှိုးမှ တစ်ဆင့် လက်ခလယ်ပါ
ပါလာလျှင် နန်းဦး ၏ ခန္ဓာကိုယ်လေးပါအပေါ်ကြွလာ၏။
ရုတ်တရက် ရှက်ရှက်နေရာမှ လစ်လပ်သွားလျှင် လွှတ်မြှောက်ခွင့် ရသွားပြီအထင်နှင့် သက်ပြင်းမောလေးချလိုက်လျှင် ပို၍ကြီးသော အရာက နန်းဦး
တောင်ပူစာလေးနှစ်ခုကြားလာထောက်နေပြန်သည်။

“အ့ ကိုကို”
“စိတ်လျှော့ ထား.. ကလေး..
မနာစေရဘူး”
“အ့ အားးး”
“ပြွတ်စ်”

မနာဘူးသေလောက်တယ်ဟု စိတ်ထဲမှ ပြောရင်း နန်းဦး မှာ ထွန့်ထွန့်လူးသွားလျှင် ကြည်သူက နှုတ်ခမ်းဆီ နှစ်သိမ့်သည့်အလား အနမ်းဖြင့် ချော့မြှူလာပြန်သည်။
အတွင်းထဲ နက်သထက်နက်လာလေ နန်းဦး နားထဲ လေဟာနယ်ကြီးထဲ လွှင့်မျောနေသလို အူလာကာ
ကိုကို တစ်ချက် လှုပ်ရှားလိုက်တိုင်းနန်းဦး ကိုယ်လေးမှာ ယိမ်းခါနေတော့သည်။
မျက်ရည်များဖြင့် စိုလူးနေသည့်ကြားမှ
အလိုရမ္မက်များဖြင့် ခက်ထန်နေသော
ကိုကို့မျက်နှာသည် ပုံစံတစ်မျိုးဖြင့် ဆွဲဆောင်မှုရှိနေပြန်သည်။
နန်းဦး ခြေထောက်နှစ်ဖက်သည်
ကိုကို့ ပခုံးပေါ် ယမ်းခါနေကာ
ရှက်ရွံ့စွာ မျက်လုံးများမှိတ်ချလိုက်လျှင် မျက်ရည်ပူများသည် မျက်လုံးထောင့်မှ စီးကျလာ၏။
သာယာမှုသည် မျက်ရည်အဖြစ်ပြောင်းလဲသွားကာ
ခေါင်းအုံးဖြူဖြူပေါ်စိုလူးသွားလေသည်။
ချစ်ပင်လယ်တွင် မှောက်တစ်ခါ ပြန်တစ်လှည့် ကူးခတ်ရင်း
သောင်မမြင်ကမ်းမမြင်နှင့်
ဘယ်နှစ်ကြိမ်မြှောက် ခရီးပေါက်သွားလဲ ရေမစေ့နိုင်တော့။
ကိုကို့ မျက်နှာသည် နန်းဦး မျက်ဝန်းထဲ ဝါး၍ ဝါး၍လာကာ
အိပ်မက်ကမ္ဘာထဲထိ
ကိုကိုနှင့် နန်းဦးသည်
ချစ်ဝဲဂယက်မှာ တဝဲ လည်လည်……

Good night
sweet dreams😘

မိုချီ (ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part26 (unicode), novel Wrong Time Right Person(Completed) part26 (unicode), read Wrong Time Right Person(Completed) part26 (unicode) online, Wrong Time Right Person(Completed) part26 (unicode) chapter, Wrong Time Right Person(Completed) part26 (unicode) high quality, Wrong Time Right Person(Completed) part26 (unicode) light novel, ,

Comment

Leave a Reply

Chapter 53