Wrong Time Right Person(Completed) part(27)unicode

A+ A-

Wrong time right person

အပိုင်း(၂၇)

“သား”
“မေကြီး”

နန်းဦး ကိုမြင်သည်နှင့် မေကြီးမှာ တုန်တုန်ရီရီနှင့် လာရောက်ပွေ့ဖက်လေသည်။
အနည်းငယ် ပိန်သွားပုံရသော မေကြီးသည် အရင်လို သိမ်မွေ့ချောမောနေဆဲ။

“မမ”
“သားသား ပိန်သွားလိုက်တာ “

နန်းဦး မှာ ပိန်လာကာ ဆံပင်လေးများမှာ ဂုတ်ထောက်နေသဖြင့် ရဝေနွယ်ဦး နှင့် ယှဥ်ရပ်နေလျှင် မျက်နှာလေးနှစ်ခုမှ သိသိသာသာ တူနေ၏။

“မမရယ်”
“အင်း သားသား”
“ဖေ… ဖေကြီးရော သားကို တကယ်ခွင့်လွှတ်တာလား”

မေကြီးနှင့် မမ နန်းဦး အမေအား
ရေရေရာရာ မဖြေသလို မမမှာ တစ်ဖက်သို့ မျက်နှာလွှဲလေသည်။

“စာကြည့်ခန်းထဲမှာ”

ဖေကြီးစာကြည့်ခန်းသည် နန်းဦး ဆယ့်ငါးနှစ်အရွယ်တုန်းကလို မပြောင်းလဲစွာ စိုးရွံ့ဖွယ်ကောင်းဆဲ။
လွန်ခဲ့သော နှစ်များနှင့်စာလျှင် အိမ်များ ဆိုင်ကယ်များ ကားများပိုများလာပေမယ့် ဇီဇဝါ ပင်များ
အရွယ်အားပိုကြီးလာတာက
လွှဲရင်နန်းဦးတို့အိမ်သည် သိပ်မပြောင်းလဲ။
မြို့တော်ပြောင်းသွားသော တစ်နှစ်အတွင်း အမျိုးတွေက လာရောက် ကြည့်ရှူပေးထားတာမို့
အိမ်လေးမှာ ယိုယွင်းပျက်စီးမှုတို့ရှိမနေပေမယ့်
သခင်မဲ့နေသော အဖီဆွဲထားသည့် ကျူရှင်ခန်းလေးမှာ
အမိုးများပေါက်ပြဲလျက် ဖရိုဖရဲ။

“ဒေါက်… ဒေါက်….”
“ဝင်ခဲ့”

ဖေကြီး၏ အသံသြဇာပြည့်ဝမှုသည်
ဇရာတစ်ခုဆီရောက်နေသည့်တိုင်
ပြည့်ဝနေဆဲ။
အပြစ်မကင်းသူလို အခန်းတံခါးအား တွန်းဖွင့် ဝင်လိုက်တော့
ဖေကြီးက တံခါးဘက်ကျောပေးကာရပ်နေ၏။

“မင်းတစ်ယောက်တည်းလား”
“ဟုတ်…ဟုတ်ကဲ့ဖေကြီး”

ဆံပင်များဖြူလာသည်က လွှဲလျှင်
ရုပ်ရည်သည်မဆိုစလောက်လေး အိုကျသွားကာ သြဇာတိက္ကမရှိမှုသည် မပြောင်းလဲ။

“ကောင်းတယ်
သိပ်ကိုကောင်းတယ်
မင်း ပြန်သွားစရာမလိုတော့ဘူး”
“ဗျာ!”
“ဖေကြီး ဘာကို”
“ငါ က ငါ့သားကို အမွှေပြတ်စွန့်လွှတ်ထားတယ်ဆိုပြီး သူများ ဆီမှာ အနှိပ်စက်ခံဖို့မဟုတ်ဘူး ရဝေနန်းဦး
မင်းသေတော့မလို ဖြစ်သွားတာ ဒီကောင့်ကြောင့်ဆို တာ ….
အမေရောသား ရော
အရူးတွေ အဖေ က ယောကျာ်းတစ်ယောက်နဲ့ ငါ့ပါးစပ်ထဲတောင် ထည့်ပြောရတာရွံလွန်းလို့
မင်းလုံးဝ ပြန်မသွားရဘူး “
“မဟုတ်ဘူး… မဟုတ်ဘူး..
ဖေကြီး သားရှင်းပြပါ့မယ်”
“ဒေါက်… “
“မင်းပြန်သွားမယ်ဆိုရင် ဒီဓားနဲ့ငါ့ကိုသတ်သွား ရဝေနန်းဦး “

မိမိရှေ့ကျလာသော
အသွား မြည့်နေသည့်
ခြောက်လက်မဓား ရှေ့တွင်
နန်းဦး ဒူးညွှတ်ခွေကျ၏။

“မင်း ငါ့ကို မသတ်ပဲ ပြန်သွားရင်လည်း
သက်သာမယ်မထင်နဲ့ ဒီနိုင်ငံမှာ
ယောကျာ်းချင်း နေတာ တရားဝင်တာမဟုတ်ဘူး ငါရအောင်ခွဲပြမယ်
ဒီကောင့်ကိုလည်း
မင်းကို သေကြောင်းကြံတဲ့ အမှုနဲ့ တရားစွဲမယ်”

“ကျတော့ကို ဘာလို့ ပျော်ခွင့် မပေးကြတာလဲ ကျတော့ကို ဖေကြီးတို့ စွန့်လွှတ်ပြီးပြီပဲ ကျတော်သေသေရှင်ရှင်
ဘာလို့ ဂရုစိုက်နေသေးတာလဲ”

“မင်းကို စွန့်လွှတ်ကြောင်း
သတင်းစာမှာ ထည့်တယ်ဆိုတာ
မင်းနောင်တရပြီး ပြန်လာမယ်ထင်လို့
ငါတို့ မိသားစုရင်ကို စုန်ကန်ပြီးမိုက်မဲ
မယ်မထင်လို့လေ”
“…..”
“တောင်းပန်ပါတယ်ဖေကြီးရယ်
ကျတော်နဲ့ ကိုကိုက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တည်းက တွေ့ဖူးခဲ့ကြပြီး
တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြတာပါ ဒီကြားထဲ နားလည်မှု လွှဲစရာလေးတွေရှိလို့ ခုလိုတွေဖြစ်ကုန်တာ
ကျတော့ တို့ကို ခွင့်ပြုပေးပါ
ဖေကြီး ကျတော်တို့ကောင်းကောင်းနေပါ့မယ်”
“အသိတရားမရမချင်း ဒူးထောက်ပြီးနေ”

စကားအဆုံး စာကြည့်ခန်းတံခါးအား
ဂျိန်းကနဲပိတ်ကာ ထွက်သွားသူဖေကြီး။
ထို့နောက် သော့ခတ်သံကြားရကာ
“အသိတရား
မရမချင်း ထမင်းမကျွေးနဲ့ ရေတောင်မတိုက်နဲ့”

ဒီလိုအခြေအနေနဲ့
ကျတော်ကရောစားဝင်မယ်လို့ ဖေကြီးထင်နေသည်လားမသိပါ။
ဒီအထိ ရောက်အောင်
ကိုကိုရော နန်းဦး ရော
ဘယ်လောက်တောင်ကျော် ဖြတ်လိုက်ရလဲ။
ကိုကိုနဲ့ ဝေးရလျှင် သေသွားတာကမှ ပိုကောင်းဦးမည်။
ကြမ်းပြင်ပေါ် ပစ်လဲလိုက်တော့
မျက်ခမ်းထောင့်စွန်းဆီမှ
မျက်ရည်များသည် နားထင်ထိ စီးဆင်းလာ၏။

**************
တစ်ပတ်ကြာသည်အထိ နန်းဦးဆီမှ စာမလာ သတင်းမကြားသောအခါ ကြည်သူမှာ နေမထိထိုင်မသာ ဖြစ်ကာ
အလုပ်ပြန်ဝင်နေပြီဖြစ်သော
ကုမ္ပဏီ ၏ အလုပ်များအား
ဦးလေးနှင့် ညီဘွားအား လွှဲကာ
ကျွန်းလှသို့ လိုက်လာခဲ့သည်။
နန်းဦး တို့အိမ်တိုက်ရိုက်မသွားပဲ
အဘွားချန်ခဲ့သော အမွှေအိမ်ကြီးတွင်ပင်တည်းလိုက်သည်။
အိမ်ကြီးမှာ ရှေးဆန်သော်လည်း အလုပ်သမားမိသားစုအား
အိမ်ဝင်းထဲတွင် အိမ်အသေးတစ်လုံးနှင့် ထကာ စောင့်ရှောက်ခိုင်းထားသဖြင့်
ရေနံချေးဝကာ
တောက်ပြောင်နေဆဲ။
ကျွန်းလှအိမ်၌ထားသော
သူ့ဆိုင်ကယ်အား ဆွဲထုတ်ကာ
နန်းဦး တို့အိမ်သို့ ဦးတည်လိုက်သည်။
ဦးလေး ကျွန်းလှလာရင် စီးနေကျမို့
ဆိုင်ကယ်မှာ တကူးတက ဖုန်သုတ်နေစရာပင်မလိုပေ။
နန်းဦး တို့အိမ်ခြံစည်းရိုးနားရောက်တော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော် က
ဇီဇဝါပင်ပုလေးနားတွင်
လုံးလုံးကလေး ထိုင်ကာ အလုပ်ရှုပ်နေသော ထိုကောင်လေးကိုပြန်မြင်၏။

“တီ… တီ…”
“တီ….တီ….တီ…….”

ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေသော
အိမ်ရှေ့တွင် စိတ်မရှည်စွာဟွန်းအားအဆက်မပြတ်တီးလိုက်သည်။
နန်းဦး၏ ဖခင်မှာ ဒေါသမျက်နှာဖြင့် လျှောက်လာတာတွေ့ရသည်။
သူ့အားနွေးထွေးစွာကြိုဆိုမည် မဟုတ်မှန်း တွက်ဆထားပြီးဖြစ်တာမို့
ကြည်သူ ထိုမြင်ကွင်းအားထူးပြီး မအံသြမိပါ။

“လှည့်ပြန်လိုက်ရင်ကောင်းမယ် မောင်ရင် ဒီအိမ်က မင်းကိုမကြိုဆိုဘူး”

“ကျုပ်လည်းမလာချင်ပါဘူး
ကျုပ်အိမ်သူကိုပဲ လာခေါ်တာ”

“ဘယ်သူက မင်းအိမ်သူမို့လည်း
မင်းလည်း ယောကျာ်း သူလည်းယောကျား ပြီးတော့ မင်းကြောင့်
ငါ့သားမသေရုံတစ်မယ်
ဖြစ်သွားတာ ငါမသိဘူးများမှတ်နေလား”

“ဝေ့ရဲ့ ဖခင်မို့လို့သာ ကျုပ်အဲလောက်ထိစိတ်ရှည်သည်းခံနေတာ
ဒီထက်လွန်လာရင် ကျုပ်အဆိုးမဆိုနဲ့”

“မင်းကခြိမ်းခြောက်နေတာလား”

“ကျုပ်လုပ်မယ့် ကိစ္စကို ကြိုပြောရုံ ခြိမ်းခြောက်တာ တစ်ခွန်းမှမပါဘူး”

“တောက်”

“တောက်”

တောက်ခတ်သံနှစ်ချက်ထွက်လာကာ
တစ်ချက်မှာ နန်းဦး ဖခင်ဆီမှ ဖြစ်ကာ
တစ်ချက်မှာကြည်သူဆီကဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အိမ်ထဲမှ ထွက်လာသောပြည့်စုံကြောင့်။
ဝေ့ ကို မယုံ၍ မဟုတ်သော်လည်း
ကိုယ့် အိမ်သူရှိတဲ့နေရာဆီ သူစိမ်းယောကျာ်းတစ်ယောက် ဝင်ထွက်သွားလာနေတာ လက်မခံချင်ရုံ။

“ပွဲက မလပ်သေးဘူး ဖျာကခင်းချင်နေပြီ”

ပြည့်စုံမျက်နှာမှာ ချက်ချင်းမဲမှောင်သွားကာ ဆိုင်ကယ်ပေါ် ကားယားခွထိုင်နေဆဲရှိသော ကြည်သူ့ထဲစူးရဲစွာကြည့်လေသည်။
လွန်ခဲ့သော ခြောက်နှစ်ဝန်းကျင်ကတည်းက ဝေ့အနား ကျက်သရေတုံးစွာ ကပ်နေတဲ့ကောင်။

“ခင်ဗျားဘာပြောတာလဲ”
“လူလို ပြောတာ လူဆိုရင် နားလည်မှာပေါ့ ဝေ ရေ ဝေ ကိုယ် လာတယ်
ထွက်ခဲ့ပါဦး”

ပြည့်စုံအားလှည့်ပြောကာ
အိမ်လေးဆီ လှမ်းအော်နေပြန်သည်။

“မင်း ဒီလိုဆက်လုပ်နေရင် ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲရလိမ့်မယ်”

“စိန်လိုက်လေ
ကျုပ် ယောကျားကျုပ်လာခေါ်တာ
ခင်ဗျားတို့ ကျုပ်ယောကျာ်းကို ဝှက်ထားတာ
တလောကလုံးသိသွားတာပေါ့”

“တောက်”

နန်းဦး ဖခင်မှာ မျက်နှာကြီး ခရမ်းချဥ်သီးလိုနီရဲလာကာ
တောက်ခတ်ပြန်သည်။

“ကျုပ်ပြန်လာခဲ့မယ် နောက်တစ်ခေါက်ဆို လက်ဗလာနဲ့မပြန်ဘူး”
“ဝူးးးးး”

စကားအဆုံးဆိုင်ကယ်ကို ဝူးကနဲမောင်းထွက်လာလိုက်သည်။
ကြည်သူ ကိုယ့် ဘာကိုယ် အားတင်းကာ ပြောဆိုခဲ့ရသော်လည်း
တစ်ဖက်တွင် သွေးပျက်နေ၏။
သူက အားနည်းချက်နဲ့လူ။
ဒီလိုနဲ့ ဝေ့ကို တစ်သက်လုံးတွေ့ခွင့်မရရင် သူထပ်ရူးလိမ့်မည်။
အတွေးနှင့်အတူ လက်နှင့် နားထင်တွင်
ဇောချွေးများပြန်လာကာ ဆိုင်ကယ်အား လမ်းဘေးတွင်ထိုးရပ်လိုက်သည်။
မျက်နှာ အား လက်ဖြင့် အုပ်ကာ
စိတ်တည်ငြိမ်စေရန်တစ်မှတစ်ဆယ်ထိ တတွတ်တွတ်ရွတ်၏။

“ကိုကြည်သူ”

သူ့အား ခေါ်လိုက်သူမှာ စျေးခြင်းတောင်းအားဆွဲထားလျက်ရှိသူ ရဝေနွယ် ဦးဖြစ်သည်။

“နွယ် ကို နွယ်တို့အိမ်က လာတာ
ဝေ့ကို မတွေ့ရဘူး ဘယ်လိုဖြစ်တာလဲ”

“နွယ်တို့လည်း သားသားကို ခွင့်လွှတ်တယ် တွေ့ချင်တယ်ဆိုလို့
ခေါ်လိုက်တာ ဖေကြီးသဘောကို မရိပ်စားမိခဲ့ဘူး
ကိုကြည်သူစိတ်ချပါ ဒီလကုန်
နွယ် ကျောင်းပြန်သွားရမှာ ဝေ့ကို ရအောင် အပြင်ခေါ်ထုတ်ပေးမယ်
လောလောဆယ် ရှင်
အိမ်ထပ်မလာနဲ့ဦး
ဖေကြီး စိတ်အေးတဲ့အချိန်
ကို စောင့်စေချင်တယ်”

ရဝေနွယ်ဦး က ဖေကြီးနှင့် နန်းဦး အခြေအနေကို ရှင်းပြတော့
ကြည်သူမှာ

“လကုန်ဖို့နှစ်ပတ်တောင်လိုသေးတာ ပြီးတော့ ဝေ့ကို အခန်းပိတ်ထားတယ်ဆိုတာ လူ့အခွင့်အရေးချိုးဖောက်တာပဲနွယ် ဝေက အသက်ပြည့်ပြီးသူ
ကလေးလည်းမဟုတ်တော့ဘူး “

“”နွယ် နားလည်ပါတယ်
ဖေကြီးရဲ့ဒေါသကိုလည်းနားလည်တယ် ဒါကြောင့် ကိုကြည်သူကပဲ စိတ်ရှည်ပေး  နွယ်အဆင်ပြေအောင်စီ
စီစဥ်ပေးမယ် မနက်ဖြန်စျေးသွားတဲ့ အချိန် ဒီနားမှာ ပြန်တွေ့မယ် နော်
သားသားကို ပြောချင်တာရှိရင်စာရေးထားလိုက် “

“ကျေးဇူးပါနွယ်””

“ရပါတယ် နွယ်သွားပြီနော်”

“လိုက်မပို့တော့ဘူး အခြေအနေက “

“ရပါတယ် သွားပြီ”

စျေးခြင်းလေးဆွဲကာ
ရဝေနွယ်ဦး ထွက်သွားတော့
ကြည်သူဘယ်သွားရမှန်းမသိအောင်
လမ်းပျောက်မိသည်။
ဆိုင်ကယ်အား စက်နှိုးပြီး ထွက်လာသည့်တိုင် ဦးတည်ရာကို မဆုံးဖြတ်ရသေး။
အိမ်လည်း မပြန်ချင်သည်နှင့်
ဆိုင်ကယ်မှာ တောင်တက်တောင်ဆင်း
လမ်းလေးအတိုင်း အရှိန်နှင့် ပြေးနေကာ တောင်တော်ဦး ဘုရား စောင်းတန်းနားတွင် တုံ့ကနဲရပ်သွား၏။
ဘုရားပေါ်တက်သွားလိုက်လျှင်
လွန်ခဲ့သော ခြောက်နှစ်ကျော်က
ဇီဇဝါပန်းပင်နေရာ ဝေ့အား ထိုင်စေကာ ဓာတ်ပုံရိုက်ခဲ့သော
ခုံနေရာသည် မရှိတော့။
ထိုနေရာတွင် ဘုရားဇရပ်လေးတစ်ခုရှိနေကာ ထိုစဥ်က ဦးလေး ကြည်သာ ဘုန်း ၏ ဓာတ်ပုံဆိုင်လေးသည်လည်းမရှိတော့ပါ။
သို့သော်လည်း ရဝေနွယ်ဦး ဟု သူထင်ခဲ့သော သနပ်ခါးပါးကွက်ကြား
ဆံထုံးပုံ့ပုံ့
မြန်မာဝတ်စုံ နှင့် ကျကျနန လှနေသော ဝေ့ပုံရိပ်လေးသည်
သူ့အတွေးပုံရိပ်ထဲ ပြန်ထင်လာ၏။
နေပူနေသော်လည်း ဘုရားရင်ပြင်တော်ပေါ်သို့တက်ကာ
ဝေထိုင်လျက် ပင်လယ်ဘက်ငေးခဲ့ဖူးသော ခုံခြမ်းလေးတွင် ထိုင်လျက်
ပင်လယ်ဘက်မျက်နှာမူလိုက်သည်။
အပူငွေ့များရောထွေးနေသော
လေပူပူက မျက်နှာဆီ တိုးဝှေ့လာတော့
ကြည်သူ၏ ဖြူသော မျက်နှာက
အနီရောင်ပြေးလေသည်။
အဲဒီတုန်း မိုးဖွဲဖွဲကျနေကာ
ခုံခြမ်းလေးမှတစ်ဆင့်
ပင်လယ်ဘက်ငေးနေသော
ကောင်လေးသည် သူ့အချစ်ဦးနှင့်
အစ်မ လက်ထပ်တော့မှာ သိနေကာ
ဘယ်လောက်တောင် ပူလောင်ကြေ ကွဲနေလိုက်မလဲ။
ကြည်သူက အဲဒီတုန်းက တစ်ဦးတည်းသော အစ်မကို သူစိမ်းတစ်ယောက်လက်ထဲ မထည့် ချင်လို့ ခံစားနေရသည်ထင်ခဲ့သည်။
အဲဒီတုန်းက ဝေသာ ပွင့်ပွင့် လင်းလင်းပြောခဲ့ရင် သူဖမ်းဆွဲ ထားလိုက်ရင်
ဒီလို ရမောဖွယ် ကိစ္စတွေပေါ်မလာလောက်ဘူးမှလား…..
*******************

ဒီနေ့တော့ မီးဖိုချောင်ဝင်ကာ
စိတ်လိုလက်ရ ချက်ပြုတ်နေလိုက်သည်။
အတူ ရှိခွင့် ရနေစဥ်အတွင်း ဖေကြီး မေကြီးတို့နဲ့ အေးအေးချမ်းချမ်း
ဖြတ်သန်းဖို့ဆုံးဖြတ်ကာ
နန်းဦး ဘက်မှတစ်ထစ်လျှော့ လိုက်ခြင်း။
ဖေကြီးက နန်းဦး တကယ်ပဲ အသိတရား ရသွားပြီထင်နေပုံရကာ
ကိုကိုနှင့် ပတ်သက်၍ စကားလည်း မဟသလို နန်းဦး အား ဆူပူနေတာမျိုးလည်းမရှိပါ။
ဘဲဥပဲကုလားဟင်းရည်မှာ မီးဖိုပေါ်
တွင် ပွက်နေပြီ ဖြစ်သဖြင့်
မာဆလာရွက် အုပ်လိုက်သောအခါ
အနံ့မှာ ပို၍မွှေးကြိုင်သွားလေသည်။
မနေ့က ပြည့်စုံယူလာသော
ငါးခြောက်အကောင်ကြီးကြီးအား
အတုံးတုံးဖြတ်ကာ ဆီဖြင့် ကျွတ်နေအောင်ကြော်လိုက်သည်။
ငရုပ်သီး အညာထောင်းနှင့် သခွားသီးကျွတ်ကျွတ်တို့စရာ ပြင်ဆင်ပြီးချိန်တွင် ထိုနေ့အတွက် ချက်ပြုတ်ခြင်း
ကိစ္စပြီးစီးလေသည်။
ထို့နောက်လေးဆင့်ချိုင့်လေးတွင်
ထမင်းနှင့် ဟင်းအား ပြင်ဆင်ကာ ထည့်လိုက်သည်။

“နန်းဦး ရေ”
“ပြည့်စုံ ဝင်လာကွ”
“ချက်လို့တောင်ပြီးပြီလား”
“အေး ဟိုမှာ ချိုင့်ထဲတောင်ထည့်
ပြီးနေပြီ ငါမနေ့က ပြောတဲ့ကိစ္စ”

နန်းဦးက မနေ့က ပြည့်စုံအား
အကူအညီတောင်းကာ
ကိုကို့ ဆီထမင်းချိုင့်ပို့ခိုင်းထားသည်။
ပြည့်စုံက ကိုကိုနဲ့ အဆင်မပြေအပေါက်အလမ်းမတည့်ပေမယ့်
နန်းဦး အကူအညီတောင်းတော့
လိုက်လျောရှာသည်။
တစ်စုံတစ်ယောက်ရဲ့သက်ဆိုင်သူ ဖြစ်နေပေမယ့် နန်းဦးဟာ သူနဲ့
ငယ်ငယ်လေးတည်းက လည်ပင်းဖက် ပေါင်းလာတဲ့ငယ်သူငယ်ချင်းလေး
မဟုတ်လား။
နန်းဦး အားအရင်လို မတင်းကြပ်ထားပေမယ့် အိမ်ထဲအိမ်ပြင်တော့
ထွက်ခွင်မရတာမို့
ကိုကို့ဆီဆက်သွယ်ဖို့ကို
ပြည့်စုံကိုပဲ အပူကပ်ရသည်။
မမမှ တစ်ဆင့် စာအဆက်သွယ် ရပေမယ့် ကြာရင် မမကိုလည်း သံသယရှိလာနိုင်သည်မို့ နန်းဦး ကိစ္စကို ပြည့်စုံကလွှဲ၍ ကူညီနိုင်မည့်သူ မမြင်။
တစ်မြို့တည်းမှာ လေထုတစ်ခုတည်း ရှူနေရသည့်တိုင် ကိုကို့ကို
လွမ်းရပါသည်။
ပြည့်စုံချိုင့်ဆွဲ၍ ထွက်လာတော့
သတင်းစာတစ်စောင် ထိုင်ဖတ်နေသော
ဖေကြီးက တစ်ချက်ကြည့်သည်။

“မနေ့က ငါးခြောက်ယူလာပေးလို့
အစားပြန်ပေးတာနော် ဟေ့ကောင်
ကောင်းကောင်း စား”

နန်းဦး က သူ့အဖေဖက် ကြည့်ကာ
ပြည့်စုံအား မျက်လုံးတစ်ဖက် မှိတ်ပြလျက် တမင်အသံကျယ်ကာ
အော်ပြောတာဖြစ်သည်။
ပြည့်စုံက လက်သီးအား မသိမသာထောင်ပြကာ

“ကျေးဇူးတင်ပါတယ် မောင်မင်းကြီးသားရယ် သွားပြီ”

သတင်စာအား အာရုံစိုက်နေသော
ဖေကြီးမှာ နန်းဦး တို့ပြောနေသည်ကို
သံသယ ဝင်ပုံမရ။
သက်မလေး မသိမသာ ချကာ အိမ်ထဲပြန်ဝင်ရန်အလုပ်

“ဒီခဏလာဦး”
“ဟုတ်ကဲ့ဖေကြီး”
“မင်းအသက်လည်း မငယ်တော့ဘူး
အလုပ်အကိုင်မယ်မယ်ရရမရှိရင်
အလကားစိတ်လေတယ်
ခု မူလတန်းပြတွေ အလုပ်ခေါ်နေတယ်
ဝင်လျှောက်လိုက်”
“ဟို ကျတော်”
“စော ဒကတက်မနေနဲ့
မင်းလုပ်ချင်ရာလုပ်ပြီး နေတဲ့ အချိန်တွေ ခုမရှိတော့ဘူး နယ်ကိုတစ်နှစ်နှစ်နှစ်လောက်သွားနေ အလုပ်မပါမှာ မပူနဲ့ ခုပညာရေးမှူးက ငါ့မိတ်ဆွေ
ပြီးရင် မင်းအမလိုမျိုး ရာထူးတိုးယူပြီး ကိုယ့်နယ် ကိုယ်ပြန်လာလို့ရတယ်
ရွှေဆောင်တော့မရဘူး
ခြေဦးတောင်မလှည့်နဲ့”
“ဟုတ်ကဲ့ဖေကြီး”
နန်းဦး ကအေးရာအေးကြောင်း
ခေါင်းအမြန်ငြိမ့်လိုက်သည်။
တစ်ပတ်ပဲ တစ်ပတ်ပဲ နေရတော့မှာ
ငြိမ်းငြိမ်းချမ်းချမ်းနေရမှာပေါ့။

************
ပြည့်စုံမှာ ခြံကျယ်ကြီးရှေ့တွင်
ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း
စိတ်မရှည်သည်မို့
အခန်းတံခါးအား
စေ့ထားသော ခြံတံခါးမှ အထဲ လှမ်းဝင်လိုက်သည်။

“ဗြန်း”
“ဟာကွာ စောက်ဂွပဲ”

ရုတ်တရက်ကြီး ရေနဲ့လှမ်းပက်ခြင်းခံလိုက်ရကာ
ရင်ဘတ်တစ်ခုလုံးရွှဲရွှဲစိုသွားလေသည်။

“ဝုတ် ဝုတ်…”

ထူးထူး ဆန်းဆန်း မီးခိုးရောင်ခွေးကြီးမှာ သူ့ဆီဦးတည်ပြေးလာလျှင်
ချိုင့်
အား တင်းနေအောင်ကိုင်ကာ
လှည့်ပြေးရန်ပြင်လိုက်သည်။

“ကိုညို ရပ်လိုက်စမ်း”

ဟန့်တားသံနှင့်အတူ မီးခိုးရောင် ခွေးကြီးမှာ ရပ်တန့်သွားလေသည်။
အပွင့်အခက်များပါသော
ချည်သားအင်္ကျီကို စတိုင်ပင်တစ်တည်နှင့်တွဲ ဝတ်ကာ
ပျော့စင်းနေသော ဆံပင်အား နဖူးပေါ်
ဝဲချထားသော အမျိုးသားတစ်ယောက်
သူ့ဆီလျှောက်လာလျှင် အိမ်မှားပြီ အမှတ်နှင့် လှည့်ပြန်ရန်ပြင်လိုက်သည်။
ဘောင်းဘီခြေဖျားနှင့် လက်တွင် ရေများစိုနေကာ ကိုညိုဆိုသော
ခွေးကောင်မှာလည်း ရေစိုနေပုံရတာ မို့ ခွေးအားရေချိုးပေးနေပုံရသည်။

“ဘယ်သူနဲ့တွေ့ချင်လို့လဲ”
“ဒါကြည်သူမိုးမြေ့တို့အိမ်မဟုတ်ဘူးလား”
“ဟုတ်တယ် ဘာကိစ္စလဲမင်းက “

နောက်မှ ရောက်လာသော ကြည်သူနှင့်
သူ့အားရေဖြင့်ပက်လိုက်သော
ယောကျာ်းအား
ပြည့်စုံက အကဲခတ်နေလိုက်သည်။
ပုံစံချင်း အလွန်ကွာခြားနေတာမို့
ဆွေမျိုးနီးစပ်လည်း ဟုတ်ပုံမရ။
နန်းဦး က ဒင်းနဲ့ပတ်သက်ပြီး ဗျာ များနေသလောက် ဒင်းက ဒီမှာ
ယောကျာ်းတစ်ယောက်နဲ့…

“ဟာ ဟေ့…မင်းလျှောက်တွေးပြီး
ဝေ့ ကို ပေါက်ကရလျှောက်ပြောမယ်မကြံနဲ့ ဝေလွှတ်လိုက်တာမှလား
အိမ်ထဲဝင်ခဲ့”

“ဒီမှာ ဒါပေးခိုင်းလိုက်တာ”
ပြည့်စုံက ဂျိုင့်အား ကြည်သူလက်ထဲထည့်ကာ
လှည့်ပြန်ရန်ပြင်လိုက်လျှင်

“စာရော”
“သြော်”

ဘောင်းဘီ ထဲ ဖြစ်သလို ထိုးထည့်လာ
သော ပန်းရောင်စာအိတ်လေးမှာ ရေများနှင့် စိုရွှဲနေလေသည်။

“ရေစိုသွားပြီ”
“မင်းတမင်လုပ်တာမှလား”

“ကျုပ်တမင်လုပ်တယ်ပြောရအောင်
ဒီရေတွေက ကျုပ်ဘာသာကျုပ်လောင်းချိုးထားတယ် လို့ဆိုလိုတာလား”

“ငါလောင်းလိုက်တာမြေ့
ကိုညိုကို ရေပေးချိုးပြီး လောင်းထည့်လိုက်တာ လူရှိနေမှန်းမသိလိုက်ဘူး
ဒီက အစ်ကို တောင်းပန်ပါတယ် ဗျာ
ကျတော်က မြေ့သူငယ်ချင်း
ယသော်မင်းညီပါ
ဒီက”

“မလိုဘူး”

ပြည့်စုံက ယသော်မင်းညီဆိုသော
သူအားလှည့်ပြောကာ
လှည့်ထွက်လာလိုက်သည်။

“ဘယ်လိုလူလဲ မသိဘူး
တကယ်ပဲ နန်းဦး သူငယ်ချင်းလား “

“မင်းသိချင်ရင် ဘာလို့ မမေးလိုက်တာလဲ “

“ဘယ်လိုကောင်တွေနဲ့ ဆုံနေရမှန်းကိုမသိဘူး ငါ့နှယ်”

ယသော်က ညည်းညည်းညူညူပြောကာ အိမ်ကြီးဆီလှည့်ထွက်သွားသော
ကြည်သူအား ဘုကြည့်ကြည့်လိုက်သည်။
ဒီကအခြေအနေတွေကြားတော့
တစ်ယောက်တည်း စိတ်ဖောက်နေမှာ စိုးကာ ဦးလေးကြည်သာဘုန်း
အကူအညီတောင်းလို့
အလုပ်တွေပစ်ချကာ
ကျွန်းလှရောက်လာတော့
ဒင်းတို့က မိဘသဘောမတူပဲ သမီးရည်းစားခိုးထားနေသလို
စာပေးစာယူနဲ့အဆင်ပြေနေ၏။
ကြည်သူက ယသော်အား ပြောကာ
နန်းဦး ပေးလိုက်သော
ထမင်းချိုင့်
အားဆွဲလျက် အိမ်ထဲဝင်လာလိုက်သည်။
စိုရွှဲသွားသော စာအိတ်ပန်းရောင်လေးကို တယုတယဖြင့် စားပွဲပေါ်ဖြန့်ချကာ
ခြောက်အောင်လုပ်လိုက်သည်။
ထို့နောက် စာရွက်ခေါက်လေးအား
တယုတယ ဖြန့်လိုက်လျှင်
နန်းဦး ၏ လက်ရေးစောင်းစောင်းလေးတွေပေါ်လာ၏။

“ကိုကို အဆင်ပြေရဲ့လား
အိပ်ပျော်အောင်အိပ်ပြီး
ဆေးလည်း ပုံမှန်သောက်ပါ
ကျန်းမာရေး ဂရုစိုက်ပါ
ကိုကို့ကို လွမ်းတာက လွှဲရင်
ကျတော်လည်း အဆင်ပြေတယ်
မမက နှစ်ဆယ့် ကိုးရက်နေ့ ရွှေဆောင်သွားရမှာလို့ပြောတယ်
နှစ်ဆယ့် ကိုးရက်နေ့ကို ကိုကိုက
ရွှေဆောင် ချက်ချင်းသွားလို့ရမယ့်
လှေစီစဥ်ပြီး
တောင်တော်ဦး ကနေ စောင့်နေပါ
အရမ်းချစ်တယ်…ကိုကို
ကိုကို့ကို လွမ်းလို့
ကျတော်
ကိုကိုနဲ့ စတွေ့တုန်းက အချိန်တွေကို
ပြန်စဥ်းစားမိရင်း
ကဗျာရေးထားတယ်
ဖတ်ကြည့်ပေးမယ်မှလား…

သို့ကိုကို…

*
လေအဝေ့မှာ ပါလာတဲ့ မေးချိုင့်လေးဟာ ကိုကိုတဲ့
မြတ်နိုးလိုက်ရတာ
ကိုကို ဆတ်ကနဲချိုးပြီး
ခေါင်းပေါ် ထိုးပန်လိုက်တဲ့ဇီဇဝါဟာ
နှလုံးသားကိုထိခဲ့ရဲ့
အချစ်ဆိုတာ ရေရေရာရာ
မသိသေးတဲ့အရွယ်မှာ
ချစ်ခြင်းမေတ္တာ တာ
ကျတောပျိုးခဲ့တဲ့ ဇီဇဝါတွေနဲ့အပြိုင်
မြိုင်မြိုင်ဆိုင်ဆိုင်ဖူးပွင့်ခဲ့ရဲ့
လမ်းသွားတဲ့အခါ
နေရာသစ်ကိုရောက်တဲ့အခါ
တရားမှတ်သလို သတိကပ်ထားဖြစ်တယ်
ကျတော့နှလုံးသားမှာ
ပန်း စိုက်ခဲ့တဲ့ ကိုကိုများ ရှိနေမလားပေါ့ …….
**
နာကျင်ရပါတယ်
ပန်းစိုက်သူဟာ သူစိုက်ခဲ့တဲ့ ပန်းကိုမသိတော့ဘူးတဲ့
ပန်းဟာ နာကျင်လျက်ပေါ့….
မေးချိုင့်လေးကို ဖွဖွထိပြီး
ခင်ဗျားပျိုးခဲ့တဲ့ပန်းကို လာခူးလှည့် ဆိုချင်ရဲ့
အခွင်မသာစွာနဲ့
မေးချိုင့်လေးဟာ ကိုယ်မဟုတ်တဲ့
တခြားမြေပေါ်မှာ  ပန်းစိုက်ခဲ့ပြီ….
***
မိုးဖွဲလေးဟာ
နဖူးပေါ် ဆံစပေါ် တဖွားဖွား ကျနေပေမယ့် ကျတော်မထမိဘူး…
ချစ်ခြင်းမေတ္တာ ကို မပိုင်ရတော့
အချစ်ပန်းဟာ နလန်မထနိုင်တော့ဘူး
ရုတ်တရက်…
ကျတော့ ဘေးမှာ ပူးကပ်ထိုင်လာတဲ့
ကိုယ်ငွေ့နွေးနွေးဟာ ကိုကိုတဲ့
ကျတော့ကို ဂရုဏာ သက်စွာနဲ့ ကြည့်နေတဲ့ မျက်နှာမှာ အရိပ်တချို့စွန်းထင်းနေတယ်
လူလည်ကျစွာ ဖွဖွလေးထိလိုက်တယ်
“မျက်နှာမှာ တစ်ခုခု ကပ်နေလို့လား”တဲ့
ဟုတ်တယ်ကိုကို
ကျတော့ကို မချစ်တဲ့အရိပ်အယောင်တွေလို့ မဆိုဖြစ်ခဲ့ဘူး
ဒီနေ့က မိုးရေထဲမှာ
ကျတော မပိုင်ဆိုင်တဲ့
လက်ကို ပိုပိုသာသာ ကိုင်ခဲ့ပြီး
ကျတော့ မပိုင်ဆိုင်တဲ့ကျောပြင်ကိုပါးအပ်ခဲ့တယ်…
ကိုကို့ ကျောမှာ မိုးရေတွေနဲ့အပြိုင်
မျက်ရည်တွေလည်း
ကိုကို မသိအောင် စိုရွှဲခဲ့ရပါတယ်လေ
ကျတောမပိုင်တဲ့ ခါးကို
အတိုးချဖက်ရင်းပေါ့…..

ဒီလောက်ပါပဲကိုကို
ကျန်းမာရေးဂရုစိုက်ပြီး
ကျတော့ကို စောင့်နေပါ

ချစ်တဲ့…ဝေ

စာကဆုံးသွားပြီဖြစ်ကာ
ခြောက်သွေ့သွားပြီဖြစ်သော
စာရွက်ပေါ်သို့
ယောကျာ်းရင့်မာကြီးတစ်ယောက်ရဲ့ မျက်ရည်ဟာ တပေါက်ပေါက်ကျ၏။
ကိုယ့်ကို ချစ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်ကလေးရယ်
အဲဒီတုန်းက မင်းသိပ်ပင်ပန်းခဲ့ရမှာ
ခဏပဲ သည်းခံပေး
ကျန်ရှိတဲ့ ဘဝအချိန်ကို မင်းကိုပေးပါ့မယ်
နာကျင်ခဲ့ရတဲ့ နှလုံးသားမှာ
ပန်းတွေဝေဆာအောင်
ကိုယ် ထပ် ပျိုးပေးပါ့မယ် ကလေးရယ်….

မိုချီ (ခတ္တလူ့ပြည်)

နောက်နှစ်ပိုင်းဆို ပြီးပါပြီ
တစ်ပိုင်းချင်းစောင့်မျှော် ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးကမ္ဘာပါ

Tags: read novel Wrong Time Right Person(Completed) part(27)unicode, novel Wrong Time Right Person(Completed) part(27)unicode, read Wrong Time Right Person(Completed) part(27)unicode online, Wrong Time Right Person(Completed) part(27)unicode chapter, Wrong Time Right Person(Completed) part(27)unicode high quality, Wrong Time Right Person(Completed) part(27)unicode light novel, ,

Comment

Leave a Reply

Chapter 55