Coffee With Honey (Complete) part_1

All chapters are in Coffee With Honey (Complete)
A+ A-

ရပ်ကွက်တစ်ခုရဲ့ သစ်သားအိမ်တစ်ခုမှာတော့ ပန်းပင်စိုက်ထားကာ အဖြူရောင်ဆေးသုတ်ထားကာ နှစ်ထပ်အိမ်လေးဖြစ်တယ်။ ဒန်းလေးတွေနဲ့အပင်များစွာ စိုက်ထားတာပေါ့

ထိုအိမ်ရဲ့အပေါ်ထပ်မှာတော့ မွေ့ရာပေါ်မှာ အိပ်စက်နေတဲ့ ကောင်လေးတစ်ဉီး။အညိုရောင်ဆံပင်ကောက်ကောက်လေးနဲ့
ကော့စင်းနေတဲ့မျက်တောင်ဟာ ချောနေတာထက် လှနေတဲ့ကောင်လေးအလား။

~~ကလင် ကလင်~~

မကြာပါဘူး နာရီအလန်းအသံပေါ်ထွက်လာတယ်။ ကောင်လေးလည်း လှုပ်လာပြီး နာရီကိုကိုင်ကာ အလန်းမရရအောက်ပိတ်လိုက်သေးတယ်။

“အိုမိုင်ဂေါ့”

နာရီကိုကိုင်ကာ အချိန်ကိုယူကြည့်လိုက်သည်။ သူ့အလန်းပေးထားတာ မှားလားမသိ။၆နာရီပေးတာ ၆နာရီခွဲသွားလေပြီ
ဘာလို့ဆို သူ့အလုပ်နောက်ကျတော့မယ်။

စောင်ကိုကိုင်ကာ ရေချိုခန်းထဲ ပြေး၀င်သွားသည်။
သွားတိုက်အမြန်တိုက်ကာ လုပ်စရာရှိတာတွေလုပ်ကာ
၀န်ထမ်း ယူနီဖောင်း ၀တ်လိုက်ကာ မသွားခင်လည်း မှန်ကိုတစ်ချက်ကြည့်လိုက်ကာ

“I’m so handsome”

ဗိုလ်လိုမှုတ်ပြီး အိမ်ပြင်ထွက်ကာ စက်ဘီးနဲ့အလုပ်သွားပါတော့သည်။

……………………
ကားလမ်းမပေါ်သို့ စက်ဘီးလေးဟာ မောင်းနှင်လာခဲ့။
အဆောက်အအုံတစ်ခုရှေ့မှာရပ်လိုက်ကာ

“Kim group ငါရောက်လာပြီ”

ကောင်လေး ‌စက်ဘီးကိုရပ်ကာ company ထဲ ၀င်သွားလိုက်မဲ့အချိန်တွင်

“ဝေ့ တေးငြိမ့်လွှား ရောက်ပြီလား”

ထိုကောင်လေးက တေးငြိမ့်လွှားပင်။

“အော်..ရောက်ပါပြီ အဖွဲ့မှူး”

အဖွဲ့မှူးက ဇွဲမောင် ပင်ဖြစ်သည်။

“ရော့ ၀န်ထမ်းကဒ် ငါနဲ့အတူတူသွားမယ်”

တေးငြိမ့်လွှားအား ၀န်ထမ်းကဒ် ကိုပေးကာ ဇွဲ သူနဲ့လိုက်ဖို့ခေါ်လိုက်သည်။ငြိမ့်လည်း ခေါင်းညိမ့်လိုက်ကာ သူ့နဲ့အတူတူ လိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။

ဇွဲ က သူ့တို့ဌာန ရှိရာ အခန်းကိုခေါ်သွားပြီး ငြိမ့်လွှားကိုမိတ်ဆတ်ပေးလိုသည်။

“အားလုံးဘဲ သူက တေးငြိမ့်လွှား အခုမှအလုပ်စလုပ်တာ အလုပ်သင်ပေါ့”

“မင်ဂလာပါ”

အဖွဲ့သားတွေလည်း တေးငြိမ့်လွှားအား ချိုချိုသာသာ ပြန်နှုတ်ဆတ်လိုက်ကာ သူ့နေရာသူ့ ထိုင်စေသည်။ငြိမ့်လွှား သူ့အလုပ်နေရာကိုရောက်တော့ ပစ္စည်းတွေချလိုက်ပြီး အလုပ်ခုံကိုကြည့်ကာ ကိုယ်ကိုကိုယ် ဂုဏ်ယူမိလိုက်သည်။

“ဒါက ငါ့ရဲ့၂၈ခုမြောက် အလုပ်ဘဲ “

“ဘာ..၂၈ခုမြောက်”

“အိုးမိုင်ဂေါ့ လန့်တာ”

ငြိမ့်လွှားလည်း စားပွဲကိုကြည့်ပြီး မျက်လုံးမှိတ်ကာ ပြောနေစဉ်
သူ့မျက်လုံးဖွင့်ဖွင့်ချင်း သူကိုပြူးပြဲပြီးကြည့်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရသည်။

“လန့်သွားရင် ဆောရီးပါ ငါက မင်းသန့်လို့ခေါ်တယ် “

“အော် ဟုတ်ကဲ့”

မင်းသန့် ဆိုတဲ့ကောင်လေးက ရည်ရည်မွန်မွန်တော့ ရှိပါတယ်။

“ကဲ ဘယ်သူကော်ဖီသွား၀ယ်ပေးမလဲ”

ဇွဲမောင် ထပြီး အဖွဲ့သားတွေကိုကြည့်ကာ ပြောလိုက်ပေမဲ့
ဘယ်သူမှ ခွန်းတုံ့မပြန်တာကြောင့် ‌ငြိမ့်လွှားလည်း အားလုံးနဲ့ရင်းနီးသွားအောင် သူ့ဘဲ ၀ယ်ပေး‌ဖို့ဆုံးဖြတ်မိလိုက်သည်။

“ကျွန်တော် ၀ယ်ပေးမယ်”

“စူပါမန်းကြီး”

“ဟင်”

မင်းသန့် လက်မထောင်ကာ သူ့ကိုချီးကျူးတဲ့ပုံစံနဲ့ လုပ်ပြတာကြောင့် နည်းနည်းတော့ ကြောင်သွားတာအမှန်။ကော်ဖီ၀ယ်ပေးတာ ဘာခက်လို့လဲ တွေးလိုက်မိသည်။

“အားလုံး ဘာသောက်မှာလဲ ငြိမ့်လွှားကိုမှာလိုက်ကြ”

“အစ်မက Green tea”

“အစ်မက အမေရိကာနို့”

“ငါက bubble tea အချိုနည်းနည်းလျော့”

ငြိမ့်လွှား သူ့ကိုမှာတဲ့လူတွေကို noteနဲ့မှတ်ကာ

“သွား၀ယ်တော့မယ်နော်”

“ခန တစ်ခုကျန်ခဲ့တယ် မင်းကော်ဖီဖျော်တတ်လား”

ဇွဲမောင် မျက်နှာအနည်းငယ် ငယ်ပြီးတော့ ငြိမ့်လွှားကိုခေါ်လိုက်သည်။

“အမ် ဖျော်တတ်ပါတယ် ဘာဖြစ်လို့လဲ”

“ဟိုဟာလေ ဒါဆို နားနေခန်းမှာ ကော်ဖီထုတ်တွေရှိတယ်
အဲ့မှာ တစ်ခွက်လောက်ဖျော်ပြီး ဉက္ကဌကိုသွားပို့ပေးပါလား”

“ဟင်”

ငြိမ့်လွှားလည်း နည်းနည်းကြောင်သွားကာ သူ့ကိုကြည့်နေတဲ့ အဖွဲ့သားတွေကိုကြည့်မိလိုက်သည်။မျက်နှာငယ်လေးတွေနဲ့ပေါ့

“ဟို..လုပ်ပါနော် အစ်မတို့ကို ကူညီပေးပါ”

ကျန်တဲ့လူတွေလည်း ဝိုင်းပြောလာတာကြောင့် ‌ငြိမ့်လွှားလည်း
သူ့တို့အလုပ်မအားလို့ နေမှာဆိုပြီး လက်ခံလိုက်သည်။

“ဟုတ် ကျွန်တော်သွားပို့ပေးလိုက်ပါမယ်”

“ရေးးး”

သူကော်ဖီသွားပို့ပေးတာ အဲ့လောက်တောင်ပျော်ကြတာလားလို့ တွေးလိုက်မိသည်။ဇွဲမောင်လည်း စာရွက်အသေးလေးကိုကိုင်ကာ ငြိမ့်လွှားလက်ထဲ ထည်ပေးလိုက်သည်။

“ဒီအတိုင်း ဖျော် ပေးလိုက်နော် ကံကောင်းပါစေ ညီလေးရယ်”

“ဟုတ်”

သူ့လက်ထဲရောက်လာတဲ့စာရွက်ကိုကြည့်ကာ အမြန်ကော်ဖီသွား၀ယ်ဖို့ဘဲ လုပ်လိုက်သည်။
………………………….
ခပ်မြန်မြန် companyက ကော်ဖီဆိုင်ကိုသွားလိုက်ကာ

“ဘာသောက်မလဲ ညီလေး”

ဆိုင်ရောက်တော့ ဆိုင်ရှင်အကိုကြီးက မေးလိုက်တော့ ငြိမ့်လွှားလည်း သူ့ရေးထားတဲ့ စာရင်းကိုပေးလိုက်ကာ

“အဲ့စာရွက်မှာ ပါတဲ့အတိုင်ဖျော်ပေးပါ”

“အိုခေပါ ခနနော်”

ဆိုင်ရှင်ကလည်း ငြိမ့်လွှားမှာတဲ့အတိုင်းဖျော်နေလိုက်သည်။

~~တီ တီ~~

ဖုန်းသံမြည်လာတာကြောင့် ငြိမ့်လွှားဘောင်းဘီအိတ်ကပ်ထဲက
ဖုန်းကိုထုတ်ယူကာ သူ့အမေ ဖုန်းခေါ်တာမှန်းသိလိုက်တော့
ပြုံးမိသွားသေး။

“ဟယ်လို မေကြီး”

‘အေး သား အလုပ်မှာ အဆင်ပြေရဲ့လား’

“ပြေတယ် မေကြီး “

‘ပြေရင် ပြီးတာဘဲ ဒါနက် သား အမေတို့ရန်ကုန်လာဖို့ရှိတယ်သိလား”

“တကယ် ဘယ်တော့လာမှာလဲ”

‘သန်ဘက်ခါလောက်ပေါ့ အမေတို့သားအတွက် သတင်းကောင်းသယ်လာတယ်”

“မေမေက သိချင်လာပြီ”

‘မပြောပါဘူး မေမေတို့လာမှ ပြောပြလိုက်မယ် သားအခုဖုန်းပြောလို့ကော အဆင်ပြေရဲ့လား”

“ပြေပါတယ် ကော်ဖီဆိုင်မှာ အဖွဲ့သားတွေအတွက် ကော်ဖီ၀ယ်ပေးနေတာမလို့”

‘ငါ့သား တော်လိုက်တာ ဒါဆို ဒါဘဲနော် “

“ဟုတ်ကဲ့ပါ အာဘွားမေမေ”

ငြိမ့်လွှားလည်း ဖုန်းပြောပြီးသွားတော့ ဘာသတင်းကောင်းလဲ လို့သိချင်နေမိတယ်။

“ညီလေး ရပြီနော်”

“အော်…ဟုတ်ကဲ့ “

ကျသင့်ငွေကိုပေးပြီး ကော်ဖီထုတ်တွေကိုကိုင်ကာ
ဌာနကိုပြန်လိုက်သည်။

“ကဲရပါပြီ အစ်မတို့”

ငြိမ့်လွှားဌာနကိုပြန်ကာ‌ ကော်ဖီတွေဝေပေးလိုက်သည်။
ဇွဲမောင်လည်း ကော်ဖီကိုအနည်းငယ် မြည်းကြည့်ပြီး

“ဒါနက် မင်း ကော်ဖီသွားမပို့ရသေးဘူးလား”

“အော် ဟုတ်သားဘဲ ကျွန်တော်အခုသွားပြီ”

ငြိမ့်လွှားလည်း သတိရသွားဟန်နှင့်နားနေခန်းကိုအမြန်သွားလိုက်သည်။ကျန်ခဲ့တဲ့ လူတွေကတော့ငြိမ့်လွှားကံကောင်းပါစေဆိုတဲ့အကြည့်လေးတွေနဲ့ပင်။

“ကဲ ကော်ဖီတစ်ထုတ် ဟမ် ကော်ဖီမှုန့်နည်းနည်းဘဲထည့်ရမယ်တဲ့လား”

ငြိမ့်လွှားနားနေခန်းရောက်သွားတော့ ဇွဲမောင် ပေးလိုက်တဲ့အညွှန်းကိုဖတ်ကြည့်ကာ နည်းနည်းရီချင်သွားတာအမှန်။

“ကော်ဖီပါဆို ကော်ဖီမှုန့်နည်းနည်းဘဲ ထည့်တာတဲ့လား”

~~ကျီ~~

ထိုအချိန် နားနေခန်းထဲ ၀င်လာတဲ့လူတစ်ယောက်။all black အနောက်တိုင်း၀တ်စုံနဲ့ကြည့်ကောင်းတဲ့လူတစ်ဉီးကြောင့် ငြိမ့်လွှားလှည့်ကြည့်မိသွားသည်။

“ခွီ….ဟားဟား မင်းဒီမှာကြည့်အုံး ကော်ဖီသောက်တာကို
ကော်ဖီမှုန့်နည်းနည်းဘဲထည့်တဲ့ ဟားဟား”

၀င်လာတဲ့လူရဲ့လက်မောင်းကိုဆွဲကာ ငြိမ့်လွှား ဇွဲမောင် ရေးပေးထားတဲ့ အညွှန်းကိုပြကာ ထရီပြန်သည်။သူသာရီနေတာ
အဲ့လူကတော့ ရုပ်တည်ကြီးနဲ့သူကိုကြည့်နေတာကြောင့်

“အဟမ်း မင်းလဲကော်ဖီလာဖျော်တာမလား”

“…….”

ဘာမှပြန်မဖြေတာကြောင့် ချေလိုက်တာလို့ထင်မိသွားသည်။

“အဲ့ကော်ဖီက…ဘယ်သူအတွက်လဲ”

“အမ်….ဉက္ကဌအတွက်ဆိုလားဘဲ”

ငြိမ့်လွှားလည်း စကားလည်းဆုံးရော ထိုလူလည်းထွက်သွားတာကြောင့်

“ဟွန့် လူထူးဆန်းဘဲ”

လုပ်စရာရှိတာကိုလုပ်လိုက်ပြီး ကော်ဖီခွက်မှာ နို့လေးနဲ့
သစ်ရွက်ပုံလေးတောင် ဖော်ပေးလိုက်သေးတယ်။
အားလုံးအဆင်ပြေပြီထင်တော့ ခွက်ကိုင်ကာ ဉက္ကဌရုံးခန်းဆီသို့ ထွက်သွားလိုက်တယ်။

………………..
~~ဒေါက် ဒေါက် ဒေါက်~~

ငြိမ့်လွှား ရုံးခန်းသွားကာ တံခါးခေါက်လိုက်ပေမဲ့ အသံမကြားတာကြောင့် နှာရှုံမိလိုက်သည်။

~~ဒေါက် ဒေါက် ဒေါက်~~

“ဟယ်လို ဟယ်လို ကြားလား မကြားဘူးလား ကြားရင်
အကြောင်းပြန်ပါ”

တံခါးကိုထပ်ခေါက်လိုက်ပြီး အော်ပြောလိုက်သည်။ဒါမဲ့ပြန်စာက ထွက်မလာတာကြောင့် ဒီတိုင်း ၀င်သွားဖို့ဆုံးဖြတ်လိုက်သည်။ ရုံးခန်းထဲမှာ မရှိတာလည်း ဖြစ်နိုင်တာဘဲလေ။

ရုံးခန်းထဲ ၀င်လိုက်ပေမဲ့ သူထင်သလို လူမရှိတာမဟုတ်ပါ။
လူရှိနေသည်။ အနက်ရောင်နံရံကြီးနဲ့ရုံးခန်းက သူ့တစ်အိမ်စာလောက်ရှိသည်။ ဆိုဖာခုံကို အနောက်ကိုလှည့်ထိုင်ထားတာကြောင့် နောက်ကျောကိုဘဲ ‌မြင်လိုက်ရသည်။

“ဟို…ကော်ဖီလာပို့ပေးတာပါ”

ဆိုကာ ပြန်မဖြေတာကြောင့် စားပွဲပေါ်မှာ ကော်ဖီခွက်ချခဲ့ပြီး
ပြန်ဖို့အကြံ

“ရပ်စမ်း”

ဩဇာရှိတဲ့အသံကြောင့် ငြိမ့်လွှားခြေလှမ်းတွေကိုရပ်တန့်စေသည်။တစ်ကိုယ်လုံးကြက်သီးထသွားရသည်။အနောကိုတဖြည်းဖြည်းလှည့်ကြည့်မိလိုက်သည်။

“အိုးမိုင်ဂေါ့ လူထူးဆန်း”

ထိုလူဆီက ခပ်ပြုံးပြုံးအရိပ်တစ်ခုပေါ်လာသည်။

ထိုလူဟာ ကော်ဖီခွက်ကို ယူကာ တစ်ငုံသောက်ကြည့်လိုက်သည်။

“ဟက် ကော် ဖီ ရော ဟုတ် ရဲ့ လား”

“ဟုတ်ပါတယ်”

“ကော်ဖီမှုန့်နည်းနည်းမထည့်နဲ့လို့ဘဲ အညွှန်းမှာပါတာမလား”

“ဟုတ်”

“ဘာလို့ကော်ဖီတစ်စက်မှ မထည့်ထားတာလဲ”

“ပိုကြိုက်သွားအောင်လို့ပါ”

“ဘာ..”

ထိုလူရဲ့အသံက ကြောက်ဖို့ကောင်းတာအမှန်။

“ဟိုလေ ခများက ကော်ဖီနည်းနည်းဘဲထည့်တာကြိုက်တာမလား အဲတာကြောင့်…ကျွန်တော်က ဘာမှမထည့်လိုက်ရင်
ပိုကြိုက်သွားမလားလို့ စေ..တ..နာနဲ့”

စကားတရက်စက်ပြောနေတဲ့ကောင်လေးက ငိုတော့မလိုလို ရီတော့မလိုလိုပါဘဲ။ထိုလူကတော့ နှုတ်ခမ်းကိုကွေးတက်အောင်မဲ့ပြုံးပြုံးလိုက်ပြီး

“အဲတာဆို ဒီမှာက သစ်ရွက်ကဘာလုပ်တာလဲ”

ကော်ဖီခွက်ပေါ်က နို့နဲ့လုပ်ထားတဲ့သစ်ရွက်ကိုမေးလိုက်တယ်။

“အဲတာကလေ ကော်ဖီပေါ်မှာမျောနေတဲ့သစ်ရွက်…ပါ”

ငြိမ့်လွှားလည်း အမြန်စိတ်ထဲရှိတာပြောလိုက်မိသည်။

“‌အဟမ်း မဟုတ်ဘူး ရေပေါ်မှာမျောနေတဲ့သစ်ရွက်ဆိုပိုမှန်မယ်”

“မကြိုက်ရင်လည်း နောက်တစ်ခွက်ဖျော်ပေးပါ့မယ် လူထူး..
မှားလို့ ဉက္ကဌ”

“တော်ပြီ အဲ့တာအစား နောက်တစ်ခါကော်ဖီငါ့အတွက်မဖျော်လာပေးနဲ့ “

“ဟုတ်”

ငြိမ့်လွှားလည်း အမြန်ပြေးမယ်ကြံပေမဲ့

“နောက်ပြီးတော့..”

“ကျစ် ဟုတ်”

ငြိမ့်လွှား တိုးတိုးလေး ပြောလိုက်ပြီး လက်သီးဆုတ်ကာ ပြန်လှည့်ကြည့်လာသည်။

“ငါနာမည်က လူထူးဆန်းမဟုတ်ဘူး ဂင်ဘန်ချာရီ”

“ဟုတ်ဟုတ်ဟုတ်”

ဆိုကာ အမြန်အခန်းထဲက ပြေးထွက်လာသည်။
ဟုတ်ကိုဘယ်နခါပြောမိသွားလဲကိုမသိလိုက်ပါ။
………….
ငြိမ့်လွှား ဌာနကို အမြန်ပြန်ပြေးလိုက်တယ်။‌

“ဟူး”

အဖွဲ့သားတွေလည်း ငြိမ့်ပြေးလာတာကိုသက်ပြင်းချကာ

“အဆင်ပြေရဲ့လား”

“အလုပ်ထုတ်လိုက်ပြီလား”

“ရာထူးကျသွားပြီလား”

‌မေးခွန်းပေါင်းများစွာနဲ့သူ့ကိုကြည့်ပြီးမေးလာတဲ့လူတွေကြောင့် ခေါင်းရှုပ်လာမိသည်။

“တစ်ခုချင်းစီမေးလိုက်ပါလို့ အဆင်လည်းပြေတယ် အလုပ်လည်းမထုတ်ဘူး ရာထူးကလည်းမကျဘူး ကျရင်လည်း အစောင့်ရာထူးဘဲရှိတော့တယ်”

“အေ့ လာကြ “

ဇွဲမောင်လူတွေကိုစုလိုက်ပြီး အလယ်မှာခုံတွေစုပြီး
ထိုင်ကာ အစည်အဝေးပုံစံမျိုးလုပ်နေကြသည်။
အားလုံးငြိမ့်လွှားဆီမှာအာရုံတွေစုစည်းနေတာကြောင့် နေရခက်မိသည်။

“အားယား ဘာလို့ကျွန်တော်ကိုပြူးပြဲပြီးကြည့်နေတာလဲ”

မနေတတ်တာကြောင့် ပြောလိုက်မိတယ်။သို့မှတာ အားလုံးချောင်းဟန့်ပြီး ပုံမှန်ပြန်ဖြစ်သွားလေသည်။

“မင်းအခုထိအသက်ရှင်နေတာကံကောင်းတယ်လို့ပြောရမယ်”

“ဟမ်”

“ဟုတ်တယ်ကွ အရင်က အလုပ်သင်တွေဆို ကော်ဖီအဲလိုဘဲသွားပို့ကြတယ် ဒါမဲ့သူတို့တစ်ခါတည်း အလုပ်ထွက်သွားကြတယ်”

“ဟမ် ဟုတ်လို့လား”

“ဟုတ်တယ် ငါတို့အဲတာကြောင့်ပြူးပြဲပြီးကြည့်နေတာ”

“ကြောက်စရာကြီး”

ငြိမ့်လွှားနှာရှုံကာ ခနလူထူးဆန်းအကြောင်းပြန်တွေးမိလိုက်သည်။အာရုံထဲပေါ်လာတဲ့နာမည်‌တစ်ခုကြောင့်

“ကိုဇွဲမောင် ဟိုလေ အဲ့လူနာမည်က ဂင်ထန်ချာရီလား”

“ဟာ မဟုတ်တာ ဂင်ဘန်ချာရီ ပါကွာ “

“အော် ကျွန်တော်ကို သူ့အကြောင်းပြောပြ”

“ဟော အေ့ပြောပြမယ် သူက ပြောရရင် ကပြား ပြီးတော့
ငါကြားထားတာတော့ သူကမြေအောက်ဂိုဏ်းတွေရဲ့
ခေါင်းဆောင်တစ်ယောက်လို့ကြားဖူးတယ် “

“ဟမ် ရုပ်ရှင်ကားထဲက မာဖီးယားတွေလား”

“အဲတော့ငါဘယ်လိုလုပ်သိမလဲ ငါတောင်ဒီမှာ၃နှစ်ရှိပြီလုပ်လာတာ ပြီးတော့ သူက single သူ့မိဘတွေက ထိုင်းနိုင်ငံရဲ့ မျိုးရိုးရှိဂုဏ်ရှိတဲ့အိမ်တော်ကလေ “

“အော် အဲတာဆို ဘာလို့ဂင်ဘန်ချာရီကအင်းဂလိပ်နာမည်လေ”

“အဲ့တာတော့ ငါဘယ်သိမလဲ မင်းလည်းနော် အဟမ်းဟမ်း”

ဇွဲမောင် မျက်စောင်းထိုးပြီး ခေါင်းဟန့်ပြတာကြောင့်
ငြိမ့်လည်း

“ဟဲဟဲ “

“ကဲ အလုပ်လုပ်ကြတော့”

ထိုမှာသာ ကိုယ့်စားပွဲဆီကိုပြန်ပြီး အလုပ်ပြန်လုပ်ကြသည်။
……………
ညနေ၆လောက်ကျတော့ ရုံပြန်ချိန်ရောက်နှင့်လေပြီပေါ့။
ငြိမ့်လွှား သူ့လွယ်အိတ်တွေကို ယူပြီး

“အဖွဲ့မှူး ကျွန်တော်သွားတော့မယ်နော်”

“အေး ကောင်းကောင်းသွား မနက်ဖြန်ကော်ဖီပို့ပေးအုန်းနော်”

ငြိမ့်လွှား ကော်ဖီလို့အသံကြားတာနဲ့ဟိုလူရဲ့အသံကို ကြားယောင်နေမိတယ်။အားတင်းပြီဇွဲမောင်ကိုပြန်ပြုံးပြကာ

“ဟဲဟဲ ဟုတ်ကဲ့ပါ သွားပြီနော် “

ဆို့ကာ ပြောပြီး ပြေးသွားလိုက်တာ ဘယ်ချိန်ကတည်းက ပြန်ချင်နေလဲမသိ။
………………
ကားပါကင်နားမှာရပ်ထားတဲ့ စက်ဘီးတစ်စီးဆီကို အမြန်သွားကာ အိမ်ပြန်ဖို့လုပ်လိုက်သည်။

အဖြူရောင်အိမ်လေးဆီရောက်တော့ ငြိမ့် စက်ဘီးကိုအမြန်ရပ်ကာ အိမ်ထဲ၀င်သွားလိုက်သည်။

“အမေ!!”

သူ့အမြန်ပြန်ရတဲ့အကြောင်းရင်းက သူ့မိဘတွေရောက်နေလို့ပင်။

“အို့မို့ သားလေး ပင်ပန်းသွားပြီ”

ဧည့်ခန်းရှိ အမျိုးသမီးတစ်ယောက်ဟာ ၄၀ကျော်ပြီလို့တောင်မထင်ရ နုနေတာကြောင့်ဖြစ်သည်။ထို့အမျိုးသမီးကငြိမ့်ရဲ့အမေ ဒေါ်ခင်‌နွယ်ယဉ် သာဖြစ်တယ်။

ထိုင်နေတဲ့‌ခင်နွယ်ယဉ် ရင်ခွင်ထဲသို့ ငြိမ့်လွှားသူ့ခေါင်းကိုထိုးထည့်ကာ ချွဲနေမိသည်။

“မေကြီး လွမ်းနေတာ သိလား”

“စကားတွေတတ်လိုက်တာ”

ခေါင်းတို့ဝှေ့ချွဲနေတဲ့သားကို ‌ဆံပင်လေးဖွပေးကာ ချစ်ကြည်နူးနေကြတဲ့သားအမိတွေပင်။

“သားအမိ ချစ်နေကြတာ”

ထိုအချိန် မီးဖိုချောင်ထဲက ထွက်လာတဲ့အမျိုးသားတစ်ယောက်။ထိုလူကငြိမ့်လွှားရဲ့အဖေ ဉီးထွန်းသစွာသာဖြစ်သည်။

“ဖေကြီး!!”

ငြိမ့်လွှား အသံကြောင့်လှည့်ကြည့်လိုက်တော့ သူ့အဖေဖြစ်နေတာကြောင့် သူ့အဖေဆီသွားပြီး ခေါင်းတိုးဝှေ့ချွဲမိသည်။

“ငါ့သားလေးက ခွေးပေါက်လေး မဟုတ်တော့ဘဲ “

သားအဖတွေလည်း ချစ်တတ်ကြတာပါဘဲ။

“အော် ဒါနက် အမေတို့သတင်းကောင်းပြောမယ်ဆို”

ငြိမ့်လွှား သတိရသွားဟန်နှင့် သူ့မိဘကိုမေးလိုက်သည်။
သူ့မိဘတွေလည်း အချင်းချင်းပြန်ကြည့်ကာ ပြုံးမိနေတာကြောင့် ဘာကိစ္စများလဲမသိနိုင်ပါ။

“မေကြီး ပြောပြလေ”

“ဟင့်အင်း မပြောသေးဘူး သန်ဘက်ခါကျရင် သိလိမ့်မယ်”

“ဟွန့် မေမေလည်းနော် လျို့ဝှက်တယ်”

ငြိမ့်လွှား နှာရှုံကာ စိတ်ဆိုးတဲ့ပုံလုပ်ပြမိသည်။ဒေါ်ခင်နွယ်ယဉ်လည်းသူ့သားကိုကြည့်ကာ ဂုဏ်ယူနေတဲ့ပုံစံလေးနဲ့ပေါ့

…………………
An

ပထမဆုံးစရေးတာမလို့ အမှားပါရင် ခွင့်လွှတ်ပါ

# from winter

Tags: read novel Coffee With Honey (Complete) part_1, novel Coffee With Honey (Complete) part_1, read Coffee With Honey (Complete) part_1 online, Coffee With Honey (Complete) part_1 chapter, Coffee With Honey (Complete) part_1 high quality, Coffee With Honey (Complete) part_1 light novel, ,

Comment

Leave a Reply

Chapter 2