Coffee With Honey (Complete) part 11

All chapters are in Coffee With Honey (Complete)
A+ A-

နေ့လည်စာ စားပြီးတဲ့နောက် ငြိမ့် သူ့အရင်ကအလုပ်လုပ်တဲ့ ဌာနကိုပြန်သွားကာ အလုပ်လာသလို လုပ်လိုက်သည်။

“မင်ဂလာပါ ဇွဲမောင်”

“ဟာ….ငြိမ့် အာ…မှားလို့ ဉက္ကဌကတော်လေး”

ငြိမ့် အသံကြောင့် ဇွဲမောင်တို့လည်း အလုပ်လုပ်နေရာကနေ ခေါင်းမော့လာသည်။

“ဟာ….သာမန်ခေါ်သလိုခေါ်ပါဗျာ”

ငြိမ့် နားနေခန်း စားပွဲပေါ်ထိုင်လိုက်ပြီးပြောလိုက်သည်။ကျန်တဲ့လူတွေလည်း လာထိုင်လိုက်ပေမဲ့ မင်းသန့်က လာမထိုင်တာကြောင့်

“ကိုမင်းသန့် လာလေ မုန့်၀ယ်လာတဲ့ဟာကို”

သူ့၀ယ်လာတဲ့ ကြက်ကြော်တွေကိုပြလာသည်။ဇွဲမောင်လည်း

“မင်းသန့် လာလေ ဉက္ကဌကတော်က ဒါတွေဝယ်လာတဲ့ဟာကို”

“ကျတော် ‌ဗိုက်မဆာဘူး”

ဆိုကာ မင်းသန့် ထသွားတာကြောင့် ငြိမ့် ကြောင်သွားသည်။
ဘာလဲဟ ဆိုတဲ့အကြည့်နဲ့ဇွဲမောင်ကိုပြန်ကြည့်လာသည်။

“ထားလိုက်ပါ အဲ့ကောင်အသဲကွဲနေတယ်ထင်တယ်”

“အော်…ဒါဆိုစားကြတော့လေ”

ငြိမ့် သူ့ကိစ္စမဟုတ်တာကြောင့် ထွေထွေထူးထူးမမေး။အရင်ကမေးလို့ရပေမဲ့ အခုက အိမ်ထောင်သည်ဖြစ်နေတာကြောင့်
သူ့စည်း ကိုယ့်စည်း ထားရမယ်လေ။

မင်းသန့် ထွက်လာပြီတဲ့နောက် လှေကားနားကိုရောက်လာခဲ့တယ်။‌အောက်ထပ်ဆင်းတဲ့လှေကားပေါ့။ သူ့ထိုင်လိုက်ပြီး
ဆေးလိပ်ဖွာနေလိုက်သည်။

~~ကျီ~~

ထိုအချိန် လူတစ်ယောက်၀င်လာသည်။

“ဟိုင်း ကိုမင်းသန့် “

“ဘာလဲ”

သူ့ကိုလာနှုတ်ဆတ်တဲ့လူကို မော့ကြည့်လိုက်သည်။ထိုလူတကယ်ချောသည်။ဒါမဲ့လည်း စိတ်အခြေအနေ‌မကောင်းတာကြောင့် ခပ်ချေချေတုံ့ပြန်လိုက်သည်။

“ချေလှချီလား ဘာလဲ အသဲကွဲနေတာလား”

ထိုလူက သူ့ဘေးမှာ၀င်ထိုင်လိုက်ပြီး မင်းသန့်သောက်နေတဲ့ဆေးလိပ်ကိုကိုင်ကာ နင်းချလိုက်သည်။မင်းသန့် စိတ်ရှုပ်တဲ့အနေနဲ့ ထပ် ဆေးလိပ်ထည့်သည်။

“ဟေး…ကျန်းမာရေးထိခိုက်မယ်”

“ခများ ဘာဖြစ်နေတာလဲ”

“ဘာမှမဖြစ်ပါဘူး ဒါနက် ငါ့နာမည်က နေမင်းဟန်”

“အဲ့တော့”

အဲ့လူက နေမင်းဟန်။

“ငါ့ခနက အဖြစ်အပျက်တွေမြင်လိုက်တယ် မင်း တေးငြိမ့်လွှားကို ကြိုက်နေတာမလား”

“………..”

“‌မဖြေဘူးဆိုတော့ မှန်နေတယ်ပေါ့”

“ခများ စောက်ပါးစပ်ပိတ်ထား”

နေမင်းဟန် ဟက်ခနဲ့ရီလိုက်ပြီး မင်းသန့်ရဲ့ဒုတိယမြောက် ဆေးလိပ်ကို ထပ်နင်းချလိုက်ကာ

“ဟက်…တကယ်ဘဲ…အဲ့တာဆို သူ့ကိုမလိုချင်ဘူးလား”

“…………”

“လိုချင်တာပေါ့ ဘယ်သူက ကိုယ်ကြိုက်တဲ့လူကိုမလိုချင်ဘဲနေပါ့မလဲနော် ကိုမင်းသန့်”

“အေး!! လိုချင်တယ် ဘာဖြစ်လဲပြော”

“ဒါဆို ရအောင်ယူလေ”

“………”

မင်းသန့် ခနတာတိတ်ဆိတ်သွားပြီး

“ဘယ်လိုယူရမှာလဲ”

“ဟက်…ကျုပ်နဲ့ဘဲ ပူးပေါင်းလိုက်ရုံဘဲ”

နေမင်းဟန် မင်းသန့်ရဲ့နားနားကပ်ကာ ခပ်ဖွဖွပြောလိုက်သည်။မင်းသန့် မျက်နှာပျက်သွားပေမဲ့ အဲ့နေရာကထကာ

“ငါသွားပြီ”

“ခန…စိတ်ပါရင် ဒီဖုန်းနပါတ်လေး ဆက်သွယ်လိုက်နော်”

မင်းသန့်ရဲ့ပခုံးပေါ် ကိုင်ပြီး လိပ်စာကတ်ကို မင်းသန့်လက်ထဲကိုထိုးပေးလိုက်ကာ မျက်စိတစ်ဖက်မှိတ်ပြပြီး သူ့အရင်ဆင်းသွားလိုက်သည်။

…………………
ငြိမ့် ဌာနထဲကထွက်လာပြီး ဘန်ရုံးခန်းဆီလျှောက်လာခဲ့တယ်။ဘန် ရုံးခန်းရှေ့ရောက်တော့ အတွင်းရေးမှူးလို့ထင်ရတဲ့၀န်ထမ်းကလှမ်းပြောသည်။

“သခင်လေး ဉက္ကဌ အစည်းအဝေးရှိတယ်ဆိုပြီး ခနထွက်သွားတယ် ပြီးမှပြန်ရောက်လိမ့်မယ် “

“အော် ဟုတ်ကဲ့”

၀န်ထမ်းစကားကိုနားထောင်ပြီးတော့ ရုံးခန်းထဲ၀င်မယ်လုပ်တော့ ကြားဖူးတဲ့အသံတစ်ခုကြောင့် ခြေလှမ်းတွေရပ်တန့်သွားရတယ်။

“ကိုကို ဘယ်မှာလဲ အခန်းထဲမှာလား”

“အစည်းအဝေးသွားတယ်ရှင့်”

ဘယ်သူမှမဟုတ် ထက်ဝေယံပင်ဖြစ်တယ်။ငြိမ့် ‌မျက်မှောင်ကျုံ့ပြီး အခန်းထဲပြန်၀င်ဖို့လုပ်လိုက်ပေမဲ့။

“အို့မို့ ဘယ်သူများလဲလို့ တေးငြိမ့်လွှားဘဲ ဘာလာလုပ်တာလဲ”

ထက်ဝေယံ ‌အစောကတည်းက သတိထားမိပေမဲ့ မမြင်ချင်သလိုဟန်ဆောင်လိုက်ခြင်းဖြစ်တယ်။အခုတော့ ထက်ဝေယံရဲ့အသံကြောင့် ငြိမ့်ခြေလှမ်းတွေရပ်တန့်သွားပြီး

“ထွေထွေထူးထူးတော့မရှိပါဘူး “

ဆိုကာ စကားကိုဖြတ်လိုက်ပြီး အခန်းထဲပြန်၀င်ဖို့လုပ်လိုက်သည်။

“ဟက်….အရပ်ကတို့ရေ ကြားလို့မှကောင်းရဲ့လား ဉက္ကဌဆီကပိုက်ဆံချူစားနေတဲ့ပြည်တန်ဆာက သူ့ကိုသူ စောက်အထင်တွေကြီးနေတယ်ဗျို့ “

ထက်ဝေယံရဲ့စကားက ငြိမ့်ဒေါသထွက်သွားစေတာအမှန်။အကြည့်စူးစူးတွေနဲ့ထက်ဝေယံကိုပြန်ကြည့်လာပြီး

“ဘယ်သူကိုပြောတာလဲ”

“ဘယ်သူရှိမလဲ ဒီကတေးငြိမ့်လွှား နာမည်ကလှသလောက် လူက ချဉ်ဖက် အား”

~~ဖြန်း~~

ငြိမ့် စကားကနောက် လက်ကအရင်လာကာ ထက်ဝေယံရဲ့ပါးကိုရိုက်ချလိုက်သည်။နီရဲသွတ်သွားတဲ့ပါးပြင်လေးကိုကိုင်ကာ ထက်ဝေယံပြန်ကြည့်လာသည်။

“ခများ….‌စောက်ဖာခေါင်းကများ..အားး”

~~ဖြန်း~~

နောက်တစ်ချက်။နောက်ပါးပြင်။

“ဒီမှာ ထက်ဝေယံ ခများကရော စနိုက်ကောင်မဟုတ်ဘူးလား ဟမ်!! သူများယောက်ျားကို ကိုကို ကိုကိုနဲ့ ခိုညီးသလို ဖီးလ်တက်နေတာ ကြားမကောင်းဘူး နောက်တစ်ခုက
ကိုယ့်အပေါက်နဲ့မဆံ့တဲ့အတံကို မလိုချင်စမ်းပါနဲ့ ခများမိဘတွေ သိက္ခာကျတယ်”

“ခများ……”

ငြိမ့် ပြောတာပြောနေပေမဲ့လည်း မျက်ရည်စီးကျလာခဲ့တယ်။
သူ့ပါးပြင်ကကျလာတဲ့မျက်ရည်ကိုသုတ်လိုက်ခဲ့တယ်။
‌ဒေါသထွက်တိုင်း ကျလာတဲ့စောက်မျက်ရည်တွေကိုမုန်းလိုက်တာ။

“ဘာတွေဖြစ်နေကြတာလဲ!!!!”

ဘန် ဩဇာအာဏာရှိတဲ့ အသံနဲ့အော်လိုက်သည်။ ငြိမ့် ဘန်ကိုမြင်တော့ မျက်ရည်ပိုကျလာတယ်။ ၀မ်းနည်းတာရော ဒေါသထွက်တာရောပေါ့။ဘေးနားက ၀န်ထမ်းတွေ ရန်ဖြစ်နေတဲ့နှစ်ယောက်ကို ထိန်းလို့မရတော့လို့ ဘန် ကိုတွေ့တော့ လှုပ်လှုပ်ရွရွဖြစ်သွားရတယ်။

ဘန် ရဲ့အကြည့်တွေက ငြိမ့်ဆီရောက်သွားခဲ့တယ်။
သူ့ရဲ့ငြိမ့် ငိုနေသည်လား။

ဘန် ခြေလှမ်းကျဲကျဲတွေနဲ့ ငြိမ့်ဆီသွားဖို့ကြံလိုက်ပေမဲ့ ထက်ဝေယံက ဘန်ကိုဆွဲလိုက်ကာ ငိုပြလာသည်။

“ကိုကို ဟင့် သူ့က သားကိုပါးရိုက်တယ် တွေ့လားနီရဲသွားပြီ”

ထက်ဝေယံရဲ့ခပ်ချွဲချွဲအသံက ငြိမ့်ပိုဒေါသထွက်စေတယ်။
ဘန် ထက်ဝေယံရဲ့လက်ကိုအားနဲ့လွှတ်ချပလိုက်တာကြောင့် ထက်ဝေယံရဲ့ခေါင်းနဲ့ပန်းအိုး ညားသွားရတယ်။

ဘန် အခုသူ့ဘာမှမမြင်တော့ပါ။သူမြင်တာ ‌ငိုနေတဲ့ငြိမ့်က
သူ့ရင်ခွင်ကိုပိုပြီးလောင်ကျွမ်းစေတယ်။

“ငြိမ့် ကိုယ့်ရဲ့ငြိမ့် ဘာဖြစ်လဲပြော ဟမ် မငိုနဲ့ မင်းငိုတာကိုယ်မကြိုက်ဘူး”

“ဟင့်..”

ငြိမ့်ရဲ့ရင်ခွင်ထဲထည့်လိုက်စေတယ်။ဘန်သိတယ် ခုချိန် ငြိမ့်ဘာမှမပြောချင်ဘူး အဲတာကြောင့် ဘေးက၀န်ထမ်းတွေကိုကြည့်လိုက်တယ်။

“ဟိုလေ…ဒီကအကိုလေး ထက်ဝေယံက သခင်လေး ချုစားတဲ့ပြည်တန်ဆာလို့ပြောလိုက်လို့ပါ အဲတာကြောင့် သခင်လေးက ပါးရိုက်လိုက်တာပါ စော်ကားလာလို့ပါ”

“မဟုတ်ပါဘူး ကိုကို ခများမဟုတ်တာတွေစွပ်စွဲမနေနဲ့
အဲ့ကောင်ကတာ အရင်ပြောတာ”

ထက်ဝေယံ ခေါင်းပေါက်သွားတာတောင် ထပြီး ငြင်းလာသည်။၀န်ထမ်းထဲကတစ်ယောက်ဖြစ်တဲ့ကောင်မလေးက သု့ဖုန်းကိုထုတ်ပြကာ

“ဒီမှာပါ ဉက္ကဌ ဟုတ်တာမဟုတ်တာ ဒီမှာရှိတယ်”

Video ကို ဘန်ရှေ့ထောင်ပြလိုက်ပြီး အဲ့နေရာမှာရှိတဲ့လူတွေအားလုံးကြည့်လိုက်ရတယ်။ video ထဲက ငြိမ့်ကိုစော်ကားထားတဲ့ပုံရိပ်တွေ ပါးရိုက်တဲ့ပုံရိပ်တွေက ထင်ဟပ်နေတယ်။

“မဟုတ်ဘူး မဟုတ်ဘူး‌လို့ လိမ်နေတာ”

“ဒီမှာ အကိုလေးထက်ဝေယံ ကျွန်မတို့အရေးကြီးတဲ့ရုံခန်းတို့ဘာတို့မှာ CCTV တွေမက အသံတွေဖမ်းထားတဲ့ ကိရိယာတပ်ဆင်ထားပြီသား အတုမဟုတ်ပါ”

၀န်ထမ်းကောင်မလေးတွေက ငြိမ့်ဘက်ကနေ ကာကွယ်ပေးကြတယ်။အခုတော့ ထက်ဝေယံငြိင်းလို့မရတော့ပါ။

“လာကြစမ်း…..အဲ့ကောင်ကို ခေါ်သွားကြ”

ဘန် သူ bodyguard တွေကိုပြောလိုက်ကာခေါ်သွားစေခဲ့တယ်။နောက်ဆုံးချိန်ထိ အော်ဟစ်နေခဲ့တယ်။

ကိစ္စတွေပြီးဆုံးသွားခဲ့တယ်။ဒါမဲ့ ဘန်ရင်ခွင်ထဲက ကောင်လေးက တော့ အငိုမတိတ်။ ကောင်လေးကိုပွေ့ခေါ်ပြီး ရုံးခန်းထဲ ခေါ်လာခဲ့တယ်။

အနောက်က ၀န်ထမ်းတွေလဲ ရေတွေယူလာခဲ့တယ်။

“တိတ်တော့ မငိုနဲ့ ကိုယ်ကငိုတာမကြိုက်ဘူး ရော့ ရေနည်းနည်းသောက် မောနေမယ်”

ဘန် ငြိမ့်ပါးကိုအနမ်းပေးလိုက်ပြီး ၀န်ထမ်းလာပေးမဲ့ရေနည်းနည်းတိုက်လိုက်တယ်။

“ဟင့်…ကိုကို အိပ်ချင်တယ်”

“အင်း ကိုယ့်ပခုံးမှာအိပ်လိုက် ‌ပင်ပန်းသွားပြီး အချစ်လေး”

ကလေးချီသလိုပွေ့ချီကာ ငြိမ့်အားအိပ်စေခဲ့တယ်။

“ကိုယ့်ရဲ့အားနည်းချက်ကမင်းရဲ့မျက်ရည်ဘဲ အားသာချက်က မင်းကိုပိုင်ဆိုင်ထားရတာဘဲ”

…………………………
ကြာသွားရင် ဆောရီးပါနော်

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 11, novel Coffee With Honey (Complete) part 11, read Coffee With Honey (Complete) part 11 online, Coffee With Honey (Complete) part 11 chapter, Coffee With Honey (Complete) part 11 high quality, Coffee With Honey (Complete) part 11 light novel, ,

Comment

Leave a Reply

Chapter 12