Coffee With Honey (Complete) part 17

All chapters are in Coffee With Honey (Complete)
A+ A-

ကော်ဖီဆိုင်ထဲမှာတော့ ငြိမ့် ငြိမ်သက်စွာမင်းသန့်ကိုစောင့်နေမိတယ်။ဆိုင်ထဲမှာထိုင်နေတဲ့လူတွေက သိပ်နည်းလွန်းတယ်။
ငြိမ့် အစီအစဉ်က ဒီကပြန်ရင် သူ့မိဘအိမ်ကိုပြန်ဖို့ဖြစ်တယ်။
ဒါမဲ့ မင်းသန့်ပြောတော့ပရောဂျက်ကိစ္စလို့ပြောပေမဲ့
ဘာစာရွက်စာတမ်း ဘာတစ်ခုမှပါမလာတာကို သတိပြုမိသည်။

“ငြိမ့် စောင့်ရတာ ကြာသွားလား”

သူ့စဉ်းစားနေစဉ် မင်းသန့်ရောက်လာတာကြောင့်
အတွေးတွေကိုဖျက်ပြီး

“မကြာပါဘူး ရပါတယ် ဒါနက်‌ပရောဂျက်လုပ်မယ်ဆိုတဲ့ကိစ္စကရော”

ငြိမ့်စကားကြောင့် မင်းသန့်အခက်တွေ့သွားမိတယ်။
ဘာဖြေရမလဲ သူ့အကြံအစည်က ပရောဂျက်မှမဟုတ်တာ။
ပခုံးကိုကုတ်ရင်း

“အာ…အင်း ရှိတယ်လေ တစ်ခုခုစားပြီးမှပြောကြရအောင်
ကိုယ်ထွက်လာကတည်းက ဘာမှမစားရသေးလို့”

*ကိုယ်*သူ့အဲ့နာမ်စားသုံးလိုက်တာလား။
မင်းသန့်စကားအဆုံး ကြားလိုက်ရတဲ့အရာကြောင့်
စဉ်စားစရာဖြစ်သွားတာအမှန်။

“အော်…ဒါဆိုလဲ အရင်စားပေါ့”

“အင်း”

မင်းသန့် တိတ်တခိုး သက်ပြင်းချမိသွားတယ်။
ထိုအချိန်
“ရပါပြီ ဆရာတို့”

စားပွဲထိုးကောင်လေးတစ်ယောက် ဖျော်ရည်နှစ်ခွက်ကိုလာချပေးလာသည်။

“ငြိမ့် သောက်လေ အဲတာသရက်ဖျော်ရည်လေ”

“…….”

ငြိမ့် သတိထားမိသည်။ခနတာငြိမ်သက်သွားပေမဲ့
ခပ်ပြုံးပြုံးလိုက်ပြီး

“ခွက်လဲသောက်မယ်လေ”

“……”

ငြိမ့် စကားကြောင့် မင်းသန့် စိတ်လှုပ်ရှားသွားပြီး
ချွေးပြန်လာသည်။မျက်နှာကိုချက်ချင်းပြန်ပြင်ကာ

“အင်း…သောက်..လေ”

မင်းသန့်စကားကိုကြားတာနဲ့ ငြိမ့်သူ့ရှေ့မှာတင် ခွက်ချင်းလဲလိုက်သည်။မင်းသန့် သူ့ရှေ့ရောက်လာတဲ့ခွက်ကိုကြည့်ပြီးဘာလုပ်ရမလဲ သူ့မသိတော့ဘူး။

“သောက်လေ”

ငြိမ့် သူလဲထားတဲ့အခွက်ကိုကိုင်ပြီး မင်းသန့်အားသတိပေးလိုက်သည်။မင်းသန့် ပခုံးကိုကုတ်ရင်း ခပ်မြန်မြန်ပြ‌န်ဖြေလိုက်သည်။

“သောက်မှာပေါ့….”

မင်းသန့်ရဲ့စကားကိုကြားတော့ ငြိမ့်ခပ်ပြုံးပြုံးလိုက်ပြီး
အအေးခွက်ကိုသောက်ဖို့အပြင်

“ငြိမ့်!!”

ဆိုင်ထဲသို့ ဩဇာအာဏာရှိတဲ့အသံနဲ့အတူ အမြန်၀င်လာတဲ့ ဘန်ကိုတွေ့တော့ ငြိမ့် တစ်ချက်အအေးခွက်ကိုပစ်ချမိသွားသည်။

“ကိုကို…..”

~~ခွပ်~~

သူ့ဆီလာနေတဲ့လူကို ခေါ်မယ်ရှိတုန်း သူ့ဘေးကမင်းသန့်ကိုထိုးလိုက်တဲ့ဘန်ကြောင့် ငြိမ့် ဘာလုပ်လို့ရမှန်းမသိအောင်ဖြစ်သွားရသည်။

“ကို…ကို ဘာလုပ်တာလဲ”

~~ခွပ်~~

ငြိမ့်ကတားနေပေမဲ့ ဘန်ရဲ့လက်သီးချက်တွေ မင်းသန့်ဆီ
ကျရောက်လာသည်။ဆိုင်ထဲရှိလူအနည်းငယ်ကလည်း
လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ဆိုင်၀န်ထမ်းကလည်း
အမြန်ရောက်လာ၍ တားမယ်လုပ်တော့ သူပါထိသည်။

“ခများ ဘာလုပ်တာလဲ”

နောက်လက်သီးချက်တွေ မင်းသန့်ဆီလာတော့မဲ့ချိန် တားလိုက်တဲ့ ငြိမ့်ကြောင့် ဘန် ရပ်တန့်လိုက်သည်။ဒါမဲ့ သူကြားလိုက်တဲ့ ခများဆိုတဲ့နာမ်စားကြောင့်

“ငြိမ့် အခုကိုယ်ကို ဒီကောင်ကြောင့် ခများလို့ခေါ်လိုက်တာလားလား ဟမ်…”

ဘန်ရဲ့ပိုကျယ်လာတဲ့အသံကြောင့် ငြိမ့်အနောက်ကို နှစ်လှမ်းလောက် ဆုတ်မိပြီး သူ့အမှားကိုသူသိသွားရသည်။

“မဟုတ်….”

“အဟက် ကိုယ်သာမရောက်လာရင် မင်းကိုကိုယ်ဆီက
လုသွားတော့မှာ မင်းသိလား….မဟုတ်ဘူး စိတ်တူကိုယ်ပါတွေလား အေ့လေ မဟုတ်ရင် ဒီလို sex barမှာတွေ့စရာအကြောင်းမရှိဘူးလေ”

ဘန်ရဲ့စကားကိုကြားတော့ ငြိမ့် ဒေါသထွက်လာသည်။

“ခများမစော်ကားနဲ့ ခများထင်သလိုလူမျိုးမဟုတ်ဘူး”

“အဲတာဆိုရင်ရော မိဘအိမ်သွားတယ်ဆိုပြီးလိမ်တယ်
ဒါလား မိဘအိမ် ဟမ်….ဒီကောင်နဲ့သွားတွေ့ရင်သွားတွေ့တယ်ပေါ့ “

ဘန် ‌‌အသံ‌ေကြာင့် ဆိုင်တစ်ခုလုံးက လူတွေဝိုင်းကြည့်လာကြသည်။ငြိမ့် သူ့ကိုဝိုင်းကြည့်နေတဲ့လူတွေကိုကြည့်ပြီး
ဒေါသလည်းထွက်သလို ၀မ်းလည်း၀မ်းနည်းလာတယ်။

“ခများ စကားကလွန်နေပြီနော် အေး ကျွန်တော်မသိဘူးထင်နေလား ဆေးခပ်ဖို့လုပ်တာကို ‌ပြီးတော့ သူ့ပရောဂျက်လုပ်မယ်လို့ဘဲ ပြောခဲ့တာ ကျွန်တော်ဘာမှမသိခဲ့ဘူး
Sex bar ဆိုတာလည်း ကျွန်တော်မသိဘူး
နောက်မှ ရိပ်မိလာခဲ့တာ”

“………”

ငြိမ့် မျက်ရည်ကျပြီးစကားတွေအလိုအလျောက်ပြောနေမိတယ်။စိတ်လည်းတိုသလို သူ့ကိုကြည့်နေတဲ့လူတွေကြောင့် ရှက်လည်းရှက်လာတယ်။

“ခများမဟုတ်တာတွေ တွေးပြီး ကျွန်တော်ကို လာမစွပ်စွဲနဲ့
ခများတွေခဲ့ဖူးတဲ့လူတွေထဲမှာ ကျွန်တော်မပါဘူးဆိုတာသိထား”

ငြိမ့် မျက်ရည်တွေကိုသုတ်ပြီး သု့လွယ်အိတ်ယူကာ ဆိုင်ကရေ ‌အမြန်ပြေးထွက်သည်။ကျန်ခဲ့တဲ့ ဘန်ကတော့
စိတ်တိုနေပေမဲ့ သူလည်းမှားသွားတယ်ဆိုတာသိလိုက်တယ်။
သူ့ပြောခဲ့တာ သူချစ်တဲ့စိတ်တစ်ခုကြောင့်ဘဲ။
သူ့ပိုင်တဲ့ငြိမ့်ကို လုယူသွားမှာသူကြောက်တယ်။
အဲတာကြောင့် သူမင်းသန့်ကိုတောင် ဂရုမစိုက်အား သူပါ
အမြန်‌ ဆိုင်ထဲကနေ ထွက်သွားသည်။

အဲ့အခြေအနေကို ကြောက်ရွံနေတဲ့လူတစ်ယောက်ကတော့
မင်းသန့်ပင်။ငြိမ့်ကစောစောကတည်းကသိ‌နေတယ်တဲ့လား။
စိုးရိမ်စိတ်တွေပြည့်နှံလာပြီး ဖုန်းထုတ်ကာ တစ်စုံတစ်ယောက်ကိုဆက်လိုက်သည်။

“ဟယ်လို ‌နေမင်းဟန် ငါအခုဘယ်…လို…..လုပ်ရမလဲ”

စကားထစ်စွာ နေမင်းဟန်ဆီ ဖုန်းဆက်လိုက်သည်။တစ်ဖက်က ချက်ချင်းဖုန်းပြန်ကိုင်ပြီး

“အေး သိတယ် လက်တလောခန ပုန်းနေအုံး ငါပိုက်ဆံလွှဲပေးလိုက်မယ်”

“အင်း မြန်..မြန်”

“အေး ပြီးတော့ မင်းကိုတွေ့သွားရင် ဘယ်သူကြိုးကိုင်တာလဲမေးရင် မသိဘူးလို့ဖြေ မဟုတ်ရင် ဂင်ဘန်ချာရီမသတ်ခင်
ငါမင်းကိုအရင်သတ်မှာ”

“…အေးအေး ဘယ်သူမှမပြောဘူး အဲတာကြောင့် ပိုက်ဆံအမြန်လွှဲပေး ငါခနခြေရာဖျောက်ထားမယ်”

“အေး”

ဆိုကာ ဖုန်းချလိုက်သည်။ပို့လာတဲ့ငွေကိုကြည့်ပြီး မင်းသန့်
ကြောက်နေတယ်လို့ပြောရင် တကယ်မှန်မယ်။
သူအခုဘယ်မှသွားလို့မရကို ဖြစ်နေပြီ။အရှည်ကြီးမစဉ်းစားတော့ဘဲ သူ့လက်ရှိအိမ်ကိုပြန်ကာ အထုတ်အပိုးတွေယူပြီး
ခြေရာဖျောက်ဖို့ဘဲတွေးတော့တယ်။

………………….
ကဲ အဂျစ်လေးတို့ good night ပါနော်

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 17, novel Coffee With Honey (Complete) part 17, read Coffee With Honey (Complete) part 17 online, Coffee With Honey (Complete) part 17 chapter, Coffee With Honey (Complete) part 17 high quality, Coffee With Honey (Complete) part 17 light novel, ,

Comment

Leave a Reply

Chapter 18