Coffee With Honey (Complete) part 18

All chapters are in Coffee With Honey (Complete)
A+ A-

Ferrari car လေးဟာ လမ်းတစ်လျှောက်မောင်းနှင်လျက်။ကားပေါ်ကလူက မျက်မှောင်ကျုံ့ကာ ဒေါသထွက်နေတဲ့ပုံရိပ်ပေါ့။

“ကျစ်….”

ကားပေါ်က ဘန်က တစ်ခုခုကိုသတိရစွာဖြင့် ကားပေါ်တင်ထားတဲ့ဖုန်းကို အမြန်ကိုင်ကာ တစ်စုံတစ်ယောက်ကို
ဆက်လိုက်သည်။

‘ဟယ်လို’

ဖုန်းခေါ်လိုက်တဲ့လူကတော့ ရှင်ဘုန်းခ ပင်။

“အေး ငါကိုမင်းသန့်ဆိုတဲ့ ကောင်ကိုလိုက်ရှာပေး”

‘ဟမ်..’

ရှင်ဘုန်းခ အံ့ဩစွာနဲ့ပြန်ဖြေလာသည်။

“အရစ်မရှည်နဲ့ သူ့အချက်အလက်တွေပို့လိုက်မယ် ကုန်းပေါ်ကုန်းအောက် လိုက်ရှာ”

‘…အေးအေး ငါကိစ္စရှင်းလိုက်အုံးမယ်’

“အေး”

ရှင်းဘုန်းခရဲ့စကားကိုရိပ်မိတဲ့ဘန်က ဖုန်းချလိုက်ပြီး နေရာတစ်ခုကို ဉီးတည်လိုက်သည်။ထိုနောက် ခနလေးဘဲ ကြာမယ်
ဖုန်းလာသံတစ်ခုကြောင့် ဘန် ဖုန်းကိုင်လိုက်ပြီး

‘မြေးကြီး’

“ဗျာ”

ဖုန်းဆက်လာတဲ့လူက ဘန်အဘိုးဖြစ်နေတာကြောင့်
လေသံဖျော့ကာ ထူးလိုက်သည်။

‘သားတို့ရန်ဖြစ်ထားတာလား’

“အဘိုး ဘယ်လိုသိတာလဲ”

တစ်ဖက်က အဘိုးကဘန်ရဲ့ပြန်ဖြေသံကြောင့် ရီလိုက်ပြီး

‘မြေးကြီးရယ် အခုလေးတင် မြေး‌ငယ်က ဖုန်းဆက်ပြီး အဘိုးကိုလာတိုင်တယ်ကွဲ့’

“……”

အဘိုးရဲ့စကားကြောင့် ဘန်ပါးချိုင့်တွေပေါ်အောင် ပြုံးလိုက်မိသည်။

“သားက သူ့ကို စော်ကားတယ်တဲ့ မြေးကြီးနော် ကလေးကိုအနိုင်မကျင့်နဲ့ “

“အနိုင်မကျင့်ပါဘူး အဘိုးရယ် အချစ်ကျင့်တာပါ”

ဘန်ရဲ့ပြန်ဖြေသံကြောင့် တစ်ဖက်က အဘိုး အားရပါရရီမိသွားသည်။

“ဟုတ်ပါပြီ အဲတာဆိုလည်း မြေးငယ်ပြန်ချော့လိုက်ပေါ့”

“ဟုတ် အဘိုး အချစ်ကျင့်လိုက်အုံးမယ်နော်”

“အေးပါ….”

အဘိုးကဖုန်းချသွားသည်နှင့် ဘန်သူ့ကားပြင်ဘက်က အိမ်ဖြူလေးကို လှမ်းကြည့်မိသည်။ဒီကော်ဖီက ပျားရည်မရှိဘဲ
ဘယ်လိုလုပ်နေနိုင်မှာလဲ အချစ်ရဲ့…..။

………………….
တစ်ဖက်မှာတော့ အဖြူရောင်အခန်းငယ်မှာ ရှုပ်ပွနေလျက်။
ခေါင်းအုံးတွေအစ စောင်တွေရော နေရာမှာ ပြန့်ကျဲလို့။
အိပ်ရာပေါ်မှာ ခြေကားယား လက်ကားယား အိပ်နေတဲ့လူတစ်‌ယောက် လုပ်ထားတယ်ဆိုရင်ပိုမှန်မယ်။

ဆံပင်ကောက်ကောက်လေးတွေဟာ မျက်နှာဖောင်းဖောင်းကိုအုပ်နေသည်။

“အားးးးးး….လူတွေကို ‌မုန်းသွားပြီ”

အဲ့ကောင်လေးက ငြိမ့်ပင်။ငြိမ့်အော်ဟစ်ပြီး အခန်းတစ်ပတ် ပတ်ပြေးလေသည်။နောက်ဆုံးအိပ်ရာပေါ် ပြန်လှဲချပြီး
အမောဖြေနေလျက်။

“အဘိုးကြီး…..လူကိုအပြစ်ဘဲ မြင်နေတဲ့အဘိုးကြီး ကွာပစ်မယ်”

ငြိမ့် သောင်းကျန်းနေတာက အောက်ထပ်က လူတွေအဖို့
နားလည်ဖို့ခက်ခဲလှတယ်။အောက်ထပ်က ဉီးထွန်းသစ္စာနဲ့
ဒေါ်ခင်နွယ်ယဉ်တို့က  tvကြည့်ရင်း သက်ပြင်းချနေလျက်။
သူ့တို့သား ပြန်လာကတည်းက ဘာတွေလုပ်လို့ လုပ်မှန်းမသိ
ဒါမဲ့လည်းရိပ်မိပါတယ်။ သူ့တို့ရဲ့သမတ်နဲ့ရန်ဖြစ်လာတယ်ဆိုတာကိုပေါ့။သူ့တို့နားလည်တယ်။လင်မယားတွေဆိုတာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။

~~တီ ဒေါင် တီ ဒေါင်~~

ဉီးထွန်းသစ္စာတို့ ဇာတ်ကားကောင်းနေတုန်း ဘဲလ် မြည်သံကြောင့် ထပြီး တံခါးဖွင့်ကြည့်လိုက်သည်။
တခြားလူမဟုတ် သူ့တို့သမတ် ဂင်ဘန်ချာရီပင်။

“မင်ဂလာပါ အမေ “

“အော်…..သားကြီး လာအထဲ၀င်”

ဒေါ်ခင်နွယ်ယဉ်က ဘန်ကိုတွေ့တာနဲ့လှိုက်လှိုက်လှဲလှဲ အိမ်ထဲ ကြိုဆိုလိုက်သည်။

“ဟုတ် အမေ ကျွန်တော် ငြိမ့်ကိုလာခေါ်တာပါ “

“‌အာ…..သိတယ် သိတယ် သားကြီးလာတယ်ဆိုကတည်းက
ငြိမ့်ကိုပြန်လာခေါ်ဖို့ လာတယ်ဆိုတာ ဉီးလေးသိတယ်
မိန်းမရေ သားကိုခေါ်လိုက်”

ဉီးထွန်းသစ္စာစကားကြောင့် ဒေါ်ခင်နွယ်ယဉ်လည်း ချက်ချင်းသူ့သားကိုလှမ်းခေါ်လိုက်သည်။ခေါ်သံကြောင့်
အပေါ်ထပ်ကနေ ဂျစ်ကန်ကန်ဆင်းလာတဲ့ ကောင်လေးကို ဘန်တွေ့လိုက်ရသည်။

“လာပြီ အမေ ဘာလုပ်မလို့….ကျစ်”

အဲ့ကောင်လေးက ဆင်းလာတာနဲ့ဘန်ကိုတွေ့တော့ အပေါ်ပြေးတက်သွားမယ်အလုပ်။

“သား တေးငြိမ့်လွှား လာခဲ့”

ဒေါ်ခင်နွယ်ယဉ်ရဲ့ခေါ်သံကြောင့် ငြိမ့်မလာဘဲနဲ့မနေနိုင်။
အပေါ်ခြေလှမ်းမစရသေးဘဲ ဆင်းလာရသည်။

“ဟွန့်……”

သူ့ရှေ့ကိုဆူပုတ်ပုတ်နဲ့ရောက်လာတဲ့ ကောင်လေးကိုကြည့်ကာ ပိုစချင်စိတ်ဖြစ်ပေါ်လာသည်။အခြေ‌အနေကိုအကဲခတ်မိတဲ့ ဉီးထွန်းသစ္စာတို့က။

“ကဲ ဒါဆို မိန်းမကိုယ်တို့ လစ်ရအောင် ကလေးတွေ လွတ်လွတ်လပ်လပ်စကားပြောပါစေ”

“အင်း ယောက်ျား”

ဒေါ်ခင်နွယ်ယဉ်လည်း သဘောပေါက်စွာနဲ့ ဉီးထွန်းသစ္စာတို့နောက် လိုက်သွားသည်။ကျန်ခဲ့တဲ့ ကလေးတွေကတော့။

“ခများ ဘာကိစ္စလဲ”

“‌မင်း စောက်ချိုးကိုမပြေဘူး”

ငြိမ့် စိတ်ဆိုးစွာမေးလိုက်ပေမဲ့ ပြန်ဖြေလာတဲ့ ဘန်စကားကြောင့် ငြိမ့်ကြောင်အသွားရသည်။

“ဘာပြောတာ….”

“မင်း အချိုးကိုမပြေဘူး ကြည့်နေတာ “

ဘန်စကားတွေကြောင့် ငြိမ့်ဒေါသထွက်လာပြီး….။

“လိ့ကို အချိုးမပြေတာ…ခများဘာစောက်စကားလာပြောတာလဲ!!”

ငြိမ့် ဒေါသထွက်ပြီး ဘန်အင်ကျီစကိုဆွဲကာ သူ့မျက်နှာနဲ့နီးကပ်လိုက်သည်။ ဘန် အခုတော့မစချင်တော့ဘူး
သူ့ရှေ့မှာရှိနေတဲ့ ပျားရည်နှုတ်ခမ်းကို နမ်းရှိုက်လိုက်မိသည်။

~~ပြွတ်စ်~~

“ခများ….အွန့်”

အနမ်းတွေမရပ်တန့်။ရုတ်တရက်အနမ်းခံလိုက်ရတာကြောင့်
ရုန်းကန်မိတာအမှန်။ငြိမ့် လက်တွေကိုနောက်ပြန် ချုပ်လိုက်ပြီး ထပ်ပြီးပိုအနမ်းတွေတိုးလာခဲ့တယ်။အသက်ရှူမ၀တော့မှ
ရင်ဘတ်ကိုရိုက်လာတဲ့ငြိမ့်ကြောင့် ဘန်လွှတ်ပေးလိုက်သည်။

“ခများ…..ဘာဖြစ်ချင်နေတာလဲ!!”

အခုဘဲ ဆူတယ် အခုဘဲ နမ်းတဲ့လူကြောင့် ငြိမ့် အော်ကာ ပြန်ပြောလိုက်သည်။

“တောင်းပန်ချင်နေတာ ဟုတ်ပြီလား ဒီကောင်ကြီးက မှားလို့
တောင်းပန်ချင်နေတာ!!”

တောင်းပန်ချင်တာကို အသံဩဇာအာဏာရှိတဲ့အသံနဲ့ပြောလာတာကြောင့် ငြိမ့်ကို တောင်းပန်တာလား လာခြိမ်းခြောက်တာလား မသဲကွဲ။

“ခများ ကိစ္စပြီးပြီလား အဲတာဆို ပြန်တော့”

ငြိမ့် သူ့ကို လာခြိမ်းခြောက်တဲ့ လူကို တွန်းကာ အိမ်အပြင်ဘက်ကိုရောက်အောင်ပို့ပြီး နှင်ထုတ်လိုက်သည်။
တံခါးပိတ်လိုက်ပြီး ငြိမ့် အိမ်ပေါ်ကိုပြန်တက်ဖို့အပြင်

~~တီ ဒေါင် တီ ဒေါင်~~

ဆိုတဲ့ ဘဲလ်အသံကြောင့် ငြိမ့် ဆောင့်အောင့်ကာ တံခါးပြန်ဖွင့်လာသည်။ဘာမှမဟုတ်ဘူး ဘန်ပါဘဲ။

“ခများ အိမ်ပြန်တော့ဟာ…”

“ကျန်ခဲ့လို့ ပြန်လာယူတာ”

ရုပ်တည်ကြီးနဲ့ ပြန်ဖြေတဲ့လူကြောင့် ငြိမ့် ထပ်ပြီး မေးခွန်းထုတ်ရပြန်သည်။

“ဘာကျန်ခဲ့ပြန်ပြီတုန်း”

“ကျုပ်နှလုံးသား….”

ဘန် စကားဆုံးတာနဲ့ ငြိမ့်ကို ခါးကပွေ့ကာ ပခုံးပေါ်တင်လိုက်တဲ့ ဘန်ကြောင့် ငြိမ့်။

“အာ့…ခများဘာလုပ်တာလဲ”

“အိမ်ပြန်မလို့ ကျုပ်နှလုံးသားကို ရင်ခွင်ထဲထည့်ပြီး”

ဘန် စကားတွေကြောင့် ငြိမ့်ရှက်သွေးဖြာလာသည်။
မျက်နှာတစ်ခုလုံးနီရဲလာကာ ထပ်မံရုန်းကန်မိသည်။

“ကိုယ်ဟာကိုအိမ်ပြန် ကိုယ်ဟာကိုနေပါလို့”

“နေလို့မရဘူး နှလုံးသားမရှိရင် သေလိမ့်မယ်လို့ ဆရာ၀န် ညွှန်းကြားချက်မှာပါတယ်”

ဘန် အသံခပ်အေးအေးနဲ့ပြောနေပေမဲ့ သူ့လာချော့တာပါ။
ငြိမ့် ဘန်ချော့တဲ့စကားထဲ မျောသွားပြီး မရုန်းကန်မိတော့။
အေးလေ ငါလည်း ဘယ်ချိန်ထိ စိတ်ဆိုးနိုင်ပ့မလဲ
ငါ့မှာလည်း သူ့မရှိရင် မနေနိုင်သလို သူလည်း ငါမရှိရင် သေလိမ့်မယ် ကိုယ်ချင်းစာရတယ်။

ထိုအဖြစ်အပျက်လေးကို ခိုးကြည့်နေတဲ့စုံတွဲလေးကတော့
ဉီးထွန်းသစ္စာတို့ပင်။သူ့တို့သမတ်ရဲ့ချော့မှုပုံစံမှာ သူတို့ပါ
ကြိုက်နှစ်သက်စေခဲ့တယ်။တစ်ယောက်နဲ့တစ်ယောက်
ကြည့်ပြီး သူ့တို့သားလေးအ‌တွက် ပြုံးလိုက်ကြတာပေါ့။

…………………………
A/N

သို အဂျစ်လေးတို့

ရာသီဉတုအေးတယ်နော် အဲတာကြောင့် ရေများများချိုးကြပါ ပန်ကာဖွင့်အိပ်ကြပါ အကြံဉာဏ်ပေးတာပါ။(စတာ)
                         ပုံ။ဆောင်းရာသီကိုကြိုက်တဲ့’ဆောင်း’

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 18, novel Coffee With Honey (Complete) part 18, read Coffee With Honey (Complete) part 18 online, Coffee With Honey (Complete) part 18 chapter, Coffee With Honey (Complete) part 18 high quality, Coffee With Honey (Complete) part 18 light novel, ,

Comment

Leave a Reply

Chapter 19