Coffee With Honey (Complete) part 21

All chapters are in Coffee With Honey (Complete)
A+ A-

(သွေးထွက်သံယို အခန်းများပါ၀င်နိုင်ပါတယ်
အဲ့တာကြောင့် မြင်ယောင်ပြီး ကြောက်တတ်တဲ့လူများ မဖတ်ရန်)

ဧည်သည်တွေပြန်သွားပြီးတာနဲ့ ဘန်အပေါ်တက်လာခဲ့သည်။
နဂိုဆို တာတီးနဲ့ကောင်းစေသူရှိတာကြောင့် ငြိမ့်စကားပြောဖို့အဖော်ရသား။ဒီနေ့ပိတ်ရက်ဆိုတော့လည်း သူ့တို့အိမ်သူတို့ ပြန်သွားရသည်။အခုတော့အဲ့ကလေး စိတ်ဆိုးနေတယ်ထင်ပါရဲ့။ အခန်းထဲရောက်သည်နှင့်။

“ကိုကို ဒီကိုလာ လာ”

အခန်းတံခါးဖွင့်လိုက်တာနဲ့ အိပ်ရာပေါ်မှာ ဖုန်းကြည့်နေတဲ့ ကောင်လေးက သူ့ကိုလက်ယက်ခေါ်ကာ ပျော်မြူးနေတဲ့ပုံရိပ်ပင်။ဘန်လည်း ကောင်လေးစိတ်ဆိုးတဲ့ အရိပ်အယောင်မရှိတာကြောင့် ခပ်ပြုံးပြုံးလိုက်သည်။လက်ယက်ခေါ်တဲ့နေရာ သွားလိုက်သည်။

“ကိုကို မေးစရာရှိတယ်”

“အင်း မေးလေ”

ဆိုကာ ထိုင်နေတဲ့ငြိမ့်ကို ရင်ခွင်ထဲပွေ့ထည့်လိုက်ပြီး ကုတင်ကိုမှီလိုက်သည်။ရင်ခွင်ထဲက ငြိမ့်လည်း ဘန်ရင်ခွင်ထဲခိုနားလိုက်ပြီး စောင်ကိုဆွဲချုံလိုက်သည်။

“ဇနီးမောင်နှံထဲမှာ အမျိုးသား ဖြစ်တဲ့ကျွန်တော်က ကိုကို ကို
ချစ်တတ်အောင်သင်ပေးတယ်လေ ‌အင်း အဲလို ကျွန်တော်ယောက်ျားဖြစ်တဲ့ ကိုကိုက ကျွန်တော်ကို ချစ်တော့ချစ်ပါတယ် ဒါမဲ့ နည်းနည်းလိုသေးတယ်”

“အင်း ဘာလိုသေးတာလဲ ကိုယ်က”

“လိုတယ် ပြောပြမယ် အကျဉ်းချုပ်အနေနဲ့ပြောရင်တော့
ဉပမာ အမေက သားသမီးတာ၀န်ကျေပွန်အောင် ကျောင်းထားပေး နို့တိုက် သေးတွေချီးတွေလျှော်  နောက်တော့ အိမ်ထောင်ပြုပေး အဲ့လိုမျိုး အမေတွေကလုပ်ပေးရတယ်
သားသမီးတွေကလည်း အမေ့ကိုကျေးဇူးပြန်ဆပ်ရတယ်
ဒါမဲ့ ကျွန်တော်ပြောချင်တာ သားသမီးနဲ့အမေကြောင်းမဟုတ်ဘူး ယောက်ျားနဲ့အမျိုးသားကြောင်း အိမ်ထောင်စုတစ်ခုမှာ ယောက်ျားကောင်း ခင်ပွန်းကောင်း ပီသဖို့အတွက်
အမျိုးသားဖြစ်သူကို လိုချင်တာ၀ယ်ပေး စားချင်တာကျွေး
သွားချင်တဲ့ဟာပို့ပေး ဆန္ဒတွေဖြည့်ပေး အချင်းချင်းမေတ္တာပေး အဟမ်းဟမ်း အင်း လိုရင်းတိုရှင်းဘဲ ပြောတော့မယ်နော် ကျွန်တော်က အမျိုးသား ကိုကိုက ယောက်ျား အဲ့တော့
ကိုကိုက ယောက်ျားကောင်းတာ၀န်ကျေပွန်ဖို့အတွက် တစ်ခုလိုသေးတယ်”

စကားကိုအဆက်မပြက်အကျဉ်းချုပ်ရှင်းပြနေတဲ့ ငြိမ့်ကို ဘန် ကြည့်ရင်း အိပ်ချင်မိတယ်။ဒါပေမဲ့လည်း သူ့တာ၀န်အရ ငြိမ့်ပြောတာကို နားထောင်ပေးရတယ်လေ။စကားကိုသေနတ်ပစ်သလို ပြောနေတော့လည်း ငြိမ့် မောတာကြောင့် ရေတစ်ငုံသောက်ကာ သူ့ပြောတာကိုနားထောင်နေတဲ့ ဘန်ကို မျက်လုံးပင့်ပြကာ ကိုကိုပြောကြည့် ဘာလိုသေးလဲ ဆိုတဲ့ပုံစံ။
ဘန်လည်းနားလည်လိုက်ပြီး

“ကိုယ်သိတယ် ငြိမ့်လေး လိုနေတာ နေ့လယ်လေ့ကျင့်ခန်းလုပ်မလို့မှတ်လား”

~~ဖြန်း ဖြန်း~~

ငြိမ့် မျှော်လင့်ထားတဲ့စကားမဟုတ်တာကြောင့် ဘန် လက်မောင်ကိုရိုက်လိုက်ကာ အော်ပြောလေသည်။

“နှာဘူး အဲ့တာဘဲ တွေးနေ သေချာနားထောင်လေဗျာ”

“အင်း အင်း အချစ်လေး ပြော ကိုယ်မသိဘူး”

“အဟမ်း ဟုတ်ပြီလေ ဟော့ဒီကအချစ်လေး ပြောပြပ့မယ်
ကိုကို ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တာက
ကျွန်တော့်ကို ချောင်းသာ လိုက်ပို့ပေးပါ “

“အင်း…ဟမ်!!”

ရုတ်တရက် ထအော်တဲ့ ဘန်ကြောင့် ငြိမ့်ခန္ဓာကိုယ် တုန်တက်သွားသည်။

“လန့်တာ…….ဘာဖြစ်လို့လဲ”

“မသွားရဘူး”

ဘန် မျက်ခုံးကျုံ့ကာ မသွားဖို့တားသည်။ငြိမ့်လည်း ဒေါသထွက်ပေမဲ့ ချွဲလိုက်ရင် လိုက်ပို့မှာပါ ဆိုတဲ့ စိတ်လေးတင်းကာ

“ကိုကိုကလည်း…..လိုက်ပို့ပေးပါနော်နော် “

“မရဘူး ချောင်းသာသွားဖို့ကလွဲရင် ကြိုက်တာတောင်းဆို”

ဘန် မျက်မှောင်ကျုံ့ပြီး ကုတင်ပေါ်ကထသွားတာကြောင့် ငြိမ့် သူ့ပေါင်ပေါ်က ခေါင်းအုံးကိုထိုးပစ်လိုက်သည်။

“ဘာလို့လဲ ဘာလို့လဲ ပုသိမ်ဟာလဝါ စားချင်လို့ “

“ကိုယ် ၀ယ်ကျွေးမယ် ပုသိမ်မသွားရဘူး”

“ဟာ့ ချောင်းသာ သွားမှာလေ ပုသိမ်မဟုတ်ဘူးလေဗျာ
လုပ်ပါနော် “

“မရဘူး”

ငြိမ့် ဘယ်လောက်‌ပြောပြော မသွားရဘူး လို့ပြောတဲ့ ဘန်ကို
ငြိမ့် စိတ်တိုလာသည်။

“အားးးးး လူတွေကိုမုန်းသွားပြီ ရတယ် ကိုကို လိုက်မပို့လဲ ကိုယ်ဟာကို သွားမယ် အိုကေတယ်နော်…ဟွန့်”

ဆိုကာ ငြိမ့်ခြေဆောင့်ကာ အောက်ထပ်ပြေးဆင်းသွားသည်။
ပြေးဆင်းသွားတဲ့ ငြိမ့်ကို ဘန် သက်ပြင်းချမိသည်။သူမသွားခိုင်းတာက မင်းသန့်တို့ကြောင့်။ထပ်ပြီး သူတို့ကြောင့နဲ့အထင်လွဲတာတွေ ရန်ဖြစ်တာတွေ မဖြစ်ချင်ဘူး။ဘန်
စီးကရက်တစ်လိပ်ကိုထုတ်က ၀ရံတာကို သွားလိုက်သည်။
ထိုနောက် ဖုန်းကိုထုတ်ကာ

“ဟူးး ဘုန်းခ”

“အေး ပြော”

“မင်းတို့ပုသိမ်သွားပြီလား”

“မသွားသေးဘူး မင်းခန့်ရှိုန်ကိုစောင့်နေတာ သူ့ရဲ့အလုပ်ကမပြီးသေးလို့တဲ့ သူပါလိုက်မှာ”

“အေး အဲ့ကောင် အခု ဘာတွေလုပ်နေတာလဲ”

“မသိဘူးဟေ့ သူပြောတာတော့ သူ့လည်းစော်ရနေတယ်တဲ့
အဲ့စော်ပါ ခေါ်လာမယ်တဲ့”

“ဟက် ငါက မင်းသန့်တို့ကိုသွားရှင်းခိုင်းတာ ဟန်နီးမွန်းထွက်ခိုင်းနေတာမဟုတ်ဘူးကွ ဆောနဒီလှိုင်တို့လည်း သူ့မယားနဲ့
ဟန်နီးမွန်းထွက်အုံးမယ် အဲ့ပုသိမ်ကိုဘဲ”

“အေးလေ သူ့ကငါတို့နဲ့အတူတူသွားမှာ”

“အေး ဟူးးး အိမ်ကလူကလည်း ပုသိမ်သွားချင်တယ်လို့ပူဆာနေတယ်”

“ငါ့ကောင်ရေ ငါလိုလူပျိုလုပ်ခဲ့ရမှာ ငါဆို နယ်လှည့်ဆေးကုနေတာ ဘယ်လောက်အေးချမ်းလဲ အခုမင်းဘာလုပ်မှာလဲ “

“မသိဘူး “

“ငါ့အမြင်တော့ လိုက်ခဲ့ပေါ့ ငါတို့လည်း အလုပ်ပြီးသွားရင် ပုသိမ်ကနေ ချောင်းသာ လစ်မှာ ဟိုကောင်တွေကို မေ့ထားလိုက် ငါက သူ့တို့ကို ရှင်းပစ်မယ် မင်းတို့က ဟန်နီးမွန်းထွက်”

“အေး….”

“ဘယ်လိုလဲ လိုက်မှာလား”

“…အေး လိုက်မယ် “

“အဲ့တာမှ ငါ့သားရီးပီသတာ”

“အေး…ဒါဘဲ”

~~တီ တီ တီ~~

ဘန် ပြောပြီးတာနဲ့ချလိုက်တာကြောင့် ခါတိုင်းလို တစ်ဖက်လူက ဆဲပြီးကျန်ခဲ့တော့သည်။ဘန်လည်း စီးကရက်ကုန်အောင် သောက်ပြီး အောက်ထပ်ဆင်းလာသည်။

……………….

အောက်ထပ်မှာတော့ ဆိုဖာပေါ်ကပစ္စည်းတွေ ရှုပ်ပွအောင်လုပ်ထားသည်။ပန်းအိုးလည်းကွဲ TVကလည်း ကွဲအက်
စာအုပ်တွေကလည်းနေရာတကာ
အဲ့အမှိုက်ပုံရဲ့အလယ်မှာတော့ ပန်းအိုးထဲက နှင်းဆီပန်းကို
တစ်ပွင့်ချင်း ခြွေချနေတဲ့ ကောင်လေးကိုတွေ့လိုက်ရသည်

ဘန် ပြုံးလိုက်သည်။ဧည့်ခန်းတစ်ခုလုံးတင်မက တစ်အိမ်လုံးကို မီးရှို့လည်း စိတ်မဆိုးရက်တဲ့လူမို့ စိတ်မဆိုးရက်။ဒါမဲ့
သူ့ဟန်နီလေး စိတ်ဆိုးရင်တော့ ချော့ရမဲ့တာ၀န်တစ်ခု။

“ဟန်နီ…ငြိမ့် ..ငြိမ့်”

ဘန် ကောင်လေးကိုခခေါ်လိုက်တာနဲ့ လှည့်ကြည့်လာတဲ့ ငြိမ့်။ဒါပေမဲ့ ငြိမ့်မျက်နှာပေါ်က သွေးတွေကြောင့်
ဘန် ရင်တွေတုန်သွားကာ ဖန်ကွဲစတွေကို ကျော်ပြီး ဖန်ကွဲစ‌တွေထဲက ငြိမ့်ကို ပွေ့ချီလိုက်သည်။အမြန် ထွက်လာပြီး
ဖန်ကွဲစတွေမရှိတဲ့ နေရာမှာ ချပေးလိုက်သည်။

“ငြိမ့် မျက်နှာကဘာဖြစ်တာလဲ ငြိမ့်”

ငြိမ့် မျက်နှာကို အသာပွတ်သပ်လိုက်ပြီး အသံတုန်ရီစွာ မေးလိုက်သည်။ငြိမ့် မျက်ရည်ဝိုင်းလာပေမဲ့ ဖြူဖတ်နေတဲ့မျက်နှာကြောင့် ဘန်စိုးရိမ်မှုပိုတိုးလာသည်။

“ကို….ကို”

“အင်း ပြောလေ ဘာဖြစ်တာလဲ ကိုယ်ကို”

“ကြောက်…..တယ်”

ငြိမ့် ပုံစံက အသိစိတ်မဲ့နေတဲ့ပုံ။ခပ်ဖွဖွစကားပြောလိုက်ပြီး မျက်၀န်းတွေက ဘန်ကိုမကြည့်ဘဲ စက္ကူဘူးအကြီးတစ်ခုကိုကြည့်နေတာကို ဘန် သတိပြု‌မိသည်။ငြိမ့်ကို ခနထားခဲ့ပြီး ငြိမ့်ကြည့်နေခဲ့တဲ့ စက္ကူဘူးတစ်ခုဆီ လျှောက်လာခဲ့သည်။

ထိုနေရာရောက်သည်နှင့် တွေ့လိုက်ရတာ စက္ကူဘူးထဲမှာ
အလောင်းတစ်ခု။ခြေထောက်၊လက် အဲ့တာတွေတာမက
လူအရေခွံကို ဆုတ်ဖြဲခံရထားပြီး တခြားခန္တာကိုယ်အစိတ်အပိုင်းတွေလည်း တစ်စစီဖြစ်နေသည်။ခေါင်းဖြတ်ခံထားရပြီး မျက်လုံးပွင့်နေကာ နာကျင်မှုကိုခံရပြီး သေသွားတယ်ဆိုတာ သိသာသည်။ဖြတ်ခံရတဲ့အစိတ်အပိုင်းတွေကို ကော်ဖီမှုန့်နဲ့‌လောင်းထားသည်။ပြီးတော့ သွေးတွေရော ကော်ဖီမှုန့် ပျားရည်တွေကလည်း အလောင်းကိုရစ်ပတ်ထားသည်။
အလောင်းကို မြင်မြင်ချင်း ဘယ်သူဆိုတာ ဘန်သိသွားသည်။ ဒါမဲ့ ဘယ်သူလုပ်တယ်ဆိုတာ သူ့မသိ။

အဲ့စက္ကူဘူးဘေးနားမှာ စာတစ်ရွက်ကျနေတာကြောင့် ဘန် ကောက်ဖတ်လိုက်ကာ သွေးတွေနဲ့ရေးထားတဲ့စာက

“နောက်ထပ် ကျည်ဆံက တစ်စုံတစ်ယောက်ဆီဘဲ

                                    ပုံ….ကျည်ဆံ”

ဆိုတဲ့စကားကိုမြင်လိုက်ရသည်။ဘန် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စက္ကူဘူးထဲက အလောင်းကိုပြန်ကြည့်ကာ

“ကောင်းရာမွန်ရာ ရောက်ပါစေ ကောင်းစေသူ”

ဆိုကာ စက္ကူဘူးကိုပြန်ပိတ်လိုက်သည်။
……………………….
A/N

နည်းနည်းကြာသွားရင် တောင်းပန်ပါတယ်နော်
ဒီရက်ပိုင်းတော့ update မှန်မယ်ထင်ပါတယ်
ကဲ နောက်ပိုင်းကို…..မျှော်

#fromwinter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 21, novel Coffee With Honey (Complete) part 21, read Coffee With Honey (Complete) part 21 online, Coffee With Honey (Complete) part 21 chapter, Coffee With Honey (Complete) part 21 high quality, Coffee With Honey (Complete) part 21 light novel, ,

Comment

Leave a Reply

Chapter 22