Coffee With Honey (Complete) part 23

All chapters are in Coffee With Honey (Complete)
A+ A-

နောက်တစ်နေ့ မနက်ခင်းနေရောင်ခြည်လေးက အခန်းထဲသို့ ၀င်ရောက်လာခဲ့တယ်။အိပ်ရာပေါ်က ကောင်လေးရဲ့ မျက်နှာပေါ်မှာ ကျရောက်လာတဲ့ နေရောင်ခြည်က ကောင်လေးအတွက် အနှောက်အယှက် တစ်ခုလို။

“ဟင့်….ကို….ကို”

အိပ်ရာပေါ်က ပထမဆုံးတမိတဲ့ နာမည်တစ်ခုရဲ့ ပိုင်ရှင်က
ထိုကောင်လေး‌ ဘေးနားမှာ ပြုံးပြုံးကြီးနဲ့ ပြန်ဖြေလိုက်သည်။

“အင်း…”

ကိုကိုပိုင်ရှင်ရဲ့ အသံလည်းကြားတော့ ကောင်လေးက မျက်လုံးပွင့်လာခဲ့သည်။ပထမဆုံးမြင်လိုက်ရတာ သူ့ယောက်ျားပေါ့။

“ကို…ကို ခေါင်းကိုက်တယ်”

ငြိမ့် ဘန်ရင်ခွင်ထဲ တိုး၀င်ကာ ချွဲကာပြောလာသည်။
ဘာရယ်မှန်းမသိ ဘန် တစ်ချက်ပြုံးလိုက်ပြီး

“အင်း အိပ်တာကြာသွားလို့နေမှာ”

“အွန်း…ဟင်…ကျွန်တော် လက်က ဘာဖြစ်တာလဲ”

ပတ်တီးစီးထားတဲ့ လက်ကိုကြည့်ကာ ငြိမ့် ‌မေးလိုက်ခြင်းပင်။

“ငြိမ့် မနေ့ကအရမ်းဆော့လို့ ထိသွားတာလေ”

“ဟုတ်လား….မဆော့ပါဘူး ကိုကို ငါ ဘာမှစဉ်စားလို့မရဘူး ဖြစ်နေတယ်”

ငြိမ့် ပြောလာတဲ့စကားကြောင့် ဘန် စိုးရိမ်စိတ်ပေါ်လာပေမဲ့
မျက်နှာပြန်တည်ကာ

“အင်း ငြိမ့် ပင်ပန်းသွားလို့”

“..ဟုတ်လား….ကိုကို ထကြ…”

ငြိမ့် ‌စကားပြောရင်း ထလိုက်ကာ အခန်းရဲ့ ပုံစံကြောင့်
ငြိမ့် ကြောင်အစွာ ဘန်ကိုပြန်ကြည့်လာသည်။

“ကိုကို အခန်းက ကျွန်တော်တို့အခန်း မဟုတ် သလိုဘဲ ဟိုတယ်မှာလား”

“သိချင်လား ဝရံတာ ကိုသွားကြည့်လိုက်”

ဘန် စကားကြောင့် ငြိမ့် အမြန်ထကာ သွားကြည့်မိသည်။
တကယ် တကယ် သူ့မြင်လိုက်ရတာ လှိုင်းတွေထနေတဲ့ ပင်လယ်ပြင်ကြီး တကယ် ပင်လယ်ပြင်ကြီး။ငြိမ့် ‌လှိုင်းတွေလို ပျော်မြူးလာကာ ဘန်ကိုပြန်ကြည့်လာသည်။ဘန် ငြိမ့် ဆီသွားလိုက်ပြီး

“ကိုကို!!…ကျွန်တော် တို့တကယ် ချောင်းသာရောက်နေတာလား ဟင်”

“ဟုတ်တယ် ဟန်နီ”

“တကယ် ရေးးးးးး”

ပျော်မြူးလာတဲ့ စိတ်တွေနဲ့အတူ ဘန် ပါးပြင်အား ခုန်နမ်းလိုက်သည်။သူ့ကလေးပျော်နေတာကို ကြည့်ပြီး ကြည်နူးမိသည်။

“ငြိမ့် တစ်ခုတော့ ကတိပေး ငြိမ့် မှတ်ညဏ်ထဲမှာရော အတိတ်မှာရော အနာဂတ်မှာရော ပစ္စုပ္ပန်မှာရော အရာအားလုံးမှာရော ကိုယ့်ဘဲရှိနေချင်တယ် တခြားအရာတွေကို မေ့ပြီး ကိုယ်တစ်ယောက်တည်းကိုဘဲ အမြဲမှတ်မိနေပါမယ် လို့ကတိပေး”

ဘန် ရဲ့စကားရဲ့အဓိပ္ပယ်ကို နားမလည်ပေမဲ့လည်း
ငြိမ့် ဂတိ‌ပေးလိုက်သည်။

“အင်း…ကိုကို…တစ်ယောက်တည်းကိုဘဲ အမြဲ သတိရနေပ့မယ် “

ငြိမ့် ပြုံးပြုံးကြီးနဲ့စကားကိုပြန်တုံ့ပြန်ကာ ၀ရံတာပေါ်က ပင်လယ်ပြင်ကြီးကို ငေးကြည့်နေမိသည်။ပင်လယ်ပြင်ကြီးကို
ငေးကြည့်နေမိတဲ့ကောင်လေးကို တစ်ခုခုကို ပြောချင်နေမိတယ်။မပြောဖို့ဆုံးဖြတ်ရင်း တိုးဖွဖွလေးဘဲ

“ကိုယ် မင်းကိုအတ္တကြီးမိသွားရင် ခွင့်လွှတ်နိုင်မလား”

ပင်လယ်ပြင်ကြီးရဲ့ကောင်လေးကတော့ ဘန်စကားကိုမကြားနိုင်။ဘာလို့ဆို သူ့အကြည့်တွေက ပင်လယ်ပြင်ကြီးမှာ မို့လို့ဘဲ။

……………………..
……………………..
ပုသိမ်မြို့ရဲ့ ဂျောင်ကျတဲ့ တိုက်ခန်းတစ်ခုမှာ အထုတ်အပိုး
အမြန်သိမ်းနေရတဲ့ လူနှစ်ဉီး။သွေးပျက်နေတဲ့ မျက်နှာနဲ့
တစ်ခုခုကိုကြောက်ရွံနေတဲ့ပုံစံတစ်ခုလို။

“နေမင်းဟန် ကျွန်တော်တို့အခု ဘယ်သွားကြမှာလဲ ဟမ်
ဂင်ဘန်ချာရီတို့က လိုက်လာပြီ!!”

မင်းသန့်ရဲ့စကားက သွေးပျက်လျက်။

“‌ပါးစပ်ပိတ်ထားစမ်း မင်းအလုပ်က ငါ့ကိုကြိုးကိုင်တဲ့လူလားလို့မေးရင် ငြင်းပေး “

“ဟမ်…..မင်းပြောတာ ငါ့ဖမ်းခံရမယ်လို့ ဆိုလိုတာလား”

“ဖြစ်ချင််လည်း ဖြစ်သွားနိုင်တယ်”

နေမင်းဟန် ရဲ့စကားကြောင့် မင်းသန့် ကြောက်တာထက် ပိုဆိုးလာသည်။နေမင်းဟန် ဘာမှဂရုမစိုက်ဘဲ အထုတ်အပိုးတွေကို အမြန် ထည့်ရင်း

~~တီ တီ တီ တီ~~

ဖုန်းလာတဲ့ အသံကြောင့် နေမင်းဟန် ကြောက်မိသွားသည်။
ဖုန်း screen ပေါ်မှာ အမည်မသိဖုန်းနာမည်က နေရာယူထားသည်ကို တွေ့လိုက်ရသည်။

“ဟယ်လို”

“ဟယ်လို နေမင်းဟန်…”

ရုတ်တရက် ဖုန်းထဲက အသံကြောင့် နေမင်းဟန် သွေးတွေတောင် နောက်ပြန်စီးသွားသလား။နေမင်းဟန် အမြန်မင်းသန့်ရှေ့ကနေ ရှောင်လာပြီး ရေချိုးခန်းထဲ တန်း၀င်လိုက်သည်။

“..ဘယ်..သူလဲ”

“ဟက်…အသံတောင် မမှတ်မိတော့တာလား”

“ဖုန်းမှား..နေတယ် ထင်တယ်”

နေမင်းဟန်ရဲ့ ‌စကားကြောင့် ဖုန်းထဲကလူ ဟက်ခနဲ့ ရီမောလိုက်သည်။ဒီအသံက သေချာတယ် ဘန်တို့ မဟုတ်……‌။

“ဟားဟား….ရှောင်မပြေးနဲ့ အခု မင်းမသေချင်ရင် ငါ့စကားနားထောင်”

“ခများ..ကဘယ်သူမို့လိုလဲ”

“ဘယ်လို…ပြောရမလဲ မင်းမလုပ်နိုင်တဲ့ အလုပ်ကို ငါလုပ်နိုင်တယ်”

ရှမ်းသံလို ခပ်ဝဲဝဲအသံကြောင့် နေမင်းဟန် ဘယ်သူမှန်းတော့ မသိပေမဲ့ ‌စိုးရိမ်စိတ်တွေအပြည့်။

“လိုရင်းတိုရှင်းဘဲ ပြောမယ် မင်းနေရာကို ဂင်ဘန်ချာရီတို့ သိသွားပြီ အေး အဲ့တော့ မင်းဆီသူ့တို့လာလိမ့်မယ် နားလည်တယ်မလား”

“……….”

နေမင်းဟန် စကားပြောစရာမဲ့သွားသည်။ဘယ်သူမလို့ အဲ့လောက်သိနေတာလဲ။

“အခုမင်း‌ရွေးချယ်ရမဲ့အရာက မင်းသေချင်လား မသေချင်ဘူးလား ဘဲ”

“…………”

ထိုလူရဲ့စကားကြောင့် နေမင်းဟန် ဘာလုပ်ရမလဲဆို ဝေခွဲရ။
နောက်ဆုံး စိတ်လျှော့လိုက်ပြီး လူဆိုတာ အသက်ရှင်ရအုံးမှာဘဲလေ။

“မသေချင်ဘူး”

နေမင်းဟန်ရဲ့အဖြေကြောင့် တဖက်လူ အားရပါးရ ရီမောမိလိုက်သည်။

“ဟားဟား မင်းလည်းကိုယ့်အသက်ကိုတန်ဖိုးထားတဲ့ လူဘဲ
အိုခေလေ အခု‌မင်းလုပ်ရမှာက တစ်ခုလိုချင်ရင် တစ်ခုကိုပြန်ပေးလိုက် နားလည်တယ်မလား”

တဖက်ကလူရဲ့စကားကြောင့် နေမင်းဟန် နားလည်လိုက်ပြီး
အ၀တ်အစားတွေထည့်နေတဲ့ မင်းသန့် ကြည့်ကာ ခပ်ပြုံးပြုံးလိုက်ပြီး

“သိပါပြီ”

…………………
…………………
တစ်ဖက်မှာတော့ ဝမ်းစက်အင်းကျီအ၀ါ‌ရောင် ကို၀တ်ဆင်ထားတဲ့ ကောင်လေးက အခန်းထဲကနေ ဧည့်ခန်းသို့ထွက်လာခဲ့သည်။
ဧည့်ခန်းမှာတော့ နဒီနဲ့စုပြည့်ဉီးတစ်တွဲ ဘုန်းခနဲ့မင်းခန့်ကတစ်တွဲ အလုပ်ရှုပ်နေကြသည်။ကြားထဲက တာတီးက ‌ကောင်းစေသူကိုသတိရကာ ထိုင်ဆွေးနေမိသည်။သူ့ရဲ့အပေါင်းအဖော်က သူ့ကိုထားသွားခဲ့တယ်။တာတီးတို့အလုပ်တစ်ခုစီ ရှုပ်နေတုန်း နေကာမျက်မှန်ကိုတပ်ဆင်လျက် ပြုံးနေကာထွက်လာတဲ့ ကောင်လေးကြောင့် ကြည့်နေတဲ့လူတွေ အထူးအဆန်းဖြစ်နေသည်။

“သခင်လေး…..”

“ဟင် တာတီး”

“သခင်လေး ဘာမှမဖြစ်ပါဘူးနော်”

တာတီးရဲ့စကားကြောင့် ငြိမ့် နေကာမျက်မှန်ကို ချွတ်ကာ
ကြောင်ကြည့်နေမိသည်။နဒီတို့လည်း လုပ်နေတဲ့အလုပ်ကိုရပ်လိုက်ပြီး ငြိမ့် ပုံစံကို ခန့်မှန်းနေကြမိသည်။သူ့တို့ခေါင်းထဲမှာ ဘာဖြစ်သွားတာလဲ ဆိုတဲ့မေးခွန်းအပြည့်။

“ဘာမှမဖြစ်ပါဘူး ဒဏ်ရာကပါးပါးလေးပါ”

ငြိမ့် သူ့လက်ကိုမေးတယ်ထင်ပြီး ပြန်ဖြေလိုက်သည်။
ရုတ်တရက် ကိစ္စတစ်ခုကိုသတိရကာ

“တာတီး ကောင်းစေသူရော…”

ထိုမေးခွန်းကြောင့် ဧည့်ခန်းရှိ လူတွေ ကြောင်အသွားသည်။
တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ရင်း မျက်လုံးချင်း မေးခွန်းထုတ်နေမိသည်။

“သခင်လေး….ကောင်းစေသူက….”

“အဟမ်း!!”

တာတီး တုန်ရီစွာ ငြိမ့်ကိုကောင်းစေသူအကြောင့် ပြောဖို့ပြင်လိုက်ပေမဲ့ အေးစက်တဲ့အသက်ကြောင့် ရပ်တန့်သွားသည်။

“ဘာပြောမလို့လဲ”

ထိုအချိန် လေသံမာမာနဲ့ပြောလာတဲ့ ဘန်ကြောင့် တာတီးလည်း ကြောင်အသွားပြီး

“ဘာမှ..မဟုတ်ပါဘူး သခင်ကြီး”

တာတီး ချက်ချင်းခေါင်းငုပ်ကာ အမြန်ဖြေလိုက်သည်။တာတီးပြန်ဖြေသံကြားပြီးတော့ သူ့ကိုကြည့်နေတဲ့ ငြိမ့်ဆီလာပြီး

“ငြိမ့် သွားဆော့မယ်ဆို”

ဘန် လေသံပြောင်းသွားကာ ပြောလာတာကြောင့် ငြိမ့်လည်းပြုံးပြကာ ခေါင်းညိမ့်ပြီး

“အင်း….သွားလိုက်အုံးမယ် “

ငြိမ့် သံသယ မရှိစွာဖြင့် အပြင်ကိုပြေးထွက်သွားသည်။
တာတီးက ကြောင်အစွာကျန်ခဲ့ပေမဲ့ ဘုန်းခက ဆရာ၀န်ပီပီ အခြေအနေကိုရိပ်မိတာကြောင့်။

“ဘန် မင်းငြိမ့်ကို ဆေးထိုးလိုက်တာလား”

ဘုန်းခရဲ့စကားကိုကြားတော့ နဒီတို့လည်း ရိပ်မိသွားကာ
ထိုင်နေတဲ့နေရာက ထလာကြသည်။

“ဟမ်….ဘန် ပြောလေ “

“အေး ဟုတ်တယ်”

“ဘာပြောတာ!!”

ဘန်ရဲ့စကားကြောင့် မင်းခန့် ထအော်လိုက်မိသည်။
ဘုန်းခတို့လည်း ကိုယ့်နားနဲ့ကိုယ်မယုံနိုင်ဖြစ်ရပေသည်။

“ဟုတ်တယ် ငါ့သူ့မှတ်ညဏ်တွေကို ဖျောက်လိုက်မိတယ်!!”

ဘန် လည်းပြန်အော်လာတာကြောင့် အခြေအနေမဆိုးရွားခင်
နဒီ တားလိုက်ကာ

“ဘန် အဲ့ဆေးက ဘယ်လောက်အန္တရယ်ရှိလဲ ဆိုတာ နင်မသိတာလား ပြီးတော့ နင်လည်းသိတယ်မလား ငါ့တို့ အလုပ်လုပ်နေတာကို မြင်‌သွားတဲ့လူရှိရင် မသတ်ဘဲ အဲ့ဆေးထိုးလိုက်တယ်လေ အဲ့လူဘယ်လောက်နေနိုင်သွားလဲ မင်းသိတယ်မလား”

နဒီ အသံကိုဖျော့ပြောကာ ပြောလာသည်။နဒီစကားကြားတော့ ဘန် သက်ပြင်းချကာ

“ငါသိတယ် ငါသိရက်သားရီးနဲ့ လုပ်ခဲ့တာ ဘာလို့ဆို ချစ်လို့ဘဲ ငါ့ချစ်သူ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို အမှတ်ရပြီးနာကျင်နေရမှာ ငါမလိုလားဘူး “

“အခုဆေးထိုးလိုက်တော့ ဘာထူးသွားလဲ ဟမ်!”

နဒီ အသံမာလာမိသည်။ဘာလို့ဆို ဘန်က အဲ့ဆေးကို ကိုယ်တိုင်ဖော်စပ်ခဲ့လို့ဘဲ။ဘယ်လောက်ထိ ဖြစ်သွားနိုင်မလဲ အသက်တောင်ဆုံးရှုံးနိုင်တဲ့အထိပေါ့။

“ဆောနဒီလှိုင် မင်းသိလား နောက်ထပ်ဘာတွေဖြစ်လာအုံးမလဲဆိုတာကို ဟမ်!! မကြာခင်နောက်တစ်ယောက် အသက်ဆုံးရှုံးတော့မယ် အဲ့ပုံရိပ်က ငါ့ငြိမ့်ဆီ တစ်ဖန်ပြန်ရောက်လာအုံးမှာ အချိန်ကြာလာရင် ငြိမ့် တစ်ခုပြီးတစ်ခုမေ့လာလိမ့်မယ်ဆိုတာ ငါ့နားလည်တယ် နောက်ဆုံး ငါ့ကိုတောင် မေ့သွားရင်လဲ ဘာမှမဖြစ်ဘူး ငါ့မှတ်မိနေရင်ရပြီ”

ဘန် လေသံမာမာနဲ့ပြောလာတဲ့စကားတွေက နဒီ မျက်ရည်ကျမိသည်။ဘာလို့ဆို နောက်ဆုံး နာကျင်ရမဲ့လူက
ဘန်ကိုယ်တိုင်ဖြစ်နေလို့ဘဲ။

“ငါ့အရာအားလုံးကို ဆုံးဖြတ်ပြီးလုပ်ခဲ့တာ သူ့ငါ့ကို မေ့သွားပြီး သူစိမ်းတစ်ယောက်လိုဆက်ဆံရင်တောင် ငါ့ကျေနပ်နေပြီဘာလို့ဆို ငါ့မြင်ချင်တာက သူ့အမြဲပြုံးနေဖို့ဘဲ တခြားဘာမှမဟုတ်ဘူး ငေးကြည့်ရရုံနဲ့ ထာ၀ရချစ်လို့ရမယ် ဆိုတာ ငါ့ယုံကြည်တယ်”

ဘန် စကားလုံးတွေက ထိုင်နေတဲ့ဆိုဖာမှာထိုင်နေတဲ့ စုပြည့်ဉီးကိုပါ မျက်ရည်ကျမိအလား။

“ဆောနဒီလှိုင် မင်းတောင် မင်းကိုမမြင်ရတော့တဲ့လူကိုချစ်နိုင်သေးတာဘဲ ငါလည်း ငါ့ကို မေ့သွား‌တော့မဲ့လူကို ချစ်နိုင်တယ်”

ဘန် စကားကိုနားထောင်ပြီးတော့ နဒီ လက်ခံနိုင်သလို ဖြစ်သွားခဲ့တယ်။နဒီ စိတ်လျှော့လိုက်ပြီး ဆိုဖာပေါ်ကစုပြည့်ဉီးကြည့်လိုက်ကာ နဒီဆုတောင်းမိတယ် အချစ်ဉီးနဲ့မလွဲပါရစေလို့။ဘာလို့ဆို စုပြည့်ဉီးက သူ့ရဲ့အချစ်ဉီးမို့။

မင်းခန့်လည်း ဒေါသဖြစ်လို့တာ အော်ပြောမိတာ သူ့ပြောချင်တာ နောက်ဆုံး ကျန်ခဲ့ရမဲ့လူကို သူ့သူငယ်ချင်း ဘန်မဖြစ်စေချင်ဘူး။တေးငြိမ့်လွှားပေါ် ဘန်ဘယ်လောက်ချစ်လဲဆိုတာ
သူ့တို့အသိဆုံး။ဘန် ပြောသလိုသာ ဖြစ်လာခဲ့ရင်
အချစ်ကို ကိုးကွယ်ခဲ့ပြီးမှ ရူးမတက်ခံစားရတာမျိုးဆိုတဲ့
အဖြစ်ပျက်ကို ‌မြင်တွေ့မရပါစေနဲ့လို့ ဆုတောင်းမိသည်။

အချစ်ဉီးဆိုတဲ့ စကားလုံးက တိုတိုလေးဖြစ်ပေမဲ့ သိပ်ကိုခံစားရလွန်းတယ်။ချစ်တယ် ပိုင်ဆိုင်ချင်တယ်
ဒါမဲ့ မပိုင်ဆိုင်နိုင်ခဲ့ဘူး။တချို့အချစ်ဉီးကို ပိုင်ဆိုင်ခွင့်ရှိတဲ့ လူလည်း ရှိတယ်ထင်ပါရဲ့။အချစ်ဇာတ်လမ်းလေးရဲ့ နောက်ဆုံးပိုင်းမှာ ရူးမတက်ချစ်တာဘဲ ဖြစ်ချင်ပြီး ရူးမတက်ဆုံးရှုံးရတာမျိုး မဖြစ်ပါရစေ။

…………………..
…………………..
A/N

ကဲ ဆောင်းလည်း အဂျစ်တို့ကိုတစ်စုံတစ်ခု ဂတိမတည်နိုင်ခဲ့ရင် ခွင့်လွှတ်ပေးနိုင်မလား။ဆောင်းလည်း မျှော်လင့်မိပါတယ်
ကော်ဖီနဲ့ပျားရည် အမြဲတွဲဖက်နိုင်ပါစေလို့။ဒါပေမဲ့လည်း
ကံခေခဲ့ရင်……..။

#fromwinter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 23, novel Coffee With Honey (Complete) part 23, read Coffee With Honey (Complete) part 23 online, Coffee With Honey (Complete) part 23 chapter, Coffee With Honey (Complete) part 23 high quality, Coffee With Honey (Complete) part 23 light novel, ,

Comment

Leave a Reply

Chapter 24