Coffee With Honey (Complete) part 26

All chapters are in Coffee With Honey (Complete)
A+ A-

တဖန် မနက်ခင်းတစ်ခု။
လှိုင်းသံတွေက ဆူညံနေလျက်။
မနက်ခင်းနေရောင်ခြည်က အားလုံးကိုနိုးထစေခဲ့တယ်။ဒါပေမဲ့လည်း ရင်ခွင်ထဲကသူလေးက မနိုးနိုင်သေး။

ဘန် ဘေးနားကနာရီကြည့်လိုက်တော့
၉နာရီခွဲနေပြီပင်။အဲ့တာတွေကိုမသိတဲ့
ရင်ခွင်ထဲကသူလေးက ဟောက်သံသေးသေးလေးနဲ့အတူ အိပ်မောကျနေသည်။
အိပ်မောကျနေတဲ့သူကိုမနိုးတော့ဘဲ
ထလာခဲ့သည်။T shirt တစ်ထည်ကိုကောက်၀တ်ကာ ဧည့်ခန်းသို့ထွက်လာခဲ့သည်။

စီးကရက်အနံက ဧည့်ခန်းတစ်ခုလုံးကို
ပြည့်နှံနေခဲ့သည်။ဧည့်ခန်းထဲမှာ စီးကရက်တစ်ဘူးလောက် ကုန်အောင်သောက်နေတဲ့လူကို တွေ့လိုက်ရသည်။

“ဆောနဒီလှိုင် မင်းဘယ်နလိပ်လောက်သောက်နေတာလဲ”

ဘန် မေးကာ ဆိုဖာပေါ်၀င်ထိုင်လိုက်သည်။စီးကရက်‌ကိုရှိုက်ကာ ဘန်ကို
မျက်စိဝှေ့ကြည့်ကာ အသက်မပါစွာပြောလိုက်သည်။

“ငါဘယ်လိုလုပ်ရမလဲ ဟင်”

နဒီစကားက ဘာကိုရည်ညွှန်းမှန်းသိလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ငါ့ဘေဘီ ခံစားနေရတာကို ဘယ်လိုလုပ်ပေးရမလဲ”

ဘန်ကိုကြည့်ပြီးတော့ ပြောလိုက်ပေမဲ့ နဒီအကြည့်တွေကို ပုံမှန်မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။ဖြစ်နိုင်ချေက

“မင်း ဆေးသုံးထားတာလား”

“………”

ဘန်မေးလိုက်တော့ ဘာမှပြန်မဖြေတာကြောင့်
သေချာသွားသည်။ဘန်ဘာမှပြန်မပြောခင် ဘုန်းခတို့ရောက်လာကြသည်။ဘုန်းခ လက်ထဲမှာ ဖိုင်အိတ်တစ်အိတ်နဲ့ပင်။နဒီရဲ့ပုံစံကိုကြည့်ပြီး ဘုန်းခ ဆရာ၀န်ပီပီသိလိုက်သည်။
မင်းခန့်ကတော့ တစ်ခုမှမရိပ်မိ။

“ဘာဖြစ်နေကြတာလဲ”

မင်းခန့်မေးလိုက်ပေမဲ့ ဘယ်သူမှပြန်မဖြေကြပါ။
ဘုန်းခ သူ့ယူလာတဲ့ဖိုင်ကို နဒီရှေ့ကိုချပေးလိုက်သည်။
သူ့ရှေ့လာတဲ့ ဖိုင်စာအိတ်ကိုကြည့်ကာ ဘုန်းခကိုပြန်ကြည့်လိုက်သည်။

“ဒါက နင့်ကောင်မလေးအတွက် မျက်ကြည်လွှာ”

ဘုန်းခစကားကို နားထောင်ပြီး တုန်ရီနေတဲ့လက်နဲ့ ဖိုင်ကိုဖွင့်ကြည့်လာသည်။နဒီမျက်နှာ မျှော်လင့်ချက်ရောင်ခြည်တွေ ပေါ်လာခဲ့သည်။

“အဲ့တာဆို ငါ့ကောင်မလေး ပြန်မြင်ရတော့မှာပေါ့”

နဒီရဲ့စကားကိုကြားတော့ ကျန်တဲ့သုံးယောက်လည်း ပြုံးလိုက်ကြသည်။ဘာမှမသိတဲ့ မင်းခန့်ကတော့ ရောချောင်ပြုံးတာပေါ့။

“အေး…..”

“ဒါဆို ငါ့အမျိုးသမီးကိုသွားပြောလိုက်အုံးမယ်”

ပြောကာ ထသွားတဲ့ သူ့တို့သူငယ်ချင်းကိုကြည့်ကာ
ထပ်တူပျော်ရွှင်မိပါရဲ့။

“ဘုန်းခ ငါပြောထားတဲ့ ကိစ္စကို အစီအစဉ်ဆွဲပြီးပြီလား”

ဘန်စကားကြောင့် ဘုန်းခလည်း ခေါင်းညိမ့်လိုက်သည်။
ပျော်စရာကိစ္စတွေက မပြီးသေးပါ။ကျန်သေးပါသည်။
ပြောပြီးတာနဲ့ ဘုန်းခရော ဘန်က ဧည့်ခန်းထဲက ထွက်သွားသည်။ကျန်ခဲ့တဲ့ မင်းခန့်ကတော့ ဘုန်းခနောက်ကိုအတင်းလိုက်မေးသည်။
………………
………………

ဘန် စကားပြောပြီးတာနဲ့ သူ့အချစ်ရှိရာ အခန်းကို ပြန်လာခဲ့သည်။သူ့အချစ်ကတော့ အိပ်ပျော်နေတုန်း။
ဘန် ကိစ္စတစ်ခုကို သတိရသွားကာ တစ်စုံတစ်ယောက်အား ဖုန်းဆက်လိုက်သည်။

“ဟယ်လို….ဘိုးဘိုး “

“မြေးကြီး ဖုန်းတွေဘာတွေ ဆက်လို့ဘာလား”

“ဟုတ်ကဲ့ ဘိုးဘိုး မေးစရာရှိလို့”

“မေးလေ….မြေးရဲ့”

“ခွန်ထချိုင်း အဘိုးအိမ်ကိုလာသေးလား”

ရုတ်တရက် မေးလာတဲ့ဘန်စကားကြောင့်
တစ်ဖက်ကဘိုးဘိုး တိတ်ဆိတ်သွားသည်။
ခွန်ထချိုင်းဆိုတာ ဘန်အဖေပင်။

“မလာပါဘူး မြေးရဲ့ ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး အဘိုး ဆေးပုံမှန်သောက်နော်”

“‌အင်းပါ ဒီအဘိုးကြီး မသေနိုင်သေးဘူးကွာ”

“ဟုတ်ကဲ့ ဘိုးဘိုး ကျန်းမာရေးဂရုစိုက်နော်”

“အင်း…မြေးကြီး…ငါ့‌မြေးလေးကိုလည်း ဂရုစိုက်နော်”

“ဟုတ်”

ဖုန်းပြောတာကိုအဆုံးသတ်လိုက်သည်။ ဘန်ကိစ္စတစ်ခုကို
အတည်ပြုနိုင်သွားတဲ့ ပုံရိပ်ပင်။ထိုနောက် အိပ်ပျော်နေတဲ့ သူ့ကလေးကိုနှိုးရတော့မည်။မနက်စာ စားချိန်တောင်ကျော်လွန်သွားခဲ့ပြီလေ။

“ကိုယ့်ရဲ့ ငြိမ့်လေး…..”

ဘန် ငြိမ့်ပါးကိုခပ်ဖွဖွလေးကို ဆွဲကာ နှိုးလိုက်ပေမဲ့
ဟင့် ဆိုတဲ့အသံနဲ့ ပြန်အိပ်သွားတဲ့ သူ့ကလေးငယ်ကိုကြည့်ကာ အချစ်တွေပိုတိုးရပေသည်။

“ကိုယ့်ရဲ့ဟန်နီလေး….ချစ်ရသူလေး”

ဘန် ခပ်ဖွဖွပြောကာ ဆံပင်ကောက်ကောက်လေးကို ပွတ်သပ်ပေးလာသည်။အိပ်နေသူလေးက ပြုံးယောင်ယောင်လေး ဖြစ်နေတာကြောင့် နိုးနေတာလား မနိုး‌ချင်ယောင်ဆောင်နေတာလား။သူ့ကိုကျီစယ်နေတဲ့ ကလေးငယ်ကိုကြည့်ပြီး

“နိုးနေတာ ကိုယ်သိ‌တယ်နော် မထရင် ကိုယ်နို့စို့ရလိမ့်မယ်”

ဘန်စကားကြောင့် ရုတ်တရက်ထလာတဲ့လူကြောင့်
ပြုံးဘဲပြုံး တော့သည်။ပါးချိုင့်တွေ ပေါ်အောင် ပြုံးမိပါသည်။

“ထပြီလို့…ဟွန့်”

ဆူအောင့်အောင့်အသံလေးနဲ့ ပြောလာတဲ့ ကလေးငယ်ကိုကြည့်ကာ ဒူးအောက်ကနေ တိုးဝှေ့ကာ မင်းသမီးလေးလိုပွေ့ချီလိုက်သည်။ရုတ်တရက် ပွေ့ချီခံလိုက်ရတဲ့ ငြိမ့်က
လန့်ကာ ဘန်လည်ပင်းကို အမှီဖက်လိုက်သည်။

“ကိုကို!! ဘာလုပ်တာလဲ”

“ညစ်တူးနေတဲ့ ဟန်နီကို သန့်ရှင်းပေးမလို့လေ”

ဘန်စကားကြောင့် ငြိမ့် မျက်နှာ ပန်းရောင်သန်းလာသည်။

“ဘာတွေတွေးနေတာလဲ အော်… ကိုယ်သိပြီ ဟန်နီက morning exercise လုပ်ချင်တာလား”

ဘန်စကားကိုကြားတော့ ငြိမ့် မျက်နှာပန်းရောင်ထက် အနီရောင်သန်းလာသည်။ရှက်သွားတာကြောင့် ဘန်ရင်ဘတ်ကို
ထုရိုက်လိုက်မိသည်။အရုက်သည်းသွားတဲ့ ငြိမ့်ကိုကြည့်ရင်း
တကယ်လုပ်လိုက်ရင်ကောင်းမလား အတွေးတွေ ပေါ်လာသည်။

“ကိုကို! ပေါက်ကရတွေ မပြောနဲ့”

“ဟက်…တကယ်ပြောတာ မယုံဘူးလား ရတယ်လေ တကယ်လုပ်ပြမယ်”

ဘန်စကားကိုပြန်ဖြေချိန်မရ ငြိမ့်ကို ကုတင်ပေါ် ပြန်ချလိုက်ပြီ။ငြိမ့်ပေါ်ကနေ အုပ်မိုးလိုက်သည်။ထွက်ပြေးစရာ အပေါက်မရှိတော့ ငြိမ့်‌ဂျောင်ပိတ်‌မိသည်။

“ကိုကို…ဗိုက်ဆာနေတယ်လေနော် နောက်မှ အာ့”

ငြိမ့် စကားမဆုံးလိုက် ငြိမ့်ည၀တ်အင်းကျီကို ဆွဲဖြဲလာတဲ့ ဘန်ကြောင့် တားလို့တောင်မရလိုက်။

“ကိုယ့်ရဲ့ငြိမ့်က ဗိုက်ဆာနေတာဆိုတော့ ကျွေးရမှာပေါ့”

~~ပြွတ်စ်~~

ရင်ဘတ်ပေါ်က ပန်းရောင်ရှိတဲ့အသီးနှစ်သီးကို နို့စို့သလို
စို့နေတဲ့ ဘန်ကြောင့် ငြိမ့်နေရခက်လာသည်။

“အင့် ကိုကို မလုပ်နဲ့ ဟ့”

“ငြိုငြင်တာလား အချစ်က”

“ဟင်….”

ရုတ်တရက် ငိုမဲ့မဲ့အသံနဲ့ပြောလာတဲ့ ဘန်ကို ငြိမ့် ဘာပြန်ပြောရမလဲမသိတော့။

“ဟမ် ငြိုငြင်တာလား ကိုယ်ကိုလေ ငြီးငွေ့သွားပြီလား”

“မဟုတ်…..”

“ကိုယ်မှာတော့ ချစ်လိုက်ရတာ အချစ်ကတော့ ငြိုငြင်တယ်
ရင်ကွဲမတက်ခံစားရတယ် အချစ်ရယ်”

ရုတ်တရက် ချွဲသလိုအသံနဲ့ပြောလာတဲ့ လူဆိုးကြီးကြောင့်
ငြိမ့် ကြောင်အသွားသည်။လူဆိုးကြီးကနေ လူဆိုးလေး ပြောင်းသွားတာလား။

“မဟုတ်ပါဘူး ကို..ကို”

“သေချာပြော ကိုယ့်ကို မငြိုငြင်ဘူးပေါ့”

“အင်း….”

“ဟုတ်ပြီ ဒါဆို ချစ်မယ်နော်”

ဘန် စကားဆုံးတာနဲ့ မျက်နှာပေါ်မှာ အပြုံးတွေပြန်ပေါ်လာသည်။စားချင်တာစားရတဲ့ ကလေးတစ်ယောက်လိုမျိုး။
ဘန် လုပ်လက်စအလုပ်တွေကို ဆက်လုပ်နေသည်။
အင်း လို့ဖြေလိုက်တဲ့ ငြိမ့်ကတော့ နောင်တရမဆုံး။

၁နာရီကျော်ကျော်လောက်ကြာတော့ ပြီးဆုံးသွားခဲ့ပြီလေ။
ငြိမ့်တစ်ယောက် မနက်စာနဲ့နေ့လယ်စာ ပေါင်းစားလိုက်ရသည်။လုပ်ချင်တာလုပ်ခွင့်ရသွားတဲ့ လူဆိုးကြီးကတော့
ငြိမ့်ကို ရင်ခွင်ထဲ ထည့်ကာ အိပ်နေလိုက်သည်။

မအိပ်‌နိုင်တဲ့လူက ငြိမ့်ပင်။ငါကိုတော့ လုပ်ချင်တာလုပ်သွားတယ်။သူကျတော့ အိပ်နေတယ်။သူ့ခံရတာလား ငါခံရတာလား။ ငြိမ့်ဒေါသတွေ ထွက်လာသည်။အခုချိန် ကုတင်ပေါ်က ကန်ချလို့ရရင် ကန်ချချင်တယ်။အောက်ပိုင်း လှုပ်လိုက်တာနဲ့
စပ်နေတာကြောင့် ကန်လို့မရ။အဲ့တာနဲ့ဘဲ နောက်ထပ်၂နာရီလောက် ဘန်သူ့ကိုဖက်ပြီး အိပ်တဲ့ပုံစံတိုင်း ကျောက်ရုပ်အဖြစ် နေလိုက်ရသည်။

ဖယောင်းတိုင်လည်း မီးဆိုတဲ့အရာနဲ့‌ ထိတွေ့မိသွားရင်
ပျော်ကျသွားတာဘဲ။အဲ့လိုဘဲ လူတိုင်းကြောက်ရပါတဲ့ဆိုတဲ့ မာဖီးယားကိုကိုကလည်း အချစ်နဲ့တွေ့တဲ့အခါ ကလေးဆိုးတစ်ယောက်လို့ဘဲလား။
…………………..
…………………..
တစ်ဖက်မှာတော့ ဖိုင်တစ်ခုနဲ့ အပြုံးမပျက် ၀င်လာတဲ့ နဒီ။
ကုတင်ပေါ်မှာ ချစ်ရသူလေးက လေညှင်းတိုက်ခက်ရာ ၀ရံတာကိုကြည့်ပြီး သီချင်းသံလေးကို နားထောင်နေသည်။
ဘယ်လောက်တောင် အေးချမ်းလှလဲ။

Come just as you are to me
(မင်းရဲ့ပုံစံအမှန်တိုင်းလေးဘဲ ငါစီလာခဲ့)

Don’t need apologies
(တောင်းပန်တဲ့စကားတွေလည်း မလိုချင်ဘူး)

Know that you are worth
(မင်းသိလား မင်းကငါ့ရဲ့အဖိုးတန်လေးမလို့)

I’ll take your bad days with your good
(မင်းရဲ့‌ဆိုးသမျှကို မင်းရဲ့ကောင်းကွက်လေးတွေနဲ့ဖြည့်ပေးမယ်)

Walk through the storm, I would
(မုန်တိုင်းဆိုလည်း ငါဖြတ်ကျော်လာခဲ့မယ်)

I do it all because I love you
(အရာရာကို စွန့်စားလိုက်မယ် မင်းကိုချစ်တာမလို့)

I love you
(မင်းကိုချစ်တာမလို့)

Unconditional, unconditionally
(ခြွင်းချက်မရှိစွာ ခြွင်းချက်မရှိစွာနဲ့)

I will love you unconditionally
(ခြွင်းချက်မရှိစွာနဲ့ပဲ မင်းကိုချစ်နေမှာ)

There is no fear now
(ဘာအကြောက်တရားမှမရှိဘဲ)

Let go and just be free
(ကြောက်သမျှကို စွန့်လွှတ်ပြီး လွတ်လပ်လိုက်)

I will love you unconditionally
(ခြွင်းချက်မရှိစွာနဲ့ပဲ မင်းကိုချစ်နေမယ်)

Unconditionally ဆိုတဲ့ သီချင်းလေးကို
နားထောင်ဆင်လျက်။အေးချမ်းနေတဲ့ သူ့အချစ်နားဆီ သွားလိုက်သည်။

“စု…”

“ဟင် ဆော”

နဒီရဲ့ခေါ်သံကြားတော့ စုပြည့်ဉီး ပြန်ဖြေလာသည်။
နဒီ အပြုံးမပျက်စွာနဲ့ စုပြည့်ရှေ့မှာ ဒူးထောက်လိုက်သည်။

“စု ကိုယ့်ရဲ့စုလေး ဟင့်”

နဒီပြောချင်ပေမဲ့ ပြောမထွက်။ပျော်တာရော ၀မ်းသာတာရော ပေါင်းပြီး မျက်ရည်ကျလာသည်။နဒီအသံကိုကြားတော့
စုပြည့် နဒီမျက်နှာကို စမ်းကြည့်ကာ ပါးပြင်ကိုကိုင်လိုက်သည်။

“ဘာ…ဘာလို့ငိုတာလဲ ဆော ဟင်”

“ဟင့်…စု…မကြာခင်လေ စု ကိုယ်ကိုတွေ့…ရတော့မယ်ထင်တယ်”

နဒီ ပါးပြင်ကိုခပ်ဖွဖွကိုင်ထားတဲ့ စုပြည့်ရဲ့လက်လေးကို
ဆုပ်ကိုင်ကာ ပြောလိုက်သည်။နဒီ စကားကိုကြားတော့
စုပြည့် ရင်တွေခုန်လာကာ မျက်နှာပေါ်မှာ အပျော်တွေ
ပြည့်လျှံနေခဲ့သည်။

“တကယ်…တကယ်လား ဟင် ဆော”

မျက်ရည်ကျမတက် ပျော်သွားတဲ့ စုပြည့်ရဲ့ မျက်နှာလေးက
နဒီကို ပိုပျော်နေမိတယ်။ချစ်ရသူပျော်ရင် ကျေနပ်ပါပြီ။
သူ့ယူလာတဲ့ဖိုင်ကို စုပြည့်လက်ထဲ ထည့်ကာ ပြောလိုက်သည်။

“အင်း….‌စုအတွက် မျက်ကြည်လွှာရပြီ…”

နဒီစကားကိုကြားတော့ စုပြည့် ၀မ်းသားမျက်ရည်ကျလာ
သည်။နောက်ဆုံးတော့ ချစ်ရသူကို မြင်ရတော့မယ်လေ။

“ဒါဆို…ဆောကို မြင်ရတော့မယ် ဟင့်…ငါလေ…
ဘယ်လိုပြောရမလဲဟင် ဆောကို တကယ်မြင်ရတော့မှာမှတ်လား”

စုပြည့်ဉီး ၀မ်းသာမျက်ရည်ကျလျက် သူ့ရင်ဘတ်ကို
ပွတ်ကာ ပြောလာသည်။နဒီ စုပြည့်လက်ကို ဆုပ်ကိုင်လျက်
ခေါင်းညိမ့်နေမိသည်။သူ့ကိုယ်တိုင်လည်း ပျော်နေမိသည်။
သူ့ချစ်ရသူ အမှောင်ထုထဲကနေ လွတ်မြောက်လာတော့မယ်။

“ပျော်လိုက်တာ ဆောရယ်….ချစ်တယ်နော်”

လက်တွေတုန်ရီကာ နဒီကိုဖက်လာတဲ့ စုပြည့်ကို ရင်ခွင်ထဲထည့်လိုက်သည်။

“အင်း ‌ဘေဘီ အမှောင်ထုထဲကနေ လွတ်မြောက်တော့မယ်
အရာအားလုံးပြီးဆုံးသွားရင် ကိုယ်တို့ရဲ့မိသားစုဘ၀လေးကို
တည်ဆောက်ရအောင် နော် အချစ်”

“အင်း အင်း……ငါမိသားစုရတော့မယ်…ဟင့်……
အချစ်ကိုလည်း မြင်ရတော့မယ် ဒီထက် ဘာမှမလိုချင်တော့ပါဘူး ဆောရယ်”

မကြာခင် အရာအားလုံးကို မြင်ရပြီး မိသားစုဘ၀လေး
ပိုင်ဆိုင်ရတော့မှာမို့ စုပြည့်ဉီးမှာ အပျော်တွေ လှိုင်းတွေလိုလှိုက်တက်လာခဲ့သည်။ပျော်နေတဲ့ စုပြည့်ကိုကြည့်ပြီး
နဒီ တစ်လောကလုံးကို အနိုင်ရလိုက်သလိုဘဲ
ချစ်ရတဲ့ စုရေ။

………………
………………
A/N

“ဒီအပိုင်းကိုတော့ သကြားထည့်ပေးထားတယ်နော် အဂျစ်တို့”

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 26, novel Coffee With Honey (Complete) part 26, read Coffee With Honey (Complete) part 26 online, Coffee With Honey (Complete) part 26 chapter, Coffee With Honey (Complete) part 26 high quality, Coffee With Honey (Complete) part 26 light novel, ,

Comment

Leave a Reply

Chapter 27