Coffee With Honey (Complete) part 27

All chapters are in Coffee With Honey (Complete)
A+ A-

မနက်မိုးလင်းတိုင်း ဧည့်ခန်းကနေ စီးကရက်အနံတွေ ထွက်လာခဲ့လေ့ရှိသည်။ဘန် အိပ်ရာနိုးနိုးချင်း သူ့ကလေးကို ခနထားခဲ့ကာ ဧည့်ခန်းကိုအရင်ရောက်လာသည်။နောက်တစ်ချိန်တွေ့လိုက်ရတာ ဆေးလိပ်ဖွာနေတဲ့ဆောနဒီလှိုင်ပင်။ဘန်မျက်ခုံးကျုံ့မိသွားသည်။

“ဘာဖြစ်ပြန်ပြီလဲ”

ဘန် ပြောလိုက်ပြီး ၀င်ထိုင်လိုက်သည်။ဘန်အသံကြားတော့ ဆောနဒီလှိုင် မနေ့ကလို မဟုတ်ဘဲမော့ကြည့်လာသည်။
ကြည်လင်နေတဲ့မျက်လုံးဖြင့်သာ

“ငါလေ….စုပြည့်ဉီးကို လက်ထပ်ခွင့်တောင်းမလို့”

‌”အယ့်လယ် ငါသူငယ်ချင်းကဟုတ်လှရီလား”

ဆော စကားဆုံးတာနဲ့ဧည့်ခန်းထဲသို့၀င်လာတဲ့ ဘုန်းခအသံကြီးကိုကြားလိုက်ရသည်။ထုံးစံတိုင်း နောက်ကမင်းခန့်ပါလာသည်။

“ငနွား အသံတိုးစမ်း ငါ့ကလေးအိပ်နေ‌တယ်”

ဘန် ဘုန်းခကိုဟောက်လိုက်သည်။ဘုန်းခ နှာရှုံ့ကာ

“ကဲကဲပိုမနေနဲ့ အခန်းတွေက အသံလုံစနစ်တပ်ထားတာ
မင်းတို့ အိပ်ရာကိစ္စလုပ်ရင်တောင် မကြားရအောင်လုပ်ထားတာ”

“မင်း အဲ့တာတွေတောင်သိတာဘဲ အဲ့တာဆို ယောက်ျားယူလို့ရပြီ”

“ရှင်ဘုန်းခ တစ်ခထဲရှိတယ် ဘယ်‌တော့မှ ‌လင်မယားမယူဘူး
ထာ၀ရလူပျိုကြီး”

“ကဗျာတွေ စာတွေဖွဲ့ပြောမနေနဲ့ မင်း မရရင်မရဘူးပေါ့ “

ဘန် နဲ့ ဘုန်းခ စစ်တိုက်နေတာကြောင့် ဆောနဒီလှိုင် တွေးနေတဲ့ဟာတောင် ပျောက်သွားသည်။

“တော်ကြပါတော့ ငနွားတို့ရေ”

မင်းခန့်အသံကြောင့် ခပ်တည်တည်နဲ့စစ်ပွဲရပ်လိုက်ကြသည်။

“နွားကငါမဟုတ်ဘူး သူလေ”

ဘုန်းခ ပြန်ပြောကာ ဘန်ကိုမျက်စပစ်ပြလိုက်သည်။

“ငါကဟန်နီကိုချစ်လို့ နွားဖြစ်ရင်တောင် ကျေနပ်တယ် တချို့လူတွေက ကြိုက်မဲ့သူတောင်မရှိလို့ နွားဖြစ်တာ”

“တော်ကြပါတော့ ငါပြောတဲ့စကားတောင် ဘယ်ရောက်သွားပြီလဲမသိဘူး”

ဆောနဒီလှိုင် ထအော်လိုက်သည်။ဘန်တို့လည်း အရှိန်သတ်လိုက်သည်။

“ငါလေ စုပြည့်ကိုလက်ထပ်ခွင့်တောင်းမလို့”

“ဒါလေများ ရော့”

ဆောနဒီလှိုင်စကားကိုကြားတော့ ဘုန်းခ သူဖွက်ယူလာတဲ့ လက်ထပ်စာချုပ်ကိုပေးလိုက်သည်။သူ့ရှေ့ရောက်လာတဲ့
လက်ထပ်စာချုပ်ကိုကြည့်လိုက်သည်။

“နင်အဲ့လိုပြောမယ်ဆိုတာ သိ‌လို့ ကြိုတင်ပြင်ဆင်ထားတာ
မင်ဂလာပွဲတောင် စီစဉ်ပြီးသွားပြီ နော် ဘန်”

ဘုန်းခစကားကို ဘန်ခေါင်းညိမ့်လိုက်သည်။
အခုကျတော့ တည့်လိုက်ကြတာ။

“အေး အဲ့တော့ ဘယ်ချိန်လက်ထပ်ခွင့်တောင်းမလဲဘဲ
ပြောလိုက် လက်စွပ်အသင့်ဖြစ်စေရမယ်”

“အား….အဲ့တာမှငါသူငယ်ချင်းတွေ”

ဘန် စကားကြောင့် ဆောတကယ်ပျော်သွားသည်။
သူ့အကြောင်းကိုသိတာ သူ့သူငယ်ချင်းတွေပြင်မရှိဘူးဘဲ။

……………………….
……………………….
တစ်ဖက်မှာတော့ အဆောက်အဉီးပျက်ကြီးတစ်ခု။
Suit အပြည့်နဲ့လူတွေ သေနတ်ကိုယ်စီကိုင်ထားကြသည်။
အဲ့လူတွေရဲ့အလယ်မှာတော့ မျက်လုံးကိုအ၀တ်နဲ့စည်းထားကာ ဒူးထောက်နေတဲ့လူတစ်ယောက်။

“ခေါင်းဆောင် မင်ဂလာပါ”

ရုတ်တရက် ထိုနေရာကို၀င်လာတဲ့လူတစ်ယောက်။
အသက်ကြီးကြီး suit အပြည့်နဲ့ နေကာမျက်မှန်တပ်ထားတဲ့လူ။ထိုလူကိုမြင်တာနဲ့ သူလက်အောက်ငယ်သားလို့ထင်ရတဲ့
လူတွေက ခေါင်းငုတ်ကာ နှုတ်ဆက်ကြသည်။

“ခေါင်းဆောင် နေမင်းဟန်ဆိုတဲ့လူပါ”

“အေး..”

ရှမ်းသံခပ်ဝဲဝဲအသံကြောင့် ဒူးထောက်ထားတဲ့နေမင်းဟန်
စိတ်ရှုပ်သွားသည်။ကပြားများလားလို့တွေးမိသွားသည်။

“ခများ..ဘယ်သူလဲ”

“ဟားဟား….ကိုယ်သူငယ်ချင်းရဲ့အဖေဖြစ်သူတောင်မသိဘူးလား”

‌ထိုလူက ပြောလိုက်ပြီး သူ့လူတွေကိုမျက်စပစ်ကာ
နေမင်းဟန်မျက်လုံးကိုစည်းပေးထားတဲ့ အ၀တ်ကိုဖြည်ပေးလိုက်သည်။သူ့တွေ့လိုက်ရတာ….။

“ခများ ခွန်ထချိုင်း….”

“ဟားဟား…အဲ့လိုမှပေါ့”

ခွန်ထချိုင်းဆိုတာ ဂင်ဘန်ချာရီရဲ့အဖေ။ဒါဆို အဖေဖြစ်သူက သူ့ရဲ့သားမိသားစုကို နှောင့်ယှက်နေတာလား။

“အခု မင်းကိုခိုင်းစရာရှိတယ်”

“ခများသားကို သတ်ခိုင်းမလို့လား”

“ဟက်….သူကိုရော သူ့မိသားစုကိုရော ငါ့ကိုယ်တိုင်သတ်မှာ”

“ခများ ရူးသွားပြီဘဲ…..ဒီကမ္ဘာမှာ ကိုယ်သားကိုပြန်သတ်တဲ့လူရှိသေး…အာ့”

~~ဖြန်း~~

နေမင်းဟန်စကားမဆုံးခင် နီရဲသွားတဲ့ပါးပြင်။

“မင်းငါ့ကို မေးခွန်းထုတ်စရာမလိုဘူး….ငါလုပ်ခိုင်းတာကို ပါးစပ်ပိတ်ပြီးလုပ် မဟုတ်ရင် ငါ့ကိုယ်တိုင်သတ်မဲ့လူက
မင်းဖြစ်သွားလိမ့်မယ်”

“…….”

နေမင်းဟန် ရှေ့ဆက်ဖြစ်မဲ့ဟာတွေကိုမတွေးရဲတော့ပါ။
ဘာတွေဖြစ်လာအုံးမလဲ။

…………………….
…………………….
ကမ်းခြေမှာတော့ လမ်းလျှောက်နေတဲ့ စုံတွဲတွေ။
နေ၀င်လာတာမို့ နေရောင်ခြည်ကလည်း ဖြာကျလျက်။
အဖြူရောင်ဂါ၀န်လေးနဲ့အမျိုးသမီးငယ်နဲ
Smart ကျကျ၀တ်ဆင်ထားတဲ့အမျိုးသမီး။

“ဘေဘီ…..မေးစရာရှိတယ်”

ကမ်းခြေတစ်လျှောက် လမ်းလျှောက်ကာ ဆော မေးလိုက်ခြင်းပင်။

“မေးလေ ဆောရဲ့”

“ကိုယ်ကို….ပိုင်ဆိုင်ချင်ပြီလား ဘေဘီ”

ဆော မေးလိုက်တဲ့မေးခွန်းကြောင့် စုပြည့် အလိုလိုပြုံးမိသွားသည်။

“အခုလဲ ပိုင်ဆိုင်နေတာဘဲဟာကို”

“မဟုတ်ဘူး တရား၀င်ပိုင်ဆိုင်တာကိုပြောတာ”

ဆော စကားကြောင့် စု ပြုံးမိသွားသည်။တစ်ချိန်တုန်းက
ဆော ရည်စားစကားပြောတာလေးကို သတိရမိပါရဲ့။
စုပြည့် ပြုံးသွားတာကို သတိပြုမိသွားတဲ့ ဆောက

“ဘာရီတာလဲ ဘေဘီက”

“မရီပါဘူး…တစ်ချိန်က ကောင်မလေးတစ်ယောက်ဒို့ကို
ရည်စားစကားပြောခဲ့တာလည်း သတိရမိလို့ပါ ကဲ အခုရော လက်ထပ်ခွင့်တောင်းမလို့လား”

စုပြည့်ရဲ့စကားကြောင့် ဆော ပါးစပ်ဟောင်းလောင်းဖြစ်သွားရသည်။ဘယ်လိုလုပ်သိသွားပါလိမ့်ပေါ့။

“ဘယ်လိုလုပ်သိသွားတာလဲ”

“အဟမ်း…ဆောကလေ မလိမ်တတ်ဘူးသိလား ပြီးတော့
ကျွန်မက တစ်စုံတစ်ယောက်ကိုတကယ်ချစ်ပြီဆိုရင်
ထိုသူရဲ့ အသေးအမွှားကအစ ကျွန်မက သတိထားမိတယ်လေ”

“စုလေးက ဆရာကြီးဘဲ အဲ့တာဆို ကိုယ်ပွင့်ပွင့်လင်းလင်းပြောတော့မယ်နော်”

ဆိုကာ စုပြည့်ရဲ့ရှေ့မှာ ဒူးထောက်လိုက်သည်။
စုပြည့် သူ့ရှေ့မှာ ဒူးထောက်လိုက်တာကို သတိထားမိသွားသည်။

“ကိုယ်ကို လက်ထပ်နိုင်မလား”

ဆော ရဲ့စကားကြောင့် စုပြည့် ဒုတိယအကြိမ် ရင်ခုန်မိလာသည်။ရည်စားစကားပြောတုန်းက တစ်ကြိမ်။
ပါးပြင်ပေါ် ကျလာတဲ့ ၀မ်းသာမျက်ရည်တွေ။

“ဟင့်..နိုင်ပါတယ်…ဆော အာ့”

စုပြည့်ရဲ့အဖြေကိုကြားတာနဲ့ ဆော အပျော်လွန်သွားကာ
စုပြည့်ကို ကောက်ချီလိုက်သည်။လှိုင်းသံတွေက သူ့တို့ကို
ဂုဏ်ပြုပေးနေတယ်ထင်ပါရဲ့။

“တကယ်နော် စုလေး..”

“အင်း….ဆောရဲ့”

“ဒါမှ ကျွန်မရဲ့အမျိုးသမီးကွ”

ဆောအသံကြောင့် စုပြည့် ဒီအချိန်က ဘ၀မှာ အပျော်ဆုံးချိန်လို့တောင် ပြောလို့ရတယ်။မမြင်ရပေမဲ့ သူ့ဆော ပျော်သွားတဲ့အသံလေးကိုကြားတော့ ဒီထက် ဘာမှမလိုချင်တော့တောင်ထိဘဲ။

“ကိုယ်လေ ဂတိပေးတယ်သိလား စုလေးကို ဒီကမ္ဘာပေါ်မှာ
အပျော်ဆုံးလူတစ်ယောက်ဖြစ်အောင် ထားပါ့မယ်နော်”

“အင်း…အဲ့ဂတိကိုတည်ရမယ်နော် ဆော‌..”

“မိန်းမ ဂတိ…နောက်ပြီးတော့ ကိုယ့်စုလေးအတွက် မိသားစု
ဖန်တီးပေးပါ့မယ်….ထာ၀ရအတူနေသွားကြမယ်နော် “

“အင်း……ထာ၀ရနော်”

“ချစ်လိုက်တာ စုလေးရာ…..ကျွန်မရဲ့အမျိုးသမီးလေး”

၀မ်းသာစကားတွေပြောရင်း ပွေ့ဖက်မိကြသည်။
အခုချိန် အချိန်တွေရပ်ဆိုင်းသွားရင် ကောင်းမှာဘဲ။

“အော်…ကိုယ်မေ့တော့မလို့”

ဆော ပြောလိုက်ကာ သူ့အိတ်ကတ်ထဲက လက်စွပ်ဘူးလေးကိုထုတ်လိုက်သည်။အနီရောင်လက်စွပ်ဘူးလေးရဲ့အထဲမှာ‌တော့ စိန်လက်စွပ်နှစ်ကွင်း။
စုပြည့်ရဲ့လက်‌လေးကိုယူကာ လက်သန်းကြွယ်မှာ စွပ်ပေးလိုက်သည်။စုပြည့် သူ့လက်ထဲက လက်စွပ်လေးကို
ခပ်ဖွဖွကိုင်လိုက်လိုက်သည်။တကယ် လက်ထပ်လက်စွပ်လေးဘဲ။

“စု ကိုယ်ကိုစွပ်ပေး”

စုလက်ထဲကို နောက်လက်စွပ်လေး ပေးလိုက်သည်။‌ထိုနောက်
ဆော သူ့ရဲ့လက်လေးပေးလိုက်ကာ လက်သန်းကြွယ်ကို နေရာပြလိုက်ပြီး စွပ်စေလိုက်သည်။အခုတော့ လူနှစ်ယောက်ရဲ့လက်လေးမှာ စိန်လက်စွပ်လေးတွေကိုယ်စီ။

“ဒီလက်စွပ်လေးကို ထာ၀ရစွပ်ထားရမယ်နော်”

စုပြည့်ရဲ့လက်လေးကိုခပ်ဖွဖွလေးကိုင်ကာ ပြောလိုက်သည်။
စု‌လည်း ခေါင်းညိမ့်ပြလိုက်ပြီး

“အင်း…ဆောရောဘဲနော်”

“အင်း လာ…ကိုယ်ရင်ခွင်ထဲကိုလာ”

ဆိုကာ စုလေးကိုရင်ခွင်ထဲထည့်လိုက်သည်။အခုတော့
တစ်စုံတစ်ယောက်ကို ရင်ခွင်ထဲထည့်ပြီး နေ၀င်သွားတဲ့ချိန်လေးကိုငေးကြည့်ရုံဘဲရှိတော့သည်။‌ပင်လယ်ကြီးကတောင်
ဒီစုံတွဲလေးကို အားကျနေမယ်ထင်ပါရဲ့။

ရင်ခွင်ထဲက စုလေးကိုကြည့်ရင်း ဆောတွေးမိသည်။

မင်းဘ၀ထဲ ကိုယ်ကို၀င်လာခွင့်ပြုတဲ့နေ့ကစပြီး နောက်
တစ်နှစ် နှစ်နှစ်….မဟုတ်ဘူး ကိုယ်အသက်ရှိနေတုန်းထိ
မင်းတစ်ယောက်တည်းကိုဘဲ ခိုင်ခိုင်မြဲမြဲထာ၀ရချစ်နေမယ်
အချစ်ဉီးလေး။

ရင်ခွင်ထဲကစုပြည့်ဉီးကရော ဘာတွေးနေလဲ။

ကျွန်မဘ၀မှာ မျှော်လင့်မရှိစွာနဲ့ ရုန်းကန်နေရစဉ်
ဆော ကျွန်မဘ၀ထဲ ၀င်လာပြီး မျှော်လင့်ချက်လေးဖြစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆော။ဒီတစ်သက် ဆောကိုပိုင်ဆိုင်ရပြီဆိုတော့ ဘာမှထပ်ပြီး မလိုချင်တော့ဘူး ဆောရယ်။ချစ်တယ် အသက်နဲ့ရင်း၍။

…………………..
…………………..
A/N

Update နည်းနည်းလေးကြာသွားတဲ့အတွက် ဆောရီးပါနော် အချစ်တို့။‌ထပ်မံပြီး ကြိုးစားစွာ ရေးပေးပါမယ်။

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 27, novel Coffee With Honey (Complete) part 27, read Coffee With Honey (Complete) part 27 online, Coffee With Honey (Complete) part 27 chapter, Coffee With Honey (Complete) part 27 high quality, Coffee With Honey (Complete) part 27 light novel, ,

Comment

Leave a Reply

Chapter 28