Coffee With Honey (Complete) part 32(ဇာတ်သိမ်းပိုင်း)

All chapters are in Coffee With Honey (Complete)
A+ A-

တစ်ရက်ခြားပြီးသေဆုံးသွားတဲ့လူတွေ။
အချိန်တွေက တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့သည်။၃ရက်လောက်ကြာလာခဲ့တော့ ဆောနဒီလှိုင်နဲ့စုပြည့်ဉီး ဆိုတဲ့အမျိုးသမီးတွေဘ၀ရဲ့ နောက်ဆုံးခရီးလမ်းရောက်လာခဲ့သည်။

အဖြူရောင်နှင်းဆီတွေနဲ့အုတ်ဂူ‌အလှဆင်ထားတဲ့ အုတ်ဂူရှေ့မှာ တစ်ခါမငိုဖူးတဲ့ မင်းခန့် မျက်ရည်ကျနေမိကာ ငိုကြွေးနေမိသည်။

အုတ်ဂူပေါ်မှာလည်း

ဆောနဒီလှိုင်
အသက်_ ၂၆

စုပြည့်ဉီး
အသက်_၂၈

ဆိုတဲ့ စာတန်းလေးက ၀မ်းနည်းပူဆွေးစရာ။စုရဲ့ဆန္ဒတိုင်း မီးမသဂြိုလ်မှာ မြေမြုပ်ပေးလိုက်ပြီး ဆောရဲ့ဆန္ဒတိုင်း အုတ်ဂူလေးအား ပူးကပ်ထားသည်။နောက်ဘ၀တွေလည်း ထပ်ပြီးအတူတူရှိ‌နိုင်ဖို့အတွက်ပေါ့။နောက်ပြီးတော့ ဆောနဒီလှိုင်နဲ့စုပြည့်ဉီးတို့ ထာ၀ရအိပ်စက်သွားတဲ့ ပုသိမ်မြို့မှာဘဲ မြေမြုပ်ခဲ့လေသည်။

“ဆော…နင်အခုတော့ နင်ချစ်တဲ့စုပြည့်ဉီးနဲ့ပျော်နေပြီလား ဟင် “

နှင်းဆီပန်းအနီရောင် ပန်းစည်းလေးအား အုတ်ဂူပေါ်တင်ပေးလိုက်ပြီး မင်းခန့်တို့ ဖြေသိမ့်ရသည်။ဘန် ဘုန်းခတို့လည်းမျက်နှာမကောင်း။

“မနက်စောစော ငါ့တို့အိမ်မှာ ဆေးလိပ်အနံရတိုင်း မင်းကိုသတိရမိတယ် စိတ်ညစ်တိုင်း မျက်မှောင်ကြီးကျုံ့ပြီး မနက်စောစော ဆေးလိပ်တာလေ…..”

ဘန် ရုပ်တည်ကြီးနဲ့ပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ ချစ်ရတဲ့သူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့ ခံစားမှုက နာကျင်လျက်။
ဘုန်းခ သူ့မျက်ရည်တွေကိုထိန်းထားရင်း

“အခုချိန်ဆို ကောင်းကင်ဘုံမှာ မင်းတို့လက်ထပ်ပွဲကျင်းပနေကြတာမှတ်လား တော်တော်ကြည်နူးဖို့ကောင်းမှာဘဲနော် ဟွန်း…….ကောင်းမွန်တဲ့ မိသားစုဘ၀လေး…ပိုင်ဆိုင်ပါစေနော်….”

ဘုန်းခ အသံဟာ တုန်လှုပ်လာသည်။ မျက်ရည်တွေကို ခိုးသုတ်မိပါတယ်။

“ငါဘ၀မှာ…နောင်တအရဆုံးက…မင်းရဲ့အသက်ကိုမမှီလိုက်တာဘဲ….နှုတ်ဆက်စကားလေးတောင် ငါ့မကြားလိုက်ရဘူးဟာ”

မင်းခန့် မျက်ရည်တွေ တရက်စက် ကျလာသည်။ဘန် ဘုန်းခနဲ့မင်းခန့်ကို ကျောကုန်းအသာပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။

“ငါတောင်းပန်ပါတယ် ဆောနဒီလှိုင်….ငါ့ရဲ့ပြဿနာကြားထဲမှာ မင်းတို့…..အသက်ဆုံးရှုံးလိုက်ရတဲ့အတွက်…ငါတောင်းပန်ပါတယ်”

“သားကြီးတို့….မငိုပါနဲ့တော့ ငါ့တို့သူငယ်ချင်းက အခုငြိမ်းချမ်းစွာ ‌အနားယူသွားပြီလေ အခုလည်း သူ့ချစ်ရတဲ့လူနဲ့ပျော်နေရောပေါ့ ဒါမဲ့ ဆောနဒီလှိုင် ငါ့တို့ကို မမေ့သွားပါနဲ့နော်”

ဘုန်းခ မျက်ရည်တွေ အသာ သုတ်ကာ မင်းခန့်ကိုလည်း နှစ်သိမ့်ပေးလိုက်ကာ တစ်ယောက်ပခုံးတစ်ယောက်ဖက်ရင်းနှုတ်ဆက်စကားလေး ပြောခဲ့လေသည်။

“ငါတို့သွားပြီနော် မကြာမကြာပြန်လာခဲ့မယ် ကောင်းရာမွန်ရာရောက်ပါစေ ဆောနဲ့စုရယ်”

မျက်ရည်များနဲ့ နှုတ်ဆတ်လာကြပြီး ထိုနေရာကနေ ထွက်လာခဲ့ကြသည်။အခုချိန် နှုတ်ဆက်စကားဘဲ ပြောနိုင်တော့တဲ့သူကိုသူတို့လည်း စိတ်တိုနေပါရဲ့။

ချောင်းသာရဲ့ပင်လယ်ကြီးကို မြင်ရတဲ့ အိမ်လေးမှာတော့
အခုချိန်ဆို မနက်တိုင်း ရှိနေတဲ့ ဆေးလိပ်အငွေ့အသက်တွေက ပျောက်ဆုံးသွားခဲ့ပြီ။လှိုင်းတွေ ပုတ်ခက်သံတွေက‌လည်း ထိုနေ့က ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တွေကို ပြန်မြင်ယောင်နေမိသည်။

အသက်ရှိနေတဲ့အချိန်မှာ ချစ်ရသူရဲ့ မျက်နှာလေးကို မမြင်ရလိုက်တဲ့ စုပြည့်ဉီးဆိုတဲ့ အမျိုးသမီးလေးလည်း အခုချိန်ဆို အရာရာ ငြိမ်းချမ်းနေပြီထင်ပါရဲ့။‌

ဆောနဒီလှိုင်ရဲ့ နောက်ဆုံးအချိန်တုန်းက ဘာတွေးခဲ့သလဲ။

‌စု…ထွက်သွားတုန်းက ကြားနေရတဲ့ လှိုင်းသံတွေက ကိုယ့်ကို လှောင်ရီနေသလိုဘဲ။ချစ်ရသူတောင် မကာကွယ်နိုင်ဘူးဆိုတဲ့
အတွေးက ကိုယ့်ကို ရူးမတက်ခံစားရတယ်။စု‌နဲ့ မိသားစုဘ၀ကိုဖန်တီးမယ်လို့ ဂတိပေးထားတော့ ကိုယ်တည်ရမယ်လေ အခု စုနဲ့ မိသားစု ဘ၀လေး ဖန်တီးဖို့ ကိုယ်လိုက်လာပြီနော် နောက်တစ်ခုက ‌ကိုယ်သေချာတယ် ကိုယ်နဲ့ပြန်တွေ့ရင် စုက ကိုယ်ကို‌ဆူတော့မယ်….ဘာလို့လိုက်လာရတာလဲ ဆော ဆိုပြီး‌ပေါ့ ဒါမဲ့လည်း ဒါက အမှားဆိုရင်တော့ နောင်တမရတဲ့အမှားတစ်မျိုးပါ ချစ်တယ် စု။

စုပြည့်ဉီးရဲ့နောက်ဆုံးအချိန်က ဘာတွေးနေခဲ့သလဲ။

ချစ်တယ် ဆော။ဆော ရဲ့အသံလေး ကြားရုံနဲ့ ချစ်တယ်။
ဆော မျက်နှာ အထိအတွေ့ကို ခံစားရရုံနဲ့လည်း မြတ်နိုးတယ်
ကျွန်မ အချစ်က ဆော ဖြစ်နေရင်ရပြီ။မျက်မမြင်ပေမဲ့ ဆောအချစ်ကိုခံစားကြည့်ရုံနဲ့တင် ကျေနပ်ပြီ။ဒီဘ၀မှာ မမြင်ရတော့ပေမဲ့ ဆောကို ချစ်ခဲ့ဖူးပြီဆိုတဲ့ အတွေးနဲ့တင် အရာအားလုံးကိုစိတ်ချပြီး ထားသွားနိုင်ပြီ။….အဲ့တာကြောင့်
ထာ၀ရ ချစ်တယ်။

………………………
………………………
ရန်ကုန်ပြန်ရောက်လာပြီးနောက်

တစ်ရက်နဲ့တစ်ရက်တွေ ခုန်ကူးလာတယ်။နောက်ဆုံး ၁လကြာသွားခဲ့တယ်။အချိန်တွေလို ချစ်ရသူမေ့သွားတာ အခုဆို ၁‌လလောက်ရှိနေရောပေါ့။

အဖြူရောင်ဆေးသုတ်ထားတဲ့ သစ်သားအိမ်လေးဆီ တစ်ဖန်ပြန်ရောက်လာခဲ့တယ်။တစ်ချိန်က စီးခဲ့ဖူးတဲ့ စက်ဘီးလေးဟာလည်း ရှိနေဆဲ။ပန်းပင်တွေလည်း ရှင်သန်နေဆဲ။
အရာအားလုံးကိုမေ့သွားတဲ့ ကောင်လေးကလည်း ရှိနေဆဲ။

အိမ်ထဲနေ ထွက်လာတဲ့ ကောင်လေးတစ်ယောက်။
အဖြူရောင်ခပ်ခပ်ပွပွ hoodie လေးကို၀တ်ထားကာ ‌ဆွဲခြင်းထောင်း လေးကို စက်ဘီးထဲကို ထည့်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ခပ်ကောက်ကောက်ဆံနွယ်လေးတွေက အရင်တိုင်း ရှိနေဆဲပင်။သံယောဇဉ်ဆိုတဲ့သီချင်းကို ခပ်တိုးတိုးလေးဖွင့်ကာ နားကြပ်တပ်ပြီး
စက်ဘီးနင်းလာခဲ့သည်။ထိုကောင်လေးကို တစ်စုံတစ်ယောက်စောင့်ကြည့်နေတယ်ဆိုတာ။

တစ်ရွေ့ရွေ့စက်ဘီးနင်းလာကာ ဈေးဆီရောက်လာခဲ့တယ်။
ဈေးရှေ့ရောက်တော့ စက်ဘီးလေးကို သော့ခက်ကာ ရပ်ပြီး ဈေးထဲ ၀င်လာခဲ့သည်။ဈေးသည်တွေရဲ့အသံကလည်း ဆူညံနေလျက်။

နားကြပ်တပ်ထားတာကြောင့် ထိုကောင်လေးရဲ့မဆူညံသလိုခံစားရသည်။၀ယ်စရာရှိတာတွေကို ၀ယ်ပြီး ဈေးထဲကနေ ပြန်ထွက်လာခဲ့သည်။ဒါမဲ့ ထိုကောင်လေး ရိပ်မိတာက
လူတွေက သူ့ကိုအရေးစိုက်နေသလိုပါဘဲ။ဂရုမစိုက်ဘဲ စက်ဘီးရှိရာကို ထွက်လာခဲ့သည်။ဒါမဲ့ သူ့စက်ဘီးထားတဲ့နေရာကိုရောက်တော့ စက်ဘီးမရှိတော့တာကြောင့် ‌နားကြပ်ကို ဖြုတ်လိုက်ပြီး

“WTF ငါ့စက်ဘီးကြီးရော….”

ဘေးနားက ပတ်၀န်းကျင်ကိုကြည့်လိုက်တော့ ဈေးသည်တစ်ယောက်က သူ့ကိုကြည့်ပြီး ပြုံးစိစိဖြစ်နေတာကြောင့် သံသယဖြစ်ပြီး သွားမေးလိုက်သည်။

“အန်တီ ကျွန်တော်စက်ဘီးကို တွေ့မိသေးလား”

“အာ…သားဟိုနားသွားကြည့်လိုက် သားစက်ဘီးကိုလူတစ်ယောက် ယူသွာတာတွေ့တယ်”

“ကျေးဇူးပါ ငါ့နဲ့တွေ့မယ် ဟွန့်”

ထိုကောင်လေး ခြေထောက်ဆောင့်ကာ အဒေါ်ညွှန်ပြလိုက်တဲ့ နေရာကိုထွက်လာခဲ့သည်။တန်ခူးလမို့ ပိတောက်တွေလည်း ဝေဖြာလျက်။ထိုကောင်လေး ဒေါသနဲ့ ထွက်လာတာတဲ့အချိန်
နောက်က ခေါ်သံကိုကြားလိုက်သည်။

“အကိုလေး အကိုလေး”

ထိုကောင်လေး နောက်လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ကိုတွေ့သည်။

“ဘာလဲလို့….”

သူခိုးလိုက်နေပါတယ်ဆို အရေးထဲလာခေါ်တဲ့လူကြောင့်
ထိုကောင်လေး ‌ဒေါသထွက်ရပြန်သည်။

“ရော့ အကိုလေးဖို့..”

“ဟမ်…ဒါက..မပြေးနဲ့လေ”

ထိုကောင်လေးက ‌နှင်းဆီအနီရောင်ပန်းစည်းကြီးကို လက်ထဲထိုးပေးသွားကာ ပြေးသွားသည်။စိတ်တိုနေတဲ့ကောင်လေးကတော့ ကြောင်တောင်တောင်ကျန်ခဲ့သည်။မကြာပါဘူး ပိတောက်ပင်အောက်ကနေ အသံတစ်သံထွက်လာခဲ့သည်။

“‌မင်းရှာနေတာ ဒီစက်ဘီးလား”

ပိတောက်ပင်ကို မှီကာ လက်ပိုက်ပြီး သူ့ကိုကြည့်နေတဲ့ လူတစ်ယောက်။ suit ၀တ်ဆင်ထားပြီး ထိုလူဘေးမှာလည်း သူ့စက်ဘီး။စိတ်ထဲမှာတော့ ဘာလဲဟဆိုတဲ့ အတွေးနဲ့ပေါ့။

“ဟုတ်တယ်….ခများက သူခိုးလား”

“သူခိုးမဟုတ်ဘူး…ဟော့ဒီက ကောင်လေးရဲ့ယောက်ျား”

“ဘယ်ကောင်လေး….ဘာ!! နှာဘူးကောင်”

သူ့ရှေ့က မျက်နှာနီရဲအောင် ရှက်သွားတဲ့ ကောင်လေးကိုအသည်းယားလာသည်။

“ခများ မစော်ကားနဲ့နော် ပေး စက်ဘီး”

“ဟင်…ကိုယ်က မစော်ကားရသေးဘူးနော်…စော်ကားခံချင်နေတာမလား ဟန်နီက”

“ဘာ….ခများ ဖွန်လာကြောင်တာလား ဟမ်…ကြိုပြောမယ် မကြိုက်ဘူး လစ်”

ထိုလူက ဟက်ခနဲ့ရီလိုက်ပြီး ကောင်လေးအနားကို တိုးလာသည်။

“ငြိမ့်လေးက ကိုယ်ကိုမေ့သွားပြန်ပြီ လာအိမ်သွားရအောင် သတိရအောင်လုပ်ကြမယ်”

ထိုလူကတော့ လင်တော်မောင် ဂင်ဘန်ချာရီပင်။
စကားကိုပြောပြီးတာနဲ့  တေးငြိမ့်လွှားရဲ့ ခါးကနေ ချီလိုက်ကာ သူ့ပခုံးပေါ် တင်လိုက်သည်။

“ခများ ချပေးလို့”

“ချခိုင်းတာ ဒုတိယအကြိမ်မြောက်”

“မဒိန်းကျင့်နေပါတယ်ဗျို့ ကယ်ကြပါအုံး!!”

ငြိမ့် ပါးစပ်ထဲရှိရာ ရှောက်အော်လိုက်ပေမဲ့ ဘယ်သူမှမလာတာကြောင့် ရှက်တော့ရှက်မိသား။ဘန် ပါးချိုင့်တွေပေါ်အောင်ပြုံးလိုက်သည်။

“တာတီး…စက်ဘီးယူလာခဲ့….”

ခနက ငြိမ့်ကိုနှင်းဆီပန်းလာပေးတဲ့ ကောင်လေးက တာတီးပင်။ပိတောက်ပင်အောက်က စက်ဘီးကိုသယ်လာကာ ဘန်နောက်ဆီ လိုက်လာခဲ့သည်။

‌ရှေ့ကလူက သူ့ဟန်နီလေးကို ပွေ့ချီပြီးသွားပြီ။နောက်က တာတီးက‌လည်း စက်ဘီးလေးသယ်ကာ လိုက်ကြလာသည်။
လင်မယားတွေလည်း အချိန်တန်ပြန်ပေါင်းစည်းကြတော့သည်။ခါးသက်တဲ့အရာအတွက် ချိုမြိန်တဲ့ ပျားရည်ရှိနေသလို ဂင်ဘန်ချာရီအတွက်လည်း တေးငြိမ့်လွှား ရှိနေပါတယ်။
အရာအားလုံးမေ့သွားပေမဲ့ အစကနေပြန်စနိုင်သေးပါတယ်။ပထမအချစ်ဇာတ်လမ်းကိုလည်း ငြိမ့်နဲ့ဘဲစ၊ဒုတိယဖြစ်လာတဲ့အချစ်ဇာတ်လမ်းကိုလည်းငြိမ့်နဲ့ဘဲစ ဒါက ဘန်ရဲ့ဆောင်ပုဒ်ပါဘဲ။

ဒီလိုနဲ့ ဟန်နီဇာတ်လမ်းလေးဟာ ပြီးဆုံးသွားခဲ့သည်။

…………………………….
…………………………….
A/N

ပျားရည်အတွဲကို ခွဲရပါပြီ……။

#from…winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 32(ဇာတ်သိမ်းပိုင်း), novel Coffee With Honey (Complete) part 32(ဇာတ်သိမ်းပိုင်း), read Coffee With Honey (Complete) part 32(ဇာတ်သိမ်းပိုင်း) online, Coffee With Honey (Complete) part 32(ဇာတ်သိမ်းပိုင်း) chapter, Coffee With Honey (Complete) part 32(ဇာတ်သိမ်းပိုင်း) high quality, Coffee With Honey (Complete) part 32(ဇာတ်သိမ်းပိုင်း) light novel, ,

Comment

Leave a Reply

Chapter 34