Lollipop Chapter 3 – Unicode

All chapters are in Lollipop
A+ A-

မာနကြီးသည့် သူဌေးခင်မျာ သူ၏ အလုပ်မခန့်ရသေးသော အတွင်းရေးမှူးရဲ့ အကြည့်စူးစူးတွေကြား ရှောင်ဖယ်ဖို့ ကြိုးစားနေရသည်။ အကြောင်းက စိုင်းမာန်သစ်သည် ဘုန်းပြည့်အာဏာကို မျက်တောင်မခတ်စိုက်ကြည့်နေသည်မှာ ဒီအခန်းထဲ ၀င်လာကတည်းကပင်ဖြစ်သည်။

ဦးစိုင်းတမာန်နဲ့ အလုပ်ကိစ္စတွေကို ဆွေးနွေးနေရင်း ဘုန်းပြည့်အာဏာရဲ့ အကြည့်တွေက စိုင်းမာန်သစ်ဆီကို တစ်ချက်တစ်ချက်ရောက်ရောက်သွားသည်။ စိုင်းမာန်သစ်ကတော့ ထိုသို့မဟုတ် သူ့အသိစိတ်လုံးစုံကို ဘုန်းပြည့်အာဏာထံပုံအပ်ထားခြင်းဖြစ်သည်။

အစိတ်အပိုင်းတစ်ခုချင်းစီကို အလွတ်ရမတတ်သူကြည့်ချင်သည်။ မြင်မြင်ချင်းချစ်မိခဲ့တဲ့ အချစ်က နှစ်နှစ်ကြာတဲ့အထိ အသိစိတ်ထဲက ပုံရိပ်လေးနဲ့ပဲ သူလွမ်းခဲ့ရသည်မို့ မြင်ရတုန်းလေး ဘုန်းပြည့်အာဏာရဲ့ပုံရိပ်ကို သူတစိမ့်စိမ့်ထိုင်ကြည့်ချင်သည်။ ဆောရီးဆိုတဲ့ စကားလုံးထက်ပိုတဲ့ ဘုန်းပြည့်အာဏာရဲ့ အသံသြသြကလည်းနားထောင်လို့ကောင်းလွန်းနေသည်။

စိုင်းမာန်သစ်စိတ်ထဲမှာ ရေရွတ်မိနေတာကတော့ ‘ကျေးဇူးတင်လိုက်တာ ပါပါးရယ်’ ဆိုတာမှတစ်ပါးမရှိ‌တော့ချေ။

“စိုင်းမာန်သစ် စိုင်းမာန်သစ်”

ဦးစိုင်းတမာန်ရဲ့ တိုးတိုးသတိပေးကာ တံတောင်နှင့် တို့လိုက်မှု့ကြောင့် စိုင်းမာန်သစ်အတွေးထဲမှ နိုးထလာရသည်။

“ဗျာ”

စိုင်းမာန်သစ်အသိ၀င်လာချိန်မှာတော့ အတော်နောက်ကျနေပြီဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရဲ့အထက်လူကြီးဖြစ်သူ ဘုန်းပြည့်အာဏာရဲ့ မျက်၀န်းတွေက သူ့မျက်နှာ‌ေပါ်ကို စူးစူးရဲရဲကျရောက်နေပြီဖြစ်သည်။ စိုင်းမာန်သစ် အသာတံတွေးမြိုချလိုက်ရုံကလွဲလို့ ဘာမှမတတ်နိုင်‌ေတာ့‌ေချ။

“အန်ကယ့်သားက အလိုလိုက်ထားတော့ နည်းနည်းပေကပ်ကပ်တော့နိုင်မယ် ဒါပေမဲ့ ဘုန်းပြည့်အတွင်းရေးမှူးနေရာက အရေးကြီးမှန်းတော့ အန်ကယ်ပြောထားပါတယ်”

“အဲ့လိုကြားရတဲ့အတွက် ၀မ်းသာပါတယ်”

မပြုံးမရယ်ဘဲ စကားကို ဆုံးအောင်ပြောနိုင်လွန်းတာ စိုင်းမာန်သစ် အတော်ပင်အံ့သြရပါသည်။ သူဆို စကားတစ်ခွန်းပြောဖို့ နှစ်ခါလောက်ရယ်ဖြစ်သည်။ ဒါကြောင့်မို့လည်း စိုင်းမာန်သစ်က ပြောင်စပ်စပ်ကောင်လို့ မကြာခနအပြောခံရတာဖြစ်သည်။

“ကျွန်တော် မနက်ဖြန်ကစအလုပ်ဆင်းပါ့မယ်”

“အန်ကယ်ပြောပြီးပြီ”

အစားအသောက်တွေရောက်လာပြီးနောက်မှာတော့ သူတို့သုံးယောက်ရဲ့ စကား၀ိုင်းက တစ်ဖန်ပြန်ပြီးတိတ်ဆိတ်သွားလေသည်။ ဘာလို့များဒီလောက်တိတ်ဆိတ်နိုင်ရတာလဲဟု စိုင်းမာန်သစ် တွေးရင်းအံ့သြနေမိသည်။

လူတွေက ပျော်စရာကိုမရှာတတ်လို့ မပြုံးတတ်တော့တာ။ တကယ်ဆို လောကကြီးမှာနေရတာနဲ့ တန်အောင်တော့ ပျော်အောင်နေရမှာပဲလေ။ ဒါကို နားမလည်ကြတဲ့ သူတွေဟု စိုင်းမာန်သစ် မှတ်ချက်ချလိုက်သည်။ အထူးသဖြင့် ဘုန်းပြည့်အာဏာဆိုသည့် လူ။ ဘုန်းပြည့်အာဏာသည်  မျက်ခုံးနှစ်ဖက်ကို တစ်တန်းထဲဖြစ်အောင်ထိ တွန့်ချိုးထားသည်မှာ အကြောတွေဘာတွေများ သေနေပြီလားမှတ်ရ၏။

*ကလောင်

ဇွန်းသံကလွဲလို့ တိတ်ဆိတ်နေတဲ့အချိန် စိုင်းမာန်သစ်ရဲ့ ဖုန်းက စာရောက်လာတာမို့ ကျန်တဲ့ လူနှစ်ယောက်ရဲ့ အကြည့်တွေက သူ့ထံကိုကျလာသည်။

“ဆောရီးပါဗျ”

ခေါင်းကလည်း ငုံ့ကာပြောလိုက်ရင်း ဖုန်းကို တစ်ချက်ကြည့်လိုက်တော့ တစ်ဦးတည်းသောသူငယ်ချင်းကြီးဆီကစာဖြစ်နေသည်။ 

*ဟေ့ကောင် ငါနဲ့ အိမ့် ဒိတ်မလို့ လိုက်ခဲ့မလား?

‘မင်းမေဘကို လိုက်ခဲ့ရမှာလား’

အချိန်မတော်စာပို့ပြီးပြောလိုက်တာက သူ့ကောင်မလေးနဲ့ ဒိတ်ဖို့အဖော်ခေါ်နေတာဖြစ်သတဲ့။ စိုင်းမာန်သစ် စားပွဲအောက်ကို ဖုန်းထိုးပြီး မလိုက်ဘူးဆိုတဲ့ အကြောင်းပြန်စာပို့လိုက်ကာ တိတ်ဆိတ်နေတဲ့ ရေခဲတိုက်ထဲကို အာရုံပြန်စိုက်လိုက်သည်။ လေထုသည် အေးစက်သလို မွန်းကြပ်ဖို့လည်း ကောင်းသည်။

ထိုနေရာတွင် သူ့အောက်စီဂျင်ဖြစ်သည့် ဘုန်းပြည့်အာဏာသာ ရှိမနေလျှင် စိုင်းမာန်သစ် အသက်ရှူရပ်သွားနိုင်သည်။

*ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံနဲ့အတူ အခန်းထဲသို့ ခပ်ချောချောနှင့် ခန္ဓာကိုယ်တောင့်တောင့် လူတစ်ယောက်၀င်လာသည်။ ထိုသူက ဘုန်းပြည့်အာဏာရဲ့ ကိုယ်ရံတော်တစ်ဖြစ်လည်း ညာလက်ရုံး ရမ်ခ ပင်။ ရမ်ခက ဘုန်းပြည့်အာဏာရဲ့ နားနားကို ကပ်တာ တိုးတိုးတိုးတိုးဖြင့်ပြောသည်။ ဘုန်းပြည့်အာဏာ၏ တန်းနေသသည့် မျက်ခုံးနှစ်ဖက်သည် တစ်ဆက်တည်းဖြစ်လုမတတ် ပိုလို့ပင် နီးကပ်သွားလေသည်။

“အန်ကယ် ကျွန်တော်အရေးကြီးကိစ္စလေးရှိလို့ ခွင့်ပြုပါဦး”

“အာ ရပါတယ် သွားပါ”

ဦးစိုင်းတမာန်ကို ခေါင်းငြိမ့်ပြရုံမျှသာ အမူအရာနှင့် ဘုန်းပြည့်အာဏာအခန်းထဲက ထွက်သွားလေသည်။ ဘုန်းပြည့်အာဏာအခန်းပြင်ရောက်သွားသည်အထိတောင် စိုင်းမာန်သစ်က ငေးလို့ကောင်းဆဲ။ နောက်နေ့တွေလည်း နေ့တိုင်းကြည့်ရမှာဆိုပေမယ့် အခုလိုခွဲခွာရတော့ နှမြောတသတော့ဖြစ်မိတာအမှန်။

“စိုင်းမာန် စားပြီးရင်း သွားကြစို့”

“ပြီးပြီ ပါပါး”

ထိုနေ့က စိုင်းမာန် လက်ပြုတ်မတတ်ပစ္စည်းတွေသယ်ပြီး အိမ်ပြန်လာရသည်။ အနောက်တိုင်း၀တ်စုံတွေကအများဆုံးဖြစ်ငည်။ စျေး၀ယ်ရင်းနဲ့လည်း ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် အလုပ်ကိုဘယ်လိုလုပ်ရမယ်ဆိုတာတွေကို တတွတ်တွတ်မှာသေးသည်။ Management နဲ့ ကျောင်းပြီးလာတဲ့သူကို ဒီလောက်အသေးစိတ်မှာနေတာ တစ်ဆိတ်မလွန်လွန်းဘူးလား။

အိမ်ပြန်ရောက်တော့ စိုင်းမာန်သစ် ရေတစ်ခေါက်ပြန်ချိုးလိုက်ကာ မွေ့ရာပေါ်ကို စိမ်ပြေနပြေတက်လိုက်သည်။ လိုက်ကာမချရသေးတာကို သတိရမိတာကြောင့် မှန်ပြတင်းပေါက်နားကို သွားလိုက်တော့ ချိတ်ပိတ်ထားဆဲ ဘေးအိမ်ကို တစ်ချက်ကြည့်ကာ စိုင်းမာန်သစ်သက်ပြင်းချလိုက်ပြန်သည်။

“ကိုကို ဘယ်တွေရောက်နေတာလဲ?”

တိုးတိုးလေးရေရွတ်ပြီး အိပ်ယာရှိရာကို ပြန်လာခဲ့လိုက်သည်။

**And the stars exploding into fireproof..

My youth,my youth is yours
Tripping on skies, sipping waterfalls

မြည်လာတဲ့ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့ နှစ်ယောက်မရှိသောသူငယ်ချင်း စောမင်းသိုက်ပင်။ စိုင်းမာန်သစ်က သိပ်ပြီး အပေါင်းအသင်းမမင်တတ်။ မမင်တတ်ဆိုတာကအပေါင်းအသင်းမရှိတာတော့မဟုတ်ဘူး။ စိုင်းမာန်သစ်က လူချစ်အောင်နေတတ်တာကြောင့် ပေါင်းမယ့်သူက ပေါသည်။ သို့သော် နောက်ဆုံးအချိန်ထိ ကျန်နေတတ်ခဲ့တာကတော့ သိပ်မရှိတတ်။ စောမင်းသိုက်ကသာ ခုချိန်ထိမြဲနေခြင်းဖြစ်သည်။

“ဟယ်လို ပြော”

“ပြောလုပ်မနေနဲ့ ငါ့မှာ ခွေးဖြစ်လာတာ”

“ဘာဖြစ်လို့လဲ မင်း အိမ့်နဲ့သွားဒိတ်တာဆို”

“အေး အိမ့်က ခိုးထွက်လာတာလေ အဲ့မှာ အိမ့်အစ်ကိုက သိသွားသတဲ့”

“အဲတော့”

“အဲ့တော့လုပ်မနေနဲ့ အဲ့ဘဲကြီးအကြောင်းလည်းမင်းသိသားနဲ့”

“ငါမှမမြင်ဖူးတာ မင်းပြောတာပဲကြားဖူးတာ”

စောမင်းသိုက်ရဲ့ ကောင်မလေး အိမ့်မှူးသော်ကလည်း စိုင်းမာန်သစ်တို့ ကျောင်းကပင်။ စောမင်းသိုက်နဲ့ တွဲနေတာ သုံးနှစ်တောင်ကျော်ခဲ့ပြီ။ အိမ့်မှူးသော်က မိခင်မရှိတော့သော်လည်း ဖခင်ရှိသည်။ သို့သော် မကြောက်ရ။ ကြောက်ရသည်က အိမ့်မှူးသော်ရဲ့အစ်ကို။ 

“အဲ့ဘဲကြီးနဲ့ အိမ့်ကို စိတ်မချတော့ဘူး တကယ်”

“မင်းကလည်း ဒါနဲ့ မိသွားလား?”

“တော်သေးတယ် မိမသွားဘူး အိမ့်ဒရိုင်ဘာက အိမ့်ကို ချက်ချင်းလာခေါ်တာမီလို့”

“ဟားဟား”

“ရယ်မနေနဲ့ ငါတကယ် စိတ်ရှုပ်နေတာ ဘယ့်နှယ့် မူလတန်းကျောင်းသူလည်းမဟုတ်တော့ဘဲနဲ့”

“ဟား”

“အဲဒါ နောက်လကုန်လောက် အိမ့်ကို ငါခိုးပြေးတော့မလို့”

“ဟ”

@ OliviaThet-Eleanor

_____________________________________________________________

Tags: read novel Lollipop Chapter 3 – Unicode, novel Lollipop Chapter 3 – Unicode, read Lollipop Chapter 3 – Unicode online, Lollipop Chapter 3 – Unicode chapter, Lollipop Chapter 3 – Unicode high quality, Lollipop Chapter 3 – Unicode light novel, ,

Comment

Leave a Reply

Chapter 3