Lollipop Chapter 27 – Unicode

All chapters are in Lollipop
A+ A-

(Warning Alert : Adult Scene included)

ချစ်တယ်ပြောကာမှ ပိုတိုးငိုနေသော စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာ မျက်ရည်တွေကို သုတ်ပေးရင်း မငိုတော့ဖို့ ပြောနေရသည်။

“ဘာလို့ ဒီလောက်ထိငိုနေရတာလဲ?”

“ခင်ဗျားကြောင့်မို့လေ ခင်ဗျားကြောင့်မို့”

“ကိုကို မဟုတ်တော့ဘူးလား ကလေးလေးရဲ့”

ရုတ်တရတ်ကြီး တဟုန်ထိုး တိုးတက်သွားတဲ့ အခြေအနေကြီးကြောင့် စိုင်းမာန်သစ်အငွေ့ပြန်ချင်သလိုဖြစ်သွားရသည်။ ဘုန်းပြည့်အာဏာက ဘယ်တုန်းက အဲ့လိုတွေပြောတတ်သွားတာလဲဆိုတာကို သူ့မှာ အပြေးအလွှားနားမလည်နိုင်အောင်ဖြစ်ရသည်။

“မခေါ်ဘူး ခင်ဗျားကို မခေါ်ဘူး”

“ခုဏကတော့ ချစ်တယ်ဆို”

“မချစ်ဘူး မချစ်ဘူးလို့”

“ဟောဗျာ ကိုယ့်ကို Game ဘာညာ လိမ်ဆင်တွေလုပ်ပြီး ဖွင့်ပြောခဲ့တာဘယ်ကောင်လေးလဲ? ညကြီးမင်းကြီး ကိုယ့်ဆီရောက်ချလာပြီး ပြေးဖက်တာ ဘယ်သူလဲ? အခုထိ ကိုယ့်ကို ပျောက်သွားတော့မတတ်ဖက်ထားတာ ဘယ်သူလေးလဲ?”

ဒီလူက ဘုန်းပြည့်အာဏာလုံး၀မဖြစ်နိုင်ဘူးဟု စိုင်းမာန်သစ်သိလိုက်သည်။ လူစားထိုးခံလိုက်ရတာများလား။ ပြိုင်ဘက်ကုမ္ပဏီက ခေါင်းကိုချောင်းရိုက်လိုက်လို့များ ရူးသွားတာလား။ စိုင်းမာန်သစ် တကယ်ကိုတွေးနေရပြီ။ ငိုချင်နေတာတောင် ကြက်ပျောက်ငှက်ပျောက်။

ဒါပေမဲ့ သူဘုန်းပြည့်အာဏာကို ဖက်ထားမိတုန်းပင်။ သူဘုန်းပြည့်အာဏာရဲ့ ရင်ခွင်ကျယ်ကနေ မခွာဖြစ်ခဲ့။ မခွာချင်ခဲ့ဘူးဆိုရင်ပိုမှန်မည်။ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာကို အံ့သြတကြီးမော့ကြည့်မိနေတုန်းဖြစ်သည်။

ဘာလို့ ဒီလောက်ထိ နူးညံ့သွားရတာလဲဆိုတဲ့ မေးခွန်းတွေက မျက်ရည်စတွေရစ်သီနေတဲ့ မျက်၀န်း၀ိုင်း၀ိုင်းမှာအထင်းသား။ ခက်တာက အဲ့ဒီမေးခွန်းရဲ့ အဖြေကို ဘုန်းပြည့်အာဏာကိုယ်တိုင်တောင် မသိတာပင်။ သူ စိုင်းမာန်သစ်နဲ့ကျမှ စိတ်ကို ဘယ်လိုလွှတ်ပေးနေလိုက်မိမှန်းကို မသိတာဖြစ်နေသည်။

“အဲဒီတုန်းကဟာကို မေ့လိုက်ဖို့ပြောထားတယ်လေဗျာ”

မကျေမနပ်နဲ့ဆိုလာတော့ ဘုန်းပြည့်အာဏာက ခပ်ဖွဖွလေးပြုံးသည်။ စိုင်းမာန်သစ်ကလည်း ငေးမိပြန်တာပင်။ ဘုန်းပြည့်အာဏာရဲ့အပြုံးကို မြင်လိုက်ရရင်ကို မျက်ရည်တွေ ပြန်ရစ်၀ဲလာရလောက်တဲ့အထိ သူ ဘုန်းပြည့်အာဏာကို ချစ်မိနေခဲ့တာင်ဖြစ်သည်။

“အဲဒီတုန်းက ဘေဘီ နိုင်တယ်လို့ ထင်နေတာလား”

“ဟင်”

အံ့သြသွားတဲ့အခါ ဟစိ ဟစိဖြစ်နေတဲ့ ပါးစပ်ကလေးက ဘုန်းပြည့်အာဏာရဲ့ သမာဓိကို ခဏခဏလာစမ်းနေတာဖြစ်သည်။ ဘုန်းပြည့်အာဏာလည်း ယောကျ်ားလေးတစ်ယောက်။ သွေးသားဆန္ဒဆိုတာ ရှိကြတာပင်ဖြစ်သည်။

သို့သော် ဒီနှုတ်ခမ်းတစ်စုံကြောင့်နဲ့ ထိန်းမရသိမ်းမရဖြစ်လာတာကိုတော့ သူအခုထိလက်ခံလို့မရသေး။ ပထမ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာရေချိုးခန်းထဲကို အတင်း၀င်ပြီး ရေချိုးတုန်းက။ ဗိုက်သားချပ်ချပ်ပေါ်က အမာရွတ်နဲ့ ရေစိုနေတဲ့ ဆံပင်အုပ်အုပ်တို့ကတင် ဘုန်းပြည့်အာဏာကို တုန်လှုပ်သွားစေရသည်။

အစကတော့ အိမ့်မှူးသော်စီမှာ ရှိနေတဲ့အမာရွတ်နဲ့ ဆင်တူဖြစ်နေတာမို့ သူစိုက်ကြည့်လိုက်မိခြင်းဖြစ်သည်။ သို့သော် ရေချိုးခန်းထဲပြန်၀င်ကာ အလုပ်ရှုပ်သွားရသည်က သူ။ ဒီအတောအတွင်း ဘုန်းပြည့်အာဏာရဲ့ အတွေးတွေကိုသာ စိုင်းမာန်သစ် ဖောက်ကြည့်လို့ရခဲ့ရင်ဖြင့် သူ့ကို တကယ့်အထန်ကောင်ဆိုပြီး အထိုးခံရနိုင်ဖွယ်ရှိသည်။ သူလည်း မတတ်နိုင်ဘူး။ စိုင်းမာန်သစ်က တအားချစ်ဖို့ကောင်းနေတာ။

“ကျွန်တော် နိုင်တာ..”

ဖိကပ်ခံလိုက်ရတဲ့ နှုတ်ခမ်းတစ်စုံကြောင့် စိုင်းမာန်သစ် မျက်လုံးတွေပြူးကျယ်သွားရသည်။ သူ့ခေါင်းကို ထိန်းကိုင်လာတဲ့ လက်တစ်စုံကြောင့် စိုင်းမာန်သစ် အခြေအနေကို နားလည်သွားရသည်။ ကျွမ်းကျွမ်းကျင်ကျင်နမ်းတတ်နေသည့် ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ် မျက်မှောင်ကုတ်လိုက်မိသည်။

အနမ်းတွေက ကြာရှည်မှာမနူးညံ့တော့ချေ။ မွတ်သိပ်လာတဲ့အပြင် အငမ်းမရနိုင်လာသည်။ ပါးစပ်ထဲကို တိုး၀င်လာတဲ့ လျှာကြောင့် ဒီအနမ်းက ဘယ်ထိလမ်းပေါက်နိုင်လဲဆိုတာ စိုင်းမာန်သစ် နားလည်စပြုလာရသည်၊။

“ကိုကို”

စက်ကွင်းကလွတ်တုန်း တိုးဖျဖျခေါ်လိုက်တဲ့အသံက မိန်းမောသံအပြည့်ပါနေသည်။ ဘုန်းပြည့်အာဏာလည်း ထိုမှအသိ၀င်လာကာ ရုတ်တရတ်မျက်နှာကို ခွာလိုက်သည်။ သူဒီကလေးကို ဘာလုပ်ဖို့ကြံနေမိတာလဲဆိုတာ တွေးမိတော့ တကယ်ကိုယ့်ကိုကိုယ်စိတ်ပျက်သွားရသည်။

စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာအသိစိတ်လွတ်သွားဖို့အတွက် လုံလောက်သည်ထက် ပိုတဲ့အကြောင်းပြချက်ကလေးပင်ဖြစ်သည်။

“ဆောရီး ကိုယ်”

“ကျွန်တော် ဒီနေ့အိမ်မပြန်ဘူး”

လွှတ်ကနဲ့ ထွက်သွားတဲ့ စကားလုံးကြောင့် စိုင်းမာန်သစ် မျက်နှာအရောင်တော်တော်ရင့်သွားသည်။ ဘုန်းပြည့်အာဏာက အံ့သြသွားဟန်နှင့် ငုံ့ကြည့်ပြီးနောက်မှာတော့ နှုတ်ခမ်းတို့က တွန့်ချိုးသွားရပြန်သည်။ စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာကိုပင် မကြည့်ရဲတော့ဘဲ ခေါင်းကိုတစ်ဖက်စောင်းငဲ့သွားတာကြောင့် လည်တိုင်ကျော့ကျော့က ထင်းကနဲ့ပေါ်လာပြန်သည်။

သူအခု ဘုန်းပြည့်အာဏာကို သေချာမြူစွယ်နေတာလားလို့တောင် မေးချင်လာပြီဖြစ်သည်။ ဘုန်းပြည့်အာဏာ လည်တိုင်ကျော့ကျော့ကို မျက်နှာကပ်လိုက်ပြီး သွားနဲ့တို့တိတို့တိလိုက်ကိုက်နေမိသည်။ စိုင်းမာန်သစ်ဆီက အသံပိစိလေးတွေထွက်လာတော့မှ လွှတ်ပေးလိုက်မိသည်။

“အိမ်ပြန်သင့်တယ်နော် အခုနေပြန်ရင် မှီသေးတယ်”

ဘုန်းပြည့်အာဏာက ပြောတော့ စိုင်းမာန်သစ်မချင့်မရဲစဥ်းစားလိုက်မိသေးသည်။ ထို့နောက် မိန်းမိန်းလျလျပြောလိုက်မိသည်။

“ကျွန်တော် ကိုကို့ကို စောင့်နေရတာတော်တော်ကြာနေပြီ”

ပြောကာ သူ့နှုတ်ခမ်းဆီချဥ်းကပ်လာသူကြောင့် ဘုန်းပြည့်အာဏာအနေနဲ့ စိုင်းမာန်သစ်ကို လွှတ်ပေးဖို့စိတ်ကူးတွေပျောက်ရှသွားရသည်။ ဒီကောင်လေးက သေချာပေါက်သူ့ရဲ့ မြတ်နိုးရာလေး။ ပြီးတော့ ယစ်မူးရာလေး။

စိုင်းမာန်သစ်ကို အချစ်တွေထုတ်ပြဖို့ ဆုံးဖြတ်လိုက်သည့် အချိန်ကစပြီး သူ့အချစ်တွေဟာ ရေစီးကမ်းပြိုထို ကောင်လေးအပေါ်သက်ရောက်မည်ဖြစ်သည်။ တစ်ယောက်ကိုတစ်ယောက်စောင့်နေခဲ့တာလည်းဖြစ်သလို သူတို့နှစ်ယောက်ရဲ့ အချစ်မှာ နောက်ကျတယ်ဆိုတာမျိုးလည်း မရှိ။

ထို့ပြင် စောနေသေးသည်ဆိုတာမျိုး ပိုလို့ပင်မရှိလေသေးသည်။

ခုတင်ပေါ်ကိုအသာအယာချလိုက်တော့ စိုင်းမာန်သစ်ကို မျက်နှာကို တစ်ဖက်စောင်းထားတုန်း။ သူကတော့ ရှက်လို့ ဒီလိုလုပ်နေတာဆိုပေမယ့် ဘုန်းပြည့်အာဏာကတော့ လည်တိုင်ကျော့ကျော့ကို ငေးရင်းစိတ်တွေမထိန်းနိုင်ဖြစ်ရသည်။

စိုင်းမာန်သစ်နဲ့တော့ ဘုန်းပြည့်အာဏာက ရူးတော့မှာဖြစ်သည်။

စိုင်းမာန်သစ်ရဲ့ အိမ်နေရင်း T-Shirt ကလေး ဘယ်လိုကနေ ဘယ်လိုကြမ်းပြင်ပေါ်ကို ရောက်သွားမှန်းပင်မသိလိုက်။ ဘုန်းပြည့်အာဏာက သူ့ကိုယ်လုံးတွေကို ပွတ်သပ်ပြီး နှုတ်ခမ်းနဲ့လိုက်နမ်းနေတာကြောင့် စိုင်းမာန်သစ်မှာ မိန်းမောနေရပြန်သည်။

ဘုန်းပြည့်အာဏာရဲ့ Bathrobe ကကြိုးသည် အစကတည်းက လျော့လျော့ရဲရဲဖြစ်နေတာမို့ စိုင်းမာန်သစ် တစ်ချက်ဆွဲလိုက်တာနဲ့ ပြေကျသွားသည်။ စိုင်းမာန်သစ် ပထမဆုံးအကြိမ်အနေနဲ့ အိမ်မပြန်ဘူးပြောလိုက်မိသည်ကို နောက်တရသလိုဖြစ်လာရသည်။

“ကိုကို”

မ၀ံ့မရဲနဲ့ ခေါ်လိုက်တဲ့အသံက ဘုန်းပြည့်အာဏာ တစ်ကိုယ်လုံးကို ကျဉ်တက်သွားစေသည်။ မျက်၀န်းတစ်စုံနဲ့တင် သူ့ရင်ခုန်သံတွေ ပရမ်းပတာဖြစ်ခဲ့ရသူက ပြုစားရက်လွန်းပြန်ပါသည်။ ဖြူဖွေးနေတဲ့ကိုယ်လုံးသေးသေးကို သူတစိမ့်စိမ့်ပင် ထိုင်ကြည့်နေချင်ပါသေးသည်။

“မင်းက သိပ်လှတာ ကလေး”

ဘုန်းပြည့်အာဏာစကားကြောင့် စိုင်းမာန်သစ်မျက်နှာကလေးမှာပိုပြီးအရောင်ရင့်လာရသည်။ ထိုကောင်လေးက ရှက်လေ။ ဘုန်းပြည့်အာဏာက ကြမ်းရမ်းပြစ်ချင်စိတ်တွေပေါ်လာလေဖြစ်သည်။ ဗိုက်ပေါ်က ကန့်လန့်ဖြတ်အမာရွတ်ကို ဖွဖွနမ်းသည့်အပြင် ချက်ကိုပါ လျှာနဲ့ထိုးလာတာကြောင့် စိုင်းမာန်သစ်ခေါင်းပင်မော့သွားရသည်။

ဘုန်းပြည့်အာဏာက သူ့ကိုလုပ်ချင်တိုင်းလုပ်နေတော့တာဖြစ်သည်။

“ကျွန်တော့်ကို တကယ်ချစ်လား?”

မျက်၀န်းတွေက ရုတ်တရတ်ဆန်စွာသူ့ကို ကြည့်လာသည်။ ချစ်စရာကောင်းလိုက်ပုံများ ဒီကောင်လေးကို အခြားသူလက်ထဲထည့်ပေးဖို့ဆိုတာ တွေးတောင်မတွေးရဲတော့ပေ။ သူဒီကလေးကို လျစ်လျူရှူ့ခဲ့မိတာကို တွေးလိုက်ရင် ကိုယ့်ကိုယ်ကိုယ်သာ ပိတ်ထိုးချင်လာတော့သည်။

“ချစ်လွန်းလို့ ကိုယ်အပိုင်ကြံနေတာလေ”

ဒါဆိုရပြီ။ ကိုကိုက သူ့ကိုချစ်ရင်ရပြီ။ စိုင်းမာန်သစ် ကျန်တာကိုမလို ဘုန်းပြည့်အာဏာက သူ့ကိုချစ်နေသည်ဆိုတဲ့ အသိနဲ့တင် အကုန်လုံးကိုပေးဆပ်နိုင်သည်။ နူးညံ့တဲ့ထိတွေ့မှု့တွေက သူ့အတွက်ဆိုရုံနဲ့တင် စိုင်းမာန်သစ် ဘာလုပ်ရလုပ်ရ။

________________________________________________

“ကိုကို ဟင့်”

သူ့ပခုံးပေါ်ကို ခေါင်းမှောက်ကာ နားရွက်နားတိုးတိုးခေါ်ညည်းတော့ ဘုန်းပြည့်အာဏာရူးမလိုပင်ဖြစ်သွားရသည်။ ကိုယ်လုံးလေးကို ရစ်သိုင်းဖက်ထားရင်း တရစပ်တိုး၀င်နေလိုက်မိသည်။ သူ့ပခုံးကို ကိုက်နေသည်ကိုသိသော်လည်း မနာကျင်အား။

“ဟင့် အင့်”

အိပ်ယာပေါ်ကို ပက်လက်ကလေးပြန်ချပေးတော့ တစ်ခဏအတွင်းမှာသူပေးလိုက်မိတဲ့ အမှတ်အသားတွေကအသားဖြူဖြူမှာ လှပစွာတည်ရှိလို့နေပြန်သည်။ ထိုကောင်လေးက အခုထိရှက်နေတုန်းဆိုပေမယ့် သူ့တောင်းဆိုမှု့ကြောင့် သူ့မျက်၀န်းတွေကို တည့်တည့်ကြည့်လို့နေပါသည်။ လှုပ်ရှားမှု့ကို ပြန်လည်စတင်လိုက်တော့ မျက်နှာကလေးက ရှုံ့မဲ့သွားသည်။

“မေ့ နေ တာ”

စိုင်းမာန်သစ် စကားသံကိုကြားသော်လည်း ဘုန်းပြည့်အာဏာက လှုပ်ရှားမှု့တွေကိုမရပ်။ သူ့အပေါ်က ထိုလူက သိပ်လည်းကျွမ်းကျင်နေသလို ဆွဲဆောင်မှု့ကလည်း တအားရှိလွန်းနေသည်။ ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်အပေါ်မှာ ယစ်မူးသလို စိုင်းမာန်သစ်ကလည်း ဘုန်းပြည့်အာဏာအပေါ်မှာ စွဲလမ်းရပါသည်။

အပေးအယူက ဒီလောက်မျှနေမှတော့ သူတို့နှစ်ယောက်အတွက် ကျန်တာမလို။

“ဟင့် မ နက် ဖြန် ကိုကို ဟင့် နေဦး”

စကားပြောရင်းတန်းလန်းမှာပင် စိုင်းမာန်သစ် နှုတ်ခမ်းတွေက အလျင်လိုစွာချိတ်ပိတ်ခံလိုက်ရပြန်ပါသည်။ စကားတစ်လုံးပြောဖို့ကို တော်တော်ခက်ခဲနေတဲ့ ဘ၀ကိုတွေးရင်း စိုင်းမာန်သစ် တရားတွေပင်ရလာရသည်။

“ကို ကို အိမ့် မင်္ဂ လာ ဆောင် ဟင့်”

လှုပ်ရှားမှု့က ခေတ္တရပ်တန့်သွားပြီးနောက် ဘုန်းပြည့်အာဏာရဲ့ မျက်ခုံးတွေက တန်းကနဲ့ဖြစ်သွားသည်။ သူသတိရသွားသည်က အိမ့်မှူးသော်မင်္ဂလာဆောင်မှာ စိုင်းမာန်သစ် သတို့သားအရံလုပ်မည့် ကိစ္စ။

“ခဏ”

စိုင်းမာန်သစ်ကိုပါ ချီရွေ့လိုက်ရင်း အိပ်ယာဘေး စားပွဲပေါ်က ဖုန်းကိုလှမ်းယူလိုက်ကာ ဘုန်းပြည့်အာဏာ တစ်ချက်နှိပ်လိုက်သည်။

“ဟယ်လို ရမ်ခ မင်းမနက်ဖြန် သတို့သားအရံလုပ်ရမယ် ပြင်ထား”

ချက်ချင်းဖုန်းကို ချလိုက်ကာ စိုင်းမာန်သစ်ကို ပြန်ကြည့်လိုက်တော့ မျက်လွှာချကာ မှိန်းနေသည့်သူကြောင့် ရင်ခုန်သံတွေက စည်းချက်မညီပြန်ဖြစ်ရပါသည်။ 

‘အခုမှလွတ်လမ်းရှာမနေနဲ့ ကလေးငယ် ကိုယ်ဒီနေ့ မင်းကို လွှတ်ပေးဖို့အစီအစဥ်မရှိတော့ဘူး။’

“အသစ် ကိုယ်မင်းကို ဘယ်လောက်ထိတောင် ချစ်မိခဲ့တာလဲ ကလေးငယ်”

အသစ်လို့ခေါ်သံက သူ့နားထဲကို ၀င်ရောက်လာတာနဲ့အမျှ စိုင်းမာန်သစ် မျက်ရည်တွေပင် ၀ိုင်းလာရသည်။ သူ ဒီခေါ်သံကို တော်တော်လွမ်းနေခဲ့တာဖြစ်သည်။ ညက အတော်ရှည်လျားခဲ့ပါသည်။ အထူးသဖြင့်စိုင်းမာန်သစ်အတွက်။ သူ ဒီလူ့အပေါ်အရာရာပုံအပ်လိုက်ပြီဖြစ်သည်။ အို အရာရာကိုပါ။

(OliviaThet-Eleanor’s Note – အပေါ်မှာ warning ရေးခဲ့တာမို့ ဒီထိဖတ်လာခဲ့တာက ပြဿနာမရှိလို့လို့ဘဲတွေးပါတယ် ချက်ချင်းကြီးလားဆိုတဲ့အတွေးတွေထက်ပြောချင်တာက စိုင်းမာန်သစ်နဲ့ ဘုန်းပြည့်အာဏာကြားက Bone ကိုပါ ခဏလေးအတွင်းမှာတင် ရင်းနှီးသွားတာမျိုးမဟုတ်ဘူး၊ မြန်သွားတာမျိုးမဟုတ်ဘူး။ ငယ်ငယ်လေးကတည်းက တစ်ယောက်ကိုတစ်ယောက်နှလုံးသားထဲမှာ ထည့်ခဲ့ကြတဲ့လူနှစ်ယောက်မို့ သူတို့နှစ်ယောက်အတွက်စောတယ်နောက်ကျတယ်ဆိုတဲ့စကားလုံးက မရှိတာမျိုးကိုပါ။ စကားလုံးကိုသေချာသုံးထားပေမဲ့ တစ်ခုခုစိတ်ခုစရာဖြစ်ခဲ့ရင် ကျွန်တော့်ကို လာပြောလို့ရပါတယ်ဗျ။❤

ဇာတ်သိမ်းပိုင်းက သိပ်မလိုတော့ပါဘူး နောက်ထပ်အများဆုံးငါးပိုင်းလောက်ပဲဖြစ်တော့မယ်ထင်တယ် တကယ်ဆိုရင်လေ သျှင်ရဲအာဏာနဲ့ စိုင်းမာန်သစ်က ဂျာမနီကိုလိုက်သွားရဦးမှာပါ ဒါပေမဲ့ အဲ့ကလေးက တအားဆိုးလွန်းတယ်ဗျာ သူ့ကိုကိုနဲ့ မခွဲနိုင်ပါဘူးဆိုလို့ ဒီလို ခွေးစာနင်ဖို့ ကိစ္စရပ်တွေဖြစ်လာရတာပါပဲ အားနာရပါတယ် တကယ်)

@OliviaThet-Eleanor

________________________________________________________________

Tags: read novel Lollipop Chapter 27 – Unicode, novel Lollipop Chapter 27 – Unicode, read Lollipop Chapter 27 – Unicode online, Lollipop Chapter 27 – Unicode chapter, Lollipop Chapter 27 – Unicode high quality, Lollipop Chapter 27 – Unicode light novel, ,

Comment

Leave a Reply

Chapter 27