Lollipop Chapter 31- Unicode

All chapters are in Lollipop
A+ A-

“စိုင်းမာန်”

သူတို့ရှိရာ စားပွဲဆီလျှောက်လာသော ဦးစိုင်းတမာန်ကို တွေ့လိုက်ရတာကြောင့် ဘုန်းပြည့်အာဏာရဲ့ စိုင်းမာန်သစ် ပုခုံးပေါ်တင်ထားတဲ့ လက်တွေက ပိုတင်းလာသည်။

“အန်ကယ်”

“သြော် ဘုန်းပြည့်လည်းရှိနေတာပဲ”

“ပါပါး ဟီး”

သူ့ကို သွားဖြဲပြီး နှုတ်ဆက်နေသော သားဖြစ်သူကြောင့် ဦးစိုင်းတမာန် သွေးတက်ချင်လာရသည်။ သူ့သားက သူထင်ထားတာထက်ကို သူ့ကိုကိုကို ရူးနေတာမှန်း ဦးစိုင်းတမာန် အခုမှ ပိုပိုသဘောပေါက်လာရသည်။

“အင်း သွားခိုင်းလိုက်တာ ပြန်ကိုပေါ်မလာတော့ဘူးနော်”

“ပါပါးကလည်း”

“စိုင်းမာန်သစ်တို့ လုပ်တာ သွေးတောင်တက်ချင်လာပြီ”

“မာန်”

တွေ့ရမည်မှန်း သိနေခဲ့သော်လည်း၊ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ခေါ်သံအောက်မှာ လူက တုန်ယင်သွားရပြန်သည်။ အချိန်တွေဘယ်လောက်ကြာကြာ ထိုလူကတော့ သူ့ကို တုန်လှုပ်စေဖို့ အကြောင်းအရင်းဖြစ်နေတုန်းပင်။

အကြိမ်ကြိမ်အခါခါ ပုန်းလျှိုးနေမိလည်း၊ အကြိမ်ကြိမ်အခါခါ ငြင်းဆန်နေမိလည်း သူတို့နှစ်ယောက်ရဲ့ နှလုံးသားတွေအကြောင်းကို သူတို့နှစ်ယောက်ကလျှင် အသိဆုံးဖြစ်ပါလိမ့်မည်။

“အင်း”

စိုင်းမာန်သစ်က အကြောင်းကိုသိနေတာကြောင့် ဘုန်းပြည့်အာဏာကို ဆွဲကာ ထိုအနားကထွက်သွားလိုက်သည်။

“ဘယ်လဲ အသစ်ရဲ့ အန်ကယ့်ကို အကျိုးအကြောင်းပြောမလို့ နေပါဦး”

“ပါပါးက အကျိုးအကြောင်း ကိုကို့ထက်ကိုပိုသိတယ် လာပါ ငြိမ်ငြိမ်လေးလိုက်လာရင် အာဘွားပေးမယ်”

သူ့ကိုဆွဲသွားကာပြောနေသူကြောင့် ဘုန်းပြည့်အာဏာနှုတ်ခမ်းတွေကော့တက်သွားရပြန်သည်။ စိုင်းမာန်သစ်ရဲ့ အပြုအမူ အပြောအဆိုသေးသေးလေးတွေမှာတောင် ဘုန်းပြည့်အာဏာက ပြိုလဲရတာဖြစ်သည်။

စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာကို ဆွဲခေါ်သွားလိုက်ကာ ခုဏက သျှင်ရဲအာဏာနဲ့ ဘုန်းပြည့်အာဏာ စကားပြောခဲ့တဲ့ နေရာသို့ရောက်လာလေသည်။ ထိုနေရာလေးက တော်တော်လှသည်ဆိုတာကို စိုင်းမာန်သစ်နှင့်လာမှ ဘုန်းပြည့်အာဏာ သိရပါသည်။

ချထားတဲ့ ခုံတန်းဖြူဖြူဟာ စိုင်းမာန်သစ်နှင့်လာမှပဲ ထိုင်ချင်စဖွယ်ရှိတော့သည်။ စိုင်းမာန်သစ်က အရင်ခုတန်းပေါ်ကို ထိုင်ချလိုက်ပြီး အရှေ့က ပန်းပင်တွေကို ငေးကြည့်နေပြန်သည်။ အခုတော့ သူ့ကောင်ကလေးဟာ တည်ငြိမ်နေပြန်ပါသည်။

“အသစ်”

“ဗျာ”

“ချစ်တယ်”

ရုတ်တရတ် သူ့ပခုံးပေါ်အပ်ကာ ခါးကိုဖက်တွယ်လာပြီး ကလေးတစ်ဦးလို ပြောနေသူကြောင့် စိုင်းမာန်သစ်မှာ လှပစွာပြုံးမိရပြန်သည်။

“အင်း ကျွန်တော်ရော”

ပိုတိုးလို့ဘက်ကာ လည်ပင်းကို တရှုံ့ရှုံ့နမ်းနေသူကြောင့် စိုင်းမာန်သစ် နေရခက်လာရသည်။

“ကိုကို ယားတယ်”

ပခုံးပေါ်ကနေ မျက်နှာမော့တော့ စိုင်းမာန်သစ်မျက်နှာနဲ့ နီးကပ်စွာရှိနေတဲ့ ဘုန်းပြည့်အာဏာရဲ့ အသွင်အပြင်ဟာ ရင်ခုန်သံတွေကို ပရမ်းပတာဖြစ်စေသည်။ ပါးဆီကို နင့်နင့်သည်းသည်းပစ်၀င်လာသည့် အနမ်းကြောင့် စိုင်းမာန်သစ်ရင်တွေက တလှပ်လှပ်။

ခပ်ဖွဖွနမ်းတာမဟုတ်ဘဲ ပါးဖောင်းဖောင်းကို ချိုင့်၀င်သွားသည်အထိ ဖိကပ်နမ်းလိုက်တာဖြစ်တာကြောင့် ဘုန်းပြည့်အာဏာရဲ့ နှာခေါင်းက ပါးအိအိမှာနစ်၀င်နေပြီး နှုတ်ခမ်းတွေကလည်း အသားနုနုဆီကို ထိကပ်နေသည်။

“ကိုကို မင်းကိုပြောစရာရှိတယ်”

“အင်း ဘာလဲ?”

“ညနေမှ ကိုကို့အိမ်ကို လိုက်ခဲ့”

“အိမ့်နဲ့တူတူနေတဲ့ အိမ်ကိုပြောတာလား?”

“အင်း”

စိုင်းမာန်သစ်က တစ်လှည့် ဘုန်းပြည့်အာဏာရဲ့ ပုခုံးပေါ်ကို ခေါင်းမှီလိုက်ကာ ပန်းပင်တွေကို ပြန်ငေးကြည့်နေပြန်သည်။ ဆံပင်ပျော့ပျော့ကို ခိုးနမ်းနေသူကို လစ်လျူရူ့လျက်။

အို အရပ်ကတို့ရေ။ ဥက္ကဌကြီးဟာ ညီမဖြစ်သူ မင်္ဂလာဆောင်မှာ မျက်နှာပြရုံပြပြီး ခန်းမထဲကထွက်ကာ သူ့ကောာင်ကလေးနှင့် ချစ်ကြည်နူးနေပါသတဲ့။

___________________________________________________

“မာန်”

“သြော် အင်း”

ဦးစိုင်းတမာန်က အင်းတစ်လုံးသာ ဖြေပြီး ရှန်ပိန်ကို မော့သောက်နေလိုက်သည်။

“ဘယ်လောက်တောင်ချစ်ခဲ့လဲ သိတယ်မို့လား?”

“မပြော”

ဦးစိုင်းတမာန်က ဟန့်တားမည်ပြုလိုက်စဥ်မှာပဲ ဦးလှမျိုးမြင့်က စကားကို ဖြတ်ကာပြောသည်။

“မေးတာပဲ ဖြေပေးပါဦး စိုင်းတမာန်”

ကြာခဲ့ပါပြီ။ ထိုလူ သူ့နာမည်ကို အပြည့်အစုံမခေါ်ခဲ့တာအတော်ကြာနေခဲ့ပြီဖြစ်သည်။ အခုလိုကြားလိုက်ရတဲ့အခါမှတော့ ဦးစိုင်းတမာန် လူကြီးတန်မဲ့ သိမ့်ခနဲ့ဖြစ်သွားရပြန်သည်။ အသက်ငါးဆယ်တန်းကျော်တာတောင် ကြည့်ကောင်းနေဆဲဖြစ်တဲ့ ထိုလူ့မျက်နှာကို မ၀ံ့မရဲမော့ကြည့်လိုက်မည်ပြုပြီးမှ သူ့မျက်၀န်းက မျက်ရည်စတို့အကြောင်းကိုတွေးမိကာ ရှန်ပိန်ကိုသာ ငုံ့ကြည့်နေလိုက်သည်။

“သိတယ်”

“အင်း သိရင်ရပြီ”

“အင်း”

“ကိုယ်ပြန်မလာတော့ဘူး ဘယ်တော့မှ ဒီနိုင်ငံကို ပြန်မလာတော့ဘူး မင်္ဂလာပွဲပြီးတာနဲ့ ဂျာမနီကို အပြီးပြန်သွားတော့မယ်”

ရှန်ပိန်ခွက်ကို ကိုင်ထားတဲ့ ဦးစိုင်းတမာန်ရဲ့လက်တွေက လိုအပ်သည်ထက်ပိုတင်းသွားသည်။ ထို့နောက် ဦးလှမျိုးမြင့်ကို မော့ကြည့်သည်။ ဒီအဖေနဲ့ ဒီသား မျက်ရည်တွေလဲ့နေသည့် မျက်၀န်းတွေက ဆင်တူလှပပါသည်။

“ကိုယ့်ကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့သူလို သဘောထားပေးလို့ရမလား မာန်”

“ဟင်”

ဦးစိုင်းတမာန် ဆို့တက်လာသလို ခံစားလိုက်ရသည်။ သူ ဒီခန်းမထဲမှာတော့ မငိုချင်တာမို့ ပြောလိုက်မိသည်။

“အပြင်မှာပြောရအောင်”

တုန်တုန်ယင်ယင်နဲ့ထွက်သွားတဲ့ သူ့အသံကြောင့် ဦးလှမျိုးမြင့်မျက်နှာပျက်သွားရသည်။ သူက ဦးစိုင်းတမာန်မျက်နှာညှိုးမှာကို ကမ္ဘာပျက်မတတ် ကြောက်တတ်သူဖြစ်သည်။

________________________________________________

ခန်းမထဲက ထွက်ပြီး Hotel ထဲက လူရှင်းတဲ့ စားသောက်ဆိုင်ရဲ့ ဂျောင်ကျကျနေရာမှာ သူတို့နှစ်ယောက်ထိုင်ဖြစ်ကြသည်။ ရင်ခုန်ဖို့ကောင်းသလိုလိုနှင့် ၀မ်းနည်းဖို့ကောင်းနေရတာတော့အမှန်ပင် အသက်တွေတောင် ရလာပြီးမှ သူတို့နှစ်ယောက်ဟာ သံယောဇဥ်အမျှင်တန်းနေရတုန်းဖြစ်သည်။

“အင်း မင်းကို မသိခဲ့သလိုနေခဲ့ခိုင်းတာလား?”

“ဒါပေမဲ့ တစ်ရက်တော့ တစ်ရက်တော့ ကိုယ်နဲ့နေပေးပါ တစ်ရက်ပဲ”

ဦးစိုင်းတမာန်ရဲ့ မျက်၀န်းတွေက မှိုင်းညို့သွားသည်။ ထို့နောက် ဦးလှမျိုးမြင့်ကို စူးစူးရဲရဲကြည့်ကာ။

“အဲဒီတစ်ရက်ပြီးရင်ရော”

“အဲဒီနောက် ကိုယ်မင်းကို မဆက်သွယ်နဲ့ဆိုရင်တောင် မဆက်သွယ်တော့ပါဘူး”

“လက်မခံနိုင်ဘူး”

ဆွေးမြေ့နေတဲ့ မျက်၀န်းတွေနဲ့ သူ့ကိုကြည့်ကာ ပြတ်ပြတ်သားသားပြောလိုက်သူကြောင့် ဦးလှမျိုးမြင့်မှာ မျှော်လင့်ချက်မဲ့ရပြန်သည်။

“မာန်”

တိုးဖျဖျခေါ်သံဟာလည်း အသုံး၀င်မည်မဟုတ်တာသိသော်ငြား အရဲစွန့်ကာ အထွန့်တက်လိုက်မိသည်။

“ငါသွားတော့မယ်”

“မနက်ဖြန်မပြန်သေးဘူးမာန် ဘုန်းပြည့်တို့အိမ်မှာပဲ ကိုယ်ရှိနေမယ် တကယ်လို့ စိတ်ပြောင်းရင် စိတ်ပြောင်းရင် အချိန်မရွေးလာခဲ့”

တုန့်ကနဲ့ရပ်တန့်သွားခဲ့တဲ့ ခြေလှမ်းတွေဟာ ထို့လူ့စကားအဆုံးမှာ ပြန်လည်အသက်၀င်လာသည်။ ကျလာနေတဲ့ မျက်ရည်တွေကို မသိကျိုးကျွံပြုရင်း ဦးစိုင်းတမာန် သူ့အတွင်းရေးမှူးကို ဖုန်းခေါ်လိုက်ကာ Hotel ရှေ့ကို ကားချက်ချင်းထုတ်ခိုင်းလိုက်သည်။

ထို့နောက် ကားနောက်ခမ်းမှာ တိတ်ဆိတ်စွာငိုကြွေးလျက်။

_____________________________________________

“အသစ်”

“ဗျာ”

“တစ်ခုခုမေ့နေသလားလို့”

“ဟင်”

ပုခုံးပေါ်မှီနေရာမှ ခေါင်းမော့လာကာ ဘုန်းပြည့်အာဏာကို ကြည့်သူကြောင့် ခေါင်းကလေးကို ဖွဖွပွတ်သပ်ပေးတော့ ဘာလဲဆိုတဲ့ အထာနှင့်။

“ကိုကို့ကို ခန်းမထဲမှာ အသစ်တစ်ခုခုပြောလိုက်တယ်လေ”

“ဟင် ဘာလဲ ဘာပြောမိလို့လဲ?”

“မမှတ်မိဘူးလား?”

“အင်း ဘာကြီးလဲ”

“ငြိမ်ငြိမ်လေးလိုက်လာရင် အာဘွားပေးမယ်ဆိုလား”

“ဟာဗျာ”

မျက်နှာကလေးနီရဲသွားပြီး သူ့အနားက ခွာသွားသူကြောင့် ဘုန်းပြည့်အာဏာ တိုးလို့ရယ်မောရပြန်သည်။ စိုင်းမာန်သစ်ကို ချစ်ပါတယ်၀န်ခံလိုက်မိပြီးကတည်းက ဘုန်းပြည့်အာဏာမှာ အပျော်ပင်လယ်ထဲ လက်ပစ်ကူးနေရသလို။

“ယောက်ျားကတိလေ ကလေးငယ်”

“ကိုကိုဗျာ”

“ကိုကိုက မဗျာဘူး အသစ်ရဲ့ ၊ အသစ်ကသာ အာဘွားပေးရမှာ”

နားနားကို ကပ်ကာ ခပ်တိုးတိုးပြောနေသူကြောင့် စိုင်းမာန်သစ်မှာ ကြက်သီးမွေးညှင်းများပင်ထသွားရသည်။

“ရော့ဗျာ”

ဖျတ်ကနဲ့ သူ့ပါးကို လာနမ်းကာ ပြန်ပြီး နောက်ဆုတ်သွားသူကြောင့် ဘုန်းပြည့်အာဏာ သဘောတကျဖြစ်ရပြန်သည်။ ချစ်ဖို့ကောင်းလိုက်တာဆိုတာများလေ။ တစ်ဖက်ကိုလှည့်နေသူအနားကို မသိအောင်ကပ်ကာ တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

“အသစ်”

“ဟာ ကိုကို လန့်အောင်မလုပ် အင့်”

လန့်ပြီးသူ့ဘက်ပြန်လှည့်လာသော နှုတ်ခမ်းကို အမိအရထိကပ်လိုက်သည်။ ကောင်ကလေးက သူ့အနမ်းတွေကို ခံယူဖို့ အရှက်သည်းနေဆဲ။ နားရွက်ဖျားနီနီလေးကို လျစ်လျူရူ့ရင်း မျက်လုံးတွေကို မှိတ်ချလိုက်ကာ။

နေ၀င်ခါနီး ဆည်းဆာမှာ သူတို့နှစ်ယောက်ဟာ ချိုမြိုန်လွန်းသည့်အနမ်းတွေကို စနစ်တကျ ပုံဖော်နေခဲ့ကြပါသတဲ့။

________________________________________________

မင်္ဂလာပွဲပြီးတော့ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာနောက်ကို လိုက်ခဲ့ရသည်။ ဘုန်းပြည့်အာဏာရဲ့ ဖခင် ဦးသီဟနိုင်ကလည်း အိမ်ကို သူ့ကားနဲ့သူပြန်လာသည်။ အိမ့်မှူးသော်တို့ကတော့ Honeymoon တန်းထွက်ကြတာဖြစ်သည်။

ဦးသီဟနိုင်က ဧည့်သည်တွေကို ဒိုင်ခံဧည့်ခံနေခဲ့ရတာကြောင့် ပင်ပန်းနေပြီဟုဆိုကာ သူ့အခန်းထဲကို တန်း၀င်သွားသည်။ ဘုန်းပြည့်အာဏာကတော့ စိုင်းမာန်သစ်ကို သူ့အခန်းရှိရာကို ဆွဲခေါ်သွားသည်။ ဘုန်းပြည့်အာဏာရဲ့ အခန်းက ကုမ္ပဏီက အိပ်ခန်းလောက်တော့မကျယ်သော်လည်းကျဥ်းသည့်အထဲတွင်မပါ။ မပါဆို ခုတင်ကကိုက လူငါးယောက်လောက်တက်အိပ်လို့ရလောက်သည်။

စိုင်းမာန်သစ်က ၀ရန်တာဘက်ကို ထွက်ကြည့်နေလိုက်တော့ မြင်နေရသည့် မြင်ကွင်းက ချစ်စဖွယ်။

“အသစ်”

“ဗျာ”

ဒီရက်ပိုင်းအတွင်း စိုင်းမာန်သစ်က ယဥ်ကျေးလာလိုက်တာဟု ဘုန်းပြည့်အာဏာတွေးရင်း ပြုံးစစဖြစ်သွားရသည်။

“ရော့ ဒီမှာ”

လက်ထဲကို ထိုးပေးလာသော Strawberry Lollipop တစ်ချောင်းကြောင့် စိုင်းမာန်သစ် အံ့သြသွားရသည်။ အံ့သြဆို ဒီ Lollipop ကလွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်က ခေတ်စားခဲ့တဲ့ တံဆိပ်ပင်။ အခုဆို ဆိုင်တွေမှာတင်တာတောင်တော်တော်ရှားသွားခဲ့ပြီဖြစ်သည်။

စိုင်းမာန်သစ်က နားမလည်နိုင်စွာမော့ကြည့်တော့ ဘုန်းပြည့်အာဏာက လက်ကို ဆွဲယူကာ Lollipop ကို လက်ထဲထည့်ပေးသည်။ ထို့နောက် လက်ကို လက်မနဲ့ဖွဖွပွတ်ရင်း စိုင်းမာန်သစ်ကိုကြည့်သည်။

“ချစ်တယ်”

“….”

“အခုက လွန်ခဲ့တဲ့ နှစ်နှစ်က ကော်ဖီဆိုင်မှာ ကိုယ့်အသည်းနှလုံးကို ဖမ်းစားသွားတဲ့ ကောင်ကလေးကို ပြောတာ”

“ဟင်”

“ကိုယ် အစားပြန်ပေးဖို့ Lollipop ၀ယ်ပြီး ပြန်လာတဲ့အခါ အဲ့ဒီကောင်လေးက မရှိတော့ဘူးလေ”

“ကိုကို”

“အင်း”

“အဲ့ဒီတုန်းက?”

မျက်ရည်တွေရစ်၀ိုင်းတက်လာတဲ့ ကောင်ကလေးကို ဘုန်းပြည့်အာဏာက ဆွဲကာဖက်သည်။

“အင်း ကိုကိုက အဲ့ဒီကတည်းက အသစ်ကလေးကို ချစ်ခဲ့တာ”

(OliviaThet-Eleanor’s Note_နောက်တစ်ပိုင်းက Final ဖြစ်ဖို့များပါတယ် ဘုန်းပြည့်အာဏာကြောင့် စိတ်ထဲမတင်မကျဖြစ်နေတာတွေရှိသေးတာကိုသိပေမဲ့ နောက်တစ်ပိုင်းမှာ အကုန်လုံးရှင်းသွားမှာပါ အားလုံးပဲ ဒီအထိလိုက်လာခဲ့ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် နောက်တစ်ပိုင်းက အရှည်ကြီးဖြစ်မှာပါ)

@OliviaThet-Eleanor

____________________________________________________

Tags: read novel Lollipop Chapter 31- Unicode, novel Lollipop Chapter 31- Unicode, read Lollipop Chapter 31- Unicode online, Lollipop Chapter 31- Unicode chapter, Lollipop Chapter 31- Unicode high quality, Lollipop Chapter 31- Unicode light novel, ,

Comment

Leave a Reply

Chapter 31