Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃၀)

A+ A-

ဒင်္ဂါးကို အဝတ်လျှော်၊ အဝတ်လှန်းကူညီပြီးတော့ ပစ်တိုင်းထောင်က အိမ်ပေါ်အရင်တက်သွားသည်။ ပစ်တိုင်းထောင်သွားတော့မှ ဒင်္ဂါးလည်းရေကိုခပ်သွက်သွက်ချိုးပြီး အိမ်ပေါ်တက်လာသည်။ အခန်းတံခါးဖွင့်လိုက်တော့ တံခါးဘက်ကိုကျောပေးပြီး ကြမ်းပြင်ပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ ပစ်တိုင်းထောင်ကြောင့် သိလိုစိတ်နဲ့အနားတိုးကြည့်မိတော့

” ပစ်တိုင်းထောင်. ဘာလုပ် ~ ”

” အစ်ကို လာပြီလား… ဒီမှာထိုင်. အစ်ကိုလိမ်းဖို့သနပ်ခါးသွေးထားပေးတယ် ”

ကျောက်ပျဥ်ပေါ်မှာ အဝါနှစ်တွေမွှေးနေတဲ့သနပ်ခါးတွေက အပြည့်။ ဒင်္ဂါး ရေမချိုးခင်တုန်းက အခန်းထဲမှာကျောက်ပျဥ်နဲ့ သနပ်ခါးတုံးမရှိပါ။ ရွာမှာညအိပ်ရင် လိမ်းနေကြဆိုပေမယ့် ဒီကိုလိုက်လာတော့ တကူးတကမယူဖြစ်ခဲ့။ ဒါကို ပစ်တိုင်းထောင်က ဘယ်ကနေရလာသလဲ။

” ဘယ်သူ့ပစ္စည်းတွေလဲ… မမကြီးဆီကလား ”

ဒီအိမ်မှာ မိန်းကလေးဆိုလို့ မမကြီးပဲရှိသည်မို့ ဒင်္ဂါးတွေးဆဆမေးမိတော့ ပစ်တိုင်းထောင်က ရယ်သည်။

” မဟုတ်ပါဘူးဗျာ… အစ်ကို့အပိုင်ပါ ”

ပစ်တိုင်းထောင်ပြောတာကို နားမလည်ဟန်နဲ့ ကြောင်တောင်တောင်လေး ပြန်ကြည့်လာတဲ့ရွှေဒင်္ဂါးကြောင့်

” အစ်ကို ဒီကိုလိုက်လာရင် သုံးလို့ရအောင်လို့ ပြီးခဲ့တဲ့တစ်ခေါက် အိမ်ပြန်လာကတည်းက အရီးချိုကို ကြိုဝယ်ခိုင်းထားခဲ့တာ… ဘယ်လိုလဲ . ကျွန်တော် တော်တယ်မလား ”

” မင်းကလည်း လူကြီးကို အားနာစရာကြီး ”

” အော်. အစ်ကိုရယ်… ကြံဖန်ပြီးအားနာတတ်ရန်ကော… အားနာချင်သပဆိုလည်း ဒီကခန့်ခန့်ညားညား အစ်ကိုအမျိုးသားကိုအားနာလှည့်. ဟုတ်ပြီလား “

သူ့ရင်ဘတ်သူပုတ်ကာ အစ်ကို့အမျိုးသား ဆိုလေသူကြောင့် ဒင်္ဂါးမှာ ရယ်ရခက်၊ ငိုရခက်။ ပစ်တိုင်းထောင်က ကျန်တဲ့အရာတွေ လိမ္မာလာပေမယ့် ကိုယ်ရည်သွေးတတ်တဲ့အကျင့်ကတော့ မွေးရာပါဗီဇဖြစ်ပေလိမ့်မည်။

” ကဲပါ. တွေးမနေနဲ့တော့… အားနာနေရင်လည်း မနက်ကျမှ အရီးချိုကို ကျေးဇူးတင်ကြောင်း အစ်ကိုကိုယ်တိုင်ပြောလိုက်… အခုတော့ သနပ်ခါးလိမ်းလိုက်တော့ . လေသလပ်ပြီးခြောက်သွားလိမ့်မယ် “

ပြောပြောဆိုဆိုနဲ့ ဒင်္ဂါးထိုင်နေသည့်ဘက်ကို ကျောက်ပျဉ်ရွေ့ပေးပြီး သူကိုယ်တိုင်ကတော့ ခုတင်ပေါ်တက်သွားသည်။ နှစ်ထပ်အိမ်၏အပေါ်ထပ်ဖြစ်သည့်အပြင် တောရွာများမှာလို ခြင်ထောင်မလိုပဲ ပြတင်းတံခါးတွေမှာ သံဇကာအကွက်စိပ်တွေတပ်ထားသည်မို့ ခြင်၊ယင်တွေလည်းမရှိသလို ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ ဝင်လာတဲ့သဘာဝလေတွေကလည်း လတ်ဆတ်ပြီးအေးမြလှသည်။

ဘာမှမလုပ်ပါနဲ့ကွယ်..
ခေါင်းကနေခြေသလုံးထိ သနပ်ခါးတွေ
လိမ်းပြီးတော့နေပါအချစ်ရယ်
ချစ်တာကို. ချစ်တာကို.
ချစ်တာကို. ချစ်တာကို

လည်ဝိုင်းရှပ်အင်္ကျီတစ်ထည်ကို ခေါင်းစွပ်ဝတ်နေတုန်း ပစ်တိုင်းထောင်ဆီက သီချင်းညည်းသံခပ်တိုးတိုးကြားလိုက်ရသည်မို့ ဒင်္ဂါးမှာ ဝတ်လက်စအင်္ကျီကိုပင် အမြန်ကြယ်သီးတပ်ပစ်လိုက်ရသည်။ ပစ်တိုင်းထောင်ကနေ ခုတင်ခေါင်းရင်းကိုကျောမှီကာ ခြေဆင်းထိုင်ရင်း ဒင်္ဂါးကိုမျက်စိဒေါက်ထောက်ကြည့်နေသည်မို့ အနည်းငယ်ပင်ကျောချမ်းသွားသည်။

” ဘာ. ဘာလို့ကြည့်နေတာလဲ “

” ဟောဗျာ. ကျွန်တော့်သက်ဆိုင်သူကို ကျွန်တော်ကြည့်တာလေ… ဘာအမှုရှိလို့လဲ “

ပစ်တိုင်းထောင်က ခပ်စစဆိုတော့ ရွှေဒင်္ဂါးလေးက ထုံးစံအတိုင်း မထုံတတ်တေးနဲ့ မသိချင်ယောင်ဆောင်သွားသည်။ ပြီးတော့ အလုပ်မရှိ ကြောင်ရေချိုးဆိုသလို ညာဘက်ကပစ္စည်းကို ဘယ်ဘက်ရွေ့လိုက်၊ ဘယ်ဘက်ကပစ္စည်းကို ညာဘက်ရွေ့လိုက်နှင့် အိပ်ရာဝင်ဖို့ကို အချိန်ဆွဲနေသည်။

” အစ်ကို ဘာမှလုပ်စရာမရှိတော့ဘူး. လာအိပ်တော့ လာ. တစ်နေကုန်ပင်ပန်းထားတယ်မလား. ဒီကိုလာနားတော့ “

” ရ. ရပါတယ်… မပင်ပန်းပါဘူး… ပြီးတော့ အိပ်လည်းမအိပ်ချင်သေးပါဘူး “

ခုတင်ခြေရင်းမှာ ခပ်စောင်းစောင်းထိုင်ရင်း ပစ်တိုင်းထောင်ကိုမကြည့်ပဲပြောလာသည်။ မီးရောင်အောက်မှာ မြင်နေရတဲ့နားရွက်ရဲရဲလေးကြောင့် ဒီရွှေဒင်္ဂါလေး ဘာကိုအရှက်ပိုနေသလဲဆိုတာ ပစ်တိုင်းထောင်သိသည်။

ပစ်တိုင်းထောင် ခုတင်ကိုမှီထားရာကနေ ခြေရင်းကိုဆင်းသွားလိုက်ရင် ရွှေဒင်္ဂါးလေးကိုလက်ဆွဲလို့ ခုတင်တစ်ဖက်ခြမ်းမှာ အိပ်စေသည်။ ပြီးတော့မှ ကိုယ်တိုင်လည်း အစ်ကို့ဘေးနားတိုးအိပ်ကာ ခပ်သေးသေးကိုယ်လေးကို ရင်ခွင်ထဲထွေးပွေ့လို့ နေရာယူစေသည်။

” အစ်ကို မအိပ်ချင်ပေမယ့် ကျွန်တော်က အိပ်ချင်ပြီဗျာ့… အစ်ကို့ကိုဘာမှမလုပ်ဘူး… ဒီအတိုင်းလေးပဲ ထွေးပွေ့ထားမယ် “

ပစ်တိုင်းထောင်ရဲ့ကြင်နာမှုတွေကြောင့် ဒင်္ဂါးမှာခြေလက်များပင်မခိုင်ချင်ဖြစ်ရသည်။ ဒီအသက်အရွယ်ထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကြင်နာခဲ့ဖူးသလို မည်သူတစ်ဦးတစ်ယောက်ထံမှလည်း ကြင်နာယုယတွေမခံခဲ့ဖူးသည်မို့ ဒီအခြေအနေက ဒင်္ဂါးအတွက် တကယ်ကိုအစိမ်းသက်သက်။

” အစ်ကို . အိပ်ပြီလား “

” ဟင် . မအိပ်သေးပါဘူး “

ရင်ခွင်ထဲက သနပ်ခါးတုံးလေးကို ထွေးပိုက်ထားသည့်အတိုင်း အသက်တစ်ချက်ရှူလိုက်တိုင်းမှာ ရလာတဲ့သနပ်ခါးနံ့သင်းသင်းလေးကြောင့် ပစ်တိုင်းထောင်မှာ အနီးဆုံးရှိနေရသည်ကိုပင် မတင်းတိမ်နိုင်။ သူ့ဖက်ထားတဲ့အတိုင်း တောင့်တောင့်လေးငြိမ်နေတာကိုလည်း ရယ်ချင်မိသည်မို့ ခပ်တိုးတိုးခေါ်လိုက်တော့ ပြန်ထူးလာသည်။

” အစ်ကို ကျွန်တော့်ကို အဖြေမပေးရသေးဘူးနော် “

” ဟင် “

ဒင်္ဂါးမှာ အသိနဲ့သတိကို မနည်းကပ်မိအောင်နေနေရင်းက ပစ်တိုင်းထောင်စကားကြောင့် ကြောင်အသွားသည်။ မင်္ဂလာဆွမ်းကျွေးပြီးလို့ လူတစ်ယောက်လုံးတောင် သူ့ရင်ခွင်ထဲရောက်နေပြီကို အဖြေမပေးရသေးဘူးနော် ဆိုလာသည်ကြောင့်။

” အဖြေပေးဦးလေ… ကျွန်တော့်ကို မေတ္တာရှိရဲ့လား “

” လူတစ်ယောက်လုံး မင်းအနားရောက်နေပြီကို “

တိုးဖွဖွဆိုလာတဲ့စကားကြောင့် ပစ်တိုင်းထောင်နှုတ်ခမ်းထောင့်စွန်းတို့ အပေါ်ကွေးတက်သွားသည်။ ဒါပေမယ့်လည်း အဖြေစကားကို ကပ်စေးနည်းလွန်းတဲ့ကြင်သူကြောင့် ဒီညတော့ နားနဲ့ဆတ်ဆတ်ကြားရအောင် လုပ်ရမည်။

” အဲဒါက အဖြေမှမဟုတ်တာ… လူကြီးတွေကောင်းသလိုစီစဉ်လိုက်လို့ ကျွန်တော့်ကိုလက်ခံလိုက်တာမဟုတ်ဘူးလား “

” ဟင် “

” ကျွန်တော်က မြို့အုပ်မင်းညီဖြစ်နေလို့ အစ်ကိုငြင်းရခက်နေတာမလား… ကျွန်တော့်လို ဟိုက်စကူးတောင်မအောင်တဲ့ကောင်ကို အစ်ကိုစိတ်ထဲဘယ်ရှိပါ့မလဲ “

” ဟင်. အဲလို. အဲလိုစိတ်မျိုးမရှိပါဘူး… ပစ်တိုင်းထောင်ကို စိတ်ထဲရှိပါတယ် “

အရိုးခံသဘောနဲ့ ပျာပျာသလဲရှင်းပြလာသူကို ဖျစ်ညှစ်ပစ်ချင်စိတ်ကတဖွားဖွား။ သို့ပေသိ လိုချင်တဲ့အကြောင်းအရာက သက်သက်ရှိသည်မို့ ဟန်ကိုယ့်ရင်း

” စိတ်ထဲဘာရှိတာလဲ “

” ဟို. ဟို ပစ်တိုင်းထောင်ကို . အင်း. ပစ်တိုင်းထောင်ကို မေတ္တာရှိပါတယ် “

” အင်း… ကျွန်တော်ကလည်း အစ်ကို့ကို ဖွဲ့နွဲ့ပြောပြလို့မမှီနိုင်လောက်တဲ့အထိကို မေတ္တာရှိတယ် “

ပစ်တိုင်းထောင်ဆီက ချစ်စကားတွေကြားတိုင်း ရှက်သွားတဲ့မျက်နှာရဲရဲလေးက တင်စားလို့ပင်မရ။ အချစ်နဲ့ထိတွေ့ရင် လူသားတိုင်းက နူးညံ့သွားကြတော့သည်။

>>>>>>>>>>

” ကိုကိုကြီး ”

လူလေးယောက်စုံတဲ့မနက်ခင်းထမင်းဝိုင်းမှာ ပစ်တိုင်းထောင်ဆီက အသံထွက်လာသည်။

” အေး. ပြောလေ ညီငယ် ”

အခုဆို ဟိုက်စကူးပြန်ဖြေဖို့ နေ့သင်တန်းပြန်တက်နေတဲ့အပြင် အားတဲ့အချိန်တွေမှာလည်း အရင်လိုလက်လျားလက်လျားနဲ့ အပြင်တွေလျှောက်မသွားတော့တဲ့ညီငယ်ဖြစ်သူကြောင့် ကျော်ကျော်ဟန်တို့အတော်စိတ်ချမ်းသာနေရသည်။ ဒီလိုမှန်းသိခဲ့ရင် ရွာကိုအခုထက်စောပြီးပို့ခဲ့ပါသည်။

နေ့ဘက်တွေလည်း အပြင်လျှောက်မသွားတော့သလို ညဘက်ဆိုလည်း ဒင်္ဂါးက စာပြန်ပြပေးတာကို နာနာခံခံရှိသည်မို့ ခင်ခင့်မှာ အခုတလော နေ့တိုင်းနီးပါး ဈေးသွားကာ ချိုချိုချဥ်ချဥ်လေးတွေဝယ်ပြီး ပြင်ပေးလေ့ရှိသည်။ ညီငယ်ပြန်ရောက်လာကတည်းက ခင်ခင့်ဘဝမှာ ကျော်ကျော်ဟန်ကနံပါတ်နှစ်ပြန်ဖြစ်သွားပြန်သည်။

အရင်ဆိုးပေပေဖြစ်တုန်းကလည်း အချစ်မလျော့ခဲ့သလို အခုလိုအလိမ္မာအိမ်ပါလေးဖြစ်လာလေတော့ ခင်ခင့်ပါးစပ်ဖျားက ဒါကမောင်ငယ့်အတွက်၊ ဒါကမောင်ငယ်ကြိုက်တဲ့ဟာ ဆိုကာ မောင်ငယ်ချည်း ထပ်နေတော့သည်။

ဒါတင်ပဲလားဆိုတော့မဟုတ်သေး။ ကျော်ကျော်ဟန်တို့အိမ်မှာ နောက်ထပ်အကြားရဆုံးစကားကတော့ အစ်ကို ပင်ဖြစ်သည်။ ပစ်တိုင်းထောင်သည် တစ်နေ့တာရဲ့အစကို အစ်ကို လို့ခပ်ကျယ်ကျယ်ခေါ်ကာ စတတ်ပြီး တစ်ရက်တာရဲ့အဆုံးသတ်ကို အစ်ကို လို့ခပ်တိုးတိုးခေါ်ကာ ဆုံးတတ်သည်။

ကျော်ကျော်ဟန့်ကိုတော့ တစ်ခါတစ်ရံလိုချင်တာရှိမှသာ သတိရတတ်တာမျိုး။ အခုလည်း ခေါ်သည်ဆိုတော့ စားနေရင်းနဲ့ပင် မျက်ခုံးခပ်လှုပ်လှုပ်။

” အိတ်စ်ချိန်းရုံးသွားပြီးတော့ တယ်လီဖုန်းတစ်လုံးလောက် လျှောက်ပေးလို့ရမလား ”

ထင်သားပဲ…။ တစ်ခုမဟုတ် တစ်ခုပြောတော့မယ်ဆိုတာ။ ဒါပေမဲ့ တယ်လီဖုန်းအကြောင်းပြောမယ်လို့တော့ မထင်ခဲ့။

” ညီငယ် တယ်လီဖုန်းဘာလုပ်မလို့လဲ… အိမ်မှာလည်းရှိနေတာပဲကို ”

” ကျွန်တော့်အတွက်မဟုတ်ပါဘူးဗျာ… ရွာကအဖေတို့အတွက် ”

ပစ်တိုင်းထောင်စကားကြောင့် ဒင်္ဂါးမှာစားလက်စမုန့်ဟင်းခါးပင် သီးသွားရသည်။ ပစ်တိုင်းထောင်ကတော့ မပြောမဆိုနဲ့လုပ်ပြန်ပြီ။ ဒင်္ဂါးက ပစ်တိုင်းထောင်နဲ့အတူလိုက်နေပြီး အခွင့်အရေးယူတဲ့လူလို့ မြို့အုပ်မင်းတို့ထင်သွားမှာကို သိပ်စိုးပါသည်။

” အဘ. အဘတို့က တယ်လီဖုန်းမလိုပါဘူး ပစ်တိုင်းထောင်ရဲ့ ”

” မောင်ငယ့်မှာ ဘာစိတ်ကူးရှိလို့လဲ မမကြီးကိုပြောပါဦး ”

ဒင်္ဂါးက မလိုကြောင်းပြောတော့ ပစ်တိုင်းထောင်က ခေါင်းတခါခါဖြစ်နေသည်မို့ မမကြီးကဝင်မေးလာသည်။

” အဖေက အသက်ကြီးပြီလေ… ကျွန်တော်တို့က တယ်လီဖုန်းဆက်ရင် ရွာဦးကျောင်းအထိသွားနေရတာက သိပ်အဆင်မပြေဘူးလေ မမကြီးရဲ့… ပြီးတော့ ရွာကသူကြီးအိမ်မှာ တယ်လီဖုန်းရှိတော့ ရွာသားတွေလည်း တစ်ခုခုဆို ဆက်လို့ရတာပေါ့… အဓိကကတော့ အစ်ကို့ကို အစ်မငွေမှုန်တို့နဲ့ အဆက်အသွယ်မပြတ်စေချင်လို့ပါ ”

ပစ်တိုင်းထောင်က သူ့အတွက် စဥ်းစားကာပြောပေးလာတော့ ဒင်္ဂါးမှာ ကြည်နူးစိတ်ကြောင့် မျက်ရည်လေးများပင် ဝဲတက်လာသည်။ တကယ်လည်း ဒီကိုရောက်ပြီးကတည်းက အစ်မတို့ အဘတို့နဲ့ စကားပြောချင်နေခဲ့တာဖြစ်သည်။ အဘက ဒူးမကောင်းသူမို့ လမ်းအဝေးကြီးလျှောက်ရမှာကို ချင့်ချိန်နေ၍သာ မဆက်သွယ်ဖြစ်ခဲ့တာ။

” ဟုတ်တာပေါ့… ဟုတ်တာပေါ့. မောင်ငယ်စဥ်းစားတာ မှန်တာပေါ့… ဒင်္ဂါးလေးလည်း အိမ်နဲ့ဆက်သွယ်ချင်ရှာမှာပေါ့… လုပ်ပေးလိုက်ပါ ကိုကိုကျော်ရယ် ”

” ဟင်း! . အင်းပါ ခင်ခင်ရယ်… ခင်ခင်ပြောတဲ့အတိုင်း လုပ်လိုက်ပါမယ် ”

နောက်ဆုံးတော့လည်း မြို့အုပ်မင်းခမျာ ဇနီးသည်အပြောနဲ့သာ ပြီးရတော့သည်။

>>>>>>>>>>

” အစ်ကို. အစ်ကိုရေ ”

လူမလာသေးခင် အသံအရင်ကြားလိုက်ရတာကြောင့် ဒေါ်ချို အိမ်ထဲကအမြန်ပြေးထွက်လာသည်။

” သားငယ်ရယ်. မင့်အစ်ကိုက အိမ်မှာရှိပါတယ်ကွယ်… ဘယ်မှမထွက်ပြေးပါဘူး ”

” အရီးချိုက ထွက်မပြေးဘူးသာပြောတယ်. အစ်ကိုက ဘယ်မှာလဲ ”

ကချင်လွယ်အိတ်ကို ဆက်တီစားပွဲပေါ် ချလို့ ကျီးကန်းတောင်းမှောက်ရှာနေတဲ့ကောင်လေးကို ဒေါ်ချိုမျက်စောင်းထိုးလိုက်သည်။

” မင့်သမီးတွေကို ရေချိုးပေးပြီးတော့ ခြံအနောက်ဘက်ရောက်နေတာထင်တယ် ”

” ဟင်! ဟုတ်လား… ကျွန်တော်လိုက်သွားဦးမယ် ”

လိုက်သွားဦးမယ်ကနောက် လူအရင်ရောက်နေပြီမို့ ဒေါ်ချိုဘာမှဆက်မပြောတော့။

ဝုတ်~ ဝုတ်~

ပစ်တိုင်းထောင်ခြံဘေးကနေဖြတ်လျှောက်ခိုက် သမီးတွေအသံကြားလိုက်ရတာကြောင့် ဝေ့ဝဲရှာကြည့်တော့ နှစ်ကောင်သားနေပူစာလှုံရင်းနဲ့ အခင်းပေါ်မှာ သန့်ပြန့်ကာလှပနေကြသည်။ အစ်ကိုကရေချိုးပေးထားတော့ မည်းနေတဲ့အမွေးတွေက ပိုနက်ပြောင်ကာသပိတ်ရောင်ထနေတော့သည်။

” ဖေ့သမီးတွေက မွေးနေပါလားကွ… ဖေဖေလေး ရေချိုးပေးထားတာလား. ဟုတ်လား “

ပစ်တိုင်းထောင်ပြောတာကို နားလည်သည့်အလား သူတို့အရှေ့မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ပစ်တိုင်းထောင်ကို ပွတ်သီးပွတ်သပ်လုပ်ကာ နမ်းရှုံ့လေတော့သည်။ ဒီရက်တွေထဲမှာ စာကျက်ချိန်တွေကြောင့် သမီးတွေနဲ့တောင် အနည်းငယ်အလှမ်းဝေးနေသည်။

” ဖေက မနက်ဖြန်ကျရင် သမီးတို့ဖေဖေလေးနဲ့ လျှောက်လည်မလို့… သမီးတို့ကိုမခေါ်သွားလို့ဆိုပြီး စိတ်မဆိုးရဘူးနော်… ဖေတို့ပြန်လာတဲ့အခါကျရင် လမ်း(၄၀)ထိပ်က ကြက်ရိုးပြုတ်နူးကို သမီးတို့အတွက်ဝယ်လာခဲ့မယ် ဟုတ်ပလား “

နားလည်သော်ရှိ မလည်သော်ရှိ ပစ်တိုင်းထောင်က သူ့သမီးနှစ်ယောက်ကို စကားပြောနေသည်ကို ဒင်္ဂါးခပ်လှမ်းလှမ်းကနေ ရပ်ပြီးနားထောင်နေလိုက်သည်။ မိစွာနဲ့မိုက်မိုက်စန်းအသံကြားသည်မို့ လူစိမ်းဝင်သလားဆိုကာ အရှေ့ဘက်ထွက်လာတော့ ပစ်တိုင်းထောင်က သူ့သမီးတွေနဲ့လေပေးဖြောင့်နေသည်။

” ဟာ. အစ်ကို . ဘယ်တုန်းကရောက်နေတာလဲ “

” မင်းသမီးတွေကို လမ်း(၄၀)ထိပ်က ကြက်ရိုးပြုတ်ဝယ်လာပေးမယ်ဆိုကတည်းက “

ဒင်္ဂါးက ပြုံးစစပြောတော့ ပစ်တိုင်းထောင်က ရယ်ကျဲကျဲနဲ့ လက်တစ်ဖက်နဲ့ခေါင်းကုတ်ကာ အနားရောက်လာသည်။

” ကျွန်တော်က အစ်ကို့ကို အံ့ဩသွားအောင် လုပ်မလို့ပါဆို… အခုမှတော့ မထူးတော့ပါဘူး… အစ်ကို ဒီမှာကြည့်လိုက် “

ပစ်တိုင်းထောင်က အိတ်ကပ်ထဲကလက်မှတ်နှစ်စောင်ကို ဒင်္ဂါးအရှေ့မှာထောင်ပြလာသည်။

” ဘာတွေလဲ “

” ရုပ်ရှင်လက်မှတ်လေ… မနက်ဖြန်ကျရင် စာသင်ဝိုင်းက နေ့တစ်ပိုင်းပဲရှိတယ်… အဲဒါ မနက်ဖြန်ညနေကျရင် အစ်ကိုနဲ့နှစ်ယောက်တည်း ဘိုင်စကုတ်သွားကြည့်ကြမယ်နော် “

” ဖြစ်ပါ့မလား “

” ဟာ. ဘာကိုဖြစ်ပါ့မလားလဲ . အစ်ကိုရ “

ပစ်တိုင်းထောင်ကပြောလည်းပြောရင်း ဒင်္ဂါးလက်ကိုလည်းဆွဲကာ အိမ်ရှေ့ဘက်ကို ပြန်လျှောက်လာသည်။ ပစ်တိုင်းထောင်ရဲ့ ထိုသို့သောလက်ဆွဲခြင်း၊ ပခုံးဖက်ခြင်းအပြုအမူတွေကြား ဒင်္ဂါးတစ်ယောက်နေသားကျနေပြီဖြစ်သည်။

” မင်း စာမေးပွဲကနီးနေပြီလေ “

” ရော်. အစ်ကိုနဲ့တော့ ခက်နေပါပြီ… ကျွန်တော်က စာမရလို့ကျတာမဟုတ်ဘူး. ကျွန်တော်မဖြေလို့သာ ကျတာပါဆိုတာကို. အစ်ကိုလည်း ကျွန်တော့်ကို ညတိုင်းစာသင်ပေးနေတာပဲလေ… ကျွန်တော်မရတဲ့စာရှိလို့လား “

ပစ်တိုင်းထောင်ကမေးလေတော့လည်း ဒင်္ဂါးခေါင်းခါပြလိုက်သည်။ တကယ်လည်း ပစ်တိုင်းထောင်က ဟိုက်စကူးစာတွေအကုန်လုံးကိုရသည်။ တစ်ချို့ဘာသာတွေဆို ဖတ်စာအုပ်၏စာမျက်နှာနံပါတ်တွေကိုပါ အတိအကျမှတ်မိသည်။

ဒါနဲ့များတောင် ဘာလို့ဟိုက်စကူးကို သုံးခါကျအောင်ဖြေရသလဲ မေးမိတော့ ကျွန်တော်အမှန်အတိုင်းပြောလိုက်ရင် အစ်ကိုစိတ်ကောက်သွားမှာစိုးတယ်ဆိုပြီး ဒင်္ဂါးကို စနောက်နေသည်မို့ ထိုအကြောင်းကို ထပ်မမေးဖြစ်တော့။ ပစ်တိုင်းထောင် ဟိုက်စကူးကျရခြင်းအကြောင်းကို ဒင်္ဂါးကိုပြောပြတုန်းကတော့ ဒီအတိုင်းစာမရလို့ကျခြင်းကို ဆရာမလေးကိုအကြောင်းရှာသည်ဟုသာ ထင်ခဲ့မိသည်။ ထိုသို့တွေးမိလေတော့ စိတ်ထဲနွမ်းနယ်လာရပြန်သည်။

” ဘာကိုစဉ်းစားမိသွားပြန်တာလဲ… ဟိုက ကလေးတစ်ယောက်နဲ့ တစ်ဗိုက်တောင်ရနေပြီ… ပြီးတော့ ကျွန်တော့်မှာ အစ်ကိုရှိနေပြီလေ. ကလေးစိတ်နဲ့ ဘာတွေလျှောက်တွေးသလဲ . ဟမ် “

” ပစ်တိုင်းထောင်. မင်းထက်ငါအကြီးနော် “

ရွှေဒင်္ဂါးနဖူးကို ခပ်သာသာတောက်မိတော့ စိတ်မဆိုးတတ်တဲ့တစ်ရွာသားလေးက ထိုစကားသာဆိုလေသည်မို့ ပစ်တိုင်းထောင်မှာ ရယ်ကျဲကျဲ။

” လာ. ထမင်းသွားစားကြမယ်… မမကြီးတို့က နေ့လယ်စာအပြင်မှာစားလောက်တယ်. ဒီနေ့တော့ အိမ်မှာအစ်ကိုနဲ့ ကျွန်တော်နှစ်ယောက်တည်းပဲ . ဟဲ . ဟဲ “

” ထမင်းစားပြီးရင် ငါ ပန်းခြံရှင်းရဦးမယ်… ပြီးတော့ အရီးချိုကိုလည်း မီးဖိုခန်းထဲ မီးသွေးအိတ်ရွေ့ပေးရဦးမယ် “

” ရတယ်. အစ်ကိုမလုပ်နဲ့… ကျွန်တော်အကုန်လုပ်ပေးမယ် “

” ရပါတယ်. မင်းက စာသာလုပ်ပါ “

အေးအေးကလေးနေစမ်းကွယ်
မင်းမလုပ်နဲ့အိမ်အလုပ်တွေ
ပင်ပန်းတယ်
သိမ်းကြုံးပြီးကိုယ်အကုန်ရှင်းမယ်
ချစ်တာကို . ချစ်တာကို
ချစ်တာကို . ချစ်တာကို

” စာလည်းလုပ်မယ်… လုပ်သင့်တာလည်းလုပ်မယ်… အခုလောလောဆယ်တော့ ဗိုက်ဆာတယ်ဗျာ… သွားစားကြရအောင် “

ရွှေဒင်္ဂါးတစ်ယောက် ဉာဏ်မများနိုင်အောင် ပစ်တိုင်းထောင် ဘာစကားမှဆက်မပြောခိုင်းတော့ပဲ ပခုံးနှစ်ဖက်ပေါ်လက်တင်ကာ အရှေ့ကသွားစေတော့သည်။

အမှတ်သည်းခြေကြီးလွန်းလှတဲ့ ရွှေဒင်္ဂါးလေးကတော့ ထမင်းစားပြီးတော့ တကယ်ကို အိမ်အလုပ်တွေသာ သိမ်းကျုံးလုပ်လေသည်မို့ ပစ်တိုင်းထောင်မှာ နှစ်ကိုယ်တူနီးဖို့အရေး မျှော်တွေးနေချင်ပေမယ့် နဂိုကတည်းက အလုပ်မရှိရင် ငြိမ်ငြိမ်ထိုင်မနေတတ်သည့်ဒင်္ဂါးလေးကြောင့် မလိုအပ်တဲ့နေရာမှာသာ ခွန်အားတွေကုန်ဆုံးလိုက်ရတော့သည်။

နောက်များကျရင်တော့ ရွှေဒင်္ဂါးလေးကို အမျိုးကောင်းသားတို့တပ်အပ်သည့်ပညာရပ်များကို သေသေချာချာသင်ပေးရပေဦးမည်လို့သာ ကြံရွယ်ထားတော့သည်။ အခုကတော့ အချစ်နဲ့အတူ ထင်းသယ်၊ ရေခပ်ရင်း ….

သည်းလွန်းတယ်ဆိုကြပါစေ
အမျိုးသားလေး သည်တစ်ယောက်ထဲပေါ့
အလိုလိုက်မယ်
အရိပ်တကြည့်ကြည့် ကိုယ်ကြည်နူးတယ်
ချစ်တာကို . ချစ်တာကို
ချစ်တာကို . ချစ်တာကို

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၁-၉-၂၀၂၄)

Next part will be FINAL.

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃၀), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃၀), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃၀) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃၀) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃၀) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၃၀) light novel, ,

Comment

Leave a Reply

Chapter 59