My Possessive Of You 1

All chapters are in My Possessive Of You
A+ A-

Unicode

“လရောင်သသ ခင်များအခုဘယ်မှာလဲ လရောင်သသ ကျုပ်ခေါ်နေတာကြားလား”

အခန်းရှေ့က ဆူညံသံတွေကြောင့် အိပ်နေရာကနေ လရောင်နိုးလာခဲ့သည်။အံ့ကျူးမျိုးနွယ်က ဘာကို အလိုမကျပြီး အော်ခေါ်နေလည်း မသိပေမယ့် လရောင်ကို သေချာပေါက် ဒေါသထွက်နေပြီဖြစ်သည်။

“လရောင်လေးက နေမကောင်းလို့ နားနေတာပါ အကိုလေး ဘာခိုင်းစရာရှိလို့လဲဟင် မမဆွေ လုပ်ပေးပါ့မယ်”

“မလိုဘူး သူ့ကိုပဲ လိုတာ၊ဟေ့ကောင် အခုချက်ချင်းထွက်ခဲ့စမ်း”

ဆူညံအော်ဟစ်နေတာကြောင့် မနေနိုင်တော့တဲ့အဆုံး မူးနေတဲ့ခေါင်းကို အသာထိန်းပြီး အပြင်ကိုထွက်လာလိုက်သည်။ဘေးမှာ မမဆွေက စိတ်ပျက်လက်ပျက်နဲ့ ထိတ်လန့်နေတဲ့အမူအရာနဲ့။

“ဘာဖြစ်လို့လဲ အံ့ကျူးမျိုးနွယ်”

ဒုန်း!

လရောင်ကို အခန်းထဲဆွဲသွင်းပြီး အခန်းတံခါးကို ခြေထောက်နဲ့ နောက်ပြန်ကန်ပိတ်လိုက်တာမို့ လရောင်ကိုယ်လေးတွန့်သွားသည်။အံ့ကျူးမျိုးနွယ်က ဘာကိုများ အဲလောက်ကြီး ဒေါသထွက်နေရတာလဲ။

“ဒါ ဘာတွေလဲ ဘာတွေလဲ ဟမ်!”

ပို့စကတ်အရွယ် ဓာတ်ပုံတွေကို လရောင်ရှေ့ ကျဲချလာသည်။အထိတ်တလန့်နဲ့  ကောက်ကြည့်လိုက်တော့ ရာဇာနဲ့ လရောင်ရဲ့ပုံတွေဖြစ်နေသည်။ပုံတွေအားလုံးမှာ လရောင်က ပြုံးနေပြီး ရာဇာက လရောင်ကို ကြည့်နေတဲ့ ပုံတွေချည်းပဲ ဖြစ်သည်။ဖျတ်ခနဲ ကြည့်လိုက်ရုံနဲ့ ချစ်သူရည်းစားတွေလို့ ထင်ရလောက်အောင် ရိုက်ချက်တွေက ပီပြင်နေတာဖြစ်သည်။

“အဲတာကြောင့်လား အဲတာလေးကြောင့် မင်းငါ့ကို အော်နေတာလား”

လရောင် မယုံကြည်နိုင်စွာပင် မင်တေတေနဲ့ မေးလိုက်ပါသည်။အံ့ကျူးမျိုးနွယ်က စိတ်လွတ်နေတဲ့လူတစ်ယောက်လို အသားကုန်အော်နေရတဲ့ အကြောင်းက ဒီဘာရယ်မဟုတ်တဲ့ ဓာတ်ပုံတွေကြောင့်တဲ့လား။

ကျစ်!

ချက်ချင်းဆိုသလိုပဲ လရောင်အင်္ကျီစကို ဆွဲကိုင်ပြီး မေးစေ့ကို သူ့လက်ကြီးနဲ့ အသားကုန်ဖျစ်ညှစ်ထားသည်။

“ခင်များကို ကျုပ် ဘယ်လိုပြောထားလဲ အဲ့စောက်ကောင်နဲ့ မပတ်သက်နဲ့လို့ ကျုပ်ဘယ်နှကြိမ်ပြောထားသလဲ”
(⚠︎စကားအသုံးအနှုန်းရိုင်းရင် ခွင့်လွှတ်ပါ။)

“ငါ သူနဲ့မပတ်သက်ဘူး အံ့ကျူးမျိုးနွယ် သူပြုံးပြလို့ ငါမကောင်းတတ်လို့ ပြန်ပြုံးပြတာပဲ ရှိတာ”

“မကောင်းတတ်လို့ ဟုတ်လား ကောင်းများကောင်းတတ်ရင် ခင်များသွားတွေစိရမှာမဟုတ်ဘူး”

“အံ့ကျူးမျိုးနွယ်”

“ဟိုကောင်က ကျားချောင်း ချောင်းနေလို့ ခင်များကို အတန်တန်သတိပေးနေတာ ပြီးကျမှ မျက်ရည်နဲ့မျက်ခွက် ကျန်နေခဲ့မှာ မြင်ယောင်သေးတယ်”

“တော်တော့ အံ့ကျူးမျိုးနွယ် ရာဇာက အဲ့လိုလူမျိုးမဟုတ်ဘူး မင်းပြောသလိုပဲ ငါသူနဲ့ ကင်းအောင် နေတာပဲလေ”

လူကိုမယုံသင်္ကာနဲ့ ပြောချင်ရာပြောနေတဲ့လူကို လရောင်စိတ်မရှည်တော့ပါ။မတော်တဆတိုက်ဆိုင်လို့ ပြုံးပြနှုတ်ဆက်တာလောက်ကလွဲရင် ပထမအကြိမ် သူသတိပေးပြီးကတည်းက ရာဇာထူးဟန်နဲ့ မပတ်သက်ဖြစ်တော့ပါ။အခု ရာဇာနဲ့လရောင်ကို ယုန်ထင်ကြောင်ထင် ဖြစ်စေတဲ့ ဓာတ်ပုံတွေ ဘယ်က ရလာသလဲဆိုတာကိုတော့ လရောင်မသိပါ။သိလည်းမသိချင်ပါ။ကိုယ်က လိပ်ပြာလုံနေတာမို့ မဖြုံစတမ်းပဲဖြစ်သည်။

“အ့…”

နောက်ထပ်ငါမဖြစ်စေရပါဘူး မင်းစကားနားထောင်ပါ့မယ်လို့ ဘယ်တော့မှမရှိ။အံ့ကျူးက တစ်ခွန်းဆိုရင်တစ်ခွန်း ပက်ပက်လန်အောင်ပြန်ပြောတတ်သူကို အမြင်ကပ်ကပ်နဲ့ ပါးပြင်နုနုကို သွားရာအကွင်းလိုက်ထင်အောင် ဖိကိုက်ပစ်လိုက်တော့မှ မျက်စောင်းထိုးပြီး အိပ်ရာပေါ်ငုတ်တုတ်လေးပြန်ထိုင်သွားသည်။ဘာတတ်နိုင်သေးလဲ ခင်များ.. ပြောလိုက်ရင် ကလန်ကဆန်နဲ့။

ခုတင်ပေါ်မှာ ထိုင်နေတဲ့ လရောင်သသက အံ့ကျူးကိုက်လိုက်တဲ့ ပါးပေါ်က သွားရာအကွင်းလိုက်ကြီးကို လက်နဲ့အုပ်ကိုင်ပြီး အံ့ကျူးကို အံကြိတ်ပြီးကြည့်နေသည်။

“ကျုပ်ကို အဲ့လိုမကြည့်နဲ့ လရောင်သသ ကျုပ်စကားနားမထောင်လို့ အပြစ်ပေးတာ”

“….”

“လရောင်သသ!!”

“…”

ကျစ်! အဲ့ဒီစောက်ချိုးတွေကို မကြိုက်တာ။လူကိုမတူသလို မတန်သလိုနဲ့ မကြိုက်ဘူးပြောရင် ပိုလုပ်ချင်သေးတာ။လရောင်သသက အကောင်သာ သေးတာ ခေါင်းမာတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။နာတယ်ဆိုရုံလေး ကိုက်လိုက်တာကို တက်များ rape ရင် နေရာမှာတင် လန့်သေလောက်သည်။

“လက်ဖယ် အာငွေ့ပေးလိုက်ရင် သက်သာသွားမှာ”

ပါးကိုအုပ်ကိုင်နေဆဲမို့ အနာသက်သာအောင် အာငွေ့ပေးဖို့ သူ့အနားကို ထသွားလိုက်သည်။အံ့ကျူး ဘေးနားရောက်ခါမှ တမင်တကာပင် အခြားတစ်ဖက်ကိုတောင် ရွှေ့သွားသေးသည်။ရိုးနေပြီ လရောင်သသအဲဒါ ကလေးအကွက်တွေ…။

“ကျုပ်အသာတကြည်ပြောနေတုန်း ခင်များလက်တွေကို ဖယ်လိုက်”

“ဟင့်အင်း သွား  မင်းငါ့အခန်းထဲက ထွက်သွားတော့ ငါနားချင်နေပြီ”

ကိုယ်က အားနည်းနေသူမို့ မနိုင်မှာမှန်းသိသိကြီးနဲ့ အံ့ကျူးလက်ကနေ လွန်ဆန်နေမိသည်။တစ်ခုခုဆို အသားနာအောင်လုပ်တတ်တဲ့ အံ့ကျူးရဲ့ အကျင့်ကြီးကို မုန်းသည်။မိတဆိုးလေးမို့ အဖိုးအဖွားတွေက အလိုလိုက်ထားတာကို အခွင့်ကောင်းယူပြီး ဘာမှ မတော်စပ်တဲ့သူ့အပေါ်မှာလည်း အံ့ကျူးမျိုးနွယ်က ဆိုးသည်။နိုင့်ထက်စီးနင်းလုပ်ချင်သည်။

“အဲ့ဒီစကားနားမထောင်တဲ့ ခင်များစောက်ကျင့်တွေကို ပြင်ထား နေမကောင်းလို့ အလျှော့ပေးနေတာ လရောင်သသ၊ ကျုပ်စိတ်မတိုချင်ဘူး အဲ့လက်တွေ ဖယ်လိုက်”

ဖုန်း!ဖုန်း!

သေသေသပ်သပ်အိပ်ရာပေါ်က ဖွေးဆွတ်နေတဲ့ ခေါင်းအုန်းတွေနဲ့ ဖက်လုံးတွေကို စိတ်တိုတိုနဲ့ အံ့ကျူးလွှင့်ပစ်နေမိသည်။စိတ်ပေါက်ပေါက်နဲ့ လူကိုသာ ဆွဲမွေ့ပစ်ချင်သည်။အဲဒီဟာလေးက မထိရက်မကိုင်ရက်လေးမို့သာ အံ့ကျူးစိတ်တွေကို အများကြီးလျှော့ချထားတာဖြစ်သည်။

“အဟင့် အံ့ကျူး “

အသံတိုးတိုးလေးကြားတော့မှ အသိစိတ်ဝင်လာတာဖြစ်သည်။ခုတင်ပေါ်က လူက ငိုနေပြန်ပြီ။ဘာရယ်မဟုတ်တာလေးကို ငိုမယ်၊အံ့ကျူးစိတ်တိုရင် ငိုမယ် တစ်ခွန်းမကျန်ပြန်ပြောမယ် အဲတာကလွဲရင် အဲ့ဟာလေးက ကျန်တာ ဘာမှ မတတ်။ပါးပေါ်မှာ အံ့ကျူးသွားရာကြီးက အကွင်းလိုက်ဖြစ်ကာ သွေးရောင်တောင်လွှမ်းနေသည်။

“အစကတည်းက လက်ဖယ်လိုက်ရင် ပြီးရောပေါ့ အပင်ပန်းခံပြီး ရုန်းနေသေးတယ် ဖူး …”

ပြောလည်းပြော ပါးစပ်ကလည်း တဖူးဖူးနဲ့ လရောင်ပါးကို ဖွဖွငုံပြီး အာငွေ့ပေးနေသူကို မယုံကြည်နိုင်စွာပင် ကြည့်နေမိပါသည်။အနာပေးလိုက် ဆေးပေးလိုက်ဆိုတာ အံ့ကျူးမျိုးနွယ်မှ အစစ်။ပါးကို လက်ဖဝါးနဲ့ အသာအုပ်ကိုင်ပြီး ခပ်ဖွဖွငုံဆွဲနေတဲ့သူက အခုကျတော့ မထိရက်မကိုင်ရက်နဲ့ စောစောက မညှာမတာကိုက်ပစ်လိုက်တာ သူမဟုတ်သလိုပင်။

ပါးဖောင်းဖောင်းလေးတစ်ခုလုံးကို ခံတွင်းထဲရောက်အောင် ဆွဲငုံထားမိသည်။နူးညံ့အိစက်နေတာက မနက်စာလ္ဘက်ရည်ဝိုင်းမှာ စားရတဲ့ ပေါင်မုန့်လုံးလေးထက်တောင် နုအိနေသည်။သုံးနှစ်သားအရွယ်ကတည်းက ဒီပါးကို အကြိမ်ကြိမ်နမ်းရှိုက်ခဲ့ဖူးပါရက်နဲ့ အခုကျမှ ခံစားချက်က တစ်မျိုးကြီးဖြစ်နေသည်။တဒိုင်းဒိုင်းနဲ့ ဘယ်ဘက်ရင်အုံကလည်း ခုန်ပေါက်နေတာ တရစပ်။

ပြွတ်!

ပါးဖောင်းဖောင်းလေးကို လွှတ်ပေးလိုက်တော့ နဂိုဖြူတဲ့ အသားအရေက ပုစွန်ဆီရောင်သန်းနေပြီဖြစ်သည်။မျက်လုံးဝိုင်းဝိုင်းလေးနှစ်ခုကလည်း ပုတ်ခတ်ပုတ်ခတ်နဲ့ သိသိသာသာကို မျက်နှာပျက်ယွင်းနေသည်။နှလုံးခုန်နှုန်းတွေ ကမောက်ကမဖြစ်ရတာ အံ့ကျူးတစ်ယောက်ထဲ ဟုတ်ပုံမပေါ်။အသဲယားစွာပင် ပါးဖောင်းဖောင်းနှစ်ဖက်ကို နှာခေါင်းနစ်ဝင်အောင် မွှေးကြူလိုက်တော့ မျက်လုံးလေးအဝိုင်းသားနဲ့ အံ့ကျူးရင်ဘတ်ကို လက်သီးဆုပ်နဲ့ ထုလွှတ်သည်။ဘယ်လိုလုပ်ရပါ့ အဲ့ပါးလေးတွေကလည်း မွှေးကြူနေတာပဲ။

“အဟင်း! သက်သာပြီမလား ကျုပ်သွားတော့မယ်”

ဘာမှမသိသလို အူလည်လည်လေးလုပ်နေတာမို့ ကြာကြာကြည့်နေရင် အံ့ကျူး ဘာလုပ်လိုက်မိမလဲ မသိတာကြောင့် အခန်းထဲကနေသာ အမြန်ဆုံးပြေးထွက်လာခဲ့သည်။
ဒီ့ထက်ပိုချစ်စရာကောင်းနေရင် ခံစားချက်တွေ ပေါက်ထွက်လာတော့မယ်…။
အဟက်! ပေါက်ထွက်လာတော့ရော ဘာဖြစ်လဲ ။လရောင်သသက ငယ်ငယ်လေးကတည်းက သူ့အပိုင်ပဲဟာ။

•••••

“အံ့ကျူးမျိုးနွယ်က အဲ့တာဘာဖြစ်သွားတာတဲ့လဲ”

လောလောလတ်လတ် ငုံထွေးခံထားရ၍ နွေးနေသော ပါးတစ်ဖက်ကို လက်တစ်ဖက်က အုပ်ကိုင်ရင်း လက်တစ်ဖက်က အဆက်မပြတ်ခုန်ပေါက်နေသော ဘယ်ဘက်ရင်အုံကိုသာ ဖိထားမိသည်။ရင်ဘတ်ထဲက အခုန်လွန်ပြီး သေသွားရင် ဒုက္ခဟုလည်း တွေးမိသေးသည်။

အံ့ကျူးမျိုးနွယ်က ငယ်ငယ်ကတည်းက လရောင်ကို နမ်းနေကျဆိုပေမယ့် အခုတစ်ကြိမ် ရုတ်တရက်ကြီး နမ်းသွားမှုမှာတော့ လရောင်အသက်ရှူရပ်မလားထင်လိုက်ရသည်။အံ့ကျူးမျိုးနွယ်မျက်လုံးတွေက နီရဲနေပြီး တစ်ခုခုကို တောင့်တနေသလိုဖြစ်နေသည်။

ဒီ့ပြင်အချိန်တွေမှာဆိုရင် လရောင်အပေါ် အတတ်နိုင်ဆုံးညင်သာသလောက် စိတ်ဆိုးလာရင် လူကိုနာအောင်လုပ်သည်။ပြီးကျ သူမဟုတ်သလိုပဲ ခပ်တည်တည်နဲ့ ချော့တတ်သေးသည်။အခုလည်း ဘယ်ကရလာမှန်းမသိတဲ့ ဓာတ်ပုံတွေနဲ့ လရောင်ကို စွပ်စွပ်စွဲစွဲအော်သည်။

တစ်ချိန်လုံး သူပေသမျှရစ်သမျှ ခံနေရတဲ့လူဘက်ကိုတော့ နည်းနည်းမှငဲ့မကြည့်ပဲ သူထင်ရာကိုပဲ တစ်ဖက်သတ်ကြီးတွေးတာဖြစ်သည်။လရောင်က နှလုံးသားရော ဘဝကြီးကိုပါ တစ်ဦးတစ်ယောက်ထဲဆီမှာ မြှုပ်နှံထားပြီးပြီမို့ အခြားတစ်ယောက်ကို ချစ်လာဖို့ဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်တော့။

ငါပြောမပြလည်း မြင်တတ်အောင် ကြည့်စေချင်ပါတယ် အံ့ကျူးမျိုးနွယ်ရယ်…။
ငါ့ကို ဆူပူနေမယ့်အစား ငါ့နှလုံးသားကိုသာ မြင်အောင်ကြည့်ပေးပါ…။
မင်းပြောထားသလိုပဲ မင်းနဲ့စတွေ့တဲ့ အချိန်ကတည်းက ငါက မင်းအပိုင် မင်းလူပါ။

•••••

ဒီဇင်ဘာလ 31ရက်, 2003ခုနှစ်။

“Happy New Year!! “

“Yay…. “

ဆူညံအော်ဟစ်နေကြတဲ့ လူတစ်စုရဲ့ ဘေးမှာမလှုပ်မယှက်နဲ့ ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ရှိနေသည်။ကောင်လေးက ပိန်သွယ်သွယ်ခန္ဓာကိုယ်မှာ အနွေးထည်မပါတာကြောင့် ချမ်းခိုက်ပြီး နှုတ်ခမ်းဖျားတွေပင် တဆတ်ဆတ်တုန်နေသည်။ဝတ်ထားတဲ့ polo ရှပ်အင်္ကျီအဝါနုလေးကတောင် ထိုကလေးရဲ့ အသားအရေလောက်ခြောက်ခြောက်ကပ်ကပ်မရှိတော့ပေ။အချိန်အကြာကြီး ထိုင်နေရ၍ထင်သည် ခြေထောက်တွေကလည်း ထုံကျင်ပြီး လှုပ်ရှားရမှာတောင် တွန့်တိုနေမိသည်။

“ကလေးလေး ဘာလုပ်နေတာလဲဟင်”

ဦးမင်းမျိုးနွယ်တစ်ယောက် ပန်းခြံအတွင်းသို့ သွားရောက်လည်ပတ်သော မြေးဖြစ်သူနဲ့ ဇနီးဖြစ်သူနောက် လိုက်လာရင်းကနေ ပန်းခြံအဝ ကျောက်ခက်ပင်တွေအနားတွင် သနားစရာကောင်လေးကို တွေ့လိုက်ရ၍ အချိန်ဆိုင်းမနေတော့ပဲ ကလေးနဲ့တစ်ပြေးတည်းဖြစ်အောင် ဒူးထောက်ထိုင်ချပြီး မေးလိုက်သည်။တစ်ယောက်ထဲ ထိုင်နေတဲ့ကလေးလေးက မိမိမြေးအရွယ်သာသာလေး မဟုတ်လား။

“မြေးလေး ဘယ်သူမှ မပါဘူးလားဟင်”

“မေမေပါတယ် ဖိုးဖိုး”

“ဟုတ်လား မြေးလေးမေမေက ဘယ်မှာလဲကွယ့်”

“မေမေက ဟိုးဘက်ကို ထွက်သွားတာ နေ့လည်ကတည်းက ပြန်မလာသေးလို့ စောင့်နေတာ ဖိုးဖိုး”

ကလေးလေးပြတဲ့ နေရာကို ကြည့်ပြီး ဦးမင်းမျိုးနွယ်ပင့်သက်ရှိုက်လိုက်မိသည်။ကလေးလေးက ပန်းခြံကို အလှဆင်ထားတဲ့မီးတွေနဲ့ လွတ်နေတဲ့ လမ်းကြားနေရာလေးကို လက်ညှိုးထိုးပြခြင်းဖြစ်သည်။

“မြေးလေး လိုက်ရှာသေးလား”

“ဟိုဦးဦးကြီးတွေက မေမေနာမည်ကို လော်စပီကာနဲ့အော်ခေါ်ပေးတယ် မေမေမကြားလို့ထင်တယ် လာမခေါ်သေးဘူး ဖိုးဖိုး”

ကောင်လေးက ပန်းခြံအဝင်ဝမှာ ရပ်နေတဲ့ လုံခြုံရေးဝန်ထမ်းနှစ်ဦးကို လက်ညှိုးထိုးပြီး ပြောသည်။သက်ဆိုင်ရာဝန်ထမ်းတွေကို သွားစုံစမ်းဖို့ ဦးမင်းမျိုးနွယ် ကလေးလေးကိုပါ ချိုင်းကနေ အသာမကာဆွဲထူပေးလိုက်သည်။

“အား နာတယ် ဖိုးဖိုး”

ကလေးလေးက ဘယ်အချိန်ကတည်းက ထိုင်စောင့်နေရရှာလဲ မသိ။ခြေထောက်ပင် ကောင်းကောင်းရပ်မရအောင် ထုံကျင်နေပြီဖြစ်သည်။

“ခနလေး ဖိုးနှိပ်ပေးမယ်နော်”

ခြေမနဲ့ ခြေညှိုးကြား သွေးကြောတွေကို အသာနှိပ်ပေးလိုက်ပြီး ခြေထောက်သွေးကြောတစ်လျှောက် နှိပ်နယ်ပေးလိုက်တော့မှ ကောင်းကောင်းမတ်တပ်ရပ်နိုင်လာသည်။ဘယ်လိုရေစက်တွေ ရှိခဲ့လည်း မသိပေမယ့် ဒီကလေးလေးကို မြင်ရုံနဲ့ သနားစိတ်ဝင်ပြီး ကူညီပေးချင်စိတ်တွေ ဖြစ်နေရသည်။

“တစ်ဆိတ်လောက်ပါ…”

ကလေးလေးကို လက်ကဆွဲပြီး သက်ဆိုင်ရာတာဝန်ကျသူတွေဆီကို ဦးမင်းမျိုးနွယ်သွားလိုက်သည်။

“ဟာ ကိုမင်းမျိုးနွယ် မီးပုံပွဲလာကြည့်တာလား”

တိုက်ဆိုင်စွာပင် တာဝန်ကျတဲ့ ရဲမှူးကြီးက မင်းမျိုးနွယ်တို့ ရပ်ကွက်ထဲကဖြစ်နေသည်။ရဲမှူးကြီးက ရည်ရည်မွန်မွန်ပင် ပြုံးပြနှုတ်ဆက်သည်။

“ဟုတ်ကဲ့ အမျိုးသမီးနဲ့ မြေးလည်း ပါပါတယ်”

“အော် ဒါနဲ့ ကျွန်တော်တို့ အကူအညီလိုလို့လားခင်မျာ”

ရဲမှူးကြီးက ဦးမင်းမျိုးနွယ်ဘေးမှာ ရပ်နေတဲ့ ကောင်လေးကို ကြည့်ပြီး မေးခြင်းဖြစ်သည်။

“ဟုတ်ကဲ့ ဒီကလေးလေးက သူ့အမေ နေ့ခင်းကတည်းက ပျောက်သွားတယ်ဆိုလို့ပါ”

“အော် အဲ့ကလေးလေးလား သနားဖို့ကောင်းပါတယ်ဗျာ ဒီမှာ သူ့အမေဆီက ဆက်သွယ်ထားတဲ့ စာပါ”

စာကိုကြည့်ပြီး ရင်ထဲမကောင်းဖြစ်သွားရသလို မသိစိတ်ထဲကလည်း ကြိတ်ဝမ်းသာမိသွားသည်။ဒီကလေးကို သူ့မြေးအဖြစ် မွေးစားမည်။မိတဆိုး မြေးငယ်လေးအတွက်လည်း အကိုတစ်ယောက် အရံသင့်ရမည်ဖြစ်သည်။ဒီကလေးလေးက ဘဝပေးအကုသိုလ်ကံကြောင့် မိခင်စွန့်ပစ်တာခံရပေမယ့် မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေ ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်လာခဲ့ပုံရသည်။

“ဟော ဟိုမှာ ဖိုးဖိုးလာနေပြီ အံ့ကျူးလေး၊ဒီထက်ပိုပြီး ဥာဥ့်နက်လာရင် တအားအေးလာတော့မှာ မြေးရဲ့”

“ဟင့်အင်း ဟင့်အင်း ဟိုမမတွေကတာ ကြည့်အုန်းမှာ”

ဇနီးဖြစ်သူကို ကြည့်လိုက်တော့ မြေးက တစ်ခုခုကို ပူဆာနေတာထင်သည်။သူ့အဖွားရင်ခွင်ထဲကနေ ခြေတွေလက်တွေက ရုန်းလို့။
မြေးဖြစ်သူကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်သည်။သူလည်း ဒီကလေးလေးကို မြင်ရင်သေချာပေါက် သဘောကျမှာပါ။

“အံ့ကျူးမျိုးနွယ် မြေးလေး ၊ ဖိုးက မြေးနဲ့မြေးလေးအဖွားအတွက် လက်ဆောင်ယူလာတယ် ယူမယ်မလားဟင်”

“ဘာလေးလဲဟင် ဖိုးဖိုး သားယူမှာပေါ့”

“ကိုမင်းမျိုး ဘာလက်ဆောင်လဲဟင်”

“ပြမှာပေါ့ ဖိုးကိုယ်တိုင်ပေးတဲ့ လက်ဆောင်မို့ ငြင်းလို့မရဘူးနော် မြေးလေး”

ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လာပြီးပြီမို့ မြေးလေးနဲ့ ဇနီးဖြစ်သူမကြည်ဖြူမှာကိုလည်း စိုးရိမ်မိပါသေးသည်။

“ပြမှာသာပြပါ ဖိုးရဲ့”

“ဒီမှာ မြေးအတွက် ကိုကိုတစ်ယောက် ပါလာတယ်”

“ဟင် “

ကလေးလေးကို လက်မောင်းရင်းကနေ အသာဆွဲယူပြီး မြေးရှေ့ပို့ပေးတော့ အစပိုင််းအံ့သြသွားသလိုရှိပေမယ့် မြေးမျက်လုံးတွေက ကျေနပ်ရိပ်တွေသန်းလာသည်။မသန္တာကလည်း ကလေးလေးကို သဘောကျသွားသယောင်ရှိပေမယ့် မင်းမျိုးနွယ်ကို မဝံ့မရဲမေးဆတ်ပြသည်။ပြီးမှ ရှင်းပြမယ်ဟုသာ အရိပ်အကဲပြလိုက်ရသည်။

“ကိုကို ကိုကိုလား ကိုကိုက သေးသေးလေး”

မြေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီး ကလေးလေးလက်ကို ဆွဲယူကာ သေသေချာချာကိုင်ကြည့်နေသည်။ကလေးလေးကတော့ မြေးလုပ်သမျှသာ ငြိမ်ခံနေပြီး မျက်လုံးလေးကလည်ကလည်နဲ့ လိုက်ကြည့်နေသည်။

“ကိုကိုက ကိုကိုက သားအပိုင်လားဟင်”

မပီကလာ ပီကလာ သုံးနှစ်သားလေးရဲ့စကားက တစ်ဘဝလုံးထိ လုံလောက်ဖို့ မဖြစ်နိုင်ဟု တွေးမိလျှင် သေချာပေါက်မှားလိမ့်မည်။ထိုကလေးက အပြောနဲ့ အလုပ်နဲ့ညီစွာပင် လရောင်ကို သူ့အပိုင်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်သည်။

SophiaMoon783 (13.9.2022)
______________________________________
ပြောထားတဲ့ ရက်ထက် တစ်ရက်ကြိုပြီး up ပေးလိုက်လို့ စိတ်ဆိုးကြမယ်ထင်တယ်။update က သုံးရက်တစ်ပိုင်းပါ။

Zawgyi

“လေရာင္သသ ခင္မ်ားအခုဘယ္မွာလဲ လေရာင္သသ က်ဳပ္ေခၚေနတာၾကားလား”

အခန္းေ႐ွ႕က ဆူညံသံေတြေၾကာင့္ အိပ္ေနရာကေန လေရာင္ႏိုးလာခဲ့သည္။အံ့က်ဴးမ်ိဳးႏြယ္က ဘာကို အလိုမက်ၿပီး ေအာ္ေခၚေနလည္း မသိေပမယ့္ လေရာင္ကို ေသခ်ာေပါက္ ေဒါသထြက္ေနၿပီျဖစ္သည္။

“လေရာင္ေလးက ေနမေကာင္းလို႔ နားေနတာပါ အကိုေလး ဘာခိုင္းစရာ႐ွိလို႔လဲဟင္ မမေဆြ လုပ္ေပးပါ့မယ္”

“မလိုဘူး သူ႕ကိုပဲ လိုတာ၊ေဟ့ေကာင္ အခုခ်က္ခ်င္းထြက္ခဲ့စမ္း”

ဆူညံေအာ္ဟစ္ေနတာေၾကာင့္ မေနႏိုင္ေတာ့တဲ့အဆုံး မူးေနတဲ့ေခါင္းကို အသာထိန္းၿပီး အျပင္ကိုထြက္လာလိုက္သည္။ေဘးမွာ မမေဆြက စိတ္ပ်က္လက္ပ်က္နဲ႔ ထိတ္လန္႔ေနတဲ့အမူအရာနဲ႔။

“ဘာျဖစ္လို႔လဲ အံ့က်ဴးမ်ိဳးႏြယ္”

ဒုန္း!

လေရာင္ကို အခန္းထဲဆြဲသြင္းၿပီး အခန္းတံခါးကို ေျခေထာက္နဲ႔ ေနာက္ျပန္ကန္ပိတ္လိုက္တာမို႔ လေရာင္ကိုယ္ေလးတြန္႔သြားသည္။အံ့က်ဴးမ်ိဳးႏြယ္က ဘာကိုမ်ား အဲေလာက္ႀကီး ေဒါသထြက္ေနရတာလဲ။

“ဒါ ဘာေတြလဲ ဘာေတြလဲ ဟမ္!”

ပို႔စကတ္အ႐ြယ္ ဓာတ္ပုံေတြကို လေရာင္ေ႐ွ႕ က်ဲခ်လာသည္။အထိတ္တလန္႔နဲ႔  ေကာက္ၾကည့္လိုက္ေတာ့ ရာဇာနဲ႔ လေရာင္ရဲ႕ပုံေတြျဖစ္ေနသည္။ပုံေတြအားလုံးမွာ လေရာင္က ျပဳံးေနၿပီး ရာဇာက လေရာင္ကို ၾကည့္ေနတဲ့ ပုံေတြခ်ည္းပဲ ျဖစ္သည္။ဖ်တ္ခနဲ ၾကည့္လိုက္႐ုံနဲ႔ ခ်စ္သူရည္းစားေတြလို႔ ထင္ရေလာက္ေအာင္ ႐ိုက္ခ်က္ေတြက ပီျပင္ေနတာျဖစ္သည္။

“အဲတာေၾကာင့္လား အဲတာေလးေၾကာင့္ မင္းငါ့ကို ေအာ္ေနတာလား”

လေရာင္ မယုံၾကည္ႏိုင္စြာပင္ မင္ေတေတနဲ႔ ေမးလိုက္ပါသည္။အံ့က်ဴးမ်ိဳးႏြယ္က စိတ္လြတ္ေနတဲ့လူတစ္ေယာက္လို အသားကုန္ေအာ္ေနရတဲ့ အေၾကာင္းက ဒီဘာရယ္မဟုတ္တဲ့ ဓာတ္ပုံေတြေၾကာင့္တဲ့လား။

က်စ္!

ခ်က္ခ်င္းဆိုသလိုပဲ လေရာင္အက်ႌစကို ဆြဲကိုင္ၿပီး ေမးေစ့ကို သူ႕လက္ႀကီးနဲ႔ အသားကုန္ဖ်စ္ညႇစ္ထားသည္။

“ခင္မ်ားကို က်ဳပ္ ဘယ္လိုေျပာထားလဲ အဲ့ေစာက္ေကာင္နဲ႔ မပတ္သက္နဲ႔လို႔ က်ဳပ္ဘယ္ႏွႀကိမ္ေျပာထားသလဲ”
(⚠︎စကားအသုံးအႏႈန္း႐ိုင္းရင္ ခြင့္လႊတ္ပါ။)

“ငါ သူနဲ႔မပတ္သက္ဘူး အံ့က်ဴးမ်ိဳးႏြယ္ သူျပဳံးျပလို႔ ငါမေကာင္းတတ္လို႔ ျပန္ျပဳံးျပတာပဲ ႐ွိတာ”

“မေကာင္းတတ္လို႔ ဟုတ္လား ေကာင္းမ်ားေကာင္းတတ္ရင္ ခင္မ်ားသြားေတြစိရမွာမဟုတ္ဘူး”

“အံ့က်ဴးမ်ိဳးႏြယ္”

“ဟိုေကာင္က က်ားေခ်ာင္း ေခ်ာင္းေနလို႔ ခင္မ်ားကို အတန္တန္သတိေပးေနတာ ၿပီးက်မွ မ်က္ရည္နဲ႔မ်က္ခြက္ က်န္ေနခဲ့မွာ ျမင္ေယာင္ေသးတယ္”

“ေတာ္ေတာ့ အံ့က်ဴးမ်ိဳးႏြယ္ ရာဇာက အဲ့လိုလူမ်ိဳးမဟုတ္ဘူး မင္းေျပာသလိုပဲ ငါသူနဲ႔ ကင္းေအာင္ ေနတာပဲေလ”

လူကိုမယုံသကၤာနဲ႔ ေျပာခ်င္ရာေျပာေနတဲ့လူကို လေရာင္စိတ္မ႐ွည္ေတာ့ပါ။မေတာ္တဆတိုက္ဆိုင္လို႔ ျပဳံးျပႏႈတ္ဆက္တာေလာက္ကလြဲရင္ ပထမအႀကိမ္ သူသတိေပးၿပီးကတည္းက ရာဇာထူးဟန္နဲ႔ မပတ္သက္ျဖစ္ေတာ့ပါ။အခု ရာဇာနဲ႔လေရာင္ကို ယုန္ထင္ေၾကာင္ထင္ ျဖစ္ေစတဲ့ ဓာတ္ပုံေတြ ဘယ္က ရလာသလဲဆိုတာကိုေတာ့ လေရာင္မသိပါ။သိလည္းမသိခ်င္ပါ။ကိုယ္က လိပ္ျပာလုံေနတာမို႔ မျဖဳံစတမ္းပဲျဖစ္သည္။

“အ့…”

ေနာက္ထပ္ငါမျဖစ္ေစရပါဘူး မင္းစကားနားေထာင္ပါ့မယ္လို႔ ဘယ္ေတာ့မွမ႐ွိ။အံ့က်ဴးက တစ္ခြန္းဆိုရင္တစ္ခြန္း ပက္ပက္လန္ေအာင္ျပန္ေျပာတတ္သူကို အျမင္ကပ္ကပ္နဲ႔ ပါးျပင္ႏုႏုကို သြားရာအကြင္းလိုက္ထင္ေအာင္ ဖိကိုက္ပစ္လိုက္ေတာ့မွ မ်က္ေစာင္းထိုးၿပီး အိပ္ရာေပၚငုတ္တုတ္ေလးျပန္ထိုင္သြားသည္။ဘာတတ္ႏိုင္ေသးလဲ ခင္မ်ား.. ေျပာလိုက္ရင္ ကလန္ကဆန္နဲ႔။

ခုတင္ေပၚမွာ ထိုင္ေနတဲ့ လေရာင္သသက အံ့က်ဴးကိုက္လိုက္တဲ့ ပါးေပၚက သြားရာအကြင္းလိုက္ႀကီးကို လက္နဲ႔အုပ္ကိုင္ၿပီး အံ့က်ဴးကို အံႀကိတ္ၿပီးၾကည့္ေနသည္။

“က်ဳပ္ကို အဲ့လိုမၾကည့္နဲ႔ လေရာင္သသ က်ဳပ္စကားနားမေထာင္လို႔ အျပစ္ေပးတာ”

“….”

“လေရာင္သသ!!”

“…”

က်စ္! အဲ့ဒီေစာက္ခ်ိဳးေတြကို မႀကိဳက္တာ။လူကိုမတူသလို မတန္သလိုနဲ႔ မႀကိဳက္ဘူးေျပာရင္ ပိုလုပ္ခ်င္ေသးတာ။လေရာင္သသက အေကာင္သာ ေသးတာ ေခါင္းမာတဲ့ေနရာမွာ ႏွစ္ေယာက္မ႐ွိဘူး။နာတယ္ဆို႐ုံေလး ကိုက္လိုက္တာကို တက္မ်ား rape ရင္ ေနရာမွာတင္ လန္႔ေသေလာက္သည္။

“လက္ဖယ္ အာေငြ႕ေပးလိုက္ရင္ သက္သာသြားမွာ”

ပါးကိုအုပ္ကိုင္ေနဆဲမို႔ အနာသက္သာေအာင္ အာေငြ႕ေပးဖို႔ သူ႕အနားကို ထသြားလိုက္သည္။အံ့က်ဴး ေဘးနားေရာက္ခါမွ တမင္တကာပင္ အျခားတစ္ဖက္ကိုေတာင္ ေ႐ႊ႕သြားေသးသည္။႐ိုးေနၿပီ လေရာင္သသအဲဒါ ကေလးအကြက္ေတြ…။

“က်ဳပ္အသာတၾကည္ေျပာေနတုန္း ခင္မ်ားလက္ေတြကို ဖယ္လိုက္”

“ဟင့္အင္း သြား  မင္းငါ့အခန္းထဲက ထြက္သြားေတာ့ ငါနားခ်င္ေနၿပီ”

ကိုယ္က အားနည္းေနသူမို႔ မႏိုင္မွာမွန္းသိသိႀကီးနဲ႔ အံ့က်ဴးလက္ကေန လြန္ဆန္ေနမိသည္။တစ္ခုခုဆို အသားနာေအာင္လုပ္တတ္တဲ့ အံ့က်ဴးရဲ႕ အက်င့္ႀကီးကို မုန္းသည္။မိတဆိုးေလးမို႔ အဖိုးအဖြားေတြက အလိုလိုက္ထားတာကို အခြင့္ေကာင္းယူၿပီး ဘာမွ မေတာ္စပ္တဲ့သူ႕အေပၚမွာလည္း အံ့က်ဴးမ်ိဳးႏြယ္က ဆိုးသည္။ႏိုင့္ထက္စီးနင္းလုပ္ခ်င္သည္။

“အဲ့ဒီစကားနားမေထာင္တဲ့ ခင္မ်ားေစာက္က်င့္ေတြကို ျပင္ထား ေနမေကာင္းလို႔ အေလွ်ာ့ေပးေနတာ လေရာင္သသ၊ က်ဳပ္စိတ္မတိုခ်င္ဘူး အဲ့လက္ေတြ ဖယ္လိုက္”

ဖုန္း!ဖုန္း!

ေသေသသပ္သပ္အိပ္ရာေပၚက ေဖြးဆြတ္ေနတဲ့ ေခါင္းအုန္းေတြနဲ႔ ဖက္လုံးေတြကို စိတ္တိုတိုနဲ႔ အံ့က်ဴးလႊင့္ပစ္ေနမိသည္။စိတ္ေပါက္ေပါက္နဲ႔ လူကိုသာ ဆြဲေမြ႕ပစ္ခ်င္သည္။အဲဒီဟာေလးက မထိရက္မကိုင္ရက္ေလးမို႔သာ အံ့က်ဴးစိတ္ေတြကို အမ်ားႀကီးေလွ်ာ့ခ်ထားတာျဖစ္သည္။

“အဟင့္ အံ့က်ဴး “

အသံတိုးတိုးေလးၾကားေတာ့မွ အသိစိတ္ဝင္လာတာျဖစ္သည္။ခုတင္ေပၚက လူက ငိုေနျပန္ၿပီ။ဘာရယ္မဟုတ္တာေလးကို ငိုမယ္၊အံ့က်ဴးစိတ္တိုရင္ ငိုမယ္ တစ္ခြန္းမက်န္ျပန္ေျပာမယ္ အဲတာကလြဲရင္ အဲ့ဟာေလးက က်န္တာ ဘာမွ မတတ္။ပါးေပၚမွာ အံ့က်ဴးသြားရာႀကီးက အကြင္းလိုက္ျဖစ္ကာ ေသြးေရာင္ေတာင္လႊမ္းေနသည္။

“အစကတည္းက လက္ဖယ္လိုက္ရင္ ၿပီးေရာေပါ့ အပင္ပန္းခံၿပီး ႐ုန္းေနေသးတယ္ ဖူး …”

ေျပာလည္းေျပာ ပါးစပ္ကလည္း တဖူးဖူးနဲ႔ လေရာင္ပါးကို ဖြဖြငုံၿပီး အာေငြ႕ေပးေနသူကို မယုံၾကည္ႏိုင္စြာပင္ ၾကည့္ေနမိပါသည္။အနာေပးလိုက္ ေဆးေပးလိုက္ဆိုတာ အံ့က်ဴးမ်ိဳးႏြယ္မွ အစစ္။ပါးကို လက္ဖဝါးနဲ႔ အသာအုပ္ကိုင္ၿပီး ခပ္ဖြဖြငုံဆြဲေနတဲ့သူက အခုက်ေတာ့ မထိရက္မကိုင္ရက္နဲ႔ ေစာေစာက မညႇာမတာကိုက္ပစ္လိုက္တာ သူမဟုတ္သလိုပင္။

ပါးေဖာင္းေဖာင္းေလးတစ္ခုလုံးကို ခံတြင္းထဲေရာက္ေအာင္ ဆြဲငုံထားမိသည္။ႏူးညံ့အိစက္ေနတာက မနက္စာလၻက္ရည္ဝိုင္းမွာ စားရတဲ့ ေပါင္မုန္႔လုံးေလးထက္ေတာင္ ႏုအိေနသည္။သုံးႏွစ္သားအ႐ြယ္ကတည္းက ဒီပါးကို အႀကိမ္ႀကိမ္နမ္း႐ိႈက္ခဲ့ဖူးပါရက္နဲ႔ အခုက်မွ ခံစားခ်က္က တစ္မ်ိဳးႀကီးျဖစ္ေနသည္။တဒိုင္းဒိုင္းနဲ႔ ဘယ္ဘက္ရင္အုံကလည္း ခုန္ေပါက္ေနတာ တရစပ္။

ႁပြတ္!

ပါးေဖာင္းေဖာင္းေလးကို လႊတ္ေပးလိုက္ေတာ့ နဂိုျဖဴတဲ့ အသားအေရက ပုစြန္ဆီေရာင္သန္းေနၿပီျဖစ္သည္။မ်က္လုံးဝိုင္းဝိုင္းေလးႏွစ္ခုကလည္း ပုတ္ခတ္ပုတ္ခတ္နဲ႔ သိသိသာသာကို မ်က္ႏွာပ်က္ယြင္းေနသည္။ႏွလုံးခုန္ႏႈန္းေတြ ကေမာက္ကမျဖစ္ရတာ အံ့က်ဴးတစ္ေယာက္ထဲ ဟုတ္ပုံမေပၚ။အသဲယားစြာပင္ ပါးေဖာင္းေဖာင္းႏွစ္ဖက္ကို ႏွာေခါင္းနစ္ဝင္ေအာင္ ေမႊးၾကဴလိုက္ေတာ့ မ်က္လုံးေလးအဝိုင္းသားနဲ႔ အံ့က်ဴးရင္ဘတ္ကို လက္သီးဆုပ္နဲ႔ ထုလႊတ္သည္။ဘယ္လိုလုပ္ရပါ့ အဲ့ပါးေလးေတြကလည္း ေမႊးၾကဴေနတာပဲ။

“အဟင္း! သက္သာၿပီမလား က်ဳပ္သြားေတာ့မယ္”

ဘာမွမသိသလို အူလည္လည္ေလးလုပ္ေနတာမို႔ ၾကာၾကာၾကည့္ေနရင္ အံ့က်ဴး ဘာလုပ္လိုက္မိမလဲ မသိတာေၾကာင့္ အခန္းထဲကေနသာ အျမန္ဆုံးေျပးထြက္လာခဲ့သည္။
ဒီ့ထက္ပိုခ်စ္စရာေကာင္းေနရင္ ခံစားခ်က္ေတြ ေပါက္ထြက္လာေတာ့မယ္…။
အဟက္! ေပါက္ထြက္လာေတာ့ေရာ ဘာျဖစ္လဲ ။လေရာင္သသက ငယ္ငယ္ေလးကတည္းက သူ႕အပိုင္ပဲဟာ။

•••••

“အံ့က်ဴးမ်ိဳးႏြယ္က အဲ့တာဘာျဖစ္သြားတာတဲ့လဲ”

ေလာေလာလတ္လတ္ ငုံေထြးခံထားရ၍ ေႏြးေနေသာ ပါးတစ္ဖက္ကို လက္တစ္ဖက္က အုပ္ကိုင္ရင္း လက္တစ္ဖက္က အဆက္မျပတ္ခုန္ေပါက္ေနေသာ ဘယ္ဘက္ရင္အုံကိုသာ ဖိထားမိသည္။ရင္ဘတ္ထဲက အခုန္လြန္ၿပီး ေသသြားရင္ ဒုကၡဟုလည္း ေတြးမိေသးသည္။

အံ့က်ဴးမ်ိဳးႏြယ္က ငယ္ငယ္ကတည္းက လေရာင္ကို နမ္းေနက်ဆိုေပမယ့္ အခုတစ္ႀကိမ္ ႐ုတ္တရက္ႀကီး နမ္းသြားမႈမွာေတာ့ လေရာင္အသက္႐ွဴရပ္မလားထင္လိုက္ရသည္။အံ့က်ဴးမ်ိဳးႏြယ္မ်က္လုံးေတြက နီရဲေနၿပီး တစ္ခုခုကို ေတာင့္တေနသလိုျဖစ္ေနသည္။

ဒီ့ျပင္အခ်ိန္ေတြမွာဆိုရင္ လေရာင္အေပၚ အတတ္ႏိုင္ဆုံးညင္သာသေလာက္ စိတ္ဆိုးလာရင္ လူကိုနာေအာင္လုပ္သည္။ၿပီးက် သူမဟုတ္သလိုပဲ ခပ္တည္တည္နဲ႔ ေခ်ာ့တတ္ေသးသည္။အခုလည္း ဘယ္ကရလာမွန္းမသိတဲ့ ဓာတ္ပုံေတြနဲ႔ လေရာင္ကို စြပ္စြပ္စြဲစြဲေအာ္သည္။

တစ္ခ်ိန္လုံး သူေပသမွ်ရစ္သမွ် ခံေနရတဲ့လူဘက္ကိုေတာ့ နည္းနည္းမွငဲ့မၾကည့္ပဲ သူထင္ရာကိုပဲ တစ္ဖက္သတ္ႀကီးေတြးတာျဖစ္သည္။လေရာင္က ႏွလုံးသားေရာ ဘဝႀကီးကိုပါ တစ္ဦးတစ္ေယာက္ထဲဆီမွာ ျမႇဳပ္ႏွံထားၿပီးၿပီမို႔ အျခားတစ္ေယာက္ကို ခ်စ္လာဖို႔ဆိုတာ ဘယ္လိုမွ ျဖစ္မလာႏိုင္ေတာ့။

ငါေျပာမျပလည္း ျမင္တတ္ေအာင္ ၾကည့္ေစခ်င္ပါတယ္ အံ့က်ဴးမ်ိဳးႏြယ္ရယ္…။
ငါ့ကို ဆူပူေနမယ့္အစား ငါ့ႏွလုံးသားကိုသာ ျမင္ေအာင္ၾကည့္ေပးပါ…။
မင္းေျပာထားသလိုပဲ မင္းနဲ႔စေတြ႕တဲ့ အခ်ိန္ကတည္းက ငါက မင္းအပိုင္ မင္းလူပါ။

•••••

ဒီဇင္ဘာလ 31ရက္, 2003ခုႏွစ္။

“Happy New Year!! “

“Yay…. “

ဆူညံေအာ္ဟစ္ေနၾကတဲ့ လူတစ္စုရဲ႕ ေဘးမွာမလႈပ္မယွက္နဲ႔ ငါးႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္႐ွိေနသည္။ေကာင္ေလးက ပိန္သြယ္သြယ္ခႏၶာကိုယ္မွာ အေႏြးထည္မပါတာေၾကာင့္ ခ်မ္းခိုက္ၿပီး ႏႈတ္ခမ္းဖ်ားေတြပင္ တဆတ္ဆတ္တုန္ေနသည္။ဝတ္ထားတဲ့ polo ႐ွပ္အက်ႌအဝါႏုေလးကေတာင္ ထိုကေလးရဲ႕ အသားအေရေလာက္ေျခာက္ေျခာက္ကပ္ကပ္မ႐ွိေတာ့ေပ။အခ်ိန္အၾကာႀကီး ထိုင္ေနရ၍ထင္သည္ ေျခေထာက္ေတြကလည္း ထုံက်င္ၿပီး လႈပ္႐ွားရမွာေတာင္ တြန္႔တိုေနမိသည္။

“ကေလးေလး ဘာလုပ္ေနတာလဲဟင္”

ဦးမင္းမ်ိဳးႏြယ္တစ္ေယာက္ ပန္းျခံအတြင္းသို႔ သြားေရာက္လည္ပတ္ေသာ ေျမးျဖစ္သူနဲ႔ ဇနီးျဖစ္သူေနာက္ လိုက္လာရင္းကေန ပန္းျခံအဝ ေက်ာက္ခက္ပင္ေတြအနားတြင္ သနားစရာေကာင္ေလးကို ေတြ႕လိုက္ရ၍ အခ်ိန္ဆိုင္းမေနေတာ့ပဲ ကေလးနဲ႔တစ္ေျပးတည္းျဖစ္ေအာင္ ဒူးေထာက္ထိုင္ခ်ၿပီး ေမးလိုက္သည္။တစ္ေယာက္ထဲ ထိုင္ေနတဲ့ကေလးေလးက မိမိေျမးအ႐ြယ္သာသာေလး မဟုတ္လား။

“ေျမးေလး ဘယ္သူမွ မပါဘူးလားဟင္”

“ေမေမပါတယ္ ဖိုးဖိုး”

“ဟုတ္လား ေျမးေလးေမေမက ဘယ္မွာလဲကြယ့္”

“ေမေမက ဟိုးဘက္ကို ထြက္သြားတာ ေန႔လည္ကတည္းက ျပန္မလာေသးလို႔ ေစာင့္ေနတာ ဖိုးဖိုး”

ကေလးေလးျပတဲ့ ေနရာကို ၾကည့္ၿပီး ဦးမင္းမ်ိဳးႏြယ္ပင့္သက္႐ိႈက္လိုက္မိသည္။ကေလးေလးက ပန္းျခံကို အလွဆင္ထားတဲ့မီးေတြနဲ႔ လြတ္ေနတဲ့ လမ္းၾကားေနရာေလးကို လက္ညိႇဳးထိုးျပျခင္းျဖစ္သည္။

“ေျမးေလး လိုက္႐ွာေသးလား”

“ဟိုဦးဦးႀကီးေတြက ေမေမနာမည္ကို ေလာ္စပီကာနဲ႔ေအာ္ေခၚေပးတယ္ ေမေမမၾကားလို႔ထင္တယ္ လာမေခၚေသးဘူး ဖိုးဖိုး”

ေကာင္ေလးက ပန္းျခံအဝင္ဝမွာ ရပ္ေနတဲ့ လုံျခဳံေရးဝန္ထမ္းႏွစ္ဦးကို လက္ညိႇဳးထိုးၿပီး ေျပာသည္။သက္ဆိုင္ရာဝန္ထမ္းေတြကို သြားစုံစမ္းဖို႔ ဦးမင္းမ်ိဳးႏြယ္ ကေလးေလးကိုပါ ခ်ိဳင္းကေန အသာမကာဆြဲထူေပးလိုက္သည္။

“အား နာတယ္ ဖိုးဖိုး”

ကေလးေလးက ဘယ္အခ်ိန္ကတည္းက ထိုင္ေစာင့္ေနရ႐ွာလဲ မသိ။ေျခေထာက္ပင္ ေကာင္းေကာင္းရပ္မရေအာင္ ထုံက်င္ေနၿပီျဖစ္သည္။

“ခနေလး ဖိုးႏွိပ္ေပးမယ္ေနာ္”

ေျခမနဲ႔ ေျခညိႇဳးၾကား ေသြးေၾကာေတြကို အသာႏွိပ္ေပးလိုက္ၿပီး ေျခေထာက္ေသြးေၾကာတစ္ေလွ်ာက္ ႏွိပ္နယ္ေပးလိုက္ေတာ့မွ ေကာင္းေကာင္းမတ္တပ္ရပ္ႏိုင္လာသည္။ဘယ္လိုေရစက္ေတြ ႐ွိခဲ့လည္း မသိေပမယ့္ ဒီကေလးေလးကို ျမင္႐ုံနဲ႔ သနားစိတ္ဝင္ၿပီး ကူညီေပးခ်င္စိတ္ေတြ ျဖစ္ေနရသည္။

“တစ္ဆိတ္ေလာက္ပါ…”

ကေလးေလးကို လက္ကဆြဲၿပီး သက္ဆိုင္ရာတာဝန္က်သူေတြဆီကို ဦးမင္းမ်ိဳးႏြယ္သြားလိုက္သည္။

“ဟာ ကိုမင္းမ်ိဳးႏြယ္ မီးပုံပြဲလာၾကည့္တာလား”

တိုက္ဆိုင္စြာပင္ တာဝန္က်တဲ့ ရဲမႉးႀကီးက မင္းမ်ိဳးႏြယ္တို႔ ရပ္ကြက္ထဲကျဖစ္ေနသည္။ရဲမႉးႀကီးက ရည္ရည္မြန္မြန္ပင္ ျပဳံးျပႏႈတ္ဆက္သည္။

“ဟုတ္ကဲ့ အမ်ိဳးသမီးနဲ႔ ေျမးလည္း ပါပါတယ္”

“ေအာ္ ဒါနဲ႔ ကြၽန္ေတာ္တို႔ အကူအညီလိုလို႔လားခင္မ်ာ”

ရဲမႉးႀကီးက ဦးမင္းမ်ိဳးႏြယ္ေဘးမွာ ရပ္ေနတဲ့ ေကာင္ေလးကို ၾကည့္ၿပီး ေမးျခင္းျဖစ္သည္။

“ဟုတ္ကဲ့ ဒီကေလးေလးက သူ႕အေမ ေန႔ခင္းကတည္းက ေပ်ာက္သြားတယ္ဆိုလို႔ပါ”

“ေအာ္ အဲ့ကေလးေလးလား သနားဖို႔ေကာင္းပါတယ္ဗ်ာ ဒီမွာ သူ႕အေမဆီက ဆက္သြယ္ထားတဲ့ စာပါ”

စာကိုၾကည့္ၿပီး ရင္ထဲမေကာင္းျဖစ္သြားရသလို မသိစိတ္ထဲကလည္း ႀကိတ္ဝမ္းသာမိသြားသည္။ဒီကေလးကို သူ႕ေျမးအျဖစ္ ေမြးစားမည္။မိတဆိုး ေျမးငယ္ေလးအတြက္လည္း အကိုတစ္ေယာက္ အရံသင့္ရမည္ျဖစ္သည္။ဒီကေလးေလးက ဘဝေပးအကုသိုလ္ကံေၾကာင့္ မိခင္စြန္႔ပစ္တာခံရေပမယ့္ မ်က္ႏွာျမင္ခ်စ္ခင္ပါေစ အသံၾကားသနားပါေစ ဆိုတဲ့ ဆုေတာင္းနဲ႔ ျပည့္လာခဲ့ပုံရသည္။

“ေဟာ ဟိုမွာ ဖိုးဖိုးလာေနၿပီ အံ့က်ဴးေလး၊ဒီထက္ပိုၿပီး ဥာဥ့္နက္လာရင္ တအားေအးလာေတာ့မွာ ေျမးရဲ႕”

“ဟင့္အင္း ဟင့္အင္း ဟိုမမေတြကတာ ၾကည့္အုန္းမွာ”

ဇနီးျဖစ္သူကို ၾကည့္လိုက္ေတာ့ ေျမးက တစ္ခုခုကို ပူဆာေနတာထင္သည္။သူ႕အဖြားရင္ခြင္ထဲကေန ေျခေတြလက္ေတြက ႐ုန္းလို႔။
ေျမးျဖစ္သူကို ၾကည့္ၿပီး တစ္ခ်က္ျပဳံးလိုက္သည္။သူလည္း ဒီကေလးေလးကို ျမင္ရင္ေသခ်ာေပါက္ သေဘာက်မွာပါ။

“အံ့က်ဴးမ်ိဳးႏြယ္ ေျမးေလး ၊ ဖိုးက ေျမးနဲ႔ေျမးေလးအဖြားအတြက္ လက္ေဆာင္ယူလာတယ္ ယူမယ္မလားဟင္”

“ဘာေလးလဲဟင္ ဖိုးဖိုး သားယူမွာေပါ့”

“ကိုမင္းမ်ိဳး ဘာလက္ေဆာင္လဲဟင္”

“ျပမွာေပါ့ ဖိုးကိုယ္တိုင္ေပးတဲ့ လက္ေဆာင္မို႔ ျငင္းလို႔မရဘူးေနာ္ ေျမးေလး”

ကိုယ့္သေဘာနဲ႔ကိုယ္ ဆုံးျဖတ္လာၿပီးၿပီမို႔ ေျမးေလးနဲ႔ ဇနီးျဖစ္သူမၾကည္ျဖဴမွာကိုလည္း စိုးရိမ္မိပါေသးသည္။

“ျပမွာသာျပပါ ဖိုးရဲ႕”

“ဒီမွာ ေျမးအတြက္ ကိုကိုတစ္ေယာက္ ပါလာတယ္”

“ဟင္ “

ကေလးေလးကို လက္ေမာင္းရင္းကေန အသာဆြဲယူၿပီး ေျမးေ႐ွ႕ပို႔ေပးေတာ့ အစပိုင္္းအံ့ၾသသြားသလို႐ွိေပမယ့္ ေျမးမ်က္လုံးေတြက ေက်နပ္ရိပ္ေတြသန္းလာသည္။မသႏၲာကလည္း ကေလးေလးကို သေဘာက်သြားသေယာင္႐ွိေပမယ့္ မင္းမ်ိဳးႏြယ္ကို မဝံ့မရဲေမးဆတ္ျပသည္။ၿပီးမွ ႐ွင္းျပမယ္ဟုသာ အရိပ္အကဲျပလိုက္ရသည္။

“ကိုကို ကိုကိုလား ကိုကိုက ေသးေသးေလး”

ေျမးက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးၿပီး ကေလးေလးလက္ကို ဆြဲယူကာ ေသေသခ်ာခ်ာကိုင္ၾကည့္ေနသည္။ကေလးေလးကေတာ့ ေျမးလုပ္သမွ်သာ ၿငိမ္ခံေနၿပီး မ်က္လုံးေလးကလည္ကလည္နဲ႔ လိုက္ၾကည့္ေနသည္။

“ကိုကိုက ကိုကိုက သားအပိုင္လားဟင္”

မပီကလာ ပီကလာ သုံးႏွစ္သားေလးရဲ႕စကားက တစ္ဘဝလုံးထိ လုံေလာက္ဖို႔ မျဖစ္ႏိုင္ဟု ေတြးမိလွ်င္ ေသခ်ာေပါက္မွားလိမ့္မည္။ထိုကေလးက အေျပာနဲ႔ အလုပ္နဲ႔ညီစြာပင္ လေရာင္ကို သူ႕အပိုင္အျဖစ္ သတ္မွတ္ထားခဲ့တာျဖစ္သည္။

SophiaMoon783 (13.9.2022)
______________________________________
ေျပာထားတဲ့ ရက္ထက္ တစ္ရက္ႀကိဳၿပီး up ေပးလိုက္လို႔ စိတ္ဆိုးၾကမယ္ထင္တယ္။update က သုံးရက္တစ္ပိုင္းပါ။

Tags: read novel My Possessive Of You 1, novel My Possessive Of You 1, read My Possessive Of You 1 online, My Possessive Of You 1 chapter, My Possessive Of You 1 high quality, My Possessive Of You 1 light novel, ,

Comment

Leave a Reply

Chapter 2