My Possessive Of You 2

All chapters are in My Possessive Of You
A+ A-

Unicode

“ဘာဖြစ်လို့ အလောတကြီး ဖြစ်နေတာလဲ မြေးငယ်”

ဧည့်ခန်းထဲမှာ ဟိုဟိုဒီဒီလျှောက်ပြီး အပြင်ထွက်သွားသူနောက်ကို ချက်ချင်းပြေးလိုက်သွားချင်သည့် စိတ်တွေကို တတ်နိုင်သမျှ လျှော့ချနေရတာဖြစ်သည်။ဧည့်ခန်းထဲမှာ ဖိုးတစ်ယောက်တည်း ထိုင်နေတာဆိုရင် အံ့ကျူးချက်ချင်း ထွက်သွားမိမှာဖြစ်သည်။အခုက ဖေဖေပါရှိနေ၍ အံ့ကျူးငြိမ်နေရတာဖြစ်သည်။

အပြင်ကရောက်ရောက်ချင်း လရောင်သသကို မေးပြီး ချက်ချင်းပြန်ထွက်သွားရင် လရောင်သသနောက် လိုက်သွားမှန်း တစ်အိမ်လုံးသိမှာဖြစ်သည်။ကျန်တဲ့လူတွေကို ဂရုမစိုက်ပေမယ့် အဖေ့ကိုတော့ အံ့ကျူးရှိန်သည်။ဦးခင်ဇော်မျိုးနွယ်က လရောင်သသနဲ့ ပတ်သက်ပြီး အံ့ကျူးပြာယာခတ်နေတာမျိုးကို မကြိုက်။ပုံမှန်အချိန်တွေမှာ အေးအေးဆေးဆေးနေတတ်ပေမယ့် သသကြောင့် အံ့ကျူး ဂယောက်ဂယက်ဖြစ်နေရင် အံ့ကျူးနားမလည်နိုင်တဲ့ အကြည့်မျိုးနဲ့ အဖေက ခြိမ်းခြောက်တတ်သည်။

အပြင်က သတင်းသဲ့သဲ့ကြားခဲ့ပြီး ပြန်ရောက်လာချင်းပဲ အိမ်မှာ လရောင်သသပါရှိမနေ၍ အံ့ကျူးဒေါသတွေ ငယ်ထိပ်ရောက်နေပြီဖြစ်သည်။လရောင်သသက သိပ်ကိုပြောရဆိုရခက်တာ။

“လရောင်သသ ဘယ်သွားလဲ ဖိုးသိလား”

“မောင်ရာဇာနဲ့အတူ ပါသွားတယ်လေ မြေးရဲ့ ဘာဖြစ်လို့လဲ”

တောက်!!

“ဘာတွေဒေါသထွက်နေတာလဲ မြေးငယ် လရောင်လေးကို ခိုင်းစရာရှိလို့လား”

လရောင်သသကို အံ့ကျူးခေါ်လိုက်တိုင်း ခိုင်းဖို့ပဲထင်နေတဲ့ အဖိုးရဲ့ တစ်သမတ်အမြင်ကြီးကိုလည်း ပြောင်းလဲပစ်ချင်ပါသည်။လရောင်သသက နေကြာပန်းဆိုလျှင် အံ့ကျူးမျိုးနွယ်ကပဲ နေမင်းကြီးဖြစ်ချင်ပါသည်။သူနဲ့ရှိတဲ့ အချိန်ပဲ လှပသက်ဝင်စေချင်သည်။

လူက ကနွဲ့ကယဖြစ်နေတဲ့ အပြင် ဆံပင်တွေကလည်း မြင်မကောင်းလောက်အောင် ပုခုံးအောက်နားထိ ရှည်နေသည်။ဆံပင်ရှည်ထားဖို့ကိုတော့ လရောင်သသက တော်တော်ကို အားစိုက်ရှာတာဖြစ်သည်။အလယ်တန်းပြီးကတည်းက ဆံပင်အရှည်ထားဖို့ကြိုးစားခဲ့တာဖြစ်သည်။ဖိုးနဲ့ ဖွားကလည်း လရောင်သသ ဘာလုပ်လုပ် လက်ခံပေးနေတော့တာ။

အထက်တန်းစတက်ချိန်မှာ လရောင်သသက ဆံပင်ရှည်ထားဖို့ခွင့်တောင်းတော့ ဖိုးနဲ့ဖွားက တစ်ချက်ကလေးမှမငြင်းရှာ။အံ့ကျူးကသာ သူ့ဆံပင်တွေ ဂုတ်ပေါ်ရောက်လာတိုင်း ညအိပ်ချိန်တွေမှာ ပုံပျက်ပန်းပျက်ဖြစ်အောင် ခိုးညှပ်ခဲ့တာဖြစ်သည်။မနက်လင်းလာလို့ သူ့ဆံပင်တွေကို ကြည့်ပြီး သည်းသည်းထန်ထန်ငိုတိုင်း အံ့ကျူးမှာ ကြိတ်ဝမ်းသာရတာချည်းပင်။

ယောကျ်ားလေးဖြစ်ပြီး ဆံပင်ရှည်တွေကို ဘာကြောင့် သဘောကျမှန်း အံ့ကျူးစဥ်းစားလို့မရ။လရောင်သသက ဆံပင်တွေရှည်လာရင် တော်တော်လှတာကိုတော့ အံ့ကျူးသိသည်။မျက်တောင်ရှည်ကြီးတွေနဲ့ ဝန်းရံထားတဲ့ မျက်လုံးဝိုင်းကြီးတွေက အမြဲတမ်းအပြစ်ကင်းနေသယောင်။ပုံပန်းကို ကြည့်လိုက်ရင်တော့ အပြစ်ကင်းပြီး ကလေးတစ်ယောက်လိုချစ်စရာကောင်းသည်၊လှသည်။

အံ့ကျူးမျိုးနွယ်အတွက်တော့ လရောင်သသ အဲ့လိုလှနေတာက အပြစ်ဖြစ်နေသည်။အသားအရေက ဖြူဆွတ်နေပြီး ခြေဆစ်လက်ဆစ်တွေက အစ ပန်းရောင်သန်းနေသည်။ပိန်သွယ်သွယ်ကောင်က ပါးဖောင်းကြီးတွေနဲ့ လူတကာကို ချစ်လာအောင် လုပ်တတ်သေးသည်။’လရောင်လေးက ချစ်စရာကောင်းလိုက်တာ လှလိုက်တာ’ ဆိုတဲ့ ချီးကျူးစကားတွေကြား သာယာနေတာထင်သည်။ငယ်ငယ်ကတည်းက ဖိုးရဲ့ ဧည့်သည်တွေက အိမ်ကိုလာတိုင်း ဖိုးရဲ့မြေးအရင်း သူ့ထက် ဘယ်ကမှန်းမသိ ခေါ်လာတဲ့ လရောင်သသကိုပဲ ပိုချစ်ကြတာဖြစ်သည်။

ဧည့်သည်လာတဲ့နေ့တွေဆိုရင် အံ့ကျူးမျိုးနွယ်က လရောင်သသကို အခန်းထဲမှာ ဖွက်ထားတတ်သည်။လရောင်သသကို ချစ်ကြ၍ မနာလိုဖြစ်တာမဟုတ် လရောင်သသ လှတာကို လူတကာသိမှာစိုး၍ ဖြစ်သည်။

ကျွီ!

ခြံထဲက အဖေမြင်လောက်တဲ့နေရာမှာ မျက်စေ့မျက်နှာပျက်ယွင်းစွာပင် ထိုင်နေတုန်း ခြံရှေ့ကို Sedan အနက်ရောင်တစ်စီး ထိုးရပ်လာသည်။အံ့ကျူးကြည့်နေတုန်းမှာပဲ ကားထဲကနေ ရာဇာထူးဟန်ဆိုတဲ့ကောင်က အရင်ထွက်လာပြီး ကားကိုတစ်ပတ်ပတ်ပြီး လရောင်သသကို ကားတံခါးဖွင့်ပေးသည်။ကြားရတဲ့ သတင်းတွေအရဆိုရင် ဒီနေ့ပဲ ရာဇာထူးဟန်က လရောင်သသကို ဖွင့်ပြောလိမ့်မည်။

•••••

“လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရာဇာ”

“ကိုယ်,ကိုယ်တိုင်က လိုလိုလားလား လာခေါ်ထားတာပဲလေ လရောင်ရယ် ကျေးဇူးတင်စရာမလိုပါဘူး”

ဖိုးဆီကနေ ခွင့်ပြုချက်တောင်းပြီး လရောင်ကို လာခေါ်တုန်းကလောက် မျက်နှာမကောင်းတော့ပေမယ့် ရာဇာက အားတင်းပြီးတော့ ပြုံးပြရှာသည်။အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ဘဲဥပုံသဏ္ဍာန်မျက်နှာရှိတဲ့ ရာဇာက ရုပ်ချောတဲ့ကောင်လေးတွေထဲမှာပါသည်။ရာဇာ့စိတ်နေသဘောထားကို လရောင်ခန့်မှန်းမိပေမယ့် ဒီနေ့လိုမျိုးကြီး ဖွင့်ပြောလာလိမ့်မယ်လို့ လုံးဝမထင်ထားတာဖြစ်သည်။

“ဒီနေ့အတွက် တကယ်အားနာပါတယ်၊ သူငယ်ချင်းတစ်ယောက်အဖြစ်တော့ ဆက်ရှိနေအုန်းမယ်မလား”

လရောင်ကို ဘယ်တော့မှ ငြိုငြင််ခြင်းမရှိပဲ လရောင်ဖြစ်တည်မှုကို လက်ခံပေးနိုင်တဲ့ သူငယ်ချင်းကောင်းမျိုးကို ဆုံးရှုံးရမှာသိပ်ကြောက်ပါသည်။ရာဇာထူးဟန်က သဘောထားပြည့်ဝတဲ့ ကောင်လေးတစ်ယောက်ဖြစ်သည်။အံ့ကျူးမျိုးနွယ်နဲ့ ဆန့်ကျင်ဘက်ကြီးပဲလို့ ပြောရလောက်အောင် ပြည့်စုံသည်။နှလုံးသားနဲ့ မခံစားပဲ ဦးနှောက်နဲ့ ရွေးချယ်မိရင် ရာဇာ့ကိုပဲ လက်တွဲဖော်အဖြစ်သတ်မှတ်မိမှာဖြစ်သည်။

ခြံထဲကို လှမ်းကြည့်လိုက်တော့ အံ့ကျူးမျိုးနွယ်က ခြံထဲက ကျောက်
သားခုံလေးပေါ်မှာ ထိုင်နေပြီး လရောင်တို့နှစ်ယောက်ဆီကို မရဏအကြည့်တွေ လွှတ်ထုတ်နေသည်။ဒီနေ့တစ်နေ့လုံး စိတ်ပျက်စရာကောင်းလောက်အောင် ရန်ရှာတာကိုလည်း လရောင်သေချာပေါက်ခံရတော့မည်။အခက်မသင့်ရင် အသားပါနာနိုင်သည်။အံ့ကျူးမျိုးနွယ်က ငယ်ငယ်ကတည်းက လရောင်ကိုဆိုရင် အူပုပ်တဲ့အမျိုး။ဒီအသက်အရွယ်ထိ သူ့ရဲ့ ရန်ရှာခြင်းခံရတာကိုတော့ လရောင်တကယ်စိတ်ပျက်ပါသည်။

“ကိုယ်ကလား လရောင်”

ရာဇာက အံ့သြသွားတဲ့ အမူအရာနဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြီး မေးသည်။မျက်လုံးထဲမှာ မယုံနိုင်ဖြစ်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေပါ ရောထွေးနေသည်။

“ကိုယ့်အချစ်ကို လရောင်က ပေါ့ပေါ့တန်တန်ထင်ထားတာပဲ လရောင်က ငြင်းလိုက်တာနဲ့ စိတ်နာပြီး မခေါ်နိုင်မပြောနိုင်ဖြစ်ရအောင် ကိုယ်က ဆယ်ကျော်သက်ချစ်တတ်စအရွယ်လား”

“ငါပြောချင်တာ အဲ့လိုမဟုတ်ပါဘူး တောင်းပန်ပါတယ် ရာဇာ ငါတကယ် ရာဇာ့လိုသူငယ်ချင်းမျိုး ဆုံးရှုံးရမှာ ကြောက်လို့ပါ အင့်”

ရာဇာ့ကို အတန်တန်တောင်းပန်ပြီး မျက်ရည်တွေက အိခနဲ ကျလာပြန်သည်။လရောင် ကိုယ့်ကိုကိုယ်လည်း မုန်းသည်။တစ်ခုခုဆို ငိုဖို့ပဲ တတ်တဲ့ ဒီအကျင့်ဆိုးကြီးကို စိတ်ပျက်လှသည်။

အင့်!

ပုခုံးကနေ ဆွဲယူပြီး ရင်ခွင်ထဲ ဆွဲသွင်းတာ ခံလိုက်ရသည်။ရုတ်တရက်မို့ ကြောင်သွားပေမယ့် အသိဝင်လာတဲ့ အချိန်မှာတော့ ရာဇာကလည်း လရောင်ပုခုံးပေါ်မှာ ခေါင်းမှောက်ပြီး ငိုနေပြီဖြစ်သည်။ကိုယ့်ကိုကိုယ်တောင် မပိုင်တဲ့ဘဝမှာ ကိုယ့်ကို သိပ်ချစ်နေတဲ့ ဒီလူကိုလည်း နွေးထွေးတဲ့ရင်ခွင်တစ်စုံမှာ ရှိနေစေချင်မိပါသည်။

ရာဇာ့ရင်ခွင်ထဲကနေ အံ့ကျူးမျိုးနွယ်ကိုလည်း သတိရလိုက်မိသေးသည်။အခုလောက်ဆို ခြံထဲကနေ ကြည့်နေတဲ့သူက ဒေါသတွေထွက်နေရော့မည်။တွေးထားသလို အခြေအနေပိုဆိုးမလာခင် ရာဇာ့ရင်ခွင်ထဲက ရုန်းထွက်လိုက်သည်။

“ကိုယ်….တောင်းပန်ပါတယ် ဒီအတိုင်းဖက်ထားချင်မိလို့”

“အင်း ငါအိမ်ထဲဝင်တော့မယ်”

ထိတ်လန့်နေတဲ့စိတ်ကို ဖုံးကွယ်ပြီး သွေးအေးစွာနဲ့ပဲ ခြံဝင်းထဲကို ဝင်လာခဲ့သည်။လရောင်ထင်ထားသလို အံ့ကျူးမျိုးနွယ်က ခြံထဲမှာ ရှိမနေတော့။ဘာမှမဖြစ်ဟန်ဆောင်နေပေမယ့် ထင်သလို ရမ်းကားတတ်တဲ့ လူကိုတော့ ကြောက်နေမိသည်။

“မောင်ရာဇာလိုက်ပို့တာလား မြေး”

အိမ်ထဲကိုဝင်လိုက်တာနဲ့ အဖိုးက နှုတ်ဆက်တာကြောင့် လရောင်အခန်းဆီ အရင်မသွားပဲ အဖိုးနဲ့ ဖေဖေထိုင်နေတဲ့ ဧည့်ခန်းဆီသွားလိုက်သည်။အမှန်အတိုင်းပြောရရင် အံ့ကျူးမျိုးနွယ်နဲ့ တွေ့မယ့်အချိန်ကို ဆွဲထားတာဖြစ်သည်။စောစောကတောင် ခြံထဲမှာထိုင်နေတာမို့ သေချာပေါက် အိမ်မှာရှိနေမှာဖြစ်သည်။

“ဟုတ်ကဲ့ ဖိုး”

“ကောင်လေးက ကြီးလာမှ ပိုချောလာတယ်နော် အဲ ဒါနဲ့ အံ့ကျူးဆီ သွားလိုက်ပါအုန်း စောစောကတည်းက မြေးကိုပဲ မေးနေတာ”

တွေ့ရမှာကြောက်လို့ ဖိုးဆီလာပါတယ်ဆိုမှ ဖိုးက သွားတွေ့ဖို့ပြောနေပြန်သည်။

“ဟုတ် သွားတွေ့လိုက်ပါမယ် ဖိုး”

“အေးအေး “

“ခွင့်ပြုပါအုန်း ဖိုးနဲ့ အဖေ”

ဖိုးက ခေါင်းတစ်ချက်ညိတ်ပြပေမယ့် အဖေကတော့ မော့တောင်မကြည့်။ macbook ကိုသာ သဲကြီးမဲကြီးကြည့်နသည်။လျစ်လျူရှုပြီး ခပ်ချေချေနေတဲ့ နေရာမှာ အံ့ကျူးမျိုးနွယ်က ဦးခင်ဇော်မျိုးနွယ်ကို ခြေဖျားလေးတောင်မမီပေ။အဲ့ကောင်က တစ်ခုခုဆို ထင်တိုင်းကြဲပြီး ရမ်းကားဖို့ပဲသိတာဖြစ်သည်။

“လရောင်လေး အကိုလေးအံ့ကျူးက လရောင်လေးအခန်းထဲဝင်သွားတယ် ဘာဖြစ်ကြတာလဲဟင် သူတော်တော်ဒေါသထွက်နေတာ လည်ပင်းကြောတွေတောင် ထင်းလို့ မမဆွေဖြင့် လန့်နေတော့တာ”

အံ့ကျူးမျိုးနွယ်စိတ်ရူးပေါက်ရင် ကြောက်နေရတာ လရောင်တစ်ယောက်ထဲ မဟုတ် ။တစ်အိမ်လုံးက အလုပ်သမားတွေရောဖြစ်သည်။ပစ္စည်းတွေ ထင်သလိုရိုက်ခွဲကန်ကျောက်ပစ်တတ်သည်။နှစ်ဆယ့်နှစ်နှစ်ပြည့်တော့မယ့် လူပျိုပေါက်စက ကလေးစိတ်နဲ့ ထင်ရာစိုင်းတတ်သေးသည်။

“ကျွန်တော် ဝင်သွားလိုက်မယ် မမဆွေ”

“ဖြစ်ပါ့မလား လရောင်လေးရယ်”

“ဖြစ်မှာပါ မမ သူဒေါသဖြစ်နေရတဲ့ အကြောင်းအရင်းကလည်း ကျွန်တော်ပဲကို”

“မမဆွေတော့ စိတ်ပူတယ်ကွယ်”

မမဆွေကို ပြုံးပြပြီး ကျောခိုင်းလာခဲ့သည်။လရောင်အခန်းကို တွန်းဖွင့်လိုက်တော့ အံ့ကျူးမျိုးနွယ်က bathrobe ဟပြဲကြီးနဲ့ လရောင်ခုတင်ပေါ်မှာ ကားကားကြီးထိုင်နေသည်။ခြေသလုံးကြွက်သားတွေနဲ့ ပေါင်လုံးကျစ်ကျစ်ကြီးတွေက မြင်မကောင်းအောင် ကြီးမားလွန်းနေသည်။bathrobe က လွဲပြီး အောက်က ဘာမှဝတ်ထားပုံမပေါ်။အခန်းဝမှာ ရပ်နေတဲ့ လရောင်ကို စူးစူးစိုက်စိုက်ကြည့်နေပြီး မဲ့ပြုံးတစ်ချက်ပြုံးသည်။

“ဘယ်လိုပုံစံကြီးလည်း အံ့ကျူးမျိုးနွယ်”

ရင်ဘတ်တွေကလည်း ဟကွဲကြီးဖြစ်နေပြီး ခါးနေရာတင်ပဲ ကြိုးကလျော့တိလျော့ရဲ ချည်ထားတာမို့ သူ့ခန္ဓာကိုယ်ကို တမင်ပင် လစ်ဟပြနေတာနဲ့တူသည်။

“အဟက် ခင်များစောက်လုံးတွေကန်းနေလို့ မေးတာလား”

“မင်း မမိုက်ရိုင်းနဲ့ ငါ ဒီနေ့ပင်ပန်းလာတယ် မင်းနဲ့တုပြီး ရန်ဖြစ်ဖို့အားမရှိဘူး”

တကယ်လည်း လရောင်သသ စိတ်လက်မသက်သာဖြစ်နေသည်။ရာဇာ့အတွက် စိတ်မကောင်းဖြစ်နေမိသလို ခြံထဲကနေ စူးစူးစိုက်စိုက်ကြည့်နေတုန်းက အံ့ကျူးမျိုးနွယ်မျက်ဝန်းတွေထဲမှာ သတ်ပစ်ချင်တဲ့ အရိပ်အယောင်တွေကို မြင်နေရသည်။

“ဟိုကောင်နဲ့ ပလူးခဲ့ရလို့ ပင်ပန်းနေတာမလား အဟက်”

“မင်း မရိုင်းစမ်းနဲ့ အံ့ကျူးမျိုးနွယ်”

“အဟွန်း တော်တော်သာယာနေကြတာပဲ အိမ်ရှေ့မှာတောင် ပလူးပလဲ”

“တော်တော့”

“အခုလောက်ဆို ရည်းစားတွေဖြစ်သွားပြီးရောပေါ့ ဘယ်လိုလဲ အတူအိပ်ခဲ့ပြီးပြီမလား”

“မင်း!!”

အံ့ကျူးမျိုးနွယ်က လရောင်ထင်ထားသလိုမျိုး အသားနာအောင်တင်မလုပ်ပဲနဲ့ စကားလုံးတွေနဲ့ လရောင်ကို အထင်သေးကြောင်းပြနေသည်။မျက်ခုံးတွေက တွန့်ကွေးထားပြီး လရောင်ကို ရွံစရာလူတစ်ယောက်လို ကြည့်နေသည်။ရာဇာဖွင့်ပြောတာကိုလည်း သိနှင့်နေပုံရသည်။ပုခုံးအောက်ထိ ရှည်နေတဲ့ လရောင်ဆံပင်တွေကို လက်ချောင်းတွေနဲ့ရစ်ပတ်ပြီး ဆော့ကစားနေသည်။တစ်ချက်တစ်ချက်လည်း ဆောင့်ဆွဲသေးသည်။

“တော်တော်နာမှာပဲ first time မလား”

လက်တစ်ဖက်က လရောင်ရဲ့ ခါးသွယ်သွယ်တစ်ဝိုက်ကို ရစ်ပတ်ပြီး တင်ပါးကို ညှစ်ချလာသည်။နားနားကို ကပ်ပြီး မခံချင်အောင်ပြောကာ လျှာကြီးနဲ့ နားရွက်ဖျားကို အသာထိသွားသေးသည်။သူ့အပြုအမူတွေက ထူးဆန်းနေပြီး မသတီစရာကောင်းလွန်းနေသည်။မခံချိမခံသာဖြစ်နေပြီး ကြက်သီးတဖြန်းဖြန်းထနေရသည်။

“အဲ့လောက်လွယ်မယ် မထင်ဘူး ဘယ်ကတည်းက ဖြစ်ချင်နေတာလဲ”

ဖြန်း!ဖြန်း!

စိတ်တိုတိုနဲ့ ပါးကို နှစ်ချက်ဆင့်ပြီးရိုက်ချလိုက်သည်။လရောင်ကို အထင်သေးအမြင်သေး စကားတွေနဲ့သတ်နေတာမို့ ထိန်းချုပ်ထားတဲ့စိတ်က ပေါက်ကွဲထွက်သွားရသည်။လရောင်ရိုက်လိုက်တဲ့အတိုင်း မျက်နှာကို စောင်းထားပြီး နှုတ်ခမ်းတွေကလည်း တွန့်ကွေးနေသည်။အန္တရာယ်ရှိတဲ့ အငွေ့အသက်ကို ခံစားမိပေမယ့် လရောင်ရဲ့သိက္ခာကိုတော့ စော်ကားလွန်းသည်။

“အဟက် လင်အားကိုးနဲ့ ကျုပ်အသားကို ပြန်ထိရဲနေတာပဲ ဟုတ်လား”

လရောင်ရဲ့ ပုခုံးနှစ်ဖက်ကို ကျိုးကြေတော့မတတ် ဆုပ်ညှစ်ပြီး နံရံဆီကို တွန်းကပ်လာသည်။အံ့ကျူးမျိုးနွယ်ရဲ့ မျက်လုံးတွေက  နီရဲစူးထန်နေပြီး ကြောက်စရာကောင်းလွန်းနေသည်။နှုတ်ခမ်းကိုရွဲ့ပြီးပြုံးလိုက်တာက လူယုတ်မာအငွေ့အသက်ကို အပြည့်အဝခံစားနေရသည်။

“အွန့် ဟင့် အင်း”

လရောင်ခန္ဓာကိုယ်ကို သူ့ရင်ဘတ်နဲ့ နံရံကြားဖိချုပ်ထားပြီး ပါးနှစ်ဖက်ကို ဖျစ်ညှစ်ကာ လရောင်နှုတ်ခမ်းတွေဆီ ဦးတည်လာသည်။လန့်သွားပေမယ့် လရောင်မှာရုန်းနိုင်တဲ့ အင်အားမရှိတော့ပေ။အပေါ်တစ်လှည့် အောက်တစ်လှည့် နှုတ်ခမ်းသားတွေကို တတိတိကိုက်ဆွဲယူနေပြီဖြစ်သည်။

အရင်တွေ ရန်ဖြစ်စကားများတုန်းက ပါးတွေနှာခေါင်းတွေကို နာအောင်ကိုက်ဆွဲတတ်သည်။ပါးဖောင်းဖောင်းကို နီရဲနေအောင် ညှစ်ချေတတ်တာကလွဲ၍ လရောင်ရဲ့နှုတ်ခမ်းတွေကို မထိ။ယောကျ်ားလေးတန်မဲ့ နှုတ်ခမ်းတွေ နီရဲနေတာ ရွံစရာကောင်းတယ်လို့ပြောဖူးတဲ့သူက အခုကျတော့ လရောင်ရဲ့ နှုတ်ခမ်းတွေကို တတိတိဆွဲယူနေတော့သည်။

ကိုယ့်နှုတ်ခမ်းက သွေးအရသာကို ခံစားမိမှ လွှတ်ပေးတာခံရသည်။အသက်ရှူမဝသဖြင့် သူလွှတ်ပေးလိုက်တာနဲ့ တစ်ပြိုင်တည်း နံရံနဲ့ အံ့ကျူးကြားမှာ လရောင်ကိုယ်လေး ပုံကျသွားသည်။နှုတ်ခမ်းတွေကို ကိုက်ဖောက်သွားတဲ့သူက လှည့်တောင်မကြည့်ပဲ လရောင်ရဲ့ အိပ်ရာပေါ်သွားထိုင်နေသည်။

“မုန်းတယ်”

မောနေတဲ့ကြားကနေ အားယူပြီး ပြောလိုက်သည်။မုန်းတယ် အဲ့လောက်ရမ်းကားတဲ့လူကို မုန်းတယ် အဲ့ဒီတရစပ်ခုန်နေတဲ့ ဘယ်ဘက်ရင်အုံကိုလည်း မုန်းတယ်။အံ့ကျူးမျိုးနွယ်က သူ့အသားနာတော့ကျ သိတတ်သည်။တစ်ချိန်လုံး လရောင်ကိုတော့ နာကျင်အောင်လုပ်နေပြီးမှ။အလကား ဆိုက်ကိုကောင်။

“အဟက် ချစ်ချစ်မုန်းမုန်း ခင်များက ကျုပ်အပိုင်ပဲ အခြားတစ်ယောက်နဲ့ ဖက်လှဲတကင်းမနေနဲ့ နောက်ခါဆို ညှာမှာမဟုတ်ဘူး”

သူ့အပိုင်ဆိုပြီး သူလုပ်ချင်တိုင်းလုပ်လို့ရသတဲ့လား။လရောင်ကို နာကျင်အောင်လုပ်ဖို့ပဲ အတွေးထဲရှိတဲ့လူက လရောင်ကို ပိုင်တယ်တဲ့။လရောင် ဆတ်ခနဲ အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး ခေါင်းမော့ကြည့်လိုက်တော့ အိပ်ရာပေါ်ကနေ ထလာကာ လရောင်ကို လက်မောင်းရင်းကနေ ဆွဲမသည်။

“နေပါအုန်း ကျုပ်ဟိုတလောကမှ ခင်များကိုပြောထားတာလေ အဲ့ကောင်နဲ့မပတ်သက်နဲ့လို့ ဘာလဲ ကျုပ်ကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား”

“….”

“ဒီနေ့ ဟိုကောင် ခင်များကို ဖွင့်ပြောတာ ကျုပ်သိတယ် ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ခင်များက ကျုပ်အပိုင်ပဲ”

အသံက စောစောကထက် နှစ်ဆလောက်ညင်သာသွားတာမို့ လရောင်ဆွံ့အသွားသည်။အံ့ကျူးမျိုးနွယ်က ပြတင်းပေါက်ကို ငေးကြည့်ပြီး အတည်ပေါက်ကြီး ပြောနေတာဖြစ်သည်။မျက်လုံးတွေက ရီဝေဝေဖြစ်နေပြီး မျက်ရည်စတွေလို အရိပ်အယောင်တွေ မြင်နေရသည်။လရောင်ရှေ့မှာတင် အံ့ကျူးမျိုးနွယ်က နှစ်ယောက်ဖြစ်နေသည်။စောစောက ခက်ထန်မာကြောနေတဲ့ အံ့ကျူးနေရာမှာ အနည်းငယ်ပျော့ပြောင်းနေတဲ့ အံ့ကျူးက အစားထိုးသွားသည်။

“ရှုပ်ရှုပ်ရှက်ရှက်တွေ မလုပ်နဲ့ ပြီးမှ ကျုပ်က အလကားနေရင်း ဒဿဖြစ်နေအုန်းမယ်”

bathrobe ကို ပြင်ဝတ်ပြီး အခန်းထဲကနေ ထွက်သွားတဲ့ ကျောပြင်ကြီးကို ကြည့်ပြီး လရောင်ငိုချလိုက်မိသည်။

‘ချစ်တယ် ကျွန်တော် ကိုကို့ကို ချစ်တယ်’။မဟုတ်ဘူး။’ကျုပ် ခင်များကို ချစ်တယ်’။
အဲဒီစကားလေး ပြောထွက်ဖို့ကို ဘာကြောင့်များ ခဲယဥ်းနေရတာလဲ အံ့ကျူးရယ်။

SophiaMoon783(17.9.2022)
______________________________________
အံ့ကျူးမျိုးနွယ်ရဲ့ စိတ်နေသဘောထားကို ခန့်မှန်းမိလောက်မယ်ထင်ပါတယ်။ကလေးက နူးညံ့ပြရတာကို ရှက်စရာတစ်ခုလိုထင်နေတာ ရင်ထဲရှိတဲ့အတိုင်း ထုတ်မပြတတ်ဘူးရယ်။

Zawgyi

“ဘာျဖစ္လို႔ အေလာတႀကီး ျဖစ္ေနတာလဲ ေျမးငယ္”

ဧည့္ခန္းထဲမွာ ဟိုဟိုဒီဒီေလွ်ာက္ၿပီး အျပင္ထြက္သြားသူေနာက္ကို ခ်က္ခ်င္းေျပးလိုက္သြားခ်င္သည့္ စိတ္ေတြကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ေနရတာျဖစ္သည္။ဧည့္ခန္းထဲမွာ ဖိုးတစ္ေယာက္တည္း ထိုင္ေနတာဆိုရင္ အံ့က်ဴးခ်က္ခ်င္း ထြက္သြားမိမွာျဖစ္သည္။အခုက ေဖေဖပါ႐ွိေန၍ အံ့က်ဴးၿငိမ္ေနရတာျဖစ္သည္။

အျပင္ကေရာက္ေရာက္ခ်င္း လေရာင္သသကို ေမးၿပီး ခ်က္ခ်င္းျပန္ထြက္သြားရင္ လေရာင္သသေနာက္ လိုက္သြားမွန္း တစ္အိမ္လုံးသိမွာျဖစ္သည္။က်န္တဲ့လူေတြကို ဂ႐ုမစိုက္ေပမယ့္ အေဖ့ကိုေတာ့ အံ့က်ဴး႐ွိန္သည္။ဦးခင္ေဇာ္မ်ိဳးႏြယ္က လေရာင္သသနဲ႔ ပတ္သက္ၿပီး အံ့က်ဴးျပာယာခတ္ေနတာမ်ိဳးကို မႀကိဳက္။ပုံမွန္အခ်ိန္ေတြမွာ ေအးေအးေဆးေဆးေနတတ္ေပမယ့္ သသေၾကာင့္ အံ့က်ဴး ဂေယာက္ဂယက္ျဖစ္ေနရင္ အံ့က်ဴးနားမလည္ႏိုင္တဲ့ အၾကည့္မ်ိဳးနဲ႔ အေဖက ၿခိမ္းေျခာက္တတ္သည္။

အျပင္က သတင္းသဲ့သဲ့ၾကားခဲ့ၿပီး ျပန္ေရာက္လာခ်င္းပဲ အိမ္မွာ လေရာင္သသပါ႐ွိမေန၍ အံ့က်ဴးေဒါသေတြ ငယ္ထိပ္ေရာက္ေနၿပီျဖစ္သည္။လေရာင္သသက သိပ္ကိုေျပာရဆိုရခက္တာ။

“လေရာင္သသ ဘယ္သြားလဲ ဖိုးသိလား”

“ေမာင္ရာဇာနဲ႔အတူ ပါသြားတယ္ေလ ေျမးရဲ႕ ဘာျဖစ္လို႔လဲ”

ေတာက္!!

“ဘာေတြေဒါသထြက္ေနတာလဲ ေျမးငယ္ လေရာင္ေလးကို ခိုင္းစရာ႐ွိလို႔လား”

လေရာင္သသကို အံ့က်ဴးေခၚလိုက္တိုင္း ခိုင္းဖို႔ပဲထင္ေနတဲ့ အဖိုးရဲ႕ တစ္သမတ္အျမင္ႀကီးကိုလည္း ေျပာင္းလဲပစ္ခ်င္ပါသည္။လေရာင္သသက ေနၾကာပန္းဆိုလွ်င္ အံ့က်ဴးမ်ိဳးႏြယ္ကပဲ ေနမင္းႀကီးျဖစ္ခ်င္ပါသည္။သူနဲ႔႐ွိတဲ့ အခ်ိန္ပဲ လွပသက္ဝင္ေစခ်င္သည္။

လူက ကႏြဲ႕ကယျဖစ္ေနတဲ့ အျပင္ ဆံပင္ေတြကလည္း ျမင္မေကာင္းေလာက္ေအာင္ ပုခုံးေအာက္နားထိ ႐ွည္ေနသည္။ဆံပင္႐ွည္ထားဖို႔ကိုေတာ့ လေရာင္သသက ေတာ္ေတာ္ကို အားစိုက္႐ွာတာျဖစ္သည္။အလယ္တန္းၿပီးကတည္းက ဆံပင္အ႐ွည္ထားဖို႔ႀကိဳးစားခဲ့တာျဖစ္သည္။ဖိုးနဲ႔ ဖြားကလည္း လေရာင္သသ ဘာလုပ္လုပ္ လက္ခံေပးေနေတာ့တာ။

အထက္တန္းစတက္ခ်ိန္မွာ လေရာင္သသက ဆံပင္႐ွည္ထားဖို႔ခြင့္ေတာင္းေတာ့ ဖိုးနဲ႔ဖြားက တစ္ခ်က္ကေလးမွမျငင္း႐ွာ။အံ့က်ဴးကသာ သူ႕ဆံပင္ေတြ ဂုတ္ေပၚေရာက္လာတိုင္း ညအိပ္ခ်ိန္ေတြမွာ ပုံပ်က္ပန္းပ်က္ျဖစ္ေအာင္ ခိုးညႇပ္ခဲ့တာျဖစ္သည္။မနက္လင္းလာလို႔ သူ႕ဆံပင္ေတြကို ၾကည့္ၿပီး သည္းသည္းထန္ထန္ငိုတိုင္း အံ့က်ဴးမွာ ႀကိတ္ဝမ္းသာရတာခ်ည္းပင္။

ေယာက်္ားေလးျဖစ္ၿပီး ဆံပင္႐ွည္ေတြကို ဘာေၾကာင့္ သေဘာက်မွန္း အံ့က်ဴးစဥ္းစားလို႔မရ။လေရာင္သသက ဆံပင္ေတြ႐ွည္လာရင္ ေတာ္ေတာ္လွတာကိုေတာ့ အံ့က်ဴးသိသည္။မ်က္ေတာင္႐ွည္ႀကီးေတြနဲ႔ ဝန္းရံထားတဲ့ မ်က္လုံးဝိုင္းႀကီးေတြက အၿမဲတမ္းအျပစ္ကင္းေနသေယာင္။ပုံပန္းကို ၾကည့္လိုက္ရင္ေတာ့ အျပစ္ကင္းၿပီး ကေလးတစ္ေယာက္လိုခ်စ္စရာေကာင္းသည္၊လွသည္။

အံ့က်ဴးမ်ိဳးႏြယ္အတြက္ေတာ့ လေရာင္သသ အဲ့လိုလွေနတာက အျပစ္ျဖစ္ေနသည္။အသားအေရက ျဖဴဆြတ္ေနၿပီး ေျခဆစ္လက္ဆစ္ေတြက အစ ပန္းေရာင္သန္းေနသည္။ပိန္သြယ္သြယ္ေကာင္က ပါးေဖာင္းႀကီးေတြနဲ႔ လူတကာကို ခ်စ္လာေအာင္ လုပ္တတ္ေသးသည္။’လေရာင္ေလးက ခ်စ္စရာေကာင္းလိုက္တာ လွလိုက္တာ’ ဆိုတဲ့ ခ်ီးက်ဴးစကားေတြၾကား သာယာေနတာထင္သည္။ငယ္ငယ္ကတည္းက ဖိုးရဲ႕ ဧည့္သည္ေတြက အိမ္ကိုလာတိုင္း ဖိုးရဲ႕ေျမးအရင္း သူ႕ထက္ ဘယ္ကမွန္းမသိ ေခၚလာတဲ့ လေရာင္သသကိုပဲ ပိုခ်စ္ၾကတာျဖစ္သည္။

ဧည့္သည္လာတဲ့ေန႔ေတြဆိုရင္ အံ့က်ဴးမ်ိဳးႏြယ္က လေရာင္သသကို အခန္းထဲမွာ ဖြက္ထားတတ္သည္။လေရာင္သသကို ခ်စ္ၾက၍ မနာလိုျဖစ္တာမဟုတ္ လေရာင္သသ လွတာကို လူတကာသိမွာစိုး၍ ျဖစ္သည္။

ကြၽီ!

ျခံထဲက အေဖျမင္ေလာက္တဲ့ေနရာမွာ မ်က္ေစ့မ်က္ႏွာပ်က္ယြင္းစြာပင္ ထိုင္ေနတုန္း ျခံေ႐ွ႕ကို Sedan အနက္ေရာင္တစ္စီး ထိုးရပ္လာသည္။အံ့က်ဴးၾကည့္ေနတုန္းမွာပဲ ကားထဲကေန ရာဇာထူးဟန္ဆိုတဲ့ေကာင္က အရင္ထြက္လာၿပီး ကားကိုတစ္ပတ္ပတ္ၿပီး လေရာင္သသကို ကားတံခါးဖြင့္ေပးသည္။ၾကားရတဲ့ သတင္းေတြအရဆိုရင္ ဒီေန႔ပဲ ရာဇာထူးဟန္က လေရာင္သသကို ဖြင့္ေျပာလိမ့္မည္။

•••••

“လိုက္ပို႔ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ရာဇာ”

“ကိုယ္,ကိုယ္တိုင္က လိုလိုလားလား လာေခၚထားတာပဲေလ လေရာင္ရယ္ ေက်းဇူးတင္စရာမလိုပါဘူး”

ဖိုးဆီကေန ခြင့္ျပဳခ်က္ေတာင္းၿပီး လေရာင္ကို လာေခၚတုန္းကေလာက္ မ်က္ႏွာမေကာင္းေတာ့ေပမယ့္ ရာဇာက အားတင္းၿပီးေတာ့ ျပဳံးျပ႐ွာသည္။အသားျဖဴျဖဴ အရပ္ျမင့္ျမင့္နဲ႔ ဘဲဥပုံသ႑ာန္မ်က္ႏွာ႐ွိတဲ့ ရာဇာက ႐ုပ္ေခ်ာတဲ့ေကာင္ေလးေတြထဲမွာပါသည္။ရာဇာ့စိတ္ေနသေဘာထားကို လေရာင္ခန္႔မွန္းမိေပမယ့္ ဒီေန႔လိုမ်ိဳးႀကီး ဖြင့္ေျပာလာလိမ့္မယ္လို႔ လုံးဝမထင္ထားတာျဖစ္သည္။

“ဒီေန႔အတြက္ တကယ္အားနာပါတယ္၊ သူငယ္ခ်င္းတစ္ေယာက္အျဖစ္ေတာ့ ဆက္႐ွိေနအုန္းမယ္မလား”

လေရာင္ကို ဘယ္ေတာ့မွ ၿငိဳျငင္္ျခင္းမ႐ွိပဲ လေရာင္ျဖစ္တည္မႈကို လက္ခံေပးႏိုင္တဲ့ သူငယ္ခ်င္းေကာင္းမ်ိဳးကို ဆုံး႐ႈံးရမွာသိပ္ေၾကာက္ပါသည္။ရာဇာထူးဟန္က သေဘာထားျပည့္ဝတဲ့ ေကာင္ေလးတစ္ေယာက္ျဖစ္သည္။အံ့က်ဴးမ်ိဳးႏြယ္နဲ႔ ဆန္႔က်င္ဘက္ႀကီးပဲလို႔ ေျပာရေလာက္ေအာင္ ျပည့္စုံသည္။ႏွလုံးသားနဲ႔ မခံစားပဲ ဦးေႏွာက္နဲ႔ ေ႐ြးခ်ယ္မိရင္ ရာဇာ့ကိုပဲ လက္တြဲေဖာ္အျဖစ္သတ္မွတ္မိမွာျဖစ္သည္။

ျခံထဲကို လွမ္းၾကည့္လိုက္ေတာ့ အံ့က်ဴးမ်ိဳးႏြယ္က ျခံထဲက ေက်ာက္
သားခုံေလးေပၚမွာ ထိုင္ေနၿပီး လေရာင္တို႔ႏွစ္ေယာက္ဆီကို မရဏအၾကည့္ေတြ လႊတ္ထုတ္ေနသည္။ဒီေန႔တစ္ေန႔လုံး စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ရန္႐ွာတာကိုလည္း လေရာင္ေသခ်ာေပါက္ခံရေတာ့မည္။အခက္မသင့္ရင္ အသားပါနာႏိုင္သည္။အံ့က်ဴးမ်ိဳးႏြယ္က ငယ္ငယ္ကတည္းက လေရာင္ကိုဆိုရင္ အူပုပ္တဲ့အမ်ိဳး။ဒီအသက္အ႐ြယ္ထိ သူ႕ရဲ႕ ရန္႐ွာျခင္းခံရတာကိုေတာ့ လေရာင္တကယ္စိတ္ပ်က္ပါသည္။

“ကိုယ္ကလား လေရာင္”

ရာဇာက အံ့ၾသသြားတဲ့ အမူအရာနဲ႔ သူ႕ကိုယ္သူ လက္ညိႇဳးထိုးၿပီး ေမးသည္။မ်က္လုံးထဲမွာ မယုံႏိုင္ျဖစ္ျခင္းနဲ႔ ဝမ္းနည္းျခင္းေတြပါ ေရာေထြးေနသည္။

“ကိုယ့္အခ်စ္ကို လေရာင္က ေပါ့ေပါ့တန္တန္ထင္ထားတာပဲ လေရာင္က ျငင္းလိုက္တာနဲ႔ စိတ္နာၿပီး မေခၚႏိုင္မေျပာႏိုင္ျဖစ္ရေအာင္ ကိုယ္က ဆယ္ေက်ာ္သက္ခ်စ္တတ္စအ႐ြယ္လား”

“ငါေျပာခ်င္တာ အဲ့လိုမဟုတ္ပါဘူး ေတာင္းပန္ပါတယ္ ရာဇာ ငါတကယ္ ရာဇာ့လိုသူငယ္ခ်င္းမ်ိဳး ဆုံး႐ႈံးရမွာ ေၾကာက္လို႔ပါ အင့္”

ရာဇာ့ကို အတန္တန္ေတာင္းပန္ၿပီး မ်က္ရည္ေတြက အိခနဲ က်လာျပန္သည္။လေရာင္ ကိုယ့္ကိုကိုယ္လည္း မုန္းသည္။တစ္ခုခုဆို ငိုဖို႔ပဲ တတ္တဲ့ ဒီအက်င့္ဆိုးႀကီးကို စိတ္ပ်က္လွသည္။

အင့္!

ပုခုံးကေန ဆြဲယူၿပီး ရင္ခြင္ထဲ ဆြဲသြင္းတာ ခံလိုက္ရသည္။႐ုတ္တရက္မို႔ ေၾကာင္သြားေပမယ့္ အသိဝင္လာတဲ့ အခ်ိန္မွာေတာ့ ရာဇာကလည္း လေရာင္ပုခုံးေပၚမွာ ေခါင္းေမွာက္ၿပီး ငိုေနၿပီျဖစ္သည္။ကိုယ့္ကိုကိုယ္ေတာင္ မပိုင္တဲ့ဘဝမွာ ကိုယ့္ကို သိပ္ခ်စ္ေနတဲ့ ဒီလူကိုလည္း ေႏြးေထြးတဲ့ရင္ခြင္တစ္စုံမွာ ႐ွိေနေစခ်င္မိပါသည္။

ရာဇာ့ရင္ခြင္ထဲကေန အံ့က်ဴးမ်ိဳးႏြယ္ကိုလည္း သတိရလိုက္မိေသးသည္။အခုေလာက္ဆို ျခံထဲကေန ၾကည့္ေနတဲ့သူက ေဒါသေတြထြက္ေနေရာ့မည္။ေတြးထားသလို အေျခအေနပိုဆိုးမလာခင္ ရာဇာ့ရင္ခြင္ထဲက ႐ုန္းထြက္လိုက္သည္။

“ကိုယ္….ေတာင္းပန္ပါတယ္ ဒီအတိုင္းဖက္ထားခ်င္မိလို႔”

“အင္း ငါအိမ္ထဲဝင္ေတာ့မယ္”

ထိတ္လန္႔ေနတဲ့စိတ္ကို ဖုံးကြယ္ၿပီး ေသြးေအးစြာနဲ႔ပဲ ျခံဝင္းထဲကို ဝင္လာခဲ့သည္။လေရာင္ထင္ထားသလို အံ့က်ဴးမ်ိဳးႏြယ္က ျခံထဲမွာ ႐ွိမေနေတာ့။ဘာမွမျဖစ္ဟန္ေဆာင္ေနေပမယ့္ ထင္သလို ရမ္းကားတတ္တဲ့ လူကိုေတာ့ ေၾကာက္ေနမိသည္။

“ေမာင္ရာဇာလိုက္ပို႔တာလား ေျမး”

အိမ္ထဲကိုဝင္လိုက္တာနဲ႔ အဖိုးက ႏႈတ္ဆက္တာေၾကာင့္ လေရာင္အခန္းဆီ အရင္မသြားပဲ အဖိုးနဲ႔ ေဖေဖထိုင္ေနတဲ့ ဧည့္ခန္းဆီသြားလိုက္သည္။အမွန္အတိုင္းေျပာရရင္ အံ့က်ဴးမ်ိဳးႏြယ္နဲ႔ ေတြ႕မယ့္အခ်ိန္ကို ဆြဲထားတာျဖစ္သည္။ေစာေစာကေတာင္ ျခံထဲမွာထိုင္ေနတာမို႔ ေသခ်ာေပါက္ အိမ္မွာ႐ွိေနမွာျဖစ္သည္။

“ဟုတ္ကဲ့ ဖိုး”

“ေကာင္ေလးက ႀကီးလာမွ ပိုေခ်ာလာတယ္ေနာ္ အဲ ဒါနဲ႔ အံ့က်ဴးဆီ သြားလိုက္ပါအုန္း ေစာေစာကတည္းက ေျမးကိုပဲ ေမးေနတာ”

ေတြ႕ရမွာေၾကာက္လို႔ ဖိုးဆီလာပါတယ္ဆိုမွ ဖိုးက သြားေတြ႕ဖို႔ေျပာေနျပန္သည္။

“ဟုတ္ သြားေတြ႕လိုက္ပါမယ္ ဖိုး”

“ေအးေအး “

“ခြင့္ျပဳပါအုန္း ဖိုးနဲ႔ အေဖ”

ဖိုးက ေခါင္းတစ္ခ်က္ညိတ္ျပေပမယ့္ အေဖကေတာ့ ေမာ့ေတာင္မၾကည့္။ macbook ကိုသာ သဲႀကီးမဲႀကီးၾကည့္နသည္။လ်စ္လ်ဴ႐ႈၿပီး ခပ္ေခ်ေခ်ေနတဲ့ ေနရာမွာ အံ့က်ဴးမ်ိဳးႏြယ္က ဦးခင္ေဇာ္မ်ိဳးႏြယ္ကို ေျခဖ်ားေလးေတာင္မမီေပ။အဲ့ေကာင္က တစ္ခုခုဆို ထင္တိုင္းႀကဲၿပီး ရမ္းကားဖို႔ပဲသိတာျဖစ္သည္။

“လေရာင္ေလး အကိုေလးအံ့က်ဴးက လေရာင္ေလးအခန္းထဲဝင္သြားတယ္ ဘာျဖစ္ၾကတာလဲဟင္ သူေတာ္ေတာ္ေဒါသထြက္ေနတာ လည္ပင္းေၾကာေတြေတာင္ ထင္းလို႔ မမေဆြျဖင့္ လန္႔ေနေတာ့တာ”

အံ့က်ဴးမ်ိဳးႏြယ္စိတ္႐ူးေပါက္ရင္ ေၾကာက္ေနရတာ လေရာင္တစ္ေယာက္ထဲ မဟုတ္ ။တစ္အိမ္လုံးက အလုပ္သမားေတြေရာျဖစ္သည္။ပစၥည္းေတြ ထင္သလို႐ိုက္ခြဲကန္ေက်ာက္ပစ္တတ္သည္။ႏွစ္ဆယ့္ႏွစ္ႏွစ္ျပည့္ေတာ့မယ့္ လူပ်ိဳေပါက္စက ကေလးစိတ္နဲ႔ ထင္ရာစိုင္းတတ္ေသးသည္။

“ကြၽန္ေတာ္ ဝင္သြားလိုက္မယ္ မမေဆြ”

“ျဖစ္ပါ့မလား လေရာင္ေလးရယ္”

“ျဖစ္မွာပါ မမ သူေဒါသျဖစ္ေနရတဲ့ အေၾကာင္းအရင္းကလည္း ကြၽန္ေတာ္ပဲကို”

“မမေဆြေတာ့ စိတ္ပူတယ္ကြယ္”

မမေဆြကို ျပဳံးျပၿပီး ေက်ာခိုင္းလာခဲ့သည္။လေရာင္အခန္းကို တြန္းဖြင့္လိုက္ေတာ့ အံ့က်ဴးမ်ိဳးႏြယ္က bathrobe ဟၿပဲႀကီးနဲ႔ လေရာင္ခုတင္ေပၚမွာ ကားကားႀကီးထိုင္ေနသည္။ေျခသလုံးႂကြက္သားေတြနဲ႔ ေပါင္လုံးက်စ္က်စ္ႀကီးေတြက ျမင္မေကာင္းေအာင္ ႀကီးမားလြန္းေနသည္။bathrobe က လြဲၿပီး ေအာက္က ဘာမွဝတ္ထားပုံမေပၚ။အခန္းဝမွာ ရပ္ေနတဲ့ လေရာင္ကို စူးစူးစိုက္စိုက္ၾကည့္ေနၿပီး မဲ့ျပဳံးတစ္ခ်က္ျပဳံးသည္။

“ဘယ္လိုပုံစံႀကီးလည္း အံ့က်ဴးမ်ိဳးႏြယ္”

ရင္ဘတ္ေတြကလည္း ဟကြဲႀကီးျဖစ္ေနၿပီး ခါးေနရာတင္ပဲ ႀကိဳးကေလ်ာ့တိေလ်ာ့ရဲ ခ်ည္ထားတာမို႔ သူ႕ခႏၶာကိုယ္ကို တမင္ပင္ လစ္ဟျပေနတာနဲ႔တူသည္။

“အဟက္ ခင္မ်ားေစာက္လုံးေတြကန္းေနလို႔ ေမးတာလား”

“မင္း မမိုက္႐ိုင္းနဲ႔ ငါ ဒီေန႔ပင္ပန္းလာတယ္ မင္းနဲ႔တုၿပီး ရန္ျဖစ္ဖို႔အားမ႐ွိဘူး”

တကယ္လည္း လေရာင္သသ စိတ္လက္မသက္သာျဖစ္ေနသည္။ရာဇာ့အတြက္ စိတ္မေကာင္းျဖစ္ေနမိသလို ျခံထဲကေန စူးစူးစိုက္စိုက္ၾကည့္ေနတုန္းက အံ့က်ဴးမ်ိဳးႏြယ္မ်က္ဝန္းေတြထဲမွာ သတ္ပစ္ခ်င္တဲ့ အရိပ္အေယာင္ေတြကို ျမင္ေနရသည္။

“ဟိုေကာင္နဲ႔ ပလူးခဲ့ရလို႔ ပင္ပန္းေနတာမလား အဟက္”

“မင္း မ႐ိုင္းစမ္းနဲ႔ အံ့က်ဴးမ်ိဳးႏြယ္”

“အဟြန္း ေတာ္ေတာ္သာယာေနၾကတာပဲ အိမ္ေ႐ွ႕မွာေတာင္ ပလူးပလဲ”

“ေတာ္ေတာ့”

“အခုေလာက္ဆို ရည္းစားေတြျဖစ္သြားၿပီးေရာေပါ့ ဘယ္လိုလဲ အတူအိပ္ခဲ့ၿပီးၿပီမလား”

“မင္း!!”

အံ့က်ဴးမ်ိဳးႏြယ္က လေရာင္ထင္ထားသလိုမ်ိဳး အသားနာေအာင္တင္မလုပ္ပဲနဲ႔ စကားလုံးေတြနဲ႔ လေရာင္ကို အထင္ေသးေၾကာင္းျပေနသည္။မ်က္ခုံးေတြက တြန္႔ေကြးထားၿပီး လေရာင္ကို ႐ြံစရာလူတစ္ေယာက္လို ၾကည့္ေနသည္။ရာဇာဖြင့္ေျပာတာကိုလည္း သိႏွင့္ေနပုံရသည္။ပုခုံးေအာက္ထိ ႐ွည္ေနတဲ့ လေရာင္ဆံပင္ေတြကို လက္ေခ်ာင္းေတြနဲ႔ရစ္ပတ္ၿပီး ေဆာ့ကစားေနသည္။တစ္ခ်က္တစ္ခ်က္လည္း ေဆာင့္ဆြဲေသးသည္။

“ေတာ္ေတာ္နာမွာပဲ first time မလား”

လက္တစ္ဖက္က လေရာင္ရဲ႕ ခါးသြယ္သြယ္တစ္ဝိုက္ကို ရစ္ပတ္ၿပီး တင္ပါးကို ညႇစ္ခ်လာသည္။နားနားကို ကပ္ၿပီး မခံခ်င္ေအာင္ေျပာကာ လွ်ာႀကီးနဲ႔ နား႐ြက္ဖ်ားကို အသာထိသြားေသးသည္။သူ႕အျပဳအမူေတြက ထူးဆန္းေနၿပီး မသတီစရာေကာင္းလြန္းေနသည္။မခံခ်ိမခံသာျဖစ္ေနၿပီး ၾကက္သီးတျဖန္းျဖန္းထေနရသည္။

“အဲ့ေလာက္လြယ္မယ္ မထင္ဘူး ဘယ္ကတည္းက ျဖစ္ခ်င္ေနတာလဲ”

ျဖန္း!ျဖန္း!

စိတ္တိုတိုနဲ႔ ပါးကို ႏွစ္ခ်က္ဆင့္ၿပီး႐ိုက္ခ်လိုက္သည္။လေရာင္ကို အထင္ေသးအျမင္ေသး စကားေတြနဲ႔သတ္ေနတာမို႔ ထိန္းခ်ဳပ္ထားတဲ့စိတ္က ေပါက္ကြဲထြက္သြားရသည္။လေရာင္႐ိုက္လိုက္တဲ့အတိုင္း မ်က္ႏွာကို ေစာင္းထားၿပီး ႏႈတ္ခမ္းေတြကလည္း တြန္႔ေကြးေနသည္။အႏၲရာယ္႐ွိတဲ့ အေငြ႕အသက္ကို ခံစားမိေပမယ့္ လေရာင္ရဲ႕သိကၡာကိုေတာ့ ေစာ္ကားလြန္းသည္။

“အဟက္ လင္အားကိုးနဲ႔ က်ဳပ္အသားကို ျပန္ထိရဲေနတာပဲ ဟုတ္လား”

လေရာင္ရဲ႕ ပုခုံးႏွစ္ဖက္ကို က်ိဳးေၾကေတာ့မတတ္ ဆုပ္ညႇစ္ၿပီး နံရံဆီကို တြန္းကပ္လာသည္။အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ မ်က္လုံးေတြက  နီရဲစူးထန္ေနၿပီး ေၾကာက္စရာေကာင္းလြန္းေနသည္။ႏႈတ္ခမ္းကို႐ြဲ႕ၿပီးျပဳံးလိုက္တာက လူယုတ္မာအေငြ႕အသက္ကို အျပည့္အဝခံစားေနရသည္။

“အြန္႔ ဟင့္ အင္း”

လေရာင္ခႏၶာကိုယ္ကို သူ႕ရင္ဘတ္နဲ႔ နံရံၾကားဖိခ်ဳပ္ထားၿပီး ပါးႏွစ္ဖက္ကို ဖ်စ္ညႇစ္ကာ လေရာင္ႏႈတ္ခမ္းေတြဆီ ဦးတည္လာသည္။လန္႔သြားေပမယ့္ လေရာင္မွာ႐ုန္းႏိုင္တဲ့ အင္အားမ႐ွိေတာ့ေပ။အေပၚတစ္လွည့္ ေအာက္တစ္လွည့္ ႏႈတ္ခမ္းသားေတြကို တတိတိကိုက္ဆြဲယူေနၿပီျဖစ္သည္။

အရင္ေတြ ရန္ျဖစ္စကားမ်ားတုန္းက ပါးေတြႏွာေခါင္းေတြကို နာေအာင္ကိုက္ဆြဲတတ္သည္။ပါးေဖာင္းေဖာင္းကို နီရဲေနေအာင္ ညႇစ္ေခ်တတ္တာကလြဲ၍ လေရာင္ရဲ႕ႏႈတ္ခမ္းေတြကို မထိ။ေယာက်္ားေလးတန္မဲ့ ႏႈတ္ခမ္းေတြ နီရဲေနတာ ႐ြံစရာေကာင္းတယ္လို႔ေျပာဖူးတဲ့သူက အခုက်ေတာ့ လေရာင္ရဲ႕ ႏႈတ္ခမ္းေတြကို တတိတိဆြဲယူေနေတာ့သည္။

ကိုယ့္ႏႈတ္ခမ္းက ေသြးအရသာကို ခံစားမိမွ လႊတ္ေပးတာခံရသည္။အသက္႐ွဴမဝသျဖင့္ သူလႊတ္ေပးလိုက္တာနဲ႔ တစ္ၿပိဳင္တည္း နံရံနဲ႔ အံ့က်ဴးၾကားမွာ လေရာင္ကိုယ္ေလး ပုံက်သြားသည္။ႏႈတ္ခမ္းေတြကို ကိုက္ေဖာက္သြားတဲ့သူက လွည့္ေတာင္မၾကည့္ပဲ လေရာင္ရဲ႕ အိပ္ရာေပၚသြားထိုင္ေနသည္။

“မုန္းတယ္”

ေမာေနတဲ့ၾကားကေန အားယူၿပီး ေျပာလိုက္သည္။မုန္းတယ္ အဲ့ေလာက္ရမ္းကားတဲ့လူကို မုန္းတယ္ အဲ့ဒီတရစပ္ခုန္ေနတဲ့ ဘယ္ဘက္ရင္အုံကိုလည္း မုန္းတယ္။အံ့က်ဴးမ်ိဳးႏြယ္က သူ႕အသားနာေတာ့က် သိတတ္သည္။တစ္ခ်ိန္လုံး လေရာင္ကိုေတာ့ နာက်င္ေအာင္လုပ္ေနၿပီးမွ။အလကား ဆိုက္ကိုေကာင္။

“အဟက္ ခ်စ္ခ်စ္မုန္းမုန္း ခင္မ်ားက က်ဳပ္အပိုင္ပဲ အျခားတစ္ေယာက္နဲ႔ ဖက္လွဲတကင္းမေနနဲ႔ ေနာက္ခါဆို ညႇာမွာမဟုတ္ဘူး”

သူ႕အပိုင္ဆိုၿပီး သူလုပ္ခ်င္တိုင္းလုပ္လို႔ရသတဲ့လား။လေရာင္ကို နာက်င္ေအာင္လုပ္ဖို႔ပဲ အေတြးထဲ႐ွိတဲ့လူက လေရာင္ကို ပိုင္တယ္တဲ့။လေရာင္ ဆတ္ခနဲ ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ၿပီး ေခါင္းေမာ့ၾကည့္လိုက္ေတာ့ အိပ္ရာေပၚကေန ထလာကာ လေရာင္ကို လက္ေမာင္းရင္းကေန ဆြဲမသည္။

“ေနပါအုန္း က်ဳပ္ဟိုတေလာကမွ ခင္မ်ားကိုေျပာထားတာေလ အဲ့ေကာင္နဲ႔မပတ္သက္နဲ႔လို႔ ဘာလဲ က်ဳပ္ကို ဂ႐ုမစိုက္ဘူးဆိုတဲ့ သေဘာလား”

“….”

“ဒီေန႔ ဟိုေကာင္ ခင္မ်ားကို ဖြင့္ေျပာတာ က်ဳပ္သိတယ္ ႀကိဳက္ခ်င္ႀကိဳက္ မႀကိဳက္ခ်င္ေန ခင္မ်ားက က်ဳပ္အပိုင္ပဲ”

အသံက ေစာေစာကထက္ ႏွစ္ဆေလာက္ညင္သာသြားတာမို႔ လေရာင္ဆြံ႕အသြားသည္။အံ့က်ဴးမ်ိဳးႏြယ္က ျပတင္းေပါက္ကို ေငးၾကည့္ၿပီး အတည္ေပါက္ႀကီး ေျပာေနတာျဖစ္သည္။မ်က္လုံးေတြက ရီေဝေဝျဖစ္ေနၿပီး မ်က္ရည္စေတြလို အရိပ္အေယာင္ေတြ ျမင္ေနရသည္။လေရာင္ေ႐ွ႕မွာတင္ အံ့က်ဴးမ်ိဳးႏြယ္က ႏွစ္ေယာက္ျဖစ္ေနသည္။ေစာေစာက ခက္ထန္မာေၾကာေနတဲ့ အံ့က်ဴးေနရာမွာ အနည္းငယ္ေပ်ာ့ေျပာင္းေနတဲ့ အံ့က်ဴးက အစားထိုးသြားသည္။

“႐ႈပ္႐ႈပ္႐ွက္႐ွက္ေတြ မလုပ္နဲ႔ ၿပီးမွ က်ဳပ္က အလကားေနရင္း ဒႆျဖစ္ေနအုန္းမယ္”

bathrobe ကို ျပင္ဝတ္ၿပီး အခန္းထဲကေန ထြက္သြားတဲ့ ေက်ာျပင္ႀကီးကို ၾကည့္ၿပီး လေရာင္ငိုခ်လိုက္မိသည္။

‘ခ်စ္တယ္ ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္တယ္’။မဟုတ္ဘူး။’က်ဳပ္ ခင္မ်ားကို ခ်စ္တယ္’။
အဲဒီစကားေလး ေျပာထြက္ဖို႔ကို ဘာေၾကာင့္မ်ား ခဲယဥ္းေနရတာလဲ အံ့က်ဴးရယ္။

SophiaMoon783(17.9.2022)
______________________________________
အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ စိတ္ေနသေဘာထားကို ခန္႔မွန္းမိေလာက္မယ္ထင္ပါတယ္။ကေလးက ႏူးညံ့ျပရတာကို ႐ွက္စရာတစ္ခုလိုထင္ေနတာ ရင္ထဲ႐ွိတဲ့အတိုင္း ထုတ္မျပတတ္ဘူးရယ္။

Tags: read novel My Possessive Of You 2, novel My Possessive Of You 2, read My Possessive Of You 2 online, My Possessive Of You 2 chapter, My Possessive Of You 2 high quality, My Possessive Of You 2 light novel, ,

Comment

Leave a Reply

Chapter 3