My Possessive Of You 4

All chapters are in My Possessive Of You
A+ A-

Unicode

ဒုန်း!

“အမလေး ဖြေးဖြေး”

နှစ်ယောက်သား ယိုင်ခွေခွေနဲ့ လှေကားတက်သည်အထိ အဆင်ပြေနေပေမယ့် အခန်းရှေ့ရောက်မှ ပိတ်ထားတဲ့ တံခါးကို ဆောင့်မိသည်။တော်သေးတာက ငမူးကောင်ရဲ့ ကိုယ်ကြီးက လရောင်ကို ကာထားသလိုဖြစ်နေတာမို့ တံခါးအစား သူ့ရင်ဘတ်မာမာကြီးနဲ့သာ တိုက်မိသည်။

“ကိုကို့… အင့် အဟင့်”

အံ့ကျူးမျိုးနွယ်က မျက်လုံးမဖွင့်ပဲနဲ့ လရောင်ကို တင်းတင်းဖက်ကာ ငိုချလာသည်။မူးနေလို့ အသိစိတ်လွတ်နေတယ်ဆိုပေမယ့် အံ့ကျူးမျိုးနွယ်က ဘယ်အရာကိုမှ ငိုရလောက်အောင် ပျော့ညံ့တဲ့လူမဟုတ်။

“အံ့ကျူး သတိထားလေ ဖိုး နိုးသွားလိမ့်မယ်”

အံ့ကျူးကိုယ်ကို ကျောနဲ့ထိန်းပြီး တံခါးကို အသာတွန်းဖွင့်ရသည်။ဘေးကလူက လရောင်ကိုယ်သေးသေးလေးအပေါ် တစ်ကိုယ်လုံးမီချထားပြီး တအီအီနဲ့ ငိုနေသေးသည်။

မနိုင့်တနိုင်ကြီးသယ်ပြီး သူ့အိပ်ရာနားထိ ရောက်အောင်မနည်းလှမ်းရသည်။ငယ်ငယ်က သူ့အခန်းထဲဝင်နေကြဆိုပေမယ့် အံ့ကျူးအရွယ်ရောက်လာတဲ့အချိန်မှာတော့ သူလည်းမဝင်ဖြစ်တော့သလို အံ့ကျူးကလည်း သူ့ကိုဆွဲမသွင်းတော့။ဂျစ်ကန်ကန်ကောင်ရဲ့ အခန်းက ငယ်ငယ်တုန်းကနဲ့ လုံးဝကို ကွာခြားသွားသည်။တစ်ခန်းလုံးကို အဖြူအမဲရုပ်ရှင်တွေထဲကလိုမျိုး အဖြူရောင်နဲ့ အနက်ရောင်ကိုသာ သုံးပြီးအလှဆင်ထားသည်။

“ဟူး…”

အံ့ကျူးကို အိပ်ရာပေါ် လွှတ်ချလိုက်တော့မှပဲ လရောင်သက်သာသွားသည်။အံ့ကျူးကပဲ သန်မာလွန်းနေတာလား လရောင်ကပဲ ပျော့လွန်း သေးလွန်းနေတာလားမသိပေ။ခြံထဲကနေ အိပ်ရာထဲထိသယ်လာရတာနဲ့ကို တော်တော်ပင်ပန်းသည်။

ခုတင်ပေါ်မှာ ခြေကားယားလက်ကားယားဖြစ်နေသူကို ကြည့်ပြီး လရောင်တစ်ချက်ပြုံးလိုက်သည်။အခုကျတော့လည်း ကလေးဆိုးလေးလိုပဲ။

အရက်နံ့တွေက မွှန်ထူနေပြီး ဂျင်းဂျာကင်ကြီးပါ ထပ်ဝတ်ထားတာမို့ လရောင်ရေပတ်တိုက်ပေးဖို့ ပြင်လိုက်သည်။လက်တစ်ဖက်ကို အသာကွေးပြီး အင်္ကျီကိုချွတ်ရသည်။နိုးသွားမှာလည်း စိုးရိမ်ရသေးသည်။ဟိုတလောကမှ ကိုယ်နဲ့သူက ကတောက်ကဆဖြစ်ထားတာမဟုတ်လား။

“ကိုကို ကိုကို”

အိပ်ပျော်နေတဲ့သူက ဘာတွေအိပ်မက်မက်နေလဲမသိ။ခေါင်းကို တွင်တွင်ယမ်းပြီး ရေရွတ်နေသည်။

“ဘာဖြစ်လို့လဲ အံ့ကျူး”

“ကိုကို အဟင့် မသွားပါနဲ့”

“ဟင်”

လရောင် တွေခနဲဖြစ်သွားရသည်။အံ့ကျူးက မျက်လုံးစုံမှိတ်ပြီး ခေါင်းတွင်တွင်ယမ်းနေရင်းကနေ မျက်ရည်တွေကျလာသည်။အပြင်ပန်းမာကျောဟန်ဆောင်ပြီး တကယ်တမ်းကလေးတစ်ယောက်လို အထိခိုက်မခံနိုင်တဲ့ နှလုံးသားနုနုလေးကိုလည်း မြင်လိုက်ရသည်။ဒါနဲ့များ ဒီနှလုံးသားနုနုလေးကို အတ္တတွေနဲ့ ဘာကြောင့်ဖုံးအုပ်ထားသေးသလဲ သိချင်မိသည်။

ရေချိုးခန်းထဲဝင်လိုက်ပြီး ရေဇလုံနဲ့ ပုဝါတစ်ထည်ကို ယူလာခဲ့လိုက်သည်။အရက်နံ့တွေနဲ့ ရောနေရင် အိပ်ရတာသက်တောင့်သက်သာမရှိမှာစိုး၍ဖြစ်သည်။

“အင်း ဘယ်သူလဲ”

နဖူးပေါ် ရေဆွတ်ထားတဲ့ ပုဝါကို ချပေးလိုက်တော့ အသံပြုပြီး မျက်လုံးလေးမသိမသာပွင့်လာသည်။သူနိုးလာတာဖြစ်သည်။လရောင်ကိုမြင်တော့ ခုတင်ပေါ်ကနေ ဝုန်းခနဲထထိုင်တာမို့ လန့်ပြီး လရောင်နောက်ကို ဆုတ်လိုက်မိသွားသည်။

“ခင်များ”

သူ့ကိုယ်သူ သတိကပ်လာတော့ အသံက စောစောကနဲ့မတူပဲ ချက်ချင်းရင့်သီးသွားသည်။လရောင်ကိုလည်း ကြောက်စရာတစ်ခုလို ကြည့်လာသည်။ပျော့ပြောင်းတဲ့ သူ့တစ်ဖက်ခြမ်းကို လရောင်သိမှာ ရှက်စရာကောင်းတယ်လို့ ထင်နေပုံရသည်။

“မင်း တစ်ကိုယ်လုံးက နံနေလို့”

စိမ်းစိမ်းကားကားကြည့်လာပေမယ့် စိတ်မနာနိုင်ပါ။ဒီလူဟာ အတ္တကြီးသလို မာနလည်းကြီးတယ်ဆိုတာ လရောင်နားလည်ထားသင့်သည်လေ။

“ခင်များကို  ဒုက္ခပေးမိတာလား”

“အဲလိုမဟုတ်..”

“ရတယ် သွားတော့ ကျုပ်ရေချိုးပြီးမှ အိပ်မယ်”

“ဒီအချိန်ကြီး…”

“သွားပါတော့ဗျာ ကျုပ်ရှေ့ကို ပေါ်မလာနဲ့”

လရောင်ရင်ထဲ ဝမ်းနည်းမှုက ပြည့်သိပ်လာသည်။စောစောက အိပ်နေရင်းနဲ့တောင် လရောင်ကို တမ်းတနေတဲ့သူက ခုကျတော့ စိမ်းစိမ်းကားကားနှင်ရက်သည်။သနားစိတ်ဝင်မိသွားတဲ့ စိတ်ကို ခဏချင်းပဲ ဖယ်ထုတ်လိုက်သည်။အံ့ကျူးမျိုးနွယ်က ဘယ်တော့မှ နူးညံ့ပြမယ့် လူတစ်ယောက်မဟုတ်ဘူး။စရိုက်ကြမ်းကြီးကို ကာဗာယူပြီး သူ့နှလုံးသားကို လူသိမခံချင်ဖြစ်နေတာ။

“အဆင်ပြေရဲ့လား”

လရောင်ကို ကျောခိုင်းပြီး ဘေးလှည့်နေသူကို မကြောက်မရွံ့ပဲ မေးလိုက်သေးသည်။အံ့ကျူးမျိုးနွယ်က သူ့ကိုသနားသလို ဆက်ဆံရင်လည်း ခါးခါးသီးသီးအော်ငေါက်တတ်သေးသည်။သို့သော် ထင်ထားသလို အသားနာအောင်လုပ်ပြီး ဆူပူမယ့်အစား ခုတင်အောက်ကိုဆင်းပြီး အခန်းတံခါးဆီကို ခြေဦးလှည့်ထားသည်။

“ခင်များသာ ထွက်သွားစမ်းပါ”

“အံ့ကျူး ငါရှင်းပြ..”

“ကျုပ်အမူးပြေနေပြီမို့ ခင်များသာ သွားအိပ်လိုက်ပါတော့ ခုချိန်မှာ ခင်များကိုမြင်နေရတာ အဆင်မပြေဘူး”

အံ့ကျူးရဲ့ စကားအဆုံးမှာ မျက်ရည်စက်က ပေါက်ခနဲကျလာသည်။ခံရခက်လိုက်တာ သူ့ဘက်က ထုတ်မမေးပဲ မြိုသိပ်ထားတဲ့ ခံစားချက်ကြီးနဲ့ လူကိုအပြစ်ရှိသလို ခံစားရအောင်လုပ်နေတာ။အရင်ရက်တွေကတည်းက ရာဇာထူးဟန်ကို မကြိုက်ပါဘူးလို့ ရှင်းပြချင်တာတောင် လရောင်နဲ့ ဘယ်တော့မှ မျက်နှာချင်းဆိုင်ခွင့်မရ။လရောင်ကိုမြင်တာနဲ့ ခနဲ့ပြုံး,ပြုံးပြီး ကျောခိုင်းသည်။အခုလို နှစ်ယောက်ထဲ ရင်ဆိုင်တွေ့နေရတဲ့ အချိန်မှာတောင် လရောင်ရဲ့ရှင်းပြချက်ကို နားမထောင်ပဲ ရှောင်လွှဲဖို့သာကြိုးစားနေသည်။

“အခုလို သောက်နေတာ ငါ့ကြောင့်မလား”

“ကျုပ်သဘောနဲ့ကျုပ်ပါ”

“ငါ့အတွက်ဆိုရင် ကိုယ့်ကိုကိုယ်မဖျက်ဆီးပါနဲ့ ငါက…..ကိုကိုက အဟမ်း အံ့ကျူးအပိုင်ပဲလေ”

“သွားစမ်းပါ စောက်ပိုတွေ ပြောမနေနဲ့ ဘယ်သူ့အပိုင်ဖြစ်နေနေ ကျုပ်က စောက်ဂရုစိုက်မယ်ထင်လို့လား”

သူ့မျက်ရည်တွေ အိခနဲကျလာရပါသည်။အံ့ကျူးပြောတာကို စိတ်ဆိုးလို့မဟုတ် မြိုသိပ်ပြီး သူ့တစ်ယောက်ထဲ ကြိတ်ခံစားနေရမယ့် ကောင်လေးကို မချိတင်ကဲဖြစ်မိလို့ပင်။

“ကိုကိုတောင်းပန်ပါတယ် ကိုကို ရာဇာနဲ့မတွဲပါဘူး အီးဟီးဟီး”

အံ့ကျူးမျိုးနွယ်ရှေ့ ဒူးထောက်ထိုင်ချပြီး အသံထွက် ငိုချပစ်လိုက်မိသည်။သူ့မျက်ရည်တွေက ဒီလူတစ်ယောက်ထဲအတွက်ပဲမလား။
မျက်ရည်စတွေကို သုတ်ပြီး ခေါင်းမော့ကြည့်လိုက်တော့ လက်သီးကိုတင်းတင်းဆုပ်ပြီး မေးရိုးတွေထင်းနေအောင် အံကြိတ်ထားသည်။

“ကိုကို့ကို ဥပေက္ခာမပြုပါနဲ့ ရိုက်ပါ ဆူပါ အံ့ကျူးထားသလို ကိုကိုနေမယ် ကိုကို့ကိုတော့ စကားမပြောပဲ မနေပါနဲ့တော့”

အမြဲတမ်းအနိုင်ကျင့်ခံနေရလို့ စိတ်ပျက်မိပေမယ့် တကယ်တမ်းတော့ အံ့ကျူးမျိုးနွယ်မရှိရင် ဘယ်လိုမှ ပျော်နိုင်မည်မဟုတ်ပေ။လတ်တလောအခြေအနေကြီးကို သူစိတ်ပျက်လှသည်။အံ့ကျူးက လရောင်နဲ့ လုံးဝ စကားမပြော စိမ်းသက်နေတာနဲ့ စာရင် အသက်မဲ့နေတာကတောင် အဓိပ္ပါယ်ရှိလိမ့်အုန်းမည်။

“ဖယ် ကျုပ်ကို လာမထိနဲ့”

“ဟင်”

လရောင်သသ လက်ကို ခါထုတ်ပြီး မျက်ထောင့်နီကြီးတွေနဲ့ လရောင်ကို ငုံ့ကြည့်သည်။အံ့ကျူးလည်း လရောင်နည်းတူပင် မျက်ရည်စီးကြောင်းတွေက ပါးပြင်ပေါ်မှာရှိနေသည်။

“ကျုပ် အဆင်မပြေသေးဘူး အဲဒီမြင်ကွင်းကြီးက ကျစ်..မျက်လုံးထဲကကို မထွက်သေးဘူး ကျုပ်အပိုင်မှန်းသိပေမယ့် ကျုပ် …ကျစ် သွားပါတော့ဗျာ”

အံ့ကျူး ရင်ထဲဆို့တစ်နေတဲ့ အကျပ်အတည်းကို ထုတ်ဖော်မိတော့မလို ဖြစ်သွားပေမယ့် အချိန်မီထိန်းချုပ်လိုက်ရသည်။သူ ဒီလူ့ကို ဒီ့ထက်မက ပိုပိုင်ချင်နေပြီ။လူတွေသိထားသလို ပစ္စည်းတစ်ခုကို ပိုင်သလိုမျိုးမဟုတ်ပဲ ဒီလူ့ဘဝတစ်ခုလုံးအထိ…။

“သွားအိပ်တော့ ခင်များသိပ်ပိန်နေတယ်”

လရောင်ကို လက်ကမ်းပေးလာတာကြောင့် အားပြုပြီး ကြမ်းပြင်ကနေ ထလိုက်သည်။လက်ဖဝါးပြင်နွေးနွေးကတောင် သွေးခုန်နှုန်းတွေမြန်နေသလို။အံ့ကျူး စိတ်လှုပ်ရှားနေတာထင်သည်။

“အင်း မင်းကြောင့်”

“ဘာအတွက်လဲ”

“မင်း ငါ့ကိုပစ်ထားတယ် ငါ့ဆံပင်တွေ အတော်ရှည်နေပြီ”

ပုခုံးအောက်နားထိ ဝဲကျနေသော ဆံပင်ပျော့အိအိတွေကို ကိုင်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

“သိတယ် လှလို့ “

“ဟင်”

“ခင်များနဲ့ လိုက်တယ် ဆံပင်အရှည်ထားတော့”

“…”

လရောင်ရင်ထဲ ပျားရည်မြစ်တစ်စင်းစီးဆင်းသွားသလို ခံစားလိုက်ရသည်။အံ့ကျူးက လရောင်ကို လှတယ်တဲ့။လှတယ် ချစ်စရာကောင်းတယ်လို့ လူတိုင်းကပြောကြပေမယ့် အံ့ကျူးဆီက ဒီလိုကြားရတော့ လရောင်ပျော်မိသည်။အံ့ကျူးက သူချစ်ရတဲ့ သူ့ရဲ့ ငဂျစ်ကောင်မဟုတ်ပါလော။

“ငါ..”

“ကျုပ် ခင်များကို ခင်များအခန်းထဲ ဆွဲပို့ရမှာလား”

“ဟွန့်”

တစ်ယောက်ရင်ဘတ် တစ်ယောက်မြင်နိုင်စ အချိန်လေးမို့ အံ့ကျူး ဒီထက့်ပို ပွင့်လင်းအောင် ဖန်တီးယူဖို့ ကြိုးစားကာမှ ငဂျစ်ကောင်က ဇာတိပြလာသည်။

“ဂွတ်နိုက် အံ့ကျူး “

“သွားစမ်းပါ စောက်ပိုတွေ”

နှာခေါင်းရှုံ့ပြီး စိတ်ပျက်သလို လုပ်ပြလိုက်ပေမယ့် တစ်ဖက်ကို လှည့်ပြီး အံ့ကျူး အကြာကြီးပြုံးနေမိပါသည်။ကိုကိုက ရာဇာထူးဟန်နဲ့ တွဲမနေဘူးတဲ့။ဒါဆိုရင်ပဲ ကိုကိုက သူ့အပိုင်ဖြစ်ဖို့ ခိုင်လုံနေပြီလေ။

••••••

“ညက မြေးငယ်ပြန်လာတာ နောက်ကျတာလား မြေး”

“ဟုတ်တယ် ဖိုး ဇူးအထင် သူပြန်လာတဲ့အချိန်က တစ်နာရီလောက်ရှိပြီ”

“ဒီကလေးကတော့ ခက်သကိုး ခင်ဇော်မရှိတာနဲ့ပဲ သဝေထိုးတော့တာ”

မနက်စာဝိုင်းမှာ ဖိုးနဲ့ ဇူးဇူးမေသော်တို့နှစ်ယောက် မနက်စာစားနေကြခြင်းဖြစ်သည်။အံ့ကျူးကတော့ ညက ဥာဥ့်နက်မှ ပြန်ရောက်လာတာမို့ မနက်စာဝိုင်းမှာ လာမထိုင်နိုင်။လရောင်ကတော့ ထမင်းကြော်တစ်အိုးနဲ့ အလုပ်ရှုပ်နေသည်။အံ့ကျူးမျိုးနွယ်က မနက်စာဆိုရင် ထမင်းကြော်တစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲစားတတ်သည်လေ။

“လရောင်လေးလည်း တော်တော်ဥာဥ့်နက်မှ အိပ်ရတယ် ဖိုး၊ အံ့ကျူးကို သူပဲစောင့်ပေးနေတာ”

“အဲလောက် မဆိုးဘူးထင်နေတာ”

“ဖိုး မြေးက တကယ့်အဆိုး လရောင်ခမျာ မနိုင်မနင်းနဲ့ သယ်ရတာ”

မြေးအဖိုးနှစ်ယောက်ရဲ့ စကားသံကို နားထောင်နေရင်းကနေ လရောင်ပြုံးနေမိသည်။အံ့ကျူးက ဆိုးချင်ဟန်ဆောင်နေပြီး တကယ်တမ်း ခံစားလွယ်တဲ့ ကောင်လေးဆိုတာ လရောင်အသိဆုံးဖြစ်သည်။

“ဟော လရောင်လေး လာပြီ ထိုင် ထိုင်”

မမဇူးက သူ့ဘေးက ထိုင်ခုံကို ညွှန်ပြပြီး လရောင်ကို နေရာပေးသည်။

“ပူတင်းစားမလား လရောင်လေး မမဆွေ ပူတင်းလုပ်တုန်းက မမရောကူထားတာ”

“မမလက်ရာပေါ့”

“ခစ် ခစ် မမက ကြက်ဥတင်ခွဲတာပါနော်”

မမဇူးက လရောင်အပြောကို သဘောတကျရယ်သည်။ဖိုးကတော့ ကော်ဖီတစ်ကျိုက်သောက်ပြီး မနက်စာကို အဆုံးသတ်နေပြီဖြစ်သည်။

“မြေးလေး ငဂျစ်ကောင် ညက တန်းရောအိပ်လား”

“အယ် ဟုတ် အိပ်ပါတယ် ဖိုး”

မနက်အစောကြီးမှာပဲ ဖိုးကို မုသားသုံးလိုက်ရသည်။ညက သူပြန်လွှတ်တာတောင် လရောင်မပြန်ပဲ စကားရှာပြောနေသည်ဆိုရင် ဖိုးက လရောင်ကို ဆူပေအုန်းမည်။သူများအိပ်ချိန်ကို သွားနှောင့်ယှက်သည်လေ။

“ဒီတစ်ခါတော့ ထူးထူးဆန်းဆန်းပဲနော် မြေးဆံပင်တွေကို အံ့ကျူးခိုးမဖြတ်သေးဘူး”

“အဲဒီ အကျင့်ကြီးက ရှိသေးတာလား ဖိုး”

“အရင်နှစ်ကတောင် သူညှပ်ပစ်သေးတယ်”

“အံ့ကျူးက စိတ်ပုပ်ကောင်လေး”

ဖိုးစကားက လရောင်ကို ဦးတည်လာပေမယ့် မမဇူးရဲ့ ကြားဖြတ်စကားကြောင့် ဖိုးနဲ့မမဇူးရဲ့ လေထုက ပြန်လည်စိုပြေသွားပြန်သည်။လရောင်ကတော့ တစ်ကိုယ်တည်းသာ ကြိတ်ပြုံးလိုက်ပါသည်။အံ့ကျူးကိုယ်တိုင်က လရောင်ကို ဆံပင်ရှည်တွေနဲ့ လိုက်တယ် လှတယ်လို့ ပြောခဲ့တာမလား။

“ဒါပေမယ့် လရောင်လေးက ဆံပင်ရှည်တွေနဲ့ တကယ်လှတာနော် ဖိုး ဇူးဖြင့် လရောင်ကို ချစ်လွန်းလို့ ဖက်နမ်းပစ်ချင်တာ ကိုရီးယားသူလေးတွေလိုပဲ”

“မမကလည်း”

“အဟင်း ဇူးဇူးက မြေးကို အသည်းယားနေတာ”

ဖိုးကပါ ရယ်ရယ်မောမာနဲ့ ဝင်ပြောသည်။ထိုစဥ် အခန်းအဝင်ဝနားမှာ ရပ်နေတဲ့ အဖြူရောင် အရိပ်တစ်ခုကိုတော့ သူတို့သတိမထားမိကြ။

“အကိုလေး မနက်စာစားလို့ရပါပြီ”

နောက်နားမှာ ရပ်နေတဲ့ မမဆွေဆီက စကားကိုကြားတော့မှ လရောင်လှည့်ကြည့်မိသည်။အံ့ကျူးက အဖြူရောင်ဆွယ်တာလက်ရှည်နဲ့ ဆင်စွယ်ရောင်ဘောင်းဘီကို တွဲဝတ်ထားသည်။ပုံစံက အရင်ရက်တွေကနဲ့ ကွာခြားနေသဖြင့် လရောင်မျက်နှာမှာ ပြုံးရိပ်လေးဖြတ်ပြေးသွားသည်။

“လာပါပြီ ကိုသဝေထိုးလေး ဒီနေ့ရော ဘယ်သွားအုန်းမလဲ”

“မသွားတော့ဘူး ဖိုး”

အံ့ကျူးက စားပွဲဆီကို တည့်တည့်လျှောက်လာပြီး လရောင်ဘေးနားဝင်ထိုင်သည်။သူ့အတွက် ချပေးထားတဲ့ ကော်ဖီပန်းကန်ကို မသောက်ပဲ လရောင်ရဲ့ သောက်လက်စပန်းကန်ကို ဆွဲယူပြီး တစ်ကျိုက်တည်းမော့ချပစ်တာမို့ လရောင်ရော မမဇူးပါ မျက်လုံးပြူးသွားရသည်။အဖိုးကတော့ အနိုင်ကျင့်ရန်ကော ဟူသည့် အကြည့်နှင့် ခေါင်းယမ်းပြီးသာ ထသွားသည်။

“အံ့ကျူး နင်ဘယ်လိုဖြစ်နေတာလဲ အဲတာလရောင်လေးဟာ”

“သိတယ်”

မထီမျက်နှာပေးနဲ့ ခေါင်းကိုပင့်ချီပြီးပြောသည့်ပုံစံကတော့ လုံးဝ ဂျစ်ကန်ကန်အံ့ကျူးမျိုးနွယ်အစစ်ပင်။လရောင်ကို တစ်ချက်လေးတောင် ပြုံးမပြသေးပဲ လက်ကို ဇိုးဇိုးဇတ်ဇတ်လာကိုင်သည်။

“ဟဲ့ ကလေးကို လွှတ် မနက်စာစားနေတယ်လေ”

သူ့လက်ထဲကနေ ရုန်းနေတာကို မမဇူးက ရိပ်မိသွားပုံရသည်။အံ့ကျူးကို မျက်စောင်းထိုးပြီး လရောင်လက်တွေကို ဆွဲယူသည်။

“သူက ကျုပ်လူပဲလေ မမရာ၊သူပိုင်သမျှ ကျုပ်ပိုင်တာပဲ”

“ကြည့်စမ်း အခုချိန်ထိ ဒါကိုပြောနေတုန်း”

“လရောင်သသ ခင်များက ကျုပ်အပိုင်မလား”

“ဟင်”

မောင်နှမနှစ်ယောက် စကားနာထိုးနေတုန်း လရောင်ကိုပါ ဆွဲထည့်လာတာမို့ ကြောင်အမ်းအမ်းလေးဖြစ်သွားရသည်။

“ကျုပ်အပိုင်လားလို့”

“ဟင် အင်း မင်းအပိုင်”

ပါးနှစ်ဖက်ကို ဖျစ်ညှစ်ပြီး မေးလိုက်တာမို့ မမဇူးရှေ့မှာပင် ရှက်ရှက်နဲ့ဖြေလိုက်ရသည်။အဲဒီမောင်ကတော့ တဇွတ်ထိုးဆန်နေတုန်းပင်။

SophiaMoin783(23.9.2022)
_______________________________________

Zawgyi

ဒုန္း!

“အမေလး ေျဖးေျဖး”

ႏွစ္ေယာက္သား ယိုင္ေခြေခြနဲ႔ ေလွကားတက္သည္အထိ အဆင္ေျပေနေပမယ့္ အခန္းေ႐ွ႕ေရာက္မွ ပိတ္ထားတဲ့ တံခါးကို ေဆာင့္မိသည္။ေတာ္ေသးတာက ငမူးေကာင္ရဲ႕ ကိုယ္ႀကီးက လေရာင္ကို ကာထားသလိုျဖစ္ေနတာမို႔ တံခါးအစား သူ႕ရင္ဘတ္မာမာႀကီးနဲ႔သာ တိုက္မိသည္။

“ကိုကို႔… အင့္ အဟင့္”

အံ့က်ဴးမ်ိဳးႏြယ္က မ်က္လုံးမဖြင့္ပဲနဲ႔ လေရာင္ကို တင္းတင္းဖက္ကာ ငိုခ်လာသည္။မူးေနလို႔ အသိစိတ္လြတ္ေနတယ္ဆိုေပမယ့္ အံ့က်ဴးမ်ိဳးႏြယ္က ဘယ္အရာကိုမွ ငိုရေလာက္ေအာင္ ေပ်ာ့ညံ့တဲ့လူမဟုတ္။

“အံ့က်ဴး သတိထားေလ ဖိုး ႏိုးသြားလိမ့္မယ္”

အံ့က်ဴးကိုယ္ကို ေက်ာနဲ႔ထိန္းၿပီး တံခါးကို အသာတြန္းဖြင့္ရသည္။ေဘးကလူက လေရာင္ကိုယ္ေသးေသးေလးအေပၚ တစ္ကိုယ္လုံးမီခ်ထားၿပီး တအီအီနဲ႔ ငိုေနေသးသည္။

မႏိုင့္တႏိုင္ႀကီးသယ္ၿပီး သူ႕အိပ္ရာနားထိ ေရာက္ေအာင္မနည္းလွမ္းရသည္။ငယ္ငယ္က သူ႕အခန္းထဲဝင္ေနၾကဆိုေပမယ့္ အံ့က်ဴးအ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူလည္းမဝင္ျဖစ္ေတာ့သလို အံ့က်ဴးကလည္း သူ႕ကိုဆြဲမသြင္းေတာ့။ဂ်စ္ကန္ကန္ေကာင္ရဲ႕ အခန္းက ငယ္ငယ္တုန္းကနဲ႔ လုံးဝကို ကြာျခားသြားသည္။တစ္ခန္းလုံးကို အျဖဴအမဲ႐ုပ္႐ွင္ေတြထဲကလိုမ်ိဳး အျဖဴေရာင္နဲ႔ အနက္ေရာင္ကိုသာ သုံးၿပီးအလွဆင္ထားသည္။

“ဟူး…”

အံ့က်ဴးကို အိပ္ရာေပၚ လႊတ္ခ်လိုက္ေတာ့မွပဲ လေရာင္သက္သာသြားသည္။အံ့က်ဴးကပဲ သန္မာလြန္းေနတာလား လေရာင္ကပဲ ေပ်ာ့လြန္း ေသးလြန္းေနတာလားမသိေပ။ျခံထဲကေန အိပ္ရာထဲထိသယ္လာရတာနဲ႔ကို ေတာ္ေတာ္ပင္ပန္းသည္။

ခုတင္ေပၚမွာ ေျခကားယားလက္ကားယားျဖစ္ေနသူကို ၾကည့္ၿပီး လေရာင္တစ္ခ်က္ျပဳံးလိုက္သည္။အခုက်ေတာ့လည္း ကေလးဆိုးေလးလိုပဲ။

အရက္နံ႔ေတြက မႊန္ထူေနၿပီး ဂ်င္းဂ်ာကင္ႀကီးပါ ထပ္ဝတ္ထားတာမို႔ လေရာင္ေရပတ္တိုက္ေပးဖို႔ ျပင္လိုက္သည္။လက္တစ္ဖက္ကို အသာေကြးၿပီး အက်ႌကိုခြၽတ္ရသည္။ႏိုးသြားမွာလည္း စိုးရိမ္ရေသးသည္။ဟိုတေလာကမွ ကိုယ္နဲ႔သူက ကေတာက္ကဆျဖစ္ထားတာမဟုတ္လား။

“ကိုကို ကိုကို”

အိပ္ေပ်ာ္ေနတဲ့သူက ဘာေတြအိပ္မက္မက္ေနလဲမသိ။ေခါင္းကို တြင္တြင္ယမ္းၿပီး ေရ႐ြတ္ေနသည္။

“ဘာျဖစ္လို႔လဲ အံ့က်ဴး”

“ကိုကို အဟင့္ မသြားပါနဲ႔”

“ဟင္”

လေရာင္ ေတြခနဲျဖစ္သြားရသည္။အံ့က်ဴးက မ်က္လုံးစုံမွိတ္ၿပီး ေခါင္းတြင္တြင္ယမ္းေနရင္းကေန မ်က္ရည္ေတြက်လာသည္။အျပင္ပန္းမာေက်ာဟန္ေဆာင္ၿပီး တကယ္တမ္းကေလးတစ္ေယာက္လို အထိခိုက္မခံႏိုင္တဲ့ ႏွလုံးသားႏုႏုေလးကိုလည္း ျမင္လိုက္ရသည္။ဒါနဲ႔မ်ား ဒီႏွလုံးသားႏုႏုေလးကို အတၱေတြနဲ႔ ဘာေၾကာင့္ဖုံးအုပ္ထားေသးသလဲ သိခ်င္မိသည္။

ေရခ်ိဳးခန္းထဲဝင္လိုက္ၿပီး ေရဇလုံနဲ႔ ပုဝါတစ္ထည္ကို ယူလာခဲ့လိုက္သည္။အရက္နံ႔ေတြနဲ႔ ေရာေနရင္ အိပ္ရတာသက္ေတာင့္သက္သာမ႐ွိမွာစိုး၍ျဖစ္သည္။

“အင္း ဘယ္သူလဲ”

နဖူးေပၚ ေရဆြတ္ထားတဲ့ ပုဝါကို ခ်ေပးလိုက္ေတာ့ အသံျပဳၿပီး မ်က္လုံးေလးမသိမသာပြင့္လာသည္။သူႏိုးလာတာျဖစ္သည္။လေရာင္ကိုျမင္ေတာ့ ခုတင္ေပၚကေန ဝုန္းခနဲထထိုင္တာမို႔ လန္႔ၿပီး လေရာင္ေနာက္ကို ဆုတ္လိုက္မိသြားသည္။

“ခင္မ်ား”

သူ႕ကိုယ္သူ သတိကပ္လာေတာ့ အသံက ေစာေစာကနဲ႔မတူပဲ ခ်က္ခ်င္းရင့္သီးသြားသည္။လေရာင္ကိုလည္း ေၾကာက္စရာတစ္ခုလို ၾကည့္လာသည္။ေပ်ာ့ေျပာင္းတဲ့ သူ႕တစ္ဖက္ျခမ္းကို လေရာင္သိမွာ ႐ွက္စရာေကာင္းတယ္လို႔ ထင္ေနပုံရသည္။

“မင္း တစ္ကိုယ္လုံးက နံေနလို႔”

စိမ္းစိမ္းကားကားၾကည့္လာေပမယ့္ စိတ္မနာႏိုင္ပါ။ဒီလူဟာ အတၱႀကီးသလို မာနလည္းႀကီးတယ္ဆိုတာ လေရာင္နားလည္ထားသင့္သည္ေလ။

“ခင္မ်ားကို  ဒုကၡေပးမိတာလား”

“အဲလိုမဟုတ္..”

“ရတယ္ သြားေတာ့ က်ဳပ္ေရခ်ိဳးၿပီးမွ အိပ္မယ္”

“ဒီအခ်ိန္ႀကီး…”

“သြားပါေတာ့ဗ်ာ က်ဳပ္ေ႐ွ႕ကို ေပၚမလာနဲ႔”

လေရာင္ရင္ထဲ ဝမ္းနည္းမႈက ျပည့္သိပ္လာသည္။ေစာေစာက အိပ္ေနရင္းနဲ႔ေတာင္ လေရာင္ကို တမ္းတေနတဲ့သူက ခုက်ေတာ့ စိမ္းစိမ္းကားကားႏွင္ရက္သည္။သနားစိတ္ဝင္မိသြားတဲ့ စိတ္ကို ခဏခ်င္းပဲ ဖယ္ထုတ္လိုက္သည္။အံ့က်ဴးမ်ိဳးႏြယ္က ဘယ္ေတာ့မွ ႏူးညံ့ျပမယ့္ လူတစ္ေယာက္မဟုတ္ဘူး။စ႐ိုက္ၾကမ္းႀကီးကို ကာဗာယူၿပီး သူ႕ႏွလုံးသားကို လူသိမခံခ်င္ျဖစ္ေနတာ။

“အဆင္ေျပရဲ႕လား”

လေရာင္ကို ေက်ာခိုင္းၿပီး ေဘးလွည့္ေနသူကို မေၾကာက္မ႐ြံ႕ပဲ ေမးလိုက္ေသးသည္။အံ့က်ဴးမ်ိဳးႏြယ္က သူ႕ကိုသနားသလို ဆက္ဆံရင္လည္း ခါးခါးသီးသီးေအာ္ေငါက္တတ္ေသးသည္။သို႔ေသာ္ ထင္ထားသလို အသားနာေအာင္လုပ္ၿပီး ဆူပူမယ့္အစား ခုတင္ေအာက္ကိုဆင္းၿပီး အခန္းတံခါးဆီကို ေျခဦးလွည့္ထားသည္။

“ခင္မ်ားသာ ထြက္သြားစမ္းပါ”

“အံ့က်ဴး ငါ႐ွင္းျပ..”

“က်ဳပ္အမူးေျပေနၿပီမို႔ ခင္မ်ားသာ သြားအိပ္လိုက္ပါေတာ့ ခုခ်ိန္မွာ ခင္မ်ားကိုျမင္ေနရတာ အဆင္မေျပဘူး”

အံ့က်ဴးရဲ႕ စကားအဆုံးမွာ မ်က္ရည္စက္က ေပါက္ခနဲက်လာသည္။ခံရခက္လိုက္တာ သူ႕ဘက္က ထုတ္မေမးပဲ ၿမိဳသိပ္ထားတဲ့ ခံစားခ်က္ႀကီးနဲ႔ လူကိုအျပစ္႐ွိသလို ခံစားရေအာင္လုပ္ေနတာ။အရင္ရက္ေတြကတည္းက ရာဇာထူးဟန္ကို မႀကိဳက္ပါဘူးလို႔ ႐ွင္းျပခ်င္တာေတာင္ လေရာင္နဲ႔ ဘယ္ေတာ့မွ မ်က္ႏွာခ်င္းဆိုင္ခြင့္မရ။လေရာင္ကိုျမင္တာနဲ႔ ခနဲ႔ျပဳံး,ျပဳံးၿပီး ေက်ာခိုင္းသည္။အခုလို ႏွစ္ေယာက္ထဲ ရင္ဆိုင္ေတြ႕ေနရတဲ့ အခ်ိန္မွာေတာင္ လေရာင္ရဲ႕႐ွင္းျပခ်က္ကို နားမေထာင္ပဲ ေ႐ွာင္လႊဲဖို႔သာႀကိဳးစားေနသည္။

“အခုလို ေသာက္ေနတာ ငါ့ေၾကာင့္မလား”

“က်ဳပ္သေဘာနဲ႔က်ဳပ္ပါ”

“ငါ့အတြက္ဆိုရင္ ကိုယ့္ကိုကိုယ္မဖ်က္ဆီးပါနဲ႔ ငါက…..ကိုကိုက အဟမ္း အံ့က်ဴးအပိုင္ပဲေလ”

“သြားစမ္းပါ ေစာက္ပိုေတြ ေျပာမေနနဲ႔ ဘယ္သူ႕အပိုင္ျဖစ္ေနေန က်ဳပ္က ေစာက္ဂ႐ုစိုက္မယ္ထင္လို႔လား”

သူ႕မ်က္ရည္ေတြ အိခနဲက်လာရပါသည္။အံ့က်ဴးေျပာတာကို စိတ္ဆိုးလို႔မဟုတ္ ၿမိဳသိပ္ၿပီး သူ႕တစ္ေယာက္ထဲ ႀကိတ္ခံစားေနရမယ့္ ေကာင္ေလးကို မခ်ိတင္ကဲျဖစ္မိလို႔ပင္။

“ကိုကိုေတာင္းပန္ပါတယ္ ကိုကို ရာဇာနဲ႔မတြဲပါဘူး အီးဟီးဟီး”

အံ့က်ဴးမ်ိဳးႏြယ္ေ႐ွ႕ ဒူးေထာက္ထိုင္ခ်ၿပီး အသံထြက္ ငိုခ်ပစ္လိုက္မိသည္။သူ႕မ်က္ရည္ေတြက ဒီလူတစ္ေယာက္ထဲအတြက္ပဲမလား။
မ်က္ရည္စေတြကို သုတ္ၿပီး ေခါင္းေမာ့ၾကည့္လိုက္ေတာ့ လက္သီးကိုတင္းတင္းဆုပ္ၿပီး ေမး႐ိုးေတြထင္းေနေအာင္ အံႀကိတ္ထားသည္။

“ကိုကို႔ကို ဥေပကၡာမျပဳပါနဲ႔ ႐ိုက္ပါ ဆူပါ အံ့က်ဴးထားသလို ကိုကိုေနမယ္ ကိုကို႔ကိုေတာ့ စကားမေျပာပဲ မေနပါနဲ႔ေတာ့”

အၿမဲတမ္းအႏိုင္က်င့္ခံေနရလို႔ စိတ္ပ်က္မိေပမယ့္ တကယ္တမ္းေတာ့ အံ့က်ဴးမ်ိဳးႏြယ္မ႐ွိရင္ ဘယ္လိုမွ ေပ်ာ္ႏိုင္မည္မဟုတ္ေပ။လတ္တေလာအေျခအေနႀကီးကို သူစိတ္ပ်က္လွသည္။အံ့က်ဴးက လေရာင္နဲ႔ လုံးဝ စကားမေျပာ စိမ္းသက္ေနတာနဲ႔ စာရင္ အသက္မဲ့ေနတာကေတာင္ အဓိပၸါယ္႐ွိလိမ့္အုန္းမည္။

“ဖယ္ က်ဳပ္ကို လာမထိနဲ႔”

“ဟင္”

လေရာင္သသ လက္ကို ခါထုတ္ၿပီး မ်က္ေထာင့္နီႀကီးေတြနဲ႔ လေရာင္ကို ငုံ႔ၾကည့္သည္။အံ့က်ဴးလည္း လေရာင္နည္းတူပင္ မ်က္ရည္စီးေၾကာင္းေတြက ပါးျပင္ေပၚမွာ႐ွိေနသည္။

“က်ဳပ္ အဆင္မေျပေသးဘူး အဲဒီျမင္ကြင္းႀကီးက က်စ္..မ်က္လုံးထဲကကို မထြက္ေသးဘူး က်ဳပ္အပိုင္မွန္းသိေပမယ့္ က်ဳပ္ …က်စ္ သြားပါေတာ့ဗ်ာ”

အံ့က်ဴး ရင္ထဲဆို႔တစ္ေနတဲ့ အက်ပ္အတည္းကို ထုတ္ေဖာ္မိေတာ့မလို ျဖစ္သြားေပမယ့္ အခ်ိန္မီထိန္းခ်ဳပ္လိုက္ရသည္။သူ ဒီလူ႕ကို ဒီ့ထက္မက ပိုပိုင္ခ်င္ေနၿပီ။လူေတြသိထားသလို ပစၥည္းတစ္ခုကို ပိုင္သလိုမ်ိဳးမဟုတ္ပဲ ဒီလူ႕ဘဝတစ္ခုလုံးအထိ…။

“သြားအိပ္ေတာ့ ခင္မ်ားသိပ္ပိန္ေနတယ္”

လေရာင္ကို လက္ကမ္းေပးလာတာေၾကာင့္ အားျပဳၿပီး ၾကမ္းျပင္ကေန ထလိုက္သည္။လက္ဖဝါးျပင္ေႏြးေႏြးကေတာင္ ေသြးခုန္ႏႈန္းေတြျမန္ေနသလို။အံ့က်ဴး စိတ္လႈပ္႐ွားေနတာထင္သည္။

“အင္း မင္းေၾကာင့္”

“ဘာအတြက္လဲ”

“မင္း ငါ့ကိုပစ္ထားတယ္ ငါ့ဆံပင္ေတြ အေတာ္႐ွည္ေနၿပီ”

ပုခုံးေအာက္နားထိ ဝဲက်ေနေသာ ဆံပင္ေပ်ာ့အိအိေတြကို ကိုင္ၿပီး ေျပာလိုက္ျခင္းျဖစ္သည္။

“သိတယ္ လွလို႔ “

“ဟင္”

“ခင္မ်ားနဲ႔ လိုက္တယ္ ဆံပင္အ႐ွည္ထားေတာ့”

“…”

လေရာင္ရင္ထဲ ပ်ားရည္ျမစ္တစ္စင္းစီးဆင္းသြားသလို ခံစားလိုက္ရသည္။အံ့က်ဴးက လေရာင္ကို လွတယ္တဲ့။လွတယ္ ခ်စ္စရာေကာင္းတယ္လို႔ လူတိုင္းကေျပာၾကေပမယ့္ အံ့က်ဴးဆီက ဒီလိုၾကားရေတာ့ လေရာင္ေပ်ာ္မိသည္။အံ့က်ဴးက သူခ်စ္ရတဲ့ သူ႕ရဲ႕ ငဂ်စ္ေကာင္မဟုတ္ပါေလာ။

“ငါ..”

“က်ဳပ္ ခင္မ်ားကို ခင္မ်ားအခန္းထဲ ဆြဲပို႔ရမွာလား”

“ဟြန္႔”

တစ္ေယာက္ရင္ဘတ္ တစ္ေယာက္ျမင္ႏိုင္စ အခ်ိန္ေလးမို႔ အံ့က်ဴး ဒီထက့္ပို ပြင့္လင္းေအာင္ ဖန္တီးယူဖို႔ ႀကိဳးစားကာမွ ငဂ်စ္ေကာင္က ဇာတိျပလာသည္။

“ဂြတ္ႏိုက္ အံ့က်ဴး “

“သြားစမ္းပါ ေစာက္ပိုေတြ”

ႏွာေခါင္း႐ႈံ႕ၿပီး စိတ္ပ်က္သလို လုပ္ျပလိုက္ေပမယ့္ တစ္ဖက္ကို လွည့္ၿပီး အံ့က်ဴး အၾကာႀကီးျပဳံးေနမိပါသည္။ကိုကိုက ရာဇာထူးဟန္နဲ႔ တြဲမေနဘူးတဲ့။ဒါဆိုရင္ပဲ ကိုကိုက သူ႕အပိုင္ျဖစ္ဖို႔ ခိုင္လုံေနၿပီေလ။

••••••

“ညက ေျမးငယ္ျပန္လာတာ ေနာက္က်တာလား ေျမး”

“ဟုတ္တယ္ ဖိုး ဇူးအထင္ သူျပန္လာတဲ့အခ်ိန္က တစ္နာရီေလာက္႐ွိၿပီ”

“ဒီကေလးကေတာ့ ခက္သကိုး ခင္ေဇာ္မ႐ွိတာနဲ႔ပဲ သေဝထိုးေတာ့တာ”

မနက္စာဝိုင္းမွာ ဖိုးနဲ႔ ဇူးဇူးေမေသာ္တို႔ႏွစ္ေယာက္ မနက္စာစားေနၾကျခင္းျဖစ္သည္။အံ့က်ဴးကေတာ့ ညက ဥာဥ့္နက္မွ ျပန္ေရာက္လာတာမို႔ မနက္စာဝိုင္းမွာ လာမထိုင္ႏိုင္။လေရာင္ကေတာ့ ထမင္းေၾကာ္တစ္အိုးနဲ႔ အလုပ္႐ႈပ္ေနသည္။အံ့က်ဴးမ်ိဳးႏြယ္က မနက္စာဆိုရင္ ထမင္းေၾကာ္တစ္မ်ိဳးတည္းကိုပဲ စြဲစြဲၿမဲၿမဲစားတတ္သည္ေလ။

“လေရာင္ေလးလည္း ေတာ္ေတာ္ဥာဥ့္နက္မွ အိပ္ရတယ္ ဖိုး၊ အံ့က်ဴးကို သူပဲေစာင့္ေပးေနတာ”

“အဲေလာက္ မဆိုးဘူးထင္ေနတာ”

“ဖိုး ေျမးက တကယ့္အဆိုး လေရာင္ခမ်ာ မႏိုင္မနင္းနဲ႔ သယ္ရတာ”

ေျမးအဖိုးႏွစ္ေယာက္ရဲ႕ စကားသံကို နားေထာင္ေနရင္းကေန လေရာင္ျပဳံးေနမိသည္။အံ့က်ဴးက ဆိုးခ်င္ဟန္ေဆာင္ေနၿပီး တကယ္တမ္း ခံစားလြယ္တဲ့ ေကာင္ေလးဆိုတာ လေရာင္အသိဆုံးျဖစ္သည္။

“ေဟာ လေရာင္ေလး လာၿပီ ထိုင္ ထိုင္”

မမဇူးက သူ႕ေဘးက ထိုင္ခုံကို ၫႊန္ျပၿပီး လေရာင္ကို ေနရာေပးသည္။

“ပူတင္းစားမလား လေရာင္ေလး မမေဆြ ပူတင္းလုပ္တုန္းက မမေရာကူထားတာ”

“မမလက္ရာေပါ့”

“ခစ္ ခစ္ မမက ၾကက္ဥတင္ခြဲတာပါေနာ္”

မမဇူးက လေရာင္အေျပာကို သေဘာတက်ရယ္သည္။ဖိုးကေတာ့ ေကာ္ဖီတစ္က်ိဳက္ေသာက္ၿပီး မနက္စာကို အဆုံးသတ္ေနၿပီျဖစ္သည္။

“ေျမးေလး ငဂ်စ္ေကာင္ ညက တန္းေရာအိပ္လား”

“အယ္ ဟုတ္ အိပ္ပါတယ္ ဖိုး”

မနက္အေစာႀကီးမွာပဲ ဖိုးကို မုသားသုံးလိုက္ရသည္။ညက သူျပန္လႊတ္တာေတာင္ လေရာင္မျပန္ပဲ စကား႐ွာေျပာေနသည္ဆိုရင္ ဖိုးက လေရာင္ကို ဆူေပအုန္းမည္။သူမ်ားအိပ္ခ်ိန္ကို သြားေႏွာင့္ယွက္သည္ေလ။

“ဒီတစ္ခါေတာ့ ထူးထူးဆန္းဆန္းပဲေနာ္ ေျမးဆံပင္ေတြကို အံ့က်ဴးခိုးမျဖတ္ေသးဘူး”

“အဲဒီ အက်င့္ႀကီးက ႐ွိေသးတာလား ဖိုး”

“အရင္ႏွစ္ကေတာင္ သူညႇပ္ပစ္ေသးတယ္”

“အံ့က်ဴးက စိတ္ပုပ္ေကာင္ေလး”

ဖိုးစကားက လေရာင္ကို ဦးတည္လာေပမယ့္ မမဇူးရဲ႕ ၾကားျဖတ္စကားေၾကာင့္ ဖိုးနဲ႔မမဇူးရဲ႕ ေလထုက ျပန္လည္စိုေျပသြားျပန္သည္။လေရာင္ကေတာ့ တစ္ကိုယ္တည္းသာ ႀကိတ္ျပဳံးလိုက္ပါသည္။အံ့က်ဴးကိုယ္တိုင္က လေရာင္ကို ဆံပင္႐ွည္ေတြနဲ႔ လိုက္တယ္ လွတယ္လို႔ ေျပာခဲ့တာမလား။

“ဒါေပမယ့္ လေရာင္ေလးက ဆံပင္႐ွည္ေတြနဲ႔ တကယ္လွတာေနာ္ ဖိုး ဇူးျဖင့္ လေရာင္ကို ခ်စ္လြန္းလို႔ ဖက္နမ္းပစ္ခ်င္တာ ကိုရီးယားသူေလးေတြလိုပဲ”

“မမကလည္း”

“အဟင္း ဇူးဇူးက ေျမးကို အသည္းယားေနတာ”

ဖိုးကပါ ရယ္ရယ္ေမာမာနဲ႔ ဝင္ေျပာသည္။ထိုစဥ္ အခန္းအဝင္ဝနားမွာ ရပ္ေနတဲ့ အျဖဴေရာင္ အရိပ္တစ္ခုကိုေတာ့ သူတို႔သတိမထားမိၾက။

“အကိုေလး မနက္စာစားလို႔ရပါၿပီ”

ေနာက္နားမွာ ရပ္ေနတဲ့ မမေဆြဆီက စကားကိုၾကားေတာ့မွ လေရာင္လွည့္ၾကည့္မိသည္။အံ့က်ဴးက အျဖဴေရာင္ဆြယ္တာလက္႐ွည္နဲ႔ ဆင္စြယ္ေရာင္ေဘာင္းဘီကို တြဲဝတ္ထားသည္။ပုံစံက အရင္ရက္ေတြကနဲ႔ ကြာျခားေနသျဖင့္ လေရာင္မ်က္ႏွာမွာ ျပဳံးရိပ္ေလးျဖတ္ေျပးသြားသည္။

“လာပါၿပီ ကိုသေဝထိုးေလး ဒီေန႔ေရာ ဘယ္သြားအုန္းမလဲ”

“မသြားေတာ့ဘူး ဖိုး”

အံ့က်ဴးက စားပြဲဆီကို တည့္တည့္ေလွ်ာက္လာၿပီး လေရာင္ေဘးနားဝင္ထိုင္သည္။သူ႕အတြက္ ခ်ေပးထားတဲ့ ေကာ္ဖီပန္းကန္ကို မေသာက္ပဲ လေရာင္ရဲ႕ ေသာက္လက္စပန္းကန္ကို ဆြဲယူၿပီး တစ္က်ိဳက္တည္းေမာ့ခ်ပစ္တာမို႔ လေရာင္ေရာ မမဇူးပါ မ်က္လုံးျပဴးသြားရသည္။အဖိုးကေတာ့ အႏိုင္က်င့္ရန္ေကာ ဟူသည့္ အၾကည့္ႏွင့္ ေခါင္းယမ္းၿပီးသာ ထသြားသည္။

“အံ့က်ဴး နင္ဘယ္လိုျဖစ္ေနတာလဲ အဲတာလေရာင္ေလးဟာ”

“သိတယ္”

မထီမ်က္ႏွာေပးနဲ႔ ေခါင္းကိုပင့္ခ်ီၿပီးေျပာသည့္ပုံစံကေတာ့ လုံးဝ ဂ်စ္ကန္ကန္အံ့က်ဴးမ်ိဳးႏြယ္အစစ္ပင္။လေရာင္ကို တစ္ခ်က္ေလးေတာင္ ျပဳံးမျပေသးပဲ လက္ကို ဇိုးဇိုးဇတ္ဇတ္လာကိုင္သည္။

“ဟဲ့ ကေလးကို လႊတ္ မနက္စာစားေနတယ္ေလ”

သူ႕လက္ထဲကေန ႐ုန္းေနတာကို မမဇူးက ရိပ္မိသြားပုံရသည္။အံ့က်ဴးကို မ်က္ေစာင္းထိုးၿပီး လေရာင္လက္ေတြကို ဆြဲယူသည္။

“သူက က်ဳပ္လူပဲေလ မမရာ၊သူပိုင္သမွ် က်ဳပ္ပိုင္တာပဲ”

“ၾကည့္စမ္း အခုခ်ိန္ထိ ဒါကိုေျပာေနတုန္း”

“လေရာင္သသ ခင္မ်ားက က်ဳပ္အပိုင္မလား”

“ဟင္”

ေမာင္ႏွမႏွစ္ေယာက္ စကားနာထိုးေနတုန္း လေရာင္ကိုပါ ဆြဲထည့္လာတာမို႔ ေၾကာင္အမ္းအမ္းေလးျဖစ္သြားရသည္။

“က်ဳပ္အပိုင္လားလို႔”

“ဟင္ အင္း မင္းအပိုင္”

ပါးႏွစ္ဖက္ကို ဖ်စ္ညႇစ္ၿပီး ေမးလိုက္တာမို႔ မမဇူးေ႐ွ႕မွာပင္ ႐ွက္႐ွက္နဲ႔ေျဖလိုက္ရသည္။အဲဒီေမာင္ကေတာ့ တဇြတ္ထိုးဆန္ေနတုန္းပင္။

SophiaMoin783(23.9.2022)
_______________________________________

Tags: read novel My Possessive Of You 4, novel My Possessive Of You 4, read My Possessive Of You 4 online, My Possessive Of You 4 chapter, My Possessive Of You 4 high quality, My Possessive Of You 4 light novel, ,

Comment

Leave a Reply

Chapter 5