My Possessive Of You 9

All chapters are in My Possessive Of You
A+ A-

𝐔𝐧𝐢𝐜𝐨𝐝𝐞

“ကျုပ်ကိုလွှဲပေးထားခဲ့တဲ့ အမေ့ပိုင်ဆိုင်မှုတွေ လိုချင်ပြီ”

“ဘာ! !”

တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းက ရုတ်တရက် ထွက်လာတဲ့ အံ့ကျူးမျိုးနွယ်ရဲ့ အသံကြောင့် တုန်ခါသွားသည်။ဖိုးက မယုံနိုင်သလို ကြည့်နေပေမယ့် ဖေဖေကတော့ ဒေါသစိတ်ကြောင့် နေရာမှ ချက်ချင်းထကာ မျက်လုံးတွေတောင်နီရဲလာသည်။လရောင်လည်း ကြက်သီးမွေးညင်းတွေပင် ထလာမိသည်။ဖေဖေ့ဒေါသကို လရောင်သသထက်အံ့ကျူးမျိုးနွယ်က ပိုသိကောင်းသိနိုင်သည်။

“ဦးဥာဏ်ဆီမှာ အမေကျုပ်အတွက်ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေ သွားယူမလို့ အဲဒါ အသိပေးသင့်တယ်ထင်လို့”

အံ့ကျူးက ဘယ်သူ့ကိုမှ ဂရုမစိုက်စွာပင် ပြောပြီး ထမင်းတစ်ဇွန်းခပ်ကာ ဇိမ်ပြေနပြေဝါးနေသည်။

“မင်း ဘယ်လိုစောက်ရှက်နဲ့ ဒီစကားမျိုးပြောရဲတာလဲ”

“ကျုပ်ပစ္စည်းကျုပ်တောင်းတာ အရှက်တွေ သိက္ခာတွေ လိုသေးလား”

ဖေဖေ့ကို လေးစားသမှုမရှိသည့်အပြင် ထမင်းစားမပျက်ပဲ ပြောနေသည့်သူကြောင့် လရောင်ပါ ကြားထဲက ကျောချမ်းနေရသည်။

အံ့ကျူးမျိုးနွယ်ရဲ့ မိခင်က အံ့ကျူးလေးမွေးပြီး တစ်နှစ်အကြာမှာ ဆုံးပါးခဲ့ခြင်းဖြစ်သည်။တစ်ဦးတည်းသောမျိုးဆက်အတွက် သူမပိုင်အတွင်းပစ္စည်းတော်တော်များများနဲ့ ကုမ္ပဏီ၏ ရှယ်ယာအချို့ကို အံ့ကျူးအတွက် ရှေ့နေဦးဥာဏ်ထံမှာ အပ်နှံထားခဲ့သည်။

အံ့ကျူးရဲ့ အေးစက်စက်အပြုအမူနဲ့ ထွက်လာတဲ့ မတန်မရာစကားကြောင့် ဦးခင်ဇော်မျိုးနွယ် ဒေါသအကြီးအကျယ်ထွက်မိသည်။အလုပ်ထဲသွင်းပြီး ကုမ္ပဏီကို ဦးစီးနိုင်မည့် အချိန်မှ အံ့ကျူးမိခင် မှာခဲ့သည့်အတိုင်း လွှဲပြောင်းပေးဖို့ စီစဥ်ခဲ့ပေမယ့် ပေါ့ပေါ့တန်တန်နေသူက ကုမ္ပဏီအလုပ်တွေကို စိတ်မဝင်စားဟုဆိုသည်။သားဖြစ်သူရဲ့ လွတ်လပ်ခွင့်ကို မပိတ်ပင်လိုသော်လည်း မချစ်သင့်သည့်သူကို ချစ်နေမိပြီဆိုတာကို သိကတည်းက ကန့်ကွက်ဖို့ဆုံးဖြတ်ခဲ့သည်။

အချစ်ဆိုတဲ့ မမြင်ရတဲ့ စိတ္တဇနာမ်ကြောင့် သားဖြစ်သူ ခံစားရမှာကို မမြင်လိုသောကြောင့်လည်းဖြစ်သည်။ပြီးတော့ တစ်ဖက်က ကလေးက ကိုယ့်အိမ်မှာ လူမှန်းသိတတ်စ ကလေးဘဝကတည်းက ရောက်လာတဲ့ကလေးမို့ ခင်ဇော်လည်း အိမ်သားတွေနည်းတူ သံယောဇဥ်ရှိပါသည်။သို့သော် ပျော့ညံ့ပြီး ယောကျ်ားလေးမဆန်တာကိုတော့ လုံးဝကို မနှစ်သက်ပေ။

အံ့ကျူးကတော့ ဖခင်ရဲ့စရိုက်နဲ့ ဆန့်ကျင်စွာပင် ထိုကောင်လေးကို တွယ်တာနေပြီဖြစ်သည်။ဂျစ်ကန်ကန် ခပ်ဆိုးဆိုးကလေးတစ်ယောက်ပေမယ့် ဖခင်စကားကို နာခံတတ်သည့်သားက အခုတော့ အမွေပင်တောင်းနေပြီ။တွယ်တာစရာဟူ၍ သားနဲ့ဖခင်ပဲ ကျန်တော့သည်မို့ လေးလေးနက်နက်ရှိပေမယ့် သားကိုတော့ ချစ်ကြောင်းထုတ်မပြ။အများအမြင်မှာ သီးသန့်ဆန်သလိုရှိပေမယ့် အံ့ကျူးရှိတဲ့ နေရာတိုင်းမှာတော့ ဦးခင်ဇော်မျိုးနွယ်၏ အရိပ်တွေရှိနေသည်။

“ဘာအတွက်လဲ မြေးငယ်၊ မုန့်ဖိုး လိုလို့လား”

ဖိုးက အံ့ကျူး ဘာကိုဆိုလိုချင်လဲသိပေမယ့် တမင်ပင် လေသံခပ်နိမ့်နိမ့်နှင့် ပုခုံးကို အသာဆုပ်ကိုင်ကာ မေးသည်က ဆက်မပြောဖို့ အနုနည်းနဲ့ တားနေဟန်တူသည်။အံ့ကျူး ပန်းကန်ထဲမှာ ကျန်နေသည့် ထမင်းကို ပြောင်စင်သည်အထိစားလိုက်ပြီးမှ အခုထိ ရပ်နေဆဲဖြစ်သည့် ဖေဖေ့ကိုရှုတည်တည်ပဲကြည့်နေလိုက်သည်။

“အံ့ကျူး…”

လရောင် အံ့ကျူးဘေးမှာ ထိုင်နေရင်းကနေ အလန့်တကြား အင်္ကျီအောက်နားစကို အသာဆွဲလိုက်သည်။အခုက အံ့ကျူးနဲ့ ဖေဖေနဲ့က ရန်သူတွေလို မျက်နှာချင်းဆိုင်နေကြသည့် အနေအထား..။သို့သော် လရောင်ရဲ့ တားမြစ်မှုက အရာမရောက်လိုက်။လရောင် လက်ကို သူ့လက်ကြီးနဲ့ အသာဖျစ်ညစ်လာပြီး အင်္ကျီပေါ်ကနေ ဖယ်ချကာ လရောင်ပေါင်ပေါ်ပြန်တင်သည်။စောစောကအထိ တိတ်ဆိတ်နေဆဲဖြစ်သည့် ထမင်းဝိုင်းက အခုတော့ စစ်မြေပြင်တစ်ခုလိုဖြစ်နေသည်။

“ကျုပ် အလုပ်လုပ်ချင်တယ် လိုအပ်တဲ့ အရင်းအနှီးအတွက် ငွေလိုတယ် ဦးဥာဏ်ဆီမှာ အမေအပ်ထားခဲ့တာတွေက ကျုပ်အတွက်ပဲမလား”

“မြေးငယ်…”

ဖိုးက အံ့ကျူးကို ဝင်တားသည်။

“ထားလိုက် အဖေ…၊ အဲ့ကောင်စကားတွေကို ဆက်နားထောင်အုန်းမယ်”

ထမင်းစားပွဲကို လက်ထောက်ပြီး မျက်ထောင့်နီကြီးတွေနဲ့ စကားပြောနေတဲ့ဖေဖေက ခနဲ့ပြုံး,ပြုံးကာ နေရာမှာ ပြန်ထိုင်တော့ လရောင် မသိမသာသက်ပြင်းချမိသည်။သို့သော်လည်း မေးရိုးတွေထင်းလာအောင် အံကြိတ်နေသည့် အံ့ကျူးကြောင့် လရောင်ရင်ထဲ ဆို့တက်သွားရပြန်သည်။ကောင်လေးက သူ့အပေါ်ဘယ်သူမှ ကျောတာမကြိုက်ပေမယ့် ဖခင်ကိုတော့ ရန်သူလိုမဆက်ဆံကောင်းပါရဲ့…။

“ဖိုး အခန်းထဲမှာ နားတော့မလားဟင် လရောင်လိုက်ပို့ပေးမယ်”

“..အင်း…”

သားအဖနှစ်ယောက်ဖြစ်ကြသည့် အရေးမှာ လရောင်တို့ ရှိမနေသင့်ဟု တွေးမိ၍ ဖိုးကို ထမင်းစားခန်းထဲကနေ ခေါ်ထုတ်လာခဲ့သည်။ဖိုးက စိတ်ပူစွာနဲ့ပင် သားနဲ့မြေးဖြစ်သူကို ကြည့်နေသေးပေမယ့် လရောင်နဲ့ အတူ အပြင်ကို ထွက်လာသည်။အံ့ကျူးမျိုးနွယ် ဖေဖေနဲ့ ပြဿနာအကြီးအကျယ်မဖြစ်ပဲ အေးအေးဆေးဆေးပြီးသွားဖို့သာ ဆုတောင်းနေမိသည်။

•••••

“ကျုပ်လိုတဲ့ ပမာဏကိုပဲ ဦးဥာဏ်ဆီက ယူမှာ ကုမ္ပဏီလည်ပတ်နိုင်ပြီဆိုတာနဲ့ ပြန်အပ်မှာပါ ခဏချေးတဲ့သဘောပေါ့”

“လိုအပ်တဲ့ငွေကို ငါထုတ်ပေးမယ်ဆိုရင်ရော”

အလုပ်လုပ်ချင်စိတ်ရှိလာကတည်းက ကျေးဇူးတင်ရအုန်းမည်မလား။အနည်းဆုံးတော့ သားအနာဂတ်က ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေကျ ဂျစ်ကန်ကန် ခပ်ဆိုးဆိုးသူဌေးသားလေးတွေထက်တော့ လှပအုန်းမည်လေ။

“မလိုဘူး”

“ကောင်းတယ်”

စိတ်တိုရမည့်အစား ဦးခင်ဇော်မျိုးနွယ် နှုတ်ခမ်းတစ်ဖက်ကွေးသွားရုံပြုံးလိုက်ပါသည်။အံ့ကျူးမျိုးနွယ်က မာနကြီးတဲ့နေရာမှာတော့ သူ့မိခင်နဲ့ တစ်ပုံစံတည်းပင်ဖြစ်သည်။

“ဘာအတွက် အလုပ်လုပ်ချင်လာရတာလဲ”

“ရာဇာထူးဟန်ထက် ပိုသာချင်လို့”

“ဘာ! !”

အံ့ကျူး ရင်ထဲရှိတဲ့အတိုင်းပင် ပြောချလိုက်သည်။အံ့ကျူးက ငယ်ငယ်ကတည်းက ဘယ်အလုပ်ကိုမဆို အပြိုင်အဆိုင်နဲ့ လုပ်လေ့ရှိသည်။ပြိုင်ဘက်ကို အငြိုးအတေးထားတတ်သည့် ဥာဥ်ဆိုးလည်းရှိသည်။လူကြီးတွေက စီးပွားရေးအရ နီးစပ်ကြသည့်အပြင် ငယ်ငယ်ကတည်းက သားသမီးချင်းပြိုင်ဆိုင်တတ်သည့် ရာဇာ့မိခင်ကြောင့် အိမ်ကိုခဏခဏပါလာလေ့ရှိသည့် ရာဇာထူးဟန်က သူ့အတွက်အမုန်းဆုံးလူဖြစ်လာခဲ့သည်။

အထက်တန်းကျောင်းသားဘဝမှာ ရာဇာထူးဟန် လရောင်သသကို ကြိုက်နေတယ်ဆိုတဲ့ သတင်းက အံ့ကျူးအတွက် ရာဇာ့ကိုပိုမုန်းဖို့ဖြစ်လာခဲ့သည်။

“အခြေအမြစ်မရှိလိုက်တာကွာ သူ့ထက်ပိုသာချင်တာ တစ်ခုပဲဆိုရင်တော့ ရပ်တန်းကရပ်လိုက်တာ ကောင်းမယ်။ သူတစ်ပါးကို နစ်နာစေပြီးမှ ကြီးပွားလာရမယ့်အလုပ်က ဘယ်တော့မှ မတည်မြဲနိုင်သလို မသန့်ရှင်းဘူးကွ”

“ကျုပ်ပြောတဲ့အထဲမှာ ‘နစ်နာစေချင်တယ်’ဆိုတဲ့ စကားလုံးဝမပါဘူးနော်”

“ဟ…မင်း သူ့ထက်ပိုသာချင်တယ်ဆိုကတည်းက အနည်းနဲ့အများတော့ သူထိခိုက်အောင်လုပ်မှာပဲမလား”

“ကျစ်…ကျုပ်ကို အထင်သေးလွန်းနေပြီ”

“အထင်ကြီးစရာမှ မရှိခဲ့တာ”

အံ့ကျူး စကားဆက်မပြောချင်လောက်အောင် စိတ်ပျက်စွာပင် ထွက်လာခဲ့သည်။ဖေဖေ့ဆီမှာ သူပြောဖူးသလိုပင် တကယ်အချစ်တွေ ရှိမနေခဲ့ပါ။ဖေဖေက သူ့ကိုယ်သူပဲ ချစ်တတ်တဲ့ လူကြီးဖြစ်သည်။

ဦးခင်ဇော် ဒေါသတကြီးထွက်သွားတဲ့သားကို ကြည့်ပြီး ရင်လေးစွာပင်ပြုံးလိုက်သည်။ရာဇာထူးဟန်ဆိုတာ အဖက်ဖက်က ပြည့်စုံနေသည့် ကလေးတစ်ယောက်ဖြစ်သည်။သားက သူနဲ့မဆိုင်ရင် ဘီလီယံနာကြီးဖြစ်နေရင်တောင် ဂရုစိုက်နေမှာမဟုတ်ပေမယ့်  ရာဇာ့ထက် ပိုသာချင်နေသည့် ကိစ္စမှာတော့ နှလုံးသားရေးတွေမှ ကင်းပါ့မလားဟု တွေးပူမိသည်။သို့ပေမယ့် သားက ဆိုးသွမ်းသလို ပြတ်သားတဲ့ ကလေးပါပေ….။

•••••
ခေါင်းလျှော်ပြီးစဖြစ်၍ ကျောပြင်ပေါ်မှာ ပြန့်ကျဲနေသည့် ဆံနွယ်တွေကို တဘက်နဲ့ အရင်သုတ်ကာ dryer နဲ့အခြောက်ခံနေလိုက်သည်။နက်မှောင်ပြီးထူထဲတဲ့ ဆံပင်ရှည်တွေက လရောင်လို ယောကျ်ားလေးတစ်ယောက်နဲ့ မအပ်စပ်ပေမယ့် လရောင်က ဆံပင်ရှည်တွေကို နှစ်သက်လွန်းတာမို့ အမြတ်တနိုးထားသည်။

ရှန်ပူနံ့သင်းသင်းက နှာခေါင်းထဲတိုးဝှေ့ကာ ပေါ့ပေါ့ပါးပါးနဲ့ စိုမြနေရသည့် ခံစားချက်ကို လရောင်သဘောကျသည်။မျက်နှာကို night cream ပါးပါးလူး၍ အိပ်ရာဝင်ဖို့ပြင်လိုက်သည်။dryerကို နေရာတကျ ပြန်ထားရင်း ကိုယ်လုံးပေါ်မှန်ရှေ့မှာ မြင်နေရသည့် သူ့ပုံရိပ်ကို သေသေချာချာသုံးသပ်နေမိသည်။

ငါးနှစ်သားအရွယ် အမေပျောက်နေတဲ့ ကလေးတစ်ယောက်အဖြစ် ဒီအိမ်ကိုရောက်လာခဲ့သည်။မိသားစုတွေရဲ့ မေတ္တာကြောင့် အိမ်သားတစ်ယောက်အဖြစ် နေထိုင်နိုင်ခဲ့သည်။အသက်တစ်နှစ်ကြီးလာတိုင်း ပြောင်းလဲလာတဲ့ ဟော်မုန်းကြောင့် တစ်အိမ်ထဲနေတဲ့ အံ့ကျူးကိုမှ သံယောဇဥ်ရှိမိသည်။နေပုံထိုင်ပုံနဲ့ စိတ်နေစိတ်ထားအရ ကိုယ့်ကိုကိုယ် gay တစ်ယောက်အဖြစ် ခံယူမိပေမယ့် အံ့ကျူးကို ချစ်မိကာမှ လရောင် မိမိဖြစ်တည်မှုကို လုံးဝသဘောကျလာခဲ့ရသည်။

အံ့ကျူးက ချစ်သူရည်းစားများပေမယ့် တစ်ယောက်နဲ့မှ အတည်မတွဲ။ပေါ့ပေါ့တန်တန်ချည်းသာမို့ လရောင်လည်း တွေးကြောက်နေရသည်။ဘာပဲဖြစ်ဖြစ်ချစ်ရသူအနားမှာ တစ်ခဏလေးဖြစ်ဖြစ်နေခွင့်ရတာကိုက လရောင်အတွက် ကံကောင်းမှုတစ်ခုပင််ဖြစ်သည်။

ထိုစဥ် လရောင်ပုံရိပ်အပြင် bathrobe အနက်ရောင်ဝတ်ထားသည့် ပုံရိပ်တစ်ခုကိုပါ တွေ့လိုက်ရတာကြောင့် လရောင် ကြက်သီးမွေးညင်းထသွားသည်။အံ့ကျူးမျိုးနွယ်အကြောင်းကို တွေးနေမိတာနဲ့ပင် သူ့ပုံရိပ်တွေကိုပါ မြင်ယောင်နေတာဖြစ်မည်။

“ကျုပ်ပြောစရာရှိတယ်”

လက်ကို ဆတ်ခနဲဆွဲယူပြီး ထွက်လာတဲ့ အသံကြောင့် လရောင်လန့်ကာ အော်မိမလိုဖြစ်ရသည်။သို့သော်လည်း အော်တော့မလို ပွင့်အာလာတဲ့ နှုတ်ခမ်းကို လက်ဖဝါးပြင်ကျယ်တစ်ခုနဲ့ အပိတ်ခံလိုက်ရသည်။ကျောမီထားတဲ့ ရင်ခွင်ကျယ်က အစစ်အမှန်ဖြစ်နေသည့်အပြင် bathrobe တစ်ထည်တည်းဖြစ်နေတဲ့ ရင်အုပ်ရဲ့ဟာလာဟင်းလင်းနိုင်မှုကိုပါ ခံစားနေရသည်။အံ့ကျူးမျိုးနွယ်က ဒီနှစ်တွေထဲမှာ ပိုပြီးတော့ ထွားလာသည်။တဇွတ်ထိုးတဇောက်ကန်းအကျင့်တွေကတော့ မွေးကတည်းကဖြစ်မည်။

“အွန်း အွန့်”

လရောင်က သူ့လက်ဖမိုးကို ပုတ်ပြီးမှ လွှတ်ပေးဖို့ ခွင့်တောင်းရသည်။

“ဘာလဲ”

လရောင် အံ့ကျူးနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ပြီးမှ မေးလိုက်သည်။အခုမှ ရေချိုးပြီးစဖြစ်ပုံပေါ်သည့် အံ့ကျူးမှာ ရင်ဘတ်တွေနဲ့ ဆံစပ်နေရာအချို့မှာ ရေစတွေရှိနေသည်။ဖရိုဖရဲ bathrobeအောက်က ရင်အုပ်ကျယ်က လရောင်အခန်းထဲက ညမီးရောင်ကြောင့် ပြောင်လက်ကာညိုစိုနေသည်။

“လွမ်းလို့”

“ဟင်”

“လွမ်းတယ် မနက်ကတည်းက စကားမပြောရသေးဘူး”

နဖူးပေါ်ကျနေသည့် ဆံပင်တွေကို သပ်တင်ပေးရင်း အံ့ကျူးက ဆွေးဆွေးမြည့်မြည့်ပြောနေသည်။တစ်အိမ်တည်း အတူတူရှိနေတာတောင် လွမ်းတယ် ဆိုပြီး အကဲပိုနေသည့်သူကို လရောင်ရယ်ချင်ပက်ကျိနဲ့သာ ကြည့်နေလိုက်သည်။

“အဟင်း..၊ပြောစရာရှိတယ်ဆိုတာက “

“လွမ်းတယ်…ပြီးတော့ ချစ်တယ်”

“…..”

လရောင် မယုံကြည်နိုင်စွာပင် မျက်လုံးချင်းဆုံလိုက်တော့ အံ့ကျူးမျက်ဝန်းတွေထဲမှာ မြတ်နိုးရိပ်တွေကို တွေ့လိုက်ရသည်။အံ့ကျူးမျိုးနွယ်က ဒီလိုအနုအယွလေးတွေ ပြောတတ်လိမ့်မယ်လို့ လုံးဝမထင်မိခဲ့ပေ။နေ့ခင်းက ဖေဖေနဲ့စကားများနေတဲ့သူ့ကြောင့် စိတ်မကြည်နေမှာစိုး၍ အလိုက်တသိပင် ရှောင်ပေးနေတာကို အခန်းထဲထိ လိုက်လာပြီး လွမ်းကြောင်းဆိုသွားသေးသည်။

“ပြီးတော့ ကျုပ်နမ်းချင်တယ်…”

တစ်သက်နဲ့တစ်ကိုယ် သူလုပ်ချင်တာကို ခွင့်မတောင်းပဲလုပ်လေ့ရှိသည့်သူက အခု လရောင်ကို နမ်းဖို့အရေးခွင့်တောင်းနေသည်။ပါးကိုက်နားကိုက် လုပ်သွားရင်တောင် ငြိမ်ခံနေကျ လူက အခုလိုခွင့်တောင်းလာတော့ စိတ်ထဲမရိုးမရွဖြစ်သွားသည်။အံ့ကျူးမျိုးနွယ်ရဲ့ ဖုံးကွယ်ထားတဲ့ အစိတ်အပိုင်းက ချစ်စရာကောင်းလိုက်တာ။

နှုတ်ခမ်းတလှုပ်လှုပ်နဲ့  အချစ်စိတ်တွေ ယိုဖိတ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ အံ့ကျူးမျိုးနွယ်က လရောင်အတွက်တော့ နေသားမကျသေး။အခုလို ချစ်ကြည်နူးနေဖို့မပြောနဲ့ စနောက်တဲ့ အချိန်တောင် မရှိခဲ့တဲ့ အရင်အချိန်က အံ့ကျူးက လရောင်အပေါ် တကယ်အနိုင်ယူလွန်းပါသည်။

“ရလားဟင်…”

“ခါတိုင်းလည်း မင်းနမ်းချင်ရင် နမ်းတာပဲမဟုတ်ဘူးလား”

“ဟင့်အင် မတူဘူး အရင်က first kiss ကိုသူများယူသွားမှာစိုးလို့နမ်းတာ အခုက ချစ်လို့ ပြီးတော့ လွမ်းလို့”

“မင်းနဲ့ငါနဲ့ တစ်အိမ်တည်းအတူရှိနေတာလေ ဘာကိုလွမ်းစရာလိုလို့လဲ”

“ကျစ်! လျှာရှည်တယ်ဗျာ…”

“ဟင်”

စိတ်ပျက်စွာထွက်လာတဲ့ လေသံကြောင့် လရောင်မျက်မှောင်ကြုံ့လိုက်သည်။ကောင်လေးက စိတ်မရှည်တတ်မှုကိုတော့ ဖုံးကွယ်မထားနိုင်သေးပေ။လရောင် ထပ်စချင်သေး၍ ရယ်သွမ်းသွေးလိုက်သည်။

“ဘယ်မှာ လျှာရှည်လို့လဲ ဟွန်း…အွန့် အွန်း”

ဘယ်လောက်ပဲပျော်ပျော် အပိုမလုပ်တာ အကောင်းဆုံးဆိုတာကို လရောင်ကောင်းကောင်းနားလည်လိုက်ရသည်။စချင်၍ လျှာထုတ်ပြလိုက်တာကို အခွင့်ကောင်းယူတတ်လွန်းသူက နှုတ်ခမ်းထူတွေကြား ဆွဲယူသွားသည်။လရောင်မှာ မျက်လုံးလေးတွေ ဝိုင်းစက်ပြီး လူဆိုးကောင်၏ လျှာဖျားမှတစ်ဆင့် ခံတွင်းထဲထိ တိုးဝင်ကာ အကြားအလပ်မရှိ လျှာဖျားနဲ့ရစ်ပတ်နမ်းသည်။လရောင်ဆီက အသက်ရှူသံတွေ ပြင်းလာတော့ နှုတ်ခမ်းပါးတွေဆီ ဦးတည်သည်။သွားစွယ်ချွန်ချွန်နဲ့ တတိတိကိုက်ဝါးပြီး လျှာဖျားနဲ့လျက်သေးသည်။ခါးကနေ သိမ်းချုပ်ထားသည့်သူက အနမ်းကြမ်းကြမ်းတွေကို မျက်နှာပြင်အနှံ့ ရမ္မက်ဆန်ဆန် ပုံဖော်နေသည်။

“အွန့် ရပ်..အွန်း ရပ်တော့”

bathrobe အပြင်ကို ဟထွက်နေသည့် ရင်ဘတ်ကျယ်ကြီးကို တအုန်းအုန်းရိုက်ကာမှ လွှတ်ပေးလာသည်။လရောင်ကို ခါးကနေသိမ်းဆွဲထား၍ သူနဲ့ကိုယ်က တစ်သားတည်းလို နေရာလပ်မရှိထိစပ်နေသည်။နမ်းနေစဥ် လရောင်ရဲ့ ခါးစပ်ကို လာထိသည့် မာတောင့်တောင့်အရာကြီးကြောင့် ရင်တထိတ်ထိတ်ဖြစ်နေရသည်။

“ကျေးဇူးတင်ပါတယ်…”

သူ့အရပ်ရှည်ကြီးကို ကိုင်းညွတ်ပြီး လရောင်ပုခုံးပေါ် ခေါင်းအပ်ကာ လည်တိုင်ကို မျက်နှာအပ်ထားသူက ဖွဖွဆိုသည်။ဘာအတွက်လဲဆိုတာ မသိပေမယ့် လရောင်မမေးလို။တော်ကြာ လျှာရှည်သည်ဆိုပြီး ထပ်နမ်းခံရမှဖြင့်..။

“ကျုပ်ကို ချစ်ပေးလို့…။”

So_So_Sophia(8.10.2022)
_______________________________________
Usernameကို ကျွန်တော် change ထားပါတယ်။မနေ့က တင်မပေးလိုက်နိုင်တဲ့ အတွက် တကယ်အားနာမိပါတယ်။Ongoing လိုက်ပေးတဲ့သူတွေ ပိုများလာလို့ ဝမ်းသာနေပါတယ်ရှင့်💙။

𝐙𝐚𝐰𝐠𝐲𝐢

“က်ဳပ္ကိုလႊဲေပးထားခဲ့တဲ့ အေမ့ပိုင္ဆိုင္မႈေတြ လိုခ်င္ၿပီ”

“ဘာ! !”

တိတ္ဆိတ္ေနတဲ့ ထမင္းဝိုင္းက ႐ုတ္တရက္ ထြက္လာတဲ့ အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ အသံေၾကာင့္ တုန္ခါသြားသည္။ဖိုးက မယုံႏိုင္သလို ၾကည့္ေနေပမယ့္ ေဖေဖကေတာ့ ေဒါသစိတ္ေၾကာင့္ ေနရာမွ ခ်က္ခ်င္းထကာ မ်က္လုံးေတြေတာင္နီရဲလာသည္။လေရာင္လည္း ၾကက္သီးေမြးညင္းေတြပင္ ထလာမိသည္။ေဖေဖ့ေဒါသကို လေရာင္သသထက္အံ့က်ဴးမ်ိဳးႏြယ္က ပိုသိေကာင္းသိႏိုင္သည္။

“ဦးဥာဏ္ဆီမွာ အေမက်ဳပ္အတြက္ထားခဲ့တဲ့ ပိုင္ဆိုင္မႈေတြ သြားယူမလို႔ အဲဒါ အသိေပးသင့္တယ္ထင္လို႔”

အံ့က်ဴးက ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္စြာပင္ ေျပာၿပီး ထမင္းတစ္ဇြန္းခပ္ကာ ဇိမ္ေျပနေျပဝါးေနသည္။

“မင္း ဘယ္လိုေစာက္႐ွက္နဲ႔ ဒီစကားမ်ိဳးေျပာရဲတာလဲ”

“က်ဳပ္ပစၥည္းက်ဳပ္ေတာင္းတာ အ႐ွက္ေတြ သိကၡာေတြ လိုေသးလား”

ေဖေဖ့ကို ေလးစားသမႈမ႐ွိသည့္အျပင္ ထမင္းစားမပ်က္ပဲ ေျပာေနသည့္သူေၾကာင့္ လေရာင္ပါ ၾကားထဲက ေက်ာခ်မ္းေနရသည္။

အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ မိခင္က အံ့က်ဴးေလးေမြးၿပီး တစ္ႏွစ္အၾကာမွာ ဆုံးပါးခဲ့ျခင္းျဖစ္သည္။တစ္ဦးတည္းေသာမ်ိဳးဆက္အတြက္ သူမပိုင္အတြင္းပစၥည္းေတာ္ေတာ္မ်ားမ်ားနဲ႔ ကုမၸဏီ၏ ႐ွယ္ယာအခ်ိဳ႕ကို အံ့က်ဴးအတြက္ ေ႐ွ႕ေနဦးဥာဏ္ထံမွာ အပ္ႏွံထားခဲ့သည္။

အံ့က်ဴးရဲ႕ ေအးစက္စက္အျပဳအမူနဲ႔ ထြက္လာတဲ့ မတန္မရာစကားေၾကာင့္ ဦးခင္ေဇာ္မ်ိဳးႏြယ္ ေဒါသအႀကီးအက်ယ္ထြက္မိသည္။အလုပ္ထဲသြင္းၿပီး ကုမၸဏီကို ဦးစီးႏိုင္မည့္ အခ်ိန္မွ အံ့က်ဴးမိခင္ မွာခဲ့သည့္အတိုင္း လႊဲေျပာင္းေပးဖို႔ စီစဥ္ခဲ့ေပမယ့္ ေပါ့ေပါ့တန္တန္ေနသူက ကုမၸဏီအလုပ္ေတြကို စိတ္မဝင္စားဟုဆိုသည္။သားျဖစ္သူရဲ႕ လြတ္လပ္ခြင့္ကို မပိတ္ပင္လိုေသာ္လည္း မခ်စ္သင့္သည့္သူကို ခ်စ္ေနမိၿပီဆိုတာကို သိကတည္းက ကန္႔ကြက္ဖို႔ဆုံးျဖတ္ခဲ့သည္။

အခ်စ္ဆိုတဲ့ မျမင္ရတဲ့ စိတၱဇနာမ္ေၾကာင့္ သားျဖစ္သူ ခံစားရမွာကို မျမင္လိုေသာေၾကာင့္လည္းျဖစ္သည္။ၿပီးေတာ့ တစ္ဖက္က ကေလးက ကိုယ့္အိမ္မွာ လူမွန္းသိတတ္စ ကေလးဘဝကတည္းက ေရာက္လာတဲ့ကေလးမို႔ ခင္ေဇာ္လည္း အိမ္သားေတြနည္းတူ သံေယာဇဥ္႐ွိပါသည္။သို႔ေသာ္ ေပ်ာ့ညံ့ၿပီး ေယာက်္ားေလးမဆန္တာကိုေတာ့ လုံးဝကို မႏွစ္သက္ေပ။

အံ့က်ဴးကေတာ့ ဖခင္ရဲ႕စ႐ိုက္နဲ႔ ဆန္႔က်င္စြာပင္ ထိုေကာင္ေလးကို တြယ္တာေနၿပီျဖစ္သည္။ဂ်စ္ကန္ကန္ ခပ္ဆိုးဆိုးကေလးတစ္ေယာက္ေပမယ့္ ဖခင္စကားကို နာခံတတ္သည့္သားက အခုေတာ့ အေမြပင္ေတာင္းေနၿပီ။တြယ္တာစရာဟူ၍ သားနဲ႔ဖခင္ပဲ က်န္ေတာ့သည္မို႔ ေလးေလးနက္နက္႐ွိေပမယ့္ သားကိုေတာ့ ခ်စ္ေၾကာင္းထုတ္မျပ။အမ်ားအျမင္မွာ သီးသန္႔ဆန္သလို႐ွိေပမယ့္ အံ့က်ဴး႐ွိတဲ့ ေနရာတိုင္းမွာေတာ့ ဦးခင္ေဇာ္မ်ိဳးႏြယ္၏ အရိပ္ေတြ႐ွိေနသည္။

“ဘာအတြက္လဲ ေျမးငယ္၊ မုန္႔ဖိုး လိုလို႔လား”

ဖိုးက အံ့က်ဴး ဘာကိုဆိုလိုခ်င္လဲသိေပမယ့္ တမင္ပင္ ေလသံခပ္နိမ့္နိမ့္ႏွင့္ ပုခုံးကို အသာဆုပ္ကိုင္ကာ ေမးသည္က ဆက္မေျပာဖို႔ အႏုနည္းနဲ႔ တားေနဟန္တူသည္။အံ့က်ဴး ပန္းကန္ထဲမွာ က်န္ေနသည့္ ထမင္းကို ေျပာင္စင္သည္အထိစားလိုက္ၿပီးမွ အခုထိ ရပ္ေနဆဲျဖစ္သည့္ ေဖေဖ့ကို႐ႈတည္တည္ပဲၾကည့္ေနလိုက္သည္။

“အံ့က်ဴး…”

လေရာင္ အံ့က်ဴးေဘးမွာ ထိုင္ေနရင္းကေန အလန္႔တၾကား အက်ႌေအာက္နားစကို အသာဆြဲလိုက္သည္။အခုက အံ့က်ဴးနဲ႔ ေဖေဖနဲ႔က ရန္သူေတြလို မ်က္ႏွာခ်င္းဆိုင္ေနၾကသည့္ အေနအထား..။သို႔ေသာ္ လေရာင္ရဲ႕ တားျမစ္မႈက အရာမေရာက္လိုက္။လေရာင္ လက္ကို သူ႕လက္ႀကီးနဲ႔ အသာဖ်စ္ညစ္လာၿပီး အက်ႌေပၚကေန ဖယ္ခ်ကာ လေရာင္ေပါင္ေပၚျပန္တင္သည္။ေစာေစာကအထိ တိတ္ဆိတ္ေနဆဲျဖစ္သည့္ ထမင္းဝိုင္းက အခုေတာ့ စစ္ေျမျပင္တစ္ခုလိုျဖစ္ေနသည္။

“က်ဳပ္ အလုပ္လုပ္ခ်င္တယ္ လိုအပ္တဲ့ အရင္းအႏွီးအတြက္ ေငြလိုတယ္ ဦးဥာဏ္ဆီမွာ အေမအပ္ထားခဲ့တာေတြက က်ဳပ္အတြက္ပဲမလား”

“ေျမးငယ္…”

ဖိုးက အံ့က်ဴးကို ဝင္တားသည္။

“ထားလိုက္ အေဖ…၊ အဲ့ေကာင္စကားေတြကို ဆက္နားေထာင္အုန္းမယ္”

ထမင္းစားပြဲကို လက္ေထာက္ၿပီး မ်က္ေထာင့္နီႀကီးေတြနဲ႔ စကားေျပာေနတဲ့ေဖေဖက ခနဲ႔ျပဳံး,ျပဳံးကာ ေနရာမွာ ျပန္ထိုင္ေတာ့ လေရာင္ မသိမသာသက္ျပင္းခ်မိသည္။သို႔ေသာ္လည္း ေမး႐ိုးေတြထင္းလာေအာင္ အံႀကိတ္ေနသည့္ အံ့က်ဴးေၾကာင့္ လေရာင္ရင္ထဲ ဆို႔တက္သြားရျပန္သည္။ေကာင္ေလးက သူ႕အေပၚဘယ္သူမွ ေက်ာတာမႀကိဳက္ေပမယ့္ ဖခင္ကိုေတာ့ ရန္သူလိုမဆက္ဆံေကာင္းပါရဲ႕…။

“ဖိုး အခန္းထဲမွာ နားေတာ့မလားဟင္ လေရာင္လိုက္ပို႔ေပးမယ္”

“..အင္း…”

သားအဖႏွစ္ေယာက္ျဖစ္ၾကသည့္ အေရးမွာ လေရာင္တို႔ ႐ွိမေနသင့္ဟု ေတြးမိ၍ ဖိုးကို ထမင္းစားခန္းထဲကေန ေခၚထုတ္လာခဲ့သည္။ဖိုးက စိတ္ပူစြာနဲ႔ပင္ သားနဲ႔ေျမးျဖစ္သူကို ၾကည့္ေနေသးေပမယ့္ လေရာင္နဲ႔ အတူ အျပင္ကို ထြက္လာသည္။အံ့က်ဴးမ်ိဳးႏြယ္ ေဖေဖနဲ႔ ျပႆနာအႀကီးအက်ယ္မျဖစ္ပဲ ေအးေအးေဆးေဆးၿပီးသြားဖို႔သာ ဆုေတာင္းေနမိသည္။

•••••

“က်ဳပ္လိုတဲ့ ပမာဏကိုပဲ ဦးဥာဏ္ဆီက ယူမွာ ကုမၸဏီလည္ပတ္ႏိုင္ၿပီဆိုတာနဲ႔ ျပန္အပ္မွာပါ ခဏေခ်းတဲ့သေဘာေပါ့”

“လိုအပ္တဲ့ေငြကို ငါထုတ္ေပးမယ္ဆိုရင္ေရာ”

အလုပ္လုပ္ခ်င္စိတ္႐ွိလာကတည္းက ေက်းဇူးတင္ရအုန္းမည္မလား။အနည္းဆုံးေတာ့ သားအနာဂတ္က ပတ္ဝန္းက်င္မွာ ေတြ႕ေနျမင္ေနက် ဂ်စ္ကန္ကန္ ခပ္ဆိုးဆိုးသူေဌးသားေလးေတြထက္ေတာ့ လွပအုန္းမည္ေလ။

“မလိုဘူး”

“ေကာင္းတယ္”

စိတ္တိုရမည့္အစား ဦးခင္ေဇာ္မ်ိဳးႏြယ္ ႏႈတ္ခမ္းတစ္ဖက္ေကြးသြား႐ုံျပဳံးလိုက္ပါသည္။အံ့က်ဴးမ်ိဳးႏြယ္က မာနႀကီးတဲ့ေနရာမွာေတာ့ သူ႕မိခင္နဲ႔ တစ္ပုံစံတည္းပင္ျဖစ္သည္။

“ဘာအတြက္ အလုပ္လုပ္ခ်င္လာရတာလဲ”

“ရာဇာထူးဟန္ထက္ ပိုသာခ်င္လို႔”

“ဘာ! !”

အံ့က်ဴး ရင္ထဲ႐ွိတဲ့အတိုင္းပင္ ေျပာခ်လိုက္သည္။အံ့က်ဴးက ငယ္ငယ္ကတည္းက ဘယ္အလုပ္ကိုမဆို အၿပိဳင္အဆိုင္နဲ႔ လုပ္ေလ့႐ွိသည္။ၿပိဳင္ဘက္ကို အၿငိဳးအေတးထားတတ္သည့္ ဥာဥ္ဆိုးလည္း႐ွိသည္။လူႀကီးေတြက စီးပြားေရးအရ နီးစပ္ၾကသည့္အျပင္ ငယ္ငယ္ကတည္းက သားသမီးခ်င္းၿပိဳင္ဆိုင္တတ္သည့္ ရာဇာ့မိခင္ေၾကာင့္ အိမ္ကိုခဏခဏပါလာေလ့႐ွိသည့္ ရာဇာထူးဟန္က သူ႕အတြက္အမုန္းဆုံးလူျဖစ္လာခဲ့သည္။

အထက္တန္းေက်ာင္းသားဘဝမွာ ရာဇာထူးဟန္ လေရာင္သသကို ႀကိဳက္ေနတယ္ဆိုတဲ့ သတင္းက အံ့က်ဴးအတြက္ ရာဇာ့ကိုပိုမုန္းဖို႔ျဖစ္လာခဲ့သည္။

“အေျခအျမစ္မ႐ွိလိုက္တာကြာ သူ႕ထက္ပိုသာခ်င္တာ တစ္ခုပဲဆိုရင္ေတာ့ ရပ္တန္းကရပ္လိုက္တာ ေကာင္းမယ္။ သူတစ္ပါးကို နစ္နာေစၿပီးမွ ႀကီးပြားလာရမယ့္အလုပ္က ဘယ္ေတာ့မွ မတည္ၿမဲႏိုင္သလို မသန္႔႐ွင္းဘူးကြ”

“က်ဳပ္ေျပာတဲ့အထဲမွာ ‘နစ္နာေစခ်င္တယ္’ဆိုတဲ့ စကားလုံးဝမပါဘူးေနာ္”

“ဟ…မင္း သူ႕ထက္ပိုသာခ်င္တယ္ဆိုကတည္းက အနည္းနဲ႔အမ်ားေတာ့ သူထိခိုက္ေအာင္လုပ္မွာပဲမလား”

“က်စ္…က်ဳပ္ကို အထင္ေသးလြန္းေနၿပီ”

“အထင္ႀကီးစရာမွ မ႐ွိခဲ့တာ”

အံ့က်ဴး စကားဆက္မေျပာခ်င္ေလာက္ေအာင္ စိတ္ပ်က္စြာပင္ ထြက္လာခဲ့သည္။ေဖေဖ့ဆီမွာ သူေျပာဖူးသလိုပင္ တကယ္အခ်စ္ေတြ ႐ွိမေနခဲ့ပါ။ေဖေဖက သူ႕ကိုယ္သူပဲ ခ်စ္တတ္တဲ့ လူႀကီးျဖစ္သည္။

ဦးခင္ေဇာ္ ေဒါသတႀကီးထြက္သြားတဲ့သားကို ၾကည့္ၿပီး ရင္ေလးစြာပင္ျပဳံးလိုက္သည္။ရာဇာထူးဟန္ဆိုတာ အဖက္ဖက္က ျပည့္စုံေနသည့္ ကေလးတစ္ေယာက္ျဖစ္သည္။သားက သူနဲ႔မဆိုင္ရင္ ဘီလီယံနာႀကီးျဖစ္ေနရင္ေတာင္ ဂ႐ုစိုက္ေနမွာမဟုတ္ေပမယ့္  ရာဇာ့ထက္ ပိုသာခ်င္ေနသည့္ ကိစၥမွာေတာ့ ႏွလုံးသားေရးေတြမွ ကင္းပါ့မလားဟု ေတြးပူမိသည္။သို႔ေပမယ့္ သားက ဆိုးသြမ္းသလို ျပတ္သားတဲ့ ကေလးပါေပ….။

•••••
ေခါင္းေလွ်ာ္ၿပီးစျဖစ္၍ ေက်ာျပင္ေပၚမွာ ျပန္႔က်ဲေနသည့္ ဆံႏြယ္ေတြကို တဘက္နဲ႔ အရင္သုတ္ကာ 𝐝𝐫𝐲𝐞𝐫 နဲ႔အေျခာက္ခံေနလိုက္သည္။နက္ေမွာင္ၿပီးထူထဲတဲ့ ဆံပင္႐ွည္ေတြက လေရာင္လို ေယာက်္ားေလးတစ္ေယာက္နဲ႔ မအပ္စပ္ေပမယ့္ လေရာင္က ဆံပင္႐ွည္ေတြကို ႏွစ္သက္လြန္းတာမို႔ အျမတ္တႏိုးထားသည္။

႐ွန္ပူနံ႔သင္းသင္းက ႏွာေခါင္းထဲတိုးေဝွ႔ကာ ေပါ့ေပါ့ပါးပါးနဲ႔ စိုျမေနရသည့္ ခံစားခ်က္ကို လေရာင္သေဘာက်သည္။မ်က္ႏွာကို 𝐧𝐢𝐠𝐡𝐭 𝐜𝐫𝐞𝐚𝐦 ပါးပါးလူး၍ အိပ္ရာဝင္ဖို႔ျပင္လိုက္သည္။𝐝𝐫𝐲𝐞𝐫ကို ေနရာတက် ျပန္ထားရင္း ကိုယ္လုံးေပၚမွန္ေ႐ွ႕မွာ ျမင္ေနရသည့္ သူ႕ပုံရိပ္ကို ေသေသခ်ာခ်ာသုံးသပ္ေနမိသည္။

ငါးႏွစ္သားအ႐ြယ္ အေမေပ်ာက္ေနတဲ့ ကေလးတစ္ေယာက္အျဖစ္ ဒီအိမ္ကိုေရာက္လာခဲ့သည္။မိသားစုေတြရဲ႕ ေမတၱာေၾကာင့္ အိမ္သားတစ္ေယာက္အျဖစ္ ေနထိုင္ႏိုင္ခဲ့သည္။အသက္တစ္ႏွစ္ႀကီးလာတိုင္း ေျပာင္းလဲလာတဲ့ ေဟာ္မုန္းေၾကာင့္ တစ္အိမ္ထဲေနတဲ့ အံ့က်ဴးကိုမွ သံေယာဇဥ္႐ွိမိသည္။ေနပုံထိုင္ပုံနဲ႔ စိတ္ေနစိတ္ထားအရ ကိုယ့္ကိုကိုယ္ 𝐠𝐚𝐲 တစ္ေယာက္အျဖစ္ ခံယူမိေပမယ့္ အံ့က်ဴးကို ခ်စ္မိကာမွ လေရာင္ မိမိျဖစ္တည္မႈကို လုံးဝသေဘာက်လာခဲ့ရသည္။

အံ့က်ဴးက ခ်စ္သူရည္းစားမ်ားေပမယ့္ တစ္ေယာက္နဲ႔မွ အတည္မတြဲ။ေပါ့ေပါ့တန္တန္ခ်ည္းသာမို႔ လေရာင္လည္း ေတြးေၾကာက္ေနရသည္။ဘာပဲျဖစ္ျဖစ္ခ်စ္ရသူအနားမွာ တစ္ခဏေလးျဖစ္ျဖစ္ေနခြင့္ရတာကိုက လေရာင္အတြက္ ကံေကာင္းမႈတစ္ခုပင္္ျဖစ္သည္။

ထိုစဥ္ လေရာင္ပုံရိပ္အျပင္ 𝐛𝐚𝐭𝐡𝐫𝐨𝐛𝐞 အနက္ေရာင္ဝတ္ထားသည့္ ပုံရိပ္တစ္ခုကိုပါ ေတြ႕လိုက္ရတာေၾကာင့္ လေရာင္ ၾကက္သီးေမြးညင္းထသြားသည္။အံ့က်ဴးမ်ိဳးႏြယ္အေၾကာင္းကို ေတြးေနမိတာနဲ႔ပင္ သူ႕ပုံရိပ္ေတြကိုပါ ျမင္ေယာင္ေနတာျဖစ္မည္။

“က်ဳပ္ေျပာစရာ႐ွိတယ္”

လက္ကို ဆတ္ခနဲဆြဲယူၿပီး ထြက္လာတဲ့ အသံေၾကာင့္ လေရာင္လန္႔ကာ ေအာ္မိမလိုျဖစ္ရသည္။သို႔ေသာ္လည္း ေအာ္ေတာ့မလို ပြင့္အာလာတဲ့ ႏႈတ္ခမ္းကို လက္ဖဝါးျပင္က်ယ္တစ္ခုနဲ႔ အပိတ္ခံလိုက္ရသည္။ေက်ာမီထားတဲ့ ရင္ခြင္က်ယ္က အစစ္အမွန္ျဖစ္ေနသည့္အျပင္ 𝐛𝐚𝐭𝐡𝐫𝐨𝐛𝐞 တစ္ထည္တည္းျဖစ္ေနတဲ့ ရင္အုပ္ရဲ႕ဟာလာဟင္းလင္းႏိုင္မႈကိုပါ ခံစားေနရသည္။အံ့က်ဴးမ်ိဳးႏြယ္က ဒီႏွစ္ေတြထဲမွာ ပိုၿပီးေတာ့ ထြားလာသည္။တဇြတ္ထိုးတေဇာက္ကန္းအက်င့္ေတြကေတာ့ ေမြးကတည္းကျဖစ္မည္။

“အြန္း အြန္႔”

လေရာင္က သူ႕လက္ဖမိုးကို ပုတ္ၿပီးမွ လႊတ္ေပးဖို႔ ခြင့္ေတာင္းရသည္။

“ဘာလဲ”

လေရာင္ အံ့က်ဴးနဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွည့္လိုက္ၿပီးမွ ေမးလိုက္သည္။အခုမွ ေရခ်ိဳးၿပီးစျဖစ္ပုံေပၚသည့္ အံ့က်ဴးမွာ ရင္ဘတ္ေတြနဲ႔ ဆံစပ္ေနရာအခ်ိဳ႕မွာ ေရစေတြ႐ွိေနသည္။ဖ႐ိုဖရဲ 𝐛𝐚𝐭𝐡𝐫𝐨𝐛𝐞ေအာက္က ရင္အုပ္က်ယ္က လေရာင္အခန္းထဲက ညမီးေရာင္ေၾကာင့္ ေျပာင္လက္ကာညိဳစိုေနသည္။

“လြမ္းလို႔”

“ဟင္”

“လြမ္းတယ္ မနက္ကတည္းက စကားမေျပာရေသးဘူး”

နဖူးေပၚက်ေနသည့္ ဆံပင္ေတြကို သပ္တင္ေပးရင္း အံ့က်ဴးက ေဆြးေဆြးျမည့္ျမည့္ေျပာေနသည္။တစ္အိမ္တည္း အတူတူ႐ွိေနတာေတာင္ လြမ္းတယ္ ဆိုၿပီး အကဲပိုေနသည့္သူကို လေရာင္ရယ္ခ်င္ပက္က်ိနဲ႔သာ ၾကည့္ေနလိုက္သည္။

“အဟင္း..၊ေျပာစရာ႐ွိတယ္ဆိုတာက “

“လြမ္းတယ္…ၿပီးေတာ့ ခ်စ္တယ္”

“…..”

လေရာင္ မယုံၾကည္ႏိုင္စြာပင္ မ်က္လုံးခ်င္းဆုံလိုက္ေတာ့ အံ့က်ဴးမ်က္ဝန္းေတြထဲမွာ ျမတ္ႏိုးရိပ္ေတြကို ေတြ႕လိုက္ရသည္။အံ့က်ဴးမ်ိဳးႏြယ္က ဒီလိုအႏုအယြေလးေတြ ေျပာတတ္လိမ့္မယ္လို႔ လုံးဝမထင္မိခဲ့ေပ။ေန႔ခင္းက ေဖေဖနဲ႔စကားမ်ားေနတဲ့သူ႕ေၾကာင့္ စိတ္မၾကည္ေနမွာစိုး၍ အလိုက္တသိပင္ ေ႐ွာင္ေပးေနတာကို အခန္းထဲထိ လိုက္လာၿပီး လြမ္းေၾကာင္းဆိုသြားေသးသည္။

“ၿပီးေတာ့ က်ဳပ္နမ္းခ်င္တယ္…”

တစ္သက္နဲ႔တစ္ကိုယ္ သူလုပ္ခ်င္တာကို ခြင့္မေတာင္းပဲလုပ္ေလ့႐ွိသည့္သူက အခု လေရာင္ကို နမ္းဖို႔အေရးခြင့္ေတာင္းေနသည္။ပါးကိုက္နားကိုက္ လုပ္သြားရင္ေတာင္ ၿငိမ္ခံေနက် လူက အခုလိုခြင့္ေတာင္းလာေတာ့ စိတ္ထဲမ႐ိုးမ႐ြျဖစ္သြားသည္။အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ ဖုံးကြယ္ထားတဲ့ အစိတ္အပိုင္းက ခ်စ္စရာေကာင္းလိုက္တာ။

ႏႈတ္ခမ္းတလႈပ္လႈပ္နဲ႔  အခ်စ္စိတ္ေတြ ယိုဖိတ္ေနတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနတဲ့ အံ့က်ဴးမ်ိဳးႏြယ္က လေရာင္အတြက္ေတာ့ ေနသားမက်ေသး။အခုလို ခ်စ္ၾကည္ႏူးေနဖို႔မေျပာနဲ႔ စေနာက္တဲ့ အခ်ိန္ေတာင္ မ႐ွိခဲ့တဲ့ အရင္အခ်ိန္က အံ့က်ဴးက လေရာင္အေပၚ တကယ္အႏိုင္ယူလြန္းပါသည္။

“ရလားဟင္…”

“ခါတိုင္းလည္း မင္းနမ္းခ်င္ရင္ နမ္းတာပဲမဟုတ္ဘူးလား”

“ဟင့္အင္ မတူဘူး အရင္က 𝐟𝐢𝐫𝐬𝐭 𝐤𝐢𝐬𝐬 ကိုသူမ်ားယူသြားမွာစိုးလို႔နမ္းတာ အခုက ခ်စ္လို႔ ၿပီးေတာ့ လြမ္းလို႔”

“မင္းနဲ႔ငါနဲ႔ တစ္အိမ္တည္းအတူ႐ွိေနတာေလ ဘာကိုလြမ္းစရာလိုလို႔လဲ”

“က်စ္! လွ်ာ႐ွည္တယ္ဗ်ာ…”

“ဟင္”

စိတ္ပ်က္စြာထြက္လာတဲ့ ေလသံေၾကာင့္ လေရာင္မ်က္ေမွာင္ၾကဳံ႕လိုက္သည္။ေကာင္ေလးက စိတ္မ႐ွည္တတ္မႈကိုေတာ့ ဖုံးကြယ္မထားႏိုင္ေသးေပ။လေရာင္ ထပ္စခ်င္ေသး၍ ရယ္သြမ္းေသြးလိုက္သည္။

“ဘယ္မွာ လွ်ာ႐ွည္လို႔လဲ ဟြန္း…အြန္႔ အြန္း”

ဘယ္ေလာက္ပဲေပ်ာ္ေပ်ာ္ အပိုမလုပ္တာ အေကာင္းဆုံးဆိုတာကို လေရာင္ေကာင္းေကာင္းနားလည္လိုက္ရသည္။စခ်င္၍ လွ်ာထုတ္ျပလိုက္တာကို အခြင့္ေကာင္းယူတတ္လြန္းသူက ႏႈတ္ခမ္းထူေတြၾကား ဆြဲယူသြားသည္။လေရာင္မွာ မ်က္လုံးေလးေတြ ဝိုင္းစက္ၿပီး လူဆိုးေကာင္၏ လွ်ာဖ်ားမွတစ္ဆင့္ ခံတြင္းထဲထိ တိုးဝင္ကာ အၾကားအလပ္မ႐ွိ လွ်ာဖ်ားနဲ႔ရစ္ပတ္နမ္းသည္။လေရာင္ဆီက အသက္႐ွဴသံေတြ ျပင္းလာေတာ့ ႏႈတ္ခမ္းပါးေတြဆီ ဦးတည္သည္။သြားစြယ္ခြၽန္ခြၽန္နဲ႔ တတိတိကိုက္ဝါးၿပီး လွ်ာဖ်ားနဲ႔လ်က္ေသးသည္။ခါးကေန သိမ္းခ်ဳပ္ထားသည့္သူက အနမ္းၾကမ္းၾကမ္းေတြကို မ်က္ႏွာျပင္အႏွံ႔ ရမၼက္ဆန္ဆန္ ပုံေဖာ္ေနသည္။

“အြန္႔ ရပ္..အြန္း ရပ္ေတာ့”

𝐛𝐚𝐭𝐡𝐫𝐨𝐛𝐞 အျပင္ကို ဟထြက္ေနသည့္ ရင္ဘတ္က်ယ္ႀကီးကို တအုန္းအုန္း႐ိုက္ကာမွ လႊတ္ေပးလာသည္။လေရာင္ကို ခါးကေနသိမ္းဆြဲထား၍ သူနဲ႔ကိုယ္က တစ္သားတည္းလို ေနရာလပ္မ႐ွိထိစပ္ေနသည္။နမ္းေနစဥ္ လေရာင္ရဲ႕ ခါးစပ္ကို လာထိသည့္ မာေတာင့္ေတာင့္အရာႀကီးေၾကာင့္ ရင္တထိတ္ထိတ္ျဖစ္ေနရသည္။

“ေက်းဇူးတင္ပါတယ္…”

သူ႕အရပ္႐ွည္ႀကီးကို ကိုင္းၫြတ္ၿပီး လေရာင္ပုခုံးေပၚ ေခါင္းအပ္ကာ လည္တိုင္ကို မ်က္ႏွာအပ္ထားသူက ဖြဖြဆိုသည္။ဘာအတြက္လဲဆိုတာ မသိေပမယ့္ လေရာင္မေမးလို။ေတာ္ၾကာ လွ်ာ႐ွည္သည္ဆိုၿပီး ထပ္နမ္းခံရမွျဖင့္..။

“က်ဳပ္ကို ခ်စ္ေပးလို႔…။”

𝐒𝐨_𝐒𝐨_𝐒𝐨𝐩𝐡𝐢𝐚(𝟖.𝟏𝟎.𝟐𝟎𝟐𝟐)
_______________________________________
𝐔𝐬𝐞𝐫𝐧𝐚𝐦𝐞ကို ကြၽန္ေတာ္ 𝐜𝐡𝐚𝐧𝐠𝐞 ထားပါတယ္။မေန႔က တင္မေပးလိုက္ႏိုင္တဲ့ အတြက္ တကယ္အားနာမိပါတယ္။𝐎𝐧𝐠𝐨𝐢𝐧𝐠 လိုက္ေပးတဲ့သူေတြ ပိုမ်ားလာလို႔ ဝမ္းသာေနပါတယ္႐ွင့္💙။

Tags: read novel My Possessive Of You 9, novel My Possessive Of You 9, read My Possessive Of You 9 online, My Possessive Of You 9 chapter, My Possessive Of You 9 high quality, My Possessive Of You 9 light novel, ,

Comment

Leave a Reply

Chapter 10