My Possessive Of You 10

All chapters are in My Possessive Of You
A+ A-

𝐔𝐧𝐢𝐜𝐨𝐝𝐞

“လှလိုက်တာ…”

နိုးနိုးချင်း ဘေးမှာ အိပ်ပျော်နေတဲ့ သက်ရှိအရုပ်ကလေးကို မြင်လိုက်ရ၍ မထိန်းချုပ်နိုင်ပဲ အံ့ကျူးရေရွတ်လိုက်သည်။အံ့ကျူးခွင့်ပြုထား၍ စိတ်တိုင်းကျထိန်းသိမ်းထားသော ဆံပင်ရှည်တွေက ကျောပြင်အောက်မှာ ပနံရစွာပြန့်ကျဲနေသည်။ဖြူဆွတ်ပြီး နေရာတိုင်းမှာ သွေးကြောစိမ်းစိမ်းမျှင်မျှင်လေးတွေ မြင်နေရသည့်သူက ငြိမ်သက်စွာအိပ်စက်နေသည်။နဖူးပြင် ခပ်ကျဥ်းကျဥ်းပေါ်မှာ ဆံစအချို့က နေရာယူထားပြီး မျက်ခုံးတန်းသွယ်သွယ်၏ အောက်မှာတော့ မျက်ခွံကြည်ကြည်တစ်စုံက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အသဲယားစေနိုင်သည့် အကြည့်တွေကို ပေးစွမ်းသော မျက်ဝန်းတစ်စုံရှိနေသည်။မျက်ခွံကြည်မို့မို့ရဲ့ အောက်ခြေမှာ ရှည်လျားပြီး ထူထဲလွန်းတဲ့ မျက်တောင်ရှည်တစ်စုံက ထိုလူသားလေးကို ပိုမိုတင့်တယ်စေသည်။ပါးဖောင်းဖောင်းလေးတွေက ဝါဂွမ်းလုံးလေးတွေလို ဖြစ်နေကာ ဖျစ်ညှစ်ပစ်လိုက်ရင် အိစိအိစိအထိအတွေ့ကို ခံစားရသည်။

အံ့ကျူးနဲ့ဆိုလျှင် စကားတီတီတာတာလေးတွေ ပြောလေ့မရှိပေမယ့် ကက်ကက်လန်အောင် ပြန်ခံပြောတတ်သော နှုတ်ခမ်းပါးလေးတစ်စုံကာ အခုတော့ ငြိမ်သက်ပိရိစွာရှိနေသည်။နီထွေးထွေး ထိုနှုတ်ခမ်းသားလေးတွေက ထိလိုက်မိလျှင် မလွှတ်ချင်လောက်အောင် ဖြားယောင်းတတ်သေးသည်။

“အင်…အဟင့်”

နှုတ်ခမ်းပါးလေးကို မချင့်မရဲစွာပင် လက်မနဲ့ ပွတ်သပ်မိတော့ အိပ်ပျော်နေတဲ့သူက နိုးလာသည်။သို့သော်လည်း မျက်လုံးကို သေချာမဖွင့်သေးပဲနဲ့ လက်နှစ်ဖက်တန်းပြီး အညောင်းဆန့်နေသေးသည်။အံ့ကျူးလက်မောင်းပေါ် ခေါင်းအုံးနေတယ်ဆိုတာလည်း သတိထားမိပုံမရပေ။

“နိုးရင်လည်း ဖယ်တော့ ကျုပ်လက်မောင်း ကျင်နေပြီ”

“ဟင်”

အနီးအနားကနေ ကြားလိုက်ရတာမို့ လရောင်တုန်သွားသည်။သူပြောသလိုပဲ ခေါင်းကိုမလိုက်တော့ လရောင်ခေါင်းအောက်ကနေ လက်မောင်းကို အသာမ,ယူသည်။လရောင် နိုးနိုးချင်း မျက်လုံးတွေပင် ပြူးကျယ်သွားရသည်။တစ်ညလုံး သူ့လက်မောင်းပေါ်မှာ အိပ်ပျော်သွားတာတော့ မဟုတ်လောက်ပါဘူးနော်။

“မင်း ဒီမှာပဲ အိပ်လိုက်တာလား”

“ညက လူတစ်ယောက်က ကျုပ်ရင်ခွင်ထဲ အတင်းဝင်နေလို့လေ အားနာလို့ သူနဲ့အတူ အိပ်လိုက်ရတာ အိပ်ချင်လွန်းလို့ရယ်တော့မဟုတ်ပါဘူး”

ခေါင်းကုတ်လိုက် ဟိုကြည့်ဒီကြည့်လုပ်လိုက်နဲ့ အံ့ကျူးက အူကြောင်ကြောင်လုပ်နေသည်။လရောင် မျက်စောင်းထိုးပြီး ခုတင်အောက်ကို လျှောကျနေသည့် စောင်ကို အိပ်ရာပေါ်ကို ပြန်တင်ကာ ရေချိုးခန်းထဲ ဝင်လာလိုက်သည်။ကျောပြင်က ဖြတ်ခနဲ လာဟပ်တဲ့ camera flashကိုတော့ လရောင်သတိမထားလိုက်မိ။

မျက်လုံးဖွင့်ဖွင့်ချင်း ချစ်ရသူကိုမြင်ရတာကောင်းပေမယ့် အိပ်ရာနိုးစလူက ဖရိုဖရဲတော့ဖြစ်လေ့ရှိသည်လေ။အံ့ကျူးကတော့ ညက ပုံစံအတိုင်း bathrobe တစ်ထည်တည်းနဲ့ ခုတင်ဘောင်ကို လက်ပိုက်မီကာ လရောင်ကို ရှုတည်တည်ပင် ကြည့်နေသည်။ရင်ဘတ်နေရာက ဟပြဲကြီးဖြစ်နေကာ ဗိုက်နေရာထိ မြင်နေရပြီး ကြွက်သားတွေကလည်း အထစ်ထစ်ကြီးတွေဖြစ်သည်။

တစ်ညလုံး သူနဲ့အတူရှိခဲ့တယ်ဆိုပေမယ့် ထိုပေါင်မုန့်လုံးတွေကို ကိုင်မိလား၊မကိုင်မိလားဆိုတာတော့ လရောင် မသိ။သေချာတာတော့ သူပုံမှန်အသိစိတ်နဲ့တင် ထိုပေါင်မုန့်လုံးတွေကို သေသေချာချာကိုင်ကြည့်ချင်မိသည်။

ရေချိုးခန်းထဲက ထွက်လာတော့ အခန်းထဲမှာ အံ့ကျူးက ရှိမနေတော့။လရောင် နေရတာ သက်တောင့်သက်သာဖြစ်သွားသလိုရှိသော်လည်း အနည်းငယ်ဟာတာတာတော့ဖြစ်သွားသည်။ချစ်ရသူနဲ့ အနီးစပ်ဆုံးရှိရတာ အကောင်းဆုံးပျော်ရွှင်မှုတစ်ခုပင်ဖြစ်သည်။

•••••

“သေချာ ဆုံးဖြတ်ထားပြီးပြီလား သား”

ဦးဥာဏ်ရဲ့ အကြည့်တွေထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်မချမှုတွေကို အထင်းသားတွေ့နေရသည်။အံ့ကျူးအပေါ် နွေးထွေးပေးစေတဲ့ လရောင်သသအပြင် တစ်ဦးတည်းသော လူသားဖြစ်သည်။ဦးဥာဏ်က ညင်သာသည်၊ပျော့ပြောင်းသည်၊လူတစ်ယောက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းနားလည်သည်။အံ့ကျူးအတွက် နှစ်ယောက်မရှိနိုင်သော အာဝါသတစ်ခုလည်းဖြစ်သည်။

မေမေနဲ့ မောင်ဝမ်းကွဲတော်စပ်သည်ဆိုသော ဦးလေးက အံ့ကျူးအထင်တော့ ဖေဖေ့ထက်ပင် တွယ်တာရသေးသည်။

“ဟုတ် ကျုပ်အကောင်းဆုံး လုပ်မှာပါ ဦးဥာဏ်”

“အုပ်ထိန်းသူကရော လက်ခံရဲ့လား သား”

“အသိပေးခဲ့ပါတယ်”

ဦးဥာဏ်ရဲ့ အုပ်ထိန်းသူဆိုတာက ဖေဖေ့ကိုဆိုလိုခြင်းဖြစ်သည်။ဖေဖေနဲ့ ဦးဥာဏ်ကြားမှာ ဘယ်လိုကိစ္စတွေရှိခဲ့တယ်ဆိုတာ အံ့ကျူး စိတ်မဝင်စားပေမယ့် ဦးဥာဏ်နဲ့တွေ့တိုင်း ဖေဖေ့အကြည့်တွေက ညင်သာသယောင်ရှိတာကိုတော့ သတိထားမိသည်။
ဦးဥာဏ်က ဖေဖေနဲ့ သိပ်စကားပြောလေ့မရှိပေမယ့် အံ့ကျူးကိုတော့ သားအရင်းတစ်ယောက်လို ချစ်ပေးသည်။

“အချစ်နဲ့ တွေ့နေပြီလား”

“ခင်မျာ”

ဦးဥာဏ်ရဲ့ မေးခွန်းကြောင့် အံ့ကျူး ခဏတွေဝေသွားသည်။အလုပ်လုပ်ချင်လာတာက အချစ်နဲ့ ပတ်သက်နေလို့တဲ့လား။ဦးဥာဏ်က အံ့ကျူးကို ကြည့်ပြီး ခပ်ဟဟရယ်သည်။

“တကယ်ကို ချစ်တတ်သွားတော့တာပဲ”

ဦးဥာဏ်မျက်ဝန်းတွေထဲမှာ အံ့ကျူးကို အရွယ်ရောက်လာပြီဆိုတာကို အခုမှလက်ခံနိုင်တဲ့ အရိပ်အယောင်တွေမြင်နေရသည်။အရင်က အံ့ကျူးရည်းစားတွေများတာကိုလည်း ဦးဥာဏ်သိနေပါရက်နဲ့ အခုမှ ချစ်တတ်သွားတဲ့ လူတစ်ယောက်လို ဦးဥာဏ်က အံ့ကျူးကိုကြည့်ပြီး တောက်လျှောက်ပြုံးနေသည်။

“ဘယ်လိုသိလိုက်တာလဲ”

“တကယ်ချစ်လာရင် လူတွေက ပြောင်းလဲကြည့်ဖို့ ကြိုးစားကြည့်တယ်လေ…၊အဟင်း မှန်နေတာပဲ… တစ်သက်လုံး အုပ်ထိန်းသူကို အရွဲ့တိုက်ပြီး လူဆိုးလေးလုပ်တော့မယ် ထင်နေတာ…”

အံ့ကျူး ပြုံးလျက်သာ နေလိုက်သည်။ဦးဥာဏ်ပြောတာက အမှားမှမပါတာ။လရောင်သသကို သူတကယ်ချစ်သည်။သူ့အတွက် ပြောင်းလဲဖို့ကြိုးစားတာဆိုရင်လည်း အမှန်ပဲဖြစ်လိမ့်မည်။သို့သော် အံ့ကျူးကို အထင်သေးသော ဖေဖေ့ကို အရှုံးမပေးချင်သေးတာကြောင့်လည်းဖြစ်သည်။

“ဘယ်လောက်ယူမှာလဲ သား”

အံဆွဲထဲက စာရွက်စာတမ်းတစ်ချို့ကို ယူလာပြီး အံ့ကျူးဘေးမှာ ဝင်ထိုင်သည်။ဦးခန့်ဘုန်းဥာဏ်က တစ်ယောက်ထဲသမား ရှေ့နေလူပျိုကြီးဖြစ်သည်။အသက်လေးဆယ်ကျော်နေတာတောင် လူငယ်တစ်ယောက်လို သစ်လွင်နေဆဲဖြစ်သည်။

” 3 မီလီလောက် သုံးမယ် ဦးဥာဏ်”

“များလှချည်လား သား”

“လိုလောက်တဲ့ ပမာဏကိုပြောတာပါ”

“မဟုတ်တာ မလုပ်ဘူးဆိုတာကိုတော့ ဦးဥာဏ်ယုံပေးမယ်နော်”

“မတောင်းဆိုပါဘူး…”

ခန့်ဘုန်းဥာဏ် မျက်စိရှေ့က ကလေးကိုကြည့်ပြီး အကြိမ်ကြိမ်ပြုံးနေမိသည်။ခါတိုင်း ဒေါသထွက်စရာတွေ့မှ ရောက်လာတတ်တဲ့ ကလေးက ဒီနေ့တော့ ကုမ္ပဏီတည်ထောင်ဖို့ အရင်းအနှီးလာထုတ်တာဆိုတော့ ရင်ထဲပီတိဖြစ်ရသည်။မမမွေးထားတဲ့ ကလေးက မမနဲ့မတူပဲ သူ့အုပ်ထိန်းသူနဲ့သာ စရိုက်သဘာဝတူနေတာဖြစ်သည်။ထိုစရိုက်တူနေတာကြောင့်ပဲ ခန့်ဘုန်းဥာဏ်ကို ကပ်တွယ်ချင်နေသလားမသိပေ။

အံ့ကျူးမျိုးနွယ်နဲ့ သူ့အုပ်ထိန်းသူမှာ မတူညီတဲ့ အချက်တစ်ခုရှိသည်။အဲတာက အံ့ကျူးက သူ့အုပ်ထိန်းသူထက်ပိုပြီး ပြတ်သားတတ်ခြင်းဖြစ်သည်။မာနကြီးတဲ့နေရာမှာလည်း နှစ်ယောက်မရှိ။ကလေးက ခခယယတောင်းဆိုနေမှာ မဟုတ်ပဲ သူလိုချင်မိရင်တောင် အတင်းလုပ်ယူမည့်ကလေးမျိုးဖြစ်သည်။

“ဘဏ်အကောင့်ထဲကို လွှဲပေးထားမယ်”

“အင်း…ပြန်တော့မယ်၊သိပ်မကြာခင် အဲ့ငွေတွေ ပြန်လာပို့ပေးမှာပါ”

“သားမေမေက သားအတွက်ပေးထားတာပဲလေ၊ ပြန်လာပို့စရာမလိုပါဘူး”

“တစ်နှစ်ပဲ အချိန်ပေးပါ”

ဦးဥာဏ်ကို ကျောခိုင်းပြီး ပြန်ဖို့ပြင်တော့ အခန်းထောင့်က စားပွဲပုလေးပေါ်က ဓာတ်ပုံကို တွေ့လိုက်ရ၍ အံ့ကျူးတုံ့ဆိုင်းမိသွားသည်။

ပုံထဲမှာက ဦးဥာဏ်ရယ် မေမေရယ် ဦးဥာဏ်ရဲ့ ဘေးဘက်မှာ အမျိုးသားတစ်ယောက်။အမျိုးသားဝတ်ရှပ်အင်္ကျီနဲ့ ထိုလူ၏ ဘယ်လက်မောင်းတစ်ဖက် တွေ့လိုက်ရ၍သာ အမျိုးသားဟုဆိုလိုက်ရခြင်းဖြစ်သည်။ထိုလူ၏ မျက်နှာကတော့ ဓာတ်ပုံထဲမှာပါမလာ။ထိုပုံထဲတွင် ဦးဥာဏ်ရဲ့အပြုံးတွေက သက်ဝင်နေပြီး မေမေကတော့ အပြုံးရေးရေးလေးတစ်ခုနဲ့ မချိပြုံး,ပြုံးနေရသည့် အနေအထားမှာဖြစ်သည်။

“အံ့ကျူး…”

ဓာတ်ပုံကို ကောက်ယူလိုက်တော့ ဦးဥာဏ်ဆီက ခပ်တိုးတိုးအသံကိုကြားလိုက်ရသည်။တုန်ရီခြင်းအနည်းငယ်ပါတဲ့ ဦးဥာဏ်က အံ့ကျူးကို စိုးရွံ့သလို မျက်ဝန်းတွေနဲ့ ကြည့်နေသည်။

ပုံထဲမှာ တွေ့လိုက်ရတဲ့ အမျိုးသားရဲ့ လက်မောင်းတစ်ဖက်ကို ကြည့်ရုံနဲ့ အံ့ကျူး ဘယ်သူမှန်း သိသည်။N ဆိုတဲ့ အင်္ဂလိပ်အက္ခရာအကြီးစာလုံးကို အလှဆင်ပြီး ထိုးထားတဲ့ တက်တူးက ဖေဖေ့လက်မှာ အခုချိန်ထိ ရှိနေသည်။နားမလည်တာက ဘာကြောင့် ထိုအမျိုးသားရဲ့ပုံကို ညှပ်ထားခြင်းလည်းဆိုတာပင်။နောက်ကျောဘက်ကို လှန်ကြည့်လိုက်တော့ မှင်အနက်ရောင်နဲ့ ရေးထားတဲ့ ရက်စွဲနဲ့ note ကြောင့် အံ့ကျူးလက်တွေ တုန်ရီသွားရသည်။note ထဲမှာက…

ကျေးဇူးပါ…ကိုဇော်
     ကိုဇော့်ကြောင့် ကျွန်တော် အများကြီးပြုံးခဲ့ရတယ်။
           ချစ်တယ်….။
                    ၁၇.၉.၁၉၉၇(ဗုဒ္ဓဟူးနေ့)

အံ့ကျူး နားမလည်နိုင်ခြင်းများစွာနဲ့ ဦးဥာဏ်ကို ကြည့်တော့ ခေါင်းကိုတွင်တွင်ယမ်းပြီး မျက်ရည်တွေကျနေသည်။ဒါဟာ ပုံထဲက စာတွေက အစစ်အမှန်ပဲဆိုတာ ဦးဥာဏ်က အတည်ပြုလိုက်တာပေါ့။

တကယ်ပဲ ဖေဖေနဲ့ ဦးဥာဏ်က …အား…မဟုတ်ဘူး။ သူအတွေးလွန်မိတာ ဖြစ်မှာ။ဖေဖေ့အသွေးသားထဲမှာ စိမ့်ဝင်နေတဲ့ N က အံ့ကျူးမေမေ ဒေါ်မြတ်နိုးပဲ ဖြစ်ရမယ်။ဟင့်အင် ဦးဥာဏ်မဖြစ်ရဘူး…။

“သား…အံ့ကျူး”

“ဟင့်အင်း…မဟုတ်ဘူးလို့ပြော၊ ဦးဥာဏ် ဒါမဟုတ်ဘူးမလား ဖေဖေနဲ့ ဦးဥာဏ်က ဘာမှ မဟုတ်ခဲ့ဘူး….အဲလိုမလား”

ပြည့်ကျပ်လာတဲ့ ခေါင်းကို အသာဖိကိုင်ပြီး သွေးရူးသွေးတမ်းပြောမိသည်။ဦးဥာဏ်က မျက်ရည်တွေ တွင်တွင်ကျနေတဲ့ကြားက အံ့ကျူးကို ဖက်ထားသည်။မှီတွယ်ရာရလာတော့ မျက်ရည်တွေက ထိန်းမရ။

“မေမေက… မေမေက ဖေဖေ့ဥပေက္ခာတွေကြောင့် စိတ်ဒဏ်ရာရပြီးသေသွားတာ အဲ့တာ…ဖေဖေ ဦးဥာဏ်ကို ချစ်နေလို့တော့ မဟုတ်ဘူးမလား အဲ့လိုမဟုတ်ဘူးနော်”

“အံ့ကျူးရယ်…”

စောစောကထိ ခေါင်းမာပြီး ခပ်ဆိုးဆိုးကလေးက အခုတော့ ခန့်ဘုန်းဥာဏ်ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို ငိုနေပြီဖြစ်သည်။အရာရာကို လျှို့ဝှက်ထားနိုင်ခဲ့ပြီ ထင်ပေမယ့် ဒီတစ်ကြိမ် ဘုန်းဥာဏ်ရဲ့ ပေါ့လျော့မှုက ကလေးအပေါ် အများကြီး ထိခိုက်စေပြီဖြစ်သည်။

အံ့ကျူး မွန်းကြပ်စွာပင် အချိန်အတော်ကြာအောင် ငိုနေမိသည်။သုံးနှစ်သားလေးမှာတင် သူ့ကိုပစ်သွားခဲ့တဲ့ မေမေက စိတ်ဒဏ်ရာတွေ အလူးအလဲခံစားရတယ်တဲ့။မေမေ့ဒိုင်ယာရီစာအုပ်လေးကို လူမှန်းသိတတ်စအရွယ်ကတည်းက ခဏခဏဖတ်နေခဲ့တဲ့ အံ့ကျူးက  စာအုပ်ထဲက အကြောင်းအရာတွေကို အလွတ်ရလုနီးပါးဖြစ်နေပြီဖြစ်သည်။

“ကျွန်တော်တို့ အေးဆေး စကားပြောကြရအောင် ဦးဥာဏ်…”

“အံ့ကျူး…”

လူဆိုးကောင်လေးက ကျုပ်ဆိုတဲ့ နေရာမှာ ကျွန်တော်ဆိုတဲ့ နာမ်စားကို အစားထိုးပြီး အသုံးပြုလာသည်။ဘုန်းဥာဏ်ရင်ထဲ ဆို့တစ်မှုနဲ့ အတူ ဆုံးရှုံးမှုတစ်ခုကိုပါ ခံစားလိုက်ရသည်။မမအပေါ် မကျေပြွန်ခဲ့သည့် တာဝန်တွေကို အံ့ကျူးအပေါ် အတိုးချပြီး ပေးဆပ်ကာမှ ကလေးငယ်ဆီက နာကျည်းမှုကိုပါ သူလက်ခံလိုက်ရပြီထင်သည်။

“သား…”

“အဲ့လို မခေါ်နဲ့ ကျုပ်နာမည် အံ့ကျူးမျိုးနွယ်”

“သားရယ်…”

အခါတိုင်းလို နှုတ်ဆက်ဖော်တောင်မရပဲ ထွက်သွားတဲ့ ကောင်လေးကို ကြည့်ပြီး ခန့်ဘုန်းဥာဏ်ရင်ထဲ မွန်းကြပ်လာသည်။ဒီကျောပြင်လေးက ပထမအကြိမ် ဘုန်းဥာဏ်ကို ကျောခိုင်းသွားသည့် ကျောပြင်ကျယ်ကြီးနဲ့ သိပ်ကို ဆင်တူနေပါသည်…။

So_So_Sophia (11.10.2022)
_______________________________________
ရင်ဘတ်တွေ ကြပ်တယ်…။ဒီအပိုင်းက ကျော်ခွသွားလို့မဖြစ်တဲ့ အပိုင်းမို့ သေချာလေး ဖတ်ပေးစေချင်ပါတယ်။ဆိုဆိုက ဟက်ပီးအန့်ဒင်းပဲ ရေးတတ်တယ်ဆိုတာကိုတော့ ယုံထားပေးပါ။

𝐙𝐚𝐰𝐠𝐲𝐢

“လွလိုက္တာ…”

ႏိုးႏိုးခ်င္း ေဘးမွာ အိပ္ေပ်ာ္ေနတဲ့ သက္႐ွိအ႐ုပ္ကေလးကို ျမင္လိုက္ရ၍ မထိန္းခ်ဳပ္ႏိုင္ပဲ အံ့က်ဴးေရ႐ြတ္လိုက္သည္။အံ့က်ဴးခြင့္ျပဳထား၍ စိတ္တိုင္းက်ထိန္းသိမ္းထားေသာ ဆံပင္႐ွည္ေတြက ေက်ာျပင္ေအာက္မွာ ပနံရစြာျပန္႔က်ဲေနသည္။ျဖဴဆြတ္ၿပီး ေနရာတိုင္းမွာ ေသြးေၾကာစိမ္းစိမ္းမွ်င္မွ်င္ေလးေတြ ျမင္ေနရသည့္သူက ၿငိမ္သက္စြာအိပ္စက္ေနသည္။နဖူးျပင္ ခပ္က်ဥ္းက်ဥ္းေပၚမွာ ဆံစအခ်ိဳ႕က ေနရာယူထားၿပီး မ်က္ခုံးတန္းသြယ္သြယ္၏ ေအာက္မွာေတာ့ မ်က္ခြံၾကည္ၾကည္တစ္စုံက မ်က္လုံးဝိုင္းဝိုင္းေလးနဲ႔ အသဲယားေစႏိုင္သည့္ အၾကည့္ေတြကို ေပးစြမ္းေသာ မ်က္ဝန္းတစ္စုံ႐ွိေနသည္။မ်က္ခြံၾကည္မို႔မို႔ရဲ႕ ေအာက္ေျခမွာ ႐ွည္လ်ားၿပီး ထူထဲလြန္းတဲ့ မ်က္ေတာင္႐ွည္တစ္စုံက ထိုလူသားေလးကို ပိုမိုတင့္တယ္ေစသည္။ပါးေဖာင္းေဖာင္းေလးေတြက ဝါဂြမ္းလုံးေလးေတြလို ျဖစ္ေနကာ ဖ်စ္ညႇစ္ပစ္လိုက္ရင္ အိစိအိစိအထိအေတြ႕ကို ခံစားရသည္။

အံ့က်ဴးနဲ႔ဆိုလွ်င္ စကားတီတီတာတာေလးေတြ ေျပာေလ့မ႐ွိေပမယ့္ ကက္ကက္လန္ေအာင္ ျပန္ခံေျပာတတ္ေသာ ႏႈတ္ခမ္းပါးေလးတစ္စုံကာ အခုေတာ့ ၿငိမ္သက္ပိရိစြာ႐ွိေနသည္။နီေထြးေထြး ထိုႏႈတ္ခမ္းသားေလးေတြက ထိလိုက္မိလွ်င္ မလႊတ္ခ်င္ေလာက္ေအာင္ ျဖားေယာင္းတတ္ေသးသည္။

“အင္…အဟင့္”

ႏႈတ္ခမ္းပါးေလးကို မခ်င့္မရဲစြာပင္ လက္မနဲ႔ ပြတ္သပ္မိေတာ့ အိပ္ေပ်ာ္ေနတဲ့သူက ႏိုးလာသည္။သို႔ေသာ္လည္း မ်က္လုံးကို ေသခ်ာမဖြင့္ေသးပဲနဲ႔ လက္ႏွစ္ဖက္တန္းၿပီး အေညာင္းဆန္႔ေနေသးသည္။အံ့က်ဴးလက္ေမာင္းေပၚ ေခါင္းအုံးေနတယ္ဆိုတာလည္း သတိထားမိပုံမရေပ။

“ႏိုးရင္လည္း ဖယ္ေတာ့ က်ဳပ္လက္ေမာင္း က်င္ေနၿပီ”

“ဟင္”

အနီးအနားကေန ၾကားလိုက္ရတာမို႔ လေရာင္တုန္သြားသည္။သူေျပာသလိုပဲ ေခါင္းကိုမလိုက္ေတာ့ လေရာင္ေခါင္းေအာက္ကေန လက္ေမာင္းကို အသာမ,ယူသည္။လေရာင္ ႏိုးႏိုးခ်င္း မ်က္လုံးေတြပင္ ျပဴးက်ယ္သြားရသည္။တစ္ညလုံး သူ႕လက္ေမာင္းေပၚမွာ အိပ္ေပ်ာ္သြားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။

“မင္း ဒီမွာပဲ အိပ္လိုက္တာလား”

“ညက လူတစ္ေယာက္က က်ဳပ္ရင္ခြင္ထဲ အတင္းဝင္ေနလို႔ေလ အားနာလို႔ သူနဲ႔အတူ အိပ္လိုက္ရတာ အိပ္ခ်င္လြန္းလို႔ရယ္ေတာ့မဟုတ္ပါဘူး”

ေခါင္းကုတ္လိုက္ ဟိုၾကည့္ဒီၾကည့္လုပ္လိုက္နဲ႔ အံ့က်ဴးက အူေၾကာင္ေၾကာင္လုပ္ေနသည္။လေရာင္ မ်က္ေစာင္းထိုးၿပီး ခုတင္ေအာက္ကို ေလွ်ာက်ေနသည့္ ေစာင္ကို အိပ္ရာေပၚကို ျပန္တင္ကာ ေရခ်ိဳးခန္းထဲ ဝင္လာလိုက္သည္။ေက်ာျပင္က ျဖတ္ခနဲ လာဟပ္တဲ့ camera flashကိုေတာ့ လေရာင္သတိမထားလိုက္မိ။

မ်က္လုံးဖြင့္ဖြင့္ခ်င္း ခ်စ္ရသူကိုျမင္ရတာေကာင္းေပမယ့္ အိပ္ရာႏိုးစလူက ဖ႐ိုဖရဲေတာ့ျဖစ္ေလ့႐ွိသည္ေလ။အံ့က်ဴးကေတာ့ ညက ပုံစံအတိုင္း bathrobe တစ္ထည္တည္းနဲ႔ ခုတင္ေဘာင္ကို လက္ပိုက္မီကာ လေရာင္ကို ႐ႈတည္တည္ပင္ ၾကည့္ေနသည္။ရင္ဘတ္ေနရာက ဟၿပဲႀကီးျဖစ္ေနကာ ဗိုက္ေနရာထိ ျမင္ေနရၿပီး ႂကြက္သားေတြကလည္း အထစ္ထစ္ႀကီးေတြျဖစ္သည္။

တစ္ညလုံး သူနဲ႔အတူ႐ွိခဲ့တယ္ဆိုေပမယ့္ ထိုေပါင္မုန္႔လုံးေတြကို ကိုင္မိလား၊မကိုင္မိလားဆိုတာေတာ့ လေရာင္ မသိ။ေသခ်ာတာေတာ့ သူပုံမွန္အသိစိတ္နဲ႔တင္ ထိုေပါင္မုန္႔လုံးေတြကို ေသေသခ်ာခ်ာကိုင္ၾကည့္ခ်င္မိသည္။

ေရခ်ိဳးခန္းထဲက ထြက္လာေတာ့ အခန္းထဲမွာ အံ့က်ဴးက ႐ွိမေနေတာ့။လေရာင္ ေနရတာ သက္ေတာင့္သက္သာျဖစ္သြားသလို႐ွိေသာ္လည္း အနည္းငယ္ဟာတာတာေတာ့ျဖစ္သြားသည္။ခ်စ္ရသူနဲ႔ အနီးစပ္ဆုံး႐ွိရတာ အေကာင္းဆုံးေပ်ာ္႐ႊင္မႈတစ္ခုပင္ျဖစ္သည္။

•••••

“ေသခ်ာ ဆုံးျဖတ္ထားၿပီးၿပီလား သား”

ဦးဥာဏ္ရဲ႕ အၾကည့္ေတြထဲမွာ စိုးရိမ္ပူပန္မႈေတြနဲ႔ စိတ္မခ်မႈေတြကို အထင္းသားေတြ႕ေနရသည္။အံ့က်ဴးအေပၚ ေႏြးေထြးေပးေစတဲ့ လေရာင္သသအျပင္ တစ္ဦးတည္းေသာ လူသားျဖစ္သည္။ဦးဥာဏ္က ညင္သာသည္၊ေပ်ာ့ေျပာင္းသည္၊လူတစ္ေယာက္ကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတာ ေကာင္းေကာင္းနားလည္သည္။အံ့က်ဴးအတြက္ ႏွစ္ေယာက္မ႐ွိႏိုင္ေသာ အာဝါသတစ္ခုလည္းျဖစ္သည္။

ေမေမနဲ႔ ေမာင္ဝမ္းကြဲေတာ္စပ္သည္ဆိုေသာ ဦးေလးက အံ့က်ဴးအထင္ေတာ့ ေဖေဖ့ထက္ပင္ တြယ္တာရေသးသည္။

“ဟုတ္ က်ဳပ္အေကာင္းဆုံး လုပ္မွာပါ ဦးဥာဏ္”

“အုပ္ထိန္းသူကေရာ လက္ခံရဲ႕လား သား”

“အသိေပးခဲ့ပါတယ္”

ဦးဥာဏ္ရဲ႕ အုပ္ထိန္းသူဆိုတာက ေဖေဖ့ကိုဆိုလိုျခင္းျဖစ္သည္။ေဖေဖနဲ႔ ဦးဥာဏ္ၾကားမွာ ဘယ္လိုကိစၥေတြ႐ွိခဲ့တယ္ဆိုတာ အံ့က်ဴး စိတ္မဝင္စားေပမယ့္ ဦးဥာဏ္နဲ႔ေတြ႕တိုင္း ေဖေဖ့အၾကည့္ေတြက ညင္သာသေယာင္႐ွိတာကိုေတာ့ သတိထားမိသည္။
ဦးဥာဏ္က ေဖေဖနဲ႔ သိပ္စကားေျပာေလ့မ႐ွိေပမယ့္ အံ့က်ဴးကိုေတာ့ သားအရင္းတစ္ေယာက္လို ခ်စ္ေပးသည္။

“အခ်စ္နဲ႔ ေတြ႕ေနၿပီလား”

“ခင္မ်ာ”

ဦးဥာဏ္ရဲ႕ ေမးခြန္းေၾကာင့္ အံ့က်ဴး ခဏေတြေဝသြားသည္။အလုပ္လုပ္ခ်င္လာတာက အခ်စ္နဲ႔ ပတ္သက္ေနလို႔တဲ့လား။ဦးဥာဏ္က အံ့က်ဴးကို ၾကည့္ၿပီး ခပ္ဟဟရယ္သည္။

“တကယ္ကို ခ်စ္တတ္သြားေတာ့တာပဲ”

ဦးဥာဏ္မ်က္ဝန္းေတြထဲမွာ အံ့က်ဴးကို အ႐ြယ္ေရာက္လာၿပီဆိုတာကို အခုမွလက္ခံႏိုင္တဲ့ အရိပ္အေယာင္ေတြျမင္ေနရသည္။အရင္က အံ့က်ဴးရည္းစားေတြမ်ားတာကိုလည္း ဦးဥာဏ္သိေနပါရက္နဲ႔ အခုမွ ခ်စ္တတ္သြားတဲ့ လူတစ္ေယာက္လို ဦးဥာဏ္က အံ့က်ဴးကိုၾကည့္ၿပီး ေတာက္ေလွ်ာက္ျပဳံးေနသည္။

“ဘယ္လိုသိလိုက္တာလဲ”

“တကယ္ခ်စ္လာရင္ လူေတြက ေျပာင္းလဲၾကည့္ဖို႔ ႀကိဳးစားၾကည့္တယ္ေလ…၊အဟင္း မွန္ေနတာပဲ… တစ္သက္လုံး အုပ္ထိန္းသူကို အ႐ြဲ႕တိုက္ၿပီး လူဆိုးေလးလုပ္ေတာ့မယ္ ထင္ေနတာ…”

အံ့က်ဴး ျပဳံးလ်က္သာ ေနလိုက္သည္။ဦးဥာဏ္ေျပာတာက အမွားမွမပါတာ။လေရာင္သသကို သူတကယ္ခ်စ္သည္။သူ႕အတြက္ ေျပာင္းလဲဖို႔ႀကိဳးစားတာဆိုရင္လည္း အမွန္ပဲျဖစ္လိမ့္မည္။သို႔ေသာ္ အံ့က်ဴးကို အထင္ေသးေသာ ေဖေဖ့ကို အ႐ႈံးမေပးခ်င္ေသးတာေၾကာင့္လည္းျဖစ္သည္။

“ဘယ္ေလာက္ယူမွာလဲ သား”

အံဆြဲထဲက စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ကို ယူလာၿပီး အံ့က်ဴးေဘးမွာ ဝင္ထိုင္သည္။ဦးခန္႔ဘုန္းဥာဏ္က တစ္ေယာက္ထဲသမား ေ႐ွ႕ေနလူပ်ိဳႀကီးျဖစ္သည္။အသက္ေလးဆယ္ေက်ာ္ေနတာေတာင္ လူငယ္တစ္ေယာက္လို သစ္လြင္ေနဆဲျဖစ္သည္။

” 3 မီလီေလာက္ သုံးမယ္ ဦးဥာဏ္”

“မ်ားလွခ်ည္လား သား”

“လိုေလာက္တဲ့ ပမာဏကိုေျပာတာပါ”

“မဟုတ္တာ မလုပ္ဘူးဆိုတာကိုေတာ့ ဦးဥာဏ္ယုံေပးမယ္ေနာ္”

“မေတာင္းဆိုပါဘူး…”

ခန္႔ဘုန္းဥာဏ္ မ်က္စိေ႐ွ႕က ကေလးကိုၾကည့္ၿပီး အႀကိမ္ႀကိမ္ျပဳံးေနမိသည္။ခါတိုင္း ေဒါသထြက္စရာေတြ႕မွ ေရာက္လာတတ္တဲ့ ကေလးက ဒီေန႔ေတာ့ ကုမၸဏီတည္ေထာင္ဖို႔ အရင္းအႏွီးလာထုတ္တာဆိုေတာ့ ရင္ထဲပီတိျဖစ္ရသည္။မမေမြးထားတဲ့ ကေလးက မမနဲ႔မတူပဲ သူ႕အုပ္ထိန္းသူနဲ႔သာ စ႐ိုက္သဘာဝတူေနတာျဖစ္သည္။ထိုစ႐ိုက္တူေနတာေၾကာင့္ပဲ ခန္႔ဘုန္းဥာဏ္ကို ကပ္တြယ္ခ်င္ေနသလားမသိေပ။

အံ့က်ဴးမ်ိဳးႏြယ္နဲ႔ သူ႕အုပ္ထိန္းသူမွာ မတူညီတဲ့ အခ်က္တစ္ခု႐ွိသည္။အဲတာက အံ့က်ဴးက သူ႕အုပ္ထိန္းသူထက္ပိုၿပီး ျပတ္သားတတ္ျခင္းျဖစ္သည္။မာနႀကီးတဲ့ေနရာမွာလည္း ႏွစ္ေယာက္မ႐ွိ။ကေလးက ခခယယေတာင္းဆိုေနမွာ မဟုတ္ပဲ သူလိုခ်င္မိရင္ေတာင္ အတင္းလုပ္ယူမည့္ကေလးမ်ိဳးျဖစ္သည္။

“ဘဏ္အေကာင့္ထဲကို လႊဲေပးထားမယ္”

“အင္း…ျပန္ေတာ့မယ္၊သိပ္မၾကာခင္ အဲ့ေငြေတြ ျပန္လာပို႔ေပးမွာပါ”

“သားေမေမက သားအတြက္ေပးထားတာပဲေလ၊ ျပန္လာပို႔စရာမလိုပါဘူး”

“တစ္ႏွစ္ပဲ အခ်ိန္ေပးပါ”

ဦးဥာဏ္ကို ေက်ာခိုင္းၿပီး ျပန္ဖို႔ျပင္ေတာ့ အခန္းေထာင့္က စားပြဲပုေလးေပၚက ဓာတ္ပုံကို ေတြ႕လိုက္ရ၍ အံ့က်ဴးတုံ႔ဆိုင္းမိသြားသည္။

ပုံထဲမွာက ဦးဥာဏ္ရယ္ ေမေမရယ္ ဦးဥာဏ္ရဲ႕ ေဘးဘက္မွာ အမ်ိဳးသားတစ္ေယာက္။အမ်ိဳးသားဝတ္႐ွပ္အက်ႌနဲ႔ ထိုလူ၏ ဘယ္လက္ေမာင္းတစ္ဖက္ ေတြ႕လိုက္ရ၍သာ အမ်ိဳးသားဟုဆိုလိုက္ရျခင္းျဖစ္သည္။ထိုလူ၏ မ်က္ႏွာကေတာ့ ဓာတ္ပုံထဲမွာပါမလာ။ထိုပုံထဲတြင္ ဦးဥာဏ္ရဲ႕အျပဳံးေတြက သက္ဝင္ေနၿပီး ေမေမကေတာ့ အျပဳံးေရးေရးေလးတစ္ခုနဲ႔ မခ်ိျပဳံး,ျပဳံးေနရသည့္ အေနအထားမွာျဖစ္သည္။

“အံ့က်ဴး…”

ဓာတ္ပုံကို ေကာက္ယူလိုက္ေတာ့ ဦးဥာဏ္ဆီက ခပ္တိုးတိုးအသံကိုၾကားလိုက္ရသည္။တုန္ရီျခင္းအနည္းငယ္ပါတဲ့ ဦးဥာဏ္က အံ့က်ဴးကို စိုး႐ြံ႕သလို မ်က္ဝန္းေတြနဲ႔ ၾကည့္ေနသည္။

ပုံထဲမွာ ေတြ႕လိုက္ရတဲ့ အမ်ိဳးသားရဲ႕ လက္ေမာင္းတစ္ဖက္ကို ၾကည့္႐ုံနဲ႔ အံ့က်ဴး ဘယ္သူမွန္း သိသည္။N ဆိုတဲ့ အဂၤလိပ္အကၡရာအႀကီးစာလုံးကို အလွဆင္ၿပီး ထိုးထားတဲ့ တက္တူးက ေဖေဖ့လက္မွာ အခုခ်ိန္ထိ ႐ွိေနသည္။နားမလည္တာက ဘာေၾကာင့္ ထိုအမ်ိဳးသားရဲ႕ပုံကို ညႇပ္ထားျခင္းလည္းဆိုတာပင္။ေနာက္ေက်ာဘက္ကို လွန္ၾကည့္လိုက္ေတာ့ မွင္အနက္ေရာင္နဲ႔ ေရးထားတဲ့ ရက္စြဲနဲ႔ note ေၾကာင့္ အံ့က်ဴးလက္ေတြ တုန္ရီသြားရသည္။note ထဲမွာက…

ေက်းဇူးပါ…ကိုေဇာ္
     ကိုေဇာ္႕ေၾကာင့္ ကြၽန္ေတာ္ အမ်ားႀကီးျပဳံးခဲ့ရတယ္။
           ခ်စ္တယ္….။
                    ၁၇.၉.၁၉၉၇(ဗုဒၶဟူးေန႔)

အံ့က်ဴး နားမလည္ႏိုင္ျခင္းမ်ားစြာနဲ႔ ဦးဥာဏ္ကို ၾကည့္ေတာ့ ေခါင္းကိုတြင္တြင္ယမ္းၿပီး မ်က္ရည္ေတြက်ေနသည္။ဒါဟာ ပုံထဲက စာေတြက အစစ္အမွန္ပဲဆိုတာ ဦးဥာဏ္က အတည္ျပဳလိုက္တာေပါ့။

တကယ္ပဲ ေဖေဖနဲ႔ ဦးဥာဏ္က …အား…မဟုတ္ဘူး။ သူအေတြးလြန္မိတာ ျဖစ္မွာ။ေဖေဖ့အေသြးသားထဲမွာ စိမ့္ဝင္ေနတဲ့ N က အံ့က်ဴးေမေမ ေဒၚျမတ္ႏိုးပဲ ျဖစ္ရမယ္။ဟင့္အင္ ဦးဥာဏ္မျဖစ္ရဘူး…။

“သား…အံ့က်ဴး”

“ဟင့္အင္း…မဟုတ္ဘူးလို႔ေျပာ၊ ဦးဥာဏ္ ဒါမဟုတ္ဘူးမလား ေဖေဖနဲ႔ ဦးဥာဏ္က ဘာမွ မဟုတ္ခဲ့ဘူး….အဲလိုမလား”

ျပည့္က်ပ္လာတဲ့ ေခါင္းကို အသာဖိကိုင္ၿပီး ေသြး႐ူးေသြးတမ္းေျပာမိသည္။ဦးဥာဏ္က မ်က္ရည္ေတြ တြင္တြင္က်ေနတဲ့ၾကားက အံ့က်ဴးကို ဖက္ထားသည္။မွီတြယ္ရာရလာေတာ့ မ်က္ရည္ေတြက ထိန္းမရ။

“ေမေမက… ေမေမက ေဖေဖ့ဥေပကၡာေတြေၾကာင့္ စိတ္ဒဏ္ရာရၿပီးေသသြားတာ အဲ့တာ…ေဖေဖ ဦးဥာဏ္ကို ခ်စ္ေနလို႔ေတာ့ မဟုတ္ဘူးမလား အဲ့လိုမဟုတ္ဘူးေနာ္”

“အံ့က်ဴးရယ္…”

ေစာေစာကထိ ေခါင္းမာၿပီး ခပ္ဆိုးဆိုးကေလးက အခုေတာ့ ခန္႔ဘုန္းဥာဏ္ရင္ခြင္ထဲမွာ ကေလးတစ္ေယာက္လို ငိုေနၿပီျဖစ္သည္။အရာရာကို လွ်ိဳ႕ဝွက္ထားႏိုင္ခဲ့ၿပီ ထင္ေပမယ့္ ဒီတစ္ႀကိမ္ ဘုန္းဥာဏ္ရဲ႕ ေပါ့ေလ်ာ့မႈက ကေလးအေပၚ အမ်ားႀကီး ထိခိုက္ေစၿပီျဖစ္သည္။

အံ့က်ဴး မြန္းၾကပ္စြာပင္ အခ်ိန္အေတာ္ၾကာေအာင္ ငိုေနမိသည္။သုံးႏွစ္သားေလးမွာတင္ သူ႕ကိုပစ္သြားခဲ့တဲ့ ေမေမက စိတ္ဒဏ္ရာေတြ အလူးအလဲခံစားရတယ္တဲ့။ေမေမ့ဒိုင္ယာရီစာအုပ္ေလးကို လူမွန္းသိတတ္စအ႐ြယ္ကတည္းက ခဏခဏဖတ္ေနခဲ့တဲ့ အံ့က်ဴးက  စာအုပ္ထဲက အေၾကာင္းအရာေတြကို အလြတ္ရလုနီးပါးျဖစ္ေနၿပီျဖစ္သည္။

“ကြၽန္ေတာ္တို႔ ေအးေဆး စကားေျပာၾကရေအာင္ ဦးဥာဏ္…”

“အံ့က်ဴး…”

လူဆိုးေကာင္ေလးက က်ဳပ္ဆိုတဲ့ ေနရာမွာ ကြၽန္ေတာ္ဆိုတဲ့ နာမ္စားကို အစားထိုးၿပီး အသုံးျပဳလာသည္။ဘုန္းဥာဏ္ရင္ထဲ ဆို႔တစ္မႈနဲ႔ အတူ ဆုံး႐ႈံးမႈတစ္ခုကိုပါ ခံစားလိုက္ရသည္။မမအေပၚ မေက်ႁပြန္ခဲ့သည့္ တာဝန္ေတြကို အံ့က်ဴးအေပၚ အတိုးခ်ၿပီး ေပးဆပ္ကာမွ ကေလးငယ္ဆီက နာက်ည္းမႈကိုပါ သူလက္ခံလိုက္ရၿပီထင္သည္။

“သား…”

“အဲ့လို မေခၚနဲ႔ က်ဳပ္နာမည္ အံ့က်ဴးမ်ိဳးႏြယ္”

“သားရယ္…”

အခါတိုင္းလို ႏႈတ္ဆက္ေဖာ္ေတာင္မရပဲ ထြက္သြားတဲ့ ေကာင္ေလးကို ၾကည့္ၿပီး ခန္႔ဘုန္းဥာဏ္ရင္ထဲ မြန္းၾကပ္လာသည္။ဒီေက်ာျပင္ေလးက ပထမအႀကိမ္ ဘုန္းဥာဏ္ကို ေက်ာခိုင္းသြားသည့္ ေက်ာျပင္က်ယ္ႀကီးနဲ႔ သိပ္ကို ဆင္တူေနပါသည္…။

So_So_Sophia (11.10.2022)
_______________________________________
ရင္ဘတ္ေတြ ၾကပ္တယ္…။ဒီအပိုင္းက ေက်ာ္ခြသြားလို႔မျဖစ္တဲ့ အပိုင္းမို႔ ေသခ်ာေလး ဖတ္ေပးေစခ်င္ပါတယ္။ဆိုဆိုက ဟက္ပီးအန္႔ဒင္းပဲ ေရးတတ္တယ္ဆိုတာကိုေတာ့ ယုံထားေပးပါ။

Tags: read novel My Possessive Of You 10, novel My Possessive Of You 10, read My Possessive Of You 10 online, My Possessive Of You 10 chapter, My Possessive Of You 10 high quality, My Possessive Of You 10 light novel, ,

Comment

Leave a Reply

Chapter 11