My Possessive Of You 11

All chapters are in My Possessive Of You
A+ A-

၀ူးးးးး!!

ခြံထဲကို ဝင်လာတဲ့ ဆိုင်ကယ်သံခပ်ပြင်းပြင်းကြောင့် ဖိုးနားမှာ စာဖတ်ပြနေရင်းကနေ လရောင်တွန့်သွားရသည်။ဖိုးကတော့ အသက်ကိုပြင်းပြင်းရှူသည်။ဒီရက်ပိုင်း အံ့ကျူးမျိုးနွယ်ရဲ့ လုပ်ရပ်တွေကို လရောင်လည်း နားမလည်နိုင်တော့ပါ။ဖေဖေနဲ့ စကားများပြီး နောက်ရက်ကတည်းက အိမ်ပြန်ချိန်တွေ နောက်ကျသည်။ဖေဖေအိမ်မှာရှိနေရင် ထင်သလောက်အိမ်မှာ မဆိုးတဲ့ အံ့ကျူးက အိမ်ပြန်ချိန်တွေနောက်ကျရုံတင်မကပဲ ဘီယာနံ့ခပ်ပြင်းပြင်းကိုပါ သူ့ဆီက ရတတ်သေးသည်။

ဒီနေ့တော့ နေ့လည် ဆယ့်တစ်နာရီတောင် မထိုးသေးခင် ဗြုန်းစားကြီး ရောက်ချလာတာမို့ လရောင်ရော ဖိုးပါ အံ့သြရသည်။အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံနဲ့အတူ ခြေသံခပ်ပြင်းပြင်းကိုပါ ကြားရသည်။ကောင်းသော အိမ်ပြန်ခြင်းမျိုးတော့ မဖြစ်နိုင်။

ဂျာကင်တစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲဝတ်တတ်တဲ့သူက စစ်ရောင်ဂျာကင်ကို လက်ကဆွဲပြီး ဖိနပ်တောင်မချွတ်ပဲ အိမ်ထဲကို ဝုန်းဒိုင်းကြဲဝင်လာသူက မေးရိုးတွေ ထင်းနေအောင် အံကြိတ်ထားပြီး အနည်းငယ်ဖရိုဖရဲနိုင်နေသည်။လရောင်တို့ထိုင်နေတဲ့ ဆိုဖာဆီကို မျက်လုံးတောင် ဝေ့မကြည့်ပဲ အိမ်ပေါ်ဝုန်းဒိုင်းကြဲ တက်သွားသူကြောင့် လရောင်ကိုယ်က အလိုက်တသိပင် ထရပ်မိသွားသည်။

“လရောင်လေး…”

ခြံထဲမှာ ပန်းပင်တွေကို နေရာချနေတဲ့ မမဆွေကလည်း အံ့ကျူးနောက် ခပ်ကွာကွာကနေ အိမ်ထဲဝင်လာသည်။ကြောက်နေသည်မဟုတ်သော်လည်း မမဆွေမျက်နှာမှာ ပူပနာစိုးရိမ်မှုတွေကို မြင်နေရသည်။

“မမဆွေ…”

“ကိုလေး အံ့ကျူး ငိုနေတယ်..”

“ဟင်”

အံ့သြမှုနဲ့အတူ လရောင်ခြေလှမ်းတွေက အိမ်ပေါ်ထပ် လှေကားဆီ ဦးတည်လိုက်သည်။’မိဆွေ လာအုန်း’ ဆိုပြီး ဖိုးက မမဆွေကို ခေါ်ပြီး စစ်မေးနေခဲ့လေရဲ့။

အခန်းရှေ့ရောက်နေတာတောင် အထဲမဝင်သေးပဲ တံခါးကိုမီပြီး လရောင် ခိုးနားထောင်ရင်း အားမွေးနေရသည်။ဘာတွေကများ ဒီလူဆိုးကောင်ကို ငိုလောက်စေခဲ့တာလဲ။မာကျောချင်ယောင်ဆောင်နေတဲ့ ကလေးက တော်ရုံတန်ရုံကိစ္စကို လူရှေ့သူရှေ့မှာ မျက်ရည်ကျနေမှာ မဟုတ်တာကြောင့် လရောင် ရင်ဘတ်ကြီး တဒုန်းဒုန်းဖြစ်နေရသည်။ဆိုးဆိုးဝါးဝါးကိစ္စတော့ မဖြစ်ပါစေနဲ့ ။

“အံ့ကျူး ငါဝင်လာခဲ့လို့ရလား”

အခန်းထဲက ဘာမှတုံ့ပြန်သံမကြားတာကြောင့် လရောင်အရဲစွန့်ပြီး တံခါးလက်ကိုင်ဘုကို လှည့်ကြည့်သည်။lock ချမထားတာကြောင့် ဝင်သွားလို့ရပေမယ့် လရောင်မဝင်မိ။

“အံ့ကျူး…ဘာဖြစ်လာတာလဲ ငါ့ကိုပြောပြလေကွာ”

အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှုကြောင့် လရောင်ငိုချင်လာသည်။တစ်ယောက်ထဲ မြိုသိပ်နေရတာ ဘယ်လောက်ပင်ပန်းလည်းဆိုတာ သူကိုယ်တိုင်နားလည်နေသောကြောင့်ဖြစ်သည်။

ကျွီ!

အံ့ကျူး အခန်းရှေ့မှာ အသံတိတ်ငိုနေတုန်း ဘေးကပ်ရက် လရောင်အခန်းက တံခါးပွင့်လာသည်။

“ဟင်”

တီရှပ်အဖြူရောင်ဝတ်ထားတဲ့ အံ့ကျူးက ရေချိုးခန်းဝင်ထားတာထင်သည်။မျက်နှာမှာ ရေစတွေရှိနေပြီး အင်္ကျီရင်ဘတ်တွေမှာလည်း အနည်းငယ်ရေစိုနေသည်။

“ဘာဖြစ်လို့ ငိုနေပြန်တာလဲ..။ ခင်များကို ဘယ်သူဆူလိုက်ပြန်ပြီလဲ”

“ဟင့်”

အံ့ကျူးဆီက ခပ်ကြိတ်ကြိတ်ဆူသံကို ကြားလိုက်တော့မှ သတိဝင်လာပြီး သူ့အနားပြေးကာ လက်မောင်းကို အသာထုရိုက်လိုက်သည်။ငိုနေတယ် ဆိုပြီး ရင်ထဲနင့်နေကာမှ သူက အပူပင်ကင်းစွာပင် လရောင်အခန်းထဲ ဝင်နေသေးသည်။မျက်လုံးတွေ ရဲနေပုံက မူမမှန်ဖြစ်နေပြီး လရောင်ကို သောကရောက်စေသည်။

“ဘာဖြစ်တာလဲ လရောင်သသ ကျုပ် စိတ်တွေ ကြည်မနေဘူးနော်”

အံကြိတ်ကာ ပြောသည့်အသံမှာ ဒေါသရိပ်တွေပါ ပါနေသည်မို့ သူ့အဆင်မပြေမှုကို လရောင် ပိုပြီး သိချင်လာရသည်။

“သိတယ်…ငါသိတယ်၊ သိတာမလို့ ငါ့ကို ပြောပြ အင့်”

အံ့ကျူး ငိုတယ်၊ ပင်ပန်းနေတယ်…စိတ်အဆင်မပြေဘူးဆိုကတည်းက လရောင် တုန်ရီနေရသည်။

“မပြောဘူး…မမေးနဲ့ ကျုပ်မဖြေချင်ဘူး”

ပြတ်သားလှတဲ့ အံ့ကျူးရဲ့ အဖြေတွေက လရောင်ရင်ကို ဂယက်ရိုက်စေသည်။သို့သော်လည်း အတင်းမေးနေရင် ‘လရောင်သသ ဆိုးတယ်’ ဆိုပြီး စိတ်ပျက်သွားမှာကြောင့် နည်းလမ်းပြောင်းဖို့သာ ကြိုးစားလိုက်ရသည်။

“အခန်းထဲ ဝင်ရအောင်၊ ခင်များ ငိုတာကြီးက ရုပ်ဆိုးတယ်”

ငိုတာနဲ့ အခန်းထဲဝင်တာနဲ့ မဆိုင်သလို တွေးမိတာကြောင့် ဝေ့ဝဲကြည့်လိုက်တော့ လှေကားဝမှာ ခေါင်းလေးပြူတစ်နေသော မမဆွေကို တွေ့လိုက်ရတာကြောင့် ဝမ်းနည်းနေတဲ့ကြားကနေ လရောင် ကြည်နူးမိသွားသည်။အံ့ကျူးမျိုးနွယ်ဆိုတာ လရောင်ငိုချင်ရင်တောင် သူ့ရှေ့မှာပဲ ငိုစေချင်တဲ့ လူမျိုး။

•••••

အတော်ကြာနေပြီ။လရောင်အခန်းထဲ ဝင်ပြီး
ဘာစကားမှ ဟုတ်တိပတ်တိမပြောသေးပဲ လရောင် အိပ်ရာပေါ်မှာထိုင်ပြီး ပြတင်းကနေတဆင့် ခြံထဲကိုငေးနေတာ အတော်ကြာနေပြီဖြစ်သည်။အံ့ကျူးတို့အိမ်က စတုရန်းလို ဟိုဘက်ဒီဘက်ညီနေတဲ့ အိမ်မဟုတ်ပဲ အခန်းတွေကို မျက်နှာချင်းဆိုင် အလျားလိုက် ကွန်ဒိုပုံသဏ္ဍာန်ဆောက်ထားခြင်းဖြစ်သည်။ဖိုးက လူကြီးမို့ တက်ရဆင်းရလွယ်အောင် အောက်ထပ်မှာပြောင်းနေသည်။ဖေဖေကလည်း အေးအေးဆေးဆေးနေတတ်သူမို့ အောက်ထပ်က အစွန်ဆုံးအခန်းနှစ်ခန်းကို ယူထားသည်။

ထို့ကြောင့် ဧည့်ဆောင်ခန်းတစ်ခန်းရယ်၊ အရေးကြီးမှတ်တမ်းတွေ ထားသော အခန်းတစ်ခန်းရယ် စာကြည့်ခန်းတစ်ခန်းရယ်၊အိပ်ခန်းနှစ်ခန်းရယ်ရှိသော အိမ်ပေါ်ထပ် တစ်ထပ်လုံးမှာ အံ့ကျူးနဲ့ လရောင်နှစ်ယောက်ထဲ ဖြစ်နေသည်။မမဆွေကလည်း အိမ်မှုကိစ္စတွေပြီးရင် ခြံထဲက သူ့အိမ်လေးမှာသာ သွားနေသည်။

တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ ဖိုးနဲ့ဖေဖေအပြင် အပေါ်ထပ်မှာရှိနေတဲ့ လရောင်ကလည်း ဘာမှလုပ်စရာမရှိ၊အံ့ကျူးကလည်း ဥာဥ့်နက်မှ ပြန်လာတတ်သေးတာမို့ အိမ်က ထင်သလောက်ပျော်စရာမကောင်းပေ။ဖွားဆုံးပြီးကတည်းက အိမ်ရဲ့ဆည်းလည်းက ပျောက်ဆုံးသွားတာဖြစ်သည်။တစ်လတစ်ခါ မမဇူးလာမှသာ အိမ်က လှုပ်လှုပ်ရှားရှားရှိတတ်သည်။

“အံ့ကျူး….ငါတို့က ဘာတွေလဲ”

အံ့ကျူးက မျက်ရည်ကြည်တွေစို့ကာ တွေတွေကြီး ငေးနေမြဲမို့ လရောင်နည်းလမ်းတစ်ခုထုတ်သုံးလိုက်ရသည်။

“ဘာတွေလဲလို့…”

စိတ်နဲ့လူနဲ့မကပ်သလိုလုပ်နေသူက လရောင်ကို မော့ပင်မကြည့်။ပုခုံးကို ကိုင်လှုပ်ပြီး မေးတော့ စိတ်ရှုပ်သလို ဘုကြည့်ကြည့်သည်။

“ကျစ် ….စိတ်ညစ်ရတဲ့ အထဲ”

လရောင်ရဲ့ လက်ကို ဖယ်ချပြီး အခန်းထဲက ထွက်သွားသူကို ကြည့်ကာ လရောင်မှာ စိတ်ဆိုးဖို့ပင် သတိမရတော့။ဝမ်းနည်းမှုနဲ့အတူ လစ်ဟာမှုက ရင်ထဲအလုံးအတစ်ပြည့်လာသည်။သိပ်မကြာသေးခင်ကမှ first date လို့ ပြောပြီး ကော်ဖီဆိုင်ကို ခေါ်သွားသူက သူမဟုတ်သလိုပင် ဖြစ်နေသည်။ချစ်သူရည်းစားဆိုတာ ပူဆွေးစရာရှိရင် မျှဝေလို့ရတယ်ဆိုတာ ရည်းစားပေါင်းသောင်းခြောက်ထောင် ထားဖူးသည့် ဒီကောင်လေး မသိပဲနေမှာတော့မဟုတ်။

••••••

ရင်ထဲမွန်းကျပ်လာတဲ့ စိတ်နဲ့အတူ ဒေါသတွေ တစ်ခုခုအပေါ် ပုံချချင်လာတာကြောင့် လရောင်သသ အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ချစ်ရသူရဲ့ ကိုယ်သင်းနံ့က စိတ်အေးချမ်းသာမှုကို လုံလုံလောက်လောက်ပေးစွမ်းနိုင်သည်ဆိုတာ တစ်စိတ်တစ်ပိုင်းတော့ မှန်ပေမယ့် ပူညံပူညံလုပ်တာကိုတော့ အံ့ကျူးမကြိုက်။လရောင်နေရာမှာ အခြားတစ်ယောက်သာဆိုရင် ပုခုံးကနေ ဆွဲဆောင့်ပစ်မိမလား မသိ။စိတ်တိုနေချိန် တတွတ်တွတ်လာပြောရင် အံ့ကျူးတကယ်မုန်းသည်။

အခန်းနံရံ ဖြူလွလွကို ငေးနေပေမယ့် အံ့ကျူးမျက်လုံးထဲမှာ ဖေဖေ့ဘယ်ဘက်လက်မောင်းတစ်ဖက်နဲ့ ဦးဥာဏ်ရဲ့ ပုံရိပ်က မျက်လုံးထဲက မထွက်။ဦးဥာဏ်က အံ့ကျူးငယ်ငယ်က ကိုင်ကြည့်ရင်တောင် မကြိုက်တဲ့ တက်တူးထိုးထားတဲ့ ဖေဖေ့ ဘယ်လက်မောင်းကို မှီတွယ်ခဲ့ဖူးလေရော့သလား။မဖြစ်နိုင်ဘူး လို့ ငြင်းဆန်မိပေမယ့် ဘာမှတုံ့ပြန်ချက်မရှိသည့် ဦးဥာဏ်မျက်ဝန်းတွေက အမှန်ပါပဲဆိုတာ ဝန်ခံနေသလို။

တကယ်လို့များ … ဒါဟာ စစ်မှန်နေခဲ့တယ်ဆိုရင်တောင် အံ့ကျူးက ဘာလုပ်ပေးနိုင်မှာတဲ့လဲ။

အဖြေက တစ်ခုပဲ ရှိသည်။ခွင့်လွှတ်လိုက်…ခွင့်လွှတ်ပေးလိုက်…။
မေမေက သူ့အကျိုးပေးနဲ့သူ သေဆုံးရတာ ဦးဥာဏ်ဆိုတာကလည်း ပိုင်ရှင်ရှိတဲ့ အမျိုးသားတစ်ယောက်ကို လုယူမယ့်သူမျိုးမဟုတ်တာကိုတော့ အကြွင်းမဲ့ယုံပေးနိုင်သည်။ဒါဆိုရင် ဖေဖေကရော…။
ဖေဖေ့သွေးတွေနဲ့ ဖြစ်တည်လာတဲ့ အံ့ကျူးက ဖေဖေ့အကြောင်းကို ကောင်းကောင်းသိသည်။လိုချင်ရင် ရအောင်ယူမယ့်လူမျိုး။

“သားလေး…”

“မေမေ ခစ်ခစ် ရီ..ရီ”

အဲဒီနေ့ကို အံ့ကျူးကောင်းကောင်းမှတ်မိသည်။မေမေက သူ့ကိုကြည့်ပြီး မျက်ရည်တွေနဲ့ ရယ်နေခဲ့တာ။နေ့တိုင်းနီးပါး ပြုံးနေတတ်တဲ့ မေမေက အဲ့နေ့က ငိုရင်းပြုံးနေခဲ့တယ်။

အံ့ကျူးကလွဲပြီး အခြားဘယ်သူ့ကိုမှ သူ့အနားအကပ်မခံတဲ့မေမေက အံ့ကျူးရယ်ပြတော့ ကြောက်လန့်ဖွယ်ကောင်းအောင် အော်ဟစ်ပြီး ရယ်မောတုန့်ပြန်သည်။’သားသားလေး ဒီကိုလာ..’ ဆိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ အသံကိုတုန်ရီစွာ ကြားရပေမယ့် ကြောက်ရကောင်းမှန်းမသိပဲ မေမေ့ကိုကြည့်ပြီး ငိုချမိသည်။မှတ်မှတ်ရရ မေမေ့ကို အခန်းတစ်ခုထဲ ပိတ်သွင်းလိုက်ပြီးကတည်းက ဒီနေ့အထိ မမြင်ခဲ့ရတော့တာဖြစ်သည်။

ဖိုးပြောတာကတော့ မေမေက ဆုံးပြီတဲ့။မေမေရှိနေတယ်ဆိုပြီး အုတ်ဂူဖြူလွလွတစ်လုံးဆီကို တစ်ခါတစ်ရံ ဖိုးက ခေါ်သွားလေ့ရှိတယ်။ဖေဖေကတော့ မေမေ့ဆီကို သွားလား မသွားလား အံ့ကျူးမသိ။သေချာတာတော့ ဖေဖေ့မှာ အချိန်တွေပေါမနေဘူး ဆိုသည့် အကြောင်းပြချက်တစ်ခုပဲ ရှိနေမှာပင်။

ဖေဖေနဲ့ ဦးဥာဏ်ကို တိုက်ရိုက်မေးကြည့်ချင်သည်။မေမေ့ကို နှစ်ယောက်ပေါင်းပြီး သေစေခဲ့တာ မဟုတ်ဘူးမလားဆိုတာ။စိတ်ရဲ့ ဥာဏ်က ကွန့်လာတာနဲ့အတူ အံ့ကျူးရဲ့ ဦးနှောက်ဆဲလ်တွေကလည်း လှုပ်ရှားလာသည်။ဟုတ်သည်၊ ဖေဖေရယ် ဦးဥာဏ်ရယ်ကို အံ့ကျူးရှေ့မှာ ပေးတွေ့စေချင်သည်။

“ဟယ်လို…”

*သား…ဦးဥာဏ်ကို စိတ်မနာဘူးမလားဟင်၊ဦးဥာဏ် ရှင်းပြမယ်*

“ကျုပ်တို့ Lavender မှာတွေ့ရအောင်”

*ဟုတ်ပြီ သား…ဘယ်အချိန်လောက်လဲဟင်*

“ဖေဖေအလုပ်က ပြန်လာမယ့်အချိန် ညနေ ငါးနာရီ”

လိုရင်းကိုပြောပြီးပဲ အံ့ကျူးဖုန်းချလိုက်သည်။အခုချိန် ဘယ်သူ့ကို စိတ်နာရမလဲ မသိပေမယ့် ကာယကံရှင်တွေအပေါ် အံ့ကျူး စိတ်မကြည်နိုင်သေး။ ချိုချိုပျစ်ပျစ်နဲ့ အပိုစကားတွေပြောနေဖို့လည်း နဂိုထဲက ဝါသနာမပါတာကြောင့်လည်း ဖြစ်မည်။

_: ပြန်လာရင် Lavender မှာ စကားပြောကြရအောင်ဖေဖေ

ဖေဖေ့ဆီကို message တစ်စောင်ပို့လိုက်ပြီး အံ့ကျူး ရေချိုးခန်းထဲ ဝင်လိုက်သည်။နောက်ကျိနေတဲ့ ခေါင်းကို အချိန်ပေးပြီး ရေစိမ်ထားလိုက်သည်။ ရင်ထဲမတင်မကျဖြစ်နေတာတွေ သိရပြီးရင်တော့ အနည်းငယ်ရှင်းသွားလောက်ပါရဲ့။

“ဟင်”

အံ့ကျူးမျိုးနွယ် အုပ်ထိန်းသူရဲ့ ကုမ္ပဏီနဲ့ မနီးမဝေးမှာ ရှိတဲ့ Lavender cafe ဆိုင်ကို သားအံ့ကျူး ချိန်းထားသဖြင့် ခန့်ဘုန်းဥာဏ်အမှုသည်တစ်ချို့ကို အချိန်ရွှေ့ဆိုင်းထားခဲ့ရသည်။မနက်က မြင်သွားတဲ့ အခြေအနေကို သားငယ်လေး စိတ်ထိခိုက်နေမှာ သိသည်။ကောင်လေးက အပြင်ပန်းမာကျောချင်ယောင်ဆောင်သလောက် မေတ္တာတောင့်တနေတဲ့ ကလေးတစ်ယောက်သာသာဆိုတာ လူအများကြီးနဲ့ ဆက်ဆံနေရတဲ့ ခန့်ဘုန်းဥာဏ်က ကောင်းကောင်းနာလည်သည်။

အံ့ကျူး message ပို့ပေးထားသော ဆိုင်၏ private room ထဲ ဝင်လိုက်တော့ ကောင်လေး၏ အုပ်ထိန်းသူကို မြင်လိုက်ရ၍ ဘုန်းဥာဏ်ဆွံ့အသွားရသည်။ ဘယ်လောက်ပဲ သွေးအေးပါပြီပြောပြော ချစ်ဦးသူနဲ့ ဆုံရရင်ဖြင့် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာကနေတောင် ထကြွနေသည် ထင်ရသည်။
ကျွန်တော် ဒီခံစားချက်ကြီးကို လိပ်ပြာမလုံဘူး ကိုဇော်ရယ်….။

အုပ်ထိန်းသူက ဘုန်းဥာဏ်ကိုမြင်တော့ မျက်လုံးအကြည့်တွေ မငြိမ်မသက်ဖြစ်သွားပြီး အတန်ကြာမှ ခါးကိုမတ်ကာ အသက်ကိုရှူထုတ်သည်။

“အဟမ်း…လာလေ ခန့်ဘုန်းဥာဏ်”

“ဟုတ်ကဲ့ အံ့ကျူးမျိုးနွယ် ချိန်းထားလို့ပါ ဦးခင်ဇော်မျိုးနွယ်”

အုပ်ထိန်းသူက မတ်တပ်ရပ်ပြီး သူ့မျက်နှာချင်းဆိုင်က ခုံကို လက်ညှိုးညွှန်ပြသည်။မျက်နှာက အနည်းငယ်နွမ်းလျနေပြီး နားထင်တွေ အနည်းငယ်ချောင်ကျသွားသူက အလုပ်ပင်ပန်း၍ ဖြစ်လိမ့်မည်။ ဘာမှပင်ပင်ပန်းပန်းမလုပ်ရင်တောင် အေးအေးသက်သာ ထိုင်ဖြုန်းနေလောက်တဲ့ လူက အလုပ်တွေဖိလုပ်နေတာ တစ်ခုခုကို မေ့ဖို့ ကြိုးစားတာတော့ မဟုတ်တန်ကောင်းပါရဲ့။

ထိုင်ခုံမှာ ဝင်ထိုင်ပြီး ပြုံးပြလိုက်တော့ မချိပြုံး,ပြန်ပြုံးပြရှာသည်။စိတ်ထဲမှာ ဟန်ဆောင်ကောင်းလိုက်တာ ဥာဏ်ရယ် လို့များ ပြောနေအုန်းမလား မသိ။

“တအားပိန်သွားတယ်…”

“….”

အုပ်ထိန်းသူဆီက တုံ့ပြန်သံကို မကြားရ။notebook ပေါ်မှာ ပြေးလွှားနေတဲ့ လက်တွေ ရပ်သွားပုံအရ သူ့စကားကို အုပ်ထိန်းသူလည်း နားထောင်နေခဲ့တာပဲ။

“တစ်ခုခုကို မေ့ဖို့ ကြိုးစားနေရတဲ့ အချိန်ဆိုရင် ပိုသိသာတယ်”

“အင်း…ကြိုးစားနေခဲ့ရတာ နှစ်ဆယ့်သုံးနှစ်ပြည့်တော့မယ်လေ၊ ခုထိလည်း မအောင်မြင်သေးပါဘူး”

“ကြိုးစားပြီး မေ့ကြည့်ပေးပါ…ကျွန်တော် ဒုတိယအကြိမ် အမှားတစ်ခုကို မဖြတ်သန်းချင်တော့ဘူး”

နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ပြီး ပြောလိုက်တော့ ကိုဇော့် လည်ဇလုပ်က သိသိသာသာ လှုပ်ခတ်သွားသည်။

“ဒီအတိုင်းလေးပဲ နေပေးလို့မရဘူးလား တစ်သက်လုံး ဖြစ်တည်မှုလေးကို ဒီအတိုင်းငေးကြည့်နေခွင့်တောင် မရှိတော့ဘူးလား”

“ကျွန်တော် အိမ်ထောင်ပြုတော့မယ်”

အပေါ်နှုတ်ခမ်းကို ဖိကိုက်လိုက်တဲ့ ကိုဇော့်မျက်နှာမှာ အံ့ဩတုန်လှုပ်မှုက အထင်းသား။လောလောလတ်လတ် ဆုံးဖြတ်ချက်ကို ချက်
ချင်းပင် ဖွင့်ဟလိုက်မိသည်။ ဖြတ်သန်းခဲ့ဖူးပြီးသားမို့ နာကျည်းခြင်းရဲ့ ခံစားချက်ကို ဘုန်းဥာဏ်ကောင်းကောင်းနားလည်သည်။ထို့အတူပင် သားရဲ့ ခံစားချက်ကိုလည်း ဘုန်းဥာဏ်ကောင်းကောင်းသိသည်။သူ့ဖခင်နဲ့ ကိုယ့်ကို တွေ့ပေးစေကတည်းက သားရဲ့ မမျှော်လင့်ရဲသော ခံစားချက်ကို နားလည်သည်။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုသာ လုပ်သင့်သည်လေ။

“ကိုယ့်မှာ အခွင့်အရေးမရှိတော့ဘူးလား”

“အရင်က ကိစ္စတွေကို သား တစ်စွန်းတစ်စသိသွားပြီ ကိုဇော်၊ သားမေမေကျွန်တော့်ဘဝထဲက ထွက်သွားတဲ့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် နောင်တရလို့မဆုံးသေးဘူး၊ မမမျိုးဆက် ကိုဇော့်ရင်သွေးကိုတော့ ကျွန်တော်ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး ဒီစကားတွေကို သားလည်းနားထောင်နေတယ်ဆိုတာ သိတယ်…ကျွန်တော်တို့ ဖြစ်သင့်တာကိုပဲ ရှေ့ဆက်ကြရအောင်”

အခန်းထောင့်က camera လေးကို ကြည့်ပြီး ဘုန်းဥာဏ် ပြုံးပြလိုက်သည်။ကိုဇော်ကတော့ အသက်ကို ခပ်ပြင်းပြင်းရှူပြီး စိတ်လှုပ်ရှားမှုကို ပြနေပြီဖြစ်သည်။

“ဥာဏ်…ကိုယ် အကြာကြီး စောင့်နေခဲ့တာ”

“နေသားကျနေပြီးသား အတိတ်ကိုမတူးဆွပဲ နေရအောင် ကိုဇော်…။ ဒီစကားတွေ ကျွန်တော် ပြောနေရတာကလည်း မနေ့က ကျွန်တော့်ပေါ့လျော့မှုကြောင့်ပါပဲ”

မျက်ရည်စတွေ ဝေ့သီနေတဲ့ ညှို့အားပြင်းပြင်း မျက်ဝန်းတစ်စုံကို ရင်မဆိုင်လိုတော့တာကြောင့် ဘုန်းဥာဏ်ကျောခိုင်းလိုက်သည်။

“ကိုယ်က…ဘယ်တော့မှ လက်မလျှော့တတ်ဘူးဆိုတာကိုတော့ ဥာဏ်သိထားပေးပါ”

တံခါးလက်ကိုင်ဘုကို အုပ်ကိုင်လိုက်တော့ နောက်က ကြားလိုက်ရတဲ့ ကိုဇော့်အသံပြင်းရှရှ။မျက်ခမ်းစပ်တွေနီရဲနေပြီး လက်သီးဆုပ်ကျစ်ကျစ်တွေက ဘုန်းဥာဏ်အသဲကို နာကျင်စေသည်။ကျလုလုမျက်ရည်ကို ထိန်းပြီး အပြုံးတု တစ်ခုဖန်ဆင်းလိုက်သည်။ကိုဇော်ပြောသလိုပဲ ကျွန်တော်က ဟန်ဆောင်ကောင်းလိုက်တာ…။

“အရာအားလုံးထက် သားကို…ပိုချစ်ပေးလိုက်ပါ ကိုဇော်”

________________________________________
So_So_Sophia(14.10.2022)

Plot အတိုင်းပဲ သွားမှာမလို့ စိတ်ရှည်ပေးကြပါအုန်းနော်။နေမကောင်းတဲ့အချိန်  ဒီအပိုင်းတွေရေးရတော့ တကယ်အဆင်မပြေဘူးရယ်။

ဝူးးးးး!!

ျခံထဲကို ဝင္လာတဲ့ ဆိုင္ကယ္သံခပ္ျပင္းျပင္းေၾကာင့္ ဖိုးနားမွာ စာဖတ္ျပေနရင္းကေန လေရာင္တြန္႔သြားရသည္။ဖိုးကေတာ့ အသက္ကိုျပင္းျပင္း႐ွဴသည္။ဒီရက္ပိုင္း အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ လုပ္ရပ္ေတြကို လေရာင္လည္း နားမလည္ႏိုင္ေတာ့ပါ။ေဖေဖနဲ႔ စကားမ်ားၿပီး ေနာက္ရက္ကတည္းက အိမ္ျပန္ခ်ိန္ေတြ ေနာက္က်သည္။ေဖေဖအိမ္မွာ႐ွိေနရင္ ထင္သေလာက္အိမ္မွာ မဆိုးတဲ့ အံ့က်ဴးက အိမ္ျပန္ခ်ိန္ေတြေနာက္က်႐ုံတင္မကပဲ ဘီယာနံ႔ခပ္ျပင္းျပင္းကိုပါ သူ႕ဆီက ရတတ္ေသးသည္။

ဒီေန႔ေတာ့ ေန႔လည္ ဆယ့္တစ္နာရီေတာင္ မထိုးေသးခင္ ျဗဳန္းစားႀကီး ေရာက္ခ်လာတာမို႔ လေရာင္ေရာ ဖိုးပါ အံ့ၾသရသည္။အိမ္ေ႐ွ႕မွာ ဆိုင္ကယ္ရပ္သံနဲ႔အတူ ေျခသံခပ္ျပင္းျပင္းကိုပါ ၾကားရသည္။ေကာင္းေသာ အိမ္ျပန္ျခင္းမ်ိဳးေတာ့ မျဖစ္ႏိုင္။

ဂ်ာကင္တစ္မ်ိဳးတည္းကိုပဲ စြဲစြဲၿမဲၿမဲဝတ္တတ္တဲ့သူက စစ္ေရာင္ဂ်ာကင္ကို လက္ကဆြဲၿပီး ဖိနပ္ေတာင္မခြၽတ္ပဲ အိမ္ထဲကို ဝုန္းဒိုင္းႀကဲဝင္လာသူက ေမး႐ိုးေတြ ထင္းေနေအာင္ အံႀကိတ္ထားၿပီး အနည္းငယ္ဖ႐ိုဖရဲႏိုင္ေနသည္။လေရာင္တို႔ထိုင္ေနတဲ့ ဆိုဖာဆီကို မ်က္လုံးေတာင္ ေဝ့မၾကည့္ပဲ အိမ္ေပၚဝုန္းဒိုင္းႀကဲ တက္သြားသူေၾကာင့္ လေရာင္ကိုယ္က အလိုက္တသိပင္ ထရပ္မိသြားသည္။

“လေရာင္ေလး…”

ျခံထဲမွာ ပန္းပင္ေတြကို ေနရာခ်ေနတဲ့ မမေဆြကလည္း အံ့က်ဴးေနာက္ ခပ္ကြာကြာကေန အိမ္ထဲဝင္လာသည္။ေၾကာက္ေနသည္မဟုတ္ေသာ္လည္း မမေဆြမ်က္ႏွာမွာ ပူပနာစိုးရိမ္မႈေတြကို ျမင္ေနရသည္။

“မမေဆြ…”

“ကိုေလး အံ့က်ဴး ငိုေနတယ္..”

“ဟင္”

အံ့ၾသမႈနဲ႔အတူ လေရာင္ေျခလွမ္းေတြက အိမ္ေပၚထပ္ ေလွကားဆီ ဦးတည္လိုက္သည္။’မိေဆြ လာအုန္း’ ဆိုၿပီး ဖိုးက မမေဆြကို ေခၚၿပီး စစ္ေမးေနခဲ့ေလရဲ႕။

အခန္းေ႐ွ႕ေရာက္ေနတာေတာင္ အထဲမဝင္ေသးပဲ တံခါးကိုမီၿပီး လေရာင္ ခိုးနားေထာင္ရင္း အားေမြးေနရသည္။ဘာေတြကမ်ား ဒီလူဆိုးေကာင္ကို ငိုေလာက္ေစခဲ့တာလဲ။မာေက်ာခ်င္ေယာင္ေဆာင္ေနတဲ့ ကေလးက ေတာ္႐ုံတန္႐ုံကိစၥကို လူေ႐ွ႕သူေ႐ွ႕မွာ မ်က္ရည္က်ေနမွာ မဟုတ္တာေၾကာင့္ လေရာင္ ရင္ဘတ္ႀကီး တဒုန္းဒုန္းျဖစ္ေနရသည္။ဆိုးဆိုးဝါးဝါးကိစၥေတာ့ မျဖစ္ပါေစနဲ႔ ။

“အံ့က်ဴး ငါဝင္လာခဲ့လို႔ရလား”

အခန္းထဲက ဘာမွတုံ႔ျပန္သံမၾကားတာေၾကာင့္ လေရာင္အရဲစြန္႔ၿပီး တံခါးလက္ကိုင္ဘုကို လွည့္ၾကည့္သည္။lock ခ်မထားတာေၾကာင့္ ဝင္သြားလို႔ရေပမယ့္ လေရာင္မဝင္မိ။

“အံ့က်ဴး…ဘာျဖစ္လာတာလဲ ငါ့ကိုေျပာျပေလကြာ”

အခ်ိန္အေတာ္ၾကာသည္အထိ တုံ႔ျပန္မႈေၾကာင့္ လေရာင္ငိုခ်င္လာသည္။တစ္ေယာက္ထဲ ၿမိဳသိပ္ေနရတာ ဘယ္ေလာက္ပင္ပန္းလည္းဆိုတာ သူကိုယ္တိုင္နားလည္ေနေသာေၾကာင့္ျဖစ္သည္။

ကြၽီ!

အံ့က်ဴး အခန္းေ႐ွ႕မွာ အသံတိတ္ငိုေနတုန္း ေဘးကပ္ရက္ လေရာင္အခန္းက တံခါးပြင့္လာသည္။

“ဟင္”

တီ႐ွပ္အျဖဴေရာင္ဝတ္ထားတဲ့ အံ့က်ဴးက ေရခ်ိဳးခန္းဝင္ထားတာထင္သည္။မ်က္ႏွာမွာ ေရစေတြ႐ွိေနၿပီး အက်ႌရင္ဘတ္ေတြမွာလည္း အနည္းငယ္ေရစိုေနသည္။

“ဘာျဖစ္လို႔ ငိုေနျပန္တာလဲ..။ ခင္မ်ားကို ဘယ္သူဆူလိုက္ျပန္ၿပီလဲ”

“ဟင့္”

အံ့က်ဴးဆီက ခပ္ႀကိတ္ႀကိတ္ဆူသံကို ၾကားလိုက္ေတာ့မွ သတိဝင္လာၿပီး သူ႕အနားေျပးကာ လက္ေမာင္းကို အသာထု႐ိုက္လိုက္သည္။ငိုေနတယ္ ဆိုၿပီး ရင္ထဲနင့္ေနကာမွ သူက အပူပင္ကင္းစြာပင္ လေရာင္အခန္းထဲ ဝင္ေနေသးသည္။မ်က္လုံးေတြ ရဲေနပုံက မူမမွန္ျဖစ္ေနၿပီး လေရာင္ကို ေသာကေရာက္ေစသည္။

“ဘာျဖစ္တာလဲ လေရာင္သသ က်ဳပ္ စိတ္ေတြ ၾကည္မေနဘူးေနာ္”

အံႀကိတ္ကာ ေျပာသည့္အသံမွာ ေဒါသရိပ္ေတြပါ ပါေနသည္မို႔ သူ႕အဆင္မေျပမႈကို လေရာင္ ပိုၿပီး သိခ်င္လာရသည္။

“သိတယ္…ငါသိတယ္၊ သိတာမလို႔ ငါ့ကို ေျပာျပ အင့္”

အံ့က်ဴး ငိုတယ္၊ ပင္ပန္းေနတယ္…စိတ္အဆင္မေျပဘူးဆိုကတည္းက လေရာင္ တုန္ရီေနရသည္။

“မေျပာဘူး…မေမးနဲ႔ က်ဳပ္မေျဖခ်င္ဘူး”

ျပတ္သားလွတဲ့ အံ့က်ဴးရဲ႕ အေျဖေတြက လေရာင္ရင္ကို ဂယက္႐ိုက္ေစသည္။သို႔ေသာ္လည္း အတင္းေမးေနရင္ ‘လေရာင္သသ ဆိုးတယ္’ ဆိုၿပီး စိတ္ပ်က္သြားမွာေၾကာင့္ နည္းလမ္းေျပာင္းဖို႔သာ ႀကိဳးစားလိုက္ရသည္။

“အခန္းထဲ ဝင္ရေအာင္၊ ခင္မ်ား ငိုတာႀကီးက ႐ုပ္ဆိုးတယ္”

ငိုတာနဲ႔ အခန္းထဲဝင္တာနဲ႔ မဆိုင္သလို ေတြးမိတာေၾကာင့္ ေဝ့ဝဲၾကည့္လိုက္ေတာ့ ေလွကားဝမွာ ေခါင္းေလးျပဴတစ္ေနေသာ မမေဆြကို ေတြ႕လိုက္ရတာေၾကာင့္ ဝမ္းနည္းေနတဲ့ၾကားကေန လေရာင္ ၾကည္ႏူးမိသြားသည္။အံ့က်ဴးမ်ိဳးႏြယ္ဆိုတာ လေရာင္ငိုခ်င္ရင္ေတာင္ သူ႕ေ႐ွ႕မွာပဲ ငိုေစခ်င္တဲ့ လူမ်ိဳး။

•••••

အေတာ္ၾကာေနၿပီ။လေရာင္အခန္းထဲ ဝင္ၿပီး
ဘာစကားမွ ဟုတ္တိပတ္တိမေျပာေသးပဲ လေရာင္ အိပ္ရာေပၚမွာထိုင္ၿပီး ျပတင္းကေနတဆင့္ ျခံထဲကိုေငးေနတာ အေတာ္ၾကာေနၿပီျဖစ္သည္။အံ့က်ဴးတို႔အိမ္က စတုရန္းလို ဟိုဘက္ဒီဘက္ညီေနတဲ့ အိမ္မဟုတ္ပဲ အခန္းေတြကို မ်က္ႏွာခ်င္းဆိုင္ အလ်ားလိုက္ ကြန္ဒိုပုံသ႑ာန္ေဆာက္ထားျခင္းျဖစ္သည္။ဖိုးက လူႀကီးမို႔ တက္ရဆင္းရလြယ္ေအာင္ ေအာက္ထပ္မွာေျပာင္းေနသည္။ေဖေဖကလည္း ေအးေအးေဆးေဆးေနတတ္သူမို႔ ေအာက္ထပ္က အစြန္ဆုံးအခန္းႏွစ္ခန္းကို ယူထားသည္။

ထို႔ေၾကာင့္ ဧည့္ေဆာင္ခန္းတစ္ခန္းရယ္၊ အေရးႀကီးမွတ္တမ္းေတြ ထားေသာ အခန္းတစ္ခန္းရယ္ စာၾကည့္ခန္းတစ္ခန္းရယ္၊အိပ္ခန္းႏွစ္ခန္းရယ္႐ွိေသာ အိမ္ေပၚထပ္ တစ္ထပ္လုံးမွာ အံ့က်ဴးနဲ႔ လေရာင္ႏွစ္ေယာက္ထဲ ျဖစ္ေနသည္။မမေဆြကလည္း အိမ္မႈကိစၥေတြၿပီးရင္ ျခံထဲက သူ႕အိမ္ေလးမွာသာ သြားေနသည္။

တိတ္တိတ္ဆိတ္ဆိတ္ေနတတ္တဲ့ ဖိုးနဲ႔ေဖေဖအျပင္ အေပၚထပ္မွာ႐ွိေနတဲ့ လေရာင္ကလည္း ဘာမွလုပ္စရာမ႐ွိ၊အံ့က်ဴးကလည္း ဥာဥ့္နက္မွ ျပန္လာတတ္ေသးတာမို႔ အိမ္က ထင္သေလာက္ေပ်ာ္စရာမေကာင္းေပ။ဖြားဆုံးၿပီးကတည္းက အိမ္ရဲ႕ဆည္းလည္းက ေပ်ာက္ဆုံးသြားတာျဖစ္သည္။တစ္လတစ္ခါ မမဇူးလာမွသာ အိမ္က လႈပ္လႈပ္႐ွား႐ွား႐ွိတတ္သည္။

“အံ့က်ဴး….ငါတို႔က ဘာေတြလဲ”

အံ့က်ဴးက မ်က္ရည္ၾကည္ေတြစို႔ကာ ေတြေတြႀကီး ေငးေနၿမဲမို႔ လေရာင္နည္းလမ္းတစ္ခုထုတ္သုံးလိုက္ရသည္။

“ဘာေတြလဲလို႔…”

စိတ္နဲ႔လူနဲ႔မကပ္သလိုလုပ္ေနသူက လေရာင္ကို ေမာ့ပင္မၾကည့္။ပုခုံးကို ကိုင္လႈပ္ၿပီး ေမးေတာ့ စိတ္႐ႈပ္သလို ဘုၾကည့္ၾကည့္သည္။

“က်စ္ ….စိတ္ညစ္ရတဲ့ အထဲ”

လေရာင္ရဲ႕ လက္ကို ဖယ္ခ်ၿပီး အခန္းထဲက ထြက္သြားသူကို ၾကည့္ကာ လေရာင္မွာ စိတ္ဆိုးဖို႔ပင္ သတိမရေတာ့။ဝမ္းနည္းမႈနဲ႔အတူ လစ္ဟာမႈက ရင္ထဲအလုံးအတစ္ျပည့္လာသည္။သိပ္မၾကာေသးခင္ကမွ first date လို႔ ေျပာၿပီး ေကာ္ဖီဆိုင္ကို ေခၚသြားသူက သူမဟုတ္သလိုပင္ ျဖစ္ေနသည္။ခ်စ္သူရည္းစားဆိုတာ ပူေဆြးစရာ႐ွိရင္ မွ်ေဝလို႔ရတယ္ဆိုတာ ရည္းစားေပါင္းေသာင္းေျခာက္ေထာင္ ထားဖူးသည့္ ဒီေကာင္ေလး မသိပဲေနမွာေတာ့မဟုတ္။

••••••

ရင္ထဲမြန္းက်ပ္လာတဲ့ စိတ္နဲ႔အတူ ေဒါသေတြ တစ္ခုခုအေပၚ ပုံခ်ခ်င္လာတာေၾကာင့္ လေရာင္သသ အခန္းထဲကေန ထြက္လာခဲ့လိုက္သည္။ခ်စ္ရသူရဲ႕ ကိုယ္သင္းနံ႔က စိတ္ေအးခ်မ္းသာမႈကို လုံလုံေလာက္ေလာက္ေပးစြမ္းႏိုင္သည္ဆိုတာ တစ္စိတ္တစ္ပိုင္းေတာ့ မွန္ေပမယ့္ ပူညံပူညံလုပ္တာကိုေတာ့ အံ့က်ဴးမႀကိဳက္။လေရာင္ေနရာမွာ အျခားတစ္ေယာက္သာဆိုရင္ ပုခုံးကေန ဆြဲေဆာင့္ပစ္မိမလား မသိ။စိတ္တိုေနခ်ိန္ တတြတ္တြတ္လာေျပာရင္ အံ့က်ဴးတကယ္မုန္းသည္။

အခန္းနံရံ ျဖဴလြလြကို ေငးေနေပမယ့္ အံ့က်ဴးမ်က္လုံးထဲမွာ ေဖေဖ့ဘယ္ဘက္လက္ေမာင္းတစ္ဖက္နဲ႔ ဦးဥာဏ္ရဲ႕ ပုံရိပ္က မ်က္လုံးထဲက မထြက္။ဦးဥာဏ္က အံ့က်ဴးငယ္ငယ္က ကိုင္ၾကည့္ရင္ေတာင္ မႀကိဳက္တဲ့ တက္တူးထိုးထားတဲ့ ေဖေဖ့ ဘယ္လက္ေမာင္းကို မွီတြယ္ခဲ့ဖူးေလေရာ့သလား။မျဖစ္ႏိုင္ဘူး လို႔ ျငင္းဆန္မိေပမယ့္ ဘာမွတုံ႔ျပန္ခ်က္မ႐ွိသည့္ ဦးဥာဏ္မ်က္ဝန္းေတြက အမွန္ပါပဲဆိုတာ ဝန္ခံေနသလို။

တကယ္လို႔မ်ား … ဒါဟာ စစ္မွန္ေနခဲ့တယ္ဆိုရင္ေတာင္ အံ့က်ဴးက ဘာလုပ္ေပးႏိုင္မွာတဲ့လဲ။

အေျဖက တစ္ခုပဲ ႐ွိသည္။ခြင့္လႊတ္လိုက္…ခြင့္လႊတ္ေပးလိုက္…။
ေမေမက သူ႕အက်ိဳးေပးနဲ႔သူ ေသဆုံးရတာ ဦးဥာဏ္ဆိုတာကလည္း ပိုင္႐ွင္႐ွိတဲ့ အမ်ိဳးသားတစ္ေယာက္ကို လုယူမယ့္သူမ်ိဳးမဟုတ္တာကိုေတာ့ အႂကြင္းမဲ့ယုံေပးႏိုင္သည္။ဒါဆိုရင္ ေဖေဖကေရာ…။
ေဖေဖ့ေသြးေတြနဲ႔ ျဖစ္တည္လာတဲ့ အံ့က်ဴးက ေဖေဖ့အေၾကာင္းကို ေကာင္းေကာင္းသိသည္။လိုခ်င္ရင္ ရေအာင္ယူမယ့္လူမ်ိဳး။

“သားေလး…”

“ေမေမ ခစ္ခစ္ ရီ..ရီ”

အဲဒီေန႔ကို အံ့က်ဴးေကာင္းေကာင္းမွတ္မိသည္။ေမေမက သူ႕ကိုၾကည့္ၿပီး မ်က္ရည္ေတြနဲ႔ ရယ္ေနခဲ့တာ။ေန႔တိုင္းနီးပါး ျပဳံးေနတတ္တဲ့ ေမေမက အဲ့ေန႔က ငိုရင္းျပဳံးေနခဲ့တယ္။

အံ့က်ဴးကလြဲၿပီး အျခားဘယ္သူ႕ကိုမွ သူ႕အနားအကပ္မခံတဲ့ေမေမက အံ့က်ဴးရယ္ျပေတာ့ ေၾကာက္လန္႔ဖြယ္ေကာင္းေအာင္ ေအာ္ဟစ္ၿပီး ရယ္ေမာတုန္႔ျပန္သည္။’သားသားေလး ဒီကိုလာ..’ ဆိုတဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ အသံကိုတုန္ရီစြာ ၾကားရေပမယ့္ ေၾကာက္ရေကာင္းမွန္းမသိပဲ ေမေမ့ကိုၾကည့္ၿပီး ငိုခ်မိသည္။မွတ္မွတ္ရရ ေမေမ့ကို အခန္းတစ္ခုထဲ ပိတ္သြင္းလိုက္ၿပီးကတည္းက ဒီေန႔အထိ မျမင္ခဲ့ရေတာ့တာျဖစ္သည္။

ဖိုးေျပာတာကေတာ့ ေမေမက ဆုံးၿပီတဲ့။ေမေမ႐ွိေနတယ္ဆိုၿပီး အုတ္ဂူျဖဴလြလြတစ္လုံးဆီကို တစ္ခါတစ္ရံ ဖိုးက ေခၚသြားေလ့႐ွိတယ္။ေဖေဖကေတာ့ ေမေမ့ဆီကို သြားလား မသြားလား အံ့က်ဴးမသိ။ေသခ်ာတာေတာ့ ေဖေဖ့မွာ အခ်ိန္ေတြေပါမေနဘူး ဆိုသည့္ အေၾကာင္းျပခ်က္တစ္ခုပဲ ႐ွိေနမွာပင္။

ေဖေဖနဲ႔ ဦးဥာဏ္ကို တိုက္႐ိုက္ေမးၾကည့္ခ်င္သည္။ေမေမ့ကို ႏွစ္ေယာက္ေပါင္းၿပီး ေသေစခဲ့တာ မဟုတ္ဘူးမလားဆိုတာ။စိတ္ရဲ႕ ဥာဏ္က ကြန္႔လာတာနဲ႔အတူ အံ့က်ဴးရဲ႕ ဦးေႏွာက္ဆဲလ္ေတြကလည္း လႈပ္႐ွားလာသည္။ဟုတ္သည္၊ ေဖေဖရယ္ ဦးဥာဏ္ရယ္ကို အံ့က်ဴးေ႐ွ႕မွာ ေပးေတြ႕ေစခ်င္သည္။

“ဟယ္လို…”

*သား…ဦးဥာဏ္ကို စိတ္မနာဘူးမလားဟင္၊ဦးဥာဏ္ ႐ွင္းျပမယ္*

“က်ဳပ္တို႔ Lavender မွာေတြ႕ရေအာင္”

*ဟုတ္ၿပီ သား…ဘယ္အခ်ိန္ေလာက္လဲဟင္*

“ေဖေဖအလုပ္က ျပန္လာမယ့္အခ်ိန္ ညေန ငါးနာရီ”

လိုရင္းကိုေျပာၿပီးပဲ အံ့က်ဴးဖုန္းခ်လိုက္သည္။အခုခ်ိန္ ဘယ္သူ႕ကို စိတ္နာရမလဲ မသိေပမယ့္ ကာယကံ႐ွင္ေတြအေပၚ အံ့က်ဴး စိတ္မၾကည္ႏိုင္ေသး။ ခ်ိဳခ်ိဳပ်စ္ပ်စ္နဲ႔ အပိုစကားေတြေျပာေနဖို႔လည္း နဂိုထဲက ဝါသနာမပါတာေၾကာင့္လည္း ျဖစ္မည္။

_: ျပန္လာရင္ Lavender မွာ စကားေျပာၾကရေအာင္ေဖေဖ

ေဖေဖ့ဆီကို message တစ္ေစာင္ပို႔လိုက္ၿပီး အံ့က်ဴး ေရခ်ိဳးခန္းထဲ ဝင္လိုက္သည္။ေနာက္က်ိေနတဲ့ ေခါင္းကို အခ်ိန္ေပးၿပီး ေရစိမ္ထားလိုက္သည္။ ရင္ထဲမတင္မက်ျဖစ္ေနတာေတြ သိရၿပီးရင္ေတာ့ အနည္းငယ္႐ွင္းသြားေလာက္ပါရဲ႕။

“ဟင္”

အံ့က်ဴးမ်ိဳးႏြယ္ အုပ္ထိန္းသူရဲ႕ ကုမၸဏီနဲ႔ မနီးမေဝးမွာ ႐ွိတဲ့ Lavender cafe ဆိုင္ကို သားအံ့က်ဴး ခ်ိန္းထားသျဖင့္ ခန္႔ဘုန္းဥာဏ္အမႈသည္တစ္ခ်ိဳ႕ကို အခ်ိန္ေ႐ႊ႕ဆိုင္းထားခဲ့ရသည္။မနက္က ျမင္သြားတဲ့ အေျခအေနကို သားငယ္ေလး စိတ္ထိခိုက္ေနမွာ သိသည္။ေကာင္ေလးက အျပင္ပန္းမာေက်ာခ်င္ေယာင္ေဆာင္သေလာက္ ေမတၱာေတာင့္တေနတဲ့ ကေလးတစ္ေယာက္သာသာဆိုတာ လူအမ်ားႀကီးနဲ႔ ဆက္ဆံေနရတဲ့ ခန္႔ဘုန္းဥာဏ္က ေကာင္းေကာင္းနာလည္သည္။

အံ့က်ဴး message ပို႔ေပးထားေသာ ဆိုင္၏ private room ထဲ ဝင္လိုက္ေတာ့ ေကာင္ေလး၏ အုပ္ထိန္းသူကို ျမင္လိုက္ရ၍ ဘုန္းဥာဏ္ဆြံ႕အသြားရသည္။ ဘယ္ေလာက္ပဲ ေသြးေအးပါၿပီေျပာေျပာ ခ်စ္ဦးသူနဲ႔ ဆုံရရင္ျဖင့္ ႏွလုံးသား၏ အနက္႐ိႈင္းဆုံးေနရာကေနေတာင္ ထႂကြေနသည္ ထင္ရသည္။
ကြၽန္ေတာ္ ဒီခံစားခ်က္ႀကီးကို လိပ္ျပာမလုံဘူး ကိုေဇာ္ရယ္….။

အုပ္ထိန္းသူက ဘုန္းဥာဏ္ကိုျမင္ေတာ့ မ်က္လုံးအၾကည့္ေတြ မၿငိမ္မသက္ျဖစ္သြားၿပီး အတန္ၾကာမွ ခါးကိုမတ္ကာ အသက္ကို႐ွဴထုတ္သည္။

“အဟမ္း…လာေလ ခန္႔ဘုန္းဥာဏ္”

“ဟုတ္ကဲ့ အံ့က်ဴးမ်ိဳးႏြယ္ ခ်ိန္းထားလို႔ပါ ဦးခင္ေဇာ္မ်ိဳးႏြယ္”

အုပ္ထိန္းသူက မတ္တပ္ရပ္ၿပီး သူ႕မ်က္ႏွာခ်င္းဆိုင္က ခုံကို လက္ညိႇဳးၫႊန္ျပသည္။မ်က္ႏွာက အနည္းငယ္ႏြမ္းလ်ေနၿပီး နားထင္ေတြ အနည္းငယ္ေခ်ာင္က်သြားသူက အလုပ္ပင္ပန္း၍ ျဖစ္လိမ့္မည္။ ဘာမွပင္ပင္ပန္းပန္းမလုပ္ရင္ေတာင္ ေအးေအးသက္သာ ထိုင္ျဖဳန္းေနေလာက္တဲ့ လူက အလုပ္ေတြဖိလုပ္ေနတာ တစ္ခုခုကို ေမ့ဖို႔ ႀကိဳးစားတာေတာ့ မဟုတ္တန္ေကာင္းပါရဲ႕။

ထိုင္ခုံမွာ ဝင္ထိုင္ၿပီး ျပဳံးျပလိုက္ေတာ့ မခ်ိျပဳံး,ျပန္ျပဳံးျပ႐ွာသည္။စိတ္ထဲမွာ ဟန္ေဆာင္ေကာင္းလိုက္တာ ဥာဏ္ရယ္ လို႔မ်ား ေျပာေနအုန္းမလား မသိ။

“တအားပိန္သြားတယ္…”

“….”

အုပ္ထိန္းသူဆီက တုံ႔ျပန္သံကို မၾကားရ။notebook ေပၚမွာ ေျပးလႊားေနတဲ့ လက္ေတြ ရပ္သြားပုံအရ သူ႕စကားကို အုပ္ထိန္းသူလည္း နားေထာင္ေနခဲ့တာပဲ။

“တစ္ခုခုကို ေမ့ဖို႔ ႀကိဳးစားေနရတဲ့ အခ်ိန္ဆိုရင္ ပိုသိသာတယ္”

“အင္း…ႀကိဳးစားေနခဲ့ရတာ ႏွစ္ဆယ့္သုံးႏွစ္ျပည့္ေတာ့မယ္ေလ၊ ခုထိလည္း မေအာင္ျမင္ေသးပါဘူး”

“ႀကိဳးစားၿပီး ေမ့ၾကည့္ေပးပါ…ကြၽန္ေတာ္ ဒုတိယအႀကိမ္ အမွားတစ္ခုကို မျဖတ္သန္းခ်င္ေတာ့ဘူး”

ႏႈတ္ခမ္းတစ္စုံကို တင္းတင္းေစ့ၿပီး ေျပာလိုက္ေတာ့ ကိုေဇာ္႕ လည္ဇလုပ္က သိသိသာသာ လႈပ္ခတ္သြားသည္။

“ဒီအတိုင္းေလးပဲ ေနေပးလို႔မရဘူးလား တစ္သက္လုံး ျဖစ္တည္မႈေလးကို ဒီအတိုင္းေငးၾကည့္ေနခြင့္ေတာင္ မ႐ွိေတာ့ဘူးလား”

“ကြၽန္ေတာ္ အိမ္ေထာင္ျပဳေတာ့မယ္”

အေပၚႏႈတ္ခမ္းကို ဖိကိုက္လိုက္တဲ့ ကိုေဇာ္႕မ်က္ႏွာမွာ အံ့ဩတုန္လႈပ္မႈက အထင္းသား။ေလာေလာလတ္လတ္ ဆုံးျဖတ္ခ်က္ကို ခ်က္
ခ်င္းပင္ ဖြင့္ဟလိုက္မိသည္။ ျဖတ္သန္းခဲ့ဖူးၿပီးသားမို႔ နာက်ည္းျခင္းရဲ႕ ခံစားခ်က္ကို ဘုန္းဥာဏ္ေကာင္းေကာင္းနားလည္သည္။ထို႔အတူပင္ သားရဲ႕ ခံစားခ်က္ကိုလည္း ဘုန္းဥာဏ္ေကာင္းေကာင္းသိသည္။သူ႕ဖခင္နဲ႔ ကိုယ့္ကို ေတြ႕ေပးေစကတည္းက သားရဲ႕ မေမွ်ာ္လင့္ရဲေသာ ခံစားခ်က္ကို နားလည္သည္။

ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုသာ လုပ္သင့္သည္ေလ။

“ကိုယ့္မွာ အခြင့္အေရးမ႐ွိေတာ့ဘူးလား”

“အရင္က ကိစၥေတြကို သား တစ္စြန္းတစ္စသိသြားၿပီ ကိုေဇာ္၊ သားေမေမကြၽန္ေတာ္႕ဘဝထဲက ထြက္သြားတဲ့အတြက္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ေနာင္တရလို႔မဆုံးေသးဘူး၊ မမမ်ိဳးဆက္ ကိုေဇာ္႕ရင္ေသြးကိုေတာ့ ကြၽန္ေတာ္ထပ္ၿပီး အဆုံး႐ႈံးမခံႏိုင္ေတာ့ဘူး ဒီစကားေတြကို သားလည္းနားေထာင္ေနတယ္ဆိုတာ သိတယ္…ကြၽန္ေတာ္တို႔ ျဖစ္သင့္တာကိုပဲ ေ႐ွ႕ဆက္ၾကရေအာင္”

အခန္းေထာင့္က camera ေလးကို ၾကည့္ၿပီး ဘုန္းဥာဏ္ ျပဳံးျပလိုက္သည္။ကိုေဇာ္ကေတာ့ အသက္ကို ခပ္ျပင္းျပင္း႐ွဴၿပီး စိတ္လႈပ္႐ွားမႈကို ျပေနၿပီျဖစ္သည္။

“ဥာဏ္…ကိုယ္ အၾကာႀကီး ေစာင့္ေနခဲ့တာ”

“ေနသားက်ေနၿပီးသား အတိတ္ကိုမတူးဆြပဲ ေနရေအာင္ ကိုေဇာ္…။ ဒီစကားေတြ ကြၽန္ေတာ္ ေျပာေနရတာကလည္း မေန႔က ကြၽန္ေတာ္႕ေပါ့ေလ်ာ့မႈေၾကာင့္ပါပဲ”

မ်က္ရည္စေတြ ေဝ့သီေနတဲ့ ညိႇဳ႕အားျပင္းျပင္း မ်က္ဝန္းတစ္စုံကို ရင္မဆိုင္လိုေတာ့တာေၾကာင့္ ဘုန္းဥာဏ္ေက်ာခိုင္းလိုက္သည္။

“ကိုယ္က…ဘယ္ေတာ့မွ လက္မေလွ်ာ့တတ္ဘူးဆိုတာကိုေတာ့ ဥာဏ္သိထားေပးပါ”

တံခါးလက္ကိုင္ဘုကို အုပ္ကိုင္လိုက္ေတာ့ ေနာက္က ၾကားလိုက္ရတဲ့ ကိုေဇာ္႕အသံျပင္း႐ွ႐ွ။မ်က္ခမ္းစပ္ေတြနီရဲေနၿပီး လက္သီးဆုပ္က်စ္က်စ္ေတြက ဘုန္းဥာဏ္အသဲကို နာက်င္ေစသည္။က်လုလုမ်က္ရည္ကို ထိန္းၿပီး အျပဳံးတု တစ္ခုဖန္ဆင္းလိုက္သည္။ကိုေဇာ္ေျပာသလိုပဲ ကြၽန္ေတာ္က ဟန္ေဆာင္ေကာင္းလိုက္တာ…။

“အရာအားလုံးထက္ သားကို…ပိုခ်စ္ေပးလိုက္ပါ ကိုေဇာ္”

________________________________________
So_So_Sophia(14.10.2022)

Plot အတိုင္းပဲ သြားမွာမလို႔ စိတ္႐ွည္ေပးၾကပါအုန္းေနာ္။ေနမေကာင္းတဲ့အခ်ိန္  ဒီအပိုင္းေတြေရးရေတာ့ တကယ္အဆင္မေျပဘူးရယ္။

Tags: read novel My Possessive Of You 11, novel My Possessive Of You 11, read My Possessive Of You 11 online, My Possessive Of You 11 chapter, My Possessive Of You 11 high quality, My Possessive Of You 11 light novel, ,

Comment

Leave a Reply

Chapter 12