My Possessive Of You 14

All chapters are in My Possessive Of You
A+ A-

“အံ့ကျူးမျိုးနွယ်”

ဥာဥ့်နက်နေပြီမို့ အခန်းတံခါးကို အသာဖွင့်ဝင်လိုက်တော့ တစ်ခန်းလုံးအမှောင်တိကျနေသည်။အမှောင်ကြောက်ပေမယ့် အခန်းထဲမှာ အံ့ကျူးရှိနေတာကြောင့် အရဲစွန့်ပြီး ဝင်သွားလိုက်သည်။တစ်အိမ်လုံးမီးပျက်မနေပါပဲ အံ့ကျူးအခန်းတစ်ခုတည်း မှောင်နေတာတော့ နည်းနည်းထူးဆန်းနေသည်။

“အံ့ကျူး အံ့ကျူးမျိုးနွယ်….”

ရေချိုုးခန်းထဲမှာများ ရှိနေမလားဆိုပြီး ရေချိုးခန်းတံခါးကို ထုကြည့်မိသေးသည်။တုံ့ပြန်မလာ…။

ဒုန်း! ခလွမ်း!

မှောင်နဲ့စမ်းစမ်းမို့ ပစ္စည်းတွေနဲ့ တိုးတိုက်မိကုန်သည်။ခုတင်တိုင်ကိုပါ ခြေထောက်နဲ့ တိုက်လိုက်မိသေးတာမို့ ညာဘက်ခြေချောင်းထိပ်လေးတွေ ထုံကျင်သွားရသည်။နာကျင်မှုနဲ့အတူ မျက်ရည်စတွေဝဲလာပြီး ကြောက်စိတ်ပါဝင်လာသည်။အပြင်လည်း မသွားပဲနဲ့ အံ့ကျူးကို အခန်းထဲမှာမတွေ့ ။တကယ်လို့ အခန်းထဲမှာ ရှိနေရင်တောင် လရောင်အသံကို ကြားကောင်းကြားလိမ့်မည်။

“အဟင့်”

ခုတင်ဘောင်ကို အားပြုပြီး ထကြည့်တော့ ခြေဖမိုးတစ်ခုလုံး ထုံကျင်နေသည်။တိုက်မိတဲ့ အားက ပြင်းတာကြောင့် ခြေသန်းလေးတောင် ပွန်းပဲ့သွားသေးသည်ထင်သည်။စပ်ဖျင်းဖျင်းနဲ့ နာသည်။

“အင့် … အီးဟီးဟီး”

အားယူပြီး အကြိမ်ကြိမ်ထကြည့်ပေမယ့် အဆင်မပြေတာမို့ လရောင်ငိုချလိုက်မိသည်။အခန်းတစ်ခုလုံးက မှောင်မဲနေပြီး ဘယ်သူမှ ရှိမနေ။အခန်းထောင့်က အဝတ်ဗီဒိုရှည်ကြီးက လူတစ်ယောက် မားမားကြီး ရပ်နေသလို။အမှောင်ကြောက်သလို မမြင်နိုင်တဲ့ နာနာဘာဝတွေကိုလည်း ကြောက်သည်။

ဖွင့်လျက်ထားတဲ့ ပြတင်းပေါက်က ခန်းဆီးစ အဖြူရောင်က လေအဝှေ့နဲ့အတူ တလွင့်လွင့်။လရောင် ကြက်သီးမွေးညင်းတွေတောင် ထလာသည်။

“အီးဟီးဟီး အင့် ရွှတ် ဗုဒ္ဓံ  ဓမ္မံ သံဃံ”

ဒူးနှစ်ဖက်ကြား မျက်နှာဝှက်ကာ ဘုရားသာ တနေလိုက်သည်။တစ်လက်စတည်း မမဇူးနဲ့အတူကြည့်ဖူးတဲ့ Annabelle အရုပ်ကလေးကိုလည်း မျက်စိတည်းက မြင်လာသည်။

“ရှပ် ရှပ် ရှပ်”

“မ..မလာနဲ့ အားးး”

လရောင်ဆီ ဦးတည်လာတဲ့ ခြေသံကြောင့် အသက်ရှူနှုန်းတွေမြန်လာပြီး လွင့်ထွက်တော့မလို့ ခံစားနေရသည်။

ချောက်!

“ဟေး…သတိထားအုန်း လရောင်သသ”

အခန်းထဲ မီးလင်းလာပြီး လရောင်ကို သိုင်းဖက်လာတဲ့ ရင်ခွင်နွေးနွေးတစ်စုံကို ခံစားလိုက်ရသည်။

“အံ့ကျူး…အီးဟီးဟီး”

ဝီစကီနဲ့ဆိုဒါအချို့ ယူလာပြီး အခန်းထဲ ဝင်လိုက်တော့ ခုတင်ဘေးမှာ ဒူးနှစ်ချောင်းးထောင်ပြီး မျက်နှာဝှက်ထားတဲ့ လရောင်သသကို တွေ့လိုက်ရသည်။မီးဖွင့်လိုက်တော့ နားနှစ်ဖက်အုပ်ပြီး အော်နေတဲ့ လရောင်သသပုံစံက အံ့ကျူးရင်ကို ဆို့နစ်စေသည်။ လရောင်သသ အမှောင်ကြောက်တယ်ဆိုတာကို အံ့ကျူးမေ့သွားတာ။အခန်းထဲ ဝင်လာမယ်လည်း မထင်တာကြောင့် မီးမဖွင့်ပဲ အောက်ထပ်ဆင်းကာ သောက်စရာသွားယူနေတာ ဖြစ်သည်။

အံ့ကျူးကို တင်းတင်းကျပ်ကျပ်ဖက်ပြီး ကိုနေတဲ့ လရောင်ကိုယ်သေးသေးလေးကို ပြန်ဖက်ထားလိုက်သည်။တုန်ရီနေပုံအရ လရောင်သသ ကြောက်လန့်နေမှုကိုတွေးပြီး အံ့ကျူး စိတ်မကောင်းဖြစ်သွားသည်။

“မကြောက်နဲ့တော့ ကျုပ်ရောက်လာပြီပဲ”

ရှိုက်နေသူရဲ့ ကျောပြင်ကို ဖွဖွပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။အကြောက်လွန်နေတဲ့ သူ့ပုံစံကြောင့် အံ့ကျူး ကိုယ့်ကိုကိုယ်တောင် အပြစ်တင်မိသည်။

“အဟင့် ကြောက်တယ်”

“ကျစ် တိတ် တိတ် မငိုနဲ့တော့”

အံ့ကျူးပြောတော့ အငိုတိတ်သွားသည်။သို့သော်လည်း မျက်ရည်ဥတွေကတော့ တလိမ့်လိမ့်နဲ့ ကျတုန်း။ နီညိုရောင် ဖဲသား pajama နဲ့ လူက ငိုထား၍ ရဲစပ်နေတဲ့ မျက်နှာနဲ့ နှင်းဆီပန်းနီစွေးစွေးလေးနဲ့ တူနေသည်။ ကျောအောက်ကနေ လက်လျှိုပြီး ပွေ့ချီလိုက်တော့ လန့်သွားကာ အံ့ကျူးလည်ပင်းကို သိုင်းဖက်လာသည်။အိပ်ရာပေါ်ကို အသာချပေးပြီး ဖရိုဖရဲဖြစ်နေတဲ့ သူ့ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးလိုက်သည်။

“ဘယ်တွေ သွားနေတာလဲ”

“သောက်စရာခဏသွားယူတာ”

“အင့် ကြောက်လွန်းလို့ သေတော့မလိုပဲ”

“အင်း ကျုပ်မှားသွားတာ အခုရော ကြောက်နေသေးလား”

ဆံနွယ်တွေထဲ မျက်နှာအပ်ပြီး တဝကြီးရှူရှိုက်ပစ်လိုက်တော့ shampoo နံ့သင်းသင်းက အဆုတ်ထဲထိဝင်သွားသည်။နဖူးပြင်ပေါ် ငုံ့မွှေးလိုက်တော့လည်း နို့နံ့သင်းသင်းက ရပြန်သည်။လရောင်သသက ဘယ်အချိန်မွှေးမွှေး အမွှေးလုံးလေးကို ဖြစ်နေတော့တာ။

ပါးပြင်နုနုနှစ်ဖက်ထဲ နှာတံနှစ်ပြီး တဝကြီးနမ်းပစ်လိုက်သေးသည်။နှုတ်ခမ်းရဲရဲလေးကို မြင်တော့လည်း မနေနိုင်စွာပင် ဆွဲငုံလိုက်မိသေးသည်။ အကြောက်ပြေစပြုပြီး အံ့သြနေတဲ့သူကတော့ မျက်လုံးလေးတွေ ဝိုင်းနေသည်။

ပြွတ်စ်!

နှုတ်ခမ်းတစ်စုံလေးကို စုပ်ယူနေရင်းကနေ တစ်လွှာချင်းစီနမ်းရှိုက်နေမိပြန်သည်။လျှာဖျားနဲ့ ခံတွင်းထဲဝင်ဖို့  ခွင့်တောင်းတော့ အလိုက်တသိပင် ဖွင့်ဟလာသည်။သူ့ခံတွင်းထဲ နေရာလပ်မရှိအောင် မွှေနှောက်စုပ်ယူပြီး လျှာငယ်ကိုပါ အားသုံးပြီးစုပ်နမ်းပစ်လိုက်သည်။

“အဟင်း”

အံ့ကျူးလွှတ်ပေးလိုက်တော့ မျက်လွှာချပြီး ချက်ချင်းမျက်နှာလွှဲသွားသည်။အင်း…သူရှက်သွားတာ။အံ့ကျူးလည်း အလိုက်တသိပဲ သူ့ကိုယ်ပေါ် အုပ်မိုးနေရာကနေ ခုတင်ပေါ် တင်ပလွှဲထိုင်ကာ သူ့ကို ကျောပေးထားလိုက်သည်။

“ဘာပြောစရာရှိလို့လဲ ကျုပ် ဒီည အရက်သောက်မလို့”

သူလာရင်းအကြောင်းကို မေးရင်း ကိုယ့်အစီအစဉ်ကိုပါ ထုတ်ပြောလိုက်သည်။ ဖေဖေနဲ့ ဖိုး Aussie သွားပြီးကတည်းက သူတစ်ယောက်တည်း ကြောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုကောင်တွေနဲ့ ဝိုင်းမထိုင်ရတာ တစ်ပတ်နီးပါးကြာသွားပြီဖြစ်သည်။ယမကာနဲ့ ကင်းဝေးမနေနိုင်တဲ့ အံ့ကျူးက ဒီညတော့ ဝီစကီအချို့မှာပြီး သောက်ဖို့စီစဥ်ထားတာဖြစ်သည်။

“ဟို…”

စကားပြောဖို့ အစပြုလာတဲ့ သူက ခုတင်ပေါ်က ကုန်းရုန်းထဖို့ ကြိုးစားသည်။

“အာ့ စပ်တယ် အဟင့်”

အံ့ကျူး ဆွဲထူလိုက်တော့ မျက်နှာလေးရှုံ့ပြီး ငိုတော့မလိုဖြစ်သွားသည်။

“ဘယ်နားကလဲ”

“ဟင့်”

မျက်ရည်လေးစမ်းစမ်းနဲ့ သူ့ညာဖက် ခြေထောက်ကို လက်ညှိုးထိုးပြလာသည်။ခြေဖမိုးက အတန်ငယ်နီရဲနေပြီး ခြေသန်းလေးက သွေးစတွေနဲ့ဖြစ်နေသည်။လှုပ်ရှားလိုက်တော့ နာသွားတာဖြစ်မည်။အိမ်အလုပ်တောင် မလုပ်ရတဲ့သူက ဒဏ်ရာခဏခဏရသည်။

“စောစောက ခုတင်ဘောင်နဲ့ တိုက်မိတာ”

“ကျစ် အရာရာနဲ့အကြောင်းကြောင်းချည်းပဲ လာ..”

စွေ့ခနဲ ကောက်ချီပြီး အံ့ကျူးရင်ခွင်ထဲ ထရည့်ထားလိုက်သည်။လူက ဘယ်တော့မှ ဝမလာတော့ဘူးပဲ။နာနေတဲ့ ခြေဖမိုးသေးသေးလေးကို လက်နဲ့အုပ်ပြီး အသာနှိပ်နယ်ပေးရင်းကနေ ဆက်ပြောဖို့ မေးဆတ်ပြလိုက်သည်။

“ဖေဖေက ကုမ္ပဏီကို ယာယီပိတ်ထားခဲ့တာ”

“အင်း ကျုပ်သိတယ်”

“အဲဒါ ဖေဖေပြန်မလာခင် မင်း!”

“တော်တော် ကျုပ်စိတ်မဝင်စားဘူး”

လရောင်သသ ဘာကိုပြောချင်တယ်ဆိုတာ သိတာကြောင့် အံ့ကျူးငြင်းလိုက်သည်။ထမင်းစားလည်း ဒီအကြောင်းပဲ သူနဲ့တွေ့တိုင်း ဒါပဲပြောဖို့ကြိုးစားနေတာ။ဖေဖေရုတ်တရက်ကြီး Aussie ပြန်သွားတာက အံ့ကျူးပယောဂမကင်းပေမယ့် အံ့ကျူးအမှားမဟုတ်ဟု ထင်သည်။ဦးဥာဏ် အိမ်ထောင်ပြုမယ့်ကိစ္စကို မခံစားနိုင်လို့လည်း ဖြစ်နိုင်သည်။

“သတင်းစာတွေ ဖတ်ဖြစ်လား အံ့ကျူးမျိုးနွယ်”

“ဘာဆိုင်လို့လဲ”

“Universe ကုမ္ပဏီက အလုပ်သမားတွေ အခက်တွေ့နေကြတဲ့ အကြောင်း၊ Boss က ရုတ်တရက် ရပ်နားသွားလို့ အလုပ်လက်မဲ့ဖြစ်နေကြတာ…”

“….”

“Universe ကို မှီခိုပြီး ရှင်သန်နေကြတဲ့ မိသားစုတွေရှိတယ်၊အခု Universe က ယာယီရပ်နားသွားတော့ သူတို့အဆင်မပြေကြဘူး အလုပ်သစ်ရှာဖို့ဆိုတာကလည်း Universe ရုတ်တရက် လည်ပတ်လာရင်ဆိုပြီး ဒွိဟတွေ ဖြစ်နေကြရတယ်”

“…”

အံ့ကျူး အနည်းငယ်တော့ တွေဝေသွားသည်။Universe က လက်ခွဲကုမ္ပဏီတွေ အများကြီးနဲ့ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခု။
ဒါကို ရုတ်တရက် ရပ်နားပစ်လိုက်တော့ အလုပ်သမားတွေ အခက်တွေ့လိမ့်မည်။

“ဖေဖေက မင်းကို လက်လွှဲချင်နေတာ”

“ဟင့်အင်း ကျုပ်မလုပ်ဘူး”

လရောင်သသ သက်ပြင်းတစ်ချက် မသိမသာချလိုက်သည်။အံ့ကျူးမျိုးနွယ်က ပြောရခက်လိုက်တာ။

“သေသေချာချာစဥ်းစားပါအုန်း Universe မှာ လက်ခွဲကုမ္ပဏီတွေမှာရောဆို လူဦးရေအများကြီးပဲ အခြေခံလူတန်းစားတွေ အများဆုံးပဲ။အခု ရုတ်တရက်ကြီး ရပ်ပစ်လိုက်တော့ သူတို့  ဘယ်က လခနဲ့ စားဝတ်နေရေးလုပ်ရမလဲ”

“ဟင့်အင်း ကျုပ်ကိုယ်ပိုင်ငွေနဲ့ပဲ ခင်များကို ဖိုးဆီမှာ တင်တောင်းမယ် သဘောတူတာတွေ မတူတာတွေ စိတ်မဝင်စားဘူး ခင်များကို တင့်တောင်းတင့်တယ် ထားနိုင်အောင် ကျုပ်လုပ်နိုင်တယ်”

အံ့ကျူးမျိုးနွယ်က အတည်ပေါက်ကြီးနဲ့ ဘယ်လိုမှ နားဝင်အောင်ပြောပြလို့မရ။တဇွတ်ထိုးတယူသန်ပဲ တွေးနေသည်။

“ငါက မင်းကို မယူဘူးဆိုရင်ရော”

“ဘာ!!”

လရောင်သသ နည်းလမ်းတစ်ခုပြောင်းသုံးဖို့ကြိုးစားလိုက်ပြီး ချက်ချင်းအကောင်အထည်ဖော်လိုက်သည်။အကျိုးဆက်က အံ့ကျူးမျိုးနွယ်မျက်နှာ ချက်ချင်းရဲတက်လာပြီး လရောင်ပါးနှစ်ဖက် ဖျစ်ညှစ်ခံလိုက်ရသည်။

“ဘာ စောက်စကားပြောတာလဲ ခင်များ!”

“အွန်း လွှတ်”

သူ့လက်ကို ထုနေပေမယ့်လည်း လွှတ်မပေးသည့်အပြင် အားထည့်ပြီး ညှစ်လာတာကြောင့် လရောင်ပါးရိုးတွေ နာလာသည်။

“ကျုပ်က ခင်များကို လိုးထားပြီးသား ကျုပ်ကို မယူလို့ ဘယ်ဖာခေါင်းကို ယူမှာလဲ တောက်စ်”

နာလွန်း၍ မျက်ရည်တွေကျလာတော့မှ လရောင်ကို လွှတ်ပေးသည်။မျက်လုံးတွေကလည်း နီရဲနေပြီး လည်ပင်းကြောတွေတောင်ထောင်ထနေသည်။အရှက်မဲ့တဲ့ သူ့စကားတွေကြောင့် လရောင်စိတ်ထဲ ဖြန်းခနဲ ဖြစ်သွားရသည်။ဆက်ပြောနေရင် လိုရင်းမရောက်ပဲ ရန်ဖြစ်ရတော့မှာမို့ လရောင် နာနေတဲ့ ခြေထောက်ကို လျစ်လျူရှုပြီး အခန်းထဲက ထွက်ဖို့ဦးတည်လိုက်သည်။

“ဟိုနွားဆီ သွားမလို့လား ဟမ်! တော်တော် စောက်သတ္တိတွေရှိနေတာ”

“အာ့..”

လက်ကောက်ဝတ်ကနေ ဆွဲလှည့်ခံလိုက်ရပြီး ခုတင်ပေါ် ပစ်ချခံလိုက်ရသည်။ခဏတာ မူးဝေသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ အံ့ကျူးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဘာအဝတ်မှ ရှိမနေတော့။abs အပြည့်နဲ့ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကိုသာ တွေ့လိုက်ရသည်။

“နေ့တိုင်း လိုးနေမှ ခင်များက ငါ့လင်လို့ သတ်မှတ်ချင်တာမလား ဟမ်”

“မယုတ်မာနဲ့ အံ့ကျူး”

ခုတင်ပေါ် တက်လာပြီး သူ့မျက်နှာကြီးက လရောင်မျက်နှာဆီ ဦးတည်လာသည်။မှုန်ယိုနေတဲ့ကျားကြီးတစ်ကောင်နဲ့ တူနေပြီး မသောက်ပဲနေတာတောင် အံ့ကျူးမျိုးနွယ်က sensitive ဖြစ်လွန်းနေသည်။

“အဲလိုတွေ လုပ်နေရင် ငါတကယ်စိတ်ပျက်မိမှာ အဟင့်”

လရောင်လည်ပင်းသားတွေကို အမဲဖျက်သလို ကိုက်ခဲလာသူက လရောင်စကားကြောင့် ခေါင်းထောင်ကြည့်လာသည်။

“ဟာ….”

ရုတ်တရက် ခုတင်ပေါ်က ဆင်းသွားပြီး ခုတင်ဘေးနား စားပွဲပေါ်က ပစ္စည်းတွေကိုအကုန် လွှင့်ပစ်နေသည်။နံရံဆီကို ဦးတည်နေတဲ့ လူကြောင့် လရောင် အိပ်ရာထဲကနေ အလူးအလဲထလိုက်ရသည်။ဒေါသဖြစ်လွယ်သူက သူများမနာကျင်ရရင် သူ့ကိုယ်သူ နာအောင် လုပ်တတ်သေးတာ။

“ရပ်လိုက်စမ်း…အံ့ကျူးမျိုးနွယ်”

“ဖယ် မဟုတ်ရင် ခင်များနာမယ်”

လရောင်လက်ကို ပုတ်ချပြီး အံတင်းတင်းကြိတ်ထားသူက ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးနဲ့တူနေသည်။

“အပေးအယူလုပ်ကြမလား”

ဆတ်ခနဲလှည့်ကြည့်လာတဲ့ သူ့မျက်ဝန်းတွေမှာ မယုံကြည်မှုတွေ တွေ့လိုက်ရသည်။

“Universe ကို ပြန်ပြီးလည်ပတ်ပေးလိုက်
ငါ့ဘဝနဲ့ခန္ဓာ ငါပိုင်သမျှ အကုန်လုံးက မင်းအတွက်ပဲ”

စွဲလမ်းမှုကို အသုံးချတာမကောင်းပေမယ့် လရောင်ဘာမှ မတတ်နိုင်။ဖေဖေရော ဖိုးရောက လရောင်ကို ဒီတာဝန်ပေးသွားခဲ့တာလေ။
အတန်ငယ် ငြိမ်ကျသွားသူက ဒီတစ်ကြိမ်တော့ မျက်မှောင်ကြုံ့ပြီး ကြည့်လာသည်။

“သူများအားနည်းချက်ကို ဘယ်လိုရှာရမလဲ ကောင်းကောင်းသိနေပြီပဲ ခင်များ”

မချိပြုံးနဲ့ ပြောလာတဲ့စကားတွေက လရောင်အတွက်တော့ အဆိပ်လူးတဲ့ မြှားတစ်စင်းလို။

“အင်း ငါငဲ့ကြည့်စရာလူတွေက များလွန်းတယ် အံ့ကျူး”

“ကျုပ်ကိုရော ဟမ် ! ခင်များကို ချစ်လွန်းလို့ ရူးတော့မလိုဖြစ်နေတဲ့ ကျုပ်ကိုရော”

“ငါမင်းကို ငရဲပြည်ကို ပို့ပေးနေတာမဟုတ်ဘူး။ ဒီနေရာက မင်းမှ မဆက်ခံရင် ဘယ်တော့မှ လည်ပတ်တော့မှာ မဟုတ်ဘူး။မင်းက ငါ့ထက် အများကြီး ပိုသိပါတယ်”

“တောက်”

“စောစောက စကားအတွက် ငါပဲတောင်းပန်ပါတယ် အစကတည်းက မင်းရဲ့အပိုင်မို့ ရှေ့လျှောက်လည်း ငါက မင်းအပိုင်ပါပဲ”

မျက်ရည်တွေ အဆက်မပြတ်ကျနေတဲ့ကြားကနေ ကြည့်လိုက်တော့ အံ့ကျူးက ငူငူကြီးရပ်နေသည်။ကိုယ့်နေရာကိုယ် လက်မခံချင်တဲ့ လူတစ်ယောက်ကို ဖိအားပေးနေရတာကလည်း လရောင်ကို သေလောက်အောင် နာကျင်စေပြန်တယ်။

“လရောင်…”

အခန်းထဲက ထွက်ဖို့ တံခါးလက်ကိုင်ကို အုပ်ကာနီးဆဲဆဲ လရောင်ခါးကို ဖက်တွယ်ခံလိုက်ရသည်။အသံက သာမန်ထက်အများကြီး တိုးညှင်းနေပြီး လရောင်ကျောပြင်ကို မျက်နှာအပ်လာသည်။

“မောင့်ကို စိတ်မပျက်လိုက်ပါနဲ့…”

ငိုသံနဲ့အတူ မထင်မှတ်ထားတဲ့ အသံကြောင့် လရောင် လှည့်ကြည့်ပြီး မျက်နှာချင်းဆိုင်လိုက်တော့ ရင်ခွင်ထဲ တိုးဝင်လာသည်။အဝတ်မပါတဲ့ ကျောပြင်ကျယ်ကြီးက စိတ်ရဲ့လှုံ့ဆော်ချက်ကြောင့်ထင်သည် ချွေးစေးတွေပြန်နေသည်။သူ့ဆံပင်တွေကို အသာထိုးဖွလိုက်ပြီး မျက်နှာကိုဆွဲမော့လိုက်တော့ မျက်ရည်တွေရွှဲနေသည်။ငိုနေပြီပဲ…။

“အင်း ငါက စိတ်မပျက်ချင်တာမို့ မင်းက လိမ္မာပေး”

“အင်း မောင်လို့ခေါ်”

လရောင်စကားဆုံးတော့ နှုတ်ခမ်းစွန်းနှစ်ဖက်က ညီညာစွာတွန့်ကွေးသွားပြီး ပြုံးရိပ်သန်းလာသည်။

“မောင်…ချစ်တယ်”

“အားးး အူတွေ အသဲတွေ ဗြောင်းဆန်ကုန်ပြီ”

သူ့နဖူးကို အသာငုံ့နမ်းလိုက်တော့ ခါးကနေဆွဲရမ်းခံလိုက်ရသည်။နှစ်ပတ်သုံးပတ်ပတ်ပြီး မုန့်ရတဲ့ကလေးတွေလို အော်နေသေးသည်။ဒီကောင်လေးက အခုကျတော့လည်း ဖြူစင်လိုက်တာ။

∆Movie recommendation for this part
_”Annabelle Comes Home”(2019)

So_So_Sophia (27.10.2022)

______________________________________

ဆိုဖီယာ come back ပါ။ တိုလွန်းသွားလို့ အားနာပါတယ်ရှင်။ဆောင်းဝင်စပြုပြီမို့ နွေးနွေးထွေးထွေးနေကြပါ။ ဒီဘက်မှာတော့ အေးလာပြီရှင့်။

“အံ့က်ဴးမ်ိဳးႏြယ္”

ဥာဥ့္နက္ေနၿပီမို႔ အခန္းတံခါးကို အသာဖြင့္ဝင္လိုက္ေတာ့ တစ္ခန္းလုံးအေမွာင္တိက်ေနသည္။အေမွာင္ေၾကာက္ေပမယ့္ အခန္းထဲမွာ အံ့က်ဴး႐ွိေနတာေၾကာင့္ အရဲစြန္႔ၿပီး ဝင္သြားလိုက္သည္။တစ္အိမ္လုံးမီးပ်က္မေနပါပဲ အံ့က်ဴးအခန္းတစ္ခုတည္း ေမွာင္ေနတာေတာ့ နည္းနည္းထူးဆန္းေနသည္။

“အံ့က်ဴး အံ့က်ဴးမ်ိဳးႏြယ္….”

ေရခ်ိဳုးခန္းထဲမွာမ်ား ႐ွိေနမလားဆိုၿပီး ေရခ်ိဳးခန္းတံခါးကို ထုၾကည့္မိေသးသည္။တုံ႔ျပန္မလာ…။

ဒုန္း! ခလြမ္း!

ေမွာင္နဲ႔စမ္းစမ္းမို႔ ပစၥည္းေတြနဲ႔ တိုးတိုက္မိကုန္သည္။ခုတင္တိုင္ကိုပါ ေျခေထာက္နဲ႔ တိုက္လိုက္မိေသးတာမို႔ ညာဘက္ေျခေခ်ာင္းထိပ္ေလးေတြ ထုံက်င္သြားရသည္။နာက်င္မႈနဲ႔အတူ မ်က္ရည္စေတြဝဲလာၿပီး ေၾကာက္စိတ္ပါဝင္လာသည္။အျပင္လည္း မသြားပဲနဲ႔ အံ့က်ဴးကို အခန္းထဲမွာမေတြ႕ ။တကယ္လို႔ အခန္းထဲမွာ ႐ွိေနရင္ေတာင္ လေရာင္အသံကို ၾကားေကာင္းၾကားလိမ့္မည္။

“အဟင့္”

ခုတင္ေဘာင္ကို အားျပဳၿပီး ထၾကည့္ေတာ့ ေျခဖမိုးတစ္ခုလုံး ထုံက်င္ေနသည္။တိုက္မိတဲ့ အားက ျပင္းတာေၾကာင့္ ေျခသန္းေလးေတာင္ ပြန္းပဲ့သြားေသးသည္ထင္သည္။စပ္ဖ်င္းဖ်င္းနဲ႔ နာသည္။

“အင့္ … အီးဟီးဟီး”

အားယူၿပီး အႀကိမ္ႀကိမ္ထၾကည့္ေပမယ့္ အဆင္မေျပတာမို႔ လေရာင္ငိုခ်လိုက္မိသည္။အခန္းတစ္ခုလုံးက ေမွာင္မဲေနၿပီး ဘယ္သူမွ ႐ွိမေန။အခန္းေထာင့္က အဝတ္ဗီဒို႐ွည္ႀကီးက လူတစ္ေယာက္ မားမားႀကီး ရပ္ေနသလို။အေမွာင္ေၾကာက္သလို မျမင္ႏိုင္တဲ့ နာနာဘာဝေတြကိုလည္း ေၾကာက္သည္။

ဖြင့္လ်က္ထားတဲ့ ျပတင္းေပါက္က ခန္းဆီးစ အျဖဴေရာင္က ေလအေဝွ႔နဲ႔အတူ တလြင့္လြင့္။လေရာင္ ၾကက္သီးေမြးညင္းေတြေတာင္ ထလာသည္။

“အီးဟီးဟီး အင့္ ႐ႊတ္ ဗုဒၶံ  ဓမၼံ သံဃံ”

ဒူးႏွစ္ဖက္ၾကား မ်က္ႏွာဝွက္ကာ ဘုရားသာ တေနလိုက္သည္။တစ္လက္စတည္း မမဇူးနဲ႔အတူၾကည့္ဖူးတဲ့ Annabelle အ႐ုပ္ကေလးကိုလည္း မ်က္စိတည္းက ျမင္လာသည္။

“႐ွပ္ ႐ွပ္ ႐ွပ္”

“မ..မလာနဲ႔ အားးး”

လေရာင္ဆီ ဦးတည္လာတဲ့ ေျခသံေၾကာင့္ အသက္႐ွဴႏႈန္းေတြျမန္လာၿပီး လြင့္ထြက္ေတာ့မလို႔ ခံစားေနရသည္။

ေခ်ာက္!

“ေဟး…သတိထားအုန္း လေရာင္သသ”

အခန္းထဲ မီးလင္းလာၿပီး လေရာင္ကို သိုင္းဖက္လာတဲ့ ရင္ခြင္ေႏြးေႏြးတစ္စုံကို ခံစားလိုက္ရသည္။

“အံ့က်ဴး…အီးဟီးဟီး”

ဝီစကီနဲ႔ဆိုဒါအခ်ိဳ႕ ယူလာၿပီး အခန္းထဲ ဝင္လိုက္ေတာ့ ခုတင္ေဘးမွာ ဒူးႏွစ္ေခ်ာင္းးေထာင္ၿပီး မ်က္ႏွာဝွက္ထားတဲ့ လေရာင္သသကို ေတြ႕လိုက္ရသည္။မီးဖြင့္လိုက္ေတာ့ နားႏွစ္ဖက္အုပ္ၿပီး ေအာ္ေနတဲ့ လေရာင္သသပုံစံက အံ့က်ဴးရင္ကို ဆို႔နစ္ေစသည္။ လေရာင္သသ အေမွာင္ေၾကာက္တယ္ဆိုတာကို အံ့က်ဴးေမ့သြားတာ။အခန္းထဲ ဝင္လာမယ္လည္း မထင္တာေၾကာင့္ မီးမဖြင့္ပဲ ေအာက္ထပ္ဆင္းကာ ေသာက္စရာသြားယူေနတာ ျဖစ္သည္။

အံ့က်ဴးကို တင္းတင္းက်ပ္က်ပ္ဖက္ၿပီး ကိုေနတဲ့ လေရာင္ကိုယ္ေသးေသးေလးကို ျပန္ဖက္ထားလိုက္သည္။တုန္ရီေနပုံအရ လေရာင္သသ ေၾကာက္လန္႔ေနမႈကိုေတြးၿပီး အံ့က်ဴး စိတ္မေကာင္းျဖစ္သြားသည္။

“မေၾကာက္နဲ႔ေတာ့ က်ဳပ္ေရာက္လာၿပီပဲ”

႐ိႈက္ေနသူရဲ႕ ေက်ာျပင္ကို ဖြဖြပုတ္ေပးၿပီး ႏွစ္သိမ့္ေပးလိုက္သည္။အေၾကာက္လြန္ေနတဲ့ သူ႕ပုံစံေၾကာင့္ အံ့က်ဴး ကိုယ့္ကိုကိုယ္ေတာင္ အျပစ္တင္မိသည္။

“အဟင့္ ေၾကာက္တယ္”

“က်စ္ တိတ္ တိတ္ မငိုနဲ႔ေတာ့”

အံ့က်ဴးေျပာေတာ့ အငိုတိတ္သြားသည္။သို႔ေသာ္လည္း မ်က္ရည္ဥေတြကေတာ့ တလိမ့္လိမ့္နဲ႔ က်တုန္း။ နီညိဳေရာင္ ဖဲသား pajama နဲ႔ လူက ငိုထား၍ ရဲစပ္ေနတဲ့ မ်က္ႏွာနဲ႔ ႏွင္းဆီပန္းနီေစြးေစြးေလးနဲ႔ တူေနသည္။ ေက်ာေအာက္ကေန လက္လွ်ိဳၿပီး ေပြ႕ခ်ီလိုက္ေတာ့ လန္႔သြားကာ အံ့က်ဴးလည္ပင္းကို သိုင္းဖက္လာသည္။အိပ္ရာေပၚကို အသာခ်ေပးၿပီး ဖ႐ိုဖရဲျဖစ္ေနတဲ့ သူ႕ဆံပင္ေတြကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ လုပ္ေပးလိုက္သည္။

“ဘယ္ေတြ သြားေနတာလဲ”

“ေသာက္စရာခဏသြားယူတာ”

“အင့္ ေၾကာက္လြန္းလို႔ ေသေတာ့မလိုပဲ”

“အင္း က်ဳပ္မွားသြားတာ အခုေရာ ေၾကာက္ေနေသးလား”

ဆံႏြယ္ေတြထဲ မ်က္ႏွာအပ္ၿပီး တဝႀကီး႐ွဴ႐ိႈက္ပစ္လိုက္ေတာ့ shampoo နံ႔သင္းသင္းက အဆုတ္ထဲထိဝင္သြားသည္။နဖူးျပင္ေပၚ ငုံ႔ေမႊးလိုက္ေတာ့လည္း ႏို႔နံ႔သင္းသင္းက ရျပန္သည္။လေရာင္သသက ဘယ္အခ်ိန္ေမႊးေမႊး အေမႊးလုံးေလးကို ျဖစ္ေနေတာ့တာ။

ပါးျပင္ႏုႏုႏွစ္ဖက္ထဲ ႏွာတံႏွစ္ၿပီး တဝႀကီးနမ္းပစ္လိုက္ေသးသည္။ႏႈတ္ခမ္းရဲရဲေလးကို ျမင္ေတာ့လည္း မေနႏိုင္စြာပင္ ဆြဲငုံလိုက္မိေသးသည္။ အေၾကာက္ေျပစျပဳၿပီး အံ့ၾသေနတဲ့သူကေတာ့ မ်က္လုံးေလးေတြ ဝိုင္းေနသည္။

ႁပြတ္စ္!

ႏႈတ္ခမ္းတစ္စုံေလးကို စုပ္ယူေနရင္းကေန တစ္လႊာခ်င္းစီနမ္း႐ိႈက္ေနမိျပန္သည္။လွ်ာဖ်ားနဲ႔ ခံတြင္းထဲဝင္ဖို႔  ခြင့္ေတာင္းေတာ့ အလိုက္တသိပင္ ဖြင့္ဟလာသည္။သူ႕ခံတြင္းထဲ ေနရာလပ္မ႐ွိေအာင္ ေမႊေႏွာက္စုပ္ယူၿပီး လွ်ာငယ္ကိုပါ အားသုံးၿပီးစုပ္နမ္းပစ္လိုက္သည္။

“အဟင္း”

အံ့က်ဴးလႊတ္ေပးလိုက္ေတာ့ မ်က္လႊာခ်ၿပီး ခ်က္ခ်င္းမ်က္ႏွာလႊဲသြားသည္။အင္း…သူ႐ွက္သြားတာ။အံ့က်ဴးလည္း အလိုက္တသိပဲ သူ႕ကိုယ္ေပၚ အုပ္မိုးေနရာကေန ခုတင္ေပၚ တင္ပလႊဲထိုင္ကာ သူ႕ကို ေက်ာေပးထားလိုက္သည္။

“ဘာေျပာစရာ႐ွိလို႔လဲ က်ဳပ္ ဒီည အရက္ေသာက္မလို႔”

သူလာရင္းအေၾကာင္းကို ေမးရင္း ကိုယ့္အစီအစဥ္ကိုပါ ထုတ္ေျပာလိုက္သည္။ ေဖေဖနဲ႔ ဖိုး Aussie သြားၿပီးကတည္းက သူတစ္ေယာက္တည္း ေၾကာက္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဟိုေကာင္ေတြနဲ႔ ဝိုင္းမထိုင္ရတာ တစ္ပတ္နီးပါးၾကာသြားၿပီျဖစ္သည္။ယမကာနဲ႔ ကင္းေဝးမေနႏိုင္တဲ့ အံ့က်ဴးက ဒီညေတာ့ ဝီစကီအခ်ိဳ႕မွာၿပီး ေသာက္ဖို႔စီစဥ္ထားတာျဖစ္သည္။

“ဟို…”

စကားေျပာဖို႔ အစျပဳလာတဲ့ သူက ခုတင္ေပၚက ကုန္း႐ုန္းထဖို႔ ႀကိဳးစားသည္။

“အာ့ စပ္တယ္ အဟင့္”

အံ့က်ဴး ဆြဲထူလိုက္ေတာ့ မ်က္ႏွာေလး႐ႈံ႕ၿပီး ငိုေတာ့မလိုျဖစ္သြားသည္။

“ဘယ္နားကလဲ”

“ဟင့္”

မ်က္ရည္ေလးစမ္းစမ္းနဲ႔ သူ႕ညာဖက္ ေျခေထာက္ကို လက္ညိႇဳးထိုးျပလာသည္။ေျခဖမိုးက အတန္ငယ္နီရဲေနၿပီး ေျခသန္းေလးက ေသြးစေတြနဲ႔ျဖစ္ေနသည္။လႈပ္႐ွားလိုက္ေတာ့ နာသြားတာျဖစ္မည္။အိမ္အလုပ္ေတာင္ မလုပ္ရတဲ့သူက ဒဏ္ရာခဏခဏရသည္။

“ေစာေစာက ခုတင္ေဘာင္နဲ႔ တိုက္မိတာ”

“က်စ္ အရာရာနဲ႔အေၾကာင္းေၾကာင္းခ်ည္းပဲ လာ..”

ေစြ႕ခနဲ ေကာက္ခ်ီၿပီး အံ့က်ဴးရင္ခြင္ထဲ ထရည့္ထားလိုက္သည္။လူက ဘယ္ေတာ့မွ ဝမလာေတာ့ဘူးပဲ။နာေနတဲ့ ေျခဖမိုးေသးေသးေလးကို လက္နဲ႔အုပ္ၿပီး အသာႏွိပ္နယ္ေပးရင္းကေန ဆက္ေျပာဖို႔ ေမးဆတ္ျပလိုက္သည္။

“ေဖေဖက ကုမၸဏီကို ယာယီပိတ္ထားခဲ့တာ”

“အင္း က်ဳပ္သိတယ္”

“အဲဒါ ေဖေဖျပန္မလာခင္ မင္း!”

“ေတာ္ေတာ္ က်ဳပ္စိတ္မဝင္စားဘူး”

လေရာင္သသ ဘာကိုေျပာခ်င္တယ္ဆိုတာ သိတာေၾကာင့္ အံ့က်ဴးျငင္းလိုက္သည္။ထမင္းစားလည္း ဒီအေၾကာင္းပဲ သူနဲ႔ေတြ႕တိုင္း ဒါပဲေျပာဖို႔ႀကိဳးစားေနတာ။ေဖေဖ႐ုတ္တရက္ႀကီး Aussie ျပန္သြားတာက အံ့က်ဴးပေယာဂမကင္းေပမယ့္ အံ့က်ဴးအမွားမဟုတ္ဟု ထင္သည္။ဦးဥာဏ္ အိမ္ေထာင္ျပဳမယ့္ကိစၥကို မခံစားႏိုင္လို႔လည္း ျဖစ္ႏိုင္သည္။

“သတင္းစာေတြ ဖတ္ျဖစ္လား အံ့က်ဴးမ်ိဳးႏြယ္”

“ဘာဆိုင္လို႔လဲ”

“Universe ကုမၸဏီက အလုပ္သမားေတြ အခက္ေတြ႕ေနၾကတဲ့ အေၾကာင္း၊ Boss က ႐ုတ္တရက္ ရပ္နားသြားလို႔ အလုပ္လက္မဲ့ျဖစ္ေနၾကတာ…”

“….”

“Universe ကို မွီခိုၿပီး ႐ွင္သန္ေနၾကတဲ့ မိသားစုေတြ႐ွိတယ္၊အခု Universe က ယာယီရပ္နားသြားေတာ့ သူတို႔အဆင္မေျပၾကဘူး အလုပ္သစ္႐ွာဖို႔ဆိုတာကလည္း Universe ႐ုတ္တရက္ လည္ပတ္လာရင္ဆိုၿပီး ဒြိဟေတြ ျဖစ္ေနၾကရတယ္”

“…”

အံ့က်ဴး အနည္းငယ္ေတာ့ ေတြေဝသြားသည္။Universe က လက္ခြဲကုမၸဏီေတြ အမ်ားႀကီးနဲ႔ လည္ပတ္ေနတဲ့ စီးပြားေရးလုပ္ငန္းႀကီးတစ္ခု။
ဒါကို ႐ုတ္တရက္ ရပ္နားပစ္လိုက္ေတာ့ အလုပ္သမားေတြ အခက္ေတြ႕လိမ့္မည္။

“ေဖေဖက မင္းကို လက္လႊဲခ်င္ေနတာ”

“ဟင့္အင္း က်ဳပ္မလုပ္ဘူး”

လေရာင္သသ သက္ျပင္းတစ္ခ်က္ မသိမသာခ်လိုက္သည္။အံ့က်ဴးမ်ိဳးႏြယ္က ေျပာရခက္လိုက္တာ။

“ေသေသခ်ာခ်ာစဥ္းစားပါအုန္း Universe မွာ လက္ခြဲကုမၸဏီေတြမွာေရာဆို လူဦးေရအမ်ားႀကီးပဲ အေျခခံလူတန္းစားေတြ အမ်ားဆုံးပဲ။အခု ႐ုတ္တရက္ႀကီး ရပ္ပစ္လိုက္ေတာ့ သူတို႔  ဘယ္က လခနဲ႔ စားဝတ္ေနေရးလုပ္ရမလဲ”

“ဟင့္အင္း က်ဳပ္ကိုယ္ပိုင္ေငြနဲ႔ပဲ ခင္မ်ားကို ဖိုးဆီမွာ တင္ေတာင္းမယ္ သေဘာတူတာေတြ မတူတာေတြ စိတ္မဝင္စားဘူး ခင္မ်ားကို တင့္ေတာင္းတင့္တယ္ ထားႏိုင္ေအာင္ က်ဳပ္လုပ္ႏိုင္တယ္”

အံ့က်ဴးမ်ိဳးႏြယ္က အတည္ေပါက္ႀကီးနဲ႔ ဘယ္လိုမွ နားဝင္ေအာင္ေျပာျပလို႔မရ။တဇြတ္ထိုးတယူသန္ပဲ ေတြးေနသည္။

“ငါက မင္းကို မယူဘူးဆိုရင္ေရာ”

“ဘာ!!”

လေရာင္သသ နည္းလမ္းတစ္ခုေျပာင္းသုံးဖို႔ႀကိဳးစားလိုက္ၿပီး ခ်က္ခ်င္းအေကာင္အထည္ေဖာ္လိုက္သည္။အက်ိဳးဆက္က အံ့က်ဴးမ်ိဳးႏြယ္မ်က္ႏွာ ခ်က္ခ်င္းရဲတက္လာၿပီး လေရာင္ပါးႏွစ္ဖက္ ဖ်စ္ညႇစ္ခံလိုက္ရသည္။

“ဘာ ေစာက္စကားေျပာတာလဲ ခင္မ်ား!”

“အြန္း လႊတ္”

သူ႕လက္ကို ထုေနေပမယ့္လည္း လႊတ္မေပးသည့္အျပင္ အားထည့္ၿပီး ညႇစ္လာတာေၾကာင့္ လေရာင္ပါး႐ိုးေတြ နာလာသည္။

“က်ဳပ္က ခင္မ်ားကို လိုးထားၿပီးသား က်ဳပ္ကို မယူလို႔ ဘယ္ဖာေခါင္းကို ယူမွာလဲ ေတာက္စ္”

နာလြန္း၍ မ်က္ရည္ေတြက်လာေတာ့မွ လေရာင္ကို လႊတ္ေပးသည္။မ်က္လုံးေတြကလည္း နီရဲေနၿပီး လည္ပင္းေၾကာေတြေတာင္ေထာင္ထေနသည္။အ႐ွက္မဲ့တဲ့ သူ႕စကားေတြေၾကာင့္ လေရာင္စိတ္ထဲ ျဖန္းခနဲ ျဖစ္သြားရသည္။ဆက္ေျပာေနရင္ လိုရင္းမေရာက္ပဲ ရန္ျဖစ္ရေတာ့မွာမို႔ လေရာင္ နာေနတဲ့ ေျခေထာက္ကို လ်စ္လ်ဴ႐ႈၿပီး အခန္းထဲက ထြက္ဖို႔ဦးတည္လိုက္သည္။

“ဟိုႏြားဆီ သြားမလို႔လား ဟမ္! ေတာ္ေတာ္ ေစာက္သတၱိေတြ႐ွိေနတာ”

“အာ့..”

လက္ေကာက္ဝတ္ကေန ဆြဲလွည့္ခံလိုက္ရၿပီး ခုတင္ေပၚ ပစ္ခ်ခံလိုက္ရသည္။ခဏတာ မူးေဝသြားၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ ခႏၶာကိုယ္အေပၚပိုင္းမွာ ဘာအဝတ္မွ ႐ွိမေနေတာ့။abs အျပည့္နဲ႔က်စ္လ်စ္တဲ့ ခႏၶာကိုယ္ကိုသာ ေတြ႕လိုက္ရသည္။

“ေန႔တိုင္း လိုးေနမွ ခင္မ်ားက ငါ့လင္လို႔ သတ္မွတ္ခ်င္တာမလား ဟမ္”

“မယုတ္မာနဲ႔ အံ့က်ဴး”

ခုတင္ေပၚ တက္လာၿပီး သူ႕မ်က္ႏွာႀကီးက လေရာင္မ်က္ႏွာဆီ ဦးတည္လာသည္။မႈန္ယိုေနတဲ့က်ားႀကီးတစ္ေကာင္နဲ႔ တူေနၿပီး မေသာက္ပဲေနတာေတာင္ အံ့က်ဴးမ်ိဳးႏြယ္က sensitive ျဖစ္လြန္းေနသည္။

“အဲလိုေတြ လုပ္ေနရင္ ငါတကယ္စိတ္ပ်က္မိမွာ အဟင့္”

လေရာင္လည္ပင္းသားေတြကို အမဲဖ်က္သလို ကိုက္ခဲလာသူက လေရာင္စကားေၾကာင့္ ေခါင္းေထာင္ၾကည့္လာသည္။

“ဟာ….”

႐ုတ္တရက္ ခုတင္ေပၚက ဆင္းသြားၿပီး ခုတင္ေဘးနား စားပြဲေပၚက ပစၥည္းေတြကိုအကုန္ လႊင့္ပစ္ေနသည္။နံရံဆီကို ဦးတည္ေနတဲ့ လူေၾကာင့္ လေရာင္ အိပ္ရာထဲကေန အလူးအလဲထလိုက္ရသည္။ေဒါသျဖစ္လြယ္သူက သူမ်ားမနာက်င္ရရင္ သူ႕ကိုယ္သူ နာေအာင္ လုပ္တတ္ေသးတာ။

“ရပ္လိုက္စမ္း…အံ့က်ဴးမ်ိဳးႏြယ္”

“ဖယ္ မဟုတ္ရင္ ခင္မ်ားနာမယ္”

လေရာင္လက္ကို ပုတ္ခ်ၿပီး အံတင္းတင္းႀကိတ္ထားသူက ေပါက္ကြဲေတာ့မယ့္ ဗုံးတစ္လုံးနဲ႔တူေနသည္။

“အေပးအယူလုပ္ၾကမလား”

ဆတ္ခနဲလွည့္ၾကည့္လာတဲ့ သူ႕မ်က္ဝန္းေတြမွာ မယုံၾကည္မႈေတြ ေတြ႕လိုက္ရသည္။

“Universe ကို ျပန္ၿပီးလည္ပတ္ေပးလိုက္
ငါ့ဘဝနဲ႔ခႏၶာ ငါပိုင္သမွ် အကုန္လုံးက မင္းအတြက္ပဲ”

စြဲလမ္းမႈကို အသုံးခ်တာမေကာင္းေပမယ့္ လေရာင္ဘာမွ မတတ္ႏိုင္။ေဖေဖေရာ ဖိုးေရာက လေရာင္ကို ဒီတာဝန္ေပးသြားခဲ့တာေလ။
အတန္ငယ္ ၿငိမ္က်သြားသူက ဒီတစ္ႀကိမ္ေတာ့ မ်က္ေမွာင္ၾကဳံ႕ၿပီး ၾကည့္လာသည္။

“သူမ်ားအားနည္းခ်က္ကို ဘယ္လို႐ွာရမလဲ ေကာင္းေကာင္းသိေနၿပီပဲ ခင္မ်ား”

မခ်ိျပဳံးနဲ႔ ေျပာလာတဲ့စကားေတြက လေရာင္အတြက္ေတာ့ အဆိပ္လူးတဲ့ ျမႇားတစ္စင္းလို။

“အင္း ငါငဲ့ၾကည့္စရာလူေတြက မ်ားလြန္းတယ္ အံ့က်ဴး”

“က်ဳပ္ကိုေရာ ဟမ္ ! ခင္မ်ားကို ခ်စ္လြန္းလို႔ ႐ူးေတာ့မလိုျဖစ္ေနတဲ့ က်ဳပ္ကိုေရာ”

“ငါမင္းကို ငရဲျပည္ကို ပို႔ေပးေနတာမဟုတ္ဘူး။ ဒီေနရာက မင္းမွ မဆက္ခံရင္ ဘယ္ေတာ့မွ လည္ပတ္ေတာ့မွာ မဟုတ္ဘူး။မင္းက ငါ့ထက္ အမ်ားႀကီး ပိုသိပါတယ္”

“ေတာက္”

“ေစာေစာက စကားအတြက္ ငါပဲေတာင္းပန္ပါတယ္ အစကတည္းက မင္းရဲ႕အပိုင္မို႔ ေ႐ွ႕ေလွ်ာက္လည္း ငါက မင္းအပိုင္ပါပဲ”

မ်က္ရည္ေတြ အဆက္မျပတ္က်ေနတဲ့ၾကားကေန ၾကည့္လိုက္ေတာ့ အံ့က်ဴးက ငူငူႀကီးရပ္ေနသည္။ကိုယ့္ေနရာကိုယ္ လက္မခံခ်င္တဲ့ လူတစ္ေယာက္ကို ဖိအားေပးေနရတာကလည္း လေရာင္ကို ေသေလာက္ေအာင္ နာက်င္ေစျပန္တယ္။

“လေရာင္…”

အခန္းထဲက ထြက္ဖို႔ တံခါးလက္ကိုင္ကို အုပ္ကာနီးဆဲဆဲ လေရာင္ခါးကို ဖက္တြယ္ခံလိုက္ရသည္။အသံက သာမန္ထက္အမ်ားႀကီး တိုးညႇင္းေနၿပီး လေရာင္ေက်ာျပင္ကို မ်က္ႏွာအပ္လာသည္။

“ေမာင့္ကို စိတ္မပ်က္လိုက္ပါနဲ႔…”

ငိုသံနဲ႔အတူ မထင္မွတ္ထားတဲ့ အသံေၾကာင့္ လေရာင္ လွည့္ၾကည့္ၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္ေတာ့ ရင္ခြင္ထဲ တိုးဝင္လာသည္။အဝတ္မပါတဲ့ ေက်ာျပင္က်ယ္ႀကီးက စိတ္ရဲ႕လႈံ႕ေဆာ္ခ်က္ေၾကာင့္ထင္သည္ ေခြၽးေစးေတြျပန္ေနသည္။သူ႕ဆံပင္ေတြကို အသာထိုးဖြလိုက္ၿပီး မ်က္ႏွာကိုဆြဲေမာ့လိုက္ေတာ့ မ်က္ရည္ေတြ႐ႊဲေနသည္။ငိုေနၿပီပဲ…။

“အင္း ငါက စိတ္မပ်က္ခ်င္တာမို႔ မင္းက လိမၼာေပး”

“အင္း ေမာင္လို႔ေခၚ”

လေရာင္စကားဆုံးေတာ့ ႏႈတ္ခမ္းစြန္းႏွစ္ဖက္က ညီညာစြာတြန္႔ေကြးသြားၿပီး ျပဳံးရိပ္သန္းလာသည္။

“ေမာင္…ခ်စ္တယ္”

“အားးး အူေတြ အသဲေတြ ေျဗာင္းဆန္ကုန္ၿပီ”

သူ႕နဖူးကို အသာငုံ႔နမ္းလိုက္ေတာ့ ခါးကေနဆြဲရမ္းခံလိုက္ရသည္။ႏွစ္ပတ္သုံးပတ္ပတ္ၿပီး မုန္႔ရတဲ့ကေလးေတြလို ေအာ္ေနေသးသည္။ဒီေကာင္ေလးက အခုက်ေတာ့လည္း ျဖဴစင္လိုက္တာ။

∆Movie recommendation for this part
_”Annabelle Comes Home”(2019)
So_So_Sophia (27.10.2022)

______________________________________

ဆိုဖီယာ come back ပါ။ တိုလြန္းသြားလို႔ အားနာပါတယ္႐ွင္။ေဆာင္းဝင္စျပဳၿပီမို႔ ေႏြးေႏြးေထြးေထြးေနၾကပါ။ ဒီဘက္မွာေတာ့ ေအးလာၿပီ႐ွင့္။

Tags: read novel My Possessive Of You 14, novel My Possessive Of You 14, read My Possessive Of You 14 online, My Possessive Of You 14 chapter, My Possessive Of You 14 high quality, My Possessive Of You 14 light novel, ,

Comment

Leave a Reply

Chapter 16