My Possessive Of You 17

All chapters are in My Possessive Of You
A+ A-

“မောင်…. ငါ့ကို အဲ့လိုမလုပ်နဲ့”

“ခင်များအပေါက်ကို ပိတ်ထား”

ပါတီကျင်းပရာနေရာကနေ ကားပါကင်ကို ရောက်သည်အထိ လရောင်ကို ကမန်းကတန်းဆွဲခေါ်သွားသည်။လက်ကောက်ဝတ်ကို ကျိုးကျေမတတ် ဖိညှစ်နေတဲ့ လက်က အံ့ကျူး ဒေါသရဲ့ အမှုန်အမွှားလေးပင် ရှိလိမ့်မည်။

လက်က နာကျင်မှုကြောင့် လရောင်မျက်ရည်တွေစို့လာသည်။ငိုတော့ မငိုရဲ။
အံ့ကျူးမျိုးနွယ်နဲ့ အတူ နှုတ်ဆက်ပါတီတစ်ခုကို တက်လာရတာဖြစ်သည်။လုပ်ငန်းရှင်တွေချည်းပဲ တက်ရောက်ကြတဲ့ ပွဲမို့ ရာဇာထူးဟန်လည်း ရောက်လာသည်။

ပွဲကျင်းပသူနဲ့ အံ့ကျူးစကားပြောနေတုန်း ရာဇာက လရောင်အနားရောက်လာကာ စကားပြောဖြစ်ကြသည်။ထွေထွေထူးထူးတော့မဟုတ် ဒီအတိုင်းနှုတ်ဆက်စကားသက်သက်သာ ဖြစ်သည်။ဒါကို မြင်ပြီး အံ့ကျူးမျိုးနွယ်က မမေးမမြန်းပဲ လရောင်ကို ဆွဲခေါ်လာခဲ့ခြင်းဖြစ်သည််။

ဒုန်း!

“အင့်”

ကားထဲကို အတင်းဆောင့်တွန်းခံလိုက်ရတာကြောင့် နဂိုအားနည်းတဲ့ လရောင်က ကျောပင်အောင့်သွားရသည်။ကားကို အကြမ်းပတမ်းမောင်းပြီး လရောင်ကိုတစ်စက်မှ မကြည့်။ဘေးတိုက်မြင်နေရတဲ့ လည်ပင်းကြောထောင်ထောင်တွေနဲ့ ကား steering ကို ဆုပ်ကိုင်ထားတဲ့ လက်ဖမိုးပေါ်က အကြောထင်းထင်းကြီးတွေက လရောင်ကို အသက်ရှူမဝဖြစ်စေသည်။

“အဟင့်”

“တောက်! “

အသံမထွက်အောင် ကြိတ်မျက်ရည်ကျနေတဲ့ကြားကနေ ရှိုက်သံက ထွက်သွားသေးသည်။အကျိုးဆက်က တက်ခေါက်သံအကျယ်ကြီးနဲ့အတူ ရဲတွတ်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ခြင်းခံလိုက်ရသည်။

ရာဇာနဲ့ ပတ်သက်မိတိုင်းလည်း အံ့ကျူးဆီက ဒေါသတွေကို အကြီးအကျယ်ခံယူရသည်။ဒါပေမယ့် ဒီတစ်ခါကတော့ အရင်တွေနဲ့ မတူ ကြမ်းတမ်းလွန်းသည်။တစ်ခုခုဆိုရင် အံ့ကျူးက အဆုံးအစွန်ထိ ဒေါသထွက်စိတ်တိုနေပြီးသား။

“ထွက်ခဲ့”

“အင့်”

လရောင် မျက်ရည်သုတ်ပြီး ကားပေါ်က ဆင်းတော့ တစ်ချက်သာစိုက်ကြည့်ပြီး အိမ်ထဲဝင်သွားသည်။လရောင်စိတ်ပူမိသွားသည်။သူ့ကို နာကျင်အောင် လုပ်တာထက် အံ့ကျူးမျိုးနွယ် စိတ်ဆိုးသွားမှာ ပိုကြောက်သည်။

လရောင် လက်ဖဝါးနှစ်ဖက်ကို ဆုပ်နှယ်နေပြီး ခပ်ကုပ်ကုပ်သာ သူ့နောက်ကလိုက်သွားလိုက်သည်။သူမကြိုက်တာ လုပ်မိတဲ့ ကိုယ့်အမှားသာ ဖြစ်ပါစေတော့။

လရောင် သူ့အခန်းထဲဝင်သွားလိုက်တော့ ဗီဒိုအောက်ထပ်နားမှာ ဝီစကီပုလင်းတွေကို ဆွဲထုတ်နေသည့် သူ့ကို တွေ့လိုက်ရသည်။

“အဲ့ဒါ မောင်ထင်သလိုမဟုတ်ဘူး”

“နေအုန်း နေအုန်း ကျုပ်ပြောဆိုတဲ့အချိန်မှ ပြော”

ပြောပြီးတော့ ဝီစကီတွေကို ပုလင်းလိုက်မော့ချသည်။လရောင် ချွေးပြန်နေရုံမကပဲ ကြက်သီးတဖြန်းဖြန်းထနေရသည်။အပေါ်ထပ် ကုတ်အင်္ကျီကို ဆွဲချွတ်ပြီး လရောင်ဆီ ပစ်ပေးသည်။လရောင် အလိုက်တသင့်ပဲ ကောက်ယူလိုက်ပြီး တန်းမှာ ချိတ်ထားပေးလိုက်သည်။

“ရေ ရေချိုးမှာလား ဟင်”

လရောင် အထစ်ထစ်အငေါ့ငေါ့မေးတော့ ဝီစကီပုလင်းကိုမော့နေရာကနေ ကြည့်လာသည်။မျက်လုံးတွေက ရီဝေနေပြီး လရောင်ကို သူ့ဆီလာဖို့ လက်နဲ့အမူအရာပြသည်။

လရောင် အသက်ကိုဝအောင်ရှူပြီး သူ့ဆီကို တစ်လှမ်းချင်းတိုးသွားလိုက်သည်။ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချပြီး ဝီစကီကို ခွက်လွတ်မော့နေခြင်းဖြစ်သည်။ပါတီမှာ နှစ်ခွက်သောက်တာ မြင်လိုက်ပေမယ့် လရောင်ပါတယ်ဆိုတဲ့ အသိနဲ့ ဆက်မသောက်တော့တာ ထင်သည်။နွေးနွေးထွေးထွေးအပြုံးတစ်ခုကိုလည်း အဲ့အချိန်တုန်းက ရလိုက်သေးသည်။

“အွန့် အွန်း ! အဟွတ် “

သူ့အနားရောက်တာနဲ့ ချက်ချင်း လည်ပင်းကနေဆွဲချပြီး အတင်းနမ်းတာခံလိုက်ရသည်။သူ့ပါးစပ်ထဲက ဝီစကီအချို့တောင် လရောင်ခံတွင်းထဲ စီးဝင်သည်။ဝီစကီတွေ သီးသွားကာမှ လွှတ်ပေးသည်။လည်ပင်းကို ဖက်ထားတာကိုတော့ လွှတ်မပေး။

“ကျုပ် လိုချင်တယ်”

“မောင်!”

“ခွင့်တောင်းနေတာ မဟုတ်ဘူး အသိပေးတာ”

“ဟင်”

“ဒီနေရာမှာပဲ”

“ဟင့်အင်း”

လရောင် အံ့ကျူးဆီကနေ ထွက်ပြေးချင်လာသည်။ပထမတစ်ကြိမ်တုန်းက သူ့အခက်အခဲကြောင့် ကူညီပေးလိုက်ပေမယ့် လရောင်တို့က တရားဝင်လက်ထပ်ထားပြီးသားမဟုတ်။သူလိုချင်တိုင်း ပေးနေရင်သူ့စိတ်ထဲမှာ အပေါစားဆန်လာမှာကြောက်သည်။ပြီးတော့အံ့ကျူး မျက်လုံးတွေနဲ့ နှုတ်ခမ်းစွန်းတွေမှာ တွေ့နေရတဲ့ အငွေ့အသက်တွေက မကောင်း။

“ခွင့်တောင်းနေတာ မဟုတ်ဘူးလို့”

“အာ့ မင်း…”

လရောင် လည်ပင်းသားလေး စူးခနဲဖြစ်သွားသည်။အံ့ကျူးက လုံးဝလွှတ်ပေးမယ့်ပုံမမြင်။လရောင်တစ်ကိုယ်လုံးကို ဆွဲပွေ့ပြီး သူ့ပေါင်ပေါ် ခွလျက်အနေအထားဖြစ်အောင် လုပ်သည်။လောလောလတ်လတ်သောက်ထားတဲ့ ဝီစကီအနံ့က ပြင်းရှရှချိုအီအီအနံ့ကို ရသည်။

“ဟင့်အင်း ငါမကြိုက်ဘူး…”

လည်ပင်းသားတွေကို စုပ်ယူနေရင်း လက်တစ်ဖက်ကလည်း လရောင် အင်္ကျီထဲ လက်လျှိုဝင်လာပြီး ခန္ဓာကိုယ်ကို ပွတ်သပ်နေသည်။ဒီအနေအထားကြီးကို လရောင်မကြိုက်ပါ။နှစ်ယောက်သား ကြည်ကြည်ဖြူဖြူရှိတဲ့ အနေအထားမဟုတ်တာကြောင့် သာယာမှုထက် အပြစ်လုပ်ထားလို့ လရောင်ကို နာကျင်စေမယ့် ရည်ရွယ်ချက်က ပိုများနေနိုင်သည်။

လရောင်အင်္ကျီတွေ ဆွဲချွတ်ခံလိုက်ရပြီး ရင်ညွန့်ဆီကို မျက်နှာအပ်လာသည်။နမ်းရှိုက်ရုံသက်သက်မဟုတ်ပဲ သွားချွန်ချွန်တွေနဲ့ နေရာအနှံ့ကိုက်နေတာဖြစ်သည်။

“အဟင့် မုန်းတယ် ငါ့ကိုလွှတ်ပေး”

သူ့အပေါ်မှာ ခွထိုင်ရက်အနေအထားမို့ လရောင်က သူနဲ့မျက်နှာချင်းဆိုင် အနေအထားဖြစ်နေသည်။ရင်ဘတ်ကို မျက်နှာအပ်နေတာမို့ သူ့ခေါင်းက လရောင်ရှေ့ကို တမင်ကုန်းပေးထားသလိုဖြစ်နေသည်။ထို့ကြောင့်လည်း မျက်စိရှေ့က အံ့ကျူးဆံပင်တွေကို ဆွဲယူပြီး လရောင်ပြောလိုက်ခြင်းဖြစ်သည်။

“ကျစ် ! လရောင်သသ သွား..သွားတော့”

ဦးရေပြားက နာကျင်မှုကြောင့် အံ့ကျူးမျိုးနွယ် ပစ္စုပ္ပန်ကို သတိမူမိလာသည်။မျက်ရည်အရွှဲသားနဲ့ သူ့ကို ရွံမုန်းသလို ကြည့်နေတဲ့ လရောင်ကြောင့် မှားသွားပြီဆိုတာ သိလိုက်သည်။အံ့ကျူး မြင်ကွင်းထဲမှာ လရောင်အနား အုပ်မိုးတော့မတတ် ကပ်နေပြီး ရယ်မောကာ စကားပြောနေတဲ့ မြင်ကွင်းကို ထုတ်မရဖြစ်နေသည်။သွေးပူပြီး အဲ့နေရာမှာတင် ရာဇာထူးဟန်ကို စုပ်ပြတ်သတ်သွားအောင် ထိုးချင်မိသည်။

အင်္ကျီရင်ဘတ်ကို ပြန်စေ့ပေးလိုက်ပြီး ကိုယ်ပေါ်ကနေ ချလိုက်တော့ ငိုနေသူက ကြည့်လာသည်။

“ကျုပ်စိတ်မထိန်းနိုင်ဖြစ်သွားတယ် သူစိမ်းယောကျ်ားတွေနဲ့ စကားမပြောနဲ့”

လရောင် ခဏတော့ ကြောင်သွားသည်။မောင်က သူ့ကို ကြမ်းပြင်ပေါ်မှာ ချထားပြီး ငူငူကြီးထိုင်နေပြန်သည်။

“ကျုပ် ခင်များကို တရားဝင်ပိုင်ဆိုင်ချင်နေပြီ လရောင်သသ”

မျက်လုံးကို မှိတ်လိုက်ဖွင့်လိုက်လုပ်ပြီး ပြောနေတဲ့ အံ့ကျူးက အလေးအနက်စဥ်းစားနေဟန်။လရောင်ရင်ထဲ ကြည်နူးမိသွားသည်။မောင်က အပြုအမူတွေရိုင်းသလောက် လရောင်ကို ထည့်တွေးပေးသည်။ပထမအကြိမ်တုန်းကတောင် မောင်က ငြင်းဆန်ခဲ့သေးသည်လေ။

“အခုလည်း ငါက မောင့်အပိုင်ပါပဲ”

“အဟင်း စကားနားမထောင်တာတော့ မကြိုက်ဘူး”

မောင်က ခပ်တိုးတိုးရယ်ပြီး ပြောသည်။မျက်နှာတွေရဲနေပေမယ့် မောင်က မူးနေပုံတော့မပေါ်။

“သွားအိပ်တော့ ဥာဥ့်နက်နေပြီ”

“အင်း”

လရောင် မောင့်ကို ပြုံးပြလိုက်ပြီး အခန်းထဲက ကျောခိုင်းလိုက်သည်။နှစ်လှမ်းသုံးလှမ်းပဲ ရွေ့ရသေးသည် လရောင်ကိုယ်လေးက စွေ့ခနဲအပွေ့ခံလိုက်ရပြန်သည်။

“လိုက်ပို့မယ်”

“အင်း”

“လှလိုက်တာ…ချစ်လွန်းလို့ ရူးတော့မှာပဲ “

လရောင်ကို အပေါ်စီးက ကြည့်နေရင်းကနေ ဆံပင်ရှည်တွေထဲ ငုံ့နမ်းလာသည်။လောလောလတ်လတ် အကိုက်ခံထားရ၍ သွေးစို့နေတဲ့ လည်တိုင်ကိုလည်း ငုံ့ပြီး အာငွေ့ပေးသေးသည်။

“မောင်သွားတော့လေ ငါအိပ်တော့မယ်”

လရောင် ညအိပ်ဝတ်စုံလဲပြီးသည်အထိ အံ့ကျူးက အခန်းထဲက မထွက်သေး။လရောင်ကိုသာ တောက်လျှောက်လိုက်ကြည့်နေသည်။ရီဝေဝေအကြည့်တွေက မြတ်နိုးမှုတွေနဲ့ ပြည့်နေသည်။

“အင်း ခင်များအိပ်မှ ပြန်မယ်”

“ဟင်”

လရောင်စောင်းကြည့်လိုက်တော့ သွားချွန်ချွန်တွေနဲ့ ကိုလူချောက ခပ်သော့သော့ရယ်သည်။ဒီလူက ခပ်တည်တည်နဲ့ လရောင်အိပ်ရာထဲ ဝင်အိပ်တတ်သေးသည်လေ။အိပ်ရုံသက်သက်သာမဟုတ် လရောင်ပါးတွေကြိမ်းနေအောင် အနမ်းခံရသေးသည်။တစ်ခါတစ်ရံ ဆံနွယ်တွေနဲ့ လည်တိုင်ကြား ကူးလူးနေတတ်သည်။

“ခင်များမျက်လုံးလေးမှိတ်သွားတာက အစ ကြည့်နေချင်ရုံပါ အခန်းပြန်အိပ်မှာပါ”

သူ့စကားကြောင့် ဘာမှဆက်မပြောတော့ပဲ ဆံပင်တွေကိုသာ ဖြီးသင်လိုက်သည်။မှန်ထဲမှာ မြင်နေရတဲ့ လရောင်သသက အရုပ်လေးတစ်ရုပ်လို လှသည်။အသားဖြူဖြူနဲ့ အစိတ်အပိုင်းတစ်ခုချင်းတိုင်း လှနေတဲ့ လရောင်က accessories တွေပါ ဆင်ထားတော့ ပိုလို့လှသည်။အရောင်ကြည်ကြည်နုနုလေးတွေချည်းပဲ သုံးတတ်တဲ့ လရောင်က ဖယောင်းရုပ်လေးနဲ့လည်းတူသည်။

“အမေ့!”

အံ့ကျူးအသဲယားစွာပင် ဆံနွယ်ပျော့တွေအောက်က ဂုတ်သားဖွေးဖွေးကို ငုံ့နမ်းတော့ တွန့်သွားသည်။နို့နံ့သင်းသင်းက လရောင်သသရဲ့ ကိုယ်သင်းနံ့နဲ့ ရောနေကာ တစ်ဝကြီးရှူရှိုက်ပစ်လိုက်တော့ ရင်ထဲအေးသွားသည်။
ရာဇာထူးဟန်နဲ့မှ မဟုတ် အခြားဘယ်သူနဲ့မှ လရောင်ကို မရှိစေချင်ပါ။

“ပြောတော့ ကြည့်ရုံပဲဆို…”

နှုတ်ခမ်းလေးစူပြီး ရန်ထောင်တော့ အံ့ကျူးရင်ခွင်ထဲ ထည့်ပြီး တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။

“ခင်များက မြှူဆွယ်နေတာကို”

“မမြှူဆွယ်ပါဘူးနော် အစကတည်းက မောင်ကိုယ်တိုင်က နစ်မျောနေတာကို အဟင်း”

လရောင်ရယ်တော့ အံ့ကျူးက ပါးပြင်ဆီကိုနှာခေါင်းအပ်လာပြန်သည်။

“အဲတာကြောင့် ခင်များကို ဘယ်သူမှ မမြင်ရအောင် ဖွက်ထားချင်တာလေ “

“အွန့် တော်ပြီနော် ငါအိပ်တော့..!”

လရောင်စကားတောင် မဆုံးလိုက် နှုတ်ခမ်းတစ်စုံလုံး ငုံထွေးခံလိုက်ရသည်။သူ့စိတ်ကြိုက်ချယ်လှယ်ပြီး လွှတ်ပေးတော့ လရောင်နှုတ်ခမ်းလေးတွေ ဖူးယောင်ကာ နီရဲနေတော့သည်။

•••••

“အံ့ကျူး ဒီမှာ ငါတို့..”

ကလပ်ထဲ ဝင်သွားလိုက်တော့ ရဲထွဋ်က လက်ရမ်းပြသည်။ဟိုတစ်ခါ ဘားမှာဆုံပြီးကတည်းက သုံးယောက်သား အတူအရက်မသောက်ဖြစ်ပြန်ပေ။ကြားထဲ ခဏခဏတွေ့ဖြစ်ပေမယ့်် ဒီအတိုင်း အလုပ်နဲ့ ပတ်သက်တာတွေပဲ ပြောဖြစ်တာချည်းပင်။

“ထိုင် ဟေ့ကောင် စောင့်လိုက်ရတာ အကြာကြီးပဲ”

“အင်း foreigner နဲ့ စကားပြောနေလို့”

“ရော့ သောက်”

ညီမင်းဟန်က တစ်ခွက်ငှဲ့ပြီး အံ့ကျူးရှေ့ ပို့ပေးသည်။အများကြီးတော့ သောက်လို့မဖြစ် အိမ်မှာ လရောင်သသက တစ်ယောက်တည်းဖြစ်သည်။

“အကိုလရောင်က အိမ်မှာတစ်ယောက်တည်းလား”

“အင်း မမဆွေနဲ့ ခြံစောင့်ဦးလေးကြီးတော့ရှိတယ်”

“အခြေအနေ ဘယ်လောက်ထိရောက်နေပြီလဲ ဟေ့ကောင်”

အကြောင်းသိနေတဲ့ ကောင်တွေမို့ ရဲထွဋ်က မျက်နှာပြောင်နဲ့ မေးသည်။ညီမင်းဟန်ကတော့ ပြုံးစစနှင့်ပင်။

“ငါတို့ အတူနေဖြစ်သေးတယ်”

“တကယ်လား အံ့ကျူး”

“ဂုဏ်ယူတယ် သားကြီးရာ”

ညီမင်းဟန်က မယုံနိုင်သလို မေးပေမယ့် ရဲထွဋ်ကတော့ မျက်နှာကြီးဖြီးသွားသည်။ဒီကောင်တွေက ပျော်ပျော်နေတတ်ပေမယ့် အံ့ကျူးအတွက် အားအထားရဆုံးနှင့် တကယ်ကောင်းတဲ့ သူငယ်ချင်းတွေဖြစ်သည်။

“အင်း ဟိုတစ်ခါ ဘားကပြန်တော့ မင်းတို့စကီလေးက ငါ့ကို ဆေးခတ်လိုက်တာလေ”

“ဘာရယ် ဟိုတစ်ယောက်လား”

“အင်း”

အံ့ကျူးစကားကြောင့် ညီမင်းဟန်ပါ မျက်လုံးပြူးသွားသည်။

“အဲ့လောက်ကြီးအထိ ငါမထင်ထားခဲ့ဘူး သူက ငါ့မိထွေးရဲ့သား “

“လွှမ်းရိပ်ငယ်ကလေ!!”

ရဲထွဋ်က အကျယ်ကြီး ထအော်သည်။ညီမင်းဟန်က မျက်နှာပျက်နေပြီ။

“သူ မင်းကို တအားဖြစ်နေတာ အံ့ကျူး”

“အဲဒါများကွာ မင်း…”

အံ့ကျူး နည်းနည်းတော့ စိတ်တိုသွားသည်။ညီမင်းဟန်က သိသိကြီးနဲ့ သူ့ မိထွေးရဲ့သားကို အံ့ကျူးနဲ့များ တမင်ညိအောင်လုပ်လိုက်သလား။

“ငါ့ကို အဲ့လို မကြည့်နဲ့ အံ့ကျူး ၊ အဲ့ညက ဘာတွေဖြစ်ခဲ့လဲ မသိဘူး အိမ်ရောက်တော့ လွှမ်းရိပ်ငယ်က သောင်းကျန်းနေတာပဲ မင်းနာမည်ပဲ ဆက်တိုက်ပြောနေလို့ ဖားသားကတောင် ငါ့ကို ကြည့်နေသေးတယ်”

“ဟူးးးးရှုပ်လိုက်တာ အဲ့ညက လရောင်သသ သာ ငါ့အနားမှာရှိမနေရင် သေတော့မလို ခံစားရတာကွ”

“အဲဒါနဲ့ပဲ မင်း အကိုလရောင်ကို ဆွဲ..”

ရဲထွဋ်က စကားကို တန်းလန်းကြီးထားပြီး ပြီတီတီကြီး လုပ်နေသည်။အံ့ကျူး မျက်လုံးစွေကြည့်လိုက်ပြီး အရက်ခွက်ကိုသာ လှုပ်သောက်နေလိုက်သည်။ညီမင်းဟန်ကတော့ တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်မော့နေသည်။

“သူကိုယ်တိုင်က လိုလိုလားလားလက်ခံတာကွ”

“အဟွတ်…အဟီ”

စပ်ဖြဲဖြဲနဲ့ကောင်က တံတွေးတောင် သီးနေသေးသည်။

“လွှမ်းရိပ်ငယ်ဘက်က တအားရောလာရင် မင်းဘယ်လိုလုပ်မယ် စဥ်းစားထားလဲ အံ့ကျူး”

“ငါ သူ့ကို chance ပေးလိုက်ပြီးပြီ မင်းဟန် နောက်တစ်ကြိမ်ဆိုရင်တော့ အဟင်း…”

အံ့ကျူး သွေးအေးအေးနဲ့ ပြောလိုက်တော့ စောစောက ရုပ်ပြောင်နေတဲ့ ရဲထွဋ်ကလည်း ငြိမ်သွားသလို ညီမင်းဟန်ကလည်း အံ့ကျူးကို တွေတွေကြီးစိုက်ကြည့်လာသည်။

ဆောရီး ငါ့ကောင်ရေ…။လရောင်သသနဲ့ သူ့ကြားမှာ အနှောက်အယှက်ဖြစ်လာစေမယ့်အရာဆိုရင် ဘယ်သူ့မျက်နှာကိုမှ ထောက်မှာမဟုတ်ဘူး။

So_So_Sophia (9.11.2022)

__________________________________________

ပျက်ကွက်မှုတွေအတွက် တောင်းပန်ပါတယ်ရှင်။ လူက တစ်ခါတစ်လေဆို block လွန်းနေပါပြီ။

လရောင်လေးနဲ့ ongoing လိုက်ပေးတဲ့သူတွေအတွက် ကျွန်တော်က လက်ဆောင်လေးတစ်ခုပြင်ဆင်ထားပါတယ်။

ဒါကတော့ ဒေါသထွက်လွယ်တဲ့ ကိုလူချောအပိုင် ပါးဖောင်းဖောင်းလေးတွေနဲ့ အလှလေး လရောင်သသပါ(✿❛◡❛)။

Happy birthday to me. 💜
အစောကြီးကတည်းက ရေးပြီးပေမယ့် birthday present လေးဖြစ်သွားအောင် ဒီအချိန်ထိစောင့်နေတာ အစောကြီး အိပ်ချင်နေလို့ alarm ပေးထားရတယ်ရှင်။

“ေမာင္…. ငါ့ကို အဲ့လိုမလုပ္နဲ႔”

“ခင္မ်ားအေပါက္ကို ပိတ္ထား”

ပါတီက်င္းပရာေနရာကေန ကားပါကင္ကို ေရာက္သည္အထိ လေရာင္ကို ကမန္းကတန္းဆြဲေခၚသြားသည္။လက္ေကာက္ဝတ္ကို က်ိဳးေက်မတတ္ ဖိညႇစ္ေနတဲ့ လက္က အံ့က်ဴး ေဒါသရဲ႕ အမႈန္အမႊားေလးပင္ ႐ွိလိမ့္မည္။

လက္က နာက်င္မႈေၾကာင့္ လေရာင္မ်က္ရည္ေတြစို႔လာသည္။ငိုေတာ့ မငိုရဲ။
အံ့က်ဴးမ်ိဳးႏြယ္နဲ႔ အတူ ႏႈတ္ဆက္ပါတီတစ္ခုကို တက္လာရတာျဖစ္သည္။လုပ္ငန္း႐ွင္ေတြခ်ည္းပဲ တက္ေရာက္ၾကတဲ့ ပြဲမို႔ ရာဇာထူးဟန္လည္း ေရာက္လာသည္။

ပြဲက်င္းပသူနဲ႔ အံ့က်ဴးစကားေျပာေနတုန္း ရာဇာက လေရာင္အနားေရာက္လာကာ စကားေျပာျဖစ္ၾကသည္။ေထြေထြထူးထူးေတာ့မဟုတ္ ဒီအတိုင္းႏႈတ္ဆက္စကားသက္သက္သာ ျဖစ္သည္။ဒါကို ျမင္ၿပီး အံ့က်ဴးမ်ိဳးႏြယ္က မေမးမျမန္းပဲ လေရာင္ကို ဆြဲေခၚလာခဲ့ျခင္းျဖစ္သည္္။

ဒုန္း!

“အင့္”

ကားထဲကို အတင္းေဆာင့္တြန္းခံလိုက္ရတာေၾကာင့္ နဂိုအားနည္းတဲ့ လေရာင္က ေက်ာပင္ေအာင့္သြားရသည္။ကားကို အၾကမ္းပတမ္းေမာင္းၿပီး လေရာင္ကိုတစ္စက္မွ မၾကည့္။ေဘးတိုက္ျမင္ေနရတဲ့ လည္ပင္းေၾကာေထာင္ေထာင္ေတြနဲ႔ ကား steering ကို ဆုပ္ကိုင္ထားတဲ့ လက္ဖမိုးေပၚက အေၾကာထင္းထင္းႀကီးေတြက လေရာင္ကို အသက္႐ွဴမဝျဖစ္ေစသည္။

“အဟင့္”

“ေတာက္! “

အသံမထြက္ေအာင္ ႀကိတ္မ်က္ရည္က်ေနတဲ့ၾကားကေန ႐ိႈက္သံက ထြက္သြားေသးသည္။အက်ိဳးဆက္က တက္ေခါက္သံအက်ယ္ႀကီးနဲ႔အတူ ရဲတြတ္ေနတဲ့ မ်က္ဝန္းေတြနဲ႔ စိုက္ၾကည့္ျခင္းခံလိုက္ရသည္။

ရာဇာနဲ႔ ပတ္သက္မိတိုင္းလည္း အံ့က်ဴးဆီက ေဒါသေတြကို အႀကီးအက်ယ္ခံယူရသည္။ဒါေပမယ့္ ဒီတစ္ခါကေတာ့ အရင္ေတြနဲ႔ မတူ ၾကမ္းတမ္းလြန္းသည္။တစ္ခုခုဆိုရင္ အံ့က်ဴးက အဆုံးအစြန္ထိ ေဒါသထြက္စိတ္တိုေနၿပီးသား။

“ထြက္ခဲ့”

“အင့္”

လေရာင္ မ်က္ရည္သုတ္ၿပီး ကားေပၚက ဆင္းေတာ့ တစ္ခ်က္သာစိုက္ၾကည့္ၿပီး အိမ္ထဲဝင္သြားသည္။လေရာင္စိတ္ပူမိသြားသည္။သူ႕ကို နာက်င္ေအာင္ လုပ္တာထက္ အံ့က်ဴးမ်ိဳးႏြယ္ စိတ္ဆိုးသြားမွာ ပိုေၾကာက္သည္။

လေရာင္ လက္ဖဝါးႏွစ္ဖက္ကို ဆုပ္ႏွယ္ေနၿပီး ခပ္ကုပ္ကုပ္သာ သူ႕ေနာက္ကလိုက္သြားလိုက္သည္။သူမႀကိဳက္တာ လုပ္မိတဲ့ ကိုယ့္အမွားသာ ျဖစ္ပါေစေတာ့။

လေရာင္ သူ႕အခန္းထဲဝင္သြားလိုက္ေတာ့ ဗီဒိုေအာက္ထပ္နားမွာ ဝီစကီပုလင္းေတြကို ဆြဲထုတ္ေနသည့္ သူ႕ကို ေတြ႕လိုက္ရသည္။

“အဲ့ဒါ ေမာင္ထင္သလိုမဟုတ္ဘူး”

“ေနအုန္း ေနအုန္း က်ဳပ္ေျပာဆိုတဲ့အခ်ိန္မွ ေျပာ”

ေျပာၿပီးေတာ့ ဝီစကီေတြကို ပုလင္းလိုက္ေမာ့ခ်သည္။လေရာင္ ေခြၽးျပန္ေန႐ုံမကပဲ ၾကက္သီးတျဖန္းျဖန္းထေနရသည္။အေပၚထပ္ ကုတ္အက်ႌကို ဆြဲခြၽတ္ၿပီး လေရာင္ဆီ ပစ္ေပးသည္။လေရာင္ အလိုက္တသင့္ပဲ ေကာက္ယူလိုက္ၿပီး တန္းမွာ ခ်ိတ္ထားေပးလိုက္သည္။

“ေရ ေရခ်ိဳးမွာလား ဟင္”

လေရာင္ အထစ္ထစ္အေငါ့ေငါ့ေမးေတာ့ ဝီစကီပုလင္းကိုေမာ့ေနရာကေန ၾကည့္လာသည္။မ်က္လုံးေတြက ရီေဝေနၿပီး လေရာင္ကို သူ႕ဆီလာဖို႔ လက္နဲ႔အမူအရာျပသည္။

လေရာင္ အသက္ကိုဝေအာင္႐ွဴၿပီး သူ႕ဆီကို တစ္လွမ္းခ်င္းတိုးသြားလိုက္သည္။ဆိုဖာေပၚမွာ ေျခပစ္လက္ပစ္ထိုင္ခ်ၿပီး ဝီစကီကို ခြက္လြတ္ေမာ့ေနျခင္းျဖစ္သည္။ပါတီမွာ ႏွစ္ခြက္ေသာက္တာ ျမင္လိုက္ေပမယ့္ လေရာင္ပါတယ္ဆိုတဲ့ အသိနဲ႔ ဆက္မေသာက္ေတာ့တာ ထင္သည္။ေႏြးေႏြးေထြးေထြးအျပဳံးတစ္ခုကိုလည္း အဲ့အခ်ိန္တုန္းက ရလိုက္ေသးသည္။

“အြန္႔ အြန္း ! အဟြတ္ “

သူ႕အနားေရာက္တာနဲ႔ ခ်က္ခ်င္း လည္ပင္းကေနဆြဲခ်ၿပီး အတင္းနမ္းတာခံလိုက္ရသည္။သူ႕ပါးစပ္ထဲက ဝီစကီအခ်ိဳ႕ေတာင္ လေရာင္ခံတြင္းထဲ စီးဝင္သည္။ဝီစကီေတြ သီးသြားကာမွ လႊတ္ေပးသည္။လည္ပင္းကို ဖက္ထားတာကိုေတာ့ လႊတ္မေပး။

“က်ဳပ္ လိုခ်င္တယ္”

“ေမာင္!”

“ခြင့္ေတာင္းေနတာ မဟုတ္ဘူး အသိေပးတာ”

“ဟင္”

“ဒီေနရာမွာပဲ”

“ဟင့္အင္း”

လေရာင္ အံ့က်ဴးဆီကေန ထြက္ေျပးခ်င္လာသည္။ပထမတစ္ႀကိမ္တုန္းက သူ႕အခက္အခဲေၾကာင့္ ကူညီေပးလိုက္ေပမယ့္ လေရာင္တို႔က တရားဝင္လက္ထပ္ထားၿပီးသားမဟုတ္။သူလိုခ်င္တိုင္း ေပးေနရင္သူ႕စိတ္ထဲမွာ အေပါစားဆန္လာမွာေၾကာက္သည္။ၿပီးေတာ့အံ့က်ဴး မ်က္လုံးေတြနဲ႔ ႏႈတ္ခမ္းစြန္းေတြမွာ ေတြ႕ေနရတဲ့ အေငြ႕အသက္ေတြက မေကာင္း။

“ခြင့္ေတာင္းေနတာ မဟုတ္ဘူးလို႔”

“အာ့ မင္း…”

လေရာင္ လည္ပင္းသားေလး စူးခနဲျဖစ္သြားသည္။အံ့က်ဴးက လုံးဝလႊတ္ေပးမယ့္ပုံမျမင္။လေရာင္တစ္ကိုယ္လုံးကို ဆြဲေပြ႕ၿပီး သူ႕ေပါင္ေပၚ ခြလ်က္အေနအထားျဖစ္ေအာင္ လုပ္သည္။ေလာေလာလတ္လတ္ေသာက္ထားတဲ့ ဝီစကီအနံ႔က ျပင္း႐ွ႐ွခ်ိဳအီအီအနံ႔ကို ရသည္။

“ဟင့္အင္း ငါမႀကိဳက္ဘူး…”

လည္ပင္းသားေတြကို စုပ္ယူေနရင္း လက္တစ္ဖက္ကလည္း လေရာင္ အက်ႌထဲ လက္လွ်ိဳဝင္လာၿပီး ခႏၶာကိုယ္ကို ပြတ္သပ္ေနသည္။ဒီအေနအထားႀကီးကို လေရာင္မႀကိဳက္ပါ။ႏွစ္ေယာက္သား ၾကည္ၾကည္ျဖဴျဖဴ႐ွိတဲ့ အေနအထားမဟုတ္တာေၾကာင့္ သာယာမႈထက္ အျပစ္လုပ္ထားလို႔ လေရာင္ကို နာက်င္ေစမယ့္ ရည္႐ြယ္ခ်က္က ပိုမ်ားေနႏိုင္သည္။

လေရာင္အက်ႌေတြ ဆြဲခြၽတ္ခံလိုက္ရၿပီး ရင္ၫြန္႔ဆီကို မ်က္ႏွာအပ္လာသည္။နမ္း႐ိႈက္႐ုံသက္သက္မဟုတ္ပဲ သြားခြၽန္ခြၽန္ေတြနဲ႔ ေနရာအႏွံ႔ကိုက္ေနတာျဖစ္သည္။

“အဟင့္ မုန္းတယ္ ငါ့ကိုလႊတ္ေပး”

သူ႕အေပၚမွာ ခြထိုင္ရက္အေနအထားမို႔ လေရာင္က သူနဲ႔မ်က္ႏွာခ်င္းဆိုင္ အေနအထားျဖစ္ေနသည္။ရင္ဘတ္ကို မ်က္ႏွာအပ္ေနတာမို႔ သူ႕ေခါင္းက လေရာင္ေ႐ွ႕ကို တမင္ကုန္းေပးထားသလိုျဖစ္ေနသည္။ထို႔ေၾကာင့္လည္း မ်က္စိေ႐ွ႕က အံ့က်ဴးဆံပင္ေတြကို ဆြဲယူၿပီး လေရာင္ေျပာလိုက္ျခင္းျဖစ္သည္။

“က်စ္ ! လေရာင္သသ သြား..သြားေတာ့”

ဦးေရျပားက နာက်င္မႈေၾကာင့္ အံ့က်ဴးမ်ိဳးႏြယ္ ပစၥဳပၸန္ကို သတိမူမိလာသည္။မ်က္ရည္အ႐ႊဲသားနဲ႔ သူ႕ကို ႐ြံမုန္းသလို ၾကည့္ေနတဲ့ လေရာင္ေၾကာင့္ မွားသြားၿပီဆိုတာ သိလိုက္သည္။အံ့က်ဴး ျမင္ကြင္းထဲမွာ လေရာင္အနား အုပ္မိုးေတာ့မတတ္ ကပ္ေနၿပီး ရယ္ေမာကာ စကားေျပာေနတဲ့ ျမင္ကြင္းကို ထုတ္မရျဖစ္ေနသည္။ေသြးပူၿပီး အဲ့ေနရာမွာတင္ ရာဇာထူးဟန္ကို စုပ္ျပတ္သတ္သြားေအာင္ ထိုးခ်င္မိသည္။

အက်ႌရင္ဘတ္ကို ျပန္ေစ့ေပးလိုက္ၿပီး ကိုယ္ေပၚကေန ခ်လိုက္ေတာ့ ငိုေနသူက ၾကည့္လာသည္။

“က်ဳပ္စိတ္မထိန္းႏိုင္ျဖစ္သြားတယ္ သူစိမ္းေယာက်္ားေတြနဲ႔ စကားမေျပာနဲ႔”

လေရာင္ ခဏေတာ့ ေၾကာင္သြားသည္။ေမာင္က သူ႕ကို ၾကမ္းျပင္ေပၚမွာ ခ်ထားၿပီး ငူငူႀကီးထိုင္ေနျပန္သည္။

“က်ဳပ္ ခင္မ်ားကို တရားဝင္ပိုင္ဆိုင္ခ်င္ေနၿပီ လေရာင္သသ”

မ်က္လုံးကို မွိတ္လိုက္ဖြင့္လိုက္လုပ္ၿပီး ေျပာေနတဲ့ အံ့က်ဴးက အေလးအနက္စဥ္းစားေနဟန္။လေရာင္ရင္ထဲ ၾကည္ႏူးမိသြားသည္။ေမာင္က အျပဳအမူေတြ႐ိုင္းသေလာက္ လေရာင္ကို ထည့္ေတြးေပးသည္။ပထမအႀကိမ္တုန္းကေတာင္ ေမာင္က ျငင္းဆန္ခဲ့ေသးသည္ေလ။

“အခုလည္း ငါက ေမာင့္အပိုင္ပါပဲ”

“အဟင္း စကားနားမေထာင္တာေတာ့ မႀကိဳက္ဘူး”

ေမာင္က ခပ္တိုးတိုးရယ္ၿပီး ေျပာသည္။မ်က္ႏွာေတြရဲေနေပမယ့္ ေမာင္က မူးေနပုံေတာ့မေပၚ။

“သြားအိပ္ေတာ့ ဥာဥ့္နက္ေနၿပီ”

“အင္း”

လေရာင္ ေမာင့္ကို ျပဳံးျပလိုက္ၿပီး အခန္းထဲက ေက်ာခိုင္းလိုက္သည္။ႏွစ္လွမ္းသုံးလွမ္းပဲ ေ႐ြ႕ရေသးသည္ လေရာင္ကိုယ္ေလးက ေစြ႕ခနဲအေပြ႕ခံလိုက္ရျပန္သည္။

“လိုက္ပို႔မယ္”

“အင္း”

“လွလိုက္တာ…ခ်စ္လြန္းလို႔ ႐ူးေတာ့မွာပဲ “

လေရာင္ကို အေပၚစီးက ၾကည့္ေနရင္းကေန ဆံပင္႐ွည္ေတြထဲ ငုံ႔နမ္းလာသည္။ေလာေလာလတ္လတ္ အကိုက္ခံထားရ၍ ေသြးစို႔ေနတဲ့ လည္တိုင္ကိုလည္း ငုံ႔ၿပီး အာေငြ႕ေပးေသးသည္။

“ေမာင္သြားေတာ့ေလ ငါအိပ္ေတာ့မယ္”

လေရာင္ ညအိပ္ဝတ္စုံလဲၿပီးသည္အထိ အံ့က်ဴးက အခန္းထဲက မထြက္ေသး။လေရာင္ကိုသာ ေတာက္ေလွ်ာက္လိုက္ၾကည့္ေနသည္။ရီေဝေဝအၾကည့္ေတြက ျမတ္ႏိုးမႈေတြနဲ႔ ျပည့္ေနသည္။

“အင္း ခင္မ်ားအိပ္မွ ျပန္မယ္”

“ဟင္”

လေရာင္ေစာင္းၾကည့္လိုက္ေတာ့ သြားခြၽန္ခြၽန္ေတြနဲ႔ ကိုလူေခ်ာက ခပ္ေသာ့ေသာ့ရယ္သည္။ဒီလူက ခပ္တည္တည္နဲ႔ လေရာင္အိပ္ရာထဲ ဝင္အိပ္တတ္ေသးသည္ေလ။အိပ္႐ုံသက္သက္သာမဟုတ္ လေရာင္ပါးေတြႀကိမ္းေနေအာင္ အနမ္းခံရေသးသည္။တစ္ခါတစ္ရံ ဆံႏြယ္ေတြနဲ႔ လည္တိုင္ၾကား ကူးလူးေနတတ္သည္။

“ခင္မ်ားမ်က္လုံးေလးမွိတ္သြားတာက အစ ၾကည့္ေနခ်င္႐ုံပါ အခန္းျပန္အိပ္မွာပါ”

သူ႕စကားေၾကာင့္ ဘာမွဆက္မေျပာေတာ့ပဲ ဆံပင္ေတြကိုသာ ၿဖီးသင္လိုက္သည္။မွန္ထဲမွာ ျမင္ေနရတဲ့ လေရာင္သသက အ႐ုပ္ေလးတစ္႐ုပ္လို လွသည္။အသားျဖဴျဖဴနဲ႔ အစိတ္အပိုင္းတစ္ခုခ်င္းတိုင္း လွေနတဲ့ လေရာင္က accessories ေတြပါ ဆင္ထားေတာ့ ပိုလို႔လွသည္။အေရာင္ၾကည္ၾကည္ႏုႏုေလးေတြခ်ည္းပဲ သုံးတတ္တဲ့ လေရာင္က ဖေယာင္း႐ုပ္ေလးနဲ႔လည္းတူသည္။

“အေမ့!”

အံ့က်ဴးအသဲယားစြာပင္ ဆံႏြယ္ေပ်ာ့ေတြေအာက္က ဂုတ္သားေဖြးေဖြးကို ငုံ႔နမ္းေတာ့ တြန္႔သြားသည္။ႏို႔နံ႔သင္းသင္းက လေရာင္သသရဲ႕ ကိုယ္သင္းနံ႔နဲ႔ ေရာေနကာ တစ္ဝႀကီး႐ွဴ႐ိႈက္ပစ္လိုက္ေတာ့ ရင္ထဲေအးသြားသည္။
ရာဇာထူးဟန္နဲ႔မွ မဟုတ္ အျခားဘယ္သူနဲ႔မွ လေရာင္ကို မ႐ွိေစခ်င္ပါ။

“ေျပာေတာ့ ၾကည့္႐ုံပဲဆို…”

ႏႈတ္ခမ္းေလးစူၿပီး ရန္ေထာင္ေတာ့ အံ့က်ဴးရင္ခြင္ထဲ ထည့္ၿပီး တင္းတင္းက်ပ္က်ပ္ဖက္ထားလိုက္သည္။

“ခင္မ်ားက ျမႇဴဆြယ္ေနတာကို”

“မျမႇဴဆြယ္ပါဘူးေနာ္ အစကတည္းက ေမာင္ကိုယ္တိုင္က နစ္ေမ်ာေနတာကို အဟင္း”

လေရာင္ရယ္ေတာ့ အံ့က်ဴးက ပါးျပင္ဆီကိုႏွာေခါင္းအပ္လာျပန္သည္။

“အဲတာေၾကာင့္ ခင္မ်ားကို ဘယ္သူမွ မျမင္ရေအာင္ ဖြက္ထားခ်င္တာေလ “

“အြန္႔ ေတာ္ၿပီေနာ္ ငါအိပ္ေတာ့..!”

လေရာင္စကားေတာင္ မဆုံးလိုက္ ႏႈတ္ခမ္းတစ္စုံလုံး ငုံေထြးခံလိုက္ရသည္။သူ႕စိတ္ႀကိဳက္ခ်ယ္လွယ္ၿပီး လႊတ္ေပးေတာ့ လေရာင္ႏႈတ္ခမ္းေလးေတြ ဖူးေယာင္ကာ နီရဲေနေတာ့သည္။

•••••

“အံ့က်ဴး ဒီမွာ ငါတို႔..”

ကလပ္ထဲ ဝင္သြားလိုက္ေတာ့ ရဲထြဋ္က လက္ရမ္းျပသည္။ဟိုတစ္ခါ ဘားမွာဆုံၿပီးကတည္းက သုံးေယာက္သား အတူအရက္မေသာက္ျဖစ္ျပန္ေပ။ၾကားထဲ ခဏခဏေတြ႕ျဖစ္ေပမယ္္႕ ဒီအတိုင္း အလုပ္နဲ႔ ပတ္သက္တာေတြပဲ ေျပာျဖစ္တာခ်ည္းပင္။

“ထိုင္ ေဟ့ေကာင္ ေစာင့္လိုက္ရတာ အၾကာႀကီးပဲ”

“အင္း foreigner နဲ႔ စကားေျပာေနလို႔”

“ေရာ့ ေသာက္”

ညီမင္းဟန္က တစ္ခြက္ငွဲ႔ၿပီး အံ့က်ဴးေ႐ွ႕ ပို႔ေပးသည္။အမ်ားႀကီးေတာ့ ေသာက္လို႔မျဖစ္ အိမ္မွာ လေရာင္သသက တစ္ေယာက္တည္းျဖစ္သည္။

“အကိုလေရာင္က အိမ္မွာတစ္ေယာက္တည္းလား”

“အင္း မမေဆြနဲ႔ ျခံေစာင့္ဦးေလးႀကီးေတာ့႐ွိတယ္”

“အေျခအေန ဘယ္ေလာက္ထိေရာက္ေနၿပီလဲ ေဟ့ေကာင္”

အေၾကာင္းသိေနတဲ့ ေကာင္ေတြမို႔ ရဲထြဋ္က မ်က္ႏွာေျပာင္နဲ႔ ေမးသည္။ညီမင္းဟန္ကေတာ့ ျပဳံးစစႏွင့္ပင္။

“ငါတို႔ အတူေနျဖစ္ေသးတယ္”

“တကယ္လား အံ့က်ဴး”

“ဂုဏ္ယူတယ္ သားႀကီးရာ”

ညီမင္းဟန္က မယုံႏိုင္သလို ေမးေပမယ့္ ရဲထြဋ္ကေတာ့ မ်က္ႏွာႀကီးၿဖီးသြားသည္။ဒီေကာင္ေတြက ေပ်ာ္ေပ်ာ္ေနတတ္ေပမယ့္ အံ့က်ဴးအတြက္ အားအထားရဆုံးႏွင့္ တကယ္ေကာင္းတဲ့ သူငယ္ခ်င္းေတြျဖစ္သည္။

“အင္း ဟိုတစ္ခါ ဘားကျပန္ေတာ့ မင္းတို႔စကီေလးက ငါ့ကို ေဆးခတ္လိုက္တာေလ”

“ဘာရယ္ ဟိုတစ္ေယာက္လား”

“အင္း”

အံ့က်ဴးစကားေၾကာင့္ ညီမင္းဟန္ပါ မ်က္လုံးျပဴးသြားသည္။

“အဲ့ေလာက္ႀကီးအထိ ငါမထင္ထားခဲ့ဘူး သူက ငါ့မိေထြးရဲ႕သား “

“လႊမ္းရိပ္ငယ္ကေလ!!”

ရဲထြဋ္က အက်ယ္ႀကီး ထေအာ္သည္။ညီမင္းဟန္က မ်က္ႏွာပ်က္ေနၿပီ။

“သူ မင္းကို တအားျဖစ္ေနတာ အံ့က်ဴး”

“အဲဒါမ်ားကြာ မင္း…”

အံ့က်ဴး နည္းနည္းေတာ့ စိတ္တိုသြားသည္။ညီမင္းဟန္က သိသိႀကီးနဲ႔ သူ႕ မိေထြးရဲ႕သားကို အံ့က်ဴးနဲ႔မ်ား တမင္ညိေအာင္လုပ္လိုက္သလား။

“ငါ့ကို အဲ့လို မၾကည့္နဲ႔ အံ့က်ဴး ၊ အဲ့ညက ဘာေတြျဖစ္ခဲ့လဲ မသိဘူး အိမ္ေရာက္ေတာ့ လႊမ္းရိပ္ငယ္က ေသာင္းက်န္းေနတာပဲ မင္းနာမည္ပဲ ဆက္တိုက္ေျပာေနလို႔ ဖားသားကေတာင္ ငါ့ကို ၾကည့္ေနေသးတယ္”

“ဟူးးးး႐ႈပ္လိုက္တာ အဲ့ညက လေရာင္သသ သာ ငါ့အနားမွာ႐ွိမေနရင္ ေသေတာ့မလို ခံစားရတာကြ”

“အဲဒါနဲ႔ပဲ မင္း အကိုလေရာင္ကို ဆြဲ..”

ရဲထြဋ္က စကားကို တန္းလန္းႀကီးထားၿပီး ၿပီတီတီႀကီး လုပ္ေနသည္။အံ့က်ဴး မ်က္လုံးေစြၾကည့္လိုက္ၿပီး အရက္ခြက္ကိုသာ လႈပ္ေသာက္ေနလိုက္သည္။ညီမင္းဟန္ကေတာ့ တစ္ခြက္ၿပီးတစ္ခြက္ ဆက္တိုက္ေမာ့ေနသည္။

“သူကိုယ္တိုင္က လိုလိုလားလားလက္ခံတာကြ”

“အဟြတ္…အဟီ”

စပ္ၿဖဲၿဖဲနဲ႔ေကာင္က တံေတြးေတာင္ သီးေနေသးသည္။

“လႊမ္းရိပ္ငယ္ဘက္က တအားေရာလာရင္ မင္းဘယ္လိုလုပ္မယ္ စဥ္းစားထားလဲ အံ့က်ဴး”

“ငါ သူ႕ကို chance ေပးလိုက္ၿပီးၿပီ မင္းဟန္ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ အဟင္း…”

အံ့က်ဴး ေသြးေအးေအးနဲ႔ ေျပာလိုက္ေတာ့ ေစာေစာက ႐ုပ္ေျပာင္ေနတဲ့ ရဲထြဋ္ကလည္း ၿငိမ္သြားသလို ညီမင္းဟန္ကလည္း အံ့က်ဴးကို ေတြေတြႀကီးစိုက္ၾကည့္လာသည္။

ေဆာရီး ငါ့ေကာင္ေရ…။လေရာင္သသနဲ႔ သူ႕ၾကားမွာ အေႏွာက္အယွက္ျဖစ္လာေစမယ့္အရာဆိုရင္ ဘယ္သူ႕မ်က္ႏွာကိုမွ ေထာက္မွာမဟုတ္ဘူး။

So_So_Sophia (9.11.2022)

__________________________________________

ပ်က္ကြက္မႈေတြအတြက္ ေတာင္းပန္ပါတယ္႐ွင္။ လူက တစ္ခါတစ္ေလဆို block လြန္းေနပါၿပီ။

လေရာင္ေလးနဲ႔ ongoing လိုက္ေပးတဲ့သူေတြအတြက္ ကြၽန္ေတာ္က လက္ေဆာင္ေလးတစ္ခုျပင္ဆင္ထားပါတယ္။

ဒါကေတာ့ ေဒါသထြက္လြယ္တဲ့ ကိုလူေခ်ာအပိုင္ ပါးေဖာင္းေဖာင္းေလးေတြနဲ႔ အလွေလး လေရာင္သသပါ(✿❛◡❛)။

Happy birthday to me. 💜
အေစာႀကီးကတည္းက ေရးၿပီးေပမယ့္ birthday present ေလးျဖစ္သြားေအာင္ ဒီအခ်ိန္ထိေစာင့္ေနတာ အေစာႀကီး အိပ္ခ်င္ေနလို႔ alarm ေပးထားရတယ္႐ွင္။

Tags: read novel My Possessive Of You 17, novel My Possessive Of You 17, read My Possessive Of You 17 online, My Possessive Of You 17 chapter, My Possessive Of You 17 high quality, My Possessive Of You 17 light novel, ,

Comment

Leave a Reply

Chapter 19