My Possessive Of You 19

All chapters are in My Possessive Of You
A+ A-

ညီမင်းဟန်က ဆိုဒါနှစ်လုံးနဲ့ နိုင်ငံခြားဖြစ်ဝီစကီတွေ ယူလာသည်။အနက်ရောင်လယ်သာအင်္ကျီနဲ့ ညီမင်းဟန်က တိကျပြီး ထက်မြက်သည်။သူ့အဖေဆီကနေ  ကား showroom တစ်ခုကို လက်ဆင့်ကမ်းထားပြီး ရုပ်ရှိငွေလျှံ သူဌေးပေါက်စတစ်ယောက်လည်းဖြစ်သည်။သူ့အဖေက နောက်မိန်းမယူထားပြီး ထိုမိန်းမမှာ သားတစ်ယောက်လည်း ပါလာသည်။ထိုသားကလည်း သူ့အမေနဲ့အတူ ညီမင်းဟန်တို့ အိမ်မှာပဲလိုက်နေသည်။

ညီမင်းဟန်နေရာမှာ အံ့ကျူးသာဆိုရင် သူ့အဖေနဲ့ ဘယ်လိုမှအတူနေနိုင်မှာမဟုတ်။အရင်မိန်းမသေတာနဲ့ပဲ နောက်မိန်းမလည်း ထယူသေး မယားပါသားပါ အိမ်ပေါ်ခေါ်လာသေးဆိုတော့ သားအရင်းဖြစ်သူကို အားနာသင့်သည်လေ။ဒီကောင်ကတော့ အံ့ကျူးလိုမဟုတ်။မိဘက ကောင်းသလိုစီစဥ်တာပါ ဆိုတဲ့လော့ဂျစ်ကြီးက ပါးစပ်ဖျားက မချ။

ရဲထွဋ်ဘဝကတော့ လွယ်ကူရှင်းလင်းသည်။မိဘတွေက ကျောက်မျက်ရတနာပွဲစားတွေဖြစ်သည့်အပြင် သူ့ရဲ့တစ်ဦးတည်းသောအမဖြစ်သူကလည်း အထူးကုတစ်ယောက်မို့ ရဲထွဋ်က ဘာမှလုပ်စရာပင်မလို။ဘားနဲ့ ကလပ်နဲ့ကူးသန်းနေရုံသာ။

အံ့ကျူးကိုတော့ တကယ်ဂရုစိုက်တဲ့ သူငယ်ချင်းနှစ်ယောက်ပင်။ကြောက်လည်းကြောက်သလို ဥပေက္ခာတော့မပြုကြ။အံ့ကျူး ဆူဆဲလိုက်ရင်လည်း နောက်နေ့ဆို အကောင်းပင်။

“အကိုလရောင်ရော အံ့ကျူး”

“အိပ်နေတယ်”

“ညနေစောင်းကြီးကို”

“ဘယ်အချိန်အိပ်ရမယ်လို့ ကန့်သတ်ချက်ရှိလို့လား”

အံ့ကျူး အသံမာမာနဲ့ပြောလိုက်မှ ရဲထွဋ်က ဇက်လေးပုပြီး ငြိမ်ကျသွားသည်။ညီမင်းဟန်ကတော့ တစ်ချက်သာပြုံးပြီး သောက်မြဲသောက်နေသည်။

“ရန်ဖြစ်ထားတာလား ငအံ့..”

“သူနိုးလာရင်တော့ ရန်ဖြစ်ရမယ်ထင်တယ်”

“မင်းက အမြဲတမ်းအနိုင်မယူပါနဲ့ကွာ”

အံ့ကျူးဆိုရင် အမြဲတမ်းလရောင်သသကို အနိုင်ကျင့်နေတယ်လို့ ထင်ကြသည့်သူတွေချည်းပင်။ဖိုးဆိုရင်လည်း လရောင်သသ ဘာကြောင့်ငိုငို အံ့ကျူးကြောင့်လို့ပဲ ထင်နေတာ။အဲ့အသေးကွေးလေး ဘယ်လောက်ခေါင်းမာပြီး စကားနားမထောင်သလဲ ဆိုတာကျ ဘယ်သူကမှ အရေးတယူမမေးကြ။တရားလည်း တရားပါပေသည်။

“အကိုလရောင်က မင်းကို တော်တော်သည်းခံတယ်နော် အံ့ကျူး အားကျလိုက်တာ ဟားဟား”

အရည်ဝင်လာတော့ နဂိုတည်းက ပျော်ပျော်နေတဲ့ ရဲထွဋ်က အသံပြဲကြီးနဲ့ အော်ရယ်တော့သည်။

“တော်စမ်းပါကွာ အဲ့ဟာလေးက ဘယ်လောက်ကိုင်တွယ်ရခက်လည်းဆိုတာကျ မသိပဲနဲ့”

“မင်းလည်း ချစ်တာပဲ  အလျှော့ပေးရမှာပေါ့”

“သူက မိုင်ကုန်တင်းနေရင်တောင် တန်ကာပဲကျတာကွ”

DRH logoတွေပါတဲ့ art တွေက အံ့ကျူးမျက်စိထဲ ခဏခဏရောက်လာသည်။မကြိုက်မှန်းသိလို့ တမင်အရွဲ့တိုက်ပြီးများ လုပ်နေသလားတောင်ထင်ရသည်။

“လရောင်သသက စောက်ကြောတအားတင်းတာ”

“မင်းတို့က ဘာတွေလဲ အံ့ကျူး”

ရဲထွဋ်က မူးမူးရူးရူးနဲ့ ထမေးနေပြန်သည်။ဒီလောက် လရောင်သသအကြောင်း ပြောနေတာ အံ့ကျူးနဲ့သာ ဘာမှမဆိုင်ရင်စကားထဲတောင် ထည့်ပြောတော့မှာမဟုတ်။

“မေးနေစရာလိုသေးလို့လား”

“အေးလေ…ဒီကောင် ဘာလားပဲ”

ညီမင်းဟန်ကလည်း အံ့ကျူးစကားကို ထောက်ခံပြီး ရဲထွဋ်ကို ဟောက်သည်။

“သူနေရောကောင်းရဲ့လား အိပ်နေတာကြာပြီနော် အံ့ကျူး”

ရဲထွဋ်က သတိပေးမှ အံ့ကျူး ငှဲ့ထားပြီးသား ဝီစကီကို မော့သောက်ကာ ထရပ်လိုက်သည်။အိပ်ရာနိုးရင် စိတ်ကောက်တော့မယ့်လူကို ရင်ဆိုင်ရတော့မည်။ချော့တော့မချော့ချင် အံ့ကျူးမျိုးနွယ်က ချော့ရတာကြိုက်တဲ့လူမျိုးမဟုတ်။

“ဒီနေ့တော့ ဒီလောက်နဲ့ပဲ ပြန်ကြတော့…လရောင်သသဖျားပြီထင်တယ် ငါဆက်သောက်လို့မသင့်တော်ဘူး”

“ဟားး နှင်တယ်ကွာ”

နောက်ကအော်နေခဲ့တဲ့ကောင်တွေကို လက်ခါသာပြလိုက်ပြီး အံ့ကျူးအိမ်ထဲဝင်ခဲ့လိုက်သည်။7နာရီတောင်ခွဲတော့မည် လရောင်သသ နိုးသေးပုံမပေါ်သေး။

“အကိုလေး မဆွေ ဆန်ပြုတ်နွှေးထားလိုက်ရတော့မလား”

“အင်း နွှေးထားလိုက်”

အခန်းတံခါးကို အသာဖွင့်ပြီးဝင်လိုက်တော့ အိပ်ရာပေါ်မှာ လရောင်သသက ရှိမနေတော့။အခုမှ နိုးတာထင်သည်၊အိပ်ရာခင်းက လဲမထားသေးပေ။အံ့ကျူးမျိုးနွယ် အိပ်ရာခင်းစကို ဆွဲပြီး လုံးချေကာ အခန်းထောင့်ဆီကို လွှင့်ပစ်လိုက်သည်။

စားပွဲပေါ်က laptop ဆီအကြည့်ရောက်တော့ မျက်လုံးအကြည့်တွေက အလိုလိုစူးရှသွားသည်။ရာဇာထူးဟန်အတွက် တကုပ်ကုပ်နဲ့ အလုပ်လုပ်နေမယ့် သူ့ပုံစံကို မြင်ယောင်မိတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ဘာအတွက်လဲ ဘာကြောင့်ငွေရှာချင်ရတာလဲ။

မဟုတ်မှလွဲ အံ့ကျူးဆီကများ ထွက်သွားဖို့ ကြံနေသလား….။

ခွမ်း! ခလွမ်း!

နံရံကို မှန်ပြီး တစ်စစီ လွင့်ထွက်လာတဲ့ Laptop screen ရဲ့ မှန်ကွဲစများ။

“ဟင် ”

နာနေတဲ့ ခါးနဲ့တင်ပါးကို ထိန်းပြီး bathrobe အဖြူရောင်တစ်ထည်နဲ့ ရေချိုးခန်းထဲက ထွက်လာတဲ့ လရောင်ကို နံရံနားမှာ ကွဲကြေနေတဲ့ Laptop အစိတ်အပိုင်းတွေက ဆီးကြိုနေသည်။အံ့ကျူးမျိုးနွယ်က ဆိုဖာပေါ်မှာ ထိုင်နေပြီး Laptop ကို ရန်သူတစ်ယောက်လို စိုက်ကြည့်နေသည်။

“ဘာ..ဘာလုပ်လိုက်တာလဲ အံ့ကျူးမျိုးနွယ်”

လရောင် မယုံနိုင်မှုတွေနဲ့အတူ နှုတ်ခမ်းပါးတွေပါ အေးစက်ကာတုန်ရီလာသည်။

“ပေါက် ခွဲလိုက်တာလေ ကန်းနေလား”

“ငါ..ငါ..အီးဟီးဟီး”

“ကျစ် ခင်များအပေါက်ကို ပိတ်ထားစမ်း နားညီးတယ်”

လရောင် အံ့ကျူးမျိုးနွယ်ကို တကယ် ခါးခါးသီးသီးကြောက်ရွံ့လာသည်။သူ့ဘဝက လွတ်လပ်ခွင့်မရှိ ခြောက်လန့်မှုတွေ ချုပ်ချယ်မှုတွေနဲ့သာ ပြည့်နေသည်။သိတတ်စအရွယ်ကတည်းက အံ့ကျူးမျိုးနွယ်ရဲ့ ထိန်းချုပ်မှုအောက်မှာ နေလာရတဲ့လရောင်မှာလည်း နာကျည်းမှုဆိုတာ ရှိပါသည်။

အချစ်ဆိုတဲ့ ထုထည်က ပိုကြီးမားနေလို့သာ လရောင်တောင့်ခံနိုင်နေတာ။သူ့ဆီက ရတဲ့အရာတွေမှာ သာယာမှုဆိုတာ စိုးစဥ်းမျှမရှိ။

“ဒီထက်ပိုပြီး အဲ့ကောင်နဲ့ပတ်သက်နေမယ်ဆိုရင် ကျုပ်အဆိုးမဆိုနဲ့ ”

လရောင် ဘာစကားမှ မဆိုချင်တော့ နံရံကိုသာ ခပ်လျှောလျှောမီပြီး အသက်မဲ့သလို ထိုင်နေမိသည်။

“သေကာမှ လွမ်းရင်လွမ်းမယ်..ခင်များကိုပါ သတ်ပစ်မှာ”

“အဟင်း”

ခဏအသက်ရှူရပ်သွားသလို ခံစားလိုက်ရပေမယ့် လရောင် အသံထွက်ပင် ရယ်မိသွားသည်။ဒီ့ထက်စာရင် သေတာကမှ ကောင်းပါလိမ့်မည်။သူ့ကို စွန့်ပစ်ရက်နိုင်တဲ့ မေမေ့ကိုလည်း စိတ်နာသည်။အချိန်တွေသာ နောက်ပြန်လှည့်လို့ရရင် သူ့ကို မွေးစားဖို့ဆုံးဖြတ်ခဲ့တဲ့ ဖိုးနဲ့မတွေ့အောင် တစ်နေရာရာကို သွားလိုက်မိမှာပင်။အခုတော့…..။

“ကျစ်! ရွဲ့နေတာလား”

“….”

“ကျုပ်မေးနေတာဖြေလေ”

လရောင် သူ့ကို အသက်မပါသလို ကြည့်နေတော့ မျက်မှောင်ကြုံ့ပြီး မေးဖျားကနေ ဆွဲမော့ခံလိုက်ရသည်။

“ဟေ့လူ…လရောင်သသ…”

လရောင်မျက်လုံးလှန်ကြည့်လိုက်တော့ မျက်မှောင်ကြုံ့ပြီး ဂဏှာမငြိမ်ဖြစ်နေတဲ့ သူ့မျက်နှာကို တွေ့လိုက်ရသည်။သူလုပ်တာပဲ အမှန်လို့ထင်နေတဲ့လူက မုန်းစရာကောင်းလိုက်တာ…။

“အွန့်”

လည်တိုင်ကနေ ပင့်တင်ပြီး လရောင်နှုတ်ခမ်းတွေစုပ်ယူခံလိုက်ရပြန်သည်။ရုန်းလည်းမရုန်း၊ပြန်လည်းမတုံ့ပြန်ပဲ ငြိမ်နေလိုက်သည်။ဒီနေ့တစ်ရက်ပဲ တကယ်ကို ဒီနေ့တစ်ရက်လေးပဲ…။

ကိုယ့်ဘက်က ချစ်ကြောင်းကိုလည်း အစွမ်းကုန် ထုတ်ပြခဲ့ပြီးပြီ။လူတစ်ယောက်ရဲ့ မွေးရာပါစိတ်ဓာတ်က ပြောင်းလဲလို့မရဘူးဆိုတာ လရောင်လက်သင့်ခံရတော့မည်။

ထူပူပြီး ကိုယ့်နှုတ်ခမ်းကို မပိုင်တော့သလို ခံစားရမှ လွှတ်ပေးသည်။လရောင်အသက်ရှူကြပ်ပြီး ဟောဟဲလိုက်နေပေမယ့် အံ့ကျူးမျိုးနွယ်ကတော့ တစ်စက်မှလှည့်မကြည့်ပဲ သူ့အခန်းထဲက ထွက်သွားတော့သည်။

လရောင် ဘာမှစဥ်းစားမနေတော့ပဲ handbag ခပ်ကြီးကြီးတစ်ခုကို ယူပြီး အဝတ်အစားနှစ်စုံသုံးစုံထည့်ပြီး သူ့ကိုယ်ပိုင် ဘဏ်ကဒ်ကိုကိုင်ကာ အတွေးများနေမိသည်။ရူးမတတ်ချစ်ပေမယ့် ကောင်လေးက သူ့ကိုရူးလောက်အောင် နာကျင်စေသည်။အဆိုးဆုံးအချက်က အခုချိန်ထိ လရောင်ကို မယုံကြည်ခြင်းပင်။ဘယ်လိုပဲ ရာဇာက ဆက်ဆံနေပါစေအုန်းတော့ လရောင်သသကိုတော့ အံ့ကျူးမျိုးနွယ်ယုံပေးသင့်သည်။

လရောင်က နှလုံးသားတစ်ခုတည်းနဲ့ ဒီလူတစ်ယောက်ကိုပဲ ကြိမ်ဖန်များစွာ ချစ်မိတာ။

အံ့ကျူးကတော့ ငယ်ငယ်လေးကတည်းက play boy ဂုဏ်ပုဒ်ကိုခံယူထားပြီး တစ်ယောက်ပြီးတစ်ယောက်တွဲနေခဲ့တာ။လရောင် သူ့ကိုချစ်မှန်းလည်း သိပါရက်နဲ့ အဲဒီအချိန်တွေက ဥပေက္ခာပြုထားခံခဲ့ရတာ။

ခဏလောက် အံ့ကျူးမရှိတဲ့ လရောင်သသရဲ့ပင်ကိုဘဝမှာ ဖြတ်သန်းကြည့်ချင်သည်။လရောင်မှာ ဝေးဝေးလံလံသွားစရာနေရာတော့မရှိ။သို့သော်လည်း လရောင်ပင်ပန်းနေပြီဖြစ်သည်။ချုပ်နှောင်ပြီး အယုံအကြည်ကင်းမဲ့နေတဲ့ဘဝထက်စာရင် ရိုးစင်းတဲ့ဘဝက လရောင်အတွက် အဆင်ပြေဆုံးဖြစ်လိမ့်မည်။

လွှတ်ချလိုက်တော့မယ်….။ပျော်ပါစေတော့ကွယ်…။

•••••

“ဟိုတစ်ယောက် ဆင်းမလာသေးဘူးလား”

မနက်စာဝိုင်းက ခြောက်ကပ်နေပြီး အရင်လို နို့ကိတ်ဖြူဖြူလေးတွေကို အားရပါးရစားနေတတ်တဲ့ ကျောပြင်တစ်စုံက ရှိမနေသေး။မနေ့ကလည်း တစ်နေ့လုံး ဘာမှစားမထားပဲနဲ့ အခုထိ မနက်စာဆင်းမစားတာက အံ့ကျူးကို ဘဝင်မကျဖြစ်စေသည်။

“မနိုးသေးဘူး ထင်တယ် အကိုလေး၊ မဆွေ သွားနှိုးလိုက်မယ်”

“မနှိုးနဲ့ ထားလိုက် ငတ်ပြီးသေရင် သေပါစေ”

မဆွေ ဘာစကားမှ ဆက်မပြောရဲတော့။အကိုလေးက ချက်ချင်းကို စိတ်တိုနေတော့တာ။တော်ကြာ အထွန့်တက်ရင် မဆွေပါ အဆူခံနေရမှ။လရောင်လေးကလည်း ဒီနေ့မှ ဘာလို့တအားနောက်ကျနေလည်းမသိ။မနေ့က weekend မို့နားပေမယ့် ဒီနေ့ အကိုလေးအတွက် ထမင်းဗူးထည့်ပေးရအုန်းမယ်လေ။

“ကျစ်! အဲလောက်ကြီး အိပ်နေရအောင်..”

သေပါစေဆိုပြီး ပြောနေတဲ့လူက မနက်စာတောင်ဖြောင့်ဖြောင့်မစားနိုင်။နာရီကိုကြည့်လိုက် လှေကားကိုမော့ကြည့်လိုက်နဲ့။

“ဟို မနေ့ကလည်း အခန်းအောင်းတယ် ဖျားများနေသလား အကိုလေး”

မဆွေစကားဆုံးတာနဲ့ အကိုလေးအံ့ကျူးက ထရပ်နှင့်နေပြီးသား။တစ်အိမ်တည်းနေတာမို့ ဒီကောင်လေးနှစ်ယောက်ရဲ့ အနေအထားကို မဆွေလည်း ရိပ်စားမိပြီးသားဖြစ်သည်။

အံ့ကျူးအခန်းတံခါးကို တွန်းဖွင့်ပြီးဝင်သွားသည်အထိ ဘာသံမှထွက်မလာ။အခန်းက တိတ်ဆိတ်ငြိမ်သက်နေသည်။လရောင်သသ ရေချိုးခန်းများ ဝင်နေသလား။သို့သော်လည်း ထူးဆန်းတာက မနေ့ကအံ့ကျူး လုံးချေပစ်ခဲ့တဲ့ အိပ်ရာခင်းက အခန်းထောင့်မှာ ပုံစံမပျက်ရှိနေဆဲ။အိပ်ရာခင်းအသစ်လည်း လဲမထားပေ။ပြီးတော့ လူတစ်ယောက်အိပ်စက်သွားတဲ့ အငွေ့အသက်လည်းမရှိ။အခန်းက မနေ့က အံ့ကျူးရှုပ်ဖွပစ်ခဲ့သည့်အတိုင်းရှိနေသည်။ကြမ်းပြင်ပေါ်က မှန်စတွေကိုလည်း မသိမ်းရသေး။Laptop အကွဲလေးက နံရံကိုမီပြီး မတုန်မလှုပ်ရှိနေမြဲဖြစ်သည်။

“လရောင်သသ…”

ရေချိုးခန်းတံခါးကို တဗုန်းဗုန်းထုပြီး အော်ပေမယ့် တုံ့ပြန်သံမကြားရ။လက်ကိုင်ဘုကို အသာလှည့်ကြည့်တော့ အလွယ်တကူပွင့်သွားသည်။လရောင်သသ ဘယ်ရောက်နေလဲ။

“လရောင်သသ…လရောင်”

အဝတ်ဗီရို၊ရေချိုးခန်း စာကြည့်ခန်းနဲ့ ခုတင်အောက်တွေပါမကျန် အံ့ကျူးလိုက်ရှာနေမိသည်။လရောင်သသကို ရှာမတွေ့။

“လရောင်သသ…လရောင်  သသ…”

စားပွဲပေါ်က ကြွေပန်းအိုးလေးဖိထားတဲ့ စာရွက်ဝါဝါလေးကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ အံ့ကျူးရဲ့ အသံက အဖျားမှာတဖြည်းဖြည်းနဲ့ တိမ်ဝင်သွားသည်။လရောင်သသက သူကြောက်ကြောက်လန့်လန့်တွေးမိတဲ့ အတွေးတစ်ခုကို တကယ်လုပ်သွားခဲ့ပြီ။

သိပ်ချစ်လို့ ကိုယ်ကလွဲပြီး ဘယ်သူနဲ့မှ မရင်းနှီးစေချင်တာ အပြစ်ဖြစ်သွားခဲ့ပြီလား…။

အံ့ကျူးမျိုးနွယ် ဘာစကားမှ ထွက်မလာပဲ ဆို့နစ်နေမိသည်။သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုကိုကလည်း နောက်ဆုံးတော့ အံ့ကျူးကို ထားပစ်ရက်ခဲ့တာပဲ။ကိုကိုက သူပထမဆုံးပိုင်ချင်ခဲ့တဲ့ တစ်ခုတည်းသော သက်ရှိအရုပ်ကလေး။ကိုကို သူ့အနားမှာရှိရင် ပျော်တယ်။

ငိုလိုက်တိုင်း မျက်တောင်ရှည်ကြီးတွေပုတ်ခတ်ပုတ်ခတ်နဲ့ လှရက်လွန်းလို့ ကိုကို့ကို ငိုအောင်စရတာလည်း ကြိုက်တယ်။အခုတော့…အခုတော့ အကုန်လုံးက အံ့ကျူး အပြစ်တွေချည်းသာ။

အားးးးခွမ်း! ခလွမ်း!

မျက်စိရှေ့ရှိရှိသမျှ အရာအကုန် အံ့ကျူး ဆွဲရမ်းပစ်မိသည်။နောက်ဆုံးတော့ ကိုကို တကယ်ထားသွားပြီပဲ…။နံရံကို ကိုယ့်ခေါင်းနဲ့ကိုယ် ဆောင့်ပြီးချိန်မှာတော့ အံ့ကျူးသတိကပ်လာသည်။ အံ့ကျူးမျိုးနွယ်က လွယ်လွယ်နဲ့ အလျှော့ပေးတတ်တဲ့လူမှ မဟုတ်တာ။

“ကျုပ်ပစ္စည်းတွေကို လရောင်သသ အခန်းထဲ ပို့ထားလိုက်”

အံ့ကျူးမျိုးနွယ် uniform လဲပြီး Laptop အိတ်ဆွဲကာ ဆင်းလာရင်း မဆွေကို ပြောလိုက်သည်။

“ဟုတ်…ဟုတ်ကဲ့၊လရောင်လေးရော အကိုလေး”

“မရှိတော့ဘူး ”

ရွဲ့ပြောလိုက်တယ် ထင်မိပေမယ့် အံ့ကျူးမျက်လုံးအရောင်တွေ ပြောင်းလဲသွားတာကိုတော့ မဆွေ သတိထားမိလိုက်သည်။လရောင်လေးနဲ့ ရန်ဖြစ်ပြန်ပြီလား။အကိုလေး နှင်ချလိုက်တာတော့ မဟုတ်တန်ကောင်းပါရဲ့။အိမ်ရဲ့ အရှင်သခင်တွေ သင့်မြတ်နေတာကိုပဲ မဆွေလိုလားပါသည်။

So_So_Sophia(15.11.2022)
_______________________________________
ဇာတ်လမ်းက တစ်ဝက်ကျိုးနေပါပြီ။စိတ်ကျေနပ်မှုရော ရကြလားဟင်။သဘောကျရင် review လေးရေးပေးကြပါအုန်း( ͡°³ ͡°)

ညီမင္းဟန္က ဆိုဒါႏွစ္လုံးနဲ႔ ႏိုင္ငံျခားျဖစ္ဝီစကီေတြ ယူလာသည္။အနက္ေရာင္လယ္သာအက်ႌနဲ႔ ညီမင္းဟန္က တိက်ၿပီး ထက္ျမက္သည္။သူ႕အေဖဆီကေန  ကား showroom တစ္ခုကို လက္ဆင့္ကမ္းထားၿပီး ႐ုပ္႐ွိေငြလွ်ံ သူေဌးေပါက္စတစ္ေယာက္လည္းျဖစ္သည္။သူ႕အေဖက ေနာက္မိန္းမယူထားၿပီး ထိုမိန္းမမွာ သားတစ္ေယာက္လည္း ပါလာသည္။ထိုသားကလည္း သူ႕အေမနဲ႔အတူ ညီမင္းဟန္တို႔ အိမ္မွာပဲလိုက္ေနသည္။

ညီမင္းဟန္ေနရာမွာ အံ့က်ဴးသာဆိုရင္ သူ႕အေဖနဲ႔ ဘယ္လိုမွအတူေနႏိုင္မွာမဟုတ္။အရင္မိန္းမေသတာနဲ႔ပဲ ေနာက္မိန္းမလည္း ထယူေသး မယားပါသားပါ အိမ္ေပၚေခၚလာေသးဆိုေတာ့ သားအရင္းျဖစ္သူကို အားနာသင့္သည္ေလ။ဒီေကာင္ကေတာ့ အံ့က်ဴးလိုမဟုတ္။မိဘက ေကာင္းသလိုစီစဥ္တာပါ ဆိုတဲ့ေလာ့ဂ်စ္ႀကီးက ပါးစပ္ဖ်ားက မခ်။

ရဲထြဋ္ဘဝကေတာ့ လြယ္ကူ႐ွင္းလင္းသည္။မိဘေတြက ေက်ာက္မ်က္ရတနာပြဲစားေတြျဖစ္သည့္အျပင္ သူ႕ရဲ႕တစ္ဦးတည္းေသာအမျဖစ္သူကလည္း အထူးကုတစ္ေယာက္မို႔ ရဲထြဋ္က ဘာမွလုပ္စရာပင္မလို။ဘားနဲ႔ ကလပ္နဲ႔ကူးသန္းေန႐ုံသာ။

အံ့က်ဴးကိုေတာ့ တကယ္ဂ႐ုစိုက္တဲ့ သူငယ္ခ်င္းႏွစ္ေယာက္ပင္။ေၾကာက္လည္းေၾကာက္သလို ဥေပကၡာေတာ့မျပဳၾက။အံ့က်ဴး ဆူဆဲလိုက္ရင္လည္း ေနာက္ေန႔ဆို အေကာင္းပင္။

“အကိုလေရာင္ေရာ အံ့က်ဴး”

“အိပ္ေနတယ္”

“ညေနေစာင္းႀကီးကို”

“ဘယ္အခ်ိန္အိပ္ရမယ္လို႔ ကန္႔သတ္ခ်က္႐ွိလို႔လား”

အံ့က်ဴး အသံမာမာနဲ႔ေျပာလိုက္မွ ရဲထြဋ္က ဇက္ေလးပုၿပီး ၿငိမ္က်သြားသည္။ညီမင္းဟန္ကေတာ့ တစ္ခ်က္သာျပဳံးၿပီး ေသာက္ၿမဲေသာက္ေနသည္။

“ရန္ျဖစ္ထားတာလား ငအံ့..”

“သူႏိုးလာရင္ေတာ့ ရန္ျဖစ္ရမယ္ထင္တယ္”

“မင္းက အၿမဲတမ္းအႏိုင္မယူပါနဲ႔ကြာ”

အံ့က်ဴးဆိုရင္ အၿမဲတမ္းလေရာင္သသကို အႏိုင္က်င့္ေနတယ္လို႔ ထင္ၾကသည့္သူေတြခ်ည္းပင္။ဖိုးဆိုရင္လည္း လေရာင္သသ ဘာေၾကာင့္ငိုငို အံ့က်ဴးေၾကာင့္လို႔ပဲ ထင္ေနတာ။အဲ့အေသးေကြးေလး ဘယ္ေလာက္ေခါင္းမာၿပီး စကားနားမေထာင္သလဲ ဆိုတာက် ဘယ္သူကမွ အေရးတယူမေမးၾက။တရားလည္း တရားပါေပသည္။

“အကိုလေရာင္က မင္းကို ေတာ္ေတာ္သည္းခံတယ္ေနာ္ အံ့က်ဴး အားက်လိုက္တာ ဟားဟား”

အရည္ဝင္လာေတာ့ နဂိုတည္းက ေပ်ာ္ေပ်ာ္ေနတဲ့ ရဲထြဋ္က အသံၿပဲႀကီးနဲ႔ ေအာ္ရယ္ေတာ့သည္။

“ေတာ္စမ္းပါကြာ အဲ့ဟာေလးက ဘယ္ေလာက္ကိုင္တြယ္ရခက္လည္းဆိုတာက် မသိပဲနဲ႔”

“မင္းလည္း ခ်စ္တာပဲ  အေလွ်ာ့ေပးရမွာေပါ့”

“သူက မိုင္ကုန္တင္းေနရင္ေတာင္ တန္ကာပဲက်တာကြ”

DRH logoေတြပါတဲ့ art ေတြက အံ့က်ဴးမ်က္စိထဲ ခဏခဏေရာက္လာသည္။မႀကိဳက္မွန္းသိလို႔ တမင္အ႐ြဲ႕တိုက္ၿပီးမ်ား လုပ္ေနသလားေတာင္ထင္ရသည္။

“လေရာင္သသက ေစာက္ေၾကာတအားတင္းတာ”

“မင္းတို႔က ဘာေတြလဲ အံ့က်ဴး”

ရဲထြဋ္က မူးမူး႐ူး႐ူးနဲ႔ ထေမးေနျပန္သည္။ဒီေလာက္ လေရာင္သသအေၾကာင္း ေျပာေနတာ အံ့က်ဴးနဲ႔သာ ဘာမွမဆိုင္ရင္စကားထဲေတာင္ ထည့္ေျပာေတာ့မွာမဟုတ္။

“ေမးေနစရာလိုေသးလို႔လား”

“ေအးေလ…ဒီေကာင္ ဘာလားပဲ”

ညီမင္းဟန္ကလည္း အံ့က်ဴးစကားကို ေထာက္ခံၿပီး ရဲထြဋ္ကို ေဟာက္သည္။

“သူေနေရာေကာင္းရဲ႕လား အိပ္ေနတာၾကာၿပီေနာ္ အံ့က်ဴး”

ရဲထြဋ္က သတိေပးမွ အံ့က်ဴး ငွဲ႔ထားၿပီးသား ဝီစကီကို ေမာ့ေသာက္ကာ ထရပ္လိုက္သည္။အိပ္ရာႏိုးရင္ စိတ္ေကာက္ေတာ့မယ့္လူကို ရင္ဆိုင္ရေတာ့မည္။ေခ်ာ့ေတာ့မေခ်ာ့ခ်င္ အံ့က်ဴးမ်ိဳးႏြယ္က ေခ်ာ့ရတာႀကိဳက္တဲ့လူမ်ိဳးမဟုတ္။

“ဒီေန႔ေတာ့ ဒီေလာက္နဲ႔ပဲ ျပန္ၾကေတာ့…လေရာင္သသဖ်ားၿပီထင္တယ္ ငါဆက္ေသာက္လို႔မသင့္ေတာ္ဘူး”

“ဟားး ႏွင္တယ္ကြာ”

ေနာက္ကေအာ္ေနခဲ့တဲ့ေကာင္ေတြကို လက္ခါသာျပလိုက္ၿပီး အံ့က်ဴးအိမ္ထဲဝင္ခဲ့လိုက္သည္။7နာရီေတာင္ခြဲေတာ့မည္ လေရာင္သသ ႏိုးေသးပုံမေပၚေသး။

“အကိုေလး မေဆြ ဆန္ျပဳတ္ေႏႊးထားလိုက္ရေတာ့မလား”

“အင္း ေႏႊးထားလိုက္”

အခန္းတံခါးကို အသာဖြင့္ၿပီးဝင္လိုက္ေတာ့ အိပ္ရာေပၚမွာ လေရာင္သသက ႐ွိမေနေတာ့။အခုမွ ႏိုးတာထင္သည္၊အိပ္ရာခင္းက လဲမထားေသးေပ။အံ့က်ဴးမ်ိဳးႏြယ္ အိပ္ရာခင္းစကို ဆြဲၿပီး လုံးေခ်ကာ အခန္းေထာင့္ဆီကို လႊင့္ပစ္လိုက္သည္။

စားပြဲေပၚက laptop ဆီအၾကည့္ေရာက္ေတာ့ မ်က္လုံးအၾကည့္ေတြက အလိုလိုစူး႐ွသြားသည္။ရာဇာထူးဟန္အတြက္ တကုပ္ကုပ္နဲ႔ အလုပ္လုပ္ေနမယ့္ သူ႕ပုံစံကို ျမင္ေယာင္မိေတာ့ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။ဘာအတြက္လဲ ဘာေၾကာင့္ေငြ႐ွာခ်င္ရတာလဲ။

မဟုတ္မွလြဲ အံ့က်ဴးဆီကမ်ား ထြက္သြားဖို႔ ၾကံေနသလား….။

ခြမ္း! ခလြမ္း!

နံရံကို မွန္ၿပီး တစ္စစီ လြင့္ထြက္လာတဲ့ Laptop screen ရဲ႕ မွန္ကြဲစမ်ား။

“ဟင္ ”

နာေနတဲ့ ခါးနဲ႔တင္ပါးကို ထိန္းၿပီး bathrobe အျဖဴေရာင္တစ္ထည္နဲ႔ ေရခ်ိဳးခန္းထဲက ထြက္လာတဲ့ လေရာင္ကို နံရံနားမွာ ကြဲေၾကေနတဲ့ Laptop အစိတ္အပိုင္းေတြက ဆီးႀကိဳေနသည္။အံ့က်ဴးမ်ိဳးႏြယ္က ဆိုဖာေပၚမွာ ထိုင္ေနၿပီး Laptop ကို ရန္သူတစ္ေယာက္လို စိုက္ၾကည့္ေနသည္။

“ဘာ..ဘာလုပ္လိုက္တာလဲ အံ့က်ဴးမ်ိဳးႏြယ္”

လေရာင္ မယုံႏိုင္မႈေတြနဲ႔အတူ ႏႈတ္ခမ္းပါးေတြပါ ေအးစက္ကာတုန္ရီလာသည္။

“ေပါက္ ခြဲလိုက္တာေလ ကန္းေနလား”

“ငါ..ငါ..အီးဟီးဟီး”

“က်စ္ ခင္မ်ားအေပါက္ကို ပိတ္ထားစမ္း နားညီးတယ္”

လေရာင္ အံ့က်ဴးမ်ိဳးႏြယ္ကို တကယ္ ခါးခါးသီးသီးေၾကာက္႐ြံ႕လာသည္။သူ႕ဘဝက လြတ္လပ္ခြင့္မ႐ွိ ေျခာက္လန္႔မႈေတြ ခ်ဳပ္ခ်ယ္မႈေတြနဲ႔သာ ျပည့္ေနသည္။သိတတ္စအ႐ြယ္ကတည္းက အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ေနလာရတဲ့လေရာင္မွာလည္း နာက်ည္းမႈဆိုတာ ႐ွိပါသည္။

အခ်စ္ဆိုတဲ့ ထုထည္က ပိုႀကီးမားေနလို႔သာ လေရာင္ေတာင့္ခံႏိုင္ေနတာ။သူ႕ဆီက ရတဲ့အရာေတြမွာ သာယာမႈဆိုတာ စိုးစဥ္းမွ်မ႐ွိ။

“ဒီထက္ပိုၿပီး အဲ့ေကာင္နဲ႔ပတ္သက္ေနမယ္ဆိုရင္ က်ဳပ္အဆိုးမဆိုနဲ႔ ”

လေရာင္ ဘာစကားမွ မဆိုခ်င္ေတာ့ နံရံကိုသာ ခပ္ေလွ်ာေလွ်ာမီၿပီး အသက္မဲ့သလို ထိုင္ေနမိသည္။

“ေသကာမွ လြမ္းရင္လြမ္းမယ္..ခင္မ်ားကိုပါ သတ္ပစ္မွာ”

“အဟင္း”

ခဏအသက္႐ွဴရပ္သြားသလို ခံစားလိုက္ရေပမယ့္ လေရာင္ အသံထြက္ပင္ ရယ္မိသြားသည္။ဒီ့ထက္စာရင္ ေသတာကမွ ေကာင္းပါလိမ့္မည္။သူ႕ကို စြန္႔ပစ္ရက္ႏိုင္တဲ့ ေမေမ့ကိုလည္း စိတ္နာသည္။အခ်ိန္ေတြသာ ေနာက္ျပန္လွည့္လို႔ရရင္ သူ႕ကို ေမြးစားဖို႔ဆုံးျဖတ္ခဲ့တဲ့ ဖိုးနဲ႔မေတြ႕ေအာင္ တစ္ေနရာရာကို သြားလိုက္မိမွာပင္။အခုေတာ့…..။

“က်စ္! ႐ြဲ႕ေနတာလား”

“….”

“က်ဳပ္ေမးေနတာေျဖေလ”

လေရာင္ သူ႕ကို အသက္မပါသလို ၾကည့္ေနေတာ့ မ်က္ေမွာင္ၾကဳံ႕ၿပီး ေမးဖ်ားကေန ဆြဲေမာ့ခံလိုက္ရသည္။

“ေဟ့လူ…လေရာင္သသ…”

လေရာင္မ်က္လုံးလွန္ၾကည့္လိုက္ေတာ့ မ်က္ေမွာင္ၾကဳံ႕ၿပီး ဂဏွာမၿငိမ္ျဖစ္ေနတဲ့ သူ႕မ်က္ႏွာကို ေတြ႕လိုက္ရသည္။သူလုပ္တာပဲ အမွန္လို႔ထင္ေနတဲ့လူက မုန္းစရာေကာင္းလိုက္တာ…။

“အြန္႔”

လည္တိုင္ကေန ပင့္တင္ၿပီး လေရာင္ႏႈတ္ခမ္းေတြစုပ္ယူခံလိုက္ရျပန္သည္။႐ုန္းလည္းမ႐ုန္း၊ျပန္လည္းမတုံ႔ျပန္ပဲ ၿငိမ္ေနလိုက္သည္။ဒီေန႔တစ္ရက္ပဲ တကယ္ကို ဒီေန႔တစ္ရက္ေလးပဲ…။

ကိုယ့္ဘက္က ခ်စ္ေၾကာင္းကိုလည္း အစြမ္းကုန္ ထုတ္ျပခဲ့ၿပီးၿပီ။လူတစ္ေယာက္ရဲ႕ ေမြးရာပါစိတ္ဓာတ္က ေျပာင္းလဲလို႔မရဘူးဆိုတာ လေရာင္လက္သင့္ခံရေတာ့မည္။

ထူပူၿပီး ကိုယ့္ႏႈတ္ခမ္းကို မပိုင္ေတာ့သလို ခံစားရမွ လႊတ္ေပးသည္။လေရာင္အသက္႐ွဴၾကပ္ၿပီး ေဟာဟဲလိုက္ေနေပမယ့္ အံ့က်ဴးမ်ိဳးႏြယ္ကေတာ့ တစ္စက္မွလွည့္မၾကည့္ပဲ သူ႕အခန္းထဲက ထြက္သြားေတာ့သည္။

လေရာင္ ဘာမွစဥ္းစားမေနေတာ့ပဲ handbag ခပ္ႀကီးႀကီးတစ္ခုကို ယူၿပီး အဝတ္အစားႏွစ္စုံသုံးစုံထည့္ၿပီး သူ႕ကိုယ္ပိုင္ ဘဏ္ကဒ္ကိုကိုင္ကာ အေတြးမ်ားေနမိသည္။႐ူးမတတ္ခ်စ္ေပမယ့္ ေကာင္ေလးက သူ႕ကို႐ူးေလာက္ေအာင္ နာက်င္ေစသည္။အဆိုးဆုံးအခ်က္က အခုခ်ိန္ထိ လေရာင္ကို မယုံၾကည္ျခင္းပင္။ဘယ္လိုပဲ ရာဇာက ဆက္ဆံေနပါေစအုန္းေတာ့ လေရာင္သသကိုေတာ့ အံ့က်ဴးမ်ိဳးႏြယ္ယုံေပးသင့္သည္။

လေရာင္က ႏွလုံးသားတစ္ခုတည္းနဲ႔ ဒီလူတစ္ေယာက္ကိုပဲ ႀကိမ္ဖန္မ်ားစြာ ခ်စ္မိတာ။

အံ့က်ဴးကေတာ့ ငယ္ငယ္ေလးကတည္းက play boy ဂုဏ္ပုဒ္ကိုခံယူထားၿပီး တစ္ေယာက္ၿပီးတစ္ေယာက္တြဲေနခဲ့တာ။လေရာင္ သူ႕ကိုခ်စ္မွန္းလည္း သိပါရက္နဲ႔ အဲဒီအခ်ိန္ေတြက ဥေပကၡာျပဳထားခံခဲ့ရတာ။

ခဏေလာက္ အံ့က်ဴးမ႐ွိတဲ့ လေရာင္သသရဲ႕ပင္ကိုဘဝမွာ ျဖတ္သန္းၾကည့္ခ်င္သည္။လေရာင္မွာ ေဝးေဝးလံလံသြားစရာေနရာေတာ့မ႐ွိ။သို႔ေသာ္လည္း လေရာင္ပင္ပန္းေနၿပီျဖစ္သည္။ခ်ဳပ္ေႏွာင္ၿပီး အယုံအၾကည္ကင္းမဲ့ေနတဲ့ဘဝထက္စာရင္ ႐ိုးစင္းတဲ့ဘဝက လေရာင္အတြက္ အဆင္ေျပဆုံးျဖစ္လိမ့္မည္။

လႊတ္ခ်လိုက္ေတာ့မယ္….။ေပ်ာ္ပါေစေတာ့ကြယ္…။

•••••

“ဟိုတစ္ေယာက္ ဆင္းမလာေသးဘူးလား”

မနက္စာဝိုင္းက ေျခာက္ကပ္ေနၿပီး အရင္လို ႏို႔ကိတ္ျဖဴျဖဴေလးေတြကို အားရပါးရစားေနတတ္တဲ့ ေက်ာျပင္တစ္စုံက ႐ွိမေနေသး။မေန႔ကလည္း တစ္ေန႔လုံး ဘာမွစားမထားပဲနဲ႔ အခုထိ မနက္စာဆင္းမစားတာက အံ့က်ဴးကို ဘဝင္မက်ျဖစ္ေစသည္။

“မႏိုးေသးဘူး ထင္တယ္ အကိုေလး၊ မေဆြ သြားႏိႈးလိုက္မယ္”

“မႏိႈးနဲ႔ ထားလိုက္ ငတ္ၿပီးေသရင္ ေသပါေစ”

မေဆြ ဘာစကားမွ ဆက္မေျပာရဲေတာ့။အကိုေလးက ခ်က္ခ်င္းကို စိတ္တိုေနေတာ့တာ။ေတာ္ၾကာ အထြန္႔တက္ရင္ မေဆြပါ အဆူခံေနရမွ။လေရာင္ေလးကလည္း ဒီေန႔မွ ဘာလို႔တအားေနာက္က်ေနလည္းမသိ။မေန႔က weekend မို႔နားေပမယ့္ ဒီေန႔ အကိုေလးအတြက္ ထမင္းဗူးထည့္ေပးရအုန္းမယ္ေလ။

“က်စ္! အဲေလာက္ႀကီး အိပ္ေနရေအာင္..”

ေသပါေစဆိုၿပီး ေျပာေနတဲ့လူက မနက္စာေတာင္ေျဖာင့္ေျဖာင့္မစားႏိုင္။နာရီကိုၾကည့္လိုက္ ေလွကားကိုေမာ့ၾကည့္လိုက္နဲ႔။

“ဟို မေန႔ကလည္း အခန္းေအာင္းတယ္ ဖ်ားမ်ားေနသလား အကိုေလး”

မေဆြစကားဆုံးတာနဲ႔ အကိုေလးအံ့က်ဴးက ထရပ္ႏွင့္ေနၿပီးသား။တစ္အိမ္တည္းေနတာမို႔ ဒီေကာင္ေလးႏွစ္ေယာက္ရဲ႕ အေနအထားကို မေဆြလည္း ရိပ္စားမိၿပီးသားျဖစ္သည္။

အံ့က်ဴးအခန္းတံခါးကို တြန္းဖြင့္ၿပီးဝင္သြားသည္အထိ ဘာသံမွထြက္မလာ။အခန္းက တိတ္ဆိတ္ၿငိမ္သက္ေနသည္။လေရာင္သသ ေရခ်ိဳးခန္းမ်ား ဝင္ေနသလား။သို႔ေသာ္လည္း ထူးဆန္းတာက မေန႔ကအံ့က်ဴး လုံးေခ်ပစ္ခဲ့တဲ့ အိပ္ရာခင္းက အခန္းေထာင့္မွာ ပုံစံမပ်က္႐ွိေနဆဲ။အိပ္ရာခင္းအသစ္လည္း လဲမထားေပ။ၿပီးေတာ့ လူတစ္ေယာက္အိပ္စက္သြားတဲ့ အေငြ႕အသက္လည္းမ႐ွိ။အခန္းက မေန႔က အံ့က်ဴး႐ႈပ္ဖြပစ္ခဲ့သည့္အတိုင္း႐ွိေနသည္။ၾကမ္းျပင္ေပၚက မွန္စေတြကိုလည္း မသိမ္းရေသး။Laptop အကြဲေလးက နံရံကိုမီၿပီး မတုန္မလႈပ္႐ွိေနၿမဲျဖစ္သည္။

“လေရာင္သသ…”

ေရခ်ိဳးခန္းတံခါးကို တဗုန္းဗုန္းထုၿပီး ေအာ္ေပမယ့္ တုံ႔ျပန္သံမၾကားရ။လက္ကိုင္ဘုကို အသာလွည့္ၾကည့္ေတာ့ အလြယ္တကူပြင့္သြားသည္။လေရာင္သသ ဘယ္ေရာက္ေနလဲ။

“လေရာင္သသ…လေရာင္”

အဝတ္ဗီ႐ို၊ေရခ်ိဳးခန္း စာၾကည့္ခန္းနဲ႔ ခုတင္ေအာက္ေတြပါမက်န္ အံ့က်ဴးလိုက္႐ွာေနမိသည္။လေရာင္သသကို ႐ွာမေတြ႕။

“လေရာင္သသ…လေရာင္  သသ…”

စားပြဲေပၚက ေႂကြပန္းအိုးေလးဖိထားတဲ့ စာ႐ြက္ဝါဝါေလးကို ေတြ႕လိုက္ရတဲ့ အခ်ိန္မွာေတာ့ အံ့က်ဴးရဲ႕ အသံက အဖ်ားမွာတျဖည္းျဖည္းနဲ႔ တိမ္ဝင္သြားသည္။လေရာင္သသက သူေၾကာက္ေၾကာက္လန္႔လန္႔ေတြးမိတဲ့ အေတြးတစ္ခုကို တကယ္လုပ္သြားခဲ့ၿပီ။

သိပ္ခ်စ္လို႔ ကိုယ္ကလြဲၿပီး ဘယ္သူနဲ႔မွ မရင္းႏွီးေစခ်င္တာ အျပစ္ျဖစ္သြားခဲ့ၿပီလား…။

အံ့က်ဴးမ်ိဳးႏြယ္ ဘာစကားမွ ထြက္မလာပဲ ဆို႔နစ္ေနမိသည္။သိပ္ခ်စ္ပါတယ္ဆိုတဲ့ ကိုကိုကလည္း ေနာက္ဆုံးေတာ့ အံ့က်ဴးကို ထားပစ္ရက္ခဲ့တာပဲ။ကိုကိုက သူပထမဆုံးပိုင္ခ်င္ခဲ့တဲ့ တစ္ခုတည္းေသာ သက္႐ွိအ႐ုပ္ကေလး။ကိုကို သူ႕အနားမွာ႐ွိရင္ ေပ်ာ္တယ္။

ငိုလိုက္တိုင္း မ်က္ေတာင္႐ွည္ႀကီးေတြပုတ္ခတ္ပုတ္ခတ္နဲ႔ လွရက္လြန္းလို႔ ကိုကို႔ကို ငိုေအာင္စရတာလည္း ႀကိဳက္တယ္။အခုေတာ့…အခုေတာ့ အကုန္လုံးက အံ့က်ဴး အျပစ္ေတြခ်ည္းသာ။

အားးးးခြမ္း! ခလြမ္း!

မ်က္စိေ႐ွ႕႐ွိ႐ွိသမွ် အရာအကုန္ အံ့က်ဴး ဆြဲရမ္းပစ္မိသည္။ေနာက္ဆုံးေတာ့ ကိုကို တကယ္ထားသြားၿပီပဲ…။နံရံကို ကိုယ့္ေခါင္းနဲ႔ကိုယ္ ေဆာင့္ၿပီးခ်ိန္မွာေတာ့ အံ့က်ဴးသတိကပ္လာသည္။ အံ့က်ဴးမ်ိဳးႏြယ္က လြယ္လြယ္နဲ႔ အေလွ်ာ့ေပးတတ္တဲ့လူမွ မဟုတ္တာ။

“က်ဳပ္ပစၥည္းေတြကို လေရာင္သသ အခန္းထဲ ပို႔ထားလိုက္”

အံ့က်ဴးမ်ိဳးႏြယ္ uniform လဲၿပီး Laptop အိတ္ဆြဲကာ ဆင္းလာရင္း မေဆြကို ေျပာလိုက္သည္။

“ဟုတ္…ဟုတ္ကဲ့၊လေရာင္ေလးေရာ အကိုေလး”

“မ႐ွိေတာ့ဘူး ”

႐ြဲ႕ေျပာလိုက္တယ္ ထင္မိေပမယ့္ အံ့က်ဴးမ်က္လုံးအေရာင္ေတြ ေျပာင္းလဲသြားတာကိုေတာ့ မေဆြ သတိထားမိလိုက္သည္။လေရာင္ေလးနဲ႔ ရန္ျဖစ္ျပန္ၿပီလား။အကိုေလး ႏွင္ခ်လိုက္တာေတာ့ မဟုတ္တန္ေကာင္းပါရဲ႕။အိမ္ရဲ႕ အ႐ွင္သခင္ေတြ သင့္ျမတ္ေနတာကိုပဲ မေဆြလိုလားပါသည္။

So_So_Sophia(15.11.2022)
_______________________________________
ဇာတ္လမ္းက တစ္ဝက္က်ိဳးေနပါၿပီ။စိတ္ေက်နပ္မႈေရာ ရၾကလားဟင္။သေဘာက်ရင္ review ေလးေရးေပးၾကပါအုန္း( ͡°³ ͡°)

Tags: read novel My Possessive Of You 19, novel My Possessive Of You 19, read My Possessive Of You 19 online, My Possessive Of You 19 chapter, My Possessive Of You 19 high quality, My Possessive Of You 19 light novel, ,

Comment

Leave a Reply

Chapter 21