My Possessive Of You 25

All chapters are in My Possessive Of You
A+ A-

“ငအံ့ အဲ့လိုမျိုးကြီးနေတာက မင်းပုံစံမှမဟုတ်တာ”

ညှင်းသိုးသိုးပုံစံနဲ့ ဝီစကီတွေကိုပဲ တစိုက်မတ်မတ်သောက်နေတဲ့ အံ့ကျူးမျိုးနွယ်ပုံစံက အတူဝိုင်းထိုင်နေတဲ့  ညီမင်းဟန်တို့နှစ်ယောက်ကိုပါ လေးလံနေစေသည်။

“မင်းကလည်းကွာ ဘယ်အရာမှ ငါတို့ထင်ထားသလိုအမြဲဖြစ်လာတာမှ မဟုတ်တာ၊ အကိုလရောင်လည်း အမြဲတမ်းမင်းအပိုင်ဘယ်ဖြစ်နိုင်ပါ့မလည်း။”

အံ့ကျူးမျိုးနွယ် ကုမ္ပဏီမသွားပဲ ဒီမှာလာထိုင်နေတာ ရက်ဆက်နေပြီဖြစ်သည်။ဦးမင်းမျိုးနွယ်က ညီမင်းဟန်တို့ကို ခေါ်တွေ့မှ ဒီကောင်ပေတေနေတာ သိရခြင်းဖြစ်သည်။
ဆံပင်တွေက အနည်းငယ်ရှည်နေပြီး မရိတ်မသင်ထားတဲ့ မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးတွေကလည်း ထိုးထိုးထောင်ထောင်ဖြစ်နေပြီဖြစ်သည်။ဂျင်းအင်္ကျီအရောင်ဖျော့တစ်ထည်နဲ့ ဒူးအပြဲ ဂျင်းပြာဘောင်းဘီကိုဝတ်ထားတဲ့ အံ့ကျူးမျိုးနွယ်က လမ်းသရဲတစ်ယောက်နဲ့ တူနေသည်။

“အာရုံနောက်တယ်ကွာ..”

“အေး အဲ့လိုသာ ကြပ်ကြပ်လုပ်နေ၊ငယ်ငယ်ရွယ်ရွယ်နဲ့ သေနေမယ်”

ရဲထွဋ်ကလည်း စိတ်မြန်သူပီပီ ချိုချိုသာသာတွေ ပြောမနေတတ်။

“အဲ့တာနဲ့ပဲ အရှုံးပေးလိုက်တော့မယ်ပေါ့၊ အကိုလရောင်လည်း မင်းကိုချစ်ပါတယ်ကွာ”

“ချစ်ချစ်မချစ်ချစ် ငါကတော့ သူ့ကိုရအောင်ယူမှာ အသာတကြည်မရရင် ခိုးပြေးမယ်ကွာ”

“ဘာရယ် မင်းတို့က အဲ့လောက်ထိလုပ်ဖို့လိုလို့လားကွာ နှစ်ယောက်သားချစ်ကြရဲ့သားနဲ့ ”

“ငါ့အိမ်မှာပဲ လရောင်သသက အမြဲတမ်းရှိနေရမယ်”

••••••

အချစ်ဆိုတာ ပူလောင်တဲ့အရာ…။
အချစ်ဆိုတာ အေးမြတဲ့အရာ..။
အချစ်က ပင်ပန်းစေသလို စိတ်ကိုပျော်ရွှင်စေတတ်တယ်။

လရောင်ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိတော့။အံ့ကျူးမျိုးနွယ်ကို ရင်နဲ့မဆန့်အောင် ချစ်ပေမယ့် ရင်ဆိုင်ရမှာလည်း သိမ်ငယ်စိတ်ဝင်နေသည်။မျက်ရည်လည်ရွဲနဲ့ ဖြစ်ခဲ့တဲ့ အဲ့နေ့က အံ့ကျူးရဲ့ပုံရိပ်က လရောင်မျက်ဝန်းထဲကနေ ဖျောက်ဖျက်မရ။သန်မာချင်ယောင်ဆောင်နေတဲ့ သူ့ကလေးလေးကို လက်ဆွဲပြီးသာ လူတွေနဲ့ ဝေးရာကို ထွက်သွားချင်မိသည်။

ကိုနေနဲ့ကြီးကြီးက သွေးသားရင်းချာတွေဆိုပေမယ့် ငယ်ငယ်ကတည်းက အတူတူကြီးပြင်းခဲ့ရတဲ့ အံ့ကျူးမျိုးနွယ်ကို ပိုသံယောစဥ်ရှိရသည်။

“ကိုကိုလေး…၊ မေမေကြီးက အပြင်မှာအေးတယ်တဲ့”

“ဟင် အော် မွှေးမွှေး ”

လရောင် ခြံထဲမှာရပ်နေတာ အချိန်တစ်ခုတောင်ရှိသွားပြီဖြစ်သည်။ဖိုးဆီက သတင်းသဲ့သဲ့ရပေမယ့် လရောင်တွေဝေနေမိသည်။အံ့ကျူးက ဆိုးသွမ်းနေပြန်ပြီတဲ့။မာကျောချင်ယောင်ဆောင်နေတဲ့ ကလေးလေးက အရွဲ့တိုက်ဖို့ ကြိုးစားနေပြန်ပြီ။

အခုချိန်သွားရင်ရော အံ့ကျူးမျိုးနွယ်က သူ့ကိုလက်ခံနိုင်ပါ့မလား။ကောင်လေးက သူ့ကိုများစိတ်ဆိုးနေမလား။ ကိုနေနဲ့ကြီးကြီးတို့လို အံ့ကျူးနဲ့မရင်းနှီးတဲ့ သူစိမ်းတွေရှေ့မှာတောင် မျက်ရည်ကျခဲ့ရတဲ့ ကောင်လေးဘေးမှာတောင် အားပြုမပေးနိုင်ခဲ့တဲ့သူ့ကို မုန်းတီးစိတ်များ ဝင်နေမလားပင်။

“သားငယ်လေး အိမ်ကို လွမ်းနေတာလားကွယ်”

“ဟုတ် ကြီးကြီး”

လရောင် ကြီးကြီးကို အားတင်းပြီး ပြုံးပြကာသာ ဖြေလိုက်ရသည်။

“သွားလည်ရင် လည်ပါ့လား၊ ဦးမင်းမျိုးနွယ်လည်း သတိရနေမယ်ထင်တယ် အဲ.. ဟိုကောင်လေးက..”

“ဘာလဲဟင် ကြီးကြီး၊အံ့ကျူးက ဘာဖြစ်လို့လဲဟင်”

“သားငယ်လေးအပေါ်  သံယောစဥ်သိပ်ကြီးတာပဲကွယ်”

လရောင် စိတ်ထဲဆို့နစ်လာတာကြောင့် မျက်တောင်ကို အမြန်ခတ်ပြီး ကျလုလုမျက်ရည်ကို ထိန်းလိုက်ရသည်။

“နေမကောင်းဘူးလား သားငယ်လေး။မျက်နှာတွေ ရဲနေတာပဲ”

“နေ..နေကောင်းပါတယ် ကြီးကြီး”

လရောင် ကြီးကြီးကို ကျောခိုင်းပြီးတော့ အခန်းထဲကို ပြေးဝင်ကာ စိတ်ကိုလွှတ်ချလိုက်တော့သည်။အသံပင်ထွက်သည်အထိ လရောင်ငိုချမိသည်။ဘဝက ရှုပ်ထွေးလိုက်တာ။

♬♬ So I tell you…..♬♬

ဖုန်း Ringtoneသံကြားမှ မျက်ရည်သုတ်ပြီး ခုတင်ထောင့်စွန်းက ဖုန်းကို လှမ်းယူရသည်။

“Hello …အင့်”

ဖုန်းဖြေလိုက်တဲ့အသံမှာတောင် ရှိုက်သံကပါသွားသေးသည်။

“ကျွန်တော့်ဆီ ပြန်လာပါဗျာ”

“ဟင်”

“ကျွန်တော် အနိုင်မကျင့်တော့ပါဘူး”

အသံအက််ရှရှက သဲကွဲစွာပင် ထွက်လာသည်။အံ့ကျူးမျိုးနွယ်ဆိုတဲ့ လူက နာမည်ကြားရုံနဲ့တောင် လရောင်ကို မငြိမ်သက်စေတဲ့ လူမို့ ဆွဲငင်အားအပြည့်ပါတဲ့ သူ့အသံက လရောင်နှလုံးသားထဲ စည်တီးသလိုဖြစ်သွားသည်။

“ကျွန်တော် ခုနေ့ခင်း ကုမ္ပဏီသွားရအုန်းမယ်၊ ကျွန်တော်က ခင်များအကိုထက် ပိုချမ်းသာရင် ကျွန်တော်နဲ့လာနေမယ်မလား”

“ဘာရယ်!”

အံ့ကျူးစကားကြောင့် လရောင်လှုပ်လှုပ်ရှားရှားဖြစ်သွားရပေမယ့် ပြုံးသာပြုံးလိုက်မိသည်။အရှိန်အဝါကြီးနဲ့ မာနကြီးတဲ့ ငအံ့လေးက ကလေးအတွေးလေးနဲ့ တွေးရှာသည်။နှစ်ဆယ့်နှစ်နှစ်ဆိုတာ အရွယ်ရောက်တဲ့ လူငယ်တစ်ယောက်ရဲ့ တောက်ပနေတဲ့ အချိန်ပင်။

“ငါ့ကိုမုန်းလားဟင်”

လရောင် မဝံ့မရဲနဲ့မေးတော့ တစ်ဖက်က အသံက ခဏမျှတိတ်ဆိတ်သွားသည်။

“မုန်းတယ် ကျွန်တော် ခင်များကို ထိန်းမရအောင် ချစ်လွန်းလို့ကို မုန်းတယ်”

“ချစ်…ချစ်..ချစ်တယ် ငါလည်း မင်းကို သိပ်ချစ်တယ် အံ့ကျူးမျိုးနွယ်ရယ်”

!တီ! တီ! တီ!

ဖုန်းလေးက ကျသွားပြီး တတီတီနဲ့ ကျန်နေခဲ့သည်။စောစောကငိုယိုနေတဲ့ လရောင်ရင်ထဲ ပျော်ရွှင်မှုက အလုံးအရင်းနဲ့ ဝင်ရောက်လာသည်။

အချစ်က လူရော၊စိတ်ရော ပျော်ရွှင်လန်းဆန်းစေလိုက်တာ….။

အခုလောက်ဆို လရောင်စကားကိုကြားပြီး ကောင်လေးက မျက်ရည်တွေများကျနေမလား။ဖုန်းကို ရင်ဘတ်မှာအပ်ပြီး ကောင်လေးက ပြုံးရင်ပြုံးနေမှာ။

♪♪အလိုချင်ဆုံး မင်းဆီက ငါ မေတ္တာတရားရယ်…အပိုဆုကလေးတောင်းပါအုန်းဆို သစ္စာရှိပါကွယ်♪♪♪

Bluetooth sound- box အသေးလေးကို အခန်းထဲမှာ ဖွင့်ထားကာ သီချင်းလိုက်ညည်းရင်း လရောင်ရေချိုးခန်းဝင်လိုက်သည်။ဆံနွယ်ရှည်ပျော့ပျော့တွေကို ဘီးနဲ့ဖြီးသင်ပြီး  ခေါင်းပေါင်းဝတ်ထားလိုက်သည်။ငိုထားတာမို့ မျက်ခမ်းစပ်တွေနဲ့ ပါးနှစ်ဖက်က နီနေသည်။

ရေချိုးပြီးတော့ ဆွယ်တာလက်ရှည်အပါးတစ်ထည်ကို pant တစ်ထည်နဲ့ တွဲဝတ်လိုက်သည်။မျက်နှာကို နို့ရည်နည်းနည်းလူးပြီး ဆံပင်ရှည်တွေကို ကျောနောက်ဘက်နဲ့ ရင်ဘတ်ဆီမှာ တစ်ဝက်စီဖြန့်ချထားလိုက်သည်။စိုစိုအိအိနှုတ်ခမ်းလေးကို အနည်းငယ်ဆေးကူလိုက်တော့ ဂျယ်လီတုံးလေလိုဖြစ်သွားသည်။လျှာထိုးဦးထုပ်အနက်ရောင်ကို ဆောင်းလိုက်ပြီး ရွှေရောင်သံကွင်းသေးသေးလေးတွေကို ကြိုးအဖြစ်တပ်ဆင်ထားတဲ့ Gucci brand အိတ်ကို စလွယ်သိုင်းလွယ်လိုက်တော့ လရောင်ပုံစံက သွက်လက်ပေါ့ပါးသွားသည်။

နှစ်ပေါင်းနှစ်ဆယ်ကျော်အတူဖြတ်သန်းခဲ့တဲ့ ကောင်လေးနဲ့ ရက်သတ္တပတ်နှစ်ပတ်စာလောက်ဝေးပြီး ပြန်သွားတွေ့မယ့် လရောင်သသက အခုမှ ရည်းစားနဲ့ချိန်းတွေ့မယ့် ဆယ်ကျော်သက်အရွယ်လေးနဲ့ တူနေသည်။

“ဟင် ကြီးကြီးက နေမကောင်းဘူးထင်နေတာ”

ဘုရားခန်းက ထွက်လာတဲ့ကြီးကြီးက လရောင်ကိုတွေ့တော့ မျက်လုံးအဝိုင်းသားနဲ့ဆိုသည်။အင်းလေ စောစောက ကြီးကြီးရှေ့မှာတင် ငိုတော့မယ့်ရုပ်ဖြစ်နေတဲ့ကောင်လေးက အခုကျတော့ ထီပေါက်သလိုဖြစ်နေသည်။

“ကျွန်တော် အပြင်ခဏသွားချင်တယ် ကြီးကြီး”

“အော် အေးအေး၊မောင်ထွေးက နေကောင်းခေါ်သွားတယ်ထင်တယ်”

“ရတယ် ကြီးကြီး၊ကျွန်တော် ကိုယ်ဘာသာပဲသွားလိုက်မယ်”

လရောင်စကားကို ကြားတော့ ကြီးကြီးက စိတ်မချသလို တွေးတွေးဆဆလုပ်နေသည်။လရောင်ကိုလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေတာက အပျိုဖြန်းလေးကို မိခင်က စိတ်မချတဲ့အကြည့်မျိုးနဲ့။လရောင် ပြုံးချင်ချင်ဖြစ်သွားပေမယ့် ထိန်းထားလိုက်ရသည်။သူကလည်း တကယ်ပဲ ဒီနေ့မှ တအားတက်ကြွနေမိတာကိုး။

“ဒီလိုလုပ်ပါ့လား၊ သိပ်မကြာလောက်ရင် မွှေးမွှေးကိုခေါ်သွားလေ သားငယ် ဒီကောင်မလေး အားပါတယ်”

“ဟို…ဟိုလေ…”

“မွှေးမွှေးရေ..မွှေးမွှေး”

လရောင် ဆင်ခြေပေးဖို့ ကြိုးစားနေတုန်းမှာပင် ကြီးကြီးက မွှေးမွှေးကို အော်ခေါ်နေပြီဖြစ်သည်။ထို့ကြောင့် လရောင်အောက်နှုတ်ခမ်းလေး အသာထော်ပြီးသာ ငြိမ်နေလိုက်ရတော့သည်။

••••••

“ကိုကိုလေးက တအားလှတာပဲ”

ဆယ်နှစ်သာသာပဲရှိသေးတဲ့ မွှေးမွှေးက taxi ပေါ်မှာ လရောင်ကို ဘေးခုံကနေ မေးထောက်ငေးနေရင်းကနေ ပါးစပ်ကပါ ဖွင့်ဟချီးကျူးလာသည်။

“အဟင်း၊ မွှေးမွှေးလည်း လှတာပဲ”

အသားညိုစိမ့်စိမ့်လေးနဲ့ ကိုထွေးညီမလေး အညာသူလေး မွှေးမွှေးက ဆံမြိတ်ကလေးတွေနဲ့ ချစ်စရာကောင်းသည်။

“ဟင့်အင်း ကိုကိုလေးက ပိုလှတယ်၊ကိုရီးယားကားထဲက မင်းသမီးတွေနဲ့ တူတယ် ကိုကိုလေးရောက်စနေ့တုန်းက မိန်းကလေးထင်နေတာ တအားလှတာပဲ”

“ကဲ ပြောပါအုန်း၊ဘာမုန့်စားချင်လဲ”

“ဟီးဟီး”

မွှေးမွှေးက ရယ်ပြီး ခေါင်းယမ်းသည်။ဆယ်နှစ်အရွယ် လူကောင်သေးသေးလေးနဲ့ မွှေးမွှေးက ကိုထွေးနဲ့အတူ ခြံထဲက တစ်ထပ်တိုက်လေးထဲမှာ နေတာဖြစ်သည်။ကိုထွေးက မိဘမဲ့ညီမလေးကို ပြုစုပျိုးထောင်နေတဲ့ အကိုကြီးအဖရာတာဝန်ကျေသူတစ်ယောက်ဖြစ်သည်။

Universe ရှေ့မှာရပ်တော့ လရောင်ရင်ထဲ ဒိန်းခနဲဖြစ်သွားရသည်။ရင်တွေခုန်လိုက်တာ။အဖြူရောင်ဂါဝန်ရှည်လေးကို ဝတ်ထားတဲ့ မွှေးမွှေးကတော့ လရောင်လက်မောင်းကို ကိုင်ပြီး ဟိုကြည့်ဒီကြည့်နဲ့နေသည်။

“အယ် လရောင်သသ”

မန်နေဂျာအမက အပြင်ကိုထွက်လာတာမို့ လရောင်နဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။လရောင်ကိုစစ်ဆေးဖို့လာတဲ့ လုံခြုံရေးဝန်ထမ်းတွေကလည်း နောက်ကိုဆုတ်သွားသည်။

“ဟုတ် အမ”

“Boss ဆီ ဝင်လာတာလား၊ရုံးခန်းထဲမှာ ရှိတယ် လရောင်”

“ဟုတ် ကျွန်တော်ဝင်သွားလိုက်မယ်နော်”

အထဲကိုရောက်တော့ ဝန်ထမ်းလေးတွေက လရောင်ကို ဝိုင်းကြည့်နေကြသည်။“ချစ်စရာလေး”လို့ တီးတိုးပြောကြသလို “သူက gay နေတာလေ”ဆိုတဲ့ ရှုံ့ချတဲ့ အသံတွေကိုလည်း ကြားလိုက်ရသည်။

“ကိုကိုလေး gay တယ်ဆိုတာ ဘာပြောတာလဲ”

မွှေးမွှေးကလည်း ကြားပုံရသည် ချစ်စရာလေးလို့ပြောရင် နှုတ်ခမ်းလေးတွေ ကွေးသွားပေမယ့် ရှုံ့ချသံတွေကြားရင်တော့ မျက်လုံးလေးတွေ ဝိုင်းဝိုင်းသွားသည်။

“အဲ့တာက အရှည်ကြီးပဲ၊အိမ်ရောက်မှ ပြောပြမယ်နော် ”

လရောင်က တိုးတိုးလေးပြောတော့ မွှေးမွှေးက ခေါင်းညိတ်သည်။

“ဟိတ် လရောင်လေး”

အတွင်းရေးမှူးအမက လရောင်ကို မြင်သွားဟန်နဲ့ လျှောက်လာသည်။လရောင်နဲ့အံ့ကျူးရဲ့ ဆက်ဆံရေးကိုလည်း အနည်းအကျဥ်းမျှ သိထားသူဖြစ်သည်။

“အမ နေကောင်းတယ်နော်”

“ကောင်းပါ့ရှင်၊ boss ဆီလာတာလား၊ ရုံးခန်းထဲမှာ  အခုရှိတယ် ခဏနေ လေဆိပ်သွားစရာတော့ရှိတယ်”

“အာ…ဟုတ်လား”

“ဒါပေမယ့် သွားတွေ့လိုက်လေ”

အတွင်းရေးမှူးအမကို ပြုံးပြလိုက်ပြီး လရောင် ရုံးခန်းဆီ သွားလိုက်သည်။တွေ့ချင်ဇောများနေတာကြောင့် မွှေးမွှေးလေး ပါလာတာကိုပင် သတိမထားမိတော့။

ဒေါက်!ဒေါက်!

ချလောက်!

“ဟင်”

“အဟင်း”

တစ်ဖက်လူရဲ့ အာမေဋိတ်အသံကြောင့် လရောင်အသံထွက်ပင် ပြုံးလိုက်သည်။ဆံပင်တွေအနည်းငယ်ရှည်လာပြီး အနည်းငယ်ပိန်သွားတဲ့ အံ့ကျူးမျိုးနွယ်က မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ လရောင်ကိုကြည့်နေသည်။

“မဝင်ခိုင်းတော့ဘူးလားဟင်”

“အာ…လရောင်သသရယ်၊ တကယ် ခင်များပဲ”

လရောင်တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲရောက်သွားပြီး လက်မောင်းနှစ်ဖက်ကြား အသက်ရှုကြပ်သည်အထိ ပွေ့ဖက်ခံလိုက်ရသည်။လရောင်လည်း ရှိသမျှအားနဲ့ သူ့ကိုယ်ကြီးကို ပြန်ဖက်လိုက်သည်။အငွေ့အသက်နဲ့ ယောကျ်ားဆန်တဲ့ ကိုယ်သင်းနံ့တွေကအစ လရောင်နှလုံးသားကို ဆန်းပြားစေသည်။

“ဟင်!”

သူတို့နှစ်ယောက်အပြင် အသံတိုးတိုးလေးကို ကြားလိုက်ပေမယ့် လရောင်လှည့်မကြည့်နိုင်။အံ့ကျူးမျိုးနွယ်ရဲ့ ဖက်တွယ်ထားမှုကြားမှာ လှုပ်မရအောင်ဖြစ်နေသည်။

လည်ကုပ်သားဆီကို ပူနွေးနွေးရေစက်တစ်ချို့နဲ့အတူ နှုတ်ခမ်းသားထူထူက ဖိကပ်လာတော့ အနည်းငယ်တော့ တွန့်သွားသည်။ကောင်လေး ငိုနေပြီ။

“လွှတ်…လွှတ်ပါအုန်း”

လရောင်တောင်းဆိုတော့ ချက်ချင်းလွှတ်ပေးသည်။မျက်ရည်ကြည်တွေပြည့်နေတဲ့ မျက်ဝန်းကနေ လရောင် မျက်နှာကို အသေးစိတ်ကြည့်နေရင်းကနေ နှုတ်ခမ်းဆီကို ငုံ့ချလာသည်။

“အွန်း!”

အပေါ်နှုတ်ခမ်းလွှာကို ဖွဖွငုံလိုက်သူက ရုတ်ချည်းပင် တရစပ်စုပ်နမ်းတော့သည်။လရောင်လက်ချောင်းလေးတွေကနေ လက်သီးဆုပ်သေးသေးလေးတွေဖြစ်သွားပြီး သူ့အင်္ကျီကော်လံကို ဆွဲထားလိုက်ရသည်။အနမ်းတွေက အငမ်းမရဖြစ်နေပြီး လုံးဝလျော့မသွားသည့် အနေအထားဖြစ်နေသည်။

ဗုန်း! ဗုန်း!

တဗုန်းဗုန်း တအုန်းအုန်းအသံတွေနဲ့ အံ့ကျူး ကျောပြင်ကြီး လှုပ်ခါသွားမှ လရောင်နှုတ်ခမ်းလေး သက်သာရာရသွားသည်။

“လူဆိုးသရဲကြီး၊ ကိုကိုလေးကို ကိုက်စားနေတယ်”

“ဘာ!!”

အတိုးချနမ်းနေရာကနေ ကျောပြင်ကို တအုန်းအုန်းအထုခံလိုက်ရတော့ အံ့ကျူး နည်းနည်းချဥ်သွားသည်။ဂါဝန်အဖြူဝတ်ထားတဲ့ ကလေးမလေးတစ်ယောက်က ထုရိုက်နေတာဖြစ်ပြီး သူ့ကို အံကြိတ်ကာ ကြည့်နဆသည်။လရောင်သသလက်ကို ဆွဲပြီး အခန်းထောင့်အထိ ဆွဲသွားတာက ထုပစ်ချင်စရာ။

“သူက ဘယ်သူလဲ”

လရောင်လည်း အနည်းငယ်စပ်ဖျဥ်းဖျဥ်းဖြစ်သွားတဲ့ နှုတ်ခမ်းသားတွေကို လက်နဲ့အုပ်ကိုင်ပြီး ကြောင်ရပ်နေမိသည်။မွှေးမွှေးက မြင်သွားပြီး အံ့ကျူးမျိုးနွယ်အနိုင်ကျင့်နေတယ်ထင်၍ စားပွဲပေါ်မှာအသင့်ရှိနေတဲ့ ဖိုင်တွဲတွေနဲ့ ထုရိုက်လိုက်တာဖြစ်သည်။

“ဟို…ဟို ငါ့အိမ်…”

“ကိုကိုလေးနဲ့ အတူသွားဖို့၊မေမေကြီးက ထည့်လိုက်တာ။ တော်သေးတယ် မွှေးမွှေးပါလာသေးလို့ မဟုတ်ရင် အဲ့လူကြီးက ကိုကိုလေးပါးစပ်ကို ဝါးစားတော့မှာ”

“ဟို…မွှေးမွှေး မဟုတ်ဘူး။ အံ့ကျူး ဘယ်ခေါ်သွားမလို့လဲ”

အံ့ကျူးက မွှေးမွှေးဆိုတဲ့ကလေးမကို လက်တစ်ဖက်တည်းနဲ့ လက်မောင်းရင်းကနေ ဆွဲမပြီး ရုံးခန်းထဲကနေ ခေါ်လာခဲ့လိုက်သည်။ယက်ကန်ယက်ကန်နဲ့ သတ္တိခဲကလေးမက အံ့ကျူးလက်ကို ကုတ်ဖဲ့နေသေးသည်။မသိရင် အံ့ကျူးက သူ့ကိုကိုလေးကို အကောင်လိုက်မြိုချတော့မယ့်အထာမျိုးနဲ့။

“Boss.. ”

“သူ့ကို ခဏခေါ်ထားပေး၊ သူလိုချင်တာ လုပ်ပေးလိုက်”

ဝန်ထမ်းတွေဆီ ထိုကလေးမကို အပ်ထားခဲ့လိုက်သည်။ရုံးခန်းဆီကို ပြန်ဦးတည်တဲ့ ခြေလှမ်းတွေမှာတော့ အပြုံးတစ်ခုက ပန်ဆင်လို့။

ကလေးတွေက တအားရှုပ်တာပဲ!!။

SophiaMoon783(15.12.2022)
______________________________________
Upကြာနေရင် epcကိုသာ ဆဲပါဗျို့

“ငအံ့ အဲ့လိုမ်ိဳးႀကီးေနတာက မင္းပုံစံမွမဟုတ္တာ”

ညႇင္းသိုးသိုးပုံစံနဲ႔ ဝီစကီေတြကိုပဲ တစိုက္မတ္မတ္ေသာက္ေနတဲ့ အံ့က်ဴးမ်ိဳးႏြယ္ပုံစံက အတူဝိုင္းထိုင္ေနတဲ့  ညီမင္းဟန္တို႔ႏွစ္ေယာက္ကိုပါ ေလးလံေနေစသည္။

“မင္းကလည္းကြာ ဘယ္အရာမွ ငါတို႔ထင္ထားသလိုအၿမဲျဖစ္လာတာမွ မဟုတ္တာ၊ အကိုလေရာင္လည္း အၿမဲတမ္းမင္းအပိုင္ဘယ္ျဖစ္ႏိုင္ပါ့မလည္း။”

အံ့က်ဴးမ်ိဳးႏြယ္ ကုမၸဏီမသြားပဲ ဒီမွာလာထိုင္ေနတာ ရက္ဆက္ေနၿပီျဖစ္သည္။ဦးမင္းမ်ိဳးႏြယ္က ညီမင္းဟန္တို႔ကို ေခၚေတြ႕မွ ဒီေကာင္ေပေတေနတာ သိရျခင္းျဖစ္သည္။
ဆံပင္ေတြက အနည္းငယ္႐ွည္ေနၿပီး မရိတ္မသင္ထားတဲ့ မုတ္ဆိတ္ေမႊး၊ႏႈတ္ခမ္းေမႊးေတြကလည္း ထိုးထိုးေထာင္ေထာင္ျဖစ္ေနၿပီျဖစ္သည္။ဂ်င္းအက်ႌအေရာင္ေဖ်ာ့တစ္ထည္နဲ႔ ဒူးအၿပဲ ဂ်င္းျပာေဘာင္းဘီကိုဝတ္ထားတဲ့ အံ့က်ဴးမ်ိဳးႏြယ္က လမ္းသရဲတစ္ေယာက္နဲ႔ တူေနသည္။

“အာ႐ုံေနာက္တယ္ကြာ..”

“ေအး အဲ့လိုသာ ၾကပ္ၾကပ္လုပ္ေန၊ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသေနမယ္”

ရဲထြဋ္ကလည္း စိတ္ျမန္သူပီပီ ခ်ိဳခ်ိဳသာသာေတြ ေျပာမေနတတ္။

“အဲ့တာနဲ႔ပဲ အ႐ႈံးေပးလိုက္ေတာ့မယ္ေပါ့၊ အကိုလေရာင္လည္း မင္းကိုခ်စ္ပါတယ္ကြာ”

“ခ်စ္ခ်စ္မခ်စ္ခ်စ္ ငါကေတာ့ သူ႕ကိုရေအာင္ယူမွာ အသာတၾကည္မရရင္ ခိုးေျပးမယ္ကြာ”

“ဘာရယ္ မင္းတို႔က အဲ့ေလာက္ထိလုပ္ဖို႔လိုလို႔လားကြာ ႏွစ္ေယာက္သားခ်စ္ၾကရဲ႕သားနဲ႔ ”

“ငါ့အိမ္မွာပဲ လေရာင္သသက အၿမဲတမ္း႐ွိေနရမယ္”

••••••

အခ်စ္ဆိုတာ ပူေလာင္တဲ့အရာ…။
အခ်စ္ဆိုတာ ေအးျမတဲ့အရာ..။
အခ်စ္က ပင္ပန္းေစသလို စိတ္ကိုေပ်ာ္႐ႊင္ေစတတ္တယ္။

လေရာင္ကိုယ္တိုင္လည္း ဘာလုပ္ရမွန္းမသိေတာ့။အံ့က်ဴးမ်ိဳးႏြယ္ကို ရင္နဲ႔မဆန္႔ေအာင္ ခ်စ္ေပမယ့္ ရင္ဆိုင္ရမွာလည္း သိမ္ငယ္စိတ္ဝင္ေနသည္။မ်က္ရည္လည္႐ြဲနဲ႔ ျဖစ္ခဲ့တဲ့ အဲ့ေန႔က အံ့က်ဴးရဲ႕ပုံရိပ္က လေရာင္မ်က္ဝန္းထဲကေန ေဖ်ာက္ဖ်က္မရ။သန္မာခ်င္ေယာင္ေဆာင္ေနတဲ့ သူ႕ကေလးေလးကို လက္ဆြဲၿပီးသာ လူေတြနဲ႔ ေဝးရာကို ထြက္သြားခ်င္မိသည္။

ကိုေနနဲ႔ႀကီးႀကီးက ေသြးသားရင္းခ်ာေတြဆိုေပမယ့္ ငယ္ငယ္ကတည္းက အတူတူႀကီးျပင္းခဲ့ရတဲ့ အံ့က်ဴးမ်ိဳးႏြယ္ကို ပိုသံေယာစဥ္႐ွိရသည္။

“ကိုကိုေလး…၊ ေမေမႀကီးက အျပင္မွာေအးတယ္တဲ့”

“ဟင္ ေအာ္ ေမႊးေမႊး ”

လေရာင္ ျခံထဲမွာရပ္ေနတာ အခ်ိန္တစ္ခုေတာင္႐ွိသြားၿပီျဖစ္သည္။ဖိုးဆီက သတင္းသဲ့သဲ့ရေပမယ့္ လေရာင္ေတြေဝေနမိသည္။အံ့က်ဴးက ဆိုးသြမ္းေနျပန္ၿပီတဲ့။မာေက်ာခ်င္ေယာင္ေဆာင္ေနတဲ့ ကေလးေလးက အ႐ြဲ႕တိုက္ဖို႔ ႀကိဳးစားေနျပန္ၿပီ။

အခုခ်ိန္သြားရင္ေရာ အံ့က်ဴးမ်ိဳးႏြယ္က သူ႕ကိုလက္ခံႏိုင္ပါ့မလား။ေကာင္ေလးက သူ႕ကိုမ်ားစိတ္ဆိုးေနမလား။ ကိုေနနဲ႔ႀကီးႀကီးတို႔လို အံ့က်ဴးနဲ႔မရင္းႏွီးတဲ့ သူစိမ္းေတြေ႐ွ႕မွာေတာင္ မ်က္ရည္က်ခဲ့ရတဲ့ ေကာင္ေလးေဘးမွာေတာင္ အားျပဳမေပးႏိုင္ခဲ့တဲ့သူ႕ကို မုန္းတီးစိတ္မ်ား ဝင္ေနမလားပင္။

“သားငယ္ေလး အိမ္ကို လြမ္းေနတာလားကြယ္”

“ဟုတ္ ႀကီးႀကီး”

လေရာင္ ႀကီးႀကီးကို အားတင္းၿပီး ျပဳံးျပကာသာ ေျဖလိုက္ရသည္။

“သြားလည္ရင္ လည္ပါ့လား၊ ဦးမင္းမ်ိဳးႏြယ္လည္း သတိရေနမယ္ထင္တယ္ အဲ.. ဟိုေကာင္ေလးက..”

“ဘာလဲဟင္ ႀကီးႀကီး၊အံ့က်ဴးက ဘာျဖစ္လို႔လဲဟင္”

“သားငယ္ေလးအေပၚ  သံေယာစဥ္သိပ္ႀကီးတာပဲကြယ္”

လေရာင္ စိတ္ထဲဆို႔နစ္လာတာေၾကာင့္ မ်က္ေတာင္ကို အျမန္ခတ္ၿပီး က်လုလုမ်က္ရည္ကို ထိန္းလိုက္ရသည္။

“ေနမေကာင္းဘူးလား သားငယ္ေလး။မ်က္ႏွာေတြ ရဲေနတာပဲ”

“ေန..ေနေကာင္းပါတယ္ ႀကီးႀကီး”

လေရာင္ ႀကီးႀကီးကို ေက်ာခိုင္းၿပီးေတာ့ အခန္းထဲကို ေျပးဝင္ကာ စိတ္ကိုလႊတ္ခ်လိုက္ေတာ့သည္။အသံပင္ထြက္သည္အထိ လေရာင္ငိုခ်မိသည္။ဘဝက ႐ႈပ္ေထြးလိုက္တာ။

♬♬ So I tell you…..♬♬

ဖုန္း Ringtoneသံၾကားမွ မ်က္ရည္သုတ္ၿပီး ခုတင္ေထာင့္စြန္းက ဖုန္းကို လွမ္းယူရသည္။

“Hello …အင့္”

ဖုန္းေျဖလိုက္တဲ့အသံမွာေတာင္ ႐ိႈက္သံကပါသြားေသးသည္။

“ကြၽန္ေတာ္႕ဆီ ျပန္လာပါဗ်ာ”

“ဟင္”

“ကြၽန္ေတာ္ အႏိုင္မက်င့္ေတာ့ပါဘူး”

အသံအက္္႐ွ႐ွက သဲကြဲစြာပင္ ထြက္လာသည္။အံ့က်ဴးမ်ိဳးႏြယ္ဆိုတဲ့ လူက နာမည္ၾကား႐ုံနဲ႔ေတာင္ လေရာင္ကို မၿငိမ္သက္ေစတဲ့ လူမို႔ ဆြဲငင္အားအျပည့္ပါတဲ့ သူ႕အသံက လေရာင္ႏွလုံးသားထဲ စည္တီးသလိုျဖစ္သြားသည္။

“ကြၽန္ေတာ္ ခုေန႔ခင္း ကုမၸဏီသြားရအုန္းမယ္၊ ကြၽန္ေတာ္က ခင္မ်ားအကိုထက္ ပိုခ်မ္းသာရင္ ကြၽန္ေတာ္နဲ႔လာေနမယ္မလား”

“ဘာရယ္!”

အံ့က်ဴးစကားေၾကာင့္ လေရာင္လႈပ္လႈပ္႐ွား႐ွားျဖစ္သြားရေပမယ့္ ျပဳံးသာျပဳံးလိုက္မိသည္။အ႐ွိန္အဝါႀကီးနဲ႔ မာနႀကီးတဲ့ ငအံ့ေလးက ကေလးအေတြးေလးနဲ႔ ေတြး႐ွာသည္။ႏွစ္ဆယ့္ႏွစ္ႏွစ္ဆိုတာ အ႐ြယ္ေရာက္တဲ့ လူငယ္တစ္ေယာက္ရဲ႕ ေတာက္ပေနတဲ့ အခ်ိန္ပင္။

“ငါ့ကိုမုန္းလားဟင္”

လေရာင္ မဝံ့မရဲနဲ႔ေမးေတာ့ တစ္ဖက္က အသံက ခဏမွ်တိတ္ဆိတ္သြားသည္။

“မုန္းတယ္ ကြၽန္ေတာ္ ခင္မ်ားကို ထိန္းမရေအာင္ ခ်စ္လြန္းလို႔ကို မုန္းတယ္”

“ခ်စ္…ခ်စ္..ခ်စ္တယ္ ငါလည္း မင္းကို သိပ္ခ်စ္တယ္ အံ့က်ဴးမ်ိဳးႏြယ္ရယ္”

!တီ! တီ! တီ!

ဖုန္းေလးက က်သြားၿပီး တတီတီနဲ႔ က်န္ေနခဲ့သည္။ေစာေစာကငိုယိုေနတဲ့ လေရာင္ရင္ထဲ ေပ်ာ္႐ႊင္မႈက အလုံးအရင္းနဲ႔ ဝင္ေရာက္လာသည္။

အခ်စ္က လူေရာ၊စိတ္ေရာ ေပ်ာ္႐ႊင္လန္းဆန္းေစလိုက္တာ….။

အခုေလာက္ဆို လေရာင္စကားကိုၾကားၿပီး ေကာင္ေလးက မ်က္ရည္ေတြမ်ားက်ေနမလား။ဖုန္းကို ရင္ဘတ္မွာအပ္ၿပီး ေကာင္ေလးက ျပဳံးရင္ျပဳံးေနမွာ။

♪♪အလိုခ်င္ဆုံး မင္းဆီက ငါ ေမတၱာတရားရယ္…အပိုဆုကေလးေတာင္းပါအုန္းဆို သစၥာ႐ွိပါကြယ္♪♪♪

Bluetooth sound- box အေသးေလးကို အခန္းထဲမွာ ဖြင့္ထားကာ သီခ်င္းလိုက္ညည္းရင္း လေရာင္ေရခ်ိဳးခန္းဝင္လိုက္သည္။ဆံႏြယ္႐ွည္ေပ်ာ့ေပ်ာ့ေတြကို ဘီးနဲ႔ၿဖီးသင္ၿပီး  ေခါင္းေပါင္းဝတ္ထားလိုက္သည္။ငိုထားတာမို႔ မ်က္ခမ္းစပ္ေတြနဲ႔ ပါးႏွစ္ဖက္က နီေနသည္။

ေရခ်ိဳးၿပီးေတာ့ ဆြယ္တာလက္႐ွည္အပါးတစ္ထည္ကို pant တစ္ထည္နဲ႔ တြဲဝတ္လိုက္သည္။မ်က္ႏွာကို ႏို႔ရည္နည္းနည္းလူးၿပီး ဆံပင္႐ွည္ေတြကို ေက်ာေနာက္ဘက္နဲ႔ ရင္ဘတ္ဆီမွာ တစ္ဝက္စီျဖန္႔ခ်ထားလိုက္သည္။စိုစိုအိအိႏႈတ္ခမ္းေလးကို အနည္းငယ္ေဆးကူလိုက္ေတာ့ ဂ်ယ္လီတုံးေလလိုျဖစ္သြားသည္။လွ်ာထိုးဦးထုပ္အနက္ေရာင္ကို ေဆာင္းလိုက္ၿပီး ေ႐ႊေရာင္သံကြင္းေသးေသးေလးေတြကို ႀကိဳးအျဖစ္တပ္ဆင္ထားတဲ့ Gucci brand အိတ္ကို စလြယ္သိုင္းလြယ္လိုက္ေတာ့ လေရာင္ပုံစံက သြက္လက္ေပါ့ပါးသြားသည္။

ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္အတူျဖတ္သန္းခဲ့တဲ့ ေကာင္ေလးနဲ႔ ရက္သတၱပတ္ႏွစ္ပတ္စာေလာက္ေဝးၿပီး ျပန္သြားေတြ႕မယ့္ လေရာင္သသက အခုမွ ရည္းစားနဲ႔ခ်ိန္းေတြ႕မယ့္ ဆယ္ေက်ာ္သက္အ႐ြယ္ေလးနဲ႔ တူေနသည္။

“ဟင္ ႀကီးႀကီးက ေနမေကာင္းဘူးထင္ေနတာ”

ဘုရားခန္းက ထြက္လာတဲ့ႀကီးႀကီးက လေရာင္ကိုေတြ႕ေတာ့ မ်က္လုံးအဝိုင္းသားနဲ႔ဆိုသည္။အင္းေလ ေစာေစာက ႀကီးႀကီးေ႐ွ႕မွာတင္ ငိုေတာ့မယ့္႐ုပ္ျဖစ္ေနတဲ့ေကာင္ေလးက အခုက်ေတာ့ ထီေပါက္သလိုျဖစ္ေနသည္။

“ကြၽန္ေတာ္ အျပင္ခဏသြားခ်င္တယ္ ႀကီးႀကီး”

“ေအာ္ ေအးေအး၊ေမာင္ေထြးက ေနေကာင္းေခၚသြားတယ္ထင္တယ္”

“ရတယ္ ႀကီးႀကီး၊ကြၽန္ေတာ္ ကိုယ္ဘာသာပဲသြားလိုက္မယ္”

လေရာင္စကားကို ၾကားေတာ့ ႀကီးႀကီးက စိတ္မခ်သလို ေတြးေတြးဆဆလုပ္ေနသည္။လေရာင္ကိုလည္း ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနတာက အပ်ိဳျဖန္းေလးကို မိခင္က စိတ္မခ်တဲ့အၾကည့္မ်ိဳးနဲ႔။လေရာင္ ျပဳံးခ်င္ခ်င္ျဖစ္သြားေပမယ့္ ထိန္းထားလိုက္ရသည္။သူကလည္း တကယ္ပဲ ဒီေန႔မွ တအားတက္ႂကြေနမိတာကိုး။

“ဒီလိုလုပ္ပါ့လား၊ သိပ္မၾကာေလာက္ရင္ ေမႊးေမႊးကိုေခၚသြားေလ သားငယ္ ဒီေကာင္မေလး အားပါတယ္”

“ဟို…ဟိုေလ…”

“ေမႊးေမႊးေရ..ေမႊးေမႊး”

လေရာင္ ဆင္ေျခေပးဖို႔ ႀကိဳးစားေနတုန္းမွာပင္ ႀကီးႀကီးက ေမႊးေမႊးကို ေအာ္ေခၚေနၿပီျဖစ္သည္။ထို႔ေၾကာင့္ လေရာင္ေအာက္ႏႈတ္ခမ္းေလး အသာေထာ္ၿပီးသာ ၿငိမ္ေနလိုက္ရေတာ့သည္။

••••••

“ကိုကိုေလးက တအားလွတာပဲ”

ဆယ္ႏွစ္သာသာပဲ႐ွိေသးတဲ့ ေမႊးေမႊးက taxi ေပၚမွာ လေရာင္ကို ေဘးခုံကေန ေမးေထာက္ေငးေနရင္းကေန ပါးစပ္ကပါ ဖြင့္ဟခ်ီးက်ဴးလာသည္။

“အဟင္း၊ ေမႊးေမႊးလည္း လွတာပဲ”

အသားညိဳစိမ့္စိမ့္ေလးနဲ႔ ကိုေထြးညီမေလး အညာသူေလး ေမႊးေမႊးက ဆံၿမိတ္ကေလးေတြနဲ႔ ခ်စ္စရာေကာင္းသည္။

“ဟင့္အင္း ကိုကိုေလးက ပိုလွတယ္၊ကိုရီးယားကားထဲက မင္းသမီးေတြနဲ႔ တူတယ္ ကိုကိုေလးေရာက္စေန႔တုန္းက မိန္းကေလးထင္ေနတာ တအားလွတာပဲ”

“ကဲ ေျပာပါအုန္း၊ဘာမုန္႔စားခ်င္လဲ”

“ဟီးဟီး”

ေမႊးေမႊးက ရယ္ၿပီး ေခါင္းယမ္းသည္။ဆယ္ႏွစ္အ႐ြယ္ လူေကာင္ေသးေသးေလးနဲ႔ ေမႊးေမႊးက ကိုေထြးနဲ႔အတူ ျခံထဲက တစ္ထပ္တိုက္ေလးထဲမွာ ေနတာျဖစ္သည္။ကိုေထြးက မိဘမဲ့ညီမေလးကို ျပဳစုပ်ိဳးေထာင္ေနတဲ့ အကိုႀကီးအဖရာတာဝန္ေက်သူတစ္ေယာက္ျဖစ္သည္။

Universe ေ႐ွ႕မွာရပ္ေတာ့ လေရာင္ရင္ထဲ ဒိန္းခနဲျဖစ္သြားရသည္။ရင္ေတြခုန္လိုက္တာ။အျဖဴေရာင္ဂါဝန္႐ွည္ေလးကို ဝတ္ထားတဲ့ ေမႊးေမႊးကေတာ့ လေရာင္လက္ေမာင္းကို ကိုင္ၿပီး ဟိုၾကည့္ဒီၾကည့္နဲ႔ေနသည္။

“အယ္ လေရာင္သသ”

မန္ေနဂ်ာအမက အျပင္ကိုထြက္လာတာမို႔ လေရာင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားသည္။လေရာင္ကိုစစ္ေဆးဖို႔လာတဲ့ လုံျခဳံေရးဝန္ထမ္းေတြကလည္း ေနာက္ကိုဆုတ္သြားသည္။

“ဟုတ္ အမ”

“Boss ဆီ ဝင္လာတာလား၊႐ုံးခန္းထဲမွာ ႐ွိတယ္ လေရာင္”

“ဟုတ္ ကြၽန္ေတာ္ဝင္သြားလိုက္မယ္ေနာ္”

အထဲကိုေရာက္ေတာ့ ဝန္ထမ္းေလးေတြက လေရာင္ကို ဝိုင္းၾကည့္ေနၾကသည္။“ခ်စ္စရာေလး”လို႔ တီးတိုးေျပာၾကသလို “သူက gay ေနတာေလ”ဆိုတဲ့ ႐ႈံ႕ခ်တဲ့ အသံေတြကိုလည္း ၾကားလိုက္ရသည္။

“ကိုကိုေလး gay တယ္ဆိုတာ ဘာေျပာတာလဲ”

ေမႊးေမႊးကလည္း ၾကားပုံရသည္ ခ်စ္စရာေလးလို႔ေျပာရင္ ႏႈတ္ခမ္းေလးေတြ ေကြးသြားေပမယ့္ ႐ႈံ႕ခ်သံေတြၾကားရင္ေတာ့ မ်က္လုံးေလးေတြ ဝိုင္းဝိုင္းသြားသည္။

“အဲ့တာက အ႐ွည္ႀကီးပဲ၊အိမ္ေရာက္မွ ေျပာျပမယ္ေနာ္ ”

လေရာင္က တိုးတိုးေလးေျပာေတာ့ ေမႊးေမႊးက ေခါင္းညိတ္သည္။

“ဟိတ္ လေရာင္ေလး”

အတြင္းေရးမႉးအမက လေရာင္ကို ျမင္သြားဟန္နဲ႔ ေလွ်ာက္လာသည္။လေရာင္နဲ႔အံ့က်ဴးရဲ႕ ဆက္ဆံေရးကိုလည္း အနည္းအက်ဥ္းမွ် သိထားသူျဖစ္သည္။

“အမ ေနေကာင္းတယ္ေနာ္”

“ေကာင္းပါ့႐ွင္၊ boss ဆီလာတာလား၊ ႐ုံးခန္းထဲမွာ  အခု႐ွိတယ္ ခဏေန ေလဆိပ္သြားစရာေတာ့႐ွိတယ္”

“အာ…ဟုတ္လား”

“ဒါေပမယ့္ သြားေတြ႕လိုက္ေလ”

အတြင္းေရးမႉးအမကို ျပဳံးျပလိုက္ၿပီး လေရာင္ ႐ုံးခန္းဆီ သြားလိုက္သည္။ေတြ႕ခ်င္ေဇာမ်ားေနတာေၾကာင့္ ေမႊးေမႊးေလး ပါလာတာကိုပင္ သတိမထားမိေတာ့။

ေဒါက္!ေဒါက္!

ခ်ေလာက္!

“ဟင္”

“အဟင္း”

တစ္ဖက္လူရဲ႕ အာေမဋိတ္အသံေၾကာင့္ လေရာင္အသံထြက္ပင္ ျပဳံးလိုက္သည္။ဆံပင္ေတြအနည္းငယ္႐ွည္လာၿပီး အနည္းငယ္ပိန္သြားတဲ့ အံ့က်ဴးမ်ိဳးႏြယ္က မယုံႏိုင္တဲ့မ်က္ဝန္းေတြနဲ႔ လေရာင္ကိုၾကည့္ေနသည္။

“မဝင္ခိုင္းေတာ့ဘူးလားဟင္”

“အာ…လေရာင္သသရယ္၊ တကယ္ ခင္မ်ားပဲ”

လေရာင္တစ္ကိုယ္လုံး သူ႕ရင္ခြင္ထဲေရာက္သြားၿပီး လက္ေမာင္းႏွစ္ဖက္ၾကား အသက္႐ႈၾကပ္သည္အထိ ေပြ႕ဖက္ခံလိုက္ရသည္။လေရာင္လည္း ႐ွိသမွ်အားနဲ႔ သူ႕ကိုယ္ႀကီးကို ျပန္ဖက္လိုက္သည္။အေငြ႕အသက္နဲ႔ ေယာက်္ားဆန္တဲ့ ကိုယ္သင္းနံ႔ေတြကအစ လေရာင္ႏွလုံးသားကို ဆန္းျပားေစသည္။

“ဟင္!”

သူတို႔ႏွစ္ေယာက္အျပင္ အသံတိုးတိုးေလးကို ၾကားလိုက္ေပမယ့္ လေရာင္လွည့္မၾကည့္ႏိုင္။အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ ဖက္တြယ္ထားမႈၾကားမွာ လႈပ္မရေအာင္ျဖစ္ေနသည္။

လည္ကုပ္သားဆီကို ပူေႏြးေႏြးေရစက္တစ္ခ်ိဳ႕နဲ႔အတူ ႏႈတ္ခမ္းသားထူထူက ဖိကပ္လာေတာ့ အနည္းငယ္ေတာ့ တြန္႔သြားသည္။ေကာင္ေလး ငိုေနၿပီ။

“လႊတ္…လႊတ္ပါအုန္း”

လေရာင္ေတာင္းဆိုေတာ့ ခ်က္ခ်င္းလႊတ္ေပးသည္။မ်က္ရည္ၾကည္ေတြျပည့္ေနတဲ့ မ်က္ဝန္းကေန လေရာင္ မ်က္ႏွာကို အေသးစိတ္ၾကည့္ေနရင္းကေန ႏႈတ္ခမ္းဆီကို ငုံ႔ခ်လာသည္။

“အြန္း!”

အေပၚႏႈတ္ခမ္းလႊာကို ဖြဖြငုံလိုက္သူက ႐ုတ္ခ်ည္းပင္ တရစပ္စုပ္နမ္းေတာ့သည္။လေရာင္လက္ေခ်ာင္းေလးေတြကေန လက္သီးဆုပ္ေသးေသးေလးေတြျဖစ္သြားၿပီး သူ႕အက်ႌေကာ္လံကို ဆြဲထားလိုက္ရသည္။အနမ္းေတြက အငမ္းမရျဖစ္ေနၿပီး လုံးဝေလ်ာ့မသြားသည့္ အေနအထားျဖစ္ေနသည္။

ဗုန္း! ဗုန္း!

တဗုန္းဗုန္း တအုန္းအုန္းအသံေတြနဲ႔ အံ့က်ဴး ေက်ာျပင္ႀကီး လႈပ္ခါသြားမွ လေရာင္ႏႈတ္ခမ္းေလး သက္သာရာရသြားသည္။

“လူဆိုးသရဲႀကီး၊ ကိုကိုေလးကို ကိုက္စားေနတယ္”

“ဘာ!!”

အတိုးခ်နမ္းေနရာကေန ေက်ာျပင္ကို တအုန္းအုန္းအထုခံလိုက္ရေတာ့ အံ့က်ဴး နည္းနည္းခ်ဥ္သြားသည္။ဂါဝန္အျဖဴဝတ္ထားတဲ့ ကေလးမေလးတစ္ေယာက္က ထု႐ိုက္ေနတာျဖစ္ၿပီး သူ႕ကို အံႀကိတ္ကာ ၾကည့္နဆသည္။လေရာင္သသလက္ကို ဆြဲၿပီး အခန္းေထာင့္အထိ ဆြဲသြားတာက ထုပစ္ခ်င္စရာ။

“သူက ဘယ္သူလဲ”

လေရာင္လည္း အနည္းငယ္စပ္ဖ်ဥ္းဖ်ဥ္းျဖစ္သြားတဲ့ ႏႈတ္ခမ္းသားေတြကို လက္နဲ႔အုပ္ကိုင္ၿပီး ေၾကာင္ရပ္ေနမိသည္။ေမႊးေမႊးက ျမင္သြားၿပီး အံ့က်ဴးမ်ိဳးႏြယ္အႏိုင္က်င့္ေနတယ္ထင္၍ စားပြဲေပၚမွာအသင့္႐ွိေနတဲ့ ဖိုင္တြဲေတြနဲ႔ ထု႐ိုက္လိုက္တာျဖစ္သည္။

“ဟို…ဟို ငါ့အိမ္…”

“ကိုကိုေလးနဲ႔ အတူသြားဖို႔၊ေမေမႀကီးက ထည့္လိုက္တာ။ ေတာ္ေသးတယ္ ေမႊးေမႊးပါလာေသးလို႔ မဟုတ္ရင္ အဲ့လူႀကီးက ကိုကိုေလးပါးစပ္ကို ဝါးစားေတာ့မွာ”

“ဟို…ေမႊးေမႊး မဟုတ္ဘူး။ အံ့က်ဴး ဘယ္ေခၚသြားမလို႔လဲ”

အံ့က်ဴးက ေမႊးေမႊးဆိုတဲ့ကေလးမကို လက္တစ္ဖက္တည္းနဲ႔ လက္ေမာင္းရင္းကေန ဆြဲမၿပီး ႐ုံးခန္းထဲကေန ေခၚလာခဲ့လိုက္သည္။ယက္ကန္ယက္ကန္နဲ႔ သတၱိခဲကေလးမက အံ့က်ဴးလက္ကို ကုတ္ဖဲ့ေနေသးသည္။မသိရင္ အံ့က်ဴးက သူ႕ကိုကိုေလးကို အေကာင္လိုက္ၿမိဳခ်ေတာ့မယ့္အထာမ်ိဳးနဲ႔။

“Boss.. ”

“သူ႕ကို ခဏေခၚထားေပး၊ သူလိုခ်င္တာ လုပ္ေပးလိုက္”

ဝန္ထမ္းေတြဆီ ထိုကေလးမကို အပ္ထားခဲ့လိုက္သည္။႐ုံးခန္းဆီကို ျပန္ဦးတည္တဲ့ ေျခလွမ္းေတြမွာေတာ့ အျပဳံးတစ္ခုက ပန္ဆင္လို႔။

ကေလးေတြက တအား႐ႈပ္တာပဲ!!။

SophiaMoon783(15.12.2022)
______________________________________
Upၾကာေနရင္ epcကိုသာ ဆဲပါဗ်ိဳ႕

Tags: read novel My Possessive Of You 25, novel My Possessive Of You 25, read My Possessive Of You 25 online, My Possessive Of You 25 chapter, My Possessive Of You 25 high quality, My Possessive Of You 25 light novel, ,

Comment

Leave a Reply

Chapter 27