My Possessive Of You 28

All chapters are in My Possessive Of You
A+ A-

ဆိုဖာပေါ်ဝင်ထိုင်ပေမယ့် အံ့ကျူးမျက်နှာက မသာယာတာကြောင့် လရောင် ကြီးကြီးကို အားနာနာနှင့်ပင် မချိပြုံး,ပြုံးပြရသေးသည်။

“သားငယ်လေး…တကယ်ကို ဆုံးဖြတ်လိုက်တော့တာပဲ”

လရောင် လက်ကိုဖွဖွကိုင်ထားတဲ့ ကြီးကြီးက  ပြုံးရိပ်သန်းနေပေမယ့်လည်း မျက်လုံးတွေကတော့ ညှိုးငယ်နေသည်။ကိုနေကောင်းကတော့ လရောင်မျက်နှာကိုသာ အရိပ်လိုကြည့်နေသည်။အခုမှ ပြန်တွေ့ရတဲ့ ညီလေးကို ပြန်ပေးလိုက်ရတော့မယ်ဆိုတော့ ကိုနေလည်း စိတ်မကောင်းဖြစ်နေမှာတော့ အမှန်ပင်။

လရောင် ညာဘက်မှာထိုင်နေတဲ့ ကိုယ်တော်ချောကတော့ ထီမထင်သလို မျက်နှာပေးနဲ့ ကြီးကြီးလက်ထဲက လရောင်လက်ကို ဆတ်ခနဲဆွဲပြီး သူ့လက်ဖဝါးကျယ်ကြီးနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြန်သေးသည်။

အံ့ကျူး အပြုအမူက ရိုင်းသလိုဖြစ်သွားတာမို့ ကြီးကြီးကို တောင်းပန်သလိုကြည့်တော့ ခေါင်းငြိမ့်ပြီး အသာပင်ပြုံးပြရှာသည်။
အံ့ကျူးကိုတော့ လက်မနဲ့လက်ညှိုးကြား အရေပြားနေရာကို နာနာလိမ်ဆွဲပစ်လိုက်သည်။

“ကျွန်တော့်ရဲ့နှလုံးသားနောက်ကို လိုက်,လိုက်တာပါ ကြီးကြီး…အဲ့အတွက်လည်း ကြီးကြီးနဲ့ကိုနေ့ကို တောင်းပန်ပါတယ် အရှက်ရစေမယ့်ကိစ္စမျိုး ဖြစ်သွားခဲ့ရင်လည်း ကြီးကြီးတို့နဲ့ ရှင်းရှင်းလင်းလင်း…”

ဘုန်း! “တော်ပြီ..!”

တစ်ချိန်လုံး တိတ်နေတဲ့ ကိုနေက ရုတ်တရက်ပင် စားပွဲကို အသံမြည်အောင် ထုပြီး လရောင်စကားကို ဟန့်တားပစ်လာသည်။
“မအော်နဲ့..! လရောင်သသကို အော်စရာမလိုဘူး”

ရုတ်တရက်ပြောင်းလဲသွားသည့် ကိုနေ့ကို အံ့
သြနေတုန်းရှိသေးသည်။အံ့ကျူးကပါ အသံထွက်လာတာကြောင့် လရောင် ထူပူသွားရသည်။

“သားနေ…စိတ်ကို အေးအေးထား၊ မောင်ရင်လည်း ဒေါသကိုလျှော့ပါကွယ်”

“ကျစ်! အချိန်တွေကုန်တယ်”

ကြီးကြီးက တားပေမယ့် အခုထိပြန်မထိုင်သေးတဲ့ အံ့ကျူးကြောင့် လရောင် ပင့်သက်ပင် ရှိုက်မိသွားသည်။

“ဘာမှ ရှင်းရှင်းလင်းလင်းနေစရာမလိုဘူး လရောင်လေး။ လရောင် ဘာပြောချင်တယ် ဆိုတာ ကိုယ်သိတယ်…၊ငယ်ငယ်ကတည်းက ပျောက်သွားတဲ့ ညီလေးကို ကိုကိုက လုံးဝဆုံးရှုံးလိုက်ရပြီတောင် ထင်ခဲ့တာ….

ဘာဖြစ်လဲ ငါ့ညီလေးက ယောကျ်ားချင်းချစ်မိတော့ရော ဘာဖြစ်လဲ..? ဆံပင်အရှည်နဲ့ မိန်းကလေးလို နေချင်တော့ရော ဘာဖြစ်လဲ..?လရောင် ဘာပဲဖြစ်နေနေ ကိုကို့ညီလေးတစ်ယောက်အဖြစ်ကနေ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။

ဒီလက်ထပ်ပွဲကို ကိုယ်တို့ဘက်က ကန့်ကွက်စရာလည်း မရှိဘူး။ စောစောက ကိုယ့်ကို အော်လိုက်လို့လည်း ညီ့ကို စိတ်မခုပါဘူး..။လရောင်ကို အချစ်ပေးနိုင်ဆုံးက ညီပဲဖြစ်မှာပါ ကိုယ့်ညီလေးကို မင်းလက်ထဲ အပ်ပါတယ်”

ကိုနေက လရောင်ကို ပြုံးပြုံးကြီးကြည့်ပြီး ပြောနေသလို အံ့ကျူးကိုလည်း ခေါင်းညိတ်ပြသေးသည်။အနေအေးသလောက် ကိုနေက လူကြီးလူကောင်းဆန်လိုက်တာ..။
ကိုနေတို့ မငြိုငြင်တာသိရတော့ လရောင်ပီတိဖြစ်မိသလို ကြည်လင်သွားတဲ့ အံ့ကျူးမျက်နှာကြောင့် ပိုလို့ပင် ဝမ်းသာမိသွားသည်။

••••••
“foundation က တအားများလွန်းနေတယ် လရောင်သသက အသားဖြူပြီးသား အဲ့လောက်ကြီးမလိုဘူး”

“ဒါဆိုလည်း ပြီးရော နည်းနည်းပဲ လိမ်းပေးလိုက်မယ်”

“အင်း”

“မျက်ခုံးမွှေးလည်း တအားဆွဲဖို့မလိုဘူး မမဇူး”

“အမလေးဟယ် နင်ပဲ ပြင်ပေးလိုက်ပါတော့လား အံ့ကျူးရဲ့”

ဇူးဇူးမေသော် စိတ်မရှည်ချင်တော့။သူ့ဟာလေးကို မိတ်ကပ်လိမ်းပေးတဲ့ မာမီတွေက စနောက်ကြမှာတွေ မကြိုက်လို့ မမကိုယ်တိုင်ပဲ ပြင်ပေးပါဆို၍ pre-wedding photo ရိုက်ဖို့အတွက် လရောင်သသကို မိတ်ကပ်ပြင်ပေးနေရခြင်းဖြစ်သည်။မမဇူးဇူးပြင်ပေးနေတာကို အံ့ကျူးက ဘေးကနေ တောက်လျှောက်ပြောနေတာမို့ လရောင်တောင် အားနာလာသည်။
သူ့ကြည့်တော့ဖြင့် အဝတ်အစားတောင် မလဲသေးပဲနဲ့။

“lip balm နဲနဲဆိုးပေးပြီးရင် ပြီးပြီ နင်သာလုပ်စရာရှိတာ သွားလုပ်တော့”

“….”

“ဟဲ့ သွားပါတော့ဆို အော်..၊နောက်မှပဲ တစ်ချိန်လုံးထိုင်ကြည့်နေ၊ အခုတော့ ဘေးက ကျွန်မကိုလည်း အားနာအုန်း”

ဆံပင်ကိုတောင် ဘာမှမလုပ်ပေးရသေးပေမယ့် လရောင်လေးက မိတ်ကပ် lookနဲ့ တော်တော်ကို လှနေပြီဖြစ်သည်။နဂိုထဲက သူ့ဟာလေးဆို ကဲကဲလှုပ်တဲ့ မောင်အံ့ကလည်း အကြည့်မခွာတော့။

“အကိုလေး အကိုလေးအဖေ ရောက်ပါပြီ”

“အော် ကျွန်တော်လာခဲ့မယ်”

မမဆွေကိုတောင် ကျွန်တော်လို့ သုံးနှုန်းလိုက်တာကြောင့် ဒီကောင်လေး တကယ်လိမ္မာလာသားပဲလို့ လရောင်တွေးလိုက်မိသေးသည်။

ဆံပင်ရှည်ရှည်တွေကို ခပ်မြင့်မြင့်လေး ထုံးပေးလိုက်ကာ ခေါင်းစီးကြိုး အနက်နဲ့ချည်ပေးလိုက်တော့ လရောင်လေးက အရုပ်မလေးလိုဖြစ်သွားသည်။ပါးလေးတွေက ပြည့်ဖောင်းနေကာ အသားအရေကလည်း ဝင်းမွတ်နေတာမို့ လရောင်လည်တိုင်ကျော့ကျော့က ရှင်းသန့်နေသည်။

suit က အံ့ကျူးနဲ့ ပုံစံတူကိုမှ လရောင် suit က ပိုငယ်ပြီး ဇီးရောင်လေးဖြစ်သည်။suit အကျအနဝတ်လိုက်ပြီးတော့ လရောင်က CEO Barbie Girl အရုပ်လေးနဲ့တောင် တူသွားသည်။ဇူးဇူးမေသော် လရောင်သသကို ကြည့်လို့မဝကို ဖြစ်နေတော့သည်။ထိုနည်းတူပင် တစ်စုံတစ်ယောက်ကလည်း အခန်းတံခါးဝကနေကြည့်ပြီး ပါးစပ်အဟောင်းသားပင်ဖြစ်ကာ အသက်ရှူတောင် မမှန်တော့ချေ။

“လရောင် မမပုံတစ်ပုံလောက်ရိုက်မယ်”

“ဟုတ် မမ ရ.”

“ဟေ့ ဟေ့ မရဘူး မရဘူး”

အံ့ကျူးမျိုးနွယ်ရောက်လာပြီး သူ့ကိုယ်ကြီးနဲ့ကာလိုက်တာကြောင့် လရောင်ခမျာ သူ့ကျောပြင်ကျယ်ကြီး နောက်မှာ စုန်းစုန်းမြုပ်သွားရသည်။မမဇူးဇူးက ဘုကြည့်ကြည့်ပြီး ထွက်သွားပေမယ့် လရောင်မှာ နှုတ်ခမ်းလေးအနည်းငယ်စူရုံမှအပ ဘာမှ မတတ်နိုင်။

“စိတ်ဆိုးလား …? ခင်များကို ကျွန်တော်တောင် ကြည့်မဝသေးလို့ပါဗျာ”

မေးရိုးထင်းထင်း မျက်ခုံးတန်းထူထူ နှာတံပေါ်ပေါ်တွေနဲ့ လူက ခရင်မ်အနည်းငယ်လိမ်းထားတာမို့ ပိုပြီးပင် ထင်ရှားနေသည်။နဂိုကတည်းက suit တွေနဲ့ လိုက်ဖက်တဲ့သူက လရောင်မျက်လုံးထဲ ဒီနေ့ ပိုကြည့်ကောင်းနေသလိုပင်။“သူ့အပိုင် သူ့အပိုင်” ဆိုပြီး တစ်ချိန်လုံးအော်ချင်နေတဲ့ ကိုယ်တော်က အဖိုးကို ဂျီကျထား၍ photo ရိုက်ပြီးရင် တရားရုံးမှာ တစ်ခါတည်းလက်မှတ်ထိုးရမှာဖြစ်သည်။

မျက်စိရှေ့ကလူက ငါ့ယောကျ်ားဖြစ်မယ့်လူ၊ ငါတစ်သက်လုံး ယုံကြည်အားကိုးရမယ့်လူပါလားဆိုတဲ့ အတွေးက ပိုချစ်မိစေသည်။
ငေးကြည့်နေတုန်းမှာပင် သူ့ရင်ခွင်ထဲ ရောက်သွားတာမို့ လရောင် အလိုက်သင့်ပင် သူ့ရင်အုပ်ကျယ်ကျယ်ကြီးကို မီထားလိုက်သည်။အင်းး..ကိုယ်သင်းနံ့က အစ ယောကျ်ားပီသလိုက်တာ…။

“ဟင်”

လည်ပင်းပေါ်က အေးခနဲဖြစ်သွားတာမို့ သူ့ရင်ခွင်ထဲကရုန်းပြီး လရောင်ငုံ့ကြည့်လိုက်တော့ ပလက်တီနမ်ဆွဲကြိုးသေးသေးလေးက ကြိုဆိုနေသည်။

“ဒါက..?”

“Happy 19 years Anniversary ပါ ကိုကို..”

“ဟင် .. ဘာကိုလည်း အံ့ကျူး ငါနားမလည်တော့ဘူး၊ ပြီးတော့ ဒါက ဈေးကြီးမယ်ထင်တယ်”

“ကိုကို တကယ်ပဲ မမှတ်မိတော့တာလား..?”

လရောင် ခေါင်းယမ်းလိုက်တော့ အံ့ကျူးမျက်နှာက အနည်းငယ်တည်သွားသည်။ဘာကြောင့် Anniversary လည်း..လရောင် တကယ်ကိုမသိရခြင်းပင်။

“ခင်များ ကျွန်တော့်နှလုံးသားထဲရောက်လာတာ ဆယ့်ကိုးနှစ်တောင် ကြာခဲ့ပြီလို့ လရောင်သသရဲ့”

“ဟင်”

ထိုအခါမှ လရောင်ကောင်းကောင်းနားလည်သွားရပါသည်။အံ့ကျူးကတော့ သူ့ကို အချိုမြိန်ဆုံးပြုံးပြီး ငုံ့ကြည့်နေသည်။

“ကျေး..ကျေးဇူးတင်ပါတယ် အံ့ကျူး~
မင်းဘဝထဲ ယောင်လည်လည်နဲ့ရောက်လာတဲ့ ငါ့ကို လက်လွှတ်မပေးခဲ့လို့ ငါတကယ်ကျေးဇူးတင်ပါတယ်”

လရောင် ခြေဖျားထောက်ကာ သူ့နှုတ်ခမ်းကို အသာဖိနမ်းလိုက်ပြီး အခန်းထဲက အမြန်ပြေးထွက်ခဲ့လိုက်တော့သည်။

••••
“congratulations ငါ့ကောင်..”

“ကျေးဇူး ရဲထွဋ်၊ညီမင်းဟန်ရော မလာသေးဘူးလား”

Wedding ကို LA မှာ လုပ်မှာမလို့ pre-wedding photo ရိုက်ပြီးတဲ့ ညမှာပဲ အံ့ကျူးမျိုးနွယ်တို့ သူငယ်ချင်းတွေ ဝိုင်းထိုင်ဖြစ်ကြသည်။ဒီတစ်ခါက ရဲထွဋ်တို့ ညီမင်းဟန်တို့လို သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေအပြင် ကျောင်းနေဖက်တွေနဲ့ သောက်ဖော်စားဖက် အသိတွေပါ ပါသည်။

“ကိုကြီး အဲ့လောက်မြန်သွားမယ် မထင်ဘူး လင်း တုန်းကကျတော့ ကိုကြီးက straight စစ်စစ်ဆိုပြီးမှ ဟွန်း”

အံ့ကျူးကို ချဥ်းကပ်ခဲ့ဖူးသည့် ကောင်လေးတစ်ချို့လည်း ပါသည်။အံ့ကျူး ပုခုံးပေါ်ကို မေးတင်ပြီး ဂျစ်နေပြန်သေးသည်။

“ဆောရီးပါ လင်းရာ၊ ကိုကြီးက အဲ့မတိုင်ခင်ကတည်းက လရောင်သသကို ချစ်နေခဲ့တာ”

“ကိုကြီးအချစ်ကို ရသွားတဲ့ အဲ့အကိုကို မနာလိုဖြစ်လိုက်တာ”

အံ့ကျူး လျစ်လျူရှုထားလိုက်ပြီး ဘီယာအပြည့်ဖြည့်ထားတဲ့ ဖန်ခွက်ကို ကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။

“အားလုံးပဲ Cheer! ”

“Cheer! ”

“ရဲထွဋ် ဖြေးဖြေး”

ဖြေးဖြေးလို့ပြောပြီး အံ့ကျူး ဖန်ခွက်ကို လက်နဲ့ပင့်ပေးထားလိုက်သည်။ဖန်ခွက်ထဲ တစ်စက်မှမကျန်တော့မှ လွှတ်ပေးလိုက်တော့ ရဲထွဋ်က ချောင်းတွေဆိုးပြီးသီးတော့သည်။

“ဒီ ဖေ..”

“ဟားဟား”
ရဲထွဋ်ကို စနောက်ပြီး တစ်ဖွဲ့လုံးရယ်ကြတော့သည်။

ထိုအထဲမှာတော့ ထူးဆန်းစွာပင် အချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ ငြိမ်သက်မှုကြောင့် အံ့ကျူး နေရာမှ ထကာ သူထိုင်နေတဲ့ ဝိုင်းအထိ ရွှေ့သွားလိုက်သည်။ ဘီယာဆိုင် တစ်ခုလုံးကို ဒီညအပြတ်ငှားထားတာကြောင့် ရောက်လာတဲ့လူတိုင်းက အံ့ကျူးအပေါင်းအသင်းတွေချည်းသာ များသည်။

ညီမင်းဟန်က အစွန်ဆုံးက ဝိုင်းမှာ သူတစ်ယောက်ထဲ ထိုင်နေပြီး ငြိမ်သက်နေပုံက အသက်မရှိသလိုပင် ဖြစ်နေတာကြောင့် အံ့ကျူး စိတ်ပူသွားမိသည်။သူတို့က ဆိုးတူကောင်းဖက် သူငယ်ချင်းတွေ မဟုတ်လော။

“သားကြီး နေမကောင်းဘူးလား”

“ကောင်းပါတယ်ကွာ  congrats သူငယ်ချင်း”

ရောက်ရောက်ချင်းတုန်းကတောင် လာနှုတ်မဆက်တဲ့လူက အံ့ကျူးရောက်လာကာမှ ထကာ နှုတ်ဆက်ဖော်ရသည်။သို့သော် မျက်နှာကတော့ သိပ်မကောင်းရှာပေ။

“ညီမင်းဟန် မင်းဘာဖြစ်လာတာလဲ”

“ဒီတိုင်းပဲ personal case ပါကွာ”

ဘာကိုမှ များများစားစားခေါင်းထဲမထည့်ချင်တဲ့ ညီမင်းဟန်က အခုတော့ အတွေးများနေရပြီဖြစ်သည်။ အိမ်မှာရှိနေတဲ့ တစ်ယောက်က အံ့ကျူးတို့ wedding newကြားပြီးကတည်းက စိတ်ဖောက်ပြီး ထိန်းမနိုင်ဖြစ်မနေတယ်ဆိုတာကို ဘယ်လိုပြောထွက်နိုင်ပါ့မလဲ။

“ဒါပေမယ့် ငါအကူအညီပေးနိုင်လောက်တဲ့ ဘယ်အရာမဆို အားမနာပဲ အကူအညီတောင်းလို့ရတယ် မင်းဟန်”

“အင်းး တစ်နေ့နေ့တော့ မင်းအကူအညီ ယူရအုန်းမယ်ထင်တယ် ငအံ့”

“အချိန်မရွေးပဲ ငါ့ကောင်… အရင်က ညီမင်းဟန် ဘယ်ရောက်သွားတာလဲ ရော့ cheer”

ညီမင်းဟန်ရှေ့က ဖန်ခွက်ထဲကိုလည်း ဘီယာအပြည့်ငှဲ့ထည့်ပေးလိုက်ပြီး ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်း နှစ်ယောက်သား မော့ချပစ်လိုက်ကြသည်။

.
.
.
.
“လရောင်လေး မအိပ်သေးဘူးလား”

ဒီည ဒကာခံရမယ် ဆိုပြီး ထွက်သွားသည့် လူက တော်တော်ဥာဥ့်နက်နေတဲ့အထိ ပြန်မလာသေးတာကြောင့် လရောင် အိမ်ရှေ့ထွက်မျှော်ရတော့သည်။သူ့သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးကုန်ဆုံးနေတဲ့ အချိန်လေးကို မနှောင့်ယှက်ချင်လို့ ဖုန်းမခေါ်ပဲ ထားပေမယ့် စိတ်ရင်းကတော့ ပြန်လာစေချင်လှပြီဖြစ်သည်။

“ဟုတ် မမရော အိပ်မပျော်လို့လား”

“အင်း မမ toilet ဝင်ချင်လို့ နိုးလာတာ”

“အော် ဟုတ် မမ”

“ငအံ့က အခုချိန်ထိ ပြန်မလာသေးဘူးလား ကလေးကိုတစ်ယောက်ထဲ ထားခဲ့ပြီး”

“သူ့သူငယ်ချင်းတွေ မပြန်ကြသေးလို့ ဖြစ်ပါလိမ့်မယ်မမ”

“လာလာ စောင့်မနေနဲ့ အိပ်တော့ အဲ့ကောင်ကို ပလစ်ထားလိုက်”

“ဟို..ဟိုလေ မမ”

“လာပါ…”

လရောင်ခမျာ ယက်ကန်ယက်ကန်နဲ့ မမဇူးဆွဲခေါ်ရာနောက် ပါသွားရတော့သည်။

လရောင်အခန်းထဲဝင် အိပ်ရာပေါ်လှဲအိပ် စောင်အကျအနခြုံပြီးသည်အထိ တံခါးဝကနေ စောင့်နေသေးသည်။ လရောင်ရဲ့ မျက်လုံးတွေကလည်း သစ္စာရှိလှသည်။ခေါင်းအုန်းပေါ်  ခေါင်းလေးတင်ရုံရှိသေးသည်၊ ချက်ချင်း အိပ်မက်ကမ္ဘာထဲ ရောက်သွားပုံများ…။

အတော်လေးကြာတော့ ခုတင်တစ်ဖက်ခြမ်းက အိကျသွားပြီး လရောင်ကိုယ်လေးက အနွေးဓာတ်ကို ရှာတွေ့သွားရသည်။တစ်ချက်တစ်ချက် တိုးဝင်လာတဲ့ ဘီယာနံ့နဲ့အတူ ယောကျ်ားဆန်တဲ့ကိုယ်သင်းနံ့ကလည်း ပြင်းရှရီဝေတဲ့ ခံစားချက်ကိုပေးစွမ်းလာသေးလေရဲ့…။

SophiaMion783(31.12.2022)

______________________________________

ဆိုဖာေပၚဝင္ထိုင္ေပမယ့္ အံ့က်ဴးမ်က္ႏွာက မသာယာတာေၾကာင့္ လေရာင္ ႀကီးႀကီးကို အားနာနာႏွင့္ပင္ မခ်ိျပဳံး,ျပဳံးျပရေသးသည္။

“သားငယ္ေလး…တကယ္ကို ဆုံးျဖတ္လိုက္ေတာ့တာပဲ”

လေရာင္ လက္ကိုဖြဖြကိုင္ထားတဲ့ ႀကီးႀကီးက  ျပဳံးရိပ္သန္းေနေပမယ့္လည္း မ်က္လုံးေတြကေတာ့ ညိႇဳးငယ္ေနသည္။ကိုေနေကာင္းကေတာ့ လေရာင္မ်က္ႏွာကိုသာ အရိပ္လိုၾကည့္ေနသည္။အခုမွ ျပန္ေတြ႕ရတဲ့ ညီေလးကို ျပန္ေပးလိုက္ရေတာ့မယ္ဆိုေတာ့ ကိုေနလည္း စိတ္မေကာင္းျဖစ္ေနမွာေတာ့ အမွန္ပင္။

လေရာင္ ညာဘက္မွာထိုင္ေနတဲ့ ကိုယ္ေတာ္ေခ်ာကေတာ့ ထီမထင္သလို မ်က္ႏွာေပးနဲ႔ ႀကီးႀကီးလက္ထဲက လေရာင္လက္ကို ဆတ္ခနဲဆြဲၿပီး သူ႕လက္ဖဝါးက်ယ္ႀကီးနဲ႔ က်စ္က်စ္ပါေအာင္ ဆုပ္ထားျပန္ေသးသည္။

အံ့က်ဴး အျပဳအမူက ႐ိုင္းသလိုျဖစ္သြားတာမို႔ ႀကီးႀကီးကို ေတာင္းပန္သလိုၾကည့္ေတာ့ ေခါင္းၿငိမ့္ၿပီး အသာပင္ျပဳံးျပ႐ွာသည္။
အံ့က်ဴးကိုေတာ့ လက္မနဲ႔လက္ညိႇဳးၾကား အေရျပားေနရာကို နာနာလိမ္ဆြဲပစ္လိုက္သည္။

“ကြၽန္ေတာ္႕ရဲ႕ႏွလုံးသားေနာက္ကို လိုက္,လိုက္တာပါ ႀကီးႀကီး…အဲ့အတြက္လည္း ႀကီးႀကီးနဲ႔ကိုေန႔ကို ေတာင္းပန္ပါတယ္ အ႐ွက္ရေစမယ့္ကိစၥမ်ိဳး ျဖစ္သြားခဲ့ရင္လည္း ႀကီးႀကီးတို႔နဲ႔ ႐ွင္း႐ွင္းလင္းလင္း…”

ဘုန္း! “ေတာ္ၿပီ..!”

တစ္ခ်ိန္လုံး တိတ္ေနတဲ့ ကိုေနက ႐ုတ္တရက္ပင္ စားပြဲကို အသံျမည္ေအာင္ ထုၿပီး လေရာင္စကားကို ဟန္႔တားပစ္လာသည္။
“မေအာ္နဲ႔..! လေရာင္သသကို ေအာ္စရာမလိုဘူး”

႐ုတ္တရက္ေျပာင္းလဲသြားသည့္ ကိုေန႔ကို အံ့
ၾသေနတုန္း႐ွိေသးသည္။အံ့က်ဴးကပါ အသံထြက္လာတာေၾကာင့္ လေရာင္ ထူပူသြားရသည္။

“သားေန…စိတ္ကို ေအးေအးထား၊ ေမာင္ရင္လည္း ေဒါသကိုေလွ်ာ့ပါကြယ္”

“က်စ္! အခ်ိန္ေတြကုန္တယ္”

ႀကီးႀကီးက တားေပမယ့္ အခုထိျပန္မထိုင္ေသးတဲ့ အံ့က်ဴးေၾကာင့္ လေရာင္ ပင့္သက္ပင္ ႐ိႈက္မိသြားသည္။

“ဘာမွ ႐ွင္း႐ွင္းလင္းလင္းေနစရာမလိုဘူး လေရာင္ေလး။ လေရာင္ ဘာေျပာခ်င္တယ္ ဆိုတာ ကိုယ္သိတယ္…၊ငယ္ငယ္ကတည္းက ေပ်ာက္သြားတဲ့ ညီေလးကို ကိုကိုက လုံးဝဆုံး႐ႈံးလိုက္ရၿပီေတာင္ ထင္ခဲ့တာ….

ဘာျဖစ္လဲ ငါ့ညီေလးက ေယာက်္ားခ်င္းခ်စ္မိေတာ့ေရာ ဘာျဖစ္လဲ..? ဆံပင္အ႐ွည္နဲ႔ မိန္းကေလးလို ေနခ်င္ေတာ့ေရာ ဘာျဖစ္လဲ..?လေရာင္ ဘာပဲျဖစ္ေနေန ကိုကို႔ညီေလးတစ္ေယာက္အျဖစ္ကေန ဘယ္ေတာ့မွ ေျပာင္းလဲသြားမွာ မဟုတ္ဘူး။

ဒီလက္ထပ္ပြဲကို ကိုယ္တို႔ဘက္က ကန္႔ကြက္စရာလည္း မ႐ွိဘူး။ ေစာေစာက ကိုယ့္ကို ေအာ္လိုက္လို႔လည္း ညီ့ကို စိတ္မခုပါဘူး..။လေရာင္ကို အခ်စ္ေပးႏိုင္ဆုံးက ညီပဲျဖစ္မွာပါ ကိုယ့္ညီေလးကို မင္းလက္ထဲ အပ္ပါတယ္”

ကိုေနက လေရာင္ကို ျပဳံးျပဳံးႀကီးၾကည့္ၿပီး ေျပာေနသလို အံ့က်ဴးကိုလည္း ေခါင္းညိတ္ျပေသးသည္။အေနေအးသေလာက္ ကိုေနက လူႀကီးလူေကာင္းဆန္လိုက္တာ..။
ကိုေနတို႔ မၿငိဳျငင္တာသိရေတာ့ လေရာင္ပီတိျဖစ္မိသလို ၾကည္လင္သြားတဲ့ အံ့က်ဴးမ်က္ႏွာေၾကာင့္ ပိုလို႔ပင္ ဝမ္းသာမိသြားသည္။

••••••
“foundation က တအားမ်ားလြန္းေနတယ္ လေရာင္သသက အသားျဖဴၿပီးသား အဲ့ေလာက္ႀကီးမလိုဘူး”

“ဒါဆိုလည္း ၿပီးေရာ နည္းနည္းပဲ လိမ္းေပးလိုက္မယ္”

“အင္း”

“မ်က္ခုံးေမႊးလည္း တအားဆြဲဖို႔မလိုဘူး မမဇူး”

“အမေလးဟယ္ နင္ပဲ ျပင္ေပးလိုက္ပါေတာ့လား အံ့က်ဴးရဲ႕”

ဇူးဇူးေမေသာ္ စိတ္မ႐ွည္ခ်င္ေတာ့။သူ႕ဟာေလးကို မိတ္ကပ္လိမ္းေပးတဲ့ မာမီေတြက စေနာက္ၾကမွာေတြ မႀကိဳက္လို႔ မမကိုယ္တိုင္ပဲ ျပင္ေပးပါဆို၍ pre-wedding photo ႐ိုက္ဖို႔အတြက္ လေရာင္သသကို မိတ္ကပ္ျပင္ေပးေနရျခင္းျဖစ္သည္။မမဇူးဇူးျပင္ေပးေနတာကို အံ့က်ဴးက ေဘးကေန ေတာက္ေလွ်ာက္ေျပာေနတာမို႔ လေရာင္ေတာင္ အားနာလာသည္။
သူ႕ၾကည့္ေတာ့ျဖင့္ အဝတ္အစားေတာင္ မလဲေသးပဲနဲ႔။

“lip balm နဲနဲဆိုးေပးၿပီးရင္ ၿပီးၿပီ နင္သာလုပ္စရာ႐ွိတာ သြားလုပ္ေတာ့”

“….”

“ဟဲ့ သြားပါေတာ့ဆို ေအာ္..၊ေနာက္မွပဲ တစ္ခ်ိန္လုံးထိုင္ၾကည့္ေန၊ အခုေတာ့ ေဘးက ကြၽန္မကိုလည္း အားနာအုန္း”

ဆံပင္ကိုေတာင္ ဘာမွမလုပ္ေပးရေသးေပမယ့္ လေရာင္ေလးက မိတ္ကပ္ lookနဲ႔ ေတာ္ေတာ္ကို လွေနၿပီျဖစ္သည္။နဂိုထဲက သူ႕ဟာေလးဆို ကဲကဲလႈပ္တဲ့ ေမာင္အံ့ကလည္း အၾကည့္မခြာေတာ့။

“အကိုေလး အကိုေလးအေဖ ေရာက္ပါၿပီ”

“ေအာ္ ကြၽန္ေတာ္လာခဲ့မယ္”

မမေဆြကိုေတာင္ ကြၽန္ေတာ္လို႔ သုံးႏႈန္းလိုက္တာေၾကာင့္ ဒီေကာင္ေလး တကယ္လိမၼာလာသားပဲလို႔ လေရာင္ေတြးလိုက္မိေသးသည္။

ဆံပင္႐ွည္႐ွည္ေတြကို ခပ္ျမင့္ျမင့္ေလး ထုံးေပးလိုက္ကာ ေခါင္းစီးႀကိဳး အနက္နဲ႔ခ်ည္ေပးလိုက္ေတာ့ လေရာင္ေလးက အ႐ုပ္မေလးလိုျဖစ္သြားသည္။ပါးေလးေတြက ျပည့္ေဖာင္းေနကာ အသားအေရကလည္း ဝင္းမြတ္ေနတာမို႔ လေရာင္လည္တိုင္ေက်ာ့ေက်ာ့က ႐ွင္းသန္႔ေနသည္။

suit က အံ့က်ဴးနဲ႔ ပုံစံတူကိုမွ လေရာင္ suit က ပိုငယ္ၿပီး ဇီးေရာင္ေလးျဖစ္သည္။suit အက်အနဝတ္လိုက္ၿပီးေတာ့ လေရာင္က CEO Barbie Girl အ႐ုပ္ေလးနဲ႔ေတာင္ တူသြားသည္။ဇူးဇူးေမေသာ္ လေရာင္သသကို ၾကည့္လို႔မဝကို ျဖစ္ေနေတာ့သည္။ထိုနည္းတူပင္ တစ္စုံတစ္ေယာက္ကလည္း အခန္းတံခါးဝကေနၾကည့္ၿပီး ပါးစပ္အေဟာင္းသားပင္ျဖစ္ကာ အသက္႐ွဴေတာင္ မမွန္ေတာ့ေခ်။

“လေရာင္ မမပုံတစ္ပုံေလာက္႐ိုက္မယ္”

“ဟုတ္ မမ ရ.”

“ေဟ့ ေဟ့ မရဘူး မရဘူး”

အံ့က်ဴးမ်ိဳးႏြယ္ေရာက္လာၿပီး သူ႕ကိုယ္ႀကီးနဲ႔ကာလိုက္တာေၾကာင့္ လေရာင္ခမ်ာ သူ႕ေက်ာျပင္က်ယ္ႀကီး ေနာက္မွာ စုန္းစုန္းျမဳပ္သြားရသည္။မမဇူးဇူးက ဘုၾကည့္ၾကည့္ၿပီး ထြက္သြားေပမယ့္ လေရာင္မွာ ႏႈတ္ခမ္းေလးအနည္းငယ္စူ႐ုံမွအပ ဘာမွ မတတ္ႏိုင္။

“စိတ္ဆိုးလား …? ခင္မ်ားကို ကြၽန္ေတာ္ေတာင္ ၾကည့္မဝေသးလို႔ပါဗ်ာ”

ေမး႐ိုးထင္းထင္း မ်က္ခုံးတန္းထူထူ ႏွာတံေပၚေပၚေတြနဲ႔ လူက ခရင္မ္အနည္းငယ္လိမ္းထားတာမို႔ ပိုၿပီးပင္ ထင္႐ွားေနသည္။နဂိုကတည္းက suit ေတြနဲ႔ လိုက္ဖက္တဲ့သူက လေရာင္မ်က္လုံးထဲ ဒီေန႔ ပိုၾကည့္ေကာင္းေနသလိုပင္။“သူ႕အပိုင္ သူ႕အပိုင္” ဆိုၿပီး တစ္ခ်ိန္လုံးေအာ္ခ်င္ေနတဲ့ ကိုယ္ေတာ္က အဖိုးကို ဂ်ီက်ထား၍ photo ႐ိုက္ၿပီးရင္ တရား႐ုံးမွာ တစ္ခါတည္းလက္မွတ္ထိုးရမွာျဖစ္သည္။

မ်က္စိေ႐ွ႕ကလူက ငါ့ေယာက်္ားျဖစ္မယ့္လူ၊ ငါတစ္သက္လုံး ယုံၾကည္အားကိုးရမယ့္လူပါလားဆိုတဲ့ အေတြးက ပိုခ်စ္မိေစသည္။
ေငးၾကည့္ေနတုန္းမွာပင္ သူ႕ရင္ခြင္ထဲ ေရာက္သြားတာမို႔ လေရာင္ အလိုက္သင့္ပင္ သူ႕ရင္အုပ္က်ယ္က်ယ္ႀကီးကို မီထားလိုက္သည္။အင္းး..ကိုယ္သင္းနံ႔က အစ ေယာက်္ားပီသလိုက္တာ…။

“ဟင္”

လည္ပင္းေပၚက ေအးခနဲျဖစ္သြားတာမို႔ သူ႕ရင္ခြင္ထဲက႐ုန္းၿပီး လေရာင္ငုံ႔ၾကည့္လိုက္ေတာ့ ပလက္တီနမ္ဆြဲႀကိဳးေသးေသးေလးက ႀကိဳဆိုေနသည္။

“ဒါက..?”

“Happy 19 years Anniversary ပါ ကိုကို..”

“ဟင္ .. ဘာကိုလည္း အံ့က်ဴး ငါနားမလည္ေတာ့ဘူး၊ ၿပီးေတာ့ ဒါက ေဈးႀကီးမယ္ထင္တယ္”

“ကိုကို တကယ္ပဲ မမွတ္မိေတာ့တာလား..?”

လေရာင္ ေခါင္းယမ္းလိုက္ေတာ့ အံ့က်ဴးမ်က္ႏွာက အနည္းငယ္တည္သြားသည္။ဘာေၾကာင့္ Anniversary လည္း..လေရာင္ တကယ္ကိုမသိရျခင္းပင္။

“ခင္မ်ား ကြၽန္ေတာ္႕ႏွလုံးသားထဲေရာက္လာတာ ဆယ့္ကိုးႏွစ္ေတာင္ ၾကာခဲ့ၿပီလို႔ လေရာင္သသရဲ႕”

“ဟင္”

ထိုအခါမွ လေရာင္ေကာင္းေကာင္းနားလည္သြားရပါသည္။အံ့က်ဴးကေတာ့ သူ႕ကို အခ်ိဳၿမိန္ဆုံးျပဳံးၿပီး ငုံ႔ၾကည့္ေနသည္။

“ေက်း..ေက်းဇူးတင္ပါတယ္ အံ့က်ဴး~
မင္းဘဝထဲ ေယာင္လည္လည္နဲ႔ေရာက္လာတဲ့ ငါ့ကို လက္လႊတ္မေပးခဲ့လို႔ ငါတကယ္ေက်းဇူးတင္ပါတယ္”

လေရာင္ ေျခဖ်ားေထာက္ကာ သူ႕ႏႈတ္ခမ္းကို အသာဖိနမ္းလိုက္ၿပီး အခန္းထဲက အျမန္ေျပးထြက္ခဲ့လိုက္ေတာ့သည္။

••••
“congratulations ငါ့ေကာင္..”

“ေက်းဇူး ရဲထြဋ္၊ညီမင္းဟန္ေရာ မလာေသးဘူးလား”

Wedding ကို LA မွာ လုပ္မွာမလို႔ pre-wedding photo ႐ိုက္ၿပီးတဲ့ ညမွာပဲ အံ့က်ဴးမ်ိဳးႏြယ္တို႔ သူငယ္ခ်င္းေတြ ဝိုင္းထိုင္ျဖစ္ၾကသည္။ဒီတစ္ခါက ရဲထြဋ္တို႔ ညီမင္းဟန္တို႔လို သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးေတြအျပင္ ေက်ာင္းေနဖက္ေတြနဲ႔ ေသာက္ေဖာ္စားဖက္ အသိေတြပါ ပါသည္။

“ကိုႀကီး အဲ့ေလာက္ျမန္သြားမယ္ မထင္ဘူး လင္း တုန္းကက်ေတာ့ ကိုႀကီးက straight စစ္စစ္ဆိုၿပီးမွ ဟြန္း”

အံ့က်ဴးကို ခ်ဥ္းကပ္ခဲ့ဖူးသည့္ ေကာင္ေလးတစ္ခ်ိဳ႕လည္း ပါသည္။အံ့က်ဴး ပုခုံးေပၚကို ေမးတင္ၿပီး ဂ်စ္ေနျပန္ေသးသည္။

“ေဆာရီးပါ လင္းရာ၊ ကိုႀကီးက အဲ့မတိုင္ခင္ကတည္းက လေရာင္သသကို ခ်စ္ေနခဲ့တာ”

“ကိုႀကီးအခ်စ္ကို ရသြားတဲ့ အဲ့အကိုကို မနာလိုျဖစ္လိုက္တာ”

အံ့က်ဴး လ်စ္လ်ဴ႐ႈထားလိုက္ၿပီး ဘီယာအျပည့္ျဖည့္ထားတဲ့ ဖန္ခြက္ကို ကိုင္ကာ မတ္တပ္ထရပ္လိုက္သည္။

“အားလုံးပဲ Cheer! ”

“Cheer! ”

“ရဲထြဋ္ ေျဖးေျဖး”

ေျဖးေျဖးလို႔ေျပာၿပီး အံ့က်ဴး ဖန္ခြက္ကို လက္နဲ႔ပင့္ေပးထားလိုက္သည္။ဖန္ခြက္ထဲ တစ္စက္မွမက်န္ေတာ့မွ လႊတ္ေပးလိုက္ေတာ့ ရဲထြဋ္က ေခ်ာင္းေတြဆိုးၿပီးသီးေတာ့သည္။

“ဒီ ေဖ..”

“ဟားဟား”
ရဲထြဋ္ကို စေနာက္ၿပီး တစ္ဖြဲ႕လုံးရယ္ၾကေတာ့သည္။

ထိုအထဲမွာေတာ့ ထူးဆန္းစြာပင္ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္သူရဲ႕ ၿငိမ္သက္မႈေၾကာင့္ အံ့က်ဴး ေနရာမွ ထကာ သူထိုင္ေနတဲ့ ဝိုင္းအထိ ေ႐ႊ႕သြားလိုက္သည္။ ဘီယာဆိုင္ တစ္ခုလုံးကို ဒီညအျပတ္ငွားထားတာေၾကာင့္ ေရာက္လာတဲ့လူတိုင္းက အံ့က်ဴးအေပါင္းအသင္းေတြခ်ည္းသာ မ်ားသည္။

ညီမင္းဟန္က အစြန္ဆုံးက ဝိုင္းမွာ သူတစ္ေယာက္ထဲ ထိုင္ေနၿပီး ၿငိမ္သက္ေနပုံက အသက္မ႐ွိသလိုပင္ ျဖစ္ေနတာေၾကာင့္ အံ့က်ဴး စိတ္ပူသြားမိသည္။သူတို႔က ဆိုးတူေကာင္းဖက္ သူငယ္ခ်င္းေတြ မဟုတ္ေလာ။

“သားႀကီး ေနမေကာင္းဘူးလား”

“ေကာင္းပါတယ္ကြာ  congrats သူငယ္ခ်င္း”

ေရာက္ေရာက္ခ်င္းတုန္းကေတာင္ လာႏႈတ္မဆက္တဲ့လူက အံ့က်ဴးေရာက္လာကာမွ ထကာ ႏႈတ္ဆက္ေဖာ္ရသည္။သို႔ေသာ္ မ်က္ႏွာကေတာ့ သိပ္မေကာင္း႐ွာေပ။

“ညီမင္းဟန္ မင္းဘာျဖစ္လာတာလဲ”

“ဒီတိုင္းပဲ personal case ပါကြာ”

ဘာကိုမွ မ်ားမ်ားစားစားေခါင္းထဲမထည့္ခ်င္တဲ့ ညီမင္းဟန္က အခုေတာ့ အေတြးမ်ားေနရၿပီျဖစ္သည္။ အိမ္မွာ႐ွိေနတဲ့ တစ္ေယာက္က အံ့က်ဴးတို႔ wedding newၾကားၿပီးကတည္းက စိတ္ေဖာက္ၿပီး ထိန္းမႏိုင္ျဖစ္မေနတယ္ဆိုတာကို ဘယ္လိုေျပာထြက္ႏိုင္ပါ့မလဲ။

“ဒါေပမယ့္ ငါအကူအညီေပးႏိုင္ေလာက္တဲ့ ဘယ္အရာမဆို အားမနာပဲ အကူအညီေတာင္းလို႔ရတယ္ မင္းဟန္”

“အင္းး တစ္ေန႔ေန႔ေတာ့ မင္းအကူအညီ ယူရအုန္းမယ္ထင္တယ္ ငအံ့”

“အခ်ိန္မေ႐ြးပဲ ငါ့ေကာင္… အရင္က ညီမင္းဟန္ ဘယ္ေရာက္သြားတာလဲ ေရာ့ cheer”

ညီမင္းဟန္ေ႐ွ႕က ဖန္ခြက္ထဲကိုလည္း ဘီယာအျပည့္ငွဲ႔ထည့္ေပးလိုက္ၿပီး ခြက္ခ်င္းတိုက္ကာ တစ္က်ိဳက္တည္း ႏွစ္ေယာက္သား ေမာ့ခ်ပစ္လိုက္ၾကသည္။

.
.
.
.
“လေရာင္ေလး မအိပ္ေသးဘူးလား”

ဒီည ဒကာခံရမယ္ ဆိုၿပီး ထြက္သြားသည့္ လူက ေတာ္ေတာ္ဥာဥ့္နက္ေနတဲ့အထိ ျပန္မလာေသးတာေၾကာင့္ လေရာင္ အိမ္ေ႐ွ႕ထြက္ေမွ်ာ္ရေတာ့သည္။သူ႕သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးကုန္ဆုံးေနတဲ့ အခ်ိန္ေလးကို မေႏွာင့္ယွက္ခ်င္လို႔ ဖုန္းမေခၚပဲ ထားေပမယ့္ စိတ္ရင္းကေတာ့ ျပန္လာေစခ်င္လွၿပီျဖစ္သည္။

“ဟုတ္ မမေရာ အိပ္မေပ်ာ္လို႔လား”

“အင္း မမ toilet ဝင္ခ်င္လို႔ ႏိုးလာတာ”

“ေအာ္ ဟုတ္ မမ”

“ငအံ့က အခုခ်ိန္ထိ ျပန္မလာေသးဘူးလား ကေလးကိုတစ္ေယာက္ထဲ ထားခဲ့ၿပီး”

“သူ႕သူငယ္ခ်င္းေတြ မျပန္ၾကေသးလို႔ ျဖစ္ပါလိမ့္မယ္မမ”

“လာလာ ေစာင့္မေနနဲ႔ အိပ္ေတာ့ အဲ့ေကာင္ကို ပလစ္ထားလိုက္”

“ဟို..ဟိုေလ မမ”

“လာပါ…”

လေရာင္ခမ်ာ ယက္ကန္ယက္ကန္နဲ႔ မမဇူးဆြဲေခၚရာေနာက္ ပါသြားရေတာ့သည္။

လေရာင္အခန္းထဲဝင္ အိပ္ရာေပၚလွဲအိပ္ ေစာင္အက်အနျခဳံၿပီးသည္အထိ တံခါးဝကေန ေစာင့္ေနေသးသည္။ လေရာင္ရဲ႕ မ်က္လုံးေတြကလည္း သစၥာ႐ွိလွသည္။ေခါင္းအုန္းေပၚ  ေခါင္းေလးတင္႐ုံ႐ွိေသးသည္၊ ခ်က္ခ်င္း အိပ္မက္ကမ႓ာထဲ ေရာက္သြားပုံမ်ား…။

အေတာ္ေလးၾကာေတာ့ ခုတင္တစ္ဖက္ျခမ္းက အိက်သြားၿပီး လေရာင္ကိုယ္ေလးက အေႏြးဓာတ္ကို ႐ွာေတြ႕သြားရသည္။တစ္ခ်က္တစ္ခ်က္ တိုးဝင္လာတဲ့ ဘီယာနံ႔နဲ႔အတူ ေယာက်္ားဆန္တဲ့ကိုယ္သင္းနံ႔ကလည္း ျပင္း႐ွရီေဝတဲ့ ခံစားခ်က္ကိုေပးစြမ္းလာေသးေလရဲ႕…။

SophiaMion783(31.12.2022)

______________________________________

Tags: read novel My Possessive Of You 28, novel My Possessive Of You 28, read My Possessive Of You 28 online, My Possessive Of You 28 chapter, My Possessive Of You 28 high quality, My Possessive Of You 28 light novel, ,

Comment

Leave a Reply

Chapter 30