Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အချပ်ပို
A+ A-
U version
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်
“ အလင်္ကာသွေး!! ”
“ ဗျာ ဖေဖေ ”
“ ပြန်ပြင်လိုက်စမ်း!! ”
သူ့အရှေ့မှာ ခပ်ကုတ်ကုတ်ကလေးဖြင့် ရို့ရို့လေးရပ်နေသည့် ရှစ်နှစ်အရွယ်ကလေးငယ်နှစ်ယောက်အား မျက်မှောင်ကုတ်ကာကြည့်ရင်း ပြောလိုက်တော့
“ ရှ ရှင် ဖေဖေ ”
“ အလင်္ကာသွေး ကိုယ့်ကိုယ်ကို မိန်းကလေးဆိုတာရောသိသေးရဲ့လား? ”
“ မသိပဲရှိရိုးလား ဖေဖေရယ် သိတာပေါ့…ဟုတ်တယ်မလား မမ ”
သူ့အမေးအား ဖြတ်ကာဖြေလာသည့် သားဖြစ်သူကြောင့်
“ သု တ တေး! ”
“ ခင်ဗျာ ဖေဖေ ”
“ မင်းတို့နော် မင်းတို့… ”
အပိုးကျိုးစွာဖြင့် ရှိနေသည့် သားနှင့်သမီးကိုကြည့်ရင်း သူသွေးတက်ရပေါင်းမနည်း။ ဖခင်ရဲ့ အမွေကို အပြည့်အဝဆက်ခံရရှိထားပုံပါတော့ တစ်ရွာလုံးပြောင်းဆန်အောင် မွှေလိုက်တဲ့ အမွှေဆိုတာ ပြောတောင်ကုန်မယ်မထင်။
အခုလည်း ရွာလယ်က ဘကြီးအောင်ရဲ့ အိမ်မြောက်ဘက်မှာစိုက်ထားတဲ့ သရက်ပင်မှ သရက်သီးအကင်းလေးတွေအား တုတ်ဖြင့်ရိုက်ကာဖျက်ဆီးခဲ့ကြသည်ဟု လာရောက်တိုင်တော‌ခြင်းခံရ၏။
“ တေးရယ် စိတ်လျော့ပါ စိတ်လျော့ ”
“ မင်းနော် ကာစီး ကာစီးမလုပ်နဲ့… ငါ ဒီနေ့တော့ သူတို့ကိုသေချာပေါက်ဆုံးမ မှရမယ် မဟုတ်ရင်ရောင့်တက်လာလိမ့်မယ် ”
“ ဖေကြီး ”²
နေ့လယ် ယာထဲမှပြန်လာသည့် သံစဉ့်အသံကြား၍ ငိုမဲ့မဲ့လေးဖြင့် သံပြိုင်ခေါ်လိုက်သည့် သွေးနှင့်တေး မောင်နှမနှစ်ယောက်
“ လာပါဦး ဖေကြီးရဲ့ အသည်းတုံးလေးတွေ ”
သူခေါ်လိုက်တော့ ချက်ချင်းဆိုသလိုပေ ရွှင်ပြသွားသည့် မျက်နှာလေးဖြင့် သူရှိရာဆီကိုလာဖို့ဟန်ပြင်ပြီးမှ သူတို့အရှေ့မှာ အနည်းငယ်မာထန်နေသည့်မျက်နှာဖြင့် ရပ်နေသည့် တေးကြောင့် တွန့်ဆုတ်နေကြဟန်ရှိသည်။
သူလည်း ပြုံးလိုက်ရင်း တေးအနားကိုသွားလိုက်ပြီး ကျောဘက်မှာနေရာယူလိုက်ကာ ပုခုံးနှစ်ဖက်ပေါ်ကို လက်တင်လိုက်ပြီး
“ ထားလိုက်ပါ တေးရယ် မောင်ဗိုက်ဆာလှပြီ…သားတို့လည်းဗိုက်ဆာရောပေါ့ လာပါ ထမင်းသွားစားကြရအောင်နော် ”
သူ့ကို ချော့မော့ပြီးပြောလာသည့် သံစဉ်ကြောင့် မျက်စောင်းဖြင့်ရွယ်လိုက်ပြီး ကလေးနှစ်ယောက်ကိုကြည့်မိတော့ မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်ဖြင့် ကြည့်နေကြသည်မို့ မျက်လုံးကိုမှိတ်ချလိုက်ပြီး သက်ပြင်းသဲ့သဲ့ချရင်း စိတ်ကိုလျော့ချလိုက်သည်။
“ ထမင်းသွားကြမယ် ”
“ ယေးးး… ”
ဒီလိုနဲ့ သူတို့မိသားစုလေးယောက်လည်း နေ့လယ်စားအား ပျော်ရွှင်ရယ်မောစွာဖြင့် စားသောက်လိုက်ကြတော့သည်။
စားသောက်ပြီးတော့ ပန်းကန်ခွက်ယောက်တွေကိုဆေးကြောသိမ်းဆည်းလေတော့
“ ဖေဖေ သွေးကိုပေး သွေးလုပ်ပေးမယ် ”
“ အသုလည်းကူပေးမယ် ”
ဆိုကာ သူဆေးကြောနေသည့် ပန်းကန်တွေအားယူကာ ဆပ်ပြာဖြင့်ဆေးသူကဆေး၊ရေဖြင့်ဆေးသူကဆေးဖြင့် တစ်မျိုးစီလုပ်ကြလေသည်။
“ ဟုတ်ပြီး ပြီးရင် ပန်းကန်တွေကိုရေစစ်ထားခဲ့ပြီး အိမ်ရှေ့ကိုလာခဲ့ ”
“ ဟုတ် ”²
ပြောပြီး အိမ်ရှေ့ကအဖီလေးအောက်ရှိ တန်းလျားရှည်မှာဝင်ထိုင်လိုက်သည်။ သံစဉ်မှာတော့ ထိုနေရာမှာထိုင်ရင်း ထန်းလျက်ခဲလေးစား၊ အကြမ်းရည်လေးသောက်ရင်း အချိုတည်းနေလေရဲ့
“ တေး သားတို့ကိုဆူဦးမို့လား? ”
“ ဆူရမှာပေါ့ မဆူလို့ရမလား?…ဒီနေ့မင်းသားနဲ့သမီးက ဘကြီးအောင် အိမ်ကသရက်သီးအကင်းလေးတွေကိုတုတ်နဲ့ရိုက်ပြီး ဖျက်ဆီးခဲ့ကြတယ်လေ…ဘကြီးအောင် အကြောင်းလည်းမသိတာကြနေတယ်…သူက သူ့ဥစ္စာတွေကိုထိရင်ကြိုက်တာမဟုတ်ဘူး ”
“ ဘကြီးအောင် ဘယ်လောက်ကပ်စေးနှဲသလဲဆိုတာ ကိုယ်သိတာပေါ့…နောက်ပြီး သားနဲ့သမီးကလည်း အဲ့တာကြောင့်ပဲ အမြင်မကြည်လို့သွားလုပ်မှန်း ကိုယ်သိပါတယ် ”
“ ဟမ့်…မင်းတုန်းက ဘူးပင်ကိုအရင်းကနေပါ သွားဆွဲနုတ်တာလေးလဲထည့်ပြော ”
သူ့အပြောကိုမကျေမနပ်လေးဖြင့် ပြောလာသည့် ချစ်ရတဲ့ သူကြီးပေါက်စလေးကြောင့် သူ့မှာအသည်းယားစွာဖြင့် ရယ်မိတော့သည်။
ဘယ်ချိန်ကြည့်ကြည့် သူ့အပိုင်လေးက သိပ်ချစ်ဖို့ကောင်းလိုက်ပုံများ…။
“ တေးကတော့လေ ”
“ မဟုတ်လို့လား? ”
တေးရဲ့အပြောကြောင့် သူ့မှာရယ်ကျဲကျဲဖြင့်သာ အကြမ်းရည်ကိုသာတစ်ခြှိုက်လောက်မော့သောက်လိုက်သည်။
တကယ်လည်း သူ ထိုသို့လုပ်ရပ်မျိုးကိုလုပ်ခဲ့သည်မဟုတ်ပါလား?။မှတ်မှတ်ရရပြောရရင် အဲ့ချိန်တုန်းက တေး သူကြီးဖြစ်ခါစလောက်ကဖြစ်ချေသည်။ ဘကြီးအောင်ကိုလည်း လျော်ကြေးအဖြစ် ငွေတစ်သောင်းပေးခဲ့ရပြီး ‌ထိပ်တုံးနဲ့တောင် သုံးရက်အချုပ်ခံခဲ့ရသေး၏။
“ ဖေဖေ ”²
“ အင်း ထိုင် ”
သူပြောလိုက်တော့ သူနဲ့မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်လိုက်တဲ့ ကလေးနှစ်ယောက်ကိုကြည့်လိုက်သည်။ ပြီးသည်နှင့်
“ ဒီနေ့ဘာတွေလုပ်ခဲ့လဲ? ”
“ ဟို… ”
“ စစ်ကူမခေါ်နဲ့ ပြော ”
သူ့အမေးကို မဝင့်မရဲဖြင့်တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သံစဉ့်ကိုလှမ်းကြည့်နေသည်မို့ ပြောလိုက်သည်။ထိုတော့မှ အကြီးဖြစ်သည်သမီးမှ စကားဆိုသည်။
“ ဟို သွေးတို့ ဘိုးဘိုးအောင်ရဲ့သရက်ပင်ကအသီးကင်းတွေကိုဖျက်ဆီးခဲ့ကြပါတယ် ”
“ ဒါပဲလား? ”
“ နောက်ပြီး အရီးမြင့်ရဲ့ ကြက်ခြံထဲက ကြက်တွေကိုလည်း လွှတ်ပေးခဲ့မိပါတယ် ”
မဝင့်မရဲဖြင့် သူတို့လုပ်ခဲ့တာတွေကိုပြန်ပြောနေသည့် သမီးဖြစ်သူကိုတစ်ချက်ကြည့်လိုက်ပြီး ဘေးမှ သံစဉ်အား မျက်လုံးဝေ့ကြည့်ရင်း “ဘယ်လိုလဲ?” ဆိုသည့်ပုံစံဖြင့် မေးငေါ့ပြလိုက်သည်။ပြီးသည်နှင့် ကလေးနှစ်ယောက်ကိုပြန်ကြည့်လိုက်ပြီး
“ ကဲ…ကိုယ့်အပြစ်ကိုယ်သိရင် အပြစ်ပေးခံရမယ် ”
“ ဖေကြီး~ ”²
ဖေဖေ့ရဲ့ အပြောကြောင့် ဖေကြီးအား ငိုမဲ့မဲ့လေးဖြင့် အကူအညီတောင်းမိ‌သည်။ဖေဖေက ပြောရင်ပြောသည့်အတိုင်း တကယ်လုပ်တတ်သည်မဟုတ်လား?။
ဖခင်ဖြစ်သူကိုအကူအညီတောင်းနေသည့် ကလေးငယ်လေးတွေကြောင့် သံစဉ့်အား “ကူရဲရင် ကူကြည့်” ဆိုသည့် အကြည့်ဖြင့် ကြည့်ပေးလိုက်တော့
“ အာ အဟမ်း…ဖေကြီး ယာထဲပြန်သွားတော့မယ်နော်… တေး သားတို့ကို ညင်ညင်သာသာလုပ်ပါ ကိုယ်သွားပြီ ”
တေးရဲ့ အကြည့်ကြောင့် ချောင်းအသာဟန့်လိုက်ပြီး သားတို့ပြောရင်း တေးအားကြည့်ကာ ညင်သာပေးဖို့ပြောရင်း ယာထဲကိုပြန်ထွက်လာခဲ့လိုက်သည်။
“ ကဲ…အခုချက်ချင်း ဟိုမန်ကျည်းပင်အောက်မှာ လက်မြှောက်ပြီး ဒူးထောက်နေ…အထွန့်တက်ရင် ပိုဆိုးမယ်နော် ”
အတွန့်တက်မည်ကိုသိ၍ ကြိုပြောလိုက်တော့ ညှိုးငယ်နေသည့် မျက်နှာလေးတွေဖြင့် သွားကာ မန်ကျည်းပင်အောက်တွင် လက်မြှောက်၍ဒူးထောက်နေကြလေသည်။သူလည်း လုပ်စရာရှိ‌သည်များကိုလုပ်ရန် အိမ်ပေါ်ကိုပြန်တက်လာခဲ့လိုက်သည်။
“ ဟွန့်…သိသားပဲ ဖေကြီးက ဖေဖေ့ကိုကြောက်မှန်း ”
“ အွန်း…ဖေကြီးက ဖေဖေ့စကားတစ်ခွန်းပဲ…မမျှတလိုက်တာ မမရာ ”
“ အဲ့တာပြောတာပေါ့…ရွာထဲလူတွေကပြောတယ် ဖေကြီးက မယက တဲ့ ”
တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေသည့် ကလေးနှစ်ယောက်မှာတော့ အမြွှာတို့ဖြစ်သည့်တိုင် ရုပ်ရှည်မှာ အနည်းငယ်ဆင်တူ၏။ နှင့်အတူ ကလေးနှစ်ယောက်ရဲ့ မွေးချိန်မှာ တစ်မိနစ်မျှသာကွာခြားသည် ‌အမြွှာမောင်နှမသာဖြစ်ချေသည်။
ရောင်ခြည်မှာတော့ အိမ်အပေါ်ထပ်ပြတင်းမှတစ်ဆင့် မြင်နေရသည့် တွတ်ထိုးနေသော သားနှင့်သမီးအားလှမ်းကြည့်ရင်း ခေါင်းသာခါရမ်းလိုက်မိသည်။
“ ဒီကလေးနှစ်ယောက်ကတော့လေ… ”
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄
ဖအေတူလေးတွေကတော့ ဖအေရဲ့အတင်းကိုတုတ်နေကြပုံကတော့ 😂😂
ကျွန်တော်ပုံမှန်ရေးနေကျ တစ်ပိုင်းစာထဲပဲရေးထားတာပါဗျ
သူကြီးလေးတို့က ကျွန်တော် နှစ်ပိုင်းစာရေးတာပါ။ အချပ်ပိုကိုပဲ တစ်ပိုင်းစာလေးရေးထားတာပါ
အချပ်ပိုလေးက မပြီးသေးပါဘူး။ ကျန်ပါသေးတယ်ဗျ…☺️
တောင်းဆိုသူလေးတွေရှိလို့ အချပ်ပိုလေးရေးပေးတာပါဗျ❤️
#3.11.2024… Sun#
🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵
Z version
“ အလင်္ကာသွေး!! ”
“ ဗျာ ဖေဖေ ”
“ ပြန်ပြင်လိုက်စမ်း!! ”
“ ရှ ရှင် ဖေဖေ ”
“ သု တ တေး! ”
“ ခင်ဗျာ ဖေဖေ ”
“ ဖေကြီး ”²
“ ထမင်းသွားကြမယ် ”
“ ယေးးး… ”
“ အသုလည်းကူပေးမယ် ”
“ ဟုတ် ”²
“ တေးကတော့လေ ”
“ မဟုတ်လို့လား? ”
“ ဖေဖေ ”²
“ အင်း ထိုင် ”
“ ဒီနေ့ဘာတွေလုပ်ခဲ့လဲ? ”
“ ဟို… ”
“ စစ်ကူမခေါ်နဲ့ ပြော ”
“ ဒါပဲလား? ”
“ ဖေကြီး~ ”²
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄
#3.11.2024… Sun#
Tags: read novel Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အခပျြပို, novel Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အခပျြပို, read Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အခပျြပို online, Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အခပျြပို chapter, Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အခပျြပို high quality, Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အခပျြပို light novel, ,
Comment
Leave a Reply
Chapter 8