Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အချပ်ပို End…

A+ A-

U version

ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်

“ နီရဲပြီး ချိုနေတာပဲ မမရာ ”

“ အေး အရည်ကလည်း ရွှမ်းမှ ရွှမ်းပဲ ”

“ အွန်း…စားလို့ကောင်းလိုက်တာ ”

‌လူခြေတိတ်‌လို့နေသည့် ဖရဲခင်းတစ်ခုအတွင်း အကျအနထိုင်ကာ ကြီးမားကာလုံးဝန်းလို့နေသည့် နီနီရဲရဲဖရဲသီးမှည့်တစ်လုံးအား တစ်ဝက်စီခြမ်းကာ တစ်ယောက်တစ်ခြမ်းနှုန်းဖြင့် အားပါးတရာစားလို့နေသည့် ကလေးငယ်နှစ်ယောက်။ နှုတ်ခမ်းတစ်ဝိုက်တွင်လည်း ဖရဲသီးအရည်အတချို့ဖြင့်ပေရေကာ ရဲပတောင်းခပ်လို့နေသည်မှာ မသိလျှက် ဒဏ်ရာရထား၍ နီရဲနေသည့်ဟန်ပေါ်လို့နေ၏။

“ စားတာလည်း ရှေ့နောက်ကြည့်စားဦး… မတော်လို့ အပျိုကြီး တွေ့သွားရင် ငါတို့တော့ ဂွမ်းပြီ ”

“ သိပါတယ် မမရဲ့… အသုလည်း အရိပ်အခြေကြည့်ရင်းစားနေတာပါ ”

ဘေးဘီဝဲယာကို မျက်လုံးကစားရင်း သူခိုးချောင်း ချောင်းကာ ပြောလိုက်သည့် သွေးရဲ့စကားအား ခွန်းတုန့်ပြန်ရင်း ပြောလိုက်သည့် သုတ

ဟုတ်တာပေါ့ဗျာ။ ထိုကလေးနှစ်ယောက်ကတော့ အတုမရှိတဲ့ သူကြီးလေးနဲ့ သောတ တို့ရဲ့ အမြွှာကလေးနှစ်ယောက်ပင်ဖြစ်ပေသည်။ ဖြစ်ပုံကတော့လား ရွာအရှေ့ပိုင်းက အပျိုကြီး ဒေါ်ဘုတ်ရဲ့ ဖရဲခင်းထဲဝင်ပြီး ကြီးပေ့၊လှပေ့၊ရဲပေ့၊ ချိုပေ့ ဆိုတဲ့ ဖရဲသီးမှည့်တစ်လုံးအား လူမသိအောင် ခိုးစားနေကြခြင်းဖြစ်ပေသည်။

“ အမလေး! ကုန်ပါပြီ! ကုန်ပါပြီ!… ဟဲ့ ကလေးနှစ်ကောင် နင်တို့ ငါ့ဖရဲသီးတွေကိုခိုးစားနေကြတယ်ပေါ့လေ! ဟုတ်လား!!? ”

အသံခပ်စွာစွာဖြင့် မကျေမချမ်းအော်ပြောလိုက်သည့် အသံမှာ သူတို့နှစ်ယောက်၏ အနောက်မှ ဟိန်းခနဲ့။

“ ဟာ! အပျိုကြီးတွေ့သွားပြီ အမြန်ပြေးမှ! ”

ဒေါနှင့် မောနှင့် သူတို့ရှိရာဆီကို ပြေးလာနေသည့် အဒေါ်ကြီးကြောင့် သွေးမှ စကားဆိုလျက် နှစ်ယောက်သား စားလက်စ ဖရဲသီးခြမ်းကြီးအား ပစ်ချကာ ထိုနေရာမှ ထ ပြေးလေ၏။

“ ရပ်လိုက်စမ်း! ကလေကဝနှစ်ကောင်! ”

“ ကလေကဝ မဟုတ်ဘူး ကြီးတော်ရဲ့… သူကြီးရဲ့ သားသမီးတွေဗျ! ”

“ ဟုတ်တယ် ဟုတ်တယ် ”

“ အလင်္ကာသွေးနဲ့ သုတတေး!! ရပ်စမ်း! နင်တို့ကို သူကြီးလေးနဲ့တိုင်မယ်! အခုရပ်စမ်း!! ”

“ ကြီးတော်နော် ဖရဲသီးလေးပဲစားမိတဲ့ဟာ အရမ်းကပ်စေးနှဲတာပဲ… အဲ့တာကြောင့် ယူမယ့် ယောင်္ကျားမရှိတာ အပေါက်ကလည်းဆိုးတော့ ပိုဆိုးတာပေါ့ လှည့်ကြည့်တဲ့ သူတောင်မရှိဘူး! ”

“ အလင်္ကာသွေး!!! ”

ဖရဲခင်းအား ပတ်ကာ ပြေးရင်း ပြောနေသည့် သွေးနှင့် သုတအား အနောက်မှ ဝါးခြမ်းပြားတစ်ချောင်းကိုင်ကာ လိုက်ဖမ်းနေသည့် အပျိုကြီးဒေါ်ဘုတ်မှာတော့ ချက်ကောင်းထိ၍ ဆွေ့ဆွေ့ခုန်လို့နေလျက် နှုတ်မှလည်း ပေါင်းစုံအောင် အော်ဆဲလေတော့သည်။

::::::::::::::::::::

“ တေး ”

“ အင်း ”

စာရင်းတစ်ချို့ထိုင်ရေးနေသည့် သူအား အနောက်မှ ခါးကို သိုင်းဖက်ကာ ခေါ်လာသည့် သောတမှာ ဒီကနေ့ တနင်္ဂနွေနေ့ဖြစ်၍ ယာထဲမဆင်းပေ။

ကလေးနှစ်ယောက်ကို ကိုယ်ဝန်စလွယ်ချိန်မှ စ၍ တနင်္ဂနွေနေ့တိုင်း အလုပ်နားကာ မိသားစုအတွက်အချိန်ပေးလေ့ရှိလေသည်။ ယခုတော့ ကလေးနှစ်ယောက်က ရွာထဲသွားဆော့တော့ သူနှင့်သံစဉ် နှစ်ယောက်တည်းသာ အိမ်မှာကျန်ရှိလေတော့သည်။

“ ပင်ပန်းနေပြီလား? ”

“ အင်း နည်းနည်းတော့ပင်ပန်းတာပေါ့… ဒါပေမယ့် တေးသာ ကိုယ့်ကို ‌အားဆေးလေးပေးမယ်ဆိုရင်တော့ ပင်ပန်းတာတွေအားလုံးပျောက်သွားမှာ ”

“ အဟင်း… မင်းကတော့လေ ”

အနည်းငယ် ခပ်ချွဲချွဲလေသံလေးဖြင့် ပြောလာသည့် သံစဉ်ကြောင့် သဘောကျစွာဖြင့် တစ်ချက်ရယ်မိရင်း ပြောလိုက်သည်။

“ ‌လုပ်ပါ တေးရယ်… မောင့်ကို အားဆေးလေးပေးနော် ”

အသည်းယားစွာဖြင့် တောင်းဆိုလာသည့် သူကြောင့် သူဘယ်လိုပုံစံမျိုးနဲ့များငြင်းနိုင်ပါအံ့။

သူလည်း အနည်းငယ်စူထားသည့် နီညိုရောင်နှုတ်ခမ်းသားတစ်စုံအား သူ့နှုတ်ခမ်းဖြင့် တစ်ချက်မျှဖိကပ်ကာနမ်းလိုက်တော့။

“ ကိုယ် အားမရသေးဘူး တေး ”

“ ဟင်! ”

ပြောပြောဆိုဆိုဖြင့် သူ့ခန္ဓာကိုယ်အား ဂျိုင်းမှပင့်မြှောက်ကာ မျက်နှာချင်းဆိုင်အနေအထားဖြင့် ပေါင်ပေါ်မှာထိုင်ခိုင်းလိုက်သည့် သူကြောင့် သူ့မှာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားရသည်။

“ ဘ ဘာလုပ်တာလဲ? ”

“ အားဆေးယူမလို့လေ ”

ပီတီတီမျက်နှာထားနှင့် ပြောလာသည့် သံစဉ်မှာစကားဆုံးသည်နှင့်တစ်ပြိုင်နက် သူ့နှုတ်ခမ်းတို့အား မွတ်သိပ်စွာဖြင့် စိတ်လိုလက်ရာနမ်းရှိုက်လို့လာတော့သည်။

“ ပြွတ်စ် ”

ခဏကြာမှ သူ့နှုတ်ခမ်းကို အသံမြည်အောင် တစ်ချက်စုပ်နမ်းလိုက်ပြီး လွှတ်ပေးလာသည့် သူကြောင့် မကြည် ကြည့်ဖြင့် တစ်ချက်ကြည့်လိုက်တော့ ခပ်သော့သော့ရယ်လာ၏။

“ ဘာရယ်တာလဲ!? ပြီးရင်လည်း ဖယ်တော့ ”

“ ပြီးပြီလို့ ဘယ်သူပြောလဲ? လုပ်ငန်းက အခုမှစမှာ ”

ဆိုကာ သူ့လည်တိုင်တစ်လျှောက် နမ်းရှုံ့လို့လာသည့် သံစဉ်

“ ‌အာ့!… ရပ်လိုက် ဆက်မလုပ်နဲ့တော့… တခြားသူတွေမြင်ရင်မကောင်းဘူး ”

“ ဒါဖြင့်ရင်လည်း မမြင်ရတဲ့ နေရာကိုသွားမယ် ”

သူ့အပြောကို ပြန်ပြောရင်း သူ့ခြေထောက်နှစ်ဖက်ကို ခါးမှာခွစေပြီး ထရပ်လိုက်သည့် သံစဉ်ကြောင့် သူ့မှာ တားဆီးချိန်ပင်မရလိုက်။

“ သံစဉ် ဘာလုပ်တာလဲ? ငါ့ကိုချပေး ”

“ စိတ်မလောပါနဲ့… မောင် ချပေးမှာပါ ”

“ ဒီ!…ပြောရင်လည်းမကောင်းရှိတော့မယ် ‌အောက်ချပေးခိုင်းတာကွ! ”

“ လုံးဝပါပဲ…ကိုယ်ကတော့ ခရီးကိုဆုံးတဲ့အထိလျှောက်မှာ ”

လူယုတ်မာဆန်ဆန်ပြုံးရင်း ပြောလာသည့် သံစဉ်မှာ သူတို့ရဲ့ အိပ်ခန်းထဲပင်ရောက်သွားပြီဖြစ်သည်။ ပြီးသည်နှင့် အခန်းတံခါးကို ပြန်ပိတ်လိုက်သည်မို့ သူ့မှာလန့်သွားမိသည်။

ဒီလူဆိုးကောင်ကတော့ ဒီလိုအချိန်ကြီးကို တကယ်လုပ်ဖို့တွေးနေတာလား?။

သူတွေးနေမိတုန်းရှိသေးတယ် သူ့ခန္ဓာကိုယ်ကို ခုတင်ပေါ်လှဲချလိုက်ပြီး အပေါ်မှအုပ်မိုးလာသည့် သံစဉ်

“ မော မောင် ”

“ အင်း…ပြောလေ တေး ”

“ အာ့! မ မလုပ်နဲ့! ”

သူ့စကားကိုနားမထောင်ပဲ လည်တိုင်တစ်လျှောက် နမ်းကာ ကိုက်ခဲလို့နေ၏။ သူလည်း တားလို့ရမည်မဟုတ်မှန်း သိ၍ ဆက်မရုန်းတော့ပဲ ငြိမ်ပေးလိုက်သည်။

တစ်ဖြေးဖြေးချင်း သူ့အင်္ကျီအတွင်းလက်လျှိုသွင်းလာသည့် သံစဉ်ရဲ့ ကြမ်းရှရှ လက်ဖဝါးရဲ့ ထွေးနွေးသည့် အထိအတွေ့တို့ဟာ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်လျှောက် စုံချည်ဆန်ချည်ရယ်ဖြင့်

“ တေးရာ မောင့်ကို သိပ်ပြုစားနိုင်လွန်းတာပဲကွာ ”

“ အင့်… ”

ပြောရင်း သံစဉ်ရဲ့ လက်ဝါးပြင်မှာ သူ့ပုဆိုးစကိုဖြည်ချလျက် အောက်ပိုင်းတစ်နေရာသို့ နယ်ကျွံရန် ပြင်လိုက်ချိန်….

“ သူကြီးလေးရေ! ‌သူကြီးလေး!! ”

အိမ်ရှေ့မှလှမ်းကာ အော်ခေါ်နေသည့် အပျိုကြီးဒေါ်ဘုတ်ရဲ့အသံဖြစ်သည်။

“ ကျစ်!! အချိန်ကောင်းဆို အနှောက်ကဝင်ပြီ!! ”

“ အဟင်းဟင်းး…ဖယ်တော့ ငါ သွားလိုက်ဦးမယ် ”

မကျေမနပ်ဖြင့် ဆိုလာသည့် သံစဉ့်စကားကြောင့် သဘောကျကာရယ်မိရင်း ဖယ်ခိုင်းလိုက်ကာ အဝတ်တွေကို သေချာသပ်ရပ်အောင်လုပ်ပြီး အခန်းတံခါးကိုဖွင့်လိုက်သည်။ ပြီးသည်နှင့်

“ မကျေမနပ် မဖြစ်နဲ့တော့ ညကျမှ မင်းသဘော… ”

“ တကယ်နော် ”

သူ့အပြောကို တက်ကြွစွာဖြင့် ပြန်မေးလာသည့် သူကြောင့် အသာပြုံးရင် ခေါင်းညိတ်ပြလိုက်သည်။ ပြီးသည်နှင့် အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တော့…။

“ ဒါက… ”

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မေးလိုက်ခြင်းဖြစ်သည်။

အကြောင်းမှာတော့ သားနှင့်သမီးဖြစ်သူမှာ အပျိုကြီးရဲ့လက် တစ်ဖက်စီတွင် ကိုင်ထားခံရသည်‌ကြောင့်ဖြစ်သည်။ ကိုင်ထားသည်ထက် ဖမ်းဆွဲထားသည်ဆို ပိုမှန်ပေလိမ့်မည်။

“ မပြောချင်တော့ပါဘူး သူကြီးလေးရယ်… သူကြီးလေးရဲ့ သားနဲ့သမီးက ကျွန်မရဲ့ ဖရဲခင်းထဲဝင်ပြီး ဖရဲသီးတွေခိုးစားကြတယ်လေ အဲ့တာ ကျွန်မလာတိုင်တာ… ဒီကလေးနှစ်ယောက်ကို သေချာဆုံးမပေးပါ သူကြီးလေး ”

အပျိုကြီး၏ စကားဆုံးသည်နှင့် အံကိုကြိတ်လိုက်ရင်း ကလေးနှစ်ယောက်အား အကြည့်စူးစူးဖြင့် တစ်ချက်ကြည့်ပေးလိုက်တော့ မသိမသာဖြင့် မျက်နှာလေးတွေ လွှဲသွားကြလေရဲ့။

“ ဟုတ်ကဲ့ပါ… ကျွန်တော်သေချာဆုံးမလိုက်ပါ့မယ် အရီး… ဒီမှာ လျော်ကြေးငွေ တစ်သောင်း ယူသွားလိုက်ပါ ”

သူလည်း အင်္ကျီအိတ်ထောင်ထဲမှာ အသင့်ရှိနေသည့် ငွေတစ်သောင်းကို ပေးလိုက်တော့ ကလေးနှစ်ယောက်ကို လွှတ်ပေးပြီး ငွေယူကာ နှုတ်ဆက်ရင်း ထွက်သွားသည့် အပျိုကြီးဒေါ်ဘုတ်။

မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးတဲ့နောက် သူ့အရှေ့မှာ ရို့ရို့လေးဖြင့် ရပ်နေကြသည့် ကလေးနှစ်ယောက်ရှိရာဆီကို အကြည့်တို့ပြန်ပို့လွှတ်လိုက်သည်။

ပြီးသည်နှင့် ထွက်နေသည့် ဒေါသကိုထိန်းရင်း အံကြိတ်ကာ ခေါ်လိုက်သည်။

“ သုတတေး နဲ့ အလင်္ကာသွေး!!! ”

“ ခင်ဗျာ ဖေဖေ ”²

🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

ကဲ… ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲနော်

နောက်ဘာဆက်ဖြစ်မလဲ? ဆိုတာကတော့ ခန့်မှန်းမိကြမယ်ထင်ပါတယ်😁

ဆိုတော့ အချပ်ပိုလေးလည်း ဇာတ်သိမ်းပါပြီဗျ

သောတအတွက်တော့ စိတ်‌တောင်မကောင်းဘူး… ဗက်ဟက်ဟက်ဟက်😂😂

ဆိုတော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျ။ ကျွန်တော့ရဲ့ မကောင်းမကမ်းအရေးအသားလေးကို ဖတ်ရှုပေးပြီး vote တွေပေး၊ RL ထဲထည့်ပေးကြသည့်အတွက် ကျေးဇူးတင်ပါတယ်ဗျ။

မန့်တွေပေးကြသည့်အတွက်လည်း တကယ်ကိုအားဖြစ်ရပါတယ်ဗျ

အရာအားလုံးအတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ🥰😘😘

#10.11.2024… Sun#

🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵🪵

Z version

ဆည္းလည္းေလး (သို႔) သူႀကီးက က်ဳပ္အပိုင္

“ နီရဲၿပီး ခ်ိဳေနတာပဲ မမရာ ”

“ ေအး အရည္ကလည္း ႐ႊမ္းမွ ႐ႊမ္းပဲ ”

“ အြန္း…စားလို႔ေကာင္းလိုက္တာ ”

‌လူေျခတိတ္‌လို႔ေနသည့္ ဖရဲခင္းတစ္ခုအတြင္း အက်အနထိုင္ကာ ႀကီးမားကာလုံးဝန္းလို႔ေနသည့္ နီနီရဲရဲဖရဲသီးမွည့္တစ္လုံးအား တစ္ဝက္စီျခမ္းကာ တစ္ေယာက္တစ္ျခမ္းႏႈန္းျဖင့္ အားပါးတရာစားလို႔ေနသည့္ ကေလးငယ္ႏွစ္ေယာက္။ ႏႈတ္ခမ္းတစ္ဝိုက္တြင္လည္း ဖရဲသီးအရည္အတခ်ိဳ႕ျဖင့္ေပေရကာ ရဲပေတာင္းခပ္လို႔ေနသည္မွာ မသိလွ်က္ ဒဏ္ရာရထား၍ နီရဲေနသည့္ဟန္ေပၚလို႔ေန၏။

“ စားတာလည္း ေ႐ွ႕ေနာက္ၾကည့္စားဦး… မေတာ္လို႔ အပ်ိဳႀကီး ေတြ႕သြားရင္ ငါတို႔ေတာ့ ဂြမ္းၿပီ ”

“ သိပါတယ္ မမရဲ႕… အသုလည္း အရိပ္အေျခၾကည့္ရင္းစားေနတာပါ ”

ေဘးဘီဝဲယာကို မ်က္လုံးကစားရင္း သူခိုးေခ်ာင္း ေခ်ာင္းကာ ေျပာလိုက္သည့္ ေသြးရဲ႕စကားအား ခြန္းတုန္႔ျပန္ရင္း ေျပာလိုက္သည့္ သုတ

ဟုတ္တာေပါ့ဗ်ာ။ ထိုကေလးႏွစ္ေယာက္ကေတာ့ အတုမ႐ွိတဲ့ သူႀကီးေလးနဲ႔ ေသာတ တို႔ရဲ႕ အႁမႊာကေလးႏွစ္ေယာက္ပင္ျဖစ္ေပသည္။ ျဖစ္ပုံကေတာ့လား ႐ြာအေ႐ွ႕ပိုင္းက အပ်ိဳႀကီး ေဒၚဘုတ္ရဲ႕ ဖရဲခင္းထဲဝင္ၿပီး ႀကီးေပ့၊လွေပ့၊ရဲေပ့၊ ခ်ိဳေပ့ ဆိုတဲ့ ဖရဲသီးမွည့္တစ္လုံးအား လူမသိေအာင္ ခိုးစားေနၾကျခင္းျဖစ္ေပသည္။

“ အမေလး! ကုန္ပါၿပီ! ကုန္ပါၿပီ!… ဟဲ့ ကေလးႏွစ္ေကာင္ နင္တို႔ ငါ့ဖရဲသီးေတြကိုခိုးစားေနၾကတယ္ေပါ့ေလ! ဟုတ္လား!!? ”

အသံခပ္စြာစြာျဖင့္ မေက်မခ်မ္းေအာ္ေျပာလိုက္သည့္ အသံမွာ သူတို႔ႏွစ္ေယာက္၏ အေနာက္မွ ဟိန္းခနဲ႔။

“ ဟာ! အပ်ိဳႀကီးေတြ႕သြားၿပီ အျမန္ေျပးမွ! ”

ေဒါႏွင့္ ေမာႏွင့္ သူတို႔႐ွိရာဆီကို ေျပးလာေနသည့္ အေဒၚႀကီးေၾကာင့္ ေသြးမွ စကားဆိုလ်က္ ႏွစ္ေယာက္သား စားလက္စ ဖရဲသီးျခမ္းႀကီးအား ပစ္ခ်ကာ ထိုေနရာမွ ထ ေျပးေလ၏။

“ ရပ္လိုက္စမ္း! ကေလကဝႏွစ္ေကာင္! ”

“ ကေလကဝ မဟုတ္ဘူး ႀကီးေတာ္ရဲ႕… သူႀကီးရဲ႕ သားသမီးေတြဗ်! ”

“ ဟုတ္တယ္ ဟုတ္တယ္ ”

“ အလကၤာေသြးနဲ႔ သုတေတး!! ရပ္စမ္း! နင္တို႔ကို သူႀကီးေလးနဲ႔တိုင္မယ္! အခုရပ္စမ္း!! ”

“ ႀကီးေတာ္ေနာ္ ဖရဲသီးေလးပဲစားမိတဲ့ဟာ အရမ္းကပ္ေစးႏွဲတာပဲ… အဲ့တာေၾကာင့္ ယူမယ့္ ေယာက်ၤားမ႐ွိတာ အေပါက္ကလည္းဆိုးေတာ့ ပိုဆိုးတာေပါ့ လွည့္ၾကည့္တဲ့ သူေတာင္မ႐ွိဘူး! ”

“ အလကၤာေသြး!!! ”

ဖရဲခင္းအား ပတ္ကာ ေျပးရင္း ေျပာေနသည့္ ေသြးႏွင့္ သုတအား အေနာက္မွ ဝါးျခမ္းျပားတစ္ေခ်ာင္းကိုင္ကာ လိုက္ဖမ္းေနသည့္ အပ်ိဳႀကီးေဒၚဘုတ္မွာေတာ့ ခ်က္ေကာင္းထိ၍ ေဆြ႕ေဆြ႕ခုန္လို႔ေနလ်က္ ႏႈတ္မွလည္း ေပါင္းစုံေအာင္ ေအာ္ဆဲေလေတာ့သည္။

::::::::::::::::::::

“ ေတး ”

“ အင္း ”

စာရင္းတစ္ခ်ိဳ႕ထိုင္ေရးေနသည့္ သူအား အေနာက္မွ ခါးကို သိုင္းဖက္ကာ ေခၚလာသည့္ ေသာတမွာ ဒီကေန႔ တနဂၤေႏြေန႔ျဖစ္၍ ယာထဲမဆင္းေပ။

ကေလးႏွစ္ေယာက္ကို ကိုယ္ဝန္စလြယ္ခ်ိန္မွ စ၍ တနဂၤေႏြေန႔တိုင္း အလုပ္နားကာ မိသားစုအတြက္အခ်ိန္ေပးေလ့႐ွိေလသည္။ ယခုေတာ့ ကေလးႏွစ္ေယာက္က ႐ြာထဲသြားေဆာ့ေတာ့ သူႏွင့္သံစဥ္ ႏွစ္ေယာက္တည္းသာ အိမ္မွာက်န္႐ွိေလေတာ့သည္။

“ ပင္ပန္းေနၿပီလား? ”

“ အင္း နည္းနည္းေတာ့ပင္ပန္းတာေပါ့… ဒါေပမယ့္ ေတးသာ ကိုယ့္ကို ‌အားေဆးေလးေပးမယ္ဆိုရင္ေတာ့ ပင္ပန္းတာေတြအားလုံးေပ်ာက္သြားမွာ ”

“ အဟင္း… မင္းကေတာ့ေလ ”

အနည္းငယ္ ခပ္ခြၽဲခြၽဲေလသံေလးျဖင့္ ေျပာလာသည့္ သံစဥ္ေၾကာင့္ သေဘာက်စြာျဖင့္ တစ္ခ်က္ရယ္မိရင္း ေျပာလိုက္သည္။

“ ‌လုပ္ပါ ေတးရယ္… ေမာင့္ကို အားေဆးေလးေပးေနာ္ ”

အသည္းယားစြာျဖင့္ ေတာင္းဆိုလာသည့္ သူေၾကာင့္ သူဘယ္လိုပုံစံမ်ိဳးနဲ႔မ်ားျငင္းႏိုင္ပါအံ့။

သူလည္း အနည္းငယ္စူထားသည့္ နီညိဳေရာင္ႏႈတ္ခမ္းသားတစ္စုံအား သူ႕ႏႈတ္ခမ္းျဖင့္ တစ္ခ်က္မွ်ဖိကပ္ကာနမ္းလိုက္ေတာ့။

“ ကိုယ္ အားမရေသးဘူး ေတး ”

“ ဟင္! ”

ေျပာေျပာဆိုဆိုျဖင့္ သူ႕ခႏၶာကိုယ္အား ဂ်ိဳင္းမွပင့္ေျမႇာက္ကာ မ်က္ႏွာခ်င္းဆိုင္အေနအထားျဖင့္ ေပါင္ေပၚမွာထိုင္ခိုင္းလိုက္သည့္ သူေၾကာင့္ သူ႕မွာ မ်က္လုံးျပဴး မ်က္ဆံျပဴးျဖစ္သြားရသည္။

“ ဘ ဘာလုပ္တာလဲ? ”

“ အားေဆးယူမလို႔ေလ ”

ပီတီတီမ်က္ႏွာထားႏွင့္ ေျပာလာသည့္ သံစဥ္မွာစကားဆုံးသည္ႏွင့္တစ္ၿပိဳင္နက္ သူ႕ႏႈတ္ခမ္းတို႔အား မြတ္သိပ္စြာျဖင့္ စိတ္လိုလက္ရာနမ္း႐ိႈက္လို႔လာေတာ့သည္။

“ ႁပြတ္စ္ ”

ခဏၾကာမွ သူ႕ႏႈတ္ခမ္းကို အသံျမည္ေအာင္ တစ္ခ်က္စုပ္နမ္းလိုက္ၿပီး လႊတ္ေပးလာသည့္ သူေၾကာင့္ မၾကည္ ၾကည့္ျဖင့္ တစ္ခ်က္ၾကည့္လိုက္ေတာ့ ခပ္ေသာ့ေသာ့ရယ္လာ၏။

“ ဘာရယ္တာလဲ!? ၿပီးရင္လည္း ဖယ္ေတာ့ ”

“ ၿပီးၿပီလို႔ ဘယ္သူေျပာလဲ? လုပ္ငန္းက အခုမွစမွာ ”

ဆိုကာ သူ႕လည္တိုင္တစ္ေလွ်ာက္ နမ္း႐ႈံ႕လို႔လာသည့္ သံစဥ္

“ ‌အာ့!… ရပ္လိုက္ ဆက္မလုပ္နဲ႔ေတာ့… တျခားသူေတြျမင္ရင္မေကာင္းဘူး ”

“ ဒါျဖင့္ရင္လည္း မျမင္ရတဲ့ ေနရာကိုသြားမယ္ ”

သူ႕အေျပာကို ျပန္ေျပာရင္း သူ႕ေျခေထာက္ႏွစ္ဖက္ကို ခါးမွာခြေစၿပီး ထရပ္လိုက္သည့္ သံစဥ္ေၾကာင့္ သူ႕မွာ တားဆီးခ်ိန္ပင္မရလိုက္။

“ သံစဥ္ ဘာလုပ္တာလဲ? ငါ့ကိုခ်ေပး ”

“ စိတ္မေလာပါနဲ႔… ေမာင္ ခ်ေပးမွာပါ ”

“ ဒီ!…ေျပာရင္လည္းမေကာင္း႐ွိေတာ့မယ္ ‌ေအာက္ခ်ေပးခိုင္းတာကြ! ”

“ လုံးဝပါပဲ…ကိုယ္ကေတာ့ ခရီးကိုဆုံးတဲ့အထိေလွ်ာက္မွာ ”

လူယုတ္မာဆန္ဆန္ျပဳံးရင္း ေျပာလာသည့္ သံစဥ္မွာ သူတို႔ရဲ႕ အိပ္ခန္းထဲပင္ေရာက္သြားၿပီျဖစ္သည္။ ၿပီးသည္ႏွင့္ အခန္းတံခါးကို ျပန္ပိတ္လိုက္သည္မို႔ သူ႕မွာလန္႔သြားမိသည္။

ဒီလူဆိုးေကာင္ကေတာ့ ဒီလိုအခ်ိန္ႀကီးကို တကယ္လုပ္ဖို႔ေတြးေနတာလား?။

သူေတြးေနမိတုန္း႐ွိေသးတယ္ သူ႕ခႏၶာကိုယ္ကို ခုတင္ေပၚလွဲခ်လိုက္ၿပီး အေပၚမွအုပ္မိုးလာသည့္ သံစဥ္

“ ေမာ ေမာင္ ”

“ အင္း…ေျပာေလ ေတး ”

“ အာ့! မ မလုပ္နဲ႔! ”

သူ႕စကားကိုနားမေထာင္ပဲ လည္တိုင္တစ္ေလွ်ာက္ နမ္းကာ ကိုက္ခဲလို႔ေန၏။ သူလည္း တားလို႔ရမည္မဟုတ္မွန္း သိ၍ ဆက္မ႐ုန္းေတာ့ပဲ ၿငိမ္ေပးလိုက္သည္။

တစ္ေျဖးေျဖးခ်င္း သူ႕အက်ႌအတြင္းလက္လွ်ိဳသြင္းလာသည့္ သံစဥ္ရဲ႕ ၾကမ္း႐ွ႐ွ လက္ဖဝါးရဲ႕ ေထြးေႏြးသည့္ အထိအေတြ႕တို႔ဟာ ခႏၶာကိုယ္အေပၚပိုင္းတစ္ေလွ်ာက္ စုံခ်ည္ဆန္ခ်ည္ရယ္ျဖင့္

“ ေတးရာ ေမာင့္ကို သိပ္ျပဳစားႏိုင္လြန္းတာပဲကြာ ”

“ အင့္… ”

ေျပာရင္း သံစဥ္ရဲ႕ လက္ဝါးျပင္မွာ သူ႕ပုဆိုးစကိုျဖည္ခ်လ်က္ ေအာက္ပိုင္းတစ္ေနရာသို႔ နယ္ကြၽံရန္ ျပင္လိုက္ခ်ိန္….

“ သူႀကီးေလးေရ! ‌သူႀကီးေလး!! ”

အိမ္ေ႐ွ႕မွလွမ္းကာ ေအာ္ေခၚေနသည့္ အပ်ိဳႀကီးေဒၚဘုတ္ရဲ႕အသံျဖစ္သည္။

“ က်စ္!! အခ်ိန္ေကာင္းဆို အေႏွာက္ကဝင္ၿပီ!! ”

“ အဟင္းဟင္းး…ဖယ္ေတာ့ ငါ သြားလိုက္ဦးမယ္ ”

မေက်မနပ္ျဖင့္ ဆိုလာသည့္ သံစဥ့္စကားေၾကာင့္ သေဘာက်ကာရယ္မိရင္း ဖယ္ခိုင္းလိုက္ကာ အဝတ္ေတြကို ေသခ်ာသပ္ရပ္ေအာင္လုပ္ၿပီး အခန္းတံခါးကိုဖြင့္လိုက္သည္။ ၿပီးသည္ႏွင့္

“ မေက်မနပ္ မျဖစ္နဲ႔ေတာ့ ညက်မွ မင္းသေဘာ… ”

“ တကယ္ေနာ္ ”

သူ႕အေျပာကို တက္ႂကြစြာျဖင့္ ျပန္ေမးလာသည့္ သူေၾကာင့္ အသာျပဳံးရင္ ေခါင္းညိတ္ျပလိုက္သည္။ ၿပီးသည္ႏွင့္ အိမ္ေ႐ွ႕ကိုထြက္လာခဲ့လိုက္ေတာ့…။

“ ဒါက… ”

ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ေမးလိုက္ျခင္းျဖစ္သည္။

အေၾကာင္းမွာေတာ့ သားႏွင့္သမီးျဖစ္သူမွာ အပ်ိဳႀကီးရဲ႕လက္ တစ္ဖက္စီတြင္ ကိုင္ထားခံရသည္‌ေၾကာင့္ျဖစ္သည္။ ကိုင္ထားသည္ထက္ ဖမ္းဆြဲထားသည္ဆို ပိုမွန္ေပလိမ့္မည္။

“ မေျပာခ်င္ေတာ့ပါဘူး သူႀကီးေလးရယ္… သူႀကီးေလးရဲ႕ သားနဲ႔သမီးက ကြၽန္မရဲ႕ ဖရဲခင္းထဲဝင္ၿပီး ဖရဲသီးေတြခိုးစားၾကတယ္ေလ အဲ့တာ ကြၽန္မလာတိုင္တာ… ဒီကေလးႏွစ္ေယာက္ကို ေသခ်ာဆုံးမေပးပါ သူႀကီးေလး ”

အပ်ိဳႀကီး၏ စကားဆုံးသည္ႏွင့္ အံကိုႀကိတ္လိုက္ရင္း ကေလးႏွစ္ေယာက္အား အၾကည့္စူးစူးျဖင့္ တစ္ခ်က္ၾကည့္ေပးလိုက္ေတာ့ မသိမသာျဖင့္ မ်က္ႏွာေလးေတြ လႊဲသြားၾကေလရဲ႕။

“ ဟုတ္ကဲ့ပါ… ကြၽန္ေတာ္ေသခ်ာဆုံးမလိုက္ပါ့မယ္ အရီး… ဒီမွာ ေလ်ာ္ေၾကးေငြ တစ္ေသာင္း ယူသြားလိုက္ပါ ”

သူလည္း အက်ႌအိတ္ေထာင္ထဲမွာ အသင့္႐ွိေနသည့္ ေငြတစ္ေသာင္းကို ေပးလိုက္ေတာ့ ကေလးႏွစ္ေယာက္ကို လႊတ္ေပးၿပီး ေငြယူကာ ႏႈတ္ဆက္ရင္း ထြက္သြားသည့္ အပ်ိဳႀကီးေဒၚဘုတ္။

မ်က္စိတစ္ဆုံးလိုက္ၾကည့္ၿပီးတဲ့ေနာက္ သူ႕အေ႐ွ႕မွာ ႐ို႕႐ို႕ေလးျဖင့္ ရပ္ေနၾကသည့္ ကေလးႏွစ္ေယာက္႐ွိရာဆီကို အၾကည့္တို႔ျပန္ပို႔လႊတ္လိုက္သည္။

ၿပီးသည္ႏွင့္ ထြက္ေနသည့္ ေဒါသကိုထိန္းရင္း အံႀကိတ္ကာ ေခၚလိုက္သည္။

“ သုတေတး နဲ႔ အလကၤာေသြး!!! ”

“ ခင္ဗ်ာ ေဖေဖ ”²

🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

ကဲ… ဇာတ္လမ္းေလးကေတာ့ ဒီေလာက္ပါပဲေနာ္

ေနာက္ဘာဆက္ျဖစ္မလဲ? ဆိုတာကေတာ့ ခန္႔မွန္းမိၾကမယ္ထင္ပါတယ္😁

ဆိုေတာ့ အခ်ပ္ပိုေလးလည္း ဇာတ္သိမ္းပါၿပီဗ်

ေသာတအတြက္ေတာ့ စိတ္‌ေတာင္မေကာင္းဘူး… ဗက္ဟက္ဟက္ဟက္😂😂

ဆိုေတာ့ ဒီေလာက္နဲ႔ပဲ ႏႈတ္ဆက္ခဲ့ပါတယ္ခင္ဗ်။ ကြၽန္ေတာ့ရဲ႕ မေကာင္းမကမ္းအေရးအသားေလးကို ဖတ္႐ႈေပးၿပီး vote ေတြေပး၊ RL ထဲထည့္ေပးၾကသည့္အတြက္ ေက်းဇူးတင္ပါတယ္ဗ်။

မန္႔ေတြေပးၾကသည့္အတြက္လည္း တကယ္ကိုအားျဖစ္ရပါတယ္ဗ်

အရာအားလုံးအတြက္ အထူးပဲေက်းဇူးတင္႐ွိပါတယ္ဗ်🥰😘😘

#10.11.2024… Sun#

Tags: read novel Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အချပ်ပို End…, novel Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အချပ်ပို End…, read Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အချပ်ပို End… online, Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အချပ်ပို End… chapter, Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အချပ်ပို End… high quality, Á€†Á€Šá€ºá€¸Á€Œá€Šá€ºá€¸Á€Œá€±Á€¸ (Á€Žá€­Á€¯Á€·) Á€Žá€°Á€€Á€¼Á€®Á€¸Á€€ Á€€Á€»Á€¯Á€•Á€ºá€¡Á€•Á€­Á€¯Á€„Á€º {Short Story} [Completed] အချပ်ပို End… light novel, ,

Comment

Leave a Reply

Chapter 9