Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၂)

A+ A-

” အဲ့တာတွေ မလုပ်ပါနဲ့ဆို အစ်မရယ် … ကျွန်တော့်ဘာသာ လုပ်ပါ့မယ်ဆို “

” အမလေး … ပြီးရင် အငယ်က လုပ်မယ်‌လုပ်မယ်ပြောပြီး တစ်ပတ်တန်သည် နှစ်ပတ်တန်သည် ကြာနေဦးမှာ … အစ်မပဲ လုပ်ပါ့မယ် “

အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ရင်း ဒင်္ဂါးနဲ့ ပစ်တိုင်းထောင်တို့ရဲ့ အင်္ကျီတွေကို ကြယ်သီးထိုင်တပ်နေတဲ့ အစ်မငွေမှုန်ကို ထိန်းမနိုင်တာကြောင့် ဒင်္ဂါးလည်း လွှတ်ထားလိုက်ရသည်။ ယောက်ျားလေးတွေမလို့ အင်္ကျီမှာ ကြယ်သီးတစ်လုံးနှစ်လုံး ပြုတ်တာလောက်တော့ သိပ်ဂရုမစိုက်ပဲ အကြမ်းဝတ်ချပေမယ့် အစ်မငွေမှုန်ကတော့ ဂရုတစိုက်စစ်ပေးရင်း အသေအချာ ချုပ်ပေးတတ်သည်။

” ဒီမယ်ကြည့်ဦး အငယ်ရယ် … မင့် ကလေးတွေလို မြေကြီးပေါ်မှာများ လူးလှိမ့်ပြီး ဆော့လာသလား . ချုပ်ရိုးအနားတွေလည်းပြဲလို့ “

” အဲ့တာ ပစ်တိုင်းထောင်ရဲ့ အင်္ကျီပါ အစ်မရဲ့ … ကျွန်တော်နဲ့ကြီးနေလို့ သူ့ကိုပေးဝတ်ထားတာ “

” အေးကွယ် … ကလေးကျနေရောပဲ “

အစ်မငွေမှုန်က ပြောရင်းဆိုရင်း အင်္ကျီလည်ပင်းက ကြယ်သီးတပ်လက်စကို အာရုံစိုက်သည်။ ဒင်္ဂါးအင်္ကျီတွေလို့သာ ပြောပေမယ့် အများစုက ပစ်တိုင်းထောင်နဲ့ ခွေးပုအင်္ကျီတွေဖြစ်သည်။ ဆရာသမားနှစ်ယောက်က အင်္ကျီတွေကို ဒင်္ဂါးတို့က လျှော်ပေးမယ်ဆိုလည်း မဟုတ်။ ကိုယ့်ဘာသာ လျှော်လိုက်ရင်လည်း အကြမ်းပတမ်းတွေမလို့ ကြယ်‌သီးတွေက ဒူပေနာပေမခံပဲ အင်္ကျီတွေခမျာ ကြယ်သီးမစုံတဲ့ဘဝကို ရောက်ရတော့သည်။

” အဲ … ဒါနဲ့ . မောင်ငယ်ပစ်တိုင်းထောင်တို့ရော “

” ရှိပါ့ … မိစွာနဲ့ မိုက်မိုက်စန်းကို တုံကင်နားမယ် ရေချိုးပေးနေတယ် “

” ဪ … အဲ့တာကြောင့် အခုနတုန်းက ခွေးပုလက်ထဲမှာ ကာပေါ်လစ်ခဲ တွေ့တော့တွေ့သား “

ဒင်္ဂါးက ခေါင်းညိတ်ပြလိုက်သည်။ ခဏနေတော့ အစ်မငွေမှုန်ကလည်း အဝတ်ချုပ်ရင်း သူ့အာရုံနဲ့သူ ဖြစ်သွားတာကြောင့် ဒင်္ဂါးလည်း ပစ်တိုင်းထောင်တို့ရှိရာ အိမ်ဘေးကို လျှောက်သွားလိုက်သည်။

” နေပါဦး ဖေ့သမီးရယ် … ငြိမ်ငြိမ်လေးနေပါ . ပြီးတော့မယ် … လာဦး နားရွက်ကလေးကို ဆပ်ပြာတိုက်ဦးမယ် “

” ဟာ မိစွာ … အရမ်းမခါနဲ့လေ … ငါ့ကို ရေတွေစိုကုန်ပြီ “

” ဟေ့ကောင် ခွေးပု … ငါ့သမီးခြေထောက်တွေကို ဆပ်ပြာနဲ့သေချာတိုက် “

ရေချိုးကန်နားကို ဒင်္ဂါးရောက်သွားတော့ ဆရာသမားနှစ်ယောက်က မိစွာနဲ့ မိုက်မိုက်စန်းကို ရေချိုးပေးရင်း ဗြောင်းဆန်နေသည်။ ပုံမှန်ဆို ဒင်္ဂါးကပဲ ရေချိုးပေးနေကျပေမယ့် အခုမှ ပစ်တိုင်းထောင်တို့က ဘာစိတ်ကူးပေါက်သလဲမသိ။ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်ကတည်းက မိစွာနဲ့ မိုက်မိုက်စန်းကို ရေချိုးပေးမယ်ဆိုကာ စိုင်းပြင်းနေတာဖြစ်သည်။

” ပစ်တိုင်းထောင် … အဆင်ပြေရဲ့လား . ကျွန်တော်ချိုးပေးလိုက်မယ်လေ “

” ရတယ် ရတယ် . ပြီးတော့မယ် … ဆပ်ပြာတွေစင်ရင် ရပြီ “

မိစွာနဲ့ မိုက်မိုက်စန်းကလည်း ဒင်္ဂါးရေချိုးပေးတဲ့အချိန်ဆို ငြိမ်ငြိမ်နေပေးပေမယ့် အခုကျတော့ ရုန်းသည်။ ပစ်တိုင်းထောင်ကလည်း အတင်းဆွဲလွှဲလို့ ရေချိုးပေးနေတာမလို့ ကိုယ်တိုင်လည်း တစ်ကိုယ်လုံးရွှဲလို့ ကြွက်စုတ်ဖြစ်နေပြီဖြစ်သည်။

” ကိုခွေးပု ဖယ် ဖယ် … မိစွာကို ကျွန်တော်ချိုးပေးလိုက်မယ် “

” ကိုဒင်္ဂါးပဲ ချိုးပေးတော့ဗျာ … ကျွန်တော်က မိစွာကို ရေချိုးပေးနေတာလား … မိစွာက ကျွန်တော့်ကို ရေချိုးပေးနေတာလား မသဲကွဲဘူး “

” လာ လာ မိစွာ “

ခွေးပုက ရေစိုနေတဲ့မျက်နှာကို အင်္ကျီလက်မောင်းနဲ့ ဖိသုတ်ရင်း မိစွာကို ဒင်္ဂါးလက်ထဲ လွှဲပေးသည်။ ဒင်္ဂါးလာကာမှ ငြိမ်သွားတဲ့မိစွာကလည်း အစပိုင်းကတော့ ရုန်းကန်လို့ ဗြောင်းဆန်နေရာကနေ ငြိမ်ငြိမ်လေးထိုင်ချသည်။

” အောင်မယ် … ရိုက်ချင်စရာကောင်းအောင် အခုမှ အဖေမှားနေကြတယ် … ရွှေဒင်္ဂါးလည်းလာရော ငြိမ်သွားတာ‌များ ”

ပစ်တိုင်းထောင်က မိုက်မိုက်စန်းနဲ့ မိစွာကို မျက်စောင်းကြီးခဲလို့ဆိုသည်။ ဒင်္ဂါးကတော့ ပစ်တိုင်းထောင်တို့ သားအဖေတွေကိုကြည့်ရင်း ပေါ်ပေါ်ထင်ထင်လည်း မရယ်ရဲတာမလို့ စိတ်ထဲကနေသာ ကြိတ်ရယ်မိတော့သည်။

” သွား နေပူထဲသွားချေ … မြေကြီးထဲ ထပ်လှိမ့်နေရင် ရိုက်မှာနော် မိစွာ “

ဆပ်ပြာစင်အောင် ရေချိုးပေးပြီး မိစွာနဲ့ မိုက်မိုက်စန်းဆီက ကာပေါ်လစ်ခဲအနံ့တွေ သင်းနေပြီဆိုကာမှ ပစ်တိုင်းထောင်က လွှတ်ပေးတော့သည်။ အိမ်ရှေ့ကို မလွှတ်ပေးခင် ပစ်တိုင်းထောင်က မိစွာနဲ့ မိုက်မိုက်စန်းကို လက်ညှိုးတထောင်ထောင်နဲ့ သတိပေးနေသေးတာမလို့ ဒင်္ဂါးမှာ ပြုံးမိရသးသည်။

” ရေခြောက်အောင်လို့ ကျွန်တော်လုပ်ပေးလိုက်ပါ့မယ် … ပစ်တိုင်းထောင်တို့ ရေအရင်ချိုးနှင့်လိုက်ဦး … နှစ်ယောက်လုံး ကြွက်စုတ်ဖြစ်နေပြီ “

” ဟမ့် … မပြောလည်းချိုးမှာပါ … ကျုပ်သမီးတွေကျ မွှေးနေပြီး ကျုပ်က မမွှေးလို့ဖြစ်မလား “

” ဟုတ်ပါပြီ . အဲ့တာဆိုလည်း ချိုးပါ “

ဒင်္ဂါးက ရယ်ရင်း အိမ်ရှေ့ကို ပြန်ထွက်လာခဲ့လိုက်သည်။ အိမ်ရှေ့ကိုရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒင်္ဂါးမှာ ပါးစပ်အဟောင်းသား။ ပစ်တိုင်းထောင်ကတော့ အထပ်ထပ်မှာလိုက်ပေမယ့် စကားနားထောင်ရှာတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကတော့ ‌ခြံထောင့်က သရက်ပင်အောက်မှာပုံထားတဲ့ သစ်ရွက်ခြောက်အမှိုက်ပုံပေါ်မှာ လူးလှိမ့်လို့ပင် ဆော့နေပြီဖြစ်သည်။

” မိစွာ . မိုက်မိုက်စန်း … “

ဒင်္ဂါးက ခပ်ကြိတ်ကြိတ်ခေါ်လိုက်တော့ မိစွာနဲ့ မိုက်မိုက်စန်းက အနားကို ပြေးလာသည်။ ရေချိုးထားတာမလို့ ရေစိုနေတာကြောင့် လူးလှိမ့်ဆော့ထားတဲ့ ခန္ဓာကိုယ်မှာလည်း သစ်ရွက်ခြောက် အစအနတွေက ကပ်လို့ရယ်။

” ပစ်တိုင်းထောင်တွေ့ရင်တော့ နားငြီးတော့မှာပဲကွာ … အခုမှ မွှေးမွှေးလေးလုပ်ပေးလိုက်တာကို “

ဒင်္ဂါးက ပစ်တိုင်းထောင်တို့ရှိတဲ့ အိမ်ဘေးကိုလည်း အကဲခတ်ရင်း မိစွာနဲ့ မိုက်မိုက်စန်းကိုယ်ပေါ်က သစ်ရွက်ခြောက်တွေကို ဖယ်ပေးရင်း ရေခြောက်အောင် အမြန်သုတ်ပေးရတော့သည်။

” ဟော လူလေး … မိစွာနဲ့ မိုက်မိုက်စန်းနဲ့တင် အလုပ်ဖြစ်နေပါ့လား “

” အယ် … ပြန်လာပြီလား အဘ “

” အေးကွယ် … မောင်မင်းမျိုးက‌တော့ ရုံးဆောက်မယ့်နေရာမှာပဲ ကျန်ရစ်ခဲ့တယ် “

ရွာထဲမှာလည်း ကိုမင်းမျိုးရုံးထိုင်ဖို့ ရုံးခန်းဆောက်နေပြီဖြစ်တာကြောင့် အဘနဲ့ ကိုမင်းမျိုးကတော့ မနက်တိုင်းလိုလို သွားကြည့်ရသည်။ ဒီကနေ့တော့ အရင်ဦးဆုံး ပြန်ရောက်လာတဲ့ အဘက ဒင်္ဂါးတို့ကိုကြည့်ရင်း ကွပ်ပျစ်ပေါ်ဝင်ထိုင်သည်။

” လုံမလေးရော လူလေး … ပစ်တိုင်းထောင်တို့ရော “

” အစ်မငွေမှုန်က ခုနကတော့ အဝတ်တွေချုပ်နေတာ အဘ … အခုတော့ နောက်ဖေးမယ်ထင်တယ် … ပစ်တိုင်းထောင်တို့က‌တော့ မိစွာနဲ့ မိုက်မိုက်စန်းကို ရေချိုးပေးပြီး အခု သူတို့လည်း ရေချိုးနေကြတယ် “

” အေးကွယ် … အိမ်ကလည်း လူတွေနဲ့ ခွေးတွေနဲ့ မြိုင်ဆိုင်နေရော . အဟေး . ကောင်းပါ့ … ဒီလိုဆိုတော့လည်း အဘတို့သားအဖတွေချည်းပဲ မပျင်းရတော့ဘူးပေါ့ . အဘလည်း စိတ်ကြည်တယ် “

အခါးရည်ကို တဖူးဖူးမှုတ်သောက်ရင်း ပြောနေတဲ့အဘက ခပ်ပြုံးပြုံးရယ်။ ဒင်္ဂါးလည်း မိစွာနဲ့ မိုက်မိုက်စန်းကို ရေခြောက်အောင်သုတ်ပေးပြီးပြီမလို့ အဘဘေးမှာ ဝင်ထိုင်လိုက်သည်။

” အင်း … အခုသာ မြိုင်ဆိုင်နေတာ … ပစ်တိုင်းထောင်သာပြန်သွားရင် အဘတို့တော့ ပျင်းနေချေတော့မယ် “

အဘစကားကြောင့် ဒင်္ဂါးမှာ စကားပင် ပြန်မပြောနိုင်။ တကယ်လို့ ပစ်တိုင်းထောင်သာ ပြန်သွားရင် ဒင်္ဂါးတို့မိသားစုတင်သာမက တစ်ရွာလုံးကပါ ပျင်းပြီး ကျန်နေရစ်ခဲ့တော့မှာ ဖြစ်သည်။

” ဟော့ … သူကြီးပြန်ရောက်ပြီလား “

” အခုနကလေးတင်ပဲ ပြန်ရောက်တယ်ကွ … ရေချိုးနေတာဆို … ပြီးပြီပေါ့ “

ပစ်တိုင်ထောင်က ခေါင်းညိတ်ရင်း ကွပ်ပျစ်ပေါ်က လွတ်တဲ့နေရာမှာ ဝင်ထိုင်သည်။ ရေချိုးပြီးတော့လည်း အဝတ်အစားပဲ ကောက်လဲလာပုံရတဲ့ ပစ်တိုင်းထောင်က ခေါင်းကိုလည်း ရေခြောက်အောင်လို့ သုတ်လာပုံမရ။ ရွာမှာနေရင်း ဆံပင်မညှပ်တာလည်း ကြာပြီမလို့ ရေစိုနေတဲ့ ဆံပင်တွေက အချောင်းလိုက်ပင် နဖူးပေါ်မှာ ကျနေသည်။

” ခေါင်းစိုကြီးနဲ့ ပြီးရင်ခေါင်းကိုက်ဦးမယ် “

” ဟမ့် … ဒီလောက်နေပူနေတာကို ခဏနေရင် ခြောက်သွားလိမ့်မယ် “

” အနည်းဆုံးတော့ ရေစစ်အောင်တော့ သုတ်ခဲ့မှပေါ့ ပစ်တိုင်းထောင်ရဲ့ … အခုကျ ရေတွေက ခေါင်းပေါ်ကနေ တစက်စက်ကျနေတုန်း “

” အော် ဒါများ . ခါလိုက်ရင် ပြီးပေါ့ “

ပစ်တိုင်းထောင်က ပြောလည်းပြော လက်နဲ့ ခေါင်းပေါ်ကဆံပင်တွေကို လက်ချောင်းတွေနဲ့ ဆွဲဖွရင်း ရေတွေကို ခါထုတ်ပစ်လိုက်သည်။ တစ်ဖက်ကလည်း ကွပ်ပျစ်ပေါ်က ထန်းလျက်ခဲကို ကောက်ဝါးနေတာကြောင့် ပါးစပ်ထဲလည်း ထန်းလျက်အပြည့်။

” ဆျာထောင်ရေ … အစ်မငွေမှုန်က မေးနေတယ် … နေ့လယ်ခင်းစာကို ငါး‌ချဉ်ပေါင်စားမလား . ငါးကြော်နဲ့ ချဉ်ပေါင်ရွက်အချဉ်ဟင်းရည် သောက်မလားတဲ့ “

” ဟ ငါ့အစ်မနှယ် … ငါးချဉ်ပေါင်ပေါ့ဟ “

” ဟုတ်ကဲ့ … ဟုတ်ကဲ့ “

အစ်မငွေမှုန်က အိမ်နောက်ဖေးမှာ နေ့ခင်းစာချက်နေပုံရသည်။ ခွေးပုက ပစ်တိုင်းထောင်ကို ခေါင်းတဆတ်ဆတ်ညိတ်ပြရင်း အိမ်နောက်ဖေးကို ပြန်ဝင်သွားသည်။

” ရုံးဆောက်နေတာ အတော်ပြီးနေပြီလား သူကြီး “

” သုံးပုံပုံရင် နှစ်ပုံနီးပါးတော့ ပြီးနေပြီ ပစ်တိုင်းထောင်ရဲ့ “

” ကိုမင်းမျိုးဆီကနေ ကြားရတာတော့ ရုံးခန်းပြီးရင်တော့ ရုံးဖွင့်ပွဲအတွက် ကိုကိုကြီးတို့က ရွာလာဦးမယ် ပြောတယ် “

” မြို့အုပ်မင်းတို့ ရွာလာပြီးရင် ပစ်တိုင်းထောင်က ပြန်လိုက်သွားမလို့လား ”

သူကြီးစကားကြောင့် ပစ်တိုင်းထောင်က ပါးစောင်ထဲက ထန်းလျက်ခဲကို နာနာဖိဝါးရင်း မျက်စောင်းခဲလိုက်သည်။

” သူကြီးက ကျုပ်ကို ပြန်စေချင်နေပြီလား … ဒါဖြင့် ကျုပ်က ပြန်လိုက်သွားရတော့မှာလား ပြော “

” မဟုတ်တာ ပစ်တိုင်းထောင်ရယ် … အဘက အဲ့လိုသဘောမျိုးမဟုတ်ပါဘူး “

ပစ်တိုင်းထောင်ကြောင့် ခေါင်းခါလည်ခါငြင်းလာတဲ့ သူကြီးကို အကြည့်လွှဲလိုက်ရင်း ဘေးမှာထိုင်နေတဲ့ ရွှေဒင်္ဂါးကို စောင်းငဲ့ကြည့်လိုက်သည်။ ဘာစကားမှဝင်မပြောပဲ ငြိမ်သက်နေတဲ့ ရွှေဒင်္ဂါးက အစ်မငွေမှုန်ချထားပေးတဲ့ လက်ဖက်ပန်းကန်လေးကို ဇွန်းအသေးလေးနဲ့ ထိုးဆွနေသည်။

” ဟမ့် … မဟုတ်လည်းပြီးတာပဲ . ကျုပ်က ပြဿနာရှာလွန်းတယ်ဆိုပြီး မြန်မြန်လစ်ရင် ပြီးရောဆိုပြီး မောင်းထုတ်‌ချင်နေသလားလို့ “

” အဲသလိုတော့ မဟုတ်ပါဘူး ပစ်တိုင်းထောင်ရယ် … အဘက ဒီအတိုင်းမေးတာပါ “

သူကြီးနဲ့ ရွှေဒင်္ဂါးက သားအဖတွေလို့ကို မပြောရ။ စကားပြောဆိုပုံကလည်း ခပ်ဆင်ဆင်မလို့ ပစ်တိုင်းထောင်က ကိုယ့်အတွေးနဲ့ကိုယ် ကြိတ်ရယ်ပစ်လိုက်သည်။

” ဗျို့ … သူကြီးရေ “

” မင်းငွေရေ . ငါတို့လာတယ်ဟေ့ “

စကားလက်‌ဆုံကျနေတုန်း ခြံဝကနေ ခေါ်သံခပ်ကျယ်ကျယ်ကို ကြားလိုက်ရတာမလို့ ပစ်တိုင်းထောင်တို့ အကြည့်တွေက ခြံဝကိုရောက်သွားသည်။

” ဟမ် … ကိုဖိုးလူတို့ပါလား … ကန်တော့ပွဲကြီးတွေနဲ့ ဘယ်ကဘယ်လို … “

ဦးမင်းငွေရဲ့စကားက တစ်ဝက်တစ်ပြက်မှာတင် ရပ်တန့်သွားသည်။ ဦးဖိုးလူနောက်မှာပါလာတဲ့ ကန်တော့ပွဲကို ခေါင်းပေါ်ရွက်လာသူက သန်းဇော်ဖြစ်နေတာမလို့ အခြေအနေ တစ်စွန်းတစ်စကို ရိပ်မိလိုက်သည်။

” ကဲ . ကိစ္စကတော့ဗျာ … အခုနေလောက်ဆို ရိပ်မိလောက်ပါရဲ့ … အေးအေးဆေးဆေး စကားပြောကြတာပေါ့ဗျာ “

ဦး‌မင်းငွေကတော့ စိတ်ရှိတိုင်းသာဆို သားအဖနှစ်ယောက်လုံးကို ခြံထဲဝင်လာကတည်းက နှင်ထုတ်လိုက်ချင်ပေမယ့် အိမ်ရှင်ဖြစ်နေတာကြောင့် မရိုင်းချင်တာမလို့ အိမ်အပေါ်ထပ်ကို ခေါ်ဖို့ပြင်ရသည်။

” လူလေး … မင့်အစ်မကို အိမ်အပေါ်တက်ခဲ့ဖို့ ပြောချေဦး . ပြင်ဆင်မနေနဲ့ . ဒီအတိုင်းလာခဲ့ချေလို့ပြောလိုက် … ဒါနဲ့ . ရေနွေးကြမ်းယူခဲ့ချေဦး … ကျန်တာဘာမှယူမလာနဲ့ “

” ဟုတ်ကဲ့ အဘ “

သူကြီးက ရွှေဒင်္ဂါးကို ခပ်တိုးတိုးကပ်ပြောကာ ချောင်းတစ်ချက်ဟန့်ရင်း ဦးဖိုးလူတို့ သားအဖကို ဦးဆောင်လို့ အိမ်အပါ်ထပ်ကို ခေါ်သွားသည်။ ရွှေဒင်္ဂါးကလည်း ကွပ်ပျစ်ပေါ်ကဆင်းလို့ အိမ်နောက်ဖေးကိုဝင်သွားပြီး အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ပစ်တိုင်းထောင်တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။

” အမဲရိုးက ဟင်းအိုးမှအားမနာလို့ ပြောရအောင်လည်း အမဲရိုးကို အားနာနေရဦးမယ် … ဟမ့် . ကျုပ်အစ်မကိုများ မတန်မရာ . သူတောင်းစား.. သီတင်းကဖြင့် မနေ့ကမှကျွတ်တာကို “

ပစ်တိုင်းထောင်က ဆောင့်ကြွားဆောင့်ကြွားနဲ့ ကန်တော့ပွဲကြီးရွက်လို့ အိမ်အပေါ်တက်သွားတဲ့ သန်းဇော်ကိုကြည့်ရင်း အနောက်ကနေ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုလိုက်သည်။ ပြီးကာမှ ကွပ်ပျစ်ပေါ်ကဆင်းပြီး အနည်းငယ်လျော့ရဲကျနေတဲ့ ပုဆိုးကို ပြင်ဝတ်လိုက်ရင်း အိမ်အပေါ်ထပ်ကို လိုက်သွားလိုက်သည်။

” လာရင်းကိစ္စကတော့ သားရေးသမီးရေးပေါ့ဗျာ … နားနဲ့မနာ ဖဝါးနဲ့သာနာပါ … ကျုပ်သားက မင့်သမီး ငွေမှုန့်ကို မေတ္တာရှိတယ်ဆိုလို့ ကျုပ်က‌လည်း မိဘတို့ဝတ္တရားအရ လာမြန်းရတာ “

အိမ်အပေါ်ထပ်ကိုရောက်တော့ အာဘောင်အာရင်းသန်သန် စကားပြောနေတဲ့ ဦးဖိုးလူရဲ့အသံဝါကြီးကို နားကလောဖွယ် ကြားလိုက်ရသည်။ တံခါးဝကနေ လှမ်းကြည့်လိုက်တော့ သူကြီးက အိမ်ခေါင်းရင်းမှာ တင်ပျင်ခွေလို့ထိုင်နေပြီး ဦးဖိုးလူတို့ယူလာတဲ့ ငှက်ပျောပွဲကြီးကလည်း အရှေ့တည့်တည့်မှာ ချထားသည်။

” လာမြန်းတာကတော့ လူကြီးတွေရဲ့ တာဝန်မလို့ပေမယ့် ကျုပ်ကတော့ ကျုပ်သမီးရဲ့ သဘောဆန္ဒပါပဲ ကိုဖိုးလူ . စိတ်တော့မရှိလေနဲ့ “

” ဟင်း. ဟင်း … ဟုတ်ပါပြီဗျာ . ‌ကျုပ်တို့ကလည်း သမီးရှင်ဘက်ကို အလေးထားပါတယ် “

ပစ်တိုင်းထောင်က ထိုမြင်ကွင်းကိုကြည့်ရင်း မြင်ပြင်းကပ်စွာ အိမ်ပေါက်ဝမှာ ဒူးတစ်ဖက်ထောင်လို့ ‌ထိုင်ချလိုက်ရင်း စူးစူးကြီးစိုက်ကြည့်နေလိုက်သည်။ သိပ်မကြာခင် သန်းဇော်ရဲ့ အကြည့်တွေက ပစ်တိုင်းထောင်ဆီ ဝေ့ဝဲရောက်လာရင်း ပြူးကြည့်နေတာမလို့ ပစ်တိုင်းထောင်ကလည်း မျက်ခုံးပင့်ပြလိုက်သည်။

ရုပ်ကိုက ခွေးကျွေးလို့ ဝက်မစားတဲ့ရုပ်နဲ့ မတန်မရာ ကွမ်းတောင်ကိုင် အစ်မငွေမှုန်ကို မှန်းချင်သေး။ အရက်သမားက သားသားနားနားဝတ်ထားတာတောင် မျက်နှာက အဆီတဝင်းဝင်းနဲ့ မဲသဲနေတာမလို့ တစ်စက်မှပင် မေတ္တာထားချင်စဖွယ်မရှိ။

” ပစ်တိုင်းထောင် ~ အိမ်ပေါက်ဝကြီးမှာ ဘာလို့ထိုင်နေတာလဲ … အိမ်ထဲကိုဝင်လေ “

” ဟမ့် . ကျုပ်ဘာသာ ဘယ်နားထိုင်ထိုင်ပေါ့ “

အိမ်အပေါ်တက်လာတဲ့ ရွှေဒင်္ဂါးက လက်ထဲမှာလည်း ရေနွေးကြမ်းအိုးနဲ့ ခွက်ကလေးတွေထည့်ထားတဲ့ ဗန်းကလေးကိုကိုင်ထားသည်။ ပစ်တိုင်းထောင်က ကိုယ့်ဝသီအတိုင်း ရွှေဒင်္ဂါးကို ဘုတောလိုက်ရင်း ရွှေဒင်္ဂါးလက်ထဲက အခါးရည်ဗန်းကို လက်လွှဲယူလိုက်သည်။

” ကျုပ်ကိုပေးချည် … ကျုပ်သွားချလိုက်မယ် … ခင်ဗျားကတော့ အောက်ကိုဆင်းချေ . သွား “

” အမ် . မဟုတ်ဘူးလေ … ကျွန်တော်လည်းထိုင်မယ်လေ “

” ကျစ် ! ဆင်းဆို ဆင်းပေါ့ … ရှည်ပြန်ပြီ “

ပစ်တိုင်းထောင်ရဲ့အသွင်က စိတ်မရှည်ဟန်မလို့ ဒင်္ဂါးလည်း လှည့်ကြည့်လှည့်ကြည့်နဲ့ အိမ်အောက်ကို ဆင်းလာခဲ့လိုက်သည်။

” အငယ် … အပေါ်မှာ သန်းဇော်တို့ သားအဖတစ်တွေ ရောက်နေတယ်ဆို … အဘကလည်း လာခဲ့ဆိုလို့ . စိတ်ညစ်ပါ့ “

” ဟုတ်တယ် အစ်မရဲ့ … အစ်မကို လာမြန်းပုံပဲ “

” ဟင် …  အစ်မဖြင့် သူ့ကိုမယူချင်ပါဘူး အငယ်ရယ်.. စိတ်ညစ်တော့တာပဲ “

အစ်မငွေမှုန်က ‌ညည်းညည်းညူညူဆိုရင်း စိတ်ပျက်ဟန်နဲ့ သက်ပြင်းရှည်ကြီးချသည်။ အဘခေါ်လို့ မီးဖိုချောင်ကနေ အမြန်ထွက်လာရသည်မို့ အစ်မငွေမှုန်က အနည်းငယ်ခပ်နွမ်းနွမ်းဖြစ်နေပေမယ့် အလှကတော့မပျက်သေးပါ။

” အဘကလည်း လက်ခံမယ့်ပုံ မပေါ်ပါဘူး အစ်မရယ်… မကောင်းတတ်လို့ စကားလက်ခံပြောနေပုံပါ … ခဏလောက်ဖြစ်ဖြစ်သွားဦး … မပူနဲ့ . အပေါ်မယ် ပစ်တိုင်းထောင်လည်းရှိတယ် “

” ဟင် ~ မောင်ငယ်ပစ်တိုင်းထောင်လည်း ရှိသလား … အဲ့တာဆို သန်းဇော် သိပ်မလှုပ်ရဲလောက်ဘူး “

” အင်းပေါ့ . အဲတာကြောင့် ခဏလောက် မျက်နှာသွားပြချေဦး “

ငွေမှုန်က အငယ့်စကားကို လက်ခံပြီး ခေါင်းညိတ်ပြလိုက်ရင်း အိမ်အပေါ်ကို တက်လာခဲ့လိုက်သည်။ အိမ်အပေါ်ထပ်ကိုရောက်တော့ အိမ်ခေါင်းရင်းမယ် အဘကထိုင်နေပြီး မောင်ငယ်ပစ်တိုင်းထောင်ကလည်း အဘဘေးမှာ ဒူးတစ်ဖက်ထောင်လို့ အိမ်ကြီးရှင်သဖွယ် မိန့်မိန့်ကြီးထိုင်နေသည်။

” ဟော . လုံမလေး လာပြီပဲ … လာ လာ “

အဘက ငွေမှုန့်ကိုမြင်တော့ လှမ်းခေါ်လာတာမလို့ ငွေမှုန်ကလည်း ခေါင်းလေးငုံ့ရင်း မောင်ငယ်ပစ်တိုင်းထောင်‌နားမှာ ကပ်ထိုင်လိုက်သည်။

” ကဲ … ငါ့သမီးငွေမှုန်က အခုမှရောက်တာဆိုတော့ ထပ်ပြောရတာပေါ့ … ဟောဒီက ငါ့သမီးရဲ့အဘ သူကြီးမင်းငွေကိုလည်း ပြောပြီးပါပြီ … အခုကတော့ လာမြန်းရုံပေမယ့် သမီးငွေမှုန်သာခေါင်းညိတ်ရင် အဘတို့က လူကြီးစုံရာနဲ့ လာတင်တောင်းမယ်ဗျာ “

ပစ်တိုင်းထောင်က ရေပက်မဝင်အောင် ဆက်တိုက်ပြောနေတဲ့ ‌ဦးဖိုးလူကြောင့် နှုတ်ခမ်းတွန့်ရုံ‌ပြုံးပြီး နှာခေါင်းထဲကနေ လေထွက်ရုံမျှ ဟွန့်ခနဲရယ်လိုက်သည်။ ဘယ်သူကရော သဘောတူတယ်ပြောလို့ ဒင်းတို့သားအဖက လာတောင်းဖို့အထိပါ စကားဦးသန်းနေသလဲမသိ။

ပစ်တိုင်းထောင်က ဦးဖိုးလူတို့ သားအဖကိုကြည့်ရင်း ဘေးမှာထိုင်နေတဲ့ အစ်မငွေမှုန်ကို လှည့်ကြည့်လိုက်သည်။ အစ်မငွေမှုန်က အနေခက်နေဟန် ခေါင်းငုံ့နေရှာသည်။ သန်းဇော်ကို တစ်လှည့်ကြည့်လိုက်တော့ သကောင့်သားက အစ်မငွေမှုန်ကို ပြာကျမတတ် ပြူးပြဲကြည့်နေတာမလို့ ပစ်တိုင်းထောင်မှာ ဒင်းကို ထရိုက်ပစ်ချင်စိတ်ကိုပင် မနည်းထိန်းနေရသည်။

” နို့ … ကျုပ်သမီးက အနေခက်နေဟန်မလို့ ကျုပ်ကပဲ မေးချေဦးမယ် “

စကားဝိုင်းက တိတ်ဆိတ်နေတာမလို့ သူကြီးကပဲ စကားစလာတာကြောင့် ပစ်တိုင်းထောင်ရဲ့အကြည့်တွေက သူကြီးဆီကို ရောက်သွားသည်။

” ကဲ . မောင်သန်းဇော်ကို မေးပါဦးမယ် “

” ဟင် . ဟုတ်ကဲ့ . ဟုတ်ကဲ့ သူကြီးခင်ဗျ “

ဒေါင်းယောင်ဆောင်သောကျီးလို အရက်သမားက ယဉ်ကျေးပြနေတာမလို့ ပစ်တိုင်းထောင်ရဲ့မျက်နှာက ရှုံ့မဲ့သွားသည်။ အသားမဲရတဲ့အထဲ ဝတ်လာတဲ့လည်ကတုံးက အဖြူမလို့ အရောင်ထွက်ရမယ့်အစား နွားချေးခြောက်ကို အဝတ်ဖြူပတ်ထားသည့်နှယ်ဖြစ်နေသည်။

” မောင်ရင့်ကို သမီးနဲ့ အဘတို့က သဘောတူလိုက်ပြီဆိုပါတော့ … အဘသမီးကို မင့်က ဘာအလုပ်လုပ်ပြီးများ လုပ်ကိုင်ကျွေးမတုန်း “

” ဟာ … ဒါဖြင့် လွယ်လွယ်လေး … ငွေမှုန်ကလေးကို ကျုပ်တို့က ရွှေတွေ လယ်တွေနဲ့ တင်တောင်းမှာဗျ … ကျုပ်က အလုပ်လုပ်စရာတောင်မလိုဘူး . ကျုပ်မိန်းမလေး ထိုင်စားရုံတင် “

သန်းဇော်က သူကြီးကိုစကားပြောနေရင်း ကျုပ်မိန်းမလေးဆိုတဲ့နေရာမှာ အကြည့်တွေက အစ်မငွေမှုန်ဆီ ဝေ့ဝဲလာတာမလို့ ပစ်တိုင်းထောင်က လက်သီးပြင်ရင်း ထထိုးဖို့ပြင်လိုက်သည်။ ဒါပေမယ့် ဘေးမှာထိုင်နေတဲ့ အစ်မငွေမှုန်က ပစ်တိုင်းထောင်ရဲ့ အင်္ကျီလက်မောင်းစကို မသိမသာဆွဲထားတာကြောင့် စိတ်လျှော့လိုက်ရသည်။

” ပစ္စည်းဥစ္စာကတော့ ရန်သူမျိုးငါးပါးရန်ကို ကြောက်ရသေးတယ်လေ သန်းဇော်ရဲ့ … မင်းပြောတဲ့ ရွှေတွေလယ်တွေကတော့ အဘသမီးကို အိမ်ထောင်ရက်သား မချပေးလည်း အဘတို့က ပစ္စည်းဥစ္စာတွေနဲ့ ပြည့်ပြည့်စုံစုံထားနိုင်ပါတယ် . ဒါတွေကထားပါလေ. ထပ်မေးပါရစေဦး. ကဲ … ထိုင်စားလို့ရတယ်ဆိုတော့ မင့်က မင့်အဖေဆီကနေ အမွေဘယ်လောက်ရမှာမို့တုန်း “

” ဒါများ … အမွေတွေအကုန်လုံးက ကျုပ်အဖေသေရင် ကျုပ်အတွက်ချည်းပဲလေ “

သန်းဇော်စကားကြောင့် ဘေးမှာထိုင်နေတဲ့ ဦးဖိုးလူမျက်နှာကြီး ရှုံ့မဲ့သွားတာကို မြင်လိုက်ရတဲ့ ပစ်တိုင်းထောင်နဲ့ အစ်မငွေမှုန်တို့က ကြိတ်ရယ်နေမိသည်။

” အေးလေ … မင့်ရမယ့်အမွေက ငါ့ထက်သာမှတော့ဖြစ်မယ်လေ … မဖြစ်စလောက်ဆိုရင်တော့ ငါ့သမီးကို ဂုဏ်အငယ်ခံလို့ဖြစ်မလားကွ “

” ဟ မင်းငွေ … မင်းအဲ့သည်လိုတော့ မပြောပါနဲ့ကွာ . မင်းလည်းသူကြီး ငါလည်းသူကြီး … “

” ဟေ့လူ ကိုဖိုးလူ … သူကြီးကတော့ ဟုတ်တယ်လေ … ကျုပ်ရဲ့ သူကြီးသက်တမ်းတစ်လျှောက်လုံးမယ် ကျုပ်ပိုင်ဆိုင်သမျှက ကျုပ်ရဲ့ လယ်ယာစီးပွားရေးနဲ့ တိုးတက်လာတာချည်းပဲ … သူကြီးဖြစ်နေလို့ ဂုဏ်တင့်တာကလွဲရင် ငွေဂုဏ်တင့်လာတာမျိုးမရှိဘူး “

ဦးဖိုးလူက သူကြီးမင်းငွေရဲ့စကားကို ပြန်ပြောမလို့ ပါးစပ်တပြင်ပြင်ပေမယ့် သူကြီးမင်းငွေဆိုရင် မင်းကန်ရိုးရွာမှာ သမာသမတ်ကျလွန်းတဲ့ သူကြီးဆိုကာ ဒီနယ်တစ်ဝိုက်မှာ နာမည်သတင်းကြီးလှတာမလို့ ပြန်ချေပစရာ စကားမဲ့ရပြန်သည်။

ပြောစရာစကား မရှိတော့တဲ့ ဦးဖိုးလူတို့ သားအဖနှစ်ယောက်ကတော့ ခေါင်းငုံ့ရင်း ငြိမ်သက်သွားသည်။ ဦးမင်းငွေကတော့ ထိုသားအဖနှစ်ယောက်ကိုကြည့်ရင်း ကျေနပ်ပြုံးကြီးပြုံးလိုက်သည်။ အနည်းဆုံးတော့ ဦးမင်းငွေက စကားလှအောင်ပြောရင်း ဦးဖိုးလူနဲ့ သန်းဇော်တို့ သားအဖနှစ်ယောက်ကို ရန်တိုက်ပေးလိုက်နိုင်ပြီဖြစ်သည်။

မတန်မရာမှန်းပုံများ ဦးမင်းငွေက သန်းဇော်နဲ့ ငွေမှုန့်ကို ပေးစားမယ့်အစား ခွေးအမြီးကိုသာဖြတ်ပြီး ပေးစားလိုက်မည်။

” ကဲ . ကျုပ်တို့ တစ်ရက်တော့ ထပ်လာခဲ့ချေပါဦးမယ် … ကျုပ်တို့ကတော့ နှစ်အိမ် ဆွေမျိုးတော်ချင်ရဲ့ဗျာ “

ဦးဖိုးလူစကားကို ဦးမင်းငွေကတော့ ဘာမှမတုံ့ပြန်ပဲ ခပ်ပြုံးပြုံးသာ ကြည့်နေလိုက်သည်။ ပြောရင်းဆိုရင်း သန်းဇော်ကိုမစောင့်ပဲ ရှေ့မှာချထားတဲ့ ကန်တော့ပွဲကြီးကို ကောက်မလိုက်တဲ့ ဦးဖိုးလူကြောင့် ဘေးမှာထိုင်နေတဲ့သန်းဇော်က ပျာပျာသလဲဖြစ်သွားသည်။

” အဖေ့ . မဟုတ် မဟုတ်သေးဘူးလေ … ကျုပ်ကို မိန်းမတောင်းပေးရမယ်လေ “

” အေး . မင့်အတွက် မိန်းမ မတောင်းခင် အိမ်ပြန်ပြီး ငါမသေခင် မင်းရမယ့်အမွေအကြောင်း ဆွေးနွေးကြတာပေါ့ “

” ဟာဗျာ မဟုတ်သေးဘူးလေ အဖေ “

ဦးဖိုးလူက ခပ်ရွတ်ရွတ်ပြောရင်း ကန်တော့ပွဲကြီးသယ်လို့ အိမ်အောက်ထပ်ကိုဆင်းသွားသည်။ သန်းဇော်ကလည်း ဦးဖိုးလူကို တကြောကြော်ခေါ်ရင်း အနောက်ကနေ လိုက်သွားတာမလို့ ဦးမင်းငွေကတော့ တင်ပျဥ်ခွေအထိုင်မပျက် တသောသောရယ်သည်။

” ဟား ဟား … ငါ့သမီးကို မတန်မရာ လာမှန်းတဲ့ကောင် မှတ်ပလား “

သူကြီးအသံက အားရကျေနပ်နေသံကြီးမလို့ ဘေးမှာရှိတဲ့ ပစ်တိုင်းထောင်ကလည်း ခေါင်းတရမ်းရမ်းနဲ့ လိုက်ရယ်မိသည်။ သူကြီးစိတ်ကို မသိတာတော့ မဟုတ်ပေမယ့် တစ်ဖက်ကလည်း သူကြီးမလို့ အချင်းချင်း မျက်နှာနာစရာတွေ မဖြစ်ရလေအောင် သဘောတူလိုက်မှာကို ပစ်တိုင်းထောင်မှာ စိုးနေရသေးတာ။

သန်းဇော်နေရာမှာ ကိုမင်းမျိုးသာဆို ရော့. အင့်ဆိုပြီး ပစ်တိုင်းထောင်က အစ်မငွေမှုန်ကို ထိုးထည့်ပေးလိုက်မှာပေမယ့် သန်းဇော်ဖြစ်နေတာကြောင့် အိမ်ပေါ်က ကန်ချချင်စိတ်ကိုပင် မနည်းထိန်းထားရသည်။

” ကဲ လုံမလေး … အခါးရည်ဗန်းကြီးသိမ်းစမ်း … မျက်စိနောက်လွန်းလို့ … ဟိုသားအဖ သောက်သွားတဲ့ခွက်တွေကို သေချာဆေးကြောချေ “

” ဟုတ်ကဲ့ အဘ “

ငွေမှုန်က ကလေးဆန်လွန်းတဲ့အဘကြောင့် ခပ်ပြုံးပြုံးလုပ်ရင်း အခါးရည်‌ဗန်းကိုကောက်သယ်ကာ ‌အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။ အောက်ထပ်ရောက်တော့ ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ အငယ်နဲ့ မောင်ခွေးပုက စပ်စုလိုဟန် ငွေမှုန့်အနားကို အပြေးရောက်လာသည်။

” အစ်မ အစ်မ … ဘယ်လိုဖြစ်သွားသလဲ . ကျုပ်ဖြင့် ရင်ပူတာ . ဒါပေမယ့် ဟိုသားအဖမျက်နှာကြည့်ရတာတော့ ချီးမှန်ထားတဲ့အတိုင်းပဲ … သူကြီးက သဘောမတူဘူးမဟုတ်လား “

မေးချင်နေတဲ့စကားကို ဒင်္ဂါးထက်အရင် ခွေးပုက ဦးအောင်မေးလိုက်တာမလို့ ဒင်္ဂါးကလည်း ခေါင်းညိတ်ရင်း အစ်မငွေမှုန်ကိုကြည့်လိုက်သည်။

” အဘက သဘောတူတယ် မတူဘူးတော့မပြောလိုက်ပါဘူး မောင်ခွေးပုရယ် … တစ်ဖက်လှည့်နဲ့ သူတို့သားအဖကို ရန်တိုက်ပေးလိုက်တာ သူတို့အချင်းချင်း ရန်စောင်ရင်း ပြန်ကြလေရဲ့ “

အစ်မငွေမှုန်က လက်ထဲက အခါးရည်ဗန်းကလေးကို ကွပ်ပျစ်ပေါ်ချကာ ခပ်မျှင်းမျှင်းလေးရယ်ရင်း ပြောသည်။

” အဲ့ကောင် သန်းဇော်က ကျွန်တော်တို့အစ်မကို မတန်မရာ လာမှန်းတာပါဗျာ … သူနဲ့ပေးစားမယ့်အစား သူကြီးက အနားက နီးစပ်ရာ နယ်အုပ်သစ်ကြီးနဲ့ ကောက်ပေးစားလိုက်ရင်တောင် ပိုသင့်လျော်ချေဦးမယ် “

” ဟေ့ ခွေးပု ~ ဘာတွေပြော “

ဒင်္ဂါးကတော့ အစ်မကို တိုသူပီပီ ခွေးပုစကားကြောင့် ခွေးပုလက်မောင်းကို ဖတ်ခနဲ ခပ်နာနာရိုက်လိုက်သည်။ ဒင်္ဂါးက သဝန်တိုပြီး ခွေးပုကိုချည်း ဖိမဲနေတာကြောင့် သိသိသာသာ‌ရဲစွေးသွားတဲ့ အစ်မငွေမှုန်မျက်နှာကိုတော့ မမြင်လိုက်ရပါ။

ကန်တော့ပွဲကြီးရွက်လို့ ခြံထဲကနေ ဘောက်ဆတ်ဆတ်ထွက်သွားတဲ့ သားအဖနှစ်ယောက်ကို ပစ်တိုင်းထောင် အိမ်အပေါ်ထပ်ကနေ လည်ဆန့်လို့ မျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်။ သန်းဇော်တို့သားအဖ ပစ်တိုင်းထောင်ရဲ့ မျက်ကွယ်ရာကို ရောက်သွားကာမှ အနားမှာ ငြိမ်ငြိမ်သက်သက်ထိုင်နေသေးတဲ့ သူကြီးကို လှည့်ကြည့်လိုက်သည်။

” သူကြီး … “

” ဟေ “

” အစ်မငွေမှုန်ကျတော့ သူကြီးက သမီးရှင်မလို့ တင်တောင်းရမှာတော့ ဟုတ်ပါပြီ … ရွှေဒင်္ဂါးကျတော့ရော “

ပစ်တိုင်းထောင်အမေးကြောင့် မထင်မှတ်ထားပုံရတဲ့သူကြီးက မျက်ခုံးပင့်သွားသည်။

” ဟော့ … အဘသား ရွှေဒင်္ဂါးကျတော့လည်း အဲ့သလိုပဲပေါ့ကွာ … ဘာမှမကွာဘူး “

” ဟမ် . အဲ့လိုလား “

” အေးပေါ့ကွ “

ဦးမင်းငွေကတော့ သားဖြစ်သူ ရွှေဒင်္ဂါးအလှည့်ကျ သူများသားကို ပြောထားသလိုမျိုး ချွေးမသာရခဲ့မယ်ဆို ကိုယ့်သားကို အမွေအပြည့်အစုံပေးလိုက်မှာဖြစ်သည်။ ကိုယ့်သားနဲ့ညားကာမှ သူများသမီးပျိုလေး မျက်နှာငယ်ရမှာမျိုးတော့ အဖြစ်မခံပါ။ ဦးမင်းငွေက ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိသည်။

သို့ပေမယ့် ပစ်တိုင်းထောင်ကတော့ စကားမပြောတော့ပဲ မိန့်မိန့်ကြီးပြုံးနေတဲ့သူကြီးကြောင့် ကိုယ်တိုင်လည်း ငြိမ်သက်သွားရသည်။ သူကြီးက ရွှေဒင်္ဂါးအလှည့်ကျရင်လည်း အစ်မငွေမှုန်လိုပင် တင်တောင်းရမယ်ဆိုတာကြောင့် ပစ်တိုင်းထောင်မှာလည်း အတွေးများရပြီဖြစ်သည်။

သားရှင်ဖြစ်ပြီး သူကြီးကို တင်စီးတယ်လို့လည်း မတွေးနိုင်။ အနည်းဆုံးတော့ ရွှေဒင်္ဂါးကလည်း တစ်ဦးတည်းသော သားငယ်မလို့ သူကြီးမှာလည်း ပိုးဥလေးလို ဥထားချင်ရှင်မှာပေါ့။ သူကြီးပြောပုံအရဆို ပစ်တိုင်းထောင်သာ ရွှေဒင်္ဂါးကလေးကိုလိုချင်ရင် သူကြီးမငြင်းနိုင်တဲ့ ပမာဏနဲ့ တင်တောင်းနိုင်ကာမှ ရပေလိမ့်မည်။

” သူကြီး “

” ဟေ . ခေါ်ပြန်ပြီ … ဘာတုန်းကွ “

” ကျုပ် မြို့ကိုခဏပြန်ဦးမယ် “

” ဟမ် … အစောပိုင်းလေးတင်ပြောတော့ မပြန်ဘူးဆို … ခုကျ ဆိုင်းမဆင့်ဘုံမဆင့်ပါလားကွ “

စကားမေးတောင် မရတော့ပဲ ပစ်တိုင်းထောင်က ဦးမင်းငွေဘေးကနေထပြီး အခန်းထဲကို ခပ်သုတ်သုတ်ပြေးဝင်သွားသည်။ ဦးမင်းငွေမှာသာ ရုတ်တရက်ကြီး မြို့ပြန်မယ်ဖြစ်သွားတဲ့ ပစ်တိုင်းထောင်ကြောင့် ကြောင်အလျက်သား အိမ်အပေါ်ထပ်က ဧည့်ခန်းမှာသာ ကျန်ရစ်ခဲ့တော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၀-၆-၂၀၂၄)

ဒီရက်ပိုင်း update မှန်ပါမယ်ရှင့်

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၂), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၂), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၂) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၂) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၂) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၂) light novel, ,

Comment

Leave a Reply

Chapter 43