Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 39 ) uni & zg
A+ A-
Unicode
လင်းညှို့ သူ့ရုံးခန်းတွင်းက အိပ်ခန်းဆီကို ခေါ်လာခဲ့၏။ အခန်းထဲရောက်တာနဲ့ ဆိုဖာတွင် ထိုင်စေကာ သူလဲဘေးတွင် ဝင်ထိုင်၏။
ဆွေးမြေ့က ခေါင်းလေးငုံ့ကာငြိမ်သက်နေသည်။ လင်းညှို့ကလဲ ဘယ်ကစပြောရမလဲစဉ်းစားနေရ၏။ နှစ်ယောက်လုံး အတန်ကြာငြိမ်သက်နေပြီးမှ
” ကျွန်တော် တောင်းပန်ပါတယ် ceo “
ခေါင်းလေးငုံ့လျက် တိုးညင်းစွာဆိုလာသည်။
” စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပဲ လုပ်ချင်ရာ လုပ်ခဲ့မိတယ် ceo ရဲ့ သိက္ခာကို မတွေးလိုက်နိုင်ပဲ ရိုင်းခဲ့မိပါတယ် ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ ပြီးတော့ဆူလဲမဆူပါနဲ့ဗျ တောင်းပန်ပါတယ် ”
” မြေ့အိမ်…. ကိုယ့်ကိုကြည့် ”
ကောင်လေးက ခေါင်းကို ငုံ့ကာ အတွင်တွင်
တောင်းပန်နေတာမို့ လက်နှစ်ဖက်ကို ဆွဲယူကာ ပြောလိုက်သည်။
” ……. “
” ကိုယ့်ကို မော့ကြည့်ပါအုံး “
ထိုအခါမှပဲ မျက်နှာငယ်လေးနဲ့မော့ကြည့်လာ၏။ ခုကျတော့လဲ ခုနကသောင်းကျန်းခဲ့တာသူမဟုတ်သလိုပင်။ စွာတဲ့ပုံလေးကလဲ ချစ်ဖို့ကောင်းသလို ငြိမ်ကုပ်ကုပ်မျက်နှာလေးကလဲ အသဲယားစရာကောင်းပါ၏။
” ကိုယ်က ဘာလို့စိတ်ဆိုးရမှာလဲကွာ စိတ်လဲ
မဆိုးဘူး ဆူလဲမဆူဘူး “
” အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထား
မယ်ဆိုပြီး လျှို့ဝှက်ထားခဲ့ပြီးမှ ခုတော့ …
ကျွန်တော်ကိုယ်တိုင်က မဆင်မခြင်လုပ်လိုက်မိတယ် ဧည့်သည်တွေရှေ့မှာ ceo ရဲ့ သိက္ခာကျအောင် လုပ်လိုက်မိပြီ ”
” မြေ့အိမ် ကိုယ်ပြောပြမယ် …. လျှို့ဝှက်ချင်တဲ့ ကိစ္စကို သဘောတူတယ်ဆိုတာကလေ မလိုအပ် တဲ့ အတင်းအဖျင်းတွေကြောင့် မင်းစိတ်ညစ်ရမှာစိုးလို့ …. ခုဆို မြေ့အိမ်က ဌာနမှာနေရာတစ်ခုရှိလာခဲ့ပြီ အရည်အချင်းရှိလို့လဲ အစည်းအဝေးတွေမှာ ပါဝင်ခွင့်ရလာပြီ ဒါက မင်းတော်လို့ပဲ
သို့ပေမဲ့ ဒါတွေက ကိုယ်တို့ ပတ်သတ်မှုကြောင့် ရလာတာလို့ ပြောကြလိမ့်မယ် ၊ ကိုယ်ကဘက် လိုက်လို့ပါဆိုတဲ့စကားသံတွေကို ကြားရလိမ့် မယ် ၊ ပုပ်ခက်မှုတွေကို အနည်းနဲ့အများရှိလာ
လိမ့်မယ် “
” ကျွန်တော်က ceo အားကိုးနဲ့ ရခဲ့တာမှမဟုတ် တာ “
” မှန်တယ် အဲအမှန်တရားက ကိုယ်တို့ပဲသိမှာလေ လူတွေရဲ့ ထင်မြင်ချက်နဲ့ ပါးစပ်ပေါက်တွေကို လိုက်ပိတ်ဖို့မလွယ်ဘူး အဲတာကြောင့်လဲ
ကိုယ်က မင်းလျှို့ဝှက်ချင်တာကို လိုက်လျောပေးခဲ့တာ တကယ်ဆိုကိုယ်ကလူတိုင်းသိ
အောင် တန်ဖိုးထားပြီးတွဲချင်တာ ကိုယ်ချစ်တဲ့
မင်းကိုတိတ်တိတ်လေးမတွဲချင်ဘူးလေ “
” ……. “
” ခုသိသွားတော့လဲ ထူးပြီးကြော်ညာစရာမလိုတော့တာပေါ့ကွာ ဒါပေမဲ့ ဘယ်သူဘာပြောပြော ဂရုမစိုက်ပဲ ကိုယ့်ကိုပဲကြည့်ပေးနော် … ကိုယ်က အမြဲကာကွယ်ပေးမှာမို့ “
မှိုင်းစကားကြောင့် ဝမ်းနည်းဝမ်းသာဖြစ်သွားရပြီး ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားမိတော့သည်။
” ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို ချစ်နေပေးလို့ “
” မလိုပါဘူးကွာ ဒါက ကိုယ့်နှလုံးသားရဲ့
ရွေးချယ်မှုပဲ “
တစ်ယောက်နဲ့တစ်ယောက်ပို၍တိုးဖက်ထားမိကြတော့၏။
” မြေ့အိမ် “
” ဟုတ် “
” ညနေကျ dinner သွားစားကြမယ်နော် မင်းကို မိတ်ဆက်ပေးစရာ လူရှိတယ် “
” ဘယ်သူနဲ့လဲဟင် “
” ကိုယ့် မေမေ နဲ့ “
” ဗျာ “
………<<<ညှို့အိမ်>>>……..
ကြီးမားထည်ဝါလှသော အိမ်ကြီးအား ခြံအပြင် ကားပေါ်ကနေ လှမ်းကြည့်ရင်း ရင်ထဲသို့
ကြောက်စိတ်တွေက ပိုမို တိုးပွါးလာရသည်။ အရင်ကတော့ကွာခြားနေတဲ့ အဆင့်အတန်းကို ဂရုမမူခဲ့မိပေမဲ့ ခုတော့ ထိုအချက်ကြောက်စိတ် သောကရောက်နေရ၏။ သူ့အခြေအနေနဲ့
ဒီမိသားစုက လုံးဝမကိုက်ညီပေ။ သူက မိဘမဲ့ တစ်ကောင်ကြွက်လေ။ စိုးရိမ်မှုတွေ မြင့်တက် လာပြီး လက်တစ်ဖက်နဲ့တစ်ဖက် လုံးချေနေမိ၏။
” မြေ့အိမ် စိတ်ကိုလျော့ အရမ်းမစိုးရိမ်ပါနဲ့ လက်တွေ နာကုန်မယ် တော်တော့နော် “
လက်နှစ်ဖက်ကို ဆွဲခွါရင်း ညင်သာစွာပြောလာသူကို မော့ကြည့်ကာ
” ကျွန်တော်တို့က အဆင့်အတန်း တကယ်ကွာ
လွန်းတယ် မှိုင်းမေမေက ကျွန်တော့်ကို လက်မခံရင်ဘယ်လိုလုပ်ကြမလဲ “
” မေမေက အဆင့်အတန်းဆိုတာကို ငွေကြေးနဲ့ဆုံးဖြတ်တာမဟုတ်ဘူး မြေ့အိမ် ပြီးတော့ခုလိုတွေ သိမ်ငယ်စရာမလိုပါဘူးကွာ ပိုက်ဆံကြောင့်နဲ့ ကိုယ်တို့က ဘာများကွာခြားသွားရမှာလဲ “
” ဒါပေမဲ့ “
” ကိုယ့်ကိုမယုံဘူးလား ကိုယ်က ကာကွယ်ပေးမှာလေ “
” ယုံ … ယုံတယ် “
ပြွတ်စ် ….
” အားဖြည့်အနမ်းပေးလိုက်ပြီမို့ စိတ်မပူနဲ့တော့ “
နှုတ်ခမ်းကို ဖွဖွနမ်းကာ ပြောလာသဖြင့်ခေါင်းညိတ်ပြလိုက်ရသည်။ ထိုအခါမှ ခြံတံခါးလာဖွင့်ထားပြီဖြစ်သော အိမ်ထဲသို့ဝင်ခဲ့လိုက်၏။ အိမ်ရှေ့စင်ဝင်အောက်တွင် ကားရပ်ပြီး
လင်းညှို့ တံခါးဆင်းဖွင့်ပေး၏။ ပြီးသည်နှင့် လက်ကို ဆုပ်ကိုင်လိုက်ပြီး အိမ်ထဲသို့ ဝင်ခဲ့
လိုက်တော့သည်။
ဧည့်ခန်းထဲ တန်းလာလိုက်တော့ မေမေက အဆင်သင့်ရှိနေ၏။ကြိုစောင့်နေပုံရသည်။ သူတို့နှစ်ယောက်ကို တစ်ချက်မော့ကြည့်လာ၏။
” မကြောက်နဲ့နော် ကိုယ်ရှိတယ် မေမေက သဘောကောင်းတယ် “
နား အနားကပ်ပြောရင်း မျက်နှာခြင်းဆိုင်ခုံသို့
ဝင်ထိုင်ရင်းလိုက်တော့သည်။ ပြီးမှ စတင်
မိတ်ဆက်တော့၏။
” မြေ့အိမ် ဒါက ကိုယ့် မေမေ ဒေါ်လင်းဇာခြည် တဲ့ မေမေ ဒါက ကျွန်တော်ဘဝလုံး အတူရှိသွား
ချင်တဲ့ သူပါ ဆွေးမြေ့အိမ်လို့ခေါ်ပါတယ် ”
” ဟုတ်ကဲ့ တွေ့ရတာအများကြီး ဝမ်းသာပါတယ် ဗျ နည်းနည်းကြာမှ လာတွေ့ရတဲ့အတွက်လဲ တောင်းပန်ပါတယ်ဗျ ”
” ရပါတယ် … ပြောစရာရှိတာလေး အရင်ပြောကြတာပေါ့ “
လေသံနဲ့မျက်နှာထားက တည်ကြည်နေကာ ဒေါသရိပ်တော့မတွေ့ရတာကြောင့် စိတ်နဲနဲအေးသွားရ၏။ မျက်နှာက မှိုင်းနဲ့အတော်တူကာ လှပလွန်းသည်။ အတော်လေးလဲအရွယ်တင်၏။
” ဟုတ်ကဲ့ပါအန်တီ “
မှိုင်းကလဲ လက်ကို ခုထိကိုင်ထားစဲဖြစ်ပြီး သူ့ကို ကြည့်ကာ ခေါင်းတစ်ချက်ညိတ်ပြတာမို့ အားရှိသွားရ၏။
” မိဘရယ်လို့ ဖြစ်လာရင် သားသမီးတွေအပေါ်မှာ အကောင်းဆုံးဖြစ်စေချင်ကြတာချီပဲ လင်းညှို့ကမျိုးတူ အမျိုးသားတစ်ယောက်ကို ခုလိုထုတ်ပြပြီး တွဲကြမယ်ဆိုတော့ နဲနဲတော့ တုန်လှုပ်သွားတာ အမှန်ပဲ အစကတည်းက လင်းညှို့က လိင်တူကိုလဲ စိတ်ဝင်စားတယ်ဆိုတာ သိပြီးသားပါ ဒါပေမဲ့ ဒီတိုင်း အပျော်ဆိုတော့ လွတ်ထားပေးလိုက်မိတာလေခုတော့ မင်းနဲ့မှ
လင်းညှို့မှိုင်းက အတည် ကြီးဖြစ်နေတယ် “
” ……. “
ဒေါ်လင်းဇာခြည်ပြောတာကို နှစ်ယောက်လုံး
ငြိမ်သက်စွာနားထောင်နေမိကြ၏။ ဒေါ်လင်းဇာခြည်က သူတို့ကို ကြည့်နေရာမှာ ပြတင်းတံခါးဆီအကြည့်ပြောင်းရင်းစကားထပ်ဆို၏။
” အန်တီက တစ်ဦးတည်းသောသမီး ဝမ်းကွဲတောင် အဖော်မရှိခဲ့ဘူး အဲတော့ မိသားစုနဲ့ ညီအစ်ကို မောင်နှမတွေကို သိပ််မက်မောတာ အဲတောကြောင့် လင်းညှို့အလှည့်ကြရင် မိသားစုထုထောင်ခိုင်းပြီး ကိုယ်တိုင်ကလဲ မြေးတွေနဲ့ နေချင်ခဲ့တာ ဒီအိမ်ကြီးမှာ အထီးကျန်လို့ ခရီးတွေထွက်နေရင်တောင် အချိန်တန်ကိုယ့်အိမ်ကို ပြန်လာရတာပဲမို့လား အဲတော့ မိသားစုလေးနဲ့ သားတွေမြေးတွေနဲ့အတူနေချင်ခဲ့တာ အန်တီကလဲ တစ်ဦးတည်းသော သမီး လင်းညှို့ကိုလဲ တစ်ယောက်ထဲမွေးခဲ့မိတော့ ဒီမျိုးဆက်ကို အပြီးမသတ်စေချင်ဘူး ”
မှိုင်းမေမေ ပြောတာမှန်၏ ဒီလိုကြီးမားတောင့်
တင်းလှတဲ့ မျိုးရိုးမှာ မျိုးဆက်ပျက်သုန်းပြီး သူ့ကြောင့် ဆက်ခံသူမဲ့သွားရတော့မည်။ မှိုင်းအတွက် ဖြည့်ဆည်းမပေးနိုင်တဲ့အတွက်လဲ ဝမ်းနည်းရပါ၏။ သူ့ရင်ထဲ အပူလုံးကြီးစို့တက်လာရ
သည်။
” မေ့မေ့ ဘာတွေပြောနေတာလဲဗျာ “
” မေမေပြောတာ မဟုတ်လို့လား လင်းညှို့
ဒီမိသားစုကြီးရဲ့ အမွေအနှစ်ကို ဘယ်သူထိန်း
သိမ်းမှာလဲကွယ် မေမေကရော သေသည်အထိ ဒီလိုပဲ တစ်ယောက်ထဲ နေသွားရတော့မှာလား “
” မေမေက မျိုးရိုးအတွက် လာစိတ်ပူနေတာလား ကျွန်တော်က ထုတ်ကုန်လုပ်ပေးရမှာလား “
ရုတ်တရက်ကြီး သားအမိနှစ်ယောက်စကားအခြေအတင်တွေဖြစ်လာသဖြင့် ဆွေးမြေ့မှာ ပို၍ မျက်နှာပူလာရသည်။ ဒါတွေကသူ့ကြောင့်ဖြစ်ရတာပင်။ သူသာ လောဘမကြီးခဲ့လျှင် မှိုင်းက အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ပြုပြီး
သူမေမေဖြစ်ချင်သလို ဖြစ်မှာပင်။
” တောင်းပန်ပါတယ် ”
သားအမိနှစ်ယောက် တစ်ယောက်တစ်ပေါက်
စကားသံတွေကြား ဆွေးမြေ့အသံကြောင့် ငြိမ်
သက်သွားကြသည်။
” ကျွန်တော်က မှိုင်းအပေါ် ချစ်ခဲ့တာ အပြင် ကျန်တာတွေ မစဉ်းစားပဲ လောကကြီးခဲ့မိတယ် အခြားအရာသာဆို အန်တီလက်ခံအောင် အများကြီး ကြိုးစားပြီး လုပ်ပေးလို့ရပေမဲ့ မှိုင်း ရဲ့သွေးသား မျိုးဆက်ကိုတော့ ယောကျာ်းလေး ဖြစ်တဲ့ ကျွန်တော်က မစွမ်းဆောင်ပေးနိုင်တာမို့ အရမ်းကြီးတောင်းပန်ပါတယ် အားလဲနာရပါတယ် “
” မြေ့အိမ်လေး …. “
လင်းညှို့ထံမှ မချိကင်ကဲဖြင့် ခေါ်လာ၏။
” ဒါပေမဲ့လဲလေ ကျွန်တော် မှိုင်းကို မစွန့်လွတ်
ချင်ဘူး ကျွန်တော့်ဘဝမှာ မက်မက်မောမောနဲ့ လိုချင်ခဲ့တာဆိုလို့ မှိုင်းပဲရှိခဲ့တာပါ …. ကျွန်တော် … ကျွန်တော် …. “
” အိမ်လေးရယ် တော်တော့နော် ရပြီ ဒီလောက် ဆို လုံလောက်ပြီမို့ ထပ်မပြောနဲ့တော့နော် “
အသံလေး တိမ်ဝင်ကာ ခေါင်းငိုက်စိုက်ချထားသော ကောင်လေးကို ရင်ခွင်ထဲထည့်ကာ ထွေးပွေ့ထားမိသည်။ ဒေါ်လင်းဇာခြည်ကလဲ
သက်ပြင်းမောတစ်ချက်ချကာ
” အန်တီဘဝမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်မချစ် တဲ့ သူနဲ့အိမ်ထောင်ကျခဲ့ရတယ် အဲတုန်းက ချစ်သူလဲမရှိခဲ့တာမို့ ချစ်ရသူနဲ့ခွဲခွါရတဲ့ ခံစားချက်ကို အန်တီမသိဘူး ဒါပေမဲ့ မချစ်တဲ့သူနဲ့ အတူနေရတာ မပျော်ဖူးဆိုတာကိုတော့သိတယ် ဒါကြောင့်မို့ မိဘ အတ္တကြောင့်နဲ့ ကိုယ့်ရင်သွေးကို ဝမ်းမနည်းစေချင်ပါဘူး ပြီးတော့မင်းတို့
ခွဲပစ်မယ်ဆိုတဲ့ အတွေးလဲ အန်တီမှာမရှိဘူး “
” မေမေ တကယ်ပြောတာလား “
ဒေါ်လင်းဇာခြည်အပြောကြောင့် လင်းညှို့လဲ
ဝမ်းသာသွားကာ ရင်ခွင်ထဲက ငိုမဲ့မဲ့ကောင်လေးကလဲ ခေါင်းလေးထောင်လာ၏။
” သားကမေမေရဲ့ တစ်ဦးတည်းသောသားပါ
မြေးတွေ မွေးခိုင်းပြီး မျိုးဆက်ထိန်းချင်ပေမဲ့ အဲအတွက်ကြောင့်နဲ့ ကိုယ့်သား နာကျင်နေရမှာကိုလဲ မလိုလားပြန်ဘူး မေမေဘဝမှာ သား
တစ်ယောက် ပဲ ရှိတော့တယ်လေ ဒီလောကကြီးမှာ သွေးသားဆိုတော့ ၂ယောက်ထဲရှိတော့တာမို့အဖုအထစ် တွေနဲ့ မေမေနဲ့သား ပြသာနာတွေမ
ဖြစ်ချင်ဘူး မေမေသဘောမတူလဲ သားကလက် လျော့မှာမဟုတ်ဘူးလေ အဲခါကျ သားက မေမေအနားက ထွက်သွားမှာကိုမလိုလားဘူး”
” ……… ”
” ဒါကြောင့်မို့ သားတို့ ပျော်ရွှင်မှုကိုပဲ မေမေက လက်ခံပေးမယ် တွေးထားခဲ့တာပါ ”
” ကျေး … ကျေးဇူးတင်ပါတယ် အန်တီ ”
” အယ် ဒီကလေး “
” မြေ့အိမ် “
ဆွေးမြေ့က ရင်ခွင်ထဲက ထွက်ကာ ကြမ်းပြင်
တွင် ဒူးထောက်ချလိုက်သဖြင့် အလန့်တကြား
ဖြစ်သွားရ၏။
” အန်တီအတွက် မြေးလေး ဖန်တီမပေးနိုင်ပေမဲ့ သားက အန်တီမြေးသား အဖြစ် တစ်သက်လုံးပြုစုပေးပါ့မယ် သားမှာ မေမေလဲ မရှိတာမို့
ကိုယ့်မေမေလို သဘောထားမှာပါ အန်တီက မေတ္တာမထားပေးနိုင်သေးရင်တောင် သားက မေတ္တာအရင်ပေးပြီး အန်တီချစ်လာအောင်
ကြိုးစားပါ့မယ် “
မျက်ရည်တွေရစ်ဝိုင်းကာ မျက်တောင်လေး
ပုပ်ခက်ပုပ်ခက်ပြောလာသော ကောင်လေးကို
ကြည့်ပြီး ရင်ထဲ ကရုဏာသက်လာရ၏။ သူ့သားကြွေလဲကြွေချင်စရာ ကောင်လေးက ချစ်စရာကောင်းပြီး စကားကလဲ တတ်သည်။
” ထပါကလေးရယ် မင်းက ချစ်စရာကောင်း
လိုက်တာ ဒီလိုလေးပြောနေမှတော့ ဘယ်လိုလုပ် မချစ်ပဲနေနိုင်တော့မလဲ ဒါကြောင့်လဲ လင်းညှို့တို့ ကြွေနေတာနေမယ် “
” ထနော် မြေ့အိမ်”
” ဟုတ် အင့် “
လက်မောင်းက ဆွဲတင်ပေးကာ တစ်ရှူးယူ၍ မျက်ရည်သုတ်ပေးရတော့၏။
” ထပ်ပြီး ကျေးဇူးတင်ပါတယ် အန်တီ ရှေ့
လျှောက် စောင့်ကြည့်ပေးပါ အန်တီစိတ်မပျက် စေရပါဘူး ”
” အဲလိုကြီး ဆက်ခေါ်နေရင်တော့ သဘောတူမဲ့ ကိစ္စ ပြန်စဉ်းစားရတော့မယ်ထင်တယ် “
” ဗျာ … ဘာကိုလဲဟင် “
” မင်းပဲ မြေးသမက်လေး လုပ်မှာဆို “
” ဟုတ် .. ဟုတ်ပါတယ် “
” ဒါဆို ဘယ်လိုခေါ်ရမလဲ မသိသေးဘူးလား “
ဆွေးမြေ့က အံ့ဩသွားကာ မှိုင်းကို ကြည့်လိုက်မိ၏။
” ခေါ်လိုက်လေ မြေ့အိမ် မင်းခေါ်ချင်တဲ့ နာမ်စားလေးကို ခေါ်လိုက်ပါ “
မြေ့အိမ်က မျက်ရည်တွေထပ်မံရစ်သိုင်းလာပြီး
မဝင့်မရဲလေး ဒေါ်လင်းဇာခြည်ကို လှမ်းကြည့်လိုက်သည်။ သူ့ကို နူးညံ့စွာပြုံးပြနေသော အန်တီကို ကြည့်၍ ….
” မေ … မေမေ ”
” အေးသားလေး …. ဒီလိုမှပေါ့ “
” နောက်တစ်ခါ ထပ်ခေါ်လို့ရလားဟင် “
” ရတာပေါ့ကွယ် “
” မေမေ … ကျေးဇူးတင်ပါတယ် မေမေ အင့် “
” အော် ဒီကလေးနှဲ့ “
ဆွေးမြေ့က မထိန်းနိုင်စွာ မျက်ရည်တွေက ထပ်မံ လျှံကျလာတော့သည်။ သူ့ဘဝတွင် ထိုနာမ်စားအား တစ်ခါမျှမခေါ်ခဲ့ဖူးပေ။ မွေးပြီးကတည်းက မမြင်ဖူးတာမို့ မွေးမိခင်ကို လွမ်းရကောင်းမှန်းမသိပေမဲ့ မေမေ ဟုတော့ ခေါ်ချင်ခဲ့ဖူးပါသည်။ ခုတော့ ချစ်ရသူရဲ့ မိခင်က သူ့အား ကြည်ဖြူစွာဖြင့် ခေါ်ခိုင်းသည်မို့ အလွန်တရာမှ ပျော်ရွှင်ရပါသည်။
” ခေါင်းတွေတော့ ကိုက်နေတော့မှာပဲ မြေ့အိမ်
ရယ်”
” ပျော် … လို့ပါ “
” ဖက်ထားပေးရမလား သား “
” အင့် …. အဲလိုရလားဟင် “
” ရတာပေါ့ကလေးရယ် လာဒီကို “
လက်နှစ်ဖက်ကို ဆန့်တန်းကာ ကြိုဆိုနေသော အမျိုးသမီးကြီးဆီကို ကြည့်ကာ ရင်ထဲ
ဝမ်းနည်းမှုတို့ လှိုက်တက်လာရသည်။
ဆွေးမြေ့လဲချက်ခြင်းပင် ထသွားလိုက်ကာ
လိုလိုလားလားကြိုဆိုပေးနေသော ရင်ခွင်ထံဝင်၍ ဖက်ထားလိုက်မိ၏။ အမျိုးသမီးကြီးကလဲ ကလေးငယ် သဖွယ် ဆံပင်တွေကို ပွတ်သတ် ရင်း ချော့မြူပေးနေသည်။
” မေမေလို့ ခေါ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ဘဝမှာ တစ်ကြိမ်လောက်တော့ ခေါ်ချင်ခဲ့တာပါ”
” ကလေးရယ် ခေါ်ပါကွယ် တစ်သက်လုံးစာ
အတွက် ခွင့်ပြုတယ် ဟုတ်ပြီလား “
” ဟုတ်ကဲ့ပါ မေမေ “
ဒေါ်လင်းဇာခြည်တစ်ယောက် မျက်ရည်ဝဲသွားရ၏။ ဆွေးမြေ့အိမ်အကြောင်း အကုန်သိပြီးသားမို့ သနားကရုဏာပိုသွားရပါသည်။ သူမက အစကတည်းက လူတိုင်းအပေါ် မေတ္တာပြည့်ဝသူမို့ ဒီကလေးအပေါ်လဲ မေတ္တာထားနိုင်ပါတယ်။ သားဖြစ်သူကပါ ချစ်နေမှတော့ ကျန်တာတွေကြောင့် မပူလောင်ချင်တော့ပါ။ ရခဲလှတဲ့ဘဝမှာအေးချမ်းစွာရှင်သန်ချင်ပါသည်။ ဒီကလေးကိုပဲ မြေးလိုရော သားမက်လိုပါ ချစ်ပေး
ရမှာပေါ့။ မြေးဆိုတာလဲ အချိန်တန်ရင် အသက်ကြီးသွားမှာပဲမို့လား ။
” ကျွန်တော့်ကိုလဲ ခေါ်ပါအုံးဗျာ “
လင်းညှို့က ထသွားကာ ဒေါ်လင်းဇာခြည်ဘေးတွင် ဝင်ထိုင်လျက် နှစ်ယောက်လုံးကို သိုင်းဖက် လိုက်၏။
” ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ် မေမေ “
ဒေါ်လင်းဇာခြည်က ပြုံးကာခေါင်းညိတ်ပြ၏။
အရာရာအပေါ် မေတ္တာသာ ထားပေးနိုင်ရင်
အေးချမ်းပါလိမ့်မည်။ ရှင်သန်ရမဲ့အချိန်တွေမှာ ပူလောင်မှုတွေနဲ့ အတ္တတွေသယ်ပိုးထားလျှင် လူချမ်းသာတောင် စိတ်ချမ်းသာနိုင်မည်
မဟုတ်ပါလား ။
……….<<<ညှို့အိမ်>>>……..
24.10.2024
စနေ့နေ့ကျ ဇာတ်သမ်းပိုင်းလေးတင်ပေးပါ့မယ်
Extra လေးကတော့ Mon day လောက်မှဖြစ်
မယ်နော် 🩵
ချစ်တဲ့ emma
Zawgyi
” ……. “
မဆိုးဘူး ဆူလဲမဆူဘူး “
လိမ့်မယ် “
” ……. “
ရွေးချယ်မှုပဲ “
” မြေ့အိမ် “
” ဟုတ် “
” ဘယ်သူနဲ့လဲဟင် “
” ကိုယ့် မေမေ နဲ့ “
” ဗျာ “
            ………<<<ညှို့အိမ်>>>……..
” ဒါပေမဲ့ “
” ယုံ … ယုံတယ် “
ပြွတ်စ် ….
လိုက်တော့သည်။
မိတ်ဆက်တော့၏။
” ဟုတ်ကဲ့ပါအန်တီ “
” ……. “
” အန်တီက တစ်ဦးတည်းသောသမီး ဝမ်းကွဲတောင် အဖော်မရှိခဲ့ဘူး အဲတော့ မိသားစုနဲ့ ညီအစ်ကို မောင်နှမတွေကို သိပ်မက်မောတာ အဲတောကြောင့် လင်းညှို့အလှည့်ကြရင် မိသားစုထုထောင်ခိုင်းပြီး ကိုယ်တိုင်ကလဲ မြေးတွေနဲ့ နေချင်ခဲ့တာ ဒီအိမ်ကြီးမှာ အထီးကျန်လို့ ခရီးတွေထွက်နေရင်တောင် အချိန်တန်ကိုယ့်အိမ်ကို ပြန်လာရတာပဲမို့လား အဲတော့ မိသားစုလေးနဲ့ သားတွေမြေးတွေနဲ့အတူနေချင်ခဲ့တာ အန်တီကလဲ တစ်ဦးတည်းသော သမီး လင်းညှို့ကိုလဲ တစ်ယောက်ထဲမွေးခဲ့မိတော့ ဒီမျိုးဆက်ကို အပြီးမသတ်စေချင်ဘူး ”
သည်။
” တောင်းပန်ပါတယ် “ 
သက်သွားကြသည်။
” မြေ့အိမ်လေး …. “
” မေမေ တကယ်ပြောတာလား “
” ……… ”
” အယ် ဒီကလေး “
” မြေ့အိမ် “
ဖြစ်သွားရ၏။
ကြိုးစားပါ့မယ် “
” ထနော် မြေ့အိမ်”
” ဟုတ် အင့် “
” ဗျာ … ဘာကိုလဲဟင် “
” ဟုတ် .. ဟုတ်ပါတယ် “
” မေ … မေမေ ”
” ရတာပေါ့ကွယ် “
” အော် ဒီကလေးနှဲ့ “
ရယ်”
” ပျော် … လို့ပါ “
” ဖက်ထားပေးရမလား သား “
” အင့် …. အဲလိုရလားဟင် “
” ဟုတ်ကဲ့ပါ မေမေ “
မဟုတ်ပါလား ။
               ……….<<<ညှို့အိမ်>>>……..
24.10.2024
မယ်နော် 🩵
ချစ်တဲ့ emma
Tags: read novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 39 ) uni & zg, novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 39 ) uni & zg, read Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 39 ) uni & zg online, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 39 ) uni & zg chapter, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 39 ) uni & zg high quality, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 39 ) uni & zg light novel, ,
Comment
Leave a Reply
Chapter 52