Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Final ( 40 ) uni & zg

A+ A-

Unicode

” မောနင်း မေမေ “

” မောနင်းသားငယ်လေး “

” ကိုယ့်ကိုလဲ မောနင်းလုပ်ပါအုံးကွာ “

ထမင်းစားခန်းသို့ ဝင်လာသော သားအမိနှစ် ယောက်ကို ကြည့်၍ ဆွေးမြေ့က မောနင်းလုပ်
နေတာပင်။ လင်းညှို့က သူ့ကိုပြောမလာတာမို့ခုံတွင်ဝင်ထိုင်ရင်းပြောလိုက်ရသည်။

” ဟီး မောနင်းမှိုင်း ”

” မေမေရှိသွားတာနဲ့ ကိုယ့်ကို ပလစ်နေတာ
မြေ့အိမ်က “

” မဟုတ်ပါဘူး မှိုင်းရာ “

ဆွေးမြေ့က စားပွဲပေါ်တွင်စားစရာတွေတင်ရင်းပြောလိုက်၏။ ဘေးက အိမ်အကူတွေကလဲ ကူညီပေးသည်။

” လင်းညှို့ သားငယ်လေးကို ဘာမှပြောစရာ
မလိုဘူးနော် “

” ဟုတ်ပမေမေရယ် ပြောလိုက်ပါအုန်း “

ဆွေးမြေ့ကပါ တွင်ထိုင်ရင်း မေမေအားပြောလေသည်။ အတိုင်အဖောက်ညီ၍ သူ့အား ပလစ်နေသော သားအမိကို ကြည့်ကာ လင်းညှို့မှာအပြုံးပန်းတွေဝေဆာနေရသည်။ သူတို့တွေ မေမေဆီပြောင်းလာနေတာ ၁လကျော်လေပြီ။ ဆွေးမြေ့က နဂိုကတည်းက လိမ်မာက ပြောတတ်ဆိုတတ် လေးမို့ ခုဆို မေမေ့အသဲကျော်လေးပင်ဖြစ်လို့နေပြီ။ drama ကားတွေကြိုက်ကြတဲ့ ၂ယောက်က ပိတ်ရက်တွေဆို ညနက်တွေအထိကြည့်ကြသည်။ မေမေက အိမ်မှာတစ်ယောက်ထဲနေခဲ့ရာကနေ ခုလို စိုစိုပြေပြေလေးဆိုတော့ တကယ်
ဝမ်းသာနေပုံ။ ဆွေးမြေ့ကိုလဲ တကယ်ကို
သူ့မြေးအရင်းလိုပင် သဘောထားသေး၏။

” ဒီနေ့သားငယ်လေး နားရက်ဆိုတော့ မေမေတို့ အပြင်သွားကြမလား “

” သွားကြမယ်လေ ဘယ်သွားမလဲမေမေ ”

” သားငယ်က ဘယ်သွားချင်လဲ “

” ဟိုနေ့က မေမေ shopping ထွက်ချင်နေတယ် ဆို Center ကိုသွားကြမလား ပြီးမှ မုန့်သွားစားကြမယ်လေ “

” ဟုတ်တယ်ဟုတ်တယ် shopping ထွက်ကြ
မယ်”

သားအမိနှစ်ယောက်သား ရီရီမောမောပြောနေကြသည်မှာ သူ့ကိုရှိသည်လို့ပင်ထင်ပုံမရ၊တကယ်ကို လူပိုကြီးဖြစ်နေတာ ။

” ကျွန်တော်လဲ လိုက်မယ်လေ “

” အို မင်းက ဘာလိုက်လုပ်မှာလဲ company ပဲသွား”

” အင်းလေ မှိုင်းကလဲ “

” ဪအင်းပါ “

တကယ်ကို အပယ်ခံလေးပါ ၊ ခုလဲ နှစ်ယောက် သား ဒီနေ့ဘာတွေလုပ်မယ်ဆိုတာ ဆက်၍တိုင်
ပင်နေကြပြန်သည်။ ဘယ်လိုပဲနေပါစေ ဒီအခြေ အနေလေးကို လင်းညှို့စိတ်ချမ်းသာရပါ၏။
ဒီမိသားစုလေးကို ပျော်ရွှင်အေးချမ်းမှုတွေသာပေးနိုင်အောင်ကြိုးစားပါတော့မည်။

ဆွေးမြေ့ နဲ့ မေမေ center ထဲရောက်သည်နှင့် ကျားဝတ်မဝတ် brand အစုံရှိသည့် ဆိုင်ထဲသို့ ဝင်ခဲ့လိုက်သည်။ အရင်ကတော့ မှိုင်းနဲ့မေမေက ခုလိုတွေ သူ့အတွက်ဝယ်ပေးလျှင် အားနာစိတ်
ဖြစ်မိ၏။ ခုနောက်ပိုင်းတော့ အဲလိုသဘောမထားတော့ပါ မိသားစုဆိုလျှင် ဒီလိုကပုံမှန်ပင်။ မိသားစုမှာ အားနာစရာမလိုပါ ၊ သူစိမ်းတွေမှမဟုတ်တော့ပဲ။ အချိန်မကြာသေးဘူးဆိုပေမဲ့ မှိုင်း မေမေကို ကိုယ့်အမေအရင်းလိုခံစားလာရသည်။ မေမေကလဲ သူ့အပေါ် သွေးသားအရင်းလိုပဲ သဘောထားသည်။ မေတ္တာတရားရဲ့ ရိပ်မြုံလေးထဲမှာ သူနေပျော်နေပါပြီ။

” အယ် ဒီဇိုင်းအသစ်တွေပဲ “

” ဟုတ်ပါတယ် မမ မနေ့ကမှရောက်ထားတာ
ရယ်မမနဲ့ဆို လိုက်မှာ ”

” အယ် ညီမလေးက မြင်တတ်တယ်နော် ဟဲဟဲ “

ဒေါ်လင်းဇာခြည်က သူ့ကို မမလို့ခေါ်လို့ သဘော ကျသွားပုံရပြီး အထည်တွေကိုစိတ်ကြိုက်ရွေးနေတော့၏။ မေမေက 45 ကျော်ပဲ ရှိသေးတဲ့အပြင် ခေတ်ဆန်ကာ လူကောင်ကဘဲပိန်သေးသဖြင့် မမဟု ခေါ်ခံရတာပင်။ အတော်လေး လှပကာ အရွယ်တင်တာမို့ သူတို့ နှစ်ယောက်နဲ့အပြင်
ထွက်လျှင် သူနဲ့ဆို မောင်လေးဟုအထင်ခံရပြီး
မှိုင်းနဲ့ဆို အကိုကြီးလို့ပင် ထင်ခံရသည်အထိပင်။ အဲလိုထင်ကြပြီဟေ့ဆို မေမေက သူ့အား မေမေဟု လာမခေါ်နဲ့ဟုပင်မှာလိုက်သေး၏။ တကယ်
ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးပင်။

” သားငယ်လေး ဒါလေးလှလား “

” လိုက်သားပဲမေမေရဲ့ ပန်းနုလေးဆိုတော့ ပိုနုသွားတယ် “

” ဟုတ်လား ဒါဆိုယူလိုက်တော့မယ် “

” မမရဲ့သားလား ညီမလေးက မောင်လေး
ထင်နေတာ “

ထုံးစံအတိုင်း ဝန်ထမ်းကောင်မလေးက ထပြောလေသည်။ မေမေကတော့ ပြုံးလို့ပေါ့။

” ဒါက သမက်လေးလေ မမသားက အလုပ်သွားတယ် “

” အယ် “

မေမေစကားကြောင့် ကောင်မလေးက အံ့ဩသွားဟန် ဆွေးမြေ့လဲ နဲနဲရှက်သွားရသည်။ မေမေက အဲလိုလဲ လုပ်တတ်ပါသေးသည်။
သူ့မိတ်ဆွေတွေရှေ့တွင်လဲ သူ့အား သမက်
ဟု မိတ်ဆက်ပေးဖို့ မတွန့်ဆုတ်တတ်ပေ။

မေမေက အကျီတွေ စိတ်ကြိုက်ရွေးပြီး
လိုချင်တဲ့ size ကိုရှာခိုင်းလိုက်သည်။

” သားငယ်လေး အတွက်သွားကြည့်ရအောင် “

” သားက တော်ပြီမေမေရဲ့ မှိူင်းဝယ်ပေးထားတာတွေတောင် ဝတ်လို့မကုန်သေးဘူး “

” အဲတာက သူဝယ်ပေးတာလေ မေမေဝယ်ပေးတာမှမဟုတ်ပဲ လာပါ “

မေမေက လက်ကိုဆွဲ၍ ကျားဝတ်တွေဘက်ခေါ် သွားသဖြင့်လိုက်ရပြန်သည်။ သူနောက်တစ်ခု
ထပ်သိလိုက်ရတာက ဒီသားမိဟာ shopping ထွက်ရတာအလွန်ကြိုက်တာဟုပင်။အတော်လေး ကို ဝယ်နိုင်ကြပါသည်။

” ကဲ လိုချင်တာအကုန်ယူ “

မဖြစ်မနေဝယ်ရတော့မည်ကို သိသဖြင့် သူ့မှာ
သိပ်မရှိသော ဘောင်းဘီတိုကိုသာ ရွေးဝယ်ဖို့ဆုံးဖြတ်လိုက်သည်။

” ဒါလေးကြိုက်တယ် “

” လှသားပဲ ငါ့သားက အသားဖွေးတော့ တကယ် လိုက်မယ် စမ်းဝတ်ကြည့်လိုက် “

ဆွေးမြေ့ရွေးလိုက်တာက ဂျင်းတိုလေးဖြစ်သည်။

” ဟုတ် ”

ဆွေးမြေ့ အဝတ်အစားလှဲခန်းထဲဝင်သွားလိုက် ပြီး စမ်းဝတ်ကြည့်တော့ သူနဲကွက်တိပင်။ ဘောင်းဘီက ဝတ်လိုက်တော့ ပို၍တိုသွားသည်။ ပေါင်တိုလေးလိုတောင်ဖြစ်နေ၏။ ဝတ်ထားတာက shirt အဖြူလေးကို shoe လေးနဲ့ဆိုတော့
ကျောင်းသားပေါက်စနဲ့တောင်တူသွားသေး၏။

” နဲနဲ တိုသလိုပဲနော် “

အပြင်ထွက်ခဲ့လိုက်ပြီး မေ့မေ့အားပြလိုက်သည်။

” အယ်တော် ချစ်စရာကောင်းလိုက်တာ ငါ့သားလေးက “

” ဟီးဟီး “

” အတိုနဲ့လိုက်တာကို သားက မဝတ်ဖူး “

” အဲတာ မေမေ့သားကြောင့်လေ သားကို ပေးမ
ဝတ်ဘူး “

ကလေးများလို နှုတ်ခမ်းလေးဆူထော်လျက်
တိုင်ပစ်လိုက်သည်။

” အလိုတော် ဒင်းကများ မေမေဝယ်ပေးမယ် ဝတ်သာဝတ် “

” ဟုတ်မေမေ “

” အဲတိုင်းရပ်နေအုန်း ပုံရိုက်ပေးမယ် “

တကယ်ကြီး ပုံထုတ်ရိုက်နေသဖြင့် ရှက်ကိုးရှက် ကန်းနဲ့ ငြိမ်ပေးလိုက်ရသည်။ ဒီအခြေအနေလေးကို ဆွေးမြေ့သိပ်ကို တန်ဖိုးထားပါ၏။

         ………..<<<<ညှို့အိမ်>>>………

ချွင် … ချွင် ….

Laptop ဖြင့် စရင်းလုပ်နေတုန်း ဖုန်းဆီက တတောင်တောင်နဲ့ စာဝင်နေတာကြောင့် ကြည့်လိုက်မိသည်။

” ဟာ … “

ပို့သူက မေမေမို့ ပို့ထားသည့်ပုံကို ထောက်
လိုက်တော့ ပေါ်လာသည်က သူ့ရဲ့အသဲအသက် လေး။ လက်ထဲက ဖုန်းတောင် လွတ်ကျသွားရ
သည်။

” ဘာဖြစ်တာလဲ boss “

မျက်နှာခြင်းဆိုင်မှာထိုင်နေတဲ့ ယံပိုင်ကလဲ သူ့အပြုအမူကြောင့်လန့်သွားပုံ ။

” မြေ့အိမ်ကတော့ လုပ်ချလိုက်ပြန်ပြီ မေမေနဲ့ပေါင်းပြီး ဆိုးနေတာပဲ “

ပုံထဲတွင် အလွန်တရာမှ ချစ်စရာကောင်းသောပုံရိပ်လေး ၊ ရှက်နေပုံကြောင့် ဂုတ်ပိုးကို ပွတ်သတ် နေပုံ၊ မှန်ရှေ့မှာစတိုင်ထုတ်နေပုံ။ ဘောင်းဘီတိုဝတ်ထားတာကြောင့် ဖြူဖွေးနေတဲ့ခြေတံသွယ် သွယ်လေးတွေရဲ့ပုံတွေ။

” သူများတွေ ကြည့်ကုန်တော့မှာပဲကွာ ငါ့နှဲ့ ဒီကောင်လေးကိုဘယ်မှာသွားဖွက်ထားရမလဲ “

” ဘာဖြစ်တာလဲ boss ရဲ့ တပည့်ကြီးကို ပြောပြပါအုံး “

” ဒီမှာကြည့်အုံး အဲဘောင်းဘီက တိုလွန်းမနေဘူးလား “

လင်းညှို့က ကိုင်ထားသော ဖုန်းအားယံပိုင်ဘက် ထောင်ပြလျက် မချိတင်ကဲဆိုမိ၏။

” wow …. ဒီလိုလေးကျတော့လဲ ဆွေးမြေ့က ချစ်စရာလေးဗျ …. ဘောင်းဘီက မတိုပါဘူး ခုခေတ်က ဒီလိုပဲကို သူကအသားဖွေးတော့ ပိုတောင်ကြည့်ကောင်းသေး “

ယံပိုင်က ပုံကိုသေချာကြည့်ကာ အမှတ်ပေးနေလိုက်သည်။ ရုတ်တရက် ကျက်သီးထသွားသလို ခံစားလိုက်ရတာမို့ မော့လိုက်တော့ ပြုံးနေတာတောင်တည်လိုက်ရသည်။ boss က မျက်ထောင့်နီကြီးနှင့်ကြည့်နေတာပင်။

” boss ကလဲဗျာ ကျွန်တော်က ညီလေးလို သဘောထားတာပါဗျ အဲလောက်မတိုပါနဲ့ “

” တိုရတယ်ကွ မင်းတောင်ဒီလိုတွေးနေတာ အခြားကောင်တွေဆို ဘယ်လိုနေလိုက်မလဲ “

တစ်နေ့တစ်ခြား အချစ်တွေတိုးလာတာနဲ့အမျှ ပို၍ချစ်ဖို့ကောင်းလာသောကောင်လေးကြောင့် စိတ်မချနိုင်ဖြစ်လာရသည်။ ခုလဲစိတ်မဖြောင့်တော့သဖြင့်ဖုန်းဆက်ရတော့၏။

” ဟယ်လို မှိူင်း “

” ခုဘယ်မှာလဲ မြေ့အိမ် “

” ခုပဲဆိုင်ထဲကထွက်တာ တစ်ခုခုသွားစားမလို့
မှိုင်း ဘာပြောမလို့လဲပြောလေ “

” လွမ်းလို့ “

” အာ “

” မြေ့အိမ်က အတိုတွေ ဝတ်ပြီးလျှောက်သွားနေတာ ဒီကကောင်က ရင်ပူနေပြီ ”

” မှိုင်းကလဲ ကျွန်တော့်ကိုမယုံဘူးလား “

” ယုံတယ်လေကွာ ဒါမဲ့ သူများတွေကြည့်မှာမလိုလားဘူး “

” အသားပဲ့ပါသွားတာမှမဟုတ်ပဲ “

” မြေ့အိမ်ကလဲ ကိုယ်က … “

” သားငယ်လေးရေ ဒီမှာစားကြမယ် “

လင်းညှို့စကားမဆုံးလိုက် ဖုန်းထဲမှမေ့မေ့အသံကြားလိုက်ရသည်။

” ဒါပဲနော် မေမေခေါ်နေပြီ “

” မြေ့အိမ် ခနလေးနေအုန်းလေ …”

တီတီတီတီ……

ကျသွားသော ဖုန်းလေးကိုကြည့်ရင်း မကျေနပ် ဖြစ်သွားရသည်။

၅မိနစ်ခန့်အကြာ….. မနေနိုင်စွာဖုန်းထပ်ခေါ်
လိုက်သည်။

” အင်း မှိုင်း “

” ဘာလုပ်နေလဲ မြေ့အိမ် “

” ကျွန်တော်တို့ မုန့်စားဖို့ရွေးနေပြီ “

” ကိုယ်လဲ ဗိုက်ဆာတယ် “

” ကိုယံပိုင်က တစ်ခုခု လုပ်မပေးဘူးလား”

” လုပ်ပေးပေမဲ့ မြေ့အိမ်ကို လွမ်းတော့ စားမကောင်းဘူး “

” ပိုပြန်ပြီ “

” တကယ်ပါဆိုကွာ ကိုယ်တကယ် …. “

” သားငယ် လာအုန်း အအေးရွေးရအောင် “

ထပ်ပြီး မေ့မေ့အသံကြားရပြန်၏။

” ဒါပဲမှိုင်းရေ မေမေဆီသွားလိုက်အုံးမယ် “

တီတီတီတီ ……

ဖုန်းက ထပ်မံကျသွားပြန်၏။ လင်းညှို့မျက်နှာနှာ ဇီးရွက်လောက်သာကျန်တော့သည်။ ယံပိုင် ကတော့ သူ့ boss အဖြစ်ကို ကြည့်ကာ ကျိတ်ရီနေ၏။

၁၀ မိနစ်အကြာ ….. ဖုန်းထပ်ခေါ်လိုက်ပြန်သည်။

” ပြောမှိုင်း “

” ဘာလုပ်နေလဲ အိမ်လေး “

” ကျွန်တော်တို့ မုန့်စားနေပြီဗျ “

” ဘာတွေစားနေတာလဲ “

” ကျွန်တော်က ဟန်ဘာကာနဲ့ ကြက်ကြော်၊ မေမေက အီတလီခေါက်ဆွဲ “

” ကိုယ်လဲစားချင်လိုက်တာ မြေ့အိမ်နဲ့အတူတူ”

” ဟိုကောင် ဖုန်းဆက်ပြန်ပြီလား “

” ဟုတ်တယ်မေမေ “

” ချလိုက်တော့ ဘယ်နှဲ့ တဂွမ်ဂွမ်ဆက်နေတယ် အစားဖြောင့်အောင်စား “

” ဟုတ် “

” ကြားလားမှိုင်း မေမေပြောနေပြီ ဒါပဲနော် “

တီတီတီတီ ……..

” အားး ဘာလဲကွာ “

” ဟားဟား “

” မင်းဘာရီတာလဲ “

” boss ကြည့်ရတာ သနားလာပြီဗျာ “

” bonus!!! “

” sorry boss “

တစ်ခုခုဆို ဒါနဲ့ပဲ ကိုင်ပေါက်ပြီး အနိူင်ကျင့်နေတဲ့ boss ကြောင့် ပါးစပ်ကို ဇစ်ဆွဲသလိုပိတ်ကာ မျက်နှာပိုးသတ်ရတော့သည်။ အကျင့်ပုပ် boss။

၁၅ မိနစ်အကြာ …….

” ဘာလဲ မှိုင်းရာ “

တီတီတီတီ…….

ထပ်၍ဖုန်းခေါ်မိပြီး ရေရေရာရာမရှိသဖြင့်
မြေ့အိမ်က ဖုန်းချသွား၏။

မိနစ် ၃၀ အကြာ …..

” ဘာဖြစ်ပြန်ပြီလဲပြော “

” အိမ်လေးက စိတ်မရှည်ဘူးလား “

” ဟုတ်တယ်မရှည်ဘူး”

” အိမ်လေးကလဲ ကိုယ်ကလွမ်းလို့ပါဆို “

” ခဗျား အပိုတွေပြောမနေနဲ့ တမင်လိုက်
နှောက်ယှက်နေတာမသိရင်ခက်မယ် “

” ကိုယ်က ဘာလို့နှောက်ယှက်ရမှာလဲ စွပ်စွပ်စွဲစွဲဗျာ “

” ဒါပဲဗျာ ကျွန်တော်တို့ ရုပ်ရှင်ကြည့်မလို့ ထပ်မဆက်နဲ့နော် ထပ်ဆက်ရင် block မှာ “

” ဟာ အဲလိုမလုပ်နဲ့လေ မြေ့အိမ်ကလဲ “

” အရူးကြီး ဒါပဲ ထပ်မဆက်နဲ့ “

တီတီတီတီ……

” တော်လိုက်ပါတော့ boss ရာ ခုတော့ အအော်ခံရပြီမို့လား “

” ဟိတ်ကောင် “

” ဗျ boss “

” ချစ်ဖို့မကောင်းလွန်းဘူးလား “

” ဟင် ဘာကို “

” ငါ့အိမ်လေး အော်တာလေးက အစ ချစ်ဖို့
ကောင်းလွန်းမနေဘူးလား … အားးး အရမ်းတွေလွမ်းသွားပြီကွာ ….. “

” ……. “

” ငါ့နှဲ့ ဘယ်လိုလုပ်ရပ အရူးကြီးတဲ့ ချစ်ဖို့
ကောင်းနေတာပဲ “

ဖြေဆေးထိုးတောင် ဖြေဆေးမမှီတော့မည့် boss အားကြည့်ကာ ခြေရောလက်ရောမြှောက်ရပါတော့သည်။ လူတွေက အချစ်နဲ့တွေ့ရင် ရူးသွားတယ်ဆိုတာ သူ့ boss က သက်သေထူလို့နေလေပြီ။ ခုလဲ ကြည့်ပါလား ဖုန်းထဲက ဆွေးမြေ့ပုံကိုကြည့်ပြီး ဖုန်းမျက်နှာပြင်ကြီးနမ်းနေတာ။
သူ ရွာသာကြီးကို ကြိုပြီးစုံစမ်းထားလိုက်ရတော့မလား။

              ………<<<ညှို့အိမ်>>>…….

” Congratulations ဆွေးမြေ့ “

” Congratulations အသေးလေး “

” Congratulations ငါ့ကောင် “

” Congratulations မားမား သားလေး “

Marketing Team ကနေ ရာထူးတက်သွားတဲ့ ဆွေးမြေ့ကို မကြည်ပြာ ၊ ကိုကို ၊ နေသူ ၊ မိရွှန်းတို့က ဂုဏ်ပြုနေကြသည်။ မှိုင်းနဲ့ တရားဝင်တွဲ
ဖြစ်ပြီး ၅လကြာလေပြီ။ စစခြင်းမှာတော ထုံးစံ အတိုင်းကြားအောင်တစ်မျိုးမကြားအောင်တစ် မျိုး မျိုးစုံအပြောခံခဲ့ရသည်။ သိုပေမဲ့ ဆွေးမြေ့ ဂရုမစိုက်ခဲ့ပါ။ သူ့ဘေးမှာ ဖေးမပေးမဲ့ သူငယ်ချင်းတွေရှိသလို ချစ်ရသူနဲ့ မေမေလဲရှိသည်။
ဒီရာထူးကလဲ သူ့ကြိုးစားမှုကြောင့် ရာလာတာမို့ လိပ်ပြာလုံသည်။ သူများတွေဘယ်လိုပဲ ပြောပြော သူကဂရုမစိုက်ပါ အချိန်ကြာလာတော့လဲ မောသွားကြမှာပဲ။ သူ့အရည်အချင်းနဲ့သာ ထိုပါးစပ်တွေ ပိတ်အောင်သက်သေပြမည်။ သူတို့အချစ်နဲ့သစ္စာရှိမှူတွေကို အချိန်က သက်သေပြလိမ်မည်ပင်။

” ဒီအချိန်ထိဘေးမှာ ရှိပေးကြလို့အကုန်လုံးကို ကျေးဇူးတင်ပါတယ် “

” မလိုပါဘူးဟာ ကြိုးစားမှုရဲ့ရလဒ်ပါ “

” ကဲ ဆွေးမြေ့ boss က အခေါ်လွတ်နေပြီ ရုံးခန်းကိုကြွခဲ့ပါတဲ့ “

” ဟုတ်မကြည်ပြာ အားလုံးကို နောက်ရက်မှ
လိုက်ကျွေးမယ်နော် ခုတော့သွားလိုက်အုံးမယ် “

” ကြွကြွ “

ဆွေးမြေ့လဲ တစ်ချက်ပြုံးပြခဲ့ပြီး ရုံးခန်းဆီတက် ခဲ့လိုက်တော့သည်။ အခန်းထဲရောက်သွားတော့ ချစ်ရသူက မှန်ရံဘက်လှည့်ကာ ဘောင်းဘီအိတ် ကပ်ထဲဘက်ထည့်၍ ရပ်နေ၏။ ကျယ်ပြန့်လှတဲ့ ကျောပြင်ကျယ်ကြီးထံ အပြေးသွား၍ နောက်ကနေ ခါးကို ဖက်ပစ်လိုက်သည်။

” မှိုင်း “

” အိမ်လေး Congratulation နော် “

မှိုင်းက ခါးဆီကသူ့လက်တွေကို ပြန်ကိုင်၍
စောင်းငဲ့ကြည့်လာသည်။

” ကျွန်တော်အရမ်းပျော်တာပဲ “

” ကိုယ့်အိမ်လေး တကယ်အရွယ်ရောက်လာပြီပဲ အရမ်းတော်တယ် “

မှိုင်းက သူ့ဘက်ကိုလှည့်ကာ ကိုယ်ကို ကိုင်း၍ ပါးကို နမ်း၏။

” မှိုင်းရဲ့ သင်ပြမှုတွေကြောင့်ပါ “

” အိမ်လေးရဲ့ ကြိုးစားမှုတွေလဲပါပါတယ်”

” ဒီထက်လဲ ပိုကြိုးစားပါ့မယ် “

” အင်း … သိပ်တော်တဲ့အိမ်လေးကို လက်ဆောင် ပေးစရာရှိတယ် ရော့ ”

ဘောင်းဘီအိတ်ကပ်ထဲက စာအိတ်လေး ထုတ်ပေးလာသဖြင့် ဖွင့်ကြည့်လိုက်တော့ မော်လ်ဒိုက်ကျွန်းကို သွားသည့် air ticket
2စောင်

” ဟာ ဒါ … ဒါက ”

” အိမ်လေး အသွားချင်ဆုံး ကျွန်းကို သွားကြတာပေါ့ ”

” တကယ်ကြီးလား “

” တကယ်ပေါ့ အဲမှာလေ လက်မှတ်က “

” အားးးး မှိုင်းက အကောင်းဆုံးပဲကွ … “

ရွတ်….ရွတ်…

မှိုင်းရဲ့ ဂုတ်ကို ဆွဲချ၍ မျက်နှာအနံ့နမ်းတော့
သည်။

ပြွတ်စ် ….

နှုတ်ခမ်းကို ရောက်သည့်အချိန်တွင်တော့ တဖက်လူက တန်းအလွတ်မပေးတော့ပဲ သိမ်း
ပိုက်လိုက်တော့သည်။ အနမ်းတွေ ကြာရှည်အုံးမည်ထင်ပါရဲ့….

     …………..<<<ညှို့အိမ်>>>…………

The Finolhu Villas …. Maldives
( ဖီနိုလူ ကျွန်း မော်လ်ဒိုက် )

မနေ့က မှောင်မှရောက်တာမို့ ညစာစားပြီးစောစောအနားယူလိုက်ကြသည်။ ဒါကြောင့် စောစော နိုးပြီး ဆွေးမြေ့တစ်ယောက် ရေထဲသို့ ဆင်းရန် အလွန့်ကို တက်ကြွနေ၏။

” မှိုင်းရေ မြန်မြန်လာပါဗျ ဆင်းချင်လှပြီဗျ”

ရေက မနက်သော်လဲ စိတ်မချတာမို့
တစ်ယောက်ထဲ မဆင်းဖို့ပြောထားရသည်။ မနက် ၇နာရီကတည်းက ဂျီကျနေတာပင်။

” လာပါပြီကွာ “

အခန်းမှန်တံခါးအား ဖွင့်လိုက်သည်နှင့် လှပသော ရေပြင်ကျယ်ကြီးက စီးကြိုနေ၏။

” ဝါးးးး လှလိုက်တာဗျာ အိမ်မက်မက်နေသလိုပဲ”

လက်နှစ်ဖက်အား ဆန့်တန်းကာ လေကို
တစ်ဝကြီးရူထုတ်ပစ်လိုက်သည်။

” သဘောကျရဲ့လား “

” သေချာပေါက်ပေါ့ “

ဒီ villa က မော်လ်ဒိုက်မှာ အမိုက်ဆုံးဖြစ်သည်။ ကိုယ်ပိုင်ရေကူးကန်ပါသည့်အပြင်၊ ရေပေါ် breakfast ကလဲ အလွန်နာမည်ကြီး၏။ ၃ညအိပ် package ဖြင့် တစ်ယောက်ကို 2500 – 3000 USD ကြားကျသင့်သည်။

အခန်းအပြင် လှေကားက ဆင်းလိုက်တာနဲ့
ရေပြင်ကျယ်ကြီးကို တန်းရောက်တာပင်။

” လာလာဆင်းကြမယ် “

ဆွေးမြေ့ကတော့ အလွန်ကို တက်ကြွ၍ အပြုံးတွေက ငေးလို့မဝနိုင်အောင်လတ်ဆက်နေသည်။ နှစ်ယောက်သား ရေထဲဆင်းကာ ရေဆော့ကြတော့သည်။ ဆွေးမြေ့က ရေမကူး
တတ်သေးတာမို့ ဂရုစိုက်ရသည်။ ရေကူးလဲထပ်၍သင်ပေးရသေး၏။

” ပျော်လိုက်တာဗျာ … မေမေပါရင် ပိုကောင်းမှာ”

ကဲ သူမပြောဘူးလား ဒီအိမ်မှာ ဆွေးမြေ့အိမ်က သားအရင်းပါဆို ။

” နောက်ခါကျ မေမေနဲ့ထပ်လာကြတာပေါ့ “

” တကယ်လား “

” ဒါပေါ့ “

” ဟီးဟီး ကျေနပ်တယ် “

” ဒါဖြင့် ကိုယ့်ကို ချစ်လား “

” ချစ်ဘူး “

” ဘာကွ လာစမ်း ဒီကို မချစ်ဘူးပြောရဲတယ်ပေါ့”

” ဟားဟား လာဘူးဘာဘူး “

ဆွေးမြေ့က ရေထဲတွင်ပတ်ပြေးရင်း သူ့ကို ရေနဲ့လှမ်းပတ်သေး၏။ သူကလဲ လိုက်ဖမ်းရင်း ရေနဲ့ပြန်ပတ်သည်။ နှစ်ယောက်လုံးရဲ့ ရီမောသံတွေက ပဲ့တင်ထပ်နေ၏။

” မိလို့ကတော့ မလွယ်ဘူးမှတ် “

” မကြောက်ပါ မကြောက်ပါ “

ဆွေးမြေ့က လျှာလေးထုတ်ပြရင်း သူ့ကို စနောက်နေသည်။ အလွန်အူယားလာသဖြင့် အလျော့မပေးတော့ပဲ ခြေလှမ်းကျဲကြီးတွေနဲ့ သွား၍ ခုပ်အုပ်လိုက်တော့သည်။

” မိပြီကွ “

လင်းညှို့က ခါးက သိုင်းဖက်၍ ဝေ့ရမ်းပစ်
လိုက်သည်။

” ဟားဟားး မှိုင်း …. “

သူ့လက်ထဲတွင် ကောင်လေးငယ်လေးဟာ ရီမောနေတော့သည်။

ရွတ် … ပြွတ်စ် … ပြွတ်စ် …

အကျီမပါတဲ့ ကိုယ်အနံ့ကို ပွတ်သပ်၍ လည်ဂုပ် တွေ ပခုံးတွေကို စိတ်ကြိုက်နမ်းပစ်လိုက်တော့သည်။

” အင့် … လွတ်တော့ဗျာ “

မရပ်မနား နမ်းနေသည်မို့ ကောင်လေးကလူးလွန့်လာ၏။

” မောနင်း sex လေး လုပ်ကြမလား”

” ဟင့်အင်း ရေကူးအုံးမှာ “

” လာပါကွာ ရေက ပြီးမှကူး ကိုယ်မရတော့ဘူး”

လင်းညှို့က တင်ပါးကနေပွေ့ချီလိုက်တော့
ခြေထောက်တွေက သူ့ခါးကို ချိတ်တွင်လာ၏။

” ရေကူးချင်သေးတာပါဆို “

” ပြီးမှ တစ်နေကုန်ကူး ခုတော့ မနက်ခင်း
လေ့ကျင့်ခန်းလေး အရင်လုပ်ကြမယ် ”

” လူညစ်ပတ်ကြီး “

တင်ပါးတွေကို ဆုပ်နယ်ရင်း အခန်းထဲဆီသို့ခေါ်ဆောင်သွားတော့သည်။

…………………….

” အိမ်ကလေး “

” ဗျာ “

” ကိုယ့်ကို ချစ်လား “

” ချစ်တာပေါ့ဗျာ “

တစ်မနက်လုံး နှစ်ယောက်သား အိပ်ယာပေါ်မှာ စိတ်ကြိုက်သောင်းကျန်းပြီးနောက် အိပ်ပျော်သွားကြသည်မှာ ညမှနေဝင်ခါနီးမှနိုးတော့သည်။ နိုးနိုးခြင်း လန်းဆန်းသွားအောင် အခန်းကပါရှိသည့်ရေကူးကန်ထဲတွင်စိမ်နေကြလိုက်၏။

ကန်ပေါင်ကို ကျောမှီကာ ဝင်ခါနီးနေလုံးကြီးကို
နှစ်ယောက်သားငေးမောရင်းစကားတွေပြောနေကြ၏။ ဆွေးမြေ့ကတော့ လင်းညှို့ရင်ခွင်ထဲ
တွင် မှီတွယ်နေတာပင်။

” ရေပြင်ကျယ်ကြီးထဲမှာ နေလုံးဝင်တော့မှာ
က တကယ်ကြည့်လို့ကောင်းတယ်နော် “

” အင်း တကယ်လှတယ် “

နေရောင်ခြည်က အလင်းရောင်တွေဖြာထွက်နေကာ တဖြည်းဖြည်း မှိန်လာပြီး ဝင်စပြုနေလေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံးကိုလဲ သူ၏ အလင်းတန်းတွေက ဖြန့်ကျက်ထားသေးသည်။

” မြေ့အိမ် “

” ဗျာ “

” နေထွက်ချိန်ကနေစလို့ ခုလို နေဝင်သွားချိန်အထိ အိမ်လေးနဲ့အတူ ဖြတ်သန်းသွားချင်တယ်”

” …….. “

” ကိုယ်လေ ကိုယ့်ဘဝရဲ့ နေဝင်ချိန်အထိ
အိမ်ကလေးဘေးမှာပဲ ရှိသွားချင်တယ် “

” မှိုင်း “

ရင်ခွင်ထဲကနေမော့ကြည့်လိုက်တော့ သူ့အား ချစ်မြတ်နိုးစွာ ငုံ့ကြည့်နေတဲ့ မျက်ဝန်းနဲ့တိုက်မိသည်။

” ဘဝရဲ့ ရှင်သန်ခြင်းဆိုတာကို မင်းလေးနဲ့မှ
အဓိပ္ပါယ် သိခွင့်ရတော့တာ ၊ မင်းက ကိုယ့်ရဲ့
ရှင်သန်ခြင်း ၊ မင်းကပဲ ကိုယ့်ဘဝရဲ့ ပျော်ရွှင်
ခြင်း ဝမ်းနည်းခြင်းပါပဲ၊ ဒီဘဝမှာတော့လေ
ဆွေးမြေ့အိမ် နဲ့မှ မဟုတ်ရင် မရှင်သန်ချင်တော့လောက်အောင်ပါပဲကွာ ”

မှိုင်းစကားတွေကြောင့် မျက်ရည်တောင်ဝဲချင်
သွားရ၏။

” ကိုယ်နဲ့အတူ နေဝင်ချိန်ထိ အတူရှိနေမလား
ဟင်”

” ဒီဘဝ ဒီခန္ဓာကိုယ်ကို ကျွန်တော်ပိုင်နေသ၍
မှိုင်း အနားမှာ ရှိနေမှာပါ “

” သိပ်ချစ်တယ် အိမ်ကလေးရယ် “

” ကျွန်တော်လဲ အရမ်းချစ်ပါတယ် မှိုင်း “

နှစ်ဦးသားရဲ့ အပြုံးတွေဟာ နေမင်းကြီးနဲ့
အပြိုင်တောက်ပနေတော့သည်။ တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးစွာဖြင့် အနမ်းတွေကို ပုံဖော် မိတော့၏။ နေရောင်ကနေ လရောင် ထွက်ပေါ် လာသည်အထိ အကြင်နာအနမ်းတွေက ရပ်တန့်ဖို့ ဆန္ဒမရှိသေးဘူးထင်၏။

ထိုမြင်ကွင်းအား ကြည့်ပြီး နေမင်းကြီးက ရှက်၍ မြန်မြန်ဝင်သွားသလို … လမင်းကြီးကလဲ ရှက်လို့ထင်၏။ တိမ်တွေနဲ့ ဖုံးကွယ်ပစ်လိုက် တော့သည်။

ပြီးပါပြီ……

           ………..<<<ညှို့အိမ်>>……….

26.10 .2024 (စနေနေ့)

နောက်ဆုံးတော့ပြီးသွားပါပြီ ။ ကျေးဇူးတင်လွှာလေးနဲ့ကျမှ ပြောချင်တာလေးတွေရေးတော့မယ်နော် ။

#စာစစ်မထားပါ

ချစ်တဲ့ emma

Zawgyi

” ေမာနင္း ေမေမ “

” ေမာနင္းသားငယ္ေလး “

” ကိုယ့္ကိုလဲ ေမာနင္းလုပ္ပါအုံးကြာ “

ထမင္းစားခန္းသို႔ ဝင္လာေသာ သားအမိႏွစ္ေယာက္ကို ၾကည့္၍ ေဆြးေျမ့က ေမာနင္းလုပ္ေနတာပင္။ လင္းညႇိဳ႕က သူ႔ကိုေျပာမလာတာမို႔ခုံတြင္ ဝင္ထိုင္ရင္းေျပာလိုက္ရသည္။

” ဟီး ေမာနင္းမႈိင္း ”

” ေမေမရွိသြားတာနဲ႔ ကိုယ့္ကို ပလစ္ေနတာ
ေျမ့အိမ္က “

” မဟုတ္ပါဘူး မႈိင္းရာ “

ေဆြးေျမ့က စားပြဲေပၚတြင္စားစရာေတြတင္ရင္းေျပာလိုက္၏။ ေဘးက အိမ္အကူေတြကလဲ ကူညီေပးသည္။

” လင္းညႇိဳ႕ သားငယ္ေလးကို ဘာမွ ေျပာစရာမလိုဘူးေနာ္ “

” ဟုတ္ပေမေမရယ္ ေျပာလိုက္ပါအုန္း “

ေဆြးေျမ့ကပါ တြင္ထိုင္ရင္း ေမေမအားေျပာေလသည္။ အတိုင္အေဖာက္ညီ၍ သူ႔အား ပလစ္ေနေသာ သားအမိကို ၾကည့္ကာ လင္းညႇိဳ႕မွာအၿပဳံးပန္းေတြေဝဆာေနရသည္။ သူတို႔ေတြ ေမေမဆီေျပာင္းလာေနတာ ၁လေက်ာ္ေလၿပီ။ ေဆြးေျမ့က နဂိုကတည္းက လိမ္မာက ေျပာတတ္ဆိုတတ္ ေလးမို႔ ခုဆို ေမေမ့အသဲေက်ာ္ေလးပင္ျဖစ္လို႔ေနၿပီ။ drama ကားေတြႀကိဳက္ၾကတဲ့ ၂ေယာက္က ပိတ္ရက္ေတြဆို ညနက္ေတြအထိၾကည့္ၾကသည္။
ေမေမက အိမ္မွာတစ္ေယာက္ထဲေနခဲ့ရာကေန ခုလို စိုစိုေျပေျပေလးဆိုေတာ့ တကယ္ဝမ္းသာေနပုံ။ ေဆြးေျမ့ကိုလဲ တကယ္ကို သူ႔ေျမးအရင္းလိုပင္ သေဘာထားေသး၏။

” ဒီေန႔သားငယ္ေလး နားရက္ဆိုေတာ့ ေမေမတို႔ အျပင္သြားၾကမလား “

” သြားၾကမယ္ေလ ဘယ္သြားမလဲေမေမ ”

” သားငယ္က ဘယ္သြားခ်င္လဲ “

” ဟိုေန႔က ေမေမ shopping ထြက္ခ်င္ေနတယ္ဆို Center ကိုသြားၾကမလား ၿပီးမွ မုန္႔သြားစားၾကမယ္ေလ “

” ဟုတ္တယ္ဟုတ္တယ္ shopping ထြက္ၾကမယ္”

သားအမိႏွစ္ေယာက္သား ရီရီေမာေမာေျပာေနၾကသည္မွာ သူ႔ကိုရွိသည္လို႔ပင္ထင္ပုံမရ၊တကယ္ကို လူပိုႀကီးျဖစ္ေနတာ ။

” ကြၽန္ေတာ္လဲ လိုက္မယ္ေလ “

” အို မင္းက ဘာလိုက္လုပ္မွာလဲ company ပဲသြား”

” အင္းေလ မႈိင္းကလဲ “

” ဪအင္းပါ “

တကယ္ကို အပယ္ခံေလးပါ ၊ ခုလဲ ႏွစ္ေယာက္ သား ဒီေန႔ဘာေတြလုပ္မယ္ဆိုတာ ဆက္၍တိုင္
ပင္ေနၾကျပန္သည္။ ဘယ္လိုပဲေနပါေစ ဒီအေျခ အေနေလးကို လင္းညႇိဳ႕စိတ္ခ်မ္းသာရပါ၏။ ဒီမိသားစုေလးကို ေပ်ာ္႐ႊင္ေအးခ်မ္းမႈေတြသာေပးႏိုင္ေအာင္ႀကိဳးစားပါေတာ့မည္။

ေဆြးေျမ့ နဲ႔ ေမေမ center ထဲေရာက္သည္ႏွင့္ က်ားဝတ္မဝတ္ brand အစုံရွိသည့္ ဆိုင္ထဲသို႔ ဝင္ခဲ့လိုက္သည္။ အရင္ကေတာ့ မႈိင္းနဲ႔ေမေမက ခုလိုေတြ သူ႔အတြက္ဝယ္ေပးလွ်င္ အားနာစိတ္ျဖစ္မိ၏။ ခုေနာက္ပိုင္းေတာ့ အဲလိုသေဘာမထားေတာ့ပါ မိသားစုဆိုလွ်င္ ဒီလိုကပုံမွန္ပင္။ မိသားစုမွာ အားနာစရာမလိုပါ ၊ သူစိမ္းေတြမွမဟုတ္ေတာ့ပဲ။ အခ်ိန္မၾကာေသးဘူးဆိုေပမဲ့ မႈိင္း ေမေမကို ကိုယ့္အေမအရင္းလိုခံစားလာရသည္။ ေမေမကလဲ သူ႔အေပၚ ေသြးသားအရင္းလိုပဲ သေဘာထားသည္။ ေမတၱာတရားရဲ႕ ရိပ္ၿမဳံေလးထဲမွာ သူေနေပ်ာ္ေနပါၿပီ။

” အယ္ ဒီဇိုင္းအသစ္ေတြပဲ “

” ဟုတ္ပါတယ္ မမ မေန႔ကမွေရာက္ထားတာရယ္ မမနဲ႔ဆို လိုက္မွာ ”

” အယ္ ညီမေလးက ျမင္တတ္တယ္ေနာ္ ဟဲဟဲ “

ေဒၚလင္းဇာျခည္က သူ႔ကို မမလို႔ေခၚလို႔ သေဘာ က်သြားပုံရၿပီး အထည္ေတြကိုစိတ္ႀကိဳက္ေ႐ြးေနေတာ့၏။ ေမေမက 45 ေက်ာ္ပဲ ရွိေသးတဲ့အျပင္ ေခတ္ဆန္ကာ လူေကာင္ကဘဲပိန္ေသးသျဖင့္ မမဟု ေခၚခံရတာပင္။ အေတာ္ေလး လွပကာ အ႐ြယ္တင္တာမို႔ သူတို႔ ႏွစ္ေယာက္နဲ႔အျပင္
ထြက္လွ်င္ သူနဲ႔ဆို ေမာင္ေလးဟုအထင္ခံရၿပီး မႈိင္းနဲ႔ဆို အကိုႀကီးလို႔ပင္ ထင္ခံရသည္အထိပင္။ အဲလိုထင္ၾကၿပီေဟ့ဆို ေမေမက သူ႔အား ေမေမဟု လာမေခၚနဲ႔ဟုပင္မွာလိုက္ေသး၏။ တကယ္
ခ်စ္ဖို႔ေကာင္းတဲ့ အမ်ိဳးသမီးပင္။

” သားငယ္ေလး ဒါေလးလွလား “

” လိုက္သားပဲေမေမရဲ႕ ပန္းႏုေလးဆိုေတာ့ ပိုႏုသြားတယ္ “

” ဟုတ္လား ဒါဆိုယူလိုက္ေတာ့မယ္ “

” မမရဲ႕သားလား ညီမေလးက ေမာင္ေလးထင္ေနတာ “

ထုံးစံအတိုင္း ဝန္ထမ္းေကာင္မေလးက ထေျပာေလသည္။ ေမေမကေတာ့ ၿပဳံးလို႔ေပါ့။

” ဒါက သမက္ေလးေလ မမသားက အလုပ္သြားတယ္ “

” အယ္ “

ေမေမစကားေၾကာင့္ ေကာင္မေလးက အံ့ဩသြားဟန္ ေဆြးေျမ့လဲ နဲနဲရွက္သြားရသည္။ ေမေမက အဲလိုလဲ လုပ္တတ္ပါေသးသည္။ သူ႔မိတ္ေဆြေတြေရွ႕တြင္လဲ သူ႔အား သမက္ဟု မိတ္ဆက္ေပးဖို႔ မတြန္႔ဆုတ္တတ္ေပ။

ေမေမက အက်ီေတြ စိတ္ႀကိဳက္ေ႐ြးၿပီး လိုခ်င္တဲ့ size ကိုရွာခိုင္းလိုက္သည္။

” သားငယ္ေလး အတြက္သြားၾကည့္ရေအာင္ “

” သားက ေတာ္ၿပီေမေမရဲ႕ မွိူင္းဝယ္ေပးထားတာေတြေတာင္ ဝတ္လို႔မကုန္ေသးဘူး “

” အဲတာက သူဝယ္ေပးတာေလ ေမေမဝယ္ေပးတာမွမဟုတ္ပဲ လာပါ “

ေမေမက လက္ကိုဆြဲ၍ က်ားဝတ္ေတြဘက္ေခၚ
သြားသျဖင့္လိုက္ရျပန္သည္။ သူေနာက္တစ္ခုထပ္သိလိုက္ရတာက ဒီသားမိဟာ shopping ထြက္ရတာအလြန္ႀကိဳက္တာဟုပင္။အေတာ္ေလး ကို ဝယ္ႏိုင္ၾကပါသည္။

” ကဲ လိုခ်င္တာအကုန္ယူ “

မျဖစ္မေနဝယ္ရေတာ့မည္ကို သိသျဖင့္ သူ႔မွာသိပ္မရွိေသာ ေဘာင္းဘီတိုကိုသာ ေ႐ြးဝယ္ဖို႔ဆုံးျဖတ္လိုက္သည္။

” ဒါေလးႀကိဳက္တယ္ “

” လွသားပဲ ငါ့သားက အသားေဖြးေတာ့ တကယ္ လိုက္မယ္ စမ္းဝတ္ၾကည့္လိုက္ “

ေဆြးေျမ့ေ႐ြးလိုက္တာက ဂ်င္းတိုေလးျဖစ္သည္။

” ဟုတ္ ”

ေဆြးေျမ့ အဝတ္အစားလွဲခန္းထဲဝင္သြားလိုက္ၿပီး စမ္းဝတ္ၾကည့္ေတာ့ သူနဲကြက္တိပင္။ ေဘာင္းဘီက ဝတ္လိုက္ေတာ့ ပို၍တိုသြားသည္။ ေပါင္တိုေလးလိုေတာင္ျဖစ္ေန၏။ ဝတ္ထားတာက shirt အျဖဴေလးကို shoe ေလးနဲ႔ဆိုေတာ့ ေက်ာင္းသားေပါက္စနဲ႔ေတာင္တူသြားေသး၏။

” နဲနဲ တိုသလိုပဲေနာ္ “

အျပင္ထြက္ခဲ့လိုက္ၿပီး ေမ့ေမ့အားျပလိုက္သည္။

” အယ္ေတာ္ ခ်စ္စရာေကာင္းလိုက္တာ ငါ့သားေလးက “

” ဟီးဟီး “

” အတိုနဲ႔လိုက္တာကို သားက မဝတ္ဖူး “

” အဲတာ ေမေမ့သားေၾကာင့္ေလ ကြၽန္ေတာ့္ကို ေပးမဝတ္ဘူး “

ကေလးမ်ားလို ႏႈတ္ခမ္းေလးဆူေထာ္လ်က္ တိုင္ပစ္လိုက္သည္။

” အလိုေတာ္ ဒင္းကမ်ား ေမေမဝယ္ေပးမယ္ ဝတ္သာဝတ္ “

” ဟုတ္ေမေမ “

” အဲတိုင္းရပ္ေနအုန္း ပုံ႐ိုက္ေပးမယ္ “

တကယ္ႀကီး ပုံထုတ္႐ိုက္ေနသျဖင့္ ရွက္ကိုးရွက္ကန္းနဲ႔ ၿငိမ္ေပးလိုက္ရသည္။ ဒီအေျခအေနေလးကို ေဆြးေျမ့သိပ္ကို တန္ဖိုးထားပါ၏။

………..<<<<ညႇိဳ႕အိမ္>>>………

ခြၽင္ … ခြၽင္ ….

Laptop ျဖင့္ စရင္းလုပ္ေနတုန္း ဖုန္းဆီက တေတာင္ေတာင္နဲ႔ စာဝင္ေနတာေၾကာင့္ ၾကည့္လိုက္မိသည္။

” ဟာ … “

ပို႔သူက ေမေမမို႔ ပို႔ထားသည့္ပုံကို ေထာက္
လိုက္ေတာ့ ေပၚလာသည္က သူ႔ရဲ႕အသဲအသက္ေလး။ လက္ထဲက ဖုန္းေတာင္ လြတ္က်သြားရသည္။

” ဘာျဖစ္တာလဲ boss “

မ်က္ႏွာျခင္းဆိုင္မွာထိုင္ေနတဲ့ ယံပိုင္ကလဲ သူ႔အျပဳအမူေၾကာင့္လန္႔သြားပုံ ။

” ေျမ့အိမ္ကေတာ့ လုပ္ခ်လိုက္ျပန္ၿပီ ေမေမနဲ႔ေပါင္းၿပီး ဆိုးေနတာပဲ “

ပုံထဲတြင္ အလြန္တရာမွ ခ်စ္စရာေကာင္းေသာပုံရိပ္ေလး ၊ ရွက္ေနပုံေၾကာင့္ ဂုတ္ပိုးကို ပြတ္သတ္ ေနပုံ၊ မွန္ေရွ႕မွာစတိုင္ထုတ္ေနပုံ။ ေဘာင္းဘီတိုဝတ္ထားတာေၾကာင့္ ျဖဴေဖြးေနတဲ့ေျခတံသြယ္သြယ္ေလးေတြရဲ႕ပုံေတြ။

” သူမ်ားေတြ ၾကည့္ကုန္ေတာ့မွာပဲကြာ ငါ့ႏွဲ႔ ဒီေကာင္ေလးကိုဘယ္မွာသြားဖြက္ထားရမလဲ “

” ဘာျဖစ္တာလဲ boss ရဲ႕ တပည့္ႀကီးကို ေျပာျပပါအုံး “

” ဒီမွာၾကည့္အုံး အဲေဘာင္းဘီက တိုလြန္းမေနဘူးလား “

လင္းညႇိဳ႕က ကိုင္ထားေသာ ဖုန္းအားယံပိုင္ဘက္ ေထာင္ျပလ်က္ မခ်ိတင္ကဲဆိုမိ၏။

” wow …. ဒီလိုေလးက်ေတာ့လဲ ေဆြးေျမ့က ခ်စ္စရာေလးဗ် …. ေဘာင္းဘီက မတိုပါဘူး ခုေခတ္က ဒီလိုပဲကို သူကအသားေဖြးေတာ့ ပိုေတာင္ၾကည့္ေကာင္းေသး “

ယံပိုင္က ပုံကိုေသခ်ာၾကည့္ကာ အမွတ္ေပးေနလိုက္သည္။ ႐ုတ္တရက္ က်က္သီးထသြားသလို ခံစားလိုက္ရတာမို႔ ေမာ့လိုက္ေတာ့ ၿပဳံးေနတာေတာင္တည္လိုက္ရသည္။ boss က မ်က္ေထာင့္နီႀကီးႏွင့္ၾကည့္ေနတာပင္။

” boss ကလဲဗ်ာ ကြၽန္ေတာ္က ညီေလးလို သေဘာထားတာပါဗ် အဲေလာက္မတိုပါနဲ႔ “

” တိုရတယ္ကြ မင္းေတာင္ဒီလိုေတြးေနတာ အျခားေကာင္ေတြဆို ဘယ္လိုေနလိုက္မလဲ “

တစ္ေန႔တစ္ျခား အခ်စ္ေတြတိုးလာတာနဲ႔အမွ် ပို၍ခ်စ္ဖို႔ေကာင္းလာေသာေကာင္ေလးေၾကာင့္ စိတ္မခ်ႏိုင္ျဖစ္လာရသည္။ ခုလဲစိတ္မေျဖာင့္ေတာ့သျဖင့္ဖုန္းဆက္ရေတာ့၏။

” ဟယ္လို မွိူင္း “

” ခုဘယ္မွာလဲ ေျမ့အိမ္ “

” ခုပဲဆိုင္ထဲကထြက္တာ တစ္ခုခုသြားစားမလို႔ မႈိင္းဘာေျပာမလို႔လဲေျပာေလ “

” လြမ္းလို႔ “

” အာ “

” ေျမ့အိမ္က အတိုေတြ ဝတ္ၿပီးေလွ်ာက္သြားေနတာ ဒီကေကာင္က ရင္ပူေနၿပီ ”

” မႈိင္းကလဲ ကြၽန္ေတာ့္ကိုမယုံဘူးလား “

” ယုံတယ္ေလကြာ ဒါမဲ့ သူမ်ားေတြၾကည့္မွာမလိုလားဘူး “

” အသားပဲ့ပါသြားတာမွမဟုတ္ပဲ “

” ေျမ့အိမ္ကလဲ ကိုယ္က … “

” သားငယ္ေလးေရ ဒီမွာစားၾကမယ္ “

လင္းညႇိဳ႕စကားမဆုံးလိုက္ ဖုန္းထဲမွေမ့ေမ့အသံၾကားလိုက္ရသည္။

” ဒါပဲေနာ္ ေမေမေခၚေနၿပီ “

” ေျမ့အိမ္ ခနေလးေနအုန္းေလ …”

တီတီတီတီ……

က်သြားေသာ ဖုန္းေလးကိုၾကည့္ရင္း မေက်နပ္ျဖစ္သြားရသည္။

၅မိနစ္ခန္႔အၾကာ….. မေနႏိုင္စြာဖုန္းထပ္ေခၚလိုက္သည္။

” အင္း မႈိင္း “

” ဘာလုပ္ေနလဲ ေျမ့အိမ္ “

” ကြၽန္ေတာ္တို႔ မုန္႔စားဖို႔ေ႐ြးေနၿပီ “

” ကိုယ္လဲ ဗိုက္ဆာတယ္ “

” ကိုယံပိုင္က တစ္ခုခု လုပ္မေပးဘူးလား”

” လုပ္ေပးေပမဲ့ ေျမ့အိမ္ကို လြမ္းေတာ့ စားမေကာင္းဘူး “

” ပိုျပန္ၿပီ “

” တကယ္ပါဆိုကြာ ကိုယ္တကယ္ …. “

” သားငယ္ လာအုန္း အေအးေ႐ြးရေအာင္ “

ထပ္ၿပီး ေမ့ေမ့အသံၾကားရျပန္၏။

” ဒါပဲမႈိင္းေရ ေမေမဆီသြားလိုက္အုံးမယ္ “

တီတီတီတီ ……

ဖုန္းက ထပ္မံက်သြားျပန္၏။ လင္းညႇိဳ႕မ်က္ႏွာႏွာ ဇီး႐ြက္ေလာက္သာက်န္ေတာ့သည္။ ယံပိုင္ကေတာ့ သူ႔ boss အျဖစ္ကို ၾကည့္ကာ က်ိတ္ရီေန၏။

၁၀ မိနစ္အၾကာ ….. ဖုန္းထပ္ေခၚလိုက္ျပန္သည္။

” ေျပာမႈိင္း “

” ဘာလုပ္ေနလဲ အိမ္ေလး “

” ကြၽန္ေတာ္တို႔ မုန္႔စားေနၿပီဗ် “

” ဘာေတြစားေနတာလဲ “

” ကြၽန္ေတာ္က ဟန္ဘာကာနဲ႔ ၾကက္ေၾကာ္၊ ေမေမက အီတလီေခါက္ဆြဲ “

” ကိုယ္လဲစားခ်င္လိုက္တာ ေျမ့အိမ္နဲ႔အတူတူ”

” ဟိုေကာင္ ဖုန္းဆက္ျပန္ၿပီလား “

” ဟုတ္တယ္ေမေမ “

” ခ်လိုက္ေတာ့ ဘယ္ႏွဲ႔ တဂြမ္ဂြမ္ဆက္ေနတယ္ အစားေျဖာင့္ေအာင္စား “

” ဟုတ္ “

” ၾကားလားမႈိင္း ေမေမေျပာေနၿပီ ဒါပဲေနာ္ “

တီတီတီတီ ……..

” အားး ဘာလဲကြာ “

” ဟားဟား “

” မင္းဘာရီတာလဲ “

” boss ၾကည့္ရတာ သနားလာၿပီဗ်ာ “

” bonus!!! “

” sorry boss “

တစ္ခုခုဆို ဒါနဲ႔ပဲ ကိုင္ေပါက္ၿပီး အႏိူင္က်င့္ေနတဲ့ boss ေၾကာင့္ ပါးစပ္ကို ဇစ္ဆြဲသလိုပိတ္ကာ မ်က္ႏွာပိုးသတ္ရေတာ့သည္။ အက်င့္ပုပ္ boss။

၁၅ မိနစ္အၾကာ …….

” ဘာလဲ မႈိင္းရာ “

တီတီတီတီ…….

ထပ္၍ဖုန္းေခၚမိၿပီး ေရေရရာရာမရွိသျဖင့္
ေျမ့အိမ္က ဖုန္းခ်သြား၏။

မိနစ္ ၃၀ အၾကာ …..

” ဘာျဖစ္ျပန္ၿပီလဲေျပာ “

” အိမ္ေလးက စိတ္မရွည္ဘူးလား “

” ဟုတ္တယ္မရွည္ဘူး”

” အိမ္ေလးကလဲ ကိုယ္ကလြမ္းလို႔ပါဆို “

” ခဗ်ား အပိုေတြေျပာမေနနဲ႔ တမင္လိုက္ေႏွာက္ယွက္ေနတာမသိရင္ခက္မယ္ “

” ကိုယ္က ဘာလို႔ေႏွာက္ယွက္ရမွာလဲ စြပ္စြပ္စြဲစြဲဗ်ာ “

” ဒါပဲဗ်ာ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ၾကည့္မလို႔ ထပ္မဆက္နဲ႔ေနာ္ ထပ္ဆက္ရင္ block မွာ “

” ဟာ အဲလိုမလုပ္နဲ႔ေလ ေျမ့အိမ္ကလဲ “

” အ႐ူးႀကီး ဒါပဲ ထပ္မဆက္နဲ႔ “

တီတီတီတီ……

” ေတာ္လိုက္ပါေတာ့ boss ရာ ခုေတာ့ အေအာ္ခံရၿပီမို႔လား “

” ဟိတ္ေကာင္ “

” ဗ် boss “

” ခ်စ္ဖို႔မေကာင္းလြန္းဘူးလား “

” ဟင္ ဘာကို “

” ငါ့အိမ္ေလး ေအာ္တာေလးက အစ ခ်စ္ဖို႔ေကာင္းလြန္းမေနဘူးလား … အားးး အရမ္းေတြလြမ္းသြားၿပီကြာ ….. “

” ……. “

” ငါ့ႏွဲ႔ ဘယ္လိုလုပ္ရပ အ႐ူးႀကီးတဲ့ ခ်စ္ဖို႔ေကာင္းေနတာပဲ “

ေျဖေဆးထိုးေတာင္ ေျဖေဆးမမွီေတာ့မည့္ boss အားၾကည့္ကာ ေျခေရာလက္ေရာေျမႇာက္ရပါေတာ့သည္။ လူေတြက အခ်စ္နဲ႔ေတြ႕ရင္ ႐ူးသြားတယ္ဆိုတာ သူ႔ boss က သက္ေသထူလို႔ေနေလၿပီ။ ခုလဲ ၾကည့္ပါလား ဖုန္းထဲက ေဆြးေျမ့ပုံကိုၾကည့္ၿပီး ဖုန္းမ်က္ႏွာျပင္ႀကီးနမ္းေနတာ။
သူ႐ြာသာႀကီးကို ႀကိဳၿပီးစုံစမ္းထားလိုက္ရေတာ့မလား။

………<<<ညႇိဳ႕အိမ္>>>…….

” Congratulations ေဆြးေျမ့ “

” Congratulations အေသးေလး “

” Congratulations ငါ့ေကာင္ “

” Congratulations မားမား သားေလး “

Marketing Team ကေန ရာထူးတက္သြားတဲ့ ေဆြးေျမ့ကို မၾကည္ျပာ ၊ ကိုကို ၊ ေနသူ ၊ မိ႐ႊန္းတို႔က ဂုဏ္ျပဳေနၾကသည္။ မႈိင္းနဲ႔ တရားဝင္တြဲျဖစ္ၿပီး ၅လၾကာေလၿပီ။ စစျခင္းမွာေတာ ထုံးစံအတိုင္း ၾကားေအာင္တစ္မ်ိဳးမၾကားေအာင္တစ္မ်ိဳး မ်ိဳးစုံအေျပာခံခဲ့ရသည္။ သိုေပမဲ့ ေဆြးေျမ့ ဂ႐ုမစိုက္ခဲ့ပါ။ သူ႔ေဘးမွာ ေဖးမေပးမဲ့ သူငယ္ခ်င္းေတြရွိသလို ခ်စ္ရသူမဲ့ ေမေမလဲရွိသည္။ ဒီရာထူးကလဲ သူ႔ႀကိဳးစားမႈေၾကာင့္ ရာလာတာမို႔ လိပ္ျပာလုံသည္။ သူမ်ားေတြဘယ္လိုပဲ ေျပာေျပာ သူကဂ႐ုမစိုက္ပါ အခ်ိန္ၾကာလာေတာ့လဲ ေမာသြားၾကမွာပဲ။ သူ႔အရည္အျခင္းနဲ႔သာ ထိုပါးစပ္ေတြ ပိတ္ေပါက္သက္ေသျပမည္။ သူတို႔အခ်စ္နဲ႔သစၥာရွိမႉေတြကို အခ်ိန္က သက္ေသျပလိမ္မည္ပင္။

” ဒီအခ်ိန္ထိေဘးမွာ ရွိေပးၾကလို႔အကုန္လုံးကို ေက်းဇူးတင္ပါတယ္ “

” မလိုပါဘူးဟာ ႀကိဳးစားမႈရဲ႕ရလဒ္ပါ “

” ကဲ ေဆြးေျမ့ boss က အေခၚလြတ္ေနၿပီ ႐ုံးခန္းကိုႂကြခဲ့ပါတဲ့ “

” ဟုတ္မၾကည္ျပာ အားလုံးကို ေနာက္ရက္မွ လိုက္ေကြၽးမယ္ေနာ္ ခုေတာ့သြားလိုက္အုံးမယ္ “

” ႂကြႂကြ “

ေဆြးေျမ့လဲ တစ္ခ်က္ၿပဳံးျပခဲ့ၿပီး ႐ုံးခန္းဆီတက္ခဲ့လိုက္ေတာ့သည္။ အခန္းထဲေရာက္သြားေတာ့ ခ်စ္ရသူက မွန္ရံဘက္လွည့္ကာ ေဘာင္းဘီအိတ္ကပ္ထဲဘက္ထည့္၍ ရပ္ေန၏။ က်ယ္ျပန္႔လွတဲ့ ေက်ာျပင္က်ယ္ႀကီးထံ အေျပးသြား၍ ေနာက္ကေန ခါးကို ဖက္ပစ္လိုက္သည္။

” မႈိင္း “

” အိမ္ေလး Congratulation ေနာ္ “

မႈိင္းက ခါးဆီကသူ႔လက္ေတြကို ျပန္ကိုင္၍ ေစာင္းငဲ့ၾကည့္လာသည္။

” ကြၽန္ေတာ္အရမ္းေပ်ာ္တာပဲ “

” ကိုယ့္အိမ္ေလး တကယ္အ႐ြယ္ေရာက္လာၿပီပဲ အရမ္းေတာ္တယ္ “

မႈိင္းက သူ႔ဘက္ကိုလွည့္ကာ ကိုယ္ကို ကိုင္း၍ ပါးကို နမ္း၏။

” မႈိင္းရဲ႕ သင္ျပမႈေတြေၾကာင့္ပါ “

” အိမ္ေလးရဲ႕ ႀကိဳးစားမႈေတြလဲပါပါတယ္”

” ဒီထက္လဲ ပိုႀကိဳးစားပါ့မယ္ “

” အင္း … သိပ္ေတာ္တဲ့အိမ္ေလးကို လက္ေဆာင္ ေပးစရာရွိတယ္ ေရာ့ ”

ေဘာင္းဘီအိတ္ကပ္ထဲက စာအိတ္ေလး ထုတ္ေပးလာသျဖင့္ ဖြင့္ၾကည့္လိုက္ေတာ့ ေမာ္လ္ဒိုက္ကြၽန္းကို သြားသည့္ air ticket 2ေစာင္

” ဟာ ဒါ … ဒါက ”

” အိမ္ေလး အသြားခ်င္ဆုံး ကြၽန္းကို သြားၾကတာေပါ့ ”

” တကယ္ႀကီးလား “

” တကယ္ေပါ့ အဲမွာေလ လက္မွတ္က “

” အားးးး မႈိင္းက အေကာင္းဆုံးပဲကြ … “

႐ြတ္….႐ြတ္…

မႈိင္းရဲ႕ ဂုတ္ကို ဆြဲခ်၍ မ်က္ႏွာအနံ႔နမ္းေတာ့သည္။

ႁပြတ္စ္ ….

ႏႈတ္ခမ္းကို ေရာက္သည့္အခ်ိန္တြင္ေတာ့ တဖက္လူက တန္းအလြတ္မေပးေတာ့ပဲ သိမ္းပိုက္လိုက္ေတာ့သည္။ အနမ္းေတြ ၾကာရွည္အုံးမည္ထင္ပါရဲ႕….

…………..<<<ညႇိဳ႕အိမ္>>>…………

The Finolhu Villas …. Maldives
( ဖီႏိုလူ ကြၽန္း ေမာ္လ္ဒိုက္ )

မေန႔က ေမွာင္မွေရာက္တာမို႔ ညစာစားၿပီးေစာေစာအနားယူလိုက္ၾကသည္။ ဒါေၾကာင့္ ေစာေစာ ႏိုးၿပီး ေဆြးေျမ့တစ္ေယာက္ ေရထဲသို႔ ဆင္းရန္အလြန္႔ကို တက္ႂကြေန၏။

” မႈိင္းေရ ျမန္ျမန္လာပါဗ် ဆင္းခ်င္လွၿပီဗ်”

ေရက မနက္ေသာ္လဲ စိတ္မခ်တာမို႔ တစ္ေယာက္ထဲ မဆင္းဖို႔ေျပာထားရသည္။ မနက္ ၇နာရီကတည္းက ဂ်ီက်ေနတာပင္။

” လာပါၿပီကြာ “

အခန္းမွန္တံခါးအား ဖြင့္လိုက္သည္ႏွင့္ လွပေသာ ေရျပင္က်ယ္ႀကီးက စီးႀကိဳေန၏။

” ဝါးးးး လွလိုက္တာဗ်ာ အိမ္မက္မက္ေနသလိုပဲ”

လက္ႏွစ္ဖက္အား ဆန္႔တန္းကာ ေလကို တစ္ဝႀကီး႐ူထုတ္ပစ္လိုက္သည္။

” သေဘာက်ရဲ႕လား “

” ေသခ်ာေပါက္ေပါ့ “

ဒီ villa က ေမာ္လ္ဒိုက္မွာ အမိုက္ဆုံးျဖစ္သည္။ ကိုယ္ပိုင္ေရကူးကန္ပါသည့္အျပင္၊ ေရေပၚ breakfast ကလဲ အလြန္နာမည္ႀကီး၏။ ၃ညအိပ္ package ျဖင့္ တစ္ေယာက္ကို 2500 – 3000 ၾကားUSD ၾကားက်သင့္သည္။

အခန္းအျပင္ ေလွကားက ဆင္းလိုက္တာနဲ႔ေရျပင္က်ယ္ႀကီးကို တန္းေရာက္တာပင္။

” လာလာဆင္းၾကမယ္ “

ေဆြးေျမ့ကေတာ့ အလြန္ကို တက္ႂကြ၍ အၿပဳံးေတြက ေငးလို႔မဝႏိုင္ေအာင္လတ္ဆက္ေနသည္။
ႏွစ္ေယာက္သား ေရထဲဆင္းကာ ေရေဆာ့ၾကေတာ့သည္။ ေဆြးေျမ့က ေရမကူးတတ္ေသးတာမို႔ ဂ႐ုစိုက္ရသည္။ ေရကူးလဲထပ္၍သင္ေပးရေသး၏။

” ေပ်ာ္လိုက္တာဗ်ာ … ေမေမပါရင္ ပိုေကာင္းမွာ”

ကဲ သူမေျပာဘူးလား ဒီအိမ္မွာ ေဆြးေျမ့အိမ္က သားအရင္းပါဆို ။

” ေနာက္ခါက် ေမေမနဲ႔ထပ္လာၾကတာေပါ့ “

” တကယ္လား “

” ဒါေပါ့ “

” ဟီးဟီး ေက်နပ္တယ္ “

” ဒါျဖင့္ ကိုယ့္ကို ခ်စ္လား “

” ခ်စ္ဘူး “

” ဘာကြ လာစမ္း ဒီကို မခ်စ္ဘူးေျပာရဲတယ္ေပါ့”

” ဟားဟား လာဘူးဘာဘူး “

ေဆြးေျမ့က ေရထဲတြင္ပတ္ေျပးရင္း သူ႔ကို ေရနဲ႔လွမ္းပတ္ေသး၏။ သူကလဲ လိုက္ဖမ္းရင္း ေရနဲ႔ျပန္ပတ္သည္။ ႏွစ္ေယာက္လုံးရဲ႕ ရီေမာသံေတြက ပဲ့တင္ထပ္ေရ၏။

” မိလို႔ကေတာ့ မလြယ္ဘူးမွတ္ “

” မေၾကာက္ပါ မေၾကာက္ပါ “

ေဆြးေျမ့က လွ်ာေလးထုတ္ျပရင္း သူ႔ကို စေနာက္ေနသည္။ အလြန္အူယားလာသျဖင့္ အေလ်ာ့မေပးေတာ့ပဲ ေျခလွမ္းက်ဲႀကီးေတြနဲ႔ သြား၍ ခုပ္အုပ္လိုက္ေတာ့သည္။

” မိၿပီကြ “

လင္းညႇိဳ႕က ခါးက သိုင္းဖက္၍ ေဝ့ရမ္းပစ္လိုက္သည္။

” ဟားဟားး မႈိင္း …. “

သူ႔လက္ထဲတြင္ ေကာင္ေလးငယ္ေလးဟာ ရီေမာေနေတာ့သည္။

႐ြတ္ … ႁပြတ္စ္ … ႁပြတ္စ္ …

အက်ီမပါတဲ့ ကိုယ္အနံ႔ကို ပြတ္သပ္၍ လည္ဂုပ္ေတြ ပခုံးေတြကို စိတ္ႀကိဳက္နမ္းပစ္လိုက္ ေတာ့သည္။

” အင့္ … လြတ္ေတာ့ဗ်ာ “

မရပ္မနား နမ္းေနသည္မို႔ ေကာင္ေလးက လူးလြန္႔လာ၏။

” ေမာနင္း sex ေလး လုပ္ၾကမလား”

” ဟင့္အင္း ေရကူးအုံးမွာ “

” လာပါကြာ ေရက ၿပီးမွကူး ကိုယ္မရေတာ့ဘူး”

လင္းညႇိဳ႕က တင္ပါးကေနေပြ႕ခ်ီလိုက္ေတာ့ ေျခေထာက္ေတြက သူ႔ခါးကို ခ်ိတ္တြင္လာ၏။

” ေရကူးခ်င္ေသးတာပါဆို “

” ၿပီးမွ တစ္ေနကုန္ကူး ခုေတာ့ မနက္ခင္း
ေလ့က်င့္ခန္းေလး အရမ္းလုပ္ၾကမယ္ ”

” လူညစ္ပတ္ႀကီး “

တင္ပါးေတြကို ဆုပ္နယ္ရင္း အခန္းထဲဆီသို႔ေခၚေဆာင္သြားေတာ့သည္။

…………………….

” အိမ္ကေလး “

” ဗ်ာ “

” ကိုယ့္ကို ခ်စ္လား “

” ခ်စ္တာေပါ့ဗ်ာ “

တစ္မနက္လုံး ႏွစ္ေယာက္သား အိပ္ယာေပၚမွာ စိတ္ႀကိဳက္ေသာင္းက်န္းၿပီးေနာက္ အိပ္ေပ်ာ္သြားၾကသည္မွာ ညမွေနဝင္ခါနီးမွႏိုးေတာ့သည္။
ႏိုးႏိုးျခင္း လန္းဆန္းသြားေအာင္ အခန္းကပါရွိ
သည့္ေရကူးကန္ထဲတြင္စိမ္ေနၾကလိုက္၏။

ကန္ေပါင္ကို ေက်ာမွီကာ ဝင္ခါနီးေနလုံးႀကီးကိုႏွစ္ေယာက္သားေငးေမာရင္းစကားေတြေျပာေနၾက၏။ ေဆြးေျမ့ကေတာ့ လင္းညႇိဳ႕ရင္ခြင္ထဲတြင္ မွီတြယ္ေနတာပင္။

” ေရျပင္က်ယ္ႀကီးထဲမွာ ေနလုံးဝင္ေတာ့မွာက တကယ္ၾကည့္လို႔ေကာင္းတယ္ေနာ္ “

” အင္း တကယ္လွတယ္ “

ေနေရာင္ျခည္က အလင္းေရာင္ေတြျဖာထြက္ေနကာ တျဖည္းျဖည္း မွိန္လာၿပီး ဝင္စျပဳေနေလၿပီ။ ပတ္ဝန္းက်င္တစ္ခုလုံးကိုလဲ သူ၏ အလင္းတန္းေတြက ျဖန္႔က်က္ထားေသးသည္။

” ေျမ့အိမ္ “

” ဗ်ာ “

” ေနဝင္ခ်ိန္ကေနစလို႔ ခုလို ေနဝင္သြားခ်ိန္အထိ အိမ္ေလးနဲ႔အတူ ျဖတ္သန္းသြားခ်င္တယ္ “

” …….. “

” ကိုယ္ေလ ကိုယ့္ဘဝရဲ႕ ေနဝင္ခ်ိန္အထိ
အိမ္ကေလးေဘးမွာပဲ ရွိသြားခ်င္တယ္ “

” မႈိင္း “

ရင္ခြင္ထဲကေနေမာ့ၾကည့္လိုက္ေတာ့ သူ႔အား ခ်စ္ျမတ္ႏိုးစြာ ငုံ႔ၾကည့္ေနတဲ့ မ်က္ဝန္းနဲ႔တိုက္မိသည္။

” ဘဝရဲ႕ ရွင္သန္ျခင္းဆိုတာကို မင္းေလးနဲ႔မွ အဓိပၸါယ္ သိခြင့္ရေတာ့တာ ၊ မင္းက ကိုယ့္ရဲ႕ရွင္သန္ျခင္း ၊ မင္းကပဲ ကိုယ့္ဘဝရဲ႕ ေပ်ာ္႐ႊင္ျခင္း ဝမ္းနည္းျခင္းပါပဲ၊ ဒီဘဝမွာေတာ့ေလ
ေဆြးေျမ့အိမ္ နဲ႔မွ မဟုတ္ရင္ မရွင္သန္ခ်င္ေတာ့ေလာက္ေအာင္ပါပဲကြာ ”

မႈိင္းစကားေတြေၾကာင့္ မ်က္ရည္ေတာင္ဝဲခ်င္
သြားရ၏။

” ကိုယ္နဲ႔အတူ ေနဝင္ခ်ိန္ထိ အတူရွိေနမလားဟင္”

” ဒီဘဝ ဒီခႏၶာကိုယ္ကို ကြၽန္ေတာ္ပိုင္ေနသ၍ မႈိင္း အနားမွာ ရွိေနမွာပါ “

” သိပ္ခ်စ္တယ္ အိမ္ကေလးရယ္ “

” ကြၽန္ေတာ္ အရမ္းခ်စ္ပါတယ္ မႈိင္း “

ႏွစ္ဦးသားရဲ႕ အၿပဳံးေတြဟာ ေနမင္းႀကီးနဲ႔အၿပိဳင္ေတာက္ပေနေတာ့သည္။ တစ္ေယာက္နဲ႔တစ္ေယာက္ ျမတ္ႏိုးစြာျဖင့္ အနမ္းေတြကို ပုံေဖာ္ မိေတာ့၏။ ေနေရာင္ကေန လေရာင္ ထြက္ေပၚ လာသည္အထိ အၾကင္နာအနားေတြက ရပ္တန္႔ဖို႔ ဆႏၵမရွိေသးဘူးထင္၏။

ထိုျမင္ကြင္းအား ေနမင္းႀကီးက ရွက္၍ ျမန္ျမန္ဝင္သြားသလို … လမင္းႀကီးကလဲ ရွက္လို႔ထင္၏။ တိမ္ေတြနဲ႔ ဖုံးကြယ္ပစ္လိုက္ေတာ့သည္။

ၿပီးပါၿပီ……

………..<<<ညႇိဳ႕အိမ္>>……….

26.9.2024 (စေနေန႔)

ေနာက္ဆုံးေတာ့ၿပီးသြားပါၿပီ ။ ေက်းဇူးတင္လႊာေလးနဲ႔က်မွ ေျပာခ်င္တာေလးေတြေရးေတာ့မယ္ေနာ္ ။

#စာစစ္မထားပါ

ခ်စ္တဲ့ emma

Tags: read novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Final ( 40 ) uni & zg, novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Final ( 40 ) uni & zg, read Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Final ( 40 ) uni & zg online, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Final ( 40 ) uni & zg chapter, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Final ( 40 ) uni & zg high quality, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Final ( 40 ) uni & zg light novel, ,

Comment

Leave a Reply

Chapter 53