Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 30

A+ A-

“တို့ တောင်းပန်ပါတယ် ခင်ရယ်”
“စိတ်ကောက်ပြေပါတော့နော်”

နှင်း ခင့်ကို လိုက်ချော့နေသည်မှာ တစ်ပတ်ခန့်ပင်ရှိပြီ။ အခုထိ စကားတစ်ခွန်းမှ မပြောသေး။ မျက်နှာချင်းဆိုင်တွေ့မိရင်လည်း ​ရှောင်ထွက်သွားသည်။

“”တောင်းပန်ပါတယ် ခင်ရယ်”
“အဲဒီနေ့က တို့ စိတ်တွေရှုပ်နေလို့
မရည်ရွယ်ပဲ ရိုက်လိုက်မိတာ”
“ခင် မကျေနပ်ရင်  တို့ကို ပြန်ရိုက်ပါ”
“နော်…..နော်လို့”

ခင်လက်ကို အတင်းဆွဲကာ ရိုက်ခိုင်းလေတော့သည်။

“ဖယ်စမ်း” လွှတ်စမ်း”
“လာလည်းမတောင်းပန်နဲ့”…စိတ်လည်းမဆိုးသလို စိတ်လည်း မကောက်ဘူး””
“ဟက်” ကျမကပဲ ကိုယ့်အဆင့်ကိုယ်မသိခဲ့လို့ ဖြစ်သွားတာ”
“ကိုယ့်ကိုကိုယ် ပြည့်တန်ဆာဆိုတာမေ့သွားပြီး ရှင့်ကို ဂရုဏာနည်းနည်းပိုခဲ့မိတာကိုက ကျမ အမှား”

“”ခင်””!!!!
“ကိုယ့်ကိုယ်ကို ပြည့်တန်ဆာလို့ မသုံးစမ်းနဲ့” ငါ မကြိုက်ဘူး”

“ရှင်ပဲ ကြိုက်ခဲ့လို့ ငွေကုန်ခံပြီး
အိမ်ပေါ်ထိ ခေါ်တင်ထားတာမလား”
“ကျမက ဖာ” ရှင်က ဖာချသူ….”

“ဖြန်း”

ခင့်စကားပင် မဆုံးသေး နှင်းလက်ဝါးက ပါးပေါ်ရောက်လာပြန်သည်။

“ဒီတစ်ခါက တို့ ရည်ရွယ်ချက်ရှိရှိရိုက်တာ” စိတ်ဆိုးလည်းမတတ်နိုင်ဘူး”
“နောက်တစ်ခါ မင်းကိုယ်မင်း ပြည့်တန်ဆာလို့ သုံးကြည့်” စကားမပြောနိုင်အောင် လုပ်ပစ်မယ်”
“မင်းက ပြည့်တန်ဆာဆိုရင်တောင်ငါ့ရဲ့ မူပိုင်ပြည့်တန်ဆာပဲ ဖြစ်ရမယ်”
“မြဲမြဲမှတ်ထား”

“နေ့တိုင်း ချစ်တယ် တစ်ဖွဖွပြောပြီးပါးရိုက်ဖို့ကျ​တော့ ဝန်မလေးဘူးတဲ့”
“အင်းပေါ့လေ” မြေကြီးထဲက ထင်တိုင်းကြဲတဲ့ လောက်တွေပဲကို”
“အချိန်တန်တော့လည်း အထက်စီးကပဲပေါ့”
“အဲတော့ ဘယ်တော့မှ
ကျမဘက်က ရှင့်ကို ချစ်လာမှာမဟုတ်ဘူးဆိုတာ သိထားလိုက်”
“အချိန်တန်လို့ ပါးရိုက်ခံရတဲ့ ဆက်ဆံရေးပဲကောင်းတယ်””
“ကျေးဇူးပဲ” အခုလိုမျိုး ကျမပါးကိုရိုက်ပေးတဲ့ အတွက်”

တင်းမာသွားသော ခင့်မျက်နှာသည်ဆုံးဖြတ်ချက်ပြတ်သားမည့် မျက်နှာထားမျိုးပင်။ နှင်းသည်လည်း ဒေါသထွက်ကာ အပေါ်သို့တတ်သွားလေသည်။ 

“အခြေအနေတွေ ပိုဆိုးသွားပြီ”
“အဲဒါ ကြီးတင် မွှေးလိုက်တဲ့ မီး”

“ငါလည်း ဒီလိုဖြစ်မယ်မှ မထင်တာ”

“ဘာပဲဖြစ်ဖြစ် ကြီးတင်အမှားပဲ”
“မမကြီးက အဲလိုနေ့တွေဆို ဘယ်လိုဖြစ်တတ်လဲ သိရဲ့သားနဲ့ “

“အေးဟယ်…ငါ့အမှား…ကျမအမှားပါရှင်”

___________

“”ကျမ အပြင်သွားလိုက်အုံးမယ် ကြီးတင်””

“အော်….အေးအေး”
“ညနေစာ ဘာလုပ်ထားပေးရမှာလဲ နှင်း”

“မလိုဘူး…ဘာမှမလုပ်နဲ့”

___________

Dj club bar တွင် မူးမူးရူးရူးခါရမ်းကာကခုန်နေသော အမျိုးသမီးမှာ Roseပင်။ ဒီနေ့နဲ့ဆို အိမ်မပြန်တာ နှစ်ရက်ရှိလေပြီ။ ဆေးကလည်းကွဲနေသေးသည်။ 

“rose နင်အိမ်မပြန်ဘူးလား”

“ငါပြန်ချင်တဲ့ချိန်ပြန်မယ်”
“ငါ့ကို ဟိုဟာလေး နည်းနည်းလောက်ထပ်ပေးစမ်းပါ”

“တော်တော့” နင်များနေပြီ”

“ဟာ” နည်းနည်းလေးပါပဲ” feelမလာသေးဘူး” လုပ်ပါနော် ယွန်း”

“ရော့….နည်းနည်းပဲနော်”

“ဟင်း…ဟင်း”

အနည်းငယ်ကြာတော့ roseမျက်လုံးများ ဝေဝါးလာသည်။ အဲကွန်းအေးနေအောင် ဖွင့်ထားပေမယ့် ပူအိုက်ပြီး
ချွေးများထွက်လာသည်။အာခေါင်ခြောက်ပြီး ရေငတ်သလိုလို တစ်စုံတစ်ခုကို ဆာလောင်လာသလို ခံစားချက်မျိုးဖြစ်လာသည်။

“”ဟေး rose””အဆင်ပြေလား””

“အင်း” နည်းနည်းမူးနေသလိုပဲ ယွန်း”

မျက်လုံးဝေဝါး ဝေဝါးနှင့် ယွန်းဆိုသည့် roseသူငယ်ချင်းက တစ်နေရာသို့ဆွဲခေါ်လာသည့် အသိကို သိပေမယ့် မလွန်ဆန်နိုင်။ ခန္ဓာကိုယ်က ထိန်းချုပ်မှုမဲ့နေသလိုမျိုးပင်။

“ဟင်…ယွန်း”

“အင်း” ဘာလိုချင်လဲ”

“ပူတယ်”

“အဝတ်စားချွတ်မလား”

“အင်း”
“အခုက အခန်းထဲမှာလား”

“အင်း”

မျက်လုံးမဖွင့်နိုင်ပေမယ့် တစ်စုံတစ်ယောက်က Rose အဝတ်များကိုဆွဲချွတ်နေသည့် ခံစားချက်ကိုတော့သိသည်။

“ချစ်တယ်”

လျှပ်တစ်ပြတ် သတိရတစ်ချက် မရတစ်ချက်မှာ လူတစ်ယောက်က roseတစ်ကိုယ်လုံးကို ပွတ်သပ်နေသည်။အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့……

“ဟင်…ယွန်း”!!!
“ဘာလုပ်နေတာလဲ”
“ဖယ်စမ်း”

“လာပါ” ချစ်ကြရအောင်”

“ဟင့်အင်း” မလုပ်နိုင်ဘူး”

“မလုပ်နိုင်လည်း…ဒီညတော့
ယွန်းအပိုင်ပဲ”

Roseရှိသမျှအားနှင့် တွန်းထုတ်နေ
မိပေမယ့် အားနည်းနေသလိုပင်။
ခန္ဓာကိုယ်မှ ဆာလောင်နေသော အသိက ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်။အသိစိတ်ပင်လွတ်ချင်လာသည်။ယွန်း၏ အထိအတွေ့များကြောင့်ခန္ဓာကိုယ်ကသွေးများ ဆူပွက်လာပြီးနှလုံးခုန်နှုန်းများလည်း ပုံမှန်ထက်မြန်ဆန်လာသည်။ 
ခနအကြာတော့ မလွန်ဆန်နိုင်သည့်အဆုံး ယွန်း၏ ယုယမှုအောက်တွင်ကျရှုံးသွားခဲ့ရလေသည်။

___________

“ဖြန်း”

“မင်းငါ့ကို ညက ဘာလုပ်လိုက်တာလဲ”

“ချစ်လို့လေ”
“ချစ်လို့ပေါ့ “
“ယွန်း အဝေးကနေပဲကြည့်ပြီး ချစ်မနေနိုင်တော့ဘူး”

“မင်းနဲ့ ငါ့ရဲ့ ဆက်ဆံရေးပြတ်ပြီ”
“ငါမင်းကို သူငယ်ချင်းထက်ပိုပြီး မေတ္တာမပိုနိုင်ဘူး”

“မ..မလုပ်ပါနဲ့…ယွန်း…ယွန်း..တောင်းပန်ပါတယ်” 

 “မင်းကို ငါ သူငယ်ချင်းထက်ပိုပြီး မေတ္တာမပိုနိုင်ဘူး” ….ညက ဖြစ်ခဲ့တဲ့ကိစ္စကို ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားပေးလိုက်မယ်”
“နောက်…ငါနဲ့ လာမပတ်သတ်နဲ့တော့”

“မလုပ်ပါနဲ့ roseရယ်” ယွန်း.. ယွန်း
roseမရှိပဲ မနေတတ်ဘူး”

“လဲသေလိုက်”

rose အခန်းထဲက ထွက်သွားဖို့ပြင်လိုက်တော့…

“Rose”
“မင်းထွက်သွားတာနဲ့ နောင်တရလိမ့်မယ်….ဒီမှာကြည့်”

“မင်း တော်တော်ယုတ်မာတာပဲ”
“ကြိုက်တယ်”…ငါ့ကို ဒါမျိုးစိန်ခေါ်တာ”….”လုပ် ချင် သလို လုပ်” စောက်ဂရုကို မစိုက်တာ”

တံခါးကို ဆောင့်ပိတ်သွားကာ ထွက်သွားတော့သည်။ ယွန်းတစ်ယောက်ညက အဖြစ်အပျက်ကို ဗီဒီယို ရိုက်ထားခဲ့သည်တဲ့။ ယွန်းဆိုသည်မှာ နှင်း၏ ငယ်ဘဝကတည်းက ရင်းနှီးခဲ့သည့်
အခင်ဆုံး အချစ်ဆုံး သူငယ်ချင်းဖြစသည်။ နှင်း ဒီလိုဘဝထဲကို ရောက်မလာခင်ကတည်းက ယွန်းသည် ခပ်ဆိုးကောင်မလေးပင်။ အခုမှ နှစ်ယောက်ပေါင်း လောင်းကျော်သည့်အမျိုးသမီးများဖြစ်လာကြသည်။

“ငါက နင့်ကို ချစ်လိုက်ရတာ” နှင်းရယ်”…လုပ်ရက်လိုက်တာ”

“အင်းပေါ့လေ….မင်းကတောင်
လုပ်ရက်မှတော့ ငါကလည်း လုပ်ပြရုံပေါ့”

“ဟက်”

_____________

“တီ….တီ…တီ…တီ”

“ဟဲ့ မိအေး”…ညည်းမမကြီးပြန်လာပြီ”

“ဟုတ်..လာပြီ ကြီးတင်”

မနက်စောစော မိအေးရယ် ခင်ရယ် မနက်စာစားနေကြသည့်ချိန် ဟွန်းတီးသံကြားသောကြောင့် ကြီးတင်က ထွက်ကြည့်ရန် ထွက်သွားတော့ နှင်းပြန်လာပြီတဲ့…။

“”သမီး”” ဖုန်းမဆက် အကြောင်းမကြားကွယ်”” ကြီးတင်တို့မှာ စိတ်ပူလိုက်ရတာ””

“”ကျမ အဆင်ပြေပါတယ်”…နားလိုက်အုံးမယ်””

ဟု ဘုဆက်ဆက်ပဲပြောကာ သူမအခန်းရှိရာသို့ တတ်သွားလေတော့သည်။

ခင် နှင်းပုံစံကို ကြည့်ထမင်းစားခန်းမှလှမ်းကြည့်လိုက်တော့ ဆံပင်များဖွာလန်ကျဲပြီး မျက်ကွင်းများလည်း ညိုမဲ
ကာ ချိုင့်နေသည်။ ဝတ်ထားသည်ကလည်း ထုံးစံအတိုင်း အတိုအပြတ်။
လည်ပင်းတစ်ဝိုက်တွင်လည်း အနီရောင် အကွက်များကို တွေ့ရသေးသည်။ 

“အင်းး….နှင်းလည်း ဘာတွေလုပ်လာပြန်တာလဲ မသိတော့ပါဘူးကွယ်””

“သေချာတယ် clubမှာ နေ့ည သွားကဲလာတာ နေမှာ”

“မိအေး” ဒီရက်တွေ အနေထိုင်ဆင်ခြင်စမ်း” …..ညည်းမမကြီး ရုပ်ကိုတွေ့လိုက်တယ်နော်…။

“ဟုတ်”

ခင်ကတော့ Roseကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း ခနဲ့သလို တစ်ချက်သာ ရယ်လိုက်သည်။

“လူချမ်းသာတွေများနော်……။”

((facebook account မတောင်းကြပါနဲ့ရှင်..သိပ်မသုံးဖြစ်လို့ပါ))
((Tiktok တော့ တစ်ခါတစ်လေဆော့ပါတယ်ရှင်)

Tags: read novel Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 30, novel Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 30, read Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 30 online, Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 30 chapter, Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 30 high quality, Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 30 light novel, ,

Comment

Leave a Reply

Chapter 30