”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၂၁)

A+ A-

သူရထက်သောင်းက ရွာအိုထဲမှာနေသည်။ရွာအိုလို့ဘာကြောင့်ပြောရသလဲ ဆိုရင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ အင်္ဂလိပ်တပ်သားတွေက အရေးနိမ့်ပြီး ရွာရဲ့အရှေ့တောင်ဘက်ရှိ ဘုရားကျောင်းသို့ခိုလှုံခဲ့ကြသည်။ဖက်စစ်ဂျပန်တွေက ထိုသတင်းကိုကြားသိပြီး အင်္ဂလိပ်တပ်သားတွေကို ကျောင်းတိုက်ထဲ ပိတ်ကာ ထိုကျောင်းတိုက်ကြီးကိုမီးရှို့ဖျက်စီးခဲ့ကြသည်။ဒါပေမဲ့ မီးကမနိုင်ဘဲ ဘုရားဝန်းသာမက ရွာဘက်ကိုပါကူးစက်ကာ တစ်ရွာလုံးပြာကျသွားခဲ့သည်။

ရှေးလူကြီးတွေက မီးသင့်သည့်နေရာမှာ မနေထိုင်ကောင်းဟု ဆိုကာ ရွာကို မြောက်ဘက်သို့ရွှေ့လိုက်ကြသည်။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ထိုအယူအဆတွေကလည်း တဖြည်းဖြည်းမှေးမှိန်လာတော့သည်။အရင်ရွာဟောင်းဘက်သို့ အိမ်များချဲ့ထွင်တိုးပွားလာပြီး ထိုဘက်တွင်နေထိုင်သူများကို ရွာအိုထဲနေထိုင်သူများဟုခေါ်ဆိုကြသည်။ဒါပေမဲ့ လူတစ်ချို့ကတော့ ထိုရွာအိုထဲသို့ အိမ်ယာချဲ့ထွင်ရန် မသင့်ဟု အခုချိန်ထိ ယူဆကြတုန်းပင်။

သူရထက်သောင်းတို့ မိဘတွေက ရွာအနောက်တောင်ပိုင်းမှာနေထိုင်ကြပေမဲ့ သူရထက်သောင်းကတော့ ရွာအိုထဲက အိမ်ဝိုင်းထဲမှာ တစ်ယောက်တည်းနေထိုင်လေသည်။အမြင်အရတော့ မိဘတွေက မနိုင်လို့လက်မြှောက်အရှုံးပေးထားပုံရသည်။လုပ်ချင်ရာလုပ် သူတို့နဲ့မဆိုင်ဘူး ဆိုသည့်ပုံစံပင်။မိဘဆွေမျိုးများနဲ့ မသင့်မြတ်သည်မှာတော့ ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့သိနိုင်သည်။

”ဒီမှာခဏနေခဲ့ဦး….လိပ်စာရှာလိုက်ဦးမယ်”

သူရထက်သောင်းက ဝါးကပ်အိမ်ထဲသို့ ဝင်ကာသွားသည်။ဖုန်နံ့များက တလှိုင်လှိုင်နဲ့ တစ်ခါမှသန့်ရှင်းရေးလုပ်မထားသည်သိသာလှသည်။အိပ်ခန်းဟုထင်ရသော အခန်းလေးထဲသို့သူရထက်သောင်းက ဝင်သွားသည်။ခြေလှမ်းလိုက်တိုင်း အောက်ကြမ်းခင်းဝါးများက ‘တကျွီကျွီ’နဲ့ သံပြိုင်ထွက်လာတော့သည်။

ဆွေးသည့်နေရာကဆွေးနဲ့ ကြမ်းပေါက်များတောင်ရှိနေသည်။နွေရင်ခတ် ဘေးက သံဇကာဗီရိုကို လက်ထောင်ရင်း ကျိုးမကျအောင် ထိန်းကိုင်ထားရသည်။

တယ်လည်းအဆင့်မြင့်သည့်အိမ်ကို….

သေသေချာချာကြည့်မိတော့မှ သံဇကာကြားမှမြင်နေရသော ထိုဗီရိုထဲမှာ အရာများကိုသူရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

မောင်သူရထက်သောင်း
နှောက်ဆုံးနှစ်သမိုင်း
မြင်းခြံဒီဂရီကောလိပ်

နွေရင်ခတ် အံ့သြမှင်သက်သည်ဆိုတာထက်ကိုပိုပါသည်။သူရထက်သောင်းလိုလူက ကောလိပ်တောင်တတ်ခဲ့ဖူးတယ်ဆိုတာ ရွာထဲက ဘယ်သူ့ပြောပြောယုံမှာမဟုတ်ပေ။

မဖြစ်နိုင်တာ……

သူရထက်သောင်းကတော့ အခန်းထဲဝင်သွားတာ အခုထိထွက်လာမည့်အရိပ်အရောင်မမြင်ရသေးပေ။

နွေရင်ခတ် ဘယ်လိုမှတွေးကြည့်လို့မရပါ။သူရထက်သောင်းလိုအချိန်ပြည့်မူးရူးနေသူက ဒီလိုကောလိပ်မှာစာအုပ်ကိုင်နေသည့်ပုံကို ဘယ်ပုံဘယ်နည်းနဲ့မျှ မအပ်စပ်ပါပေ။

ဗီရိုကသော့မခတ်ထားသည်ကြောင့် လက်နဲ့ဆွဲလိုက်တာနဲ့ အသာလေးပွင့်လာသည်။ဟုတ်တယ် သူအမြင်မှားတာမဟုတ်ပေ။စာအုပ်တိုင်းမှာ နားမည်တပ်ထားပြီး တတ်ရောက်ခဲ့သည့်အတန်းအလိုက် ပထမနှစ်၊ဒုတိယနှစ် စသည်များကိုပါရေးထားသေးသည်။သူရထက်သောင်းက သမိုင်းမေဂျာမှာတတ်ခဲ့တာလား?….အမှန်ပဲပေါ့….

စာအုပ်တစ်အုပ်ကို ယူလိုက်ပြီး လှန်ကြည့်လိုက်တော့ အထဲမှာ ခဲသားဖြင့်မှတ်ထားသည်များကိုတွေ့ရသည်။လက်ရေးက သပ်ရပ်သန့်ရှင်းကာနေသည်။စာရွက်ပေါ်တွင် အစွန်းအထင်းတစ်စုံတစ်ရာမရှိသည့်တိုင် ဆုပ်ပြဲနေသည်များလည်းမရှိခဲ့။တရိုတသေ ကိုင်ထားပုံရသည်။

ဒီအချက်တွေနဲ့ ဒီလူ ဘယ်လိုယုံနိုင်ဖွယ်ရှိပါမည်နည်း။

စာအုပ်ထဲမှ လေးထာင့်ပုံစံလေးက ခြေဖမိုးပေါ်လျှောကျလာသည်ကြောင့် ကောက်ယူကာကြည့်လိုက်သည်။သူများရဲ့ပစ္စည်းကို ပိုင်ရှင်ခွင့်ပြုချက်မရဘဲ မကိုင်ရဘူးဆိုပေမဲ့ နွေရင်ခတ်ရဲ့ စူးစမ်းချင်စိတ်က အနိုင်ယူသွားသည်။

”ဟင်”

”မကြည့်နဲ့”

သူရထက်သောင်းက တားလိုက်ပေမဲ့ နွေရင်ခတ်လက်ကပိုမြန်သွားသည်။သူရထက်သောင်းက အခန်းထဲမှ အလောတကြီးထွက်လာကာ သူ့လက်ထဲမှအရာကိုဆွဲယူသွားပြီး စာအုပ်ကြားထဲပြန်ညှပ်ကာ ဗီရိုထဲပြန်ထည့်လိုက်သည်။

နွေရင်ခတ် မလှုပ်မရှားနိုင်အောင် ထိုနေရာမှာပဲကျောက်ရုပ်အလားရပ်တန့်နေမိသည်။သူရထက်သောင်းရဲ့တားဆီးသံကြောင့် လန့်သွားသည်လား ဒါမှမဟုတ် မြင်လိုက်ရတဲ့ အရာကြောင့်လန့်သွားသည်လားမခွဲခြားနိုင်။

သူရထက်သောင်းကလည်း စိတ်လှုပ်ရှားနေပုံရကာ သူ့မျက်ဝန်းတွေက ဂနာမငြိမ်ဖြစ်နေသည်။တိတ်ဆိတ်သွားသည်။အပ်ကျသံကြားရသည်အထိ…

”နွေရင်ခတ်”

”သူရထက်သောင်း”

နှစ်ယောက်လုံးပြိုင်တူခေါ်မိတာကြောင့် တဖန်တိတ်ဆိတ်သွားရပြန်သည်။

”မင်း…သိသွားပြီ”

သူရထက်သောင်းက မျက်ရည်ဝဲကာ ဆိုလာသည်။သူ့အသံက ကွဲအက်နေပြီး အရမ်းကို တွန့်ဆုတ်နေပုံရသည်။သူရထက်သောင်းရဲ့ ထိုသို့သော ပုံစံကို တစ်ခါမှမမြင်ဖူးပေ။

”ငါ့ကိုရွံလား?”

”ဟမ်”

”ဟုတ်တယ်….မင်းထင်နေသလိုပဲ”

သူရထက်သောင်းက လက်များပင်တုန်ရီနေကာ မျက်ရည်ကလည်းအဆက်မပြတ်ကျနေသေးသည်။လျှို့ဝှက်ချက် ပေါက်ကြားသွားသလိုမျိုး……

ဟုတ်သည်။ထိုအရာက နှစ်ပေါင်းများစွာထိန်းသိမ်းလာတဲ့ သူ့ရင်ထဲက လျှို့ဝှက်ချက်….
သူ့ရင်ထဲ ပြည့်ညှပ်သပ်ကာ အတင်းမယိုဖိတ်အောင် စောင့်ဆည်းခဲ့ရသည့် သူ့ခံစားချက်တွေ….
တစ်စုံတစ်ယောက်က အမှတ်မထင် သိရှိသွားလိမ့်မည်ဟု မထင်ထားပေ။

”ငါ သိပ်ချစ်တယ်…အင်မတန်မြတ်နိုးတယ်….ဝေဝါးလာတဲ့ အပြုံးတွေကအစ ငါမစွန့်လွှတ်နိုင်အောင်အထိ …. အတွေးအာရုံထဲမှာ မှတ်မိနေဆဲပဲ….ငါက မင်းတို့တွေအမြင်မှာထူးဆန်းချင်ထူးဆန်းနေလိမ့်မယ်….ဒါပေမဲ့ တစ်ချိန်က ငါ့သူငယ်ချင်းအသိုင်းအဝိုင်းကြားမှာတော့ ငါအများကြီးပြုံးခဲ့ဖူးတယ်….ရယ်မောသံတွေကြား တွဲခဲ့တဲ့လက်တွေက အင်မတန်နွေးထွေးခဲ့တယ်….ပြန်မရနိုင်တဲ့အတိတ်တွေထဲကငါက မင်းတို့တွေးကြည့်ဖူးမှာတောင်မဟုတ်တဲ့ငါဖြစ်ခဲ့တယ်”

ရင်ထဲက အနှစ်နှစ်အလလ သိုဝှက်ထားသော ခံစားချက်များကို ဖွင့်ထုတ်လိုက်တော့ ရင်ဘတ်ထဲ အောင့်တတ်ကာ ငိုချင်စိတ်ကသာကြီးစိုးနေသည်။

”ငါ မင်းကို နားလည်ပေးနိုင်ပါတယ်…ဒါကို မင်းယုံချင်မှယုံမယ်….ဒါပေမဲ့ ငါမင်းကို ရွံလည်းမရွံ့ဘူး….ထူးဆန်းသလိုလည်းမမြင်ဘူး ဆိုတာတော့ ငါကျိန်ပြောရဲတယ်”

နွေရင်ခတ် သူတစ်ပါးကို နှစ်သိမ့်ရာမှာမတော်ပေမဲ့ ဒါတွေက အမှန်တရားဖြစ်သည်။သူရထက်သောင်း ဘယ်သူ့ကိုချစ်သည်ဖြစ်စေ သူ့စိတ်ထဲထူးဆန်းသည်ဟုမထင်ပေ။

အချစ်ဟာအချစ်ပဲ….

နောက်ပြီး….

ချစ်နေဖို့ပဲလိုတယ်….

လောကမှာ လူတွေက ရည်မှန်းချက်ပန်းတိုင်အမျိုးမျိုးသတ်မှတ်ကြတယ်။

ပန်းသီးကြိုက်တဲ့သူက ကမ္ဘာမှာပန်းသီးသည်သာအကောင်းဆုံးဟုပြောလိမ့်မည်။ဒါပေမဲ့ ဒီစကားဟာ လိမ္မော်သီးကိုကြိုက်တဲ့သူတွေအတွက်တော့မမှန်နိုင်ပေ။

ဒါပေမဲ့ ပန်းသီးကိုကြိုက်တဲ့သူကများပြီး လိမ္မော်သီးကိုကြိုက်တဲ့သူကနည်းတော့

ပန်းသီးကသာအကောင်းဆုံးဆိုတာက အားသာသွားပြီး လိမ္မော်သီးကြိုက်တဲ့သူတွေအပေါ် ငါတို့အတွေးကသာအမှန်ဆိုပြီးအတ္တစွဲလာကြတော့သည်။

ဒါ့ကြောင့် လိမ္မော်သီးကြိုက်တဲ့သူတွေကို သူတို့အတွေးကမှားတယ်ဆိုပြီး ပြစ်တင်ရရှုံ့ချတော့သည်။

ဘာများခက်လို့လဲ?သူ့အတွေးကိုယ့်အတွေးမျှတခဲ့လျှက်နဲ့….

ပန်းသီးကြိုက်တဲ့သူလည်းပန်းသီးကိုရွေးချယ်ပါစေ….လိမ္မော်သီးကြိုက်တဲ့သူလည်း လိမ္မော်သီးကိုရွေးချယ်ပါစေပေါ့….

ကိုယ်ကြိုက်တဲ့အသီးရွေးချယ်တာကို လူထောက်ခံမှုများတဲ့ ပန်းသီးမှဘောင်ဝင်ပြီး လိမ္မော်သီးရွေးတော့ ဘောင်မဝင်တန်းမဝင်နဲ့ မတူဘူးမတန်ဘူးဆိုပြီး အပြစ်တင်ကြတာ ဘာကြောင့်ပါလိမ့်။

(ကိုယ့်ဘာသာရေး ကိုယ့်ဘာသာရယ်နေရတယ်😂)

အချိန်အတော်ကြာသွားပြီးသည့်နောက် သူရထက်သောင်းကလည်း ပုံမှန်အခြေအနေသို့ပြန်ရောက်လာပြီဖြစ်သည်။

”ရော့ဒီမှာ….အိမ်လိပ်စာ”

”မင်းမငိုတော့ဘူးပေါ့”

နွေရင်ခတ် လိပ်စာမှတ်ထားသောစာရွက်ကိုယူရင်းပြောလိုက်သည်။

သူရထက်သောင်းက သူ့ပုခုံးပေါ်မှ နွေရင်ခတ်လက်ကိုပုတ်ချလိုက်ရင်း…

”ငါကမင်းထက်အကြီးနော်…ရိုသေစမ်းပါ…”

”ဟမ့်”နွေရင်ခတ်မျက်လုံးလှိမ့်လိုက်ရသည်။အကြီးကအကြီးလိုမနေဘဲနဲ့……

အိပ်ဆေးကို ဘယ်လိုယူရမလဲ?ရွာထဲမှာ ဆေးအစုံရှိတာဆိုလို့ အလိမ္မာသွေးရှင်တို့အိမ်နဲ့ ကိုစိုင်းခန့်ပြည်စုံတို့အိမ်ပဲရှိတယ်။

ကိုစိုင်းခန့်ဆီတောင်းဖို့က ထင်ထားသည်ထက်ပိုခက်သည်။ကိုကုဋေထက်နဲ့အတူ သူတို့အိမ်ရှေ့ မကြာခဏဆိုသလို သီချင်းဟစ်တတ်သောကြောင့် သူတို့အဖွဲ့ကိုအမြင်မကြည်သည်မှာသိသာလှသည်။ပြောမှပဲ ခေါင်းက လေးခွစာမိထားသည့်နေရာက နာသလိုလိုတောင်ဖြစ်လာသည်။

အလိမ္မာသွေးရှင်ကို သူမျက်နှာခြင်းမဆိုင်ချင်သေးဘူး။ဒါပေမဲ့ သူ့အကြံတွေအောင်မြင်ဖို့ဆို အလိမ္မာသွေးရှင်ဆီက အိပ်ဆေးရမှဖြစ်မည်။

”ဘာကိစ္စလဲ?”

အလိမ္မာသွေးရှင်လည်ပင်းမှာ နွေရင်ခတ်ကြောင့် လက်ရာများပေါ်နေကာရောင်နေသည်မှာအခုထိမပျောက်သေး။သိပ်မနာတော့ဘူး ဆိုပေမဲ့ ဖြူဝင်းတဲ့အသားအရေကြောင့် ထိုအနီစင်းကြောင်းများက ထင်ရှားနေခြင်းဖြစ်သည်။

နွေရင်ခတ်က သူ့ကိုဘာအတွက်ခေါ်သည်လဲမသိပေမဲ့ မေးတာကိုပြန်မဖြေသည့်အပြင် လည်ပင်းကိုစိုက်ကြည့်လာသည်ကြောင့် အလိမ္မာသွေးရှင် မျက်မှောင်ကြုတ်ကာ ကြယ်သီးကို အပေါ်ထိတပ်လိုက်သည်။

”ခဏ….နာနေလား?”

မထင်မှတ်ထားတဲ့အပြုအမူကြောင့် အလိမ္မာသွေးရှင် နွေရင်ခတ်ကို မျက်တောင်ခပ်ကာကြည့်လိုက်သည်။နွေရင်ခတ် လက်ချောင်းများက သူ့လည်ပင်းပေါ်ပြေးလွှားနေပြီး တို့လိုက်ထိလိုက်လုပ်နေသည်။လက်ဖျားထိပ်လေးတွေက အရေပြားကိုထိတွေ့လိုက်တိုင်း လျှပ်စီးကဲ့သို့ ထုံထိုင်းသွားစေသည်။

အလိမ္မာသွေးရှင် မျက်မှောင်ကြုတ်မြဲကြုတ်ထားကာ စိတ်မရှည်တော့ဘဲ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တော့ နွေရင်ခတ်က ဘာလို့ သူ့လက်ကိုဖမ်းတာလဲပုံစံဖြင့်မော့ကြည့်လာသည်။

”မလုပ်နဲ့….ယားတယ်”

အလိမ္မာသွေးရှင် နားမလည်နိုင်တော့ပေ။မနေ့ကပဲ သူ့ကို သတ်ချင်စိတ်အပြည့်နဲ့ထိုသူက အခု သူ့ကိုစိုးရိမ်နေသည်တဲ့လားမဖြစ်နိုင်တာ….

”ဘာလို့ ငါ့ကို ခေါ်တာလဲ?”

အခုမှနွေရင်ခတ်က သူ့ရည်ရွယ်ချက်ကိုသတိရသွားပုံပေါ်ကာ သနားကမား မျက်နှာလေးဖြင့်….

”ငါ မင်းကိုအဲ့လိုလုပ်ပြီးထဲက စားမဝင်အိပ်မပျော်ဘူး”

နွေရင်ခတ်ပြောချင်တာက လည်ပင်းညှစ်တဲ့ကိစ္စဖြစ်မည်။နောက်ပြီး ဆက်ပြောလာသည်။

”ငါ…ငါတောင်းပန်ပါတယ်….ငါမင်းအပေါ် အဲလိုမဆက်ဆံခဲ့သင့်ဘူး….ငါမှားသွားပါတယ်….မင်းငါ့ကို လက်သီးနဲ့ထိုးထိုး ခြေထောက်နဲ့ကန်ကန် ငါခံပါ့မယ်….မင်းရဲ့ခွင့်လွှတ်မှုသာရရင် တကယ်ပြောတာ ငါဘာမဆိုလုပ်ပါ့မယ်…ဟင်….ဟင်….ငါ့ကိုခွင့်လွှတ်ဖို့ ငါဘာလုပ်ပေးရမလဲ?ငါတကယ်နောင်တရနေပါပြီ”

အလိမ္မာသွေးရှင် မျက်ရည်ဝဲနေသော နွေရင်ခတ်ကိုကြည့်ရင်း သူ့ဘယ်ဘက်ရင်အုံက တဆစ်ဆစ်အောင့်လာသည်။

မငိုပါနဲ့ကွာ….ငါ့ကြောင့်မျက်ရည်ထပ်မကျစေချင်တော့ဘူး….

မင်းရဲ့မျက်ရည်စက်တိုင်းက ငါ့နှလုံးသားကို လာစိုက်တဲ့ မြှားတွေပါပဲ….

ကိုယ် ရင်ကော့ခံထားပေမဲ့ သွေးစိမ်းရှင်ရှင်ထွက်တာကိုတော့မတားဆီးနိုင်ဘူးလေ…..

ငါ မင်းအပေါ် ဘယ်တုန်းကမှ အပြစ်မတင်ခဲ့သလို မင်းအမှားဆိုပြီး တစ်ခါလေးတောင်စိတ်မကွက်ဖူးပါဘူး….

ငါ့ကြောင့်သာ မင်းနာကျင်ရတာပါ….ငါမစွန့်လွှတ်နိုင်လို့….

နွေရင်ခတ်ဆိုတဲ့ မင်းကို အတ္တကြီးမိတဲ့ငါ့အပြစ်တွေပါကွာ….

ဒီနှလုံးသားက ဝဲဂယက်ထဲမှာ ပိတ်မိရင်းပိတ်မိခဲ့လို့….

”မငိုပါနဲ့….ငါခွင့်လွှတ်ပြီးသားပါ”

”တကယ်လားဟင်”

”တကယ်ပေါ့”

ထိုအခါမှ နွေရင်ခတ်နှုတ်ခမ်းပါးလေးကပြုံးရောင်သန်းသွားသည်။ထိုစကားတွေက ကြားရသူအတွက် ပေါ့ပေါ့ကြီးဖြစ်နေရင်နေမယ်။ဒါပေမဲ့ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကပေါက်ဖွားသီကုံးထားတဲ့ စကားတွေဖြစ်သည်။

တကယ်ပါ….

ထိုသူပြုံးလိုက်တဲ့အခိုက်အတန့်မှာ ကိုယ့်ရင်ထဲက သောကမီးများကို ငြိမ်းအေးနိုင်စွမ်းရှိလေသည်။

”ဒါဆို ငါ့အတွက်အိပ်ဆေးလေး ပေးပါ့လား?ဒီဆရာလေ ညဘက်တွေမှာ အိပ်မပျော်ဘူး….”

”အိပ်ဆေးသောက်တာ ကျန်းမာရေးအတွက်မကောင်းဘူး”

”သိပါတယ်…သိပါတယ်….ငါကစွဲသောက်တာမှမဟုတ်တာ တစ်ခါတစ်လေပဲကို…စိုးရိမ်စရာမရှိပါဘူး”

အလိမ္မာသွေးရှင်ရဲ့ ပြေလျော့သွားသော မျက်ခုံးတို့က ပြန်လည် တွန်းချိုးသွားသည်။

အဆုံးမှာတော့ နွေရင်ခတ်အပြောမှာသာ မရုန်းထွက်နိုင်ဘဲ ခေါင်းညိမ့်လက်ခံခဲ့ရသည်။

နွေရင်ခတ် ရင်ထဲမှာတော့ အောင်ပွဲခံနေခဲ့သည်။မျက်ရည်က အဲ့လောက်အထိအသုံးဝင်မည်မှန်းသိရင် ပင်ပင်ပန်းပန်းနဲ့စကားစစ်ခင်းခဲ့မှာမဟုတ်ဘူး….ဟူး….အတော်လေး အသုံးဝင်တာပဲ…..

‘မျက်ရည်’တဲ့ အားနည်းတယ်ထင်ရပေမဲ့ ထိုးစစ်ဆင်ရာမှာတော့ အစွမ်းထက်တဲ့လက်နက်ပဲကို…

”ဒါဆို ညနေရောက်ရင် ဆေးကိုဒီနေရာမှာပဲ လာပို့ပေးနော်….ဘယ်သူမှ မ​သိစေနဲ့ဦး…နှင်းရီတို့၊အရီးလေးတို့ကြားသွားရင် စိတ်ပူနေမှာစိုးလို့”

”အင်းပါ….ဘယ်လောက်ယူခဲ့ရမှာလဲ?”

”နည်းနည်း…အမ်…များများလေး”

ထို့နောက် တစ်မျိုးထင်မည်စိုး၍ ထပ်ပြောလိုက်သည်။

”မစိုးရိမ်ပါနဲ့….အိမ်မှာဆောင်ထားချင်လို့ပါ”

အရာအားလုံးက သူကြိုးဆွဲရာ က,နေသည်ကြောင့် နွေရင်ခတ်ပြုံးလိုက်သည်။

အရာရာဟာ ကိုယ့်အလိုအတိုင်းဖြစ်နေတယ်ဆိုတာ….

ကိုယ့်အတွက် ဘာမဆိုတိတ်တဆိတ်ဖြည့်ဆည်းပေးတဲ့ သူတစ်ယောက်ရှိနေလို့ဆိုတာ သိခဲ့ရင်ကောင်းသားနော်…..

……..

ကာရိုက်တာတွေအပေါ် အရေးအသား မငြိမ်ခဲ့ရင် နားလည်ပေးပါနော😁

Tags: read novel ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၂၁), novel ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၂၁), read ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၂၁) online, ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၂၁) chapter, ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၂၁) high quality, ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၂၁) light novel, ,

Comment

Leave a Reply

Chapter 23