Á€Šá€±Á€¬Á€€Á€¹Á€Á€™Á€€Á€¼Á€®Á€¸Á€€Á€™Á€¼Á€¬Á€¸Á€”Á€Á€ºá€™Á€±Á€¬Á€„Á€º Part-24

A+ A-

” အား…အမေ ဗိုက်နာတယ်”

လူနာတွန်းလှည်းတွင် အန်တီ့ကိုလှဲစေကာ ဆေးရုံဝန်ထမ်းများက တွန်းလာကြသည်။ မောင်ကတော့ အန်တီ့ဘေးတွင် ထပ်ကြပ်မကွာပါလာလျက်။ အန်တီက ဆွဲမိဆွဲရာ မောင့်ဆံပင်ကိုဆွဲလိုက်သည်။

” အားရို့….မိန်းမ နာတယ် လွှတ်လွှတ်”

” မလွှတ်ဘူး…ရှင်လိုချင်လို့ ကလေးမွေးရတာ ရှင့်ကြောင့်”

” အား…နာတယ်လို့…ကျွတ်တော့မှာပဲ”

ထိုအဖြစ်ကို နောက်ကနေ ဗွီဒီယိုလိုက်ရိုက်နေတာက တာဝန်ကျရာ မြို့မှ ခေတ္တပြန်လာသော လရောင်ခပင်။

” အန်တီမြ ဆွဲထား ဆွဲထား…”

အန်တီက ခွဲခန်းထဲဝင်သွားလေပြီ။ ဒေါက်တာလင်းအိမ်ဟန်က ခွဲစိတ်ခန်းဝတ်စုံဝတ်ကာ ဝင်သွားပြန်လေသည်။ နွေကတော့ သားဖွားမီးယပ်မဟုတ်သော်လည်း အကူအနေဖြင့် ဝင်သွားလေသည်။ အခန်းပြင်ကျန်ခဲ့သည်က မောင်၊ လရောင်နှင့် ယောက္ခမတို့ပင်။ ပါပါးတို့ကလည်း လာတော့မည်။ မောင့်မှာ နေမထိထိုင်မသာ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိချေ။

” သံစဉ်…မီးဖွားလွယ်တဲ့ဂါထာရွတ်လေ”

ယောက္ခမက ဘုရားစာရွတ်နေရမှာ လမ်းထလျှောက်နေသော မောင့်ကိုပြောသည်။

” ဘာဂါထာလဲ မေမေရ”

” အင်္ဂုလိမာလလေ”

မောင်က အဲဒါဘာလဲသိလားဆိုသည့်ပုံဖြင့် လရောင်ကိုမေးငေါ့ပြသည်။

” မောင်ရာ…ဟိုဟာလေ …နင့်ကိုထိုးတဲ့လက်ညှိုးတိုင်းငါ အင်္ဂုလိမာလ…အဲသီချင်း”

လရောင်စကားကြောင့် ယောက္ခမက မျက်နှာရှုံ့မဲ့သွားသည်။

” နင်တို့သိတဲ့ ဘုရားစာသာရွတ်ကြတော့”

နာရီဝက်ကြာတော့ ပါပါးတို့ရောက်လာလေသည်။ အန်တီက ခွဲခန်းထဲကထွက်မလာသေး။ မောင်လည်းစိတ်ပူလာသည်။ တံခါးဝတွင်သာ ပြူတစ်ပြူတစ်လုပ်လျက်။ လရောင်ကတော့ ဩဂတ်စ်တို့ရာရာတို့ကို ဖုန်းဆက်ခေါ်နေလေသည်။

ခွဲခန်းထဲကနေ နွေထွက်လာလေသည်။

“စနေနေ့ မနက် (၁၁)နာရီ (၁၁)မိနစ် သမီးမိန်းကလေးမွေးပါတယ်။ မိခင်ရော ကလေးရော ကျန်းမာပါတယ်၊ ဒေါက်တာ လင်းအိမ်က ကလေးကို သန့်ရှင်းရေးလုပ်ပေးနေပါတယ်၊ ခဏနေ အခန်းထဲက ထွက်လာတော့မှာပါ”

ထိုစကားကိုကြားမှ မောင်စိတ်ကိုဒုံးဒုံးချလိုက်ရတော့လေသည်။ ခဏနေတော့ ကလေးရော အန်တီရောကို တွန်းလှည်းဖြင့် တွန်းပြီး ငှါးထားသော အခန်းတွင်းသို့ ပို့ထားကြသည်။ အန်တီက မေ့ဆေးအရှိန်ဖြင့် မေ့နေဆဲ။ နောက်နှစ်နာရီနေမှ သတိရမည်ဆိုသဖြင့် မောင့်မှာ တစ်မျိုးစိတ်ပူရလေသည်။

ကလေးလေးကိုကြည့်တော့ နီနီရဲရဲလေး၊ မျက်လုံးလေးက မပွင့်သေးဘဲ အိပ်နေသေးသည်။ ဆံပင်များက ကွေးကွေးလေးတွေ။ ရုပ်ရည်ကတော့ မောင်ငယ်ငယ်ကနှင့်တူသည်ဟု ပါပါးကပြောသည်။ လရောင်ကတော့ ပုခက်ထဲတွင်အိပ်နေသော ကလေးဘေးကနေကို မခွါတော့ချေ။ ကလေးလေးအိပ်တာ အသက်ရှုတာကအစ စောင့်ကြည့်နေလေသည်။ ယောက္ခမကြီးကတော့ သူ့သမီးဘေးတွင်ထိုင်လျက်။

” လရောင်…ဘာတွေကြည့်နေတာလဲ”

” အူယားလွန်းလို့လေ…ငါ့တူမက ချောတယ်ဟ..သူ့ကိုနာမည်ဘယ်လိုပေးဖို့စဉ်းစားထားလဲ မောင်”

” စနေသမီးဆိုတော့ အန်တီ့နာမည်ရော ငါ့နာမည်ရောပါအောင် နှင်းဆီဖူးမောင်လို့ပေးမလားလို့ စဉ်းစားထားတာ”

” ကောင်းတယ် နှုတ်ခမ်းလေးတွေကလည်း နှင်းဆီဖူးလေးလို ရဲလို့…ငါ့တူတွေ တူမတွေ အကုန် တစ်မျိုးစီချောကြတယ်ဟ”

( ဩဂတ်စ်ရဲ့သားသမီးနှစ်ယောက်ကိုပါ ရည်ညွှန်းခြင်းပင်)

” ဟိုနှစ်ကောင် ဘာလို့မလာသေးတာလဲ”

” သူတို့ပြန်လာနေပါပြီဟ မနက်ကပဲ သူတို့ စစ်ကိုင်းဘက်ကိုသွားပြီး ဟိုမာလာကိစ္စသွားစုံစမ်းတာလေ”

” အေး…ငါ မာလာ့ကိုတွေ့ရင် မေးစရာရှိတာ သေချာမေးရမယ်…သူကထွက်သွားတာတစ်နှစ် သူပျောက်လို့ရှာရတာ ၄လ …ဒီကြားထဲ ရဲနောင်ဆိုတဲ့ ဘဲက ကြာခိုချင်နေတာ…ငါ့မိသားစုကို ပြိုကွဲတော့မခံချင်ဘူး”

” အေးပါ…ဩဂတ်စ်ကအဆက်အသွယ်ကောင်းသားပဲကို…ရမှာ မပူနဲ့”

” အေးပါ”

” မောင်…မင်းတစ်မနက်ခင်းလုံး ပင်ပန်းနေတာမလား အိမ်ပြန်ရေချိုးလိုက်…ပြီးရင် အန်တီမြဖို့ရော စားစရာ သောက်စရာတွေယူခဲ့၊ နိုးရင် အဆင်သင့်အောင်လို့ ဒီကြားထဲ ငါစောင့်ကြည့်ထားမယ် သွားသွား”

” အေးပါ ပြီးတာနဲ့ချက်ချင်းပြန်လာခဲ့ပါမယ်”

မောင်က ယောက္ခမကြီးကိုပါ ခေါ်ကာ အိမ်ကို ပြန်လာခဲ့လေသည်။ မောင်လည်းရေချိုးမိုးချိုး လုပ်ပြီး ယောက္ခမထည့်ပေးလိုက်သော အစားအသောက်ခြင်းများကိုယူကာ ဆေးရုံတစ်ခေါက်ပြန်သွားရသည်။ ဒီတစ်ခေါက်တော့ အိမ်အကူဒေါ်မြင့်နှင့် မောင်ပဲပါလာတော့သည်။ ယောက္ခမကြီးက ဆေးရုံကအနံ့တွေကြောင့်ခေါင်းမူးနေသည်ဆို၍ပင်။

မောင်ရောက်လာတော့ အန်တီက သတိရနေလေသည်။ မောင်လည်း ပစ္စည်းတွေကိုချကာ ချက်ချင်း အန်တီ့ဆီအပြေးသွားလျက် အန်တီ့နဖူးကိုနမ်းလိုက်လေသည်။

” မောင် တအားစိတ်ပူနေခဲ့တာ…”

” မပူရဘူး ဘာလို့လဲ ထားသွားမှာစိုးလို့လား”

” အဲတာတော့ နည်းနည်းတွေးမိတယ်”

” ဘာအကြောင်းနဲ့ဖြစ်ဖြစ်ထားမသွားပါဘူး မောင့်ကို”

” အန်တီ…ကြက်စွပ်ပြုတ်သောက်တော့မလား…သမီးလေးနိုးရင် နို့တိုက်ရမှာဆိုတော့..အချိန်လေးရတုန်း သောက်မလား…မောင်မှုတ်ပေးမယ် ပူနေတုန်းမို့”

” အင်း…သောက်မယ်”

မောင်က အန်တီ့ကိုကြက်စွပ်ပြုတ်လေး မှုတ်ကာ တိုက်နေလေသည်။ လရောင်ကတော့ ထမင်းချိုင့်ကိုချကာ အားရပါးရတွယ်နေလေပြီ။ နွေကတော့ ခွဲခန်းဝင်ထားသဖြင့် ဆိုဖာပေါ်တွင် အိပ်နေသည်မှာ လူသေကောင်အလားပင်။ တစ်ချက်ဆိုတစ်ချက်ဆို ဟောက်သံကထွက်လာသည်။

အူဝဲ…အူဝဲ ကလေးကနိုးလာပြီး ငိုတော့ အန်တီလည်းကြက်စွပ်ပြုတ်မသောက်ဘဲ ကလေးကို နို့တိုက်ဖို့ပြင်လေသည်။ ကလေးက နို့သောက်ရတော့ အငိုတိတ်သွားသည်။ မောင်က ကလေးလေးကိုကြည့်လျက် ကလေးလေး၏ ခြေထောက်နှစ်ဖက်ကို ငုံ့နမ်းလိုက်သည်။

” ဖူးဖူးလေးက မာမီနဲ့နို့စို့ဘက်ပေါ့”

အန်တီက ထိုစကားကြောင့် ကလေးကို လက်တစ်ဖက်ဖြင့်ထိန်း၍ ကျန်လက်က မောင့်နားကို ဆွဲလှည့်လိုက်သည်။

” အား…လွှတ်ပါ မိန်းမရယ် နောက်မစတော့ပါဘူး”

” စလို့ကတော့ ကလေးလည်းနို့ပြတ် ရှင်လည်းနို့ပြတ်နော်”

” အခုကစပြီး ငြိမ်ငြိမ်လေးနေတော့မှာ…ကလေးလေးနို့ဝရင် မောင့်ကိုပေးလိုက် မောင်ချီပြီးချော့သိပ်လိုက်မယ် အန်တီက ကြက်စွပ်ပြုတ်လေးသောက်လိုက်နော်…မကုန်ရင် လရောင်တိုက်လိုက် သူက ဘာလာလာစားတယ်”

လရောင်က ထိုစကားကိုထောက်ခံသည့်သဘောဖြင့် လက်မထောင်ပြသည်။ ခဏနေတော့ မြူနှင်းလွင်နှင့် ကလေးနှစ်ယောက်က ရောက်လာလေသည်။ ကလေးနှစ်ယောက်က အခုဆို နေမင်းမောင်နှင့်ရွယ်တူအတန်းတူပင်။ သူတို့လည်းကျောင်းမှ ပြန်ရောက်လာချင်း လိုက်လာသည့်ပုံ။

” အန်တီအတွက်…မုန့်ရော လူနာစောင့်တွေစားဖို့ရော မုန့်တွေလုပ်လာခဲ့တယ်…ဘေဘီက ရာရာနဲ့ ကိစ္စရှိလို့ထွက်သွားတာ သူပြန်လာတော့မှာရယ်”

” ရပါတယ် မြူရယ်…မြူလာတာနဲ့တင် ရပါတယ်…မြူ့ခြေထောက်တွေပြန်ကောင်းလာပြီပဲ”

” ဟုတ်တယ် အန်တီ…ကလေးတွေအတွက်ဆိုပြီး အားမွေးပြီးလျှောက်ရတာ ကျင့်သားတော့ရနေပါပြီ”

” ကောင်းပါတယ်”

” ဪ…ဒါနဲ့ သံစဉ်မောင် ဟေဇယ်လ်နဲ့ဇူလိုင်တို့က ခြံထွက်နွားနို့တွေ ထည့်ပေးလိုက်တယ် မနက်က သူတို့လူလာပို့တာ နက်ဖြန် သူတို့မန်းလေးဆင်းခဲ့ပြီး ကလေးလေးကို လာတွေ့မယ်တဲ့”

” အိုကေပါ…မြူ”

မောင်ကလေးလေးကိုချီလျက် မြှူနေသည်။ အန်တီကတော့ မြူနှင့်စကားပြောလျက်။ ဒီပါနဲ့ တိမ်လွှာက မောင့်လက်ထဲမှကလေးလေးကို ကြည့်နေကြသည်။

” တီတီမောင်…ကလေးလေးနာမည်ကဘယ်လိုခေါ်လဲ”

” နှင်းဆီဖူးမောင်လို့ပေးထားတယ် ဖူးဖူးလို့ခေါ်ပေါ့ ဒီပါရ”

” ချစ်စရာလေး…သားလည်းဖူးဖူးလေးလိုမျိုး ညီမလေး ထပ်လိုချင်တာ”

” ဒါကတော့ မင်း မာမားကိုပြောလေ…သူက အဲလိုနေရာဆို တက်ကြွတယ်”

” ဟဲ့ သံစဉ်မောင် …စကားကိုကြည့်ပြောနော်…ငါအခုမှ လမ်းလျှောက်နိုင်တာ မကြာသေးဘူး”

မြူနှင်းလွင်က ဟန့်လိုက်သဖြင့် သံစဉ်မောင် လျှာထုတ်ပြလေသည်။

” တီတီမောင် ဘယ်နှယောက်လောက် မွေးမှာလဲ”

” ဘောလုံးတစ်သင်းစာလောက် မွေးမလားလို့ ပြီးရင် ပရီးမီးယားလိဂ်မှာ သွားကန်မယ်လေ”

” မိုက်တယ် အကြံက ကျွတ်ဆင်ကြီးဗျာ”

ဒီပါက စကားတွေဖောင်ဖွဲ့နေသလောက် တိမ်လွှာကအေးဆေးလေးနေကာ ကလေးလေးကိုကြည့်နေသည်။ ခါတိုင်း သာလိကာရှုံးအောင် စကားများသော တိမ်လွှာက ငြိမ်နေလျက်။မောင်ကသတိပြုမိပြီး

” မိုးတိမ်လွှာလွင်…ခင်ဗျားလေးတိတ်နေပါလား…စာမရလို့လား ငြိမ်နေတာ”

” မဟုတ်ပါဘူး တီတီမောင်…သမီး ဖူးဖူးကိုကြည့်နေတာ”

” ဟုတ်လား ဖူးဖူးက ချစ်ဖို့ကောင်းလား”

” ချစ်ဖို့လည်းကောင်းတယ် သမီးဖူဖူးလေးကိုချစ်တယ်…ကြီးလာရင် ဖူးဖူးကို သမီးပေးပါ့လား…သမီးသူ့ကိုမုန့်တွေလည်းအများကြီးဝယ်ကျွေးမှာ…ကစားစရာတွေလည်းပေးမှာ သမီးအရုပ်တွေလည်းအကုန်ပေးမှာပါ..ဖူးဖူးကိုပေးပါနော်”

သံစဉ်မောင်မှာ ခေတ္တခဏဆွံ့အလျက်။ တံခါးဝမှဝင်လာသော သူက သံစဉ်မောင်ကိုကြည့်ကာ

” ခမည်းခမက်တော်ကြမလား မောင်မောင်”

ထိုအသံပိုင်ရှင်က ဩဂတ်စ်ပေ။ ဘေးက သက်ရာကလည်းပြုံးလျက်။

” ဟေ့ဟေ့ ဩဂတ်စ် ငါ့သမီးက တစ်လတောင်မပြည့်သေးဘူး..ငါတောင် ချစ်မဝသေးဘူး”

” အေး ငါလည်း အိပ်ရေးမဝဘူး”

လူကြားထဲတွင် အိပ်ချင်မူးတူးထဖောက်သော နွေ့ကြောင့်စကားစပြတ်လျက်။ဒီပါလေးက သူ့မာမား ဩဂတ်စ်ဆီပြေးလာကာ

” မာမား…သား ညီမလေးထပ်လိုချင်တယ်…တီတီမောင်ကပြောတာ မာမားလုပ်တတ်တယ်တဲ့ လုပ်ပေးဦး”

” ရစေရမယ် မိုင်ဆန်း…မာမားလုပ်ပေးမယ်”

” အများကြီးလုပ်ပေးနော်…တီတီမောင်က ဘောလုံးတစ်သင်းစာမွေးမှာတဲ့ ပြီးတော့ပီးမီးယားလိပ်မှာကန်မှာတဲ့”

” ဒါဆို မာမားတို့လည်း အဲလောက်မွေးပြီး လာလီဂါမှာကန်ကြတာပေါ့”

” ဟုတ်…သားက ဂိုးသမားလုပ်မှာ”

” မဖြစ်နိုင်လောက်ဘူး…သားမေမေက ဂိုးသမား မာမားက ဂိုးသွင်းမှာလေ”
ဩဂတ်စ် မျက်စိတစ်ဖက်မှိတ်ပြလျက် လွင့်ကိုစနေသည်။

” ဒါဆိုလည်းရတယ် များများသာမွေးပေး”

ကလေးမွေးထားသော မေမေနှစ်ယောက်မှာ ရှက်ကိုးရှက်ကန်းဖြစ်လျက်။ မောင့်ကို ဩဂတ်စ်က ပြောစရာရှိသည်ဆို၍ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သဖြင့် မောင်လည်း အလိုက်သိစွာ ဖူးဖူးကို အန်တီ့လက်ထဲထည့်ပေးလျက် အခန်းပြင်ထွက်လာလေသည်။ အခန်းပြင်ရောက်တော့ ရာရာက မောင့်ပုခုံးကိုဖက်ထားသည်။ ဩဂတ်စ်က မောင့်ကို သေသေချာချာပြောပြသည်။

” သံစဉ်…စိတ်ကိုအေးအေးထားကွာ…ငါတို့ မာလာ့ကိုပြန်တွေ့ပြီ ဒါပေမယ့် အရင်ပုံစံ၊ အရင်လိုစိတ်အခြေအနေမှာတော့မရှိဘူး…မင်းသွားကြည့်ဖို့လိုမယ်”

နည်းနည်းတော့ ချိုပေးထားပါတယ်😁😁

Tags: read novel Á€Šá€±Á€¬Á€€Á€¹Á€Á€™Á€€Á€¼Á€®Á€¸Á€€Á€™Á€¼Á€¬Á€¸Á€”Á€Á€ºá€™Á€±Á€¬Á€„Á€º Part-24, novel Á€Šá€±Á€¬Á€€Á€¹Á€Á€™Á€€Á€¼Á€®Á€¸Á€€Á€™Á€¼Á€¬Á€¸Á€”Á€Á€ºá€™Á€±Á€¬Á€„Á€º Part-24, read Á€Šá€±Á€¬Á€€Á€¹Á€Á€™Á€€Á€¼Á€®Á€¸Á€€Á€™Á€¼Á€¬Á€¸Á€”Á€Á€ºá€™Á€±Á€¬Á€„Á€º Part-24 online, Á€Šá€±Á€¬Á€€Á€¹Á€Á€™Á€€Á€¼Á€®Á€¸Á€€Á€™Á€¼Á€¬Á€¸Á€”Á€Á€ºá€™Á€±Á€¬Á€„Á€º Part-24 chapter, Á€Šá€±Á€¬Á€€Á€¹Á€Á€™Á€€Á€¼Á€®Á€¸Á€€Á€™Á€¼Á€¬Á€¸Á€”Á€Á€ºá€™Á€±Á€¬Á€„Á€º Part-24 high quality, Á€Šá€±Á€¬Á€€Á€¹Á€Á€™Á€€Á€¼Á€®Á€¸Á€€Á€™Á€¼Á€¬Á€¸Á€”Á€Á€ºá€™Á€±Á€¬Á€„Á€º Part-24 light novel, ,

Comment

Leave a Reply

Chapter 25