Coffee With Honey (Complete) part 10

All chapters are in Coffee With Honey (Complete)
A+ A-

လေဆိပ်၌

အ‌နက်ရောင် အနောက်တိုင်း ကုတ်၀တ်ထားပြီး နေကာမျက်မှန်နဲ့လူတွေက bodyguard နဲ့တူနေသည်။

ထိုလူတွေက တစ်စုံတစ်ယောက်ကို‌ လေဆိပ်မှာစောင့်နေတဲ့ပုံစံမျိုးနဲ့ပေါ့

ထိုအချိန် သူ့ဆိုဆီတန်းတန်းမတ်မတ်လာတဲ့ ကောင်လေးတစ်ယောက်။ဆံပင်အနက်ရောင်ကို ဂျယ်နဲ့လှန်တင်ထားကာ
အနောက်တိုင်းအင်းကျီပေါ် အမွှေးပွ အနွေးထည်ကုတ်အရှည်ကြီးကိုထပ်၀တ်ထားသည်။

ထိုလူက သူ့ bodyguard ဖြစ်ဟန်တူတဲ့လူတွေကို ကုတ်တွေ ခရီးဆောင်အိတ်တွေ ပေးလိုက်သည်။

“မြန်မာပြည် ပြန်ရောက်လာတဲ့အတွက် ကြိုဆိုပါတယ် သခင်လေး နေမင်းဟန်”

ဆိုကာ ထိုလူနှုတ်ဆတ်စကားဆိုကာ လေဆိပ်ကသွားလာကြသည်။

……………….
တဖက်မှာတော့ စံအိမ်ကြီးမှာ ပျင်းနေတဲ့လူတစ်ယောက်ပေါ့။
ငြိမ့် ဧည့်ခန်းရဲ့ဆိုဖာမှာမှီပြီး လွမ်း ဆိုတဲ့သီချင်းလေး နားထောင်ကာ ‌မှေးနေသည်။သူ့အိပ်မယ်လုပ်တိုင်း
မျက်နှာကြီးတစ်ခု ပေါ်ပေါ်လာတာကြောင့် သူ့ထထိုင်ကာ

“အားးး မခံစားနိုင်ဘူးလို့ “

ငြိမ့်ရဲ့အော်သံကြောင့် မီးဖိုချောင်မှာအလုပ်လုပ်နေတဲ့ ကောင်းစေသူတို့လည်းပြေးထွက်လာကြသည်။တစ်ယောက်ကလည်း ယောင်းမတွေကိုင်ရင်း ထွက်လာကြတယ်။

“ဘာဖြစ်လို့လဲ သခင်လေး”

“သူသွားတာဘဲ ၂နာရီတောင် ရှိသေးဘူး လွမ်းလာပြီ
အရင်က သူ့ကိုမမှတ်မိပေမဲ့ မှတ်မိတော့လဲ ကလေးပုဆိုးစဆွဲသလိုဖြစ်နေပြီ…အား”

“ဘယ်သူ့ကိုပြောတာလဲ သခင်လေး အ့”

ကောင်းစေသူ မေးမေးပြီးချင်း သူ့၀မ်းဗိုက်ဆီနာကျင်မှုတစ်ခုရောက်လာခဲ့သည်။

“တာတီး ဘာလုပ်တာလဲ နာတယ်ဟ”

“လိ့ကိုနာတာ သခင်လေးက သခင်ကြီးကိုဘဲ သတိရမှာပေါ့”

“သိတယ်ဟ ငဒူလသားရဲ့”

ငြိမ့် ရန်ဖြစ်နေတဲ့လူနှစ်ယောက်ကိုကြည့်ကာ ခေါင်းခါမိသည်။

“အိုးမိုင်ဂေါ့…သိပြီ”

ရန်ဖြစ်နေတဲ့နှစ်ယောက် ငြိမ့်ရဲ့အသံကိုကြားတော့ ပြန်ကြည့်ကာ

“Company သွားကြရအောင် နေ့လည်စာ သွားပို့ပေးမယ်”

ဆိုကာ ငြိမ့် မီးဖိုချောင်ကိုထပြေးသည်။နောက်က လူနှစ်ယောက်ကတော့ ခေါင်းကုတ်ကာ ဘာတွေမွှေအုံးမလဲ ဆိုတဲ့ အကြည့်လေးတွေနဲ့။

……………………….
အစည်းအဝေးခန်းတစ်ခုမှာ အကြီးအကဲတွေစုံစွာ ဆွေးနွေးနေကြတာတယ်။အလုပ်၀န်ထမ်းတစ်ယောက်က ပရိုဂျက်တာပေါ်မှာ ပရောဂျက်ကိုတင်ပြနေသည်။

“ဉက္ကဌ ဘယ်လိုသဘောရလဲ ဒီပရောဂျက်ကို”

ရှယ်ယာရှင်တစ်စုက ဂင်ဘန်ချာရီရဲ့ ဆုံးဖြတ်ချက်ကိုမေးလိုက်သည်။ဘောပင်ကို မေးစေ့၌ ကပ်ထားကာ အကြည့်စူးစူးရဲရဲတွေနဲ့ပြန်ဖြေလိုက်သည်။

“ဘာသဘောမှမရဘူး”

“ဗျာ…ဘာ…လို့လဲ”

“အကြောင်းပြချက်မရှိဘူး”

ထို၀န်ထမ်းဟာ လန့်သွားခဲ့သည်။ဘန်အဲတာကိုသိတယ်
အဲ့ဝန်ထမ်းက ရှယ်ယာရှင်တစ်ဉီးကို ကပ်ဖားပြီးခန္ဓာကိုယ်ရောင်းစားထားတဲ့ကောင်ဆိုတာ။

~~တီ တီ တီ~~

“ဘယ်မယား ဖုန်းကိုခေါ်နေတာလဲ!!”

ဘန် ဩဇာအာဏာရှိတဲ့အသံနဲ့အော်ဟစ်လိုက်သည်။အစည်းအဝေးအခန်းတစ်ခုလုံး တုန်လှုပ်သွားသည်။အစည်းအဝေးခန်းမှာ ဖုန်းလာရင် ဖုန်းခေါ်ရင် ဘန်မကြိုက်ပါ

“ဉက္ကဌ မယား…မဟုတ် ဖုန်းလာနေတာပါ…”

ရှယ်ယာရှင်တစ်ဉီးက ကြောက်ရွံစွာပြောလိုက်သည်။တကယ်တော့ ဘန်ရဲ့ဖုန်းလာနေတာပါ။ ရှယ်ယာရှင်ရဲ့စကားကြောင့်
ဘန် စိတ်တိုသွားပြီး ဖုန်းကိုကြည့်လိုက်သည်။ screen ပေါ်မှာ နေရာယူထားတဲ့ ဟန်နီ ဆိုတဲ့ နာမ်စားလေးကြောင့်
ဒေါသဖြစ်ရာကနေ ပြုံးမိသွားသည်။

အစည်းအဝေးခန်းရှိ လူတွေက ဘန်ကိုအကဲခတ်နေကြသည်။
ဒေါသမဖြစ်တော့ဘဲ ပြုံးလိုက်တာကြောင့် သိလိုက်ကြပြီ။
ဉက္ကဌရဲ့အသစ်စက်စက် အမျိုးသားဆိုတာ။

“ဟယ်လို ကိုကို”

“အင်း ဟန်နီ”

‘ကျနော် နေ့လည်စာ လာပို့မယ် သိလား ဘာမှ မစားနဲ့အုံး’

“အင်း ကိုယ်စောင့်နေမယ်”

‘ဟုတ်ကဲ့ပါ ဗျာ ဒါဘဲ ကြက်ဉတူးတော့မယ်”

“အင်း”

ဆိုကာ ဖုန်းချလိုက်သည်။အင်းဘဲပြောနေပေမဲ့ ဘန်ရဲ့ရင်ထဲ အမောတ၀က်ပြေသွားသလို ခံစားလိုက်ရတယ်။

“အစည်းအဝေး ပြီးပြီ”

ဆိုကာ ဘန် ထသွားသည်။နောက်မှတော့ ရှယ်ယာရှင်တွေ ခွေးစာကျွေးခံရပြီး ငြိမ်သက်စွာကျန်ခဲ့တယ်။
ဘန် သူ့ရုံးခန်းကိုပြန်ရောက်လာခဲ့သည်။
အခုသူ့အလုပ်က သူ့အချစ်လေးကိုစောင့်ဆိုင်းခြင်းဖြစ်တယ်။

“‌ဟေး bro nice to meet you”

ရုံးခန်းတံခါးကို အားပြင်းပြင်းနဲ့ဖွင့်ကာ ၀င်ရောက်လာတဲ့ လူတစ်ယောက်။ထိုအသံကိုကြားတော့ ဘန် ခေါင်းပြန်မော့ကြည့်လာသည်။ထိုနောက် ဘန် အေးဆေးစွာ ပြောလာသည်။

“ဘာကိစ္စလဲ နေမင်းဟန်”

“အိုးမိုင်ဂေါ့ ကိုယ့်ယောက်ျားတစ်ယောက်လုံးပြန်ရောက်လာတာကို မကြိုဆိုတာလား”

“အဲ့တော့…”

ဘန်ရဲ့မျက်နှာထားက အလုပ်ပေါ်မှာဘဲ အာရုံစိုက်ထားပြီး
အေးစက်စွာပြန်ဖြေလိုက်သည်။နေမင်းဟန်က ဘန်ရုံးစားပွဲကို လက်တင်ကာ

“အပြောင်းအလဲတွေအရမ်းမြန်တယ်နော် မင်ဂလာဆောင်တာတောင် ငါ့ကိုမခေါ်ဘူး”

“အဲ့တော့….”

“ဟွန့်…..စိတ်ဆိုးတယ်”

“………”

နေမင်းဟန်က စိတ်ဆိုးတယ်ဆိုကာ နှုတ်ခမ်းဆူပြီး လက်ပိုက်ထားပေမဲ့ ဘန်က အရေးမလုပ်။ထိုအချိန်

~~ကျီ~~

“ကိုကို”

Hoodie အသားရောင်အပွလေးနဲ့ ဘောင်းဘီအမဲရောင်အပွလေးကို‌၀တ်ထားကာ ဆံပင်ကောက်ကောက်လေးကို ဖဲပြားလေးနဲ့ချည်နှောင်ထားတော့ မျက်နှာလေးက ရှင်းရှင်းလင်းလင်းပေါ်နေသည်။ငြိမ့် ထမင်းချိုင့်ကိုဆွဲကာ ပြုံးရွှင်စွာ၀င်လာသည်။အူမြူးနေတဲ့ကလေးတစ်ယောက်လိုပေါ့။

“ဟန်နီ”

အသံစူးစူးလေးကြားတာနဲ့ ဘန် ခေါင်းထောင်လာကာ ငြိမ့်ဆီ တန်းသွားလိုက်ပြီး ငြိမ့်လက်ထဲက ချိုင့်တွေကို ဆွဲလိုက်သည်။

“ကြက်ဉကြော်လာတယ်သိလား”

“အင်း”

ဆိုကာ ဘန် ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး ငြိမ့်ကို ဘေးနားထိုင်စေသည်။ထိုပုံရိပ်ကို နေမင်းဟန် ပါးစပ်ဟောင်းလောင်းနဲ့မြင်သွားသည်။

“ငါလည်းစားမယ်”

နေမင်းဟန် ခုန်စွကာ ပြေးလာပြီး သူ့တို့ရဲ့မျက်နှာချင်းဆိုင် ဆိုဖာထိုင်ကာ ထမင်းချိုင့်ဖွင့်လိုက်သည်။
ဖွင့်လိုက်သည်နှင့် မြင်လိုက်ရတာက တစ်မျိုးကွဲပြားနေတဲ့ အမဲရောင်ကြက်ဉကြော်လေးနှစ်ခု။ထိုတင်မက ထမင်းကိုလည်း ရေညှိ့နဲ့ နယ်ထားကာ အသီးအရွက်တွေနဲ့ ဘဲရုပ်ပုံစံဖော်ထားသည်။ မသိရင် မူကြိုကလေး ထမင်းဘူးကျနေတာဘဲပေါ့။

“ဟင် မဲတူးနေတာဘဲ…”

နေမင်းဟန်ရဲ့အသံကြောင့် ငြိမ့် နည်းနည်း၀မ်းနည်းသွားတာကအမှန်။သူ့ဟင်းမချက်တတ်တာက သူ့အားနည်းချက်လို့ဘဲ သူထင်တယ်။

“မစားနဲ့ မင်း ကိုယ့်အိမ်ကိုပြန်စား”

ဘန် တစ်စုံတစ်ခုကိုရိပ်မိပြီး ပြောလိုက်သည်။

“ဟာ့…ငြိုငြိင်တာလား”

“ငြိုငြိင်လို့ရတဲ့ဆက်ဆံရေးထိ မဟုတ်သေးဘူးလို့ထင်တယ်”

“……..”

ဘန်ရဲ့စကားက နေမင်းဟန် စကားပြောစရာမဲ့သွားခဲ့သည်။
သူ့ကုတ်ကို ယူလိုက်ကာ

“အဲ့တာဆို သွားလိုက်ပါအုံးမယ်”

ဆိုကာ ခြေလှမ်းအကျယ်ကြီးတွေနဲ့ ထွက်သွားသည်။
နေမင်းဟန် အပြင်ရောက်သွားသည်နှင့် ဖုန်းတစ်ချက်ထုတ်ကာ

“ဟယ်လို ငါနေမင်းဟန် ကိစ္စရှိလို့တွေ့လို့ရမလား”

………………………….
နောက်မှကျန်ခဲ့တဲ့ ဘန် က တူကိုကိုင်ကာ ကြက်ဉကြော်ကို မြည်းကြည့်လိုက်သည်။

အရသာက ခပ်တူးတူးအရသာပေါ့။နည်းနည်းလဲ ငန်နေသေးတာပေါ့။ဒါနဲ့လည်း သူ့ရဲ့အမျိုးသား ထည့်လာပေးတော့လဲ စားရမှာပေါ့။

ငြိမ့် ဘန်ရဲ့ပုံသဏ္ဉာန်ကိုအကဲခတ်နေမိသည်။

“ကောင်းလား”

“အင်း…”

“ဒါဆို များများစား အော် ဒါနက် ရော့”

ငြိမ့် ခြင်းထောင်းကို ဖွင့်ပြီး hello kitty ရေဘူးကိုထုတ်လိုက်သည်။ခလုတ်လေးကိုနိုပ်လိုက်တော့ ထွက်လာတဲ့ပိုက်တစ်ခု။

ထိုပိုက်အား ဘန်ရဲ့နှုတ်ခမ်းထိပ်ကို ကပ်လျက်ထားလိုက်ကာ

“သောက်”

“…….”

ဘန် သောက်ကြည့်လိုက်ရုံနဲ့ ခပ်ငန်ငန် အရသာကိုရလိုက်ရသည်။မျက်ခုံးကကျုံ့မိသွားပေမဲ့ ငြိမ့်ကိုကြည့်ပြီး ပြန်ဖြေသာလိုက်သည်။

“ကောင်းလား ဆီးချိုဖြစ်မှာဆိုးလို့ ငန်ငန်လေးသောက်ပေး စားပေးရတယ်”

“…အင်း…….”

ဆီးချိုကဖြစ်နေပြီးသာပါ။သု့ဘေးနားမှာ ပျားရည်ရှိနေမှတော့ ဆီးချိုတင်မက အချစ်တွေပါ ဖြစ်နေရောပေါ့။

“ညနေကျရင်….ကျုပ်နဲ့အတူတူပြန်မယ်”

“ရက်စ်ဆာ”

ဆိုကာ အလေးပြုတဲ့ပုံစံလေး လုပ်ပြလာသည်။
သွေးကြောထဲ ချိုမြိန်တဲ့ ပျားရည်တွေ စီးဆင်းသွားသလို။

………………
A/N

တိုသွားရင် ဆောရီးပါနော်

စာမေးပွဲရက်နီးလာလို့ သိပ်အချိန်မရလို့ပါ။
နောက်အားလပ်ရက်တွေကျရင် update လုပ်ပေးနိုင်အောင် ရေးပေးပါ့မယ်

ကျနော် ကို အချစ်အားတိုးဆေးလေးတွေ ပေးခဲ့ရင် ကျေးဇူးတင်မိမှာပါ။(အချစ်အားတိုးဆေး=vote)

ချစ်ခြင်းများစွာဖြင့်

#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 10, novel Coffee With Honey (Complete) part 10, read Coffee With Honey (Complete) part 10 online, Coffee With Honey (Complete) part 10 chapter, Coffee With Honey (Complete) part 10 high quality, Coffee With Honey (Complete) part 10 light novel, ,

Comment

Leave a Reply

Chapter 11