Coffee With Honey (Complete) part 15

All chapters are in Coffee With Honey (Complete)
A+ A-

~~ကျွီ~~

ဘန်အဆင်သင့်ပြင်ပြီး ငြိမ့်ကိုစောင့်နေမိတယ်။
တံခါးဖွင့်သံကြားဝာာနဲ့ ဖြည်းညှင်းစွာလှည့်ကြည့်လာသည်။

တစွယ်လေးနဲ့ သူ့ကိုပြုံးပြနေတဲ့ကောင်လေးကို တွေ့လိုက်ရတဲ့အချိန်က သူ့ဘ၀အတွက် ဂုဏ်ယူရတဲ့အချိန်တစ်ခုလိုဘဲ။

ဘန် ငြိမ့်ကို မင်းသားတစ်ပါးလို လက်လေးကမ်းလိုက်ပြီး
ပြုံးပြစွာ လက်ကိုကိုင်လိုက်ပြီး အိမ်လေးရဲ့အပြင်ဘက်သို့ ထွက်လာခဲ့တယ်။

ကျန်ခဲ့တဲ့ တာတီးတို့က အထီးကျန်စွာနဲ့ပေါ့။

“အားကျပါတယ် မရနိုင်တဲ့ဘ၀မလို့”

ကောင်းစေသူက နှာရှုံကာ ပြောလိုက်တယ်။တာတီးသည်လည်း မကျတဲ့မျက်ရည်တွေကိုအတင်းသုတ်ကာ

“သခင်လေး ပြောတာမှန်တယ် သခင်လေးက အရင်ဘ၀က
ကုသိုလ်တွေအများကြီးက ဒီဘ၀မှာ လူရွေးမှန်ခဲ့တယ်
ကဲ ငါတို့လဲကုသိုလ်လုပ်ကြရအောင်”

“ကောင်းတယ်”

ကောင်းစေသူလည်း တာတီးစကားကို နားထောင်လိုက်ပြီး
အားကျနေမဲ့အစားကုသိုလ်လုပ်တာ ပိုကောင်းတယ်။

………………..
တစ်ဖက်မှာတော့
ဘန် ငြိမ့်ကို နေရာတစ်ခုကို လက်ဆွဲကာ ရောက်ရှိလာခဲ့တယ်။

“ဝါး ပန်းတွေ”
‌
တောင်ကုန်းတစ်ခုပေါ်က အရောင်စုံလှတဲ့ နှင်းဆီပန်းခင်း။
ထပ်တူ‌ညီနေတဲ့ရင်ခုန်သံ။

ငြိမ့်ရဲ့ ပျော်မြူးတဲ့အသံက ဒီပန်းခင်းကြီးကစတယ်။
ငြိမ့် ပန်းတွေကြား တိုး၀င်မိတယ်။
ပန်းတွေကြားထဲက ကောင်လေး။
ကောင်လေးကို မြတ်နိုးဖွယ်ကြည့်နေတဲ့ အမျိုးသား။

ငြိမ့် ပျော်ရွှင်စွာ ခုန်စွခုန်စွနဲ့သွားပြီး နောက်မှာကျန်ခဲ့တဲ့ ဘန်ကို လက်ပြကာ သူ့ဆီလာခိုင်းသည်။တောင်ကုန်းထိပ်နားက
သစ်ပင်ကြီးအောက်မှာ ထိုင်စေတယ်။

“ကိုကြီး အဲ့နှင်းဆီ တွေက ဘယ်တုန်းကစိုက်ထားတာလဲ”

“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က”

“ကြာပြီ…လွန်ခဲ့တဲ့၁၀နှစ်က ကျွန်တော်တို့ စေ့စပ်ခဲ့ကြတာမှတ်လား”

“အင်း”

“အဲဆို ဒီပန်းခင်းကြီးက…”

ငြိမ့် ပြူးကြောင်ကြောင် မျက်၀န်းလေးနဲ့ပြန်ကြည့်လာတယ်။
ဒါကရော နောက်ထပ်အမှတ်တရဘဲလား။

“ကိုယ်ကြိုက်လို့ စိုက်ခဲ့တာ”

“အော်…..”

ဘန် စကားကြောင့် ငြိမ့်နည်းနည်းစိတ်အလိုမကျသလိုဖြစ်သွားခဲ့တယ်။ဘာစကားမှမပြောလိုအောင် တိတ်ဆိတ်သွားခဲ့တယ်။

“ပန်းခူးလို့ရမလား “

“……..”

“ရပါတယ် ကိုကြီး ကြိုက်လို့စိုက်ထားတာ ဆိုတော့လည်း မခူးတော့ပါဘူး”

ငြိမ့် နှုတ်ခမ်းဆူကာ ပြောမိတယ်။သူ့စိတ်ထဲမှာ ဘန်ရဲ့စကားကထောက်ထောက်ကြီးဖြစ်နေခဲ့တယ်။

“ခူး”

“ဟင်…အာဟီး ခူးပြီနော်”

ဘန် ရဲ့စကားတစ်လုံးက ငြိမ့်ကိုပျော်အောင်လုပ်နိုင်တယ်။
ငြိမ့်ပျော်ပြီး ထပြေးကာ ပန်းခူးခြင်းစတင်ခဲ့တယ်။

သူ့ရှေ့မှာ ပန်းခူးနေတဲ့ကောင်လေးကိုကြည့်ပြီး ဘယ်လိုရှင်းပြရမလဲ မသိတော့။

“ဒီပန်းခင်းကြီးက မင်းကြိုက်လို့ စိုက်ခဲ့တာ”

ဆိုကာ တိုးဖွဖွရွက်မိသည်။သူ့ရဲ့အမျိုးသားလေးက မကြားနိုင်တော့ပါ။

‘လွန်ခဲ့တဲ့ ၁၀ စေ့စပ်ပွဲပြီးတုန်းက

“သစ္စာ ပြန်တော့မလို့လား”

ခွန်းဆာရက် (ဘန်ရဲ့အဘိုး) အခန်းထဲ၀င်လာကာ ဉီးထွန်းသစ္စာကိုပြောလိုက်တယ်။အထုပ်တွေ သိမ်းနေရာကနေ ခွန်းဆာရက်ရဲ့အသံကြောင့်

“ဟုတ်တယ် သခင်ကြီး ကျွန်တော်တို့ပြန်ရတော့မယ် ကျွန်တော်အမေ နေမကောင်းဖြစ်နေတယ်တဲ့”

“ဟာ….ဘယ်လိုဖြစ်တာတုန်း”

“မသိပါဘူး သခင်ကြီးရယ် အမေအရင်ကတည်းက
နှလုံးရောဂါရှိတာလေ အမောဖောက်တာလားမသိဘူး”

ဉီးထွန်းသစ္စာ မျက်နှာမကောင်းစွာဖြင့် ပြန်ပြောလာတယ်။

“အေးအေး ဒါဆိုလည်း ကျုပ် လိုက်ပို့ပေးခိုင်းလိုက်မယ်သိလား”

“ကျေးဇူးတယ်ပါတယ်”

ဉီးထွန်းသစ္စာလဲ အထုပ်အပိုးတွေဆွဲကာ
ဒေါ်ခင်နွယ်ယဉ်ကလည်း ငြိမ့်လေးကို လက်ဆွဲကာ ခေါ်လာခဲ့တယ်။ခွန်းဆာရက် အိမ်တော်အရှေ့ထိလိုက်ပို့ပေးခဲ့ပြီး

“ကျွန်တော်တို့သွားတော့မယ်နော်”

“အေးအေး….ကောင်းကောင်းသွားနော် “

“လာ သား”

နှုတ်ဆက်ပြီး ငြိမ့်ခေါ်ကာ ကားပေါ်တက်ဖို့အပြင်
ဉီးထွန်းသစ္စာရဲ့ အင်းကျီ စကိုဆွဲထားတဲ့ သားကြောင့်
ပြန်လှည့်ကြည့်လာသည်။

‌”ဖေဖေ ခန ဖိုးဖိုး ကိုကြီးရော”

ငြိမ့်စကားကြောင့် ခွန်းဆာရက်လည်း သတိရသွားကာ
သူ့ဘေးက အစေခံကိုမေးလိုက်မိတယ်။

“မြေးကိုသွားခေါ်လိုက် “

“သခင်လေး စောနကပင် အပြင်ထွက်သွားပါတယ်”

အစေခံ‌က မျက်နှာမကောင်းစွာ ပြန်ဖြေမိလိုက်သည်။
အဲ့ဟာကိုငြိမ့်ကြားသွားတော့ ၀မ်းနည်းခဲ့တယ်။
ရိပ်မိတဲ့ ခွန်းဆာရက်က ငြိမ့်ရှေ့ဒူးထောက်လိုက်ပြီး

“မြေးလေး ကိုကြီးကို ဘာပြောချင်လို့လဲ ဖိုးဖိုးပြောပေးမယ်လေ “

“ဟင့်အင်း အဲ့တာအစား ဒါလေးဘဲပေးပေးပါ”

ငြိမ့် မျက်ရည်ဝဲကာ ခေါင်းခါလိုက်ပြီး စာတစ်စောင်ကိုပေးလိုက်မိတယ်။

“ဒါက သားရေးတတ်ဟာကို ရေးထားတာ အဲ့တာလေးဘဲ သေချာပေးပေးပါနော် ပြီးတော့ နေ‌ကောင်းအောင် နေနော်လို့ပြောပေးနော်”

ငြိမ့်ရဲ့ငိုသံကိုထိန်းထားတဲ့အသံကြောင့် ခွန်းဆာရက်၀မ်းနည်းမိတယ်။အေ့လေ အဆက်အသွယ်ကဖြတ်လို့ရတယ် သံယောဇဉ်က ဖြတ်လို့မရဘူးလေ။

“အင်း မြေးလေး ဖိုးဖိုးသေချာပေါက်ပြောပေးမယ်နော်”

“ဟုတ်ကဲ့ ဒါဆို တာတာနော် ဖိုးဖိုး”

“အင်း တာတာ မြေးလေး”

ငြိမ့် ဆာရက်ကိုနှုတ်ဆက်ပြီး ကားထဲ၀င်လိုက်တယ်။
အဲ့ချိန် ထိုကားလေးက တရွေ့ရွေ့နဲ့ အလွမ်းတွေနဲ့ အိမ်တော်ကြီးက ခွဲခွာသွားခဲ့တယ်။ ငြိမ့် လ‌သာဆောင်ကို လှမ်းမျှော်ကြည့်နေမိတယ်။ တစ်စုံတစ်ယောက်များ ထွက်လာမလားပေါ့။ဒါမဲ့ အဲ့တစ်စုံတစ်ယောက်က ပုန်းနေခဲ့တယ်။

အဆုံးထိကြည့်နေတဲ့ သားကို ဒေါ်ခင်နွယ်ယဉ် စိတ်မကောင်းဖြစ်မိသား။ဘယ်လိုလုပ်မလဲ သားရယ် အဆင်ပြေသွားမှာပါ။

ကျန်ခဲ့တဲ့ ဆာရက်က လက်ထဲက စာတစ်စောင်ကို
သူ့ဘေးက အစေခံကိုပေးလိုက်ကာ

“သွား မင်းတို့သခင်လေးကို သွားပေးလိုက်”

ထိုင်းဘာသာဖြင့်ပြောလိုက်ကာ အစေခံလေးလည်း
ခါးညိမ့်ကာ သွားပေးလေသည်။
ဆာရက်သိတယ်။ သူ့မြေးပုန်းနေတယ်ဆိုတာကို
ကလေးတွေကြားလည်း သူ၀င်မပါ။ငြိမ့်ကိုပြောတဲ့အတိုင်း
ပြောပေးလိုက်ရုံဘဲ လုပ်စရာရှိ‌တော့တယ်။

……………
“သခင်လေး သခင်ကြီး ဒီစာကို ပေးခိုင်းလိုက်ပါတယ်”

“အေး”

လသာဆောင်ပေါ်မှာ ငေးကြည့်နေတဲ့ ခွန်းထရစ်(ဘန်)ကို
အစေခံလာကာ ပေးလိုက်စေတယ်။အပြာရောင်အနုလေးနဲ့
စာအိတ််လေးကို ဖွင့်ကြည့်ဖို့ သူ့သတ္တိနည်းလှတယ်။
ထွက်သွားတဲ့ကားလေးကို ငေးကြည့်ရင်း စာအိတ်ကိုဖွင့်လိုက်စေတယ်။

ကော်ဖီအနံသင်းသင်းလေးနဲ့စာတစ်စောင်ကိုတွေ့လိုက်ရတယ်။စာထဲမှာတော့

“ကိုကြီး ဒီစာလေးကို သားအလောတကြီးရေးမိလိုက်တယ်
ဖေဖေကပြောတယ် အိမ်ကိုခနပြန်ရမယ်တဲ့ ဘာကိစ္စလဲဆိုတာ သားမသိဘူး ဒါမဲ့ သားပြန်လာနိုင်မယ်ထင်ပါတယ်
သား မပြန်လာသေးတဲ့အတောအတွင်း သားကိုသတိရနေနော်
မေ့ရဝူး နည်းနည်းလေးမေ့သွားရင် ‌ဟိုးတောင်ကုန်းကို သွားကြည့်နော် အဲ့မှာ သားတို့အတူတူစိုက်ထားတဲ့နှင်းဆီပန်းလေးရှိတယ် အတူတူလည်း ဆော့ခဲ့ကြတာလေ အဲ့နှင်းဆီပန်းလေး
တဖြည်းဖြည်းနဲ့ ပန်းခင်းကြီးဖြစ်လာရင် သားပြန်လာမယ်သိလား အဲတာကြောင့်မမေ့နဲ့နော် ပြီးတော့လေ သားကို
သစ္စာမဖောက်ရဘူးနော် သားကကိုကြီးနဲ့ဘဲ ဖေဖေတို့လို
လက်ထပ်မှာ ကိုကြီးကလည်း သားကိုဘဲယူ ဂတိဖျက်ရင်
တစ်သက်မခေါ်ဝူး ဂတိတည်ရင် တစ်သက်လုံးချစ်မယ်နော်
အဲ့တာကြောင့် ကိုကြီး နေကောင်းအောင်နေနော် ကျန်းမာရေးဂရုစိုက် ကော်ဖီတွေအများကြီးသောက်နဲ့ မကောင်းဝူး
ဒါဆို တာတာနော် ပြန်တွေ့မယ် နှင်းဆီပန်းခင်းကြီးရှိတဲ့အချိန်
                                       ပုံ_ကိုကြီးချစ်ချစ်လေး “

ခွန်းထရစ် စာဖတ်ပြီး ဟိုးတောင်းကုန်းကိုလှမ်းကြည့်မိတယ်။

“အဲ့နှင်းဆီပန်းခင်းကြီး ပွင့်တဲ့နေ့ကျရင် မင်းကိုလက်ထပ်မယ်
မင်းကိုယ့်ကိုမေ့သွားရင်တောင် ကိုယ်သတိရအောင် လုပ်ပေးမယ် “

“တစ်နာရီ မမေ့ ကမ္ဘာတည်သရွေ့ ချစ်နေမယ်ဆိုတာ ယုံနော်
အသည်းတစ်ခြမ်းလုံး ခွဲခြမ်းပြီးသုံးမယ်ဆိုရင်လည်း မင်းအတွက်ဆို အဆင်သင့်ပါ”

………………………..
A/N
ကောင်းမွန်တဲ့ညလေးဖြစ်ပါစေနော် အဂျစ်တို့
                                          #fromwinter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 15, novel Coffee With Honey (Complete) part 15, read Coffee With Honey (Complete) part 15 online, Coffee With Honey (Complete) part 15 chapter, Coffee With Honey (Complete) part 15 high quality, Coffee With Honey (Complete) part 15 light novel, ,

Comment

Leave a Reply

Chapter 16