Coffee With Honey (Complete) part 19

All chapters are in Coffee With Honey (Complete)
A+ A-

အနက်ရောင်အခန်းကြီးထက်၀ယ်။
အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်ကို ဘန်ငေးကြည့်လိုက်ပြီး လသာဆောင်ဘက်ထွက်သွားလိုက်သည်။
မနက်‌၆နာရီဘဲ ရှိသေးတာကြောင့် မြူတွေကျနေလျက်။
နှင်းဖွာဖွာလေးဟာလည်း ဆောင်းရာသီကြောင့် ဖြစ်ပေါ်လာတာပေါ့။ဒါပေမဲ့ အပေါ်၀တ်ချွတ်ထားတဲ့ ဘန်ကတော့
မအေးသလိုဘဲပင်။

စီးကရက်ကိုတစ်ချက်ရှိုက်ပြီး ဖိုင်တစ်ခုကိုဖွင့်လိုက်သည်။
ဖိုင်ထဲမှာ အထုတ်တစ်ခုရဲ့ဒီဇိုင်းလေး။ပုံကိုကြည့်ရင်း ပြုံးလိုက်မိသည်။ဘယ်သူလက်ရာမှန်းလဲ သူသိသည်။

~~တီ တီ ~~

ရုတ်တရက်ဖုန်းလာတာကြောင့် ကိုင်လိုက်မိသည်။

“ပြော”

‘ငါ ဆောနဒီလှိုင် ‘

“အော်….ဘာလဲ”

‘ဟျောင့် ချေမနေနဲ့ ငါတို့ဒီနေ့ မင်းအိမ်လာမှာ ‘

‌”မင်းဘေဘီလေးကို လာကြွားမလို့လား အေးရတယ်နော်
ငါလည်း ငါ့ဟန်နီကိုပြန်ကြွားမှာ”

ဘန်ရဲ့ ခပ်ရွဲ့ရွဲ့ပြောသံကြောင့် တစ်ဖက်လူက ပြောစရာစကားတောင်ပျောက်သွားသည်။

‘ငါတောင် ဘာမှမပြောရသေးဘူး ငါ့ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ ရှင်ဘုန်းခတို့တောင် မပြောရသေးဘူး’

“သိလိုက်ပြီ မင်းမပြောလည်း သူတို့သိတယ် ဒီလောက်သတင်းက ပြန့်နေတဲ့ကိစ္စကို”

‘လိ့ တော်ပြီဟာ…ငါလာခဲ့မယ် ကြားလား”

“ရှူးတိုးတိုး ငါဟန်နီနိုးတော့မယ် ဒါဘဲ လာချင်လာ မလာချင်နေ I don’t care “

အိပ်ရာပေါ်က ငြိမ့်ရဲ့အသံတိုးတိုးလေးကြောင့် ဘန်ပြောလိုက်ချင်းပင်။တစ်ဖက်ကလူကတော့ ခွေးစာကျွေးခံလိုက်ရတဲ့ပုံ။

“စပ…ဟယ်လို ဟယ်လို ဟျောင့် ဟျောင့်”

ဘန် ပြောပြီးတာနဲ့ ချလိုက်တာကြောင့် တစ်ဖက်လူက
ဆဲမိလိုက်သည်။ကြည့်လိုက်တာနဲ့ သူငယ်ချင်းတွေဆိုတာ သိသာလျက်။

ဘန် ဖုန်းချပြီးသာနဲ့ အိပ်ရာပေါ်ကကောင်လေးဆီ တန်းသွားလိုက်ပြီး သူပါ၀င်လှဲကာ သူ့ရင်ခွင်ထဲ ငြိမ့်ကို ဖက်ထားလိုက်သည်။

“အိပ်အုန်း အစောကြီးရှိသေးတယ်”

သူ့ပြောလိုက်တာ နောက်ကျသွားပြီပင်။သူ့ရင်ခွင်ထဲက ကြောင်စာလေးက မျက်လုံးတွေပြူးလာသည်။

“ဟင့် ကို…ကို”

“အင်း ဟန်နီ‌ အိပ်အုန်း “

“အင်း ကိုကို…ခနကဘယ်သူဖုန်းဆက်တာလဲ”

“ကိုယ်တို့အဖွဲ့ထဲကဘဲ ကောင်မလေးတစ်ယောက် သူနာမည်က ဆောနဒီလှိုင်လေ သူ့က ထိုင်းမှာနေတာ အခုသူပြန်လာပြီ
ကြည့်ရတာ ကောင်မလေးရသွားပြီထင်တယ်”

“ဟင်….သူ့လည်း ကျွန်တော်တို့လိုဘဲလား”

“အင်း သူ့တို့လက်ထပ်ဖို့ပြန်လာတာလေ ဒီနေ့ သူကိုယ်တို့အိမ်လာလိမ့်မယ် သူ့ကောင်မလေးနဲ့”

“အော်…..အဲ့တာဆို ထလေ”

ဘန်စကားဆုံးတာနဲ့ထထိုင်တဲ့ ငြိမ့်ကြောင့် ဘန် ဘာလုပ်မလဲဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လာမိသည်။

“ဧည့်သည်လာမှာလေ ထထ”

ဘန် ရဲ့ရင်ဘတ်ကိုထုကာ နှိုးနေတဲ့ပေါက်စလေးရဲ့ ခါးကနေ
ဆွဲကာ အိပ်ရာပေါ်ပြန်လှဲချလိုက်ပြီး

“အိပ်အုန်းလို့ ကိုယ်မဆူချင်ဘူးနော်”

ဘန် မျက်လုံးကြီးမှိတ်ပြီး သူ့ကိုရင်ခွင်ထဲထည့်ကာ ပြောနေတာကြောင့် ငြိမ့် နှာရှုံ့မိကာ သူ့ကိုကျအအိပ်ပျက်အောင်လုပ်ထားပြီး သူကျတော့ အိပ်နေနိုင်သေးတယ်။

~~ဖြန်း~~

ဖြန်းဆိုတဲ့အသံနဲ့အတူ နီရဲသွားတဲ့ ပါးပြင်တစ်ဖက်။

“အာ့”

“ခများ ထမှာလား မထဘူးလား”

ဖြန်းဆီတဲ့အသံက ငြိမ့်စီကလာပြီး အာ့ဆိုတဲ့အော်သံကတော့ ဘန်ဆီကပင်။သူ့နှိုးတာမထလို့ အိပ်ချင်ပြေအောင် ချလိုက်ခြင်းပင်။ဘန် ချက်ချင်းမျက်လုံးပြူးသွားပြီး သူ့ကိုနိုင်နေတဲ့
ဟန်နီကိုကြည့်ကာ ပြန်အိပ်ချင်ယောင်ဆောင်လိုက်သည်။

“ဟာ….ခများ ပြန်အိပ်ပြန်ပြီ ထလို့ “

~~ဘုန်း ဘုန်း~~

ဘယ်လိုရိုက်ရိုက်မထတဲ့လူကြောင့် ငြိမ့်စိတ်တိုလာသည်။

“ရတယ်လေ…ခများမထရင် ကျွန်တော် ခများကို ကွာပစ်မယ် “

ငြိမ့်စကားကြောင့် ဘန် မတ်ခနဲ့ ထထိုင်လိုက်တာကြောင့်
ငြိမ့် ရီချင်လာသည်။ဘန်ရဲ့ပါးမှာလည်း နီရဲနေတဲ့လက်ဝါးတစ်ချက်အရာ။

“ကဲ ထပြီထပြီ ဟုတ်ပြီလား “

“လိမ္မာလိုက်တာ ကျွန်တော့်ယောက်ျားက”

ငြိမ့် သွားကြီးဖီးလာပြီး ဘန်ခေါင်းကို သူ့ရင်ခွင်ထဲထည့်ကာ
ကလေးချော့သလို ပြောနေမိသည်။သူ့ကိုချော့နေတဲ့ကောင်လေးကို အသည်းယားစွာ ခါးကပွေ့၍ သူ့ပေါင်ပေါ် တင်လိုက်သည်။

“နာသွားပြီ ငြိမ့်လေး”

“ပါးလား”

ဘန်စကားကြောင့် ငြိမ့် ဘန်ရဲ့ပါးကိုကိုင်ရင်း မေးလိုက်သည်။

“အင်း မွမွပေး”

ဘန် သူ့ပါးကိုပုတ်ပြရင်း အာဘွားတောင်းနေတဲ့ဘန်ကြောင့်
ငြိမ့်ပြုံးလိုက်ပြီး ခပ်ဖွဖွအနမ်းလေး ပေးလိုက်မိသည်။
တစ်ခါတစ်လေ လူဆိုးကြီးကလည်း ချွဲတတ်သားဘဲ ချစ်ရသူနဲ့ဆိုရင်ပေါ့။

“ထတော့ ဗိုက်ဆာတယ်”

“ဟုတ်ပြီ ငြိမ့် “

ဆိုကာ ငြိမ့်ကိုပေါင်ပေါ်ကမချဘဲ ရေချိုးခန်းထဲ တန်းချီသွားလိုက်သည်။မကြာပါဘူး ရေချိုးခန်းထဲကနေ အော်ညီးသံတွေထွက်လာခဲ့တယ်။ကြည့်ရတာ ‌ငြိမ့် ဗိုက်ဆာတယ်ပြောလို့ မုန့်ကျွေးလိုက်ပြီထင်တယ်။နောက်ထပ်အသံလည်းထွက်လာခဲ့တယ်။

“ကိုကို….အာ့…ဖြည်းဖြည်း”

………………………
လူသွားလူလာနည်းတဲ့လမ်းတစ်ခုရဲ့တိုက်ခန်းဟောင်းတစ်ခု။
အမဲရောင်ကျည်ကာ၀တ်ဆုံကိုဝတ်ဆင်ထားတဲ့လူနဲ့ အနက်ရောင်ကုတ်အင်းကျီကို၀တ်ဆင်ထားတဲ့ပြီး ကျောနောက်မှာလည်း ရွှေရောင်နဂါးနက်၀တ်ဆုံကို၀တ်ဆင်ထားတဲ့လူလည်းအပါအ၀င်။ထိုလူတွေမှာ သေနတ်တစ်လတ်ဆီပါလာကြသည်။

တိုက်ခန်းအဆုံးထိ၀င်လာပြီး အခန်းတစ်ခုမှာရပ်လိုက်သည်။

“တံခါးလော့ချထားတယ် ဂိုဏ်းချုပ်”

ဂိုဏ်ချုပ်ဆိုတဲ့လူက ရှင်ဘုန်းခပင်။

“တံခါးဖျက်လိုက်”

“ဟုတ်ကဲ့”

ရှင်ဘုန်းခဆီက အမိန့်သံကြားတာနဲ့ ဂိုဏ်းသားတွေက
တံခါးလက်ကိုင်ပေါ်ကို အရည်တစ်မျိုးကိုလောင်းလိုက်ကြသည်။မကြာပါ တံခါးလက်ကိုင်လည်း အရည်ပျော်ကြာကာ
ပျက်ဆီးသွားလေသည်။

ထိုမှသာ လူတွေအကုန် အခန်းထဲ၀င်ကြည့်တော့
ရှုပ်ပွနေတဲ့စောင်၊အင်းကျီတွေရယ် ဖွင့်ထားလျက် ပြတင်းပေါက်တစ်ချက်ရယ်။

“ဂိုဏ်းချုပ် လူမရှိတော့ဘူး”

အဖွဲ့သားတစ်ယောက်က သတင်းပို့မှုကြောင့် ရှင်ဘုန်းခ ပွင့်လျက်ရှိတဲ့ပြတင်းပေါက်ကိုသွားကြည့်သည်။ပြတင်းပေါက်အဖျားတွေမှာလဲ သွေးအစွန်းအစတွေနဲ့ပေါ့။

“အဖမ်းမခံနိုင်ဘူးဘဲ”

ထိုနောက် သူခြေထောက်နဲ့တက်နင်းထားတဲ့ စာရွက်ကို
သတိထားမိသွားသည်။စာရွက်ကောက်ယူပြီး ဘုန်းခ
အနည်းငယ်ပြုံးလိုက်ကာ။

“ပုသိမ်ကို သွားကြတာပေါ့”

ရှင်ဘုန်းခရဲ့ခပ်ပြုံးပြုံးက စာရွက်ပေါ်ကကားလက်မှတ်ဖြတ်ပိုင်းဆီက လာတယ်ဆိုတာ။
……………………..
စံအိမ်ရဲ့ဧည့်ခန်းတစ်ခုမှာ မျက်မှောင်ကျုံ့ပြီး နှုတ်ခမ်းဆူကာ
ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ကို မီးဖိုချောင်က
အပေါ်အ၀တ်မ၀တ်ထားတဲ့လူကြီးက ကြည့်နေကာ ပြုံးနေမိသည်။အတွေးထဲမှာတော့ သူ့ကောင်လေးက စိတ်ဆိုးနေရင်လည်း ချစ်စရာလေးဘဲ။

စိတ်ဆိုးရတဲ့အကြောင်းအရင်းက သူ့မနက်လေ့ကျင့်ခန်းလုပ်တာလွန်းသွားလို့ဖြစ်တယ်။
ဒါပေမဲ့ စချင်တဲ့စိတ်ကြောင့် သူ့ဘေးနားက တာတီးကို
အနားခေါ်ကာ ပြောလိုက်သည်။

“သွား မင်းအကိုလေးကို သွားပြော နှုတ်ခမ်းဆူတာက
ရေနွေးအိုးဆူတာဘဲကောင်းတယ်လို့”

တာတီးလည်း ဘန်ရဲ့အမိန့်ကြောင့် ငြိမ့်နားသွားပြီး ဘန်ပြောတဲ့စကားကိုပြောလိုက်သည်။ပြောပြီးတာနဲ့ ဘန်ဆီ မျက်စောင်းတစ်ချက်ကျရောက်လာသည်။ဘန် ဘာလဲဆိုတဲ့အကြည့်မျိုးနဲ့ပြန်ကြည့်လိုက်သည်။ငြိမ့်လည်းအားကျမခံ

“ဟုတ်လား မင်းသခင်ကြီးကိုပြောလိုက် ပြောင်တာက
စတီးဘဲကောင်းတယ်လို့”

ဒီတစ်ခါလည်း တာတီး ဘန်ဘက်သွားပြီး သွားပြောရှာသည်။

“တာတီး မင်းတို့အကိုလေးကိုပြန်ပြောလိုက် မျက်စောင်းထိုးတာက ခွေးမျက်စောင်းထိုးတာနဲ့တူတယ်လို့”

“ရက်စ်ဆာ”

တာတီးလည်း တစ်ဖန် သွားပြောရပါသည်။

“ငါခွေးနဲ့နှိုင်းရဲတယ် အေး မင်းတို့သခင်ကြီးကိုပြောလိုက်
ခွေးမျက်စောင်းထိုးတာကို သိတယ်ဆိုတော့ ခများလူရော ဟုတ်ရဲ့လားလို့ပြောလိုက်”

တာတီး သွားပြောပြန်သည်။

“ဟက်….မင်းတို့အကိုလေးကိုပြန်ပြောလိုက် ကောက်တာလည်းကြည့်ကောက်လို့ ဆံပင်တွေပိုကောက်သွားမှ
ခေါက်ဆွဲခြောက်ကို ယောင်္ကျားတော်နေရမယ်လို့”

ဘန် ငြိမ့်ရဲ့စကားကြောင့်တစ်ချက်ရီပြီး သူပိုစချင်လာသည်။
တာတီးကလည်းတစ်ဖန် သွားပြောပေးရသည်။

“ရတယ် တော်မယ်လို့ ခများမဟုတ်ရင် ပြီးရော”

ဒီတစ်ခါတော့ ငြိမ့်အကျယ်ကြီးအော်ပြောလိုက်ခြင်းပင်။
ဘန် မျက်မှောင်ကျုံ့ကာချက်ချင်းထလာပြီး ငြိမ့်ဆီတန်းလာသည်။တာတီးလည်း လျှာထုတ်ကာ အမောဖြေနေရသည်။
ဒါမဲ့လည်း အလိုအသိနဲ့သူ့ဖယ်ပေးရသည်။

သူ့ဆီတန်းလာနေတဲ့ဘန်ကို ငြိမ့် ပြန်ရန်တွေ့လာသည်။

“ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲလို့”

“ဖြစ်ချင်တယ်”

ဘန်ရဲ့အသံကြီးကြောင့် ငြိမ့်လန့်သွားပေမဲ့ ဟန်မပျက်ပါ။

“ဘာဖြစ်ချင်တာလဲလို့”

“ချစ်ချင်တာ”

“အွန့်…”

~~ပြွတ်စ်~~

ဘန် စကားဆုံးတာနဲ့ငြိမ့်ဆီခုန်အုပ်ကာ အနမ်းမုန်တိုင်းစတင်လေသည်။ငြိမ့်တစ်ယောက် မုန်တိုင်းကရုန်းလို့မရပေ။သူ့လက်တွေကိုချုပ်ထားပြီး ထပ်နမ်းလာသည်။
ဘန်လျှာက ငြိမ့်ခံတွင်းတစ်ခုလုံးကိုပွတ်သပ်နေပြီး
လျှာသိုင်းကျင့်နေသည်။အသက်ရှူလို့မရတော့မှ ငြိမ့် ဘန်ပခုံးကိုပုတ်ပြီး အချက်ပေးလာသည်။ထိုမှသာ ဘန်ပြန်ခွာလိုက်ပြီး

“ဟွတ် ဟွတ်..”

“စိတ်ဆိုးသေးလား ကိုယ်ကို”

‌ပြုံးပြုံးကြီးနဲ့သူ့ကိုလာမေးတဲ့ဘန်ကြောင့် ပိုတောင်စိတ်တိုလာပင်။သူ့ကိုနမ်းတာက လာချော့တာပေါ့။

“ဆိုးတယ် ဆိုးတယ် အာ့”

ငြိမ့်စကားမဆုံးလိုက် ဘန်ဒူးအောက်ကနေ ပွေ့ချီလိုက်ပြီး
ရေကန်ဘက်ကိုဉီးတည်သွားလိုက်သည်။
ရေကန်ရှေ့ရောက်တော့

“စိတ်ဆိုးသေးလား”

“ဆိုးတယ်”

ဆိုးတယ်တာပြောနေပေမဲ့ ငြိမ့်လက်တွေကဘန်ပခုံးပေါ်ဖက်ထားလျက်။

“ရတယ်လေ ရေထဲပစ်ချလိုက်မယ်”

“အား…လုပ်နဲ့ မလုပ်နဲ့”

ဘန် ပစ်ချသလိုဟန်လုပ်ပစ်ကာ ငြိမ့်လန့်သွားပြီး
ဘန်လည်တိုင်ကိုပိုဖက်တွယ်လာသည်။

“ကျွန်တော်ရေမချိုးချင်တော့ဘူးလို့”

“ပြန်ချိုးလိုက်ပေါ့”

“ချိုးဘူး ရေကုန်တယ်”

ဘန် ငြိမ့်စကားကြောင့် ရီမိသွားသည်။ပိုက်ဆံကုန်ရင်တော့
သူမပြော။ရေကုန်ဖို့ကျတော့ပြောသည်။ဘန် အသည်းယားလာပြီး ရေကူးကန်ဘက်က အနားယူခန်းမှာချပြီး။

“ကိုယ်ငြိမ့်က ချစ်ချင်စရာလေး”

ငြိမ့်ကိုခုံပေါ်တင်ပြီးတာနဲ့ ဘန် ငြိမ့်ကိုရင်ခွင်ထဲထည့်ကာ
ချီးမွန်းစကားပြောနေသည်။

“ဟွန့်…..”

ငြိမ့် စိတ်မဆိုးနိုင်တော့ပါ။ဘန်ကိုပြန်ဖက်လိုက်သည်။

“ကျွန်တော်စိတ်ဆိုးရင် ခများကြောက်လား”

“ကြောက်တယ် ကိုယ့်အမျိုးသား ရွှေစိတ်တော်ညှိုးမှာ
ကိုယ့်ဘ၀မှာအကြောက်ဆုံးဘဲ “

“အယ့်လယ် တော်ဂီတွေ ဒါဆို ကျွန်တော်ကိုဘယ်လောက်ထိချစ်နေမှာလဲ”

ငြိမ့် ဘန်ရင်ခွင်ထဲ တိုး၀င်ပြီး ပြောလိုက်သည်။ဘန်ငြိမ့်ခေါင်းကိုခပ်ဖွဖွပုတ်ပေးပြီး

“ကိုယ်ပြောရဲတယ် ဆံဖြူ သွားကျိုး နားလေတိုးလို့
ဘဘိုးရွယ်ရောက် တောင်ဝှေးတွေထောက်ရလည်း မင်းကိုချစ်နေဆဲပါ အချစ်ရယ် သက်ဆုံးတိုင်ထိ”

“အိုး….ဒါလင်ရယ် ကျွန်တော်ကတော့ နှင်းဆီပန်းတွေကို
ပျိုးထောင်တဲ့ ဉယျာဉ်မှူးရှိနေသရွှေ့ နှင်းဆီပန်းတွေကို မြတ်မြတ်နိုးနိုးချစ်သလို ဉယျာဉ်မှူးကို ထာ၀ရအချစ်နဲ့ချစ်နေမှာပါ”

“အင်း ကိုယ်ယုံတယ်”

ဆိုကာ ရင်ခွင်ထဲကငြိမ့် ထွေးဖက်ပေးထားတဲ့ ဘန်။
ရေကူးကန်က ဇနီးမောင်နှံဟာ ချစ်စကားတွေဆိုပြီး
ကာရန်ညီနေတဲ့အချစ်တွေကြောင့် ထာ၀ရချစ်နေမယ်ဆိုတာ
ယုံကြည်လို့ရပါတယ်။

……………………..
A/N

ကဲ ‌နည်းနည်းနောက်ကျသွားရင် တောင်းပန်ပါတယ်နော်
ဒီရက်ပိုင်း စာတွေနဲ့ပိနေလို့ပါ။
အများကြီးရေးပေးထားပြီး ပျားရည်တွေလည်း ထည့်ပေးထားတယ်နော် အဂျစ်လေးတို့”

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 19, novel Coffee With Honey (Complete) part 19, read Coffee With Honey (Complete) part 19 online, Coffee With Honey (Complete) part 19 chapter, Coffee With Honey (Complete) part 19 high quality, Coffee With Honey (Complete) part 19 light novel, ,

Comment

Leave a Reply

Chapter 20