Coffee With Honey (Complete) part 22

All chapters are in Coffee With Honey (Complete)
A+ A-

Boxကိုပိတ်ပြီးတာနဲ့ အသိစိတ်မဲ့သလို ဖြစ်နေတဲ့ ငြိမ့်ကိုပွေ့ချီကာ အပေါ်ထပ်ကိုတက်လာသည်။အခန်းဆီသို့ ခပ်မြန်မြန်တက်လာပြီး ကုတင်ပေါ်မှာ ချပေးလိုက်သည်။
ငြိမ်သက်နေတဲ့ ငြိမ့်ရဲ့ရှေ့မှာ ဒူးထောက်ရင်း

“ငြိမ့် ငြိမ့် ငြိမ့် ကိုယ်ရှိတယ်နော် ဘာမှမဖြစ်ဘူး”

ဘန် ပြောနေပေမဲ့ ငြိမ့်က သူ့ကိုကြောင်အစွာ ကြည့်နေသည်။
ဘာစကားမှလည်းပြန်မပြော မျက်တောင်မခက်ဘဲ ကြည့်နေတာကြောင့် ဘန်စိုးရိမ်မှာမြင့်တက်လာသည်။ဘန် တွေးနေတာက ကြောက်သွားတာလား ဒါမှမဟုတ် သူ့မရှိခင် ဘာတွေဖြစ်သွားတာလဲ။

အဲ့တာတွေ တွေးမနေဘဲ ဘေးနားက တစ်ရှူးယူလိုက်ကာ
ငြိမ့်မျက်နှာမှာ ပေနေတဲ့သွေးတွေကိုသုတ်ပေးလိုက်သည်။
ဒဏ်ရာမဟုတ်လို့ စိုးရိမ်စိတ်လျော့သွားပေမဲ့ လက်မှာပေနေတဲ့ သွေးတွေကို တွေ့လိုက်ရသည်။ဘန် ထင်လိုက်တာ
ကောင်းစေသူ ရဲ့သွေးလို့ထင်ပေမဲ့ လက်မှာ စိုက်နေတဲ့ဖန်ကွဲစတွေကြောင့် ဘန် တုန်လှုပ်သွားသည်။

“ငြိမ့် ခနနော် ကိုယ်ဆေးထည့်ပေးမယ်”

ဘန် အမြန်ထကာ အောက်ထပ်ပြန်ဆင်းပြေးသည်။ဆေးအိတ်ကို အမြန်ယူကာ အပေါ်ပြန်တက်လာသည်။
အခန်းထဲပြန်ရောက်တော့ ငြိမ့် လက်မှာစိုက်နေတဲ့ ဖန်ခွက်စကို ထုတ်လိုက်ပေမဲ့ နာကျင်ယောင်မပေါ်တဲ့ငြိမ့်က ဘန်မျက်နှာကိုဘဲ စိုက်ကြည့်နေခဲ့တယ်။ဘန် ကိုစိုက်ကြည့်နေပြီး
ငြိမ့်ပါးပြင်ထက်က ကျလာတဲ့မျက်ရည်တွေက နာလို့ဆိုတာ ဘန်သိလိုက်သည်။ညင်သာစွာ သုတ်ပေးလိုက်ပြီး ဆေးထည့်တာကို လက်စသတ်လိုက်သည်။ဆေးအိတ်ကိုသေချာပြန်သိမ်းလိုက်ပြီး ငြိမ့်ကိုပြန်ကြည့်ကာ

“ဟူး…လာ အချစ် ခနလောက်အိပ်လိုက်နော် နိုးလာရင်
အဆင်ပြေသွားလိမ့်မယ်”

ငြိမ့် ကိုယ်လေးကိုညင်သာစွာ လဲချလိုက်ပြီး သူ့ပါ၀င်အိပ်လိုက်သည်။ငြိမ့် ရင်ခွင်ထဲထည့်ပြီး ချော့သိပ်ဖို့လုပ်လိုက်ပေမဲ့

“မအိပ်ဘူး မအိပ်ဘူး “

အတင်းရုန်းကန်နေတဲ့ ငြိမ့်ကြောင့် ဘန် တင်းကျပ်စွာ ဖက်ထားပေမဲ့ ဘန်ရင်ဘတ်ကို ထုရိုက်နေတာလည်း ဘန်သည်းခံလို့မရ။ဘာလို့ဆို ငြိမ့်လက်က ဒဏ်ရာက အစိမ်းသက်သက်ဘဲရှိသေးသည်။ဘယ်လိုမှမရတဲ့အဆုံး ဆံပင်ကောက်ကောက်လေးတွေကို ဖွလိုက်ကာ

“ကိုယ် သီချင်းဆိုပြမယ် အိပ်နော် ငြိမ့်

ကြယ်ရောင်စုံတောင်ပ လမင်းကြီးကသာ

ငှက်ကလေးများလည်း ‌အိပ်ပျော်‌နေပါပြီ

ကန်ရေပြင်ကြီးလဲ ငြ်ိမ်သက်တိတ်ဆိတ်စွာ

မျက်လုံးမှိတ်ပြီး အိပ်ပါ ညီလေးရာ

အေးမြတဲ့ လရောင်ကြယ်ရောင်များ အောက်မှာ

လှပတဲ့တေးကဗျာတွေ သီဆိုရင်းချော့သိပ်မှာ

လောကရဲ့ဥယျာဉ် မာယာများကြားမှာ

သောကများ ဘေးဖယ်ကာ

ငြိမ်သက် အိပ်လိုက်ပါ

အိုအေး အိုအေး အေး အို အေး “

တစ်ပုဒ်တောင် မပြီးသေးဘဲ ငြိမ်သက်စွာ ‌အိပ်ပျော်သွားတဲ့ ငြိမ့်ကြောင့် ဘန် ပြုံးမိသည်။တစ်ဘ၀လုံးမှာ တစ်စုံတစ်ယောက် အိပ်စက်ဖို့အတွက် သီချင်းဆိုပေးတာ
ဘန်ဘ၀မှာ ပထမဆုံးဘဲ။ဒီကောင်လေးကို ချစ်တာထက် ပိုနေပြီ။

ပါးဖောင်းဖောင်းလေးပေါ် အနမ်းတွေပေးလိုက်ကာ
ဘန် ဖြည်းဖြည်း ထလာခဲ့သည်။သူ့ဖုန်းကိုထုတ်လိုက်ပြီး
ရှင်ဘုန်းခ ရယ် မင်းခန့်ရှိုန် ရယ် ပြန်သွားတဲ့ ဆောနဒီလှိုင်တို့ကို ပြန်ခေါ်လိုက်သည်။ဘန် သူ့ဂိုဏ်သားတွေကို လည်း ဖုန်းဆက်ကာ အားလုံးကို သူ့အိမ်ကိုလာစေသည်။

ခနကြာတော့ ရှင်ဘုန်းခတို့ အိမ်ကိုရောက်လာခဲ့သည်။
၀င်၀င်ချင်း ရှုပ်ပွနေတဲ့ ဧည့်ခန်းကြောင့် ဘုန်းခတို့ပါ လန့်သွားသည်။တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဧည့်ခန်းက ခြောက်လန့်နေသလိုပါဘဲ။သူ့တို့လည်း ထိုနည်းတူ boxကို ဖွင့်ကြည့်ဖို့ မင်းခန့်ရှိုန် သူ့လူတွေကို အချက်ပြလိုက်သည်။

Boxထဲမှာ ရှိနေတဲ့ အရာတွေကြောင့် သူ့တို့သုံးယောက်တင်မက အဖွဲ့သားတွေပါ လန့်ကုန်ကြသည်။ဒါမဲ့လည်း အဲ့လိုဟာတွေက မြင်နေတွေ့နေရတာကြောင့် မကြည့်တော့ဘဲ အပေါ်ကိုပြေးတက်လာကြသည်။

အပေါ်ထပ်ဧည့်ခန်းမှာ computer တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ဘန်ကိုတွေ့လိုက်ရသည်။

“ဘန် နင်ဘာဖြစ်သွားသေးလဲ”

ဆောနဒီလှိုင်ရဲ့အသံကြောင့် ဘန် လည်းမော့ကြည့်လိုက်ကာ

“ဘာမှမဖြစ်ဘူး လာထိုင်ကြ”

သုံးယောက်လုံး ဆိုဖာပေါ်မှာ နေရာယူလိုက်ပြီး

“အောက်ကဟာတွေက ဘာဖြစ်တာလဲ အလောင်းတွေရောဘဲ”

မင်းခန့်ရှိုန် မေးမိသည်။

“ငါလည်း မသိဘူး အဲ့တာကြောင့် cctvပြန်ကြည့်နေတာ”

ဘန် လည်း computer ကို သူ့တို့ရှေ့မှာ ပြလိုက်ကာ
အားလုံး၀ိုင်းကြည့်ကြသည်။

“အခု ၄နာရီ ဆောနဒီလှိုင် မင်းတို့ဘယ်ချိန်ပြန်သွားတာလဲ”

“အမ်…..၂နာရီခွဲလောက်က”

“အေး မင်းခန့် ငါတို့ ၂နာရီခွဲကနေ ၄နာရီထိ CCTV မှတ်တမ်းပြန်ပြ”

မင်းခန့်လည်း ခေါင်းညိမ့်လိုက်ပြီး စတင်လုပ်ဆောင်လေသည်။နည်းပညာနဲ့ပတ်သတ်ရင် မင်းခန့်က သူ့တို့ထဲမှာ အတော်ဆုံးပေါ့။

“ဘန် ဒါနက် အခုသေသွားတဲ့ အလောင်းက ဘယ်သူလဲ”

“ကောင်းစေသူ ငါတို့အိမ်က အိမ်အကူ ဒီနေ့ ပိတ်ရက်ရောက်တိုင်း သူ့တို့က အိမ်ပြန်သွားတယ်လေ”

“ဟုတ်လား နင် ဒီboxကို ဘယ်ကဘယ်လိုစတွေ့လဲဆိုတာ ရှင်းပြ”

ဆောနဒီလှိုင်ရဲ့မေးခွန်းကြောင့် ဘန် အစဆုံးပြောပြလိုက်သည်။ဘန် ပြောပြတဲ့ အစအဆုံးကိုနားထောင်ပြီး ဘုန်းခက
တစ်ခုသတိထားမိကာ

“မင်း အမျိုးသား အခု ဘာဖြစ်သွားသေးလဲ”

“အဲ့တာပြောမလို့ ငါ့လူက တစ်ခုခုကို ကြောက်နေသလို အသိစိတ်လွတ်နေသလိုဘဲ ဘာဖြစ်တာလဲ”

“ငါကစိတ်ပညာရှင်တော့ မဟုတ်ဘူး ဒါမဲ့ ရိပ်မိတာက
အရင်တုန်းက စိတ်ဒဏ်ရာတွေ ရဖူးလို့လား ဒါမဟုတ် သွေးကြောက်တာလည်း ဖြစ်နိုင်တယ်”

“အေး…..”

ဘန် ဖြေလိုက်ပေမဲ့ သူ့စိတ်ထဲမှာ စိုးရိမ်မှုတွေက များလာသည်။‌တစ်ဖန် ဒေါသလည်း ထွက်လာသည်။သူ့ပိုးမွေးသလို မွေးထားတဲ့ လူကိုမှ လာထိတော့ ငရဲက ဘာလည်းဆိုတာ မြင်ရမယ် ထင်ပါရဲ့။

“ရပြီ”

မင်းခန့်ရဲ့ အသံကြောင့် အားလုံး ၀င်ကြည့်လာကြသည်။
Cctvထဲမှာတော့

၂နာရီ၃၀မိနစ် ‌ဆောနဒီလှိုင်တို့ အိမ်ပြန်သွားတယ် အဲ့တော့ ဘန်အိမ်ပေါ် တက်လာတာကို တွေ့လိုက်ရသည်။

ထိုနောက် cctvတစ်ခုလုံး မှောင်ကြသွားသည်။ဘာမှမမြင်ရတော့တာကြောင့် ကြည့်နေတဲ့လူတွေလည်း စိတ်လှုပ်ရှားသွားကြသည်။မင်းခန့်လည်း တခြား cctvကိုကြည့်တော့

လှေကားထစ် cctvလည်းအကောင်း
ဘန်တို့အခန်းရှေ့က cctvလည်း အကောင်း
‌ဧည့်ခန်း ကလွဲရင် ကျန်တဲ့ cctvတွေအကုန် ၂နာရီ ၃၀မိနစ်နောက်ပိုင်းမှာ အကောင်း။

အိမ်ရှေ့တံခါး cctvမှာတော့
အမဲရောင်၀တ်ဆုံကိုအပြည့်၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက် ၀င်လာတာကို တွေ့လိုက်ရသည်။လက်ထဲမှာလည်း
Boxတစ်ခုကို ကိုင်ထားတယ်။အဲ့boxကိုတွေ့တော့ ဘာလည်းဆိုတာသိသွားကြသည်။ထိုလူ အိမ်ထဲ၀င်သွားပြီးတာနဲ့
Cctvမြင်ကွင်းထဲမှာ ထိုလူပျောက်ကွယ်သွားသည်။

ထိုလူ ဧည့်ခန်းကိုသွားတာသေချာတာကြောင့်
ဧည့်ခန်းနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ထမင်းခန်းထဲက cctvမှာတော့
ထိုလူလို့ထင်ရတဲ့ အရိပ်ကိုတွေ့လိုက်ရသည်။

၃နာရီလောက်ရောက်တော့ သူ့တို့ကြည့်နေတဲ့ ဧည့်ခန်း cctvပြန်ရလာသည်။ဒါမဲ့တွေ့လိုက်ရတာက ထိုလူမရှိတော့။
Box တစ်လုံးရယ် စာတစ်စောင်ရယ် ရှုပ်ပွနေတဲ့ ဧည့်ခန်းကြီးရယ် ဖန်ကွဲစတွေ နေရာတိုင်းမှာ အပြည့် စာအုပ်တွေလည်း ရှုပ်ပွလို့နေတာကို တွေ့လိုက်ရသည်။

၃နာရီကျော်ကျော်လောက်မှာ လှေကားက ဆင်းလာတဲ့ ငြိမ့်ကိုတွေ့လိုက်ရသည်။ငြိမ့် ဉီးတည်ရာ ဧည့်ခန်းမှာ ရှုပ်ပွနေတာကို တွေ့လိုက်ရသည်။ထိုနောက် ထပ်မံ တွေ့လိုက်ရတဲ့ box ကြောင့် သွားဖွင့်ကြည့်လိုက်တဲ့ပုံ။ငြိမ့်လည်း boxထဲက ဟာတွေကိုတွေ့လိုက်တော့ လန့်သွားကာ ကြမ်းပြင်ပေါ် လဲကျမသွားသည်။လဲကျမိတဲ့အချိန်မှာ ဖန်ကွဲစတွေပေါ် လက်ထောက်မိသွားတာကို သတိထားမိသွားသည်။
ကြောက်လန့်ကာ ထိုနေရာက မထနိုင်ဖြစ်သွားသည်ကို
တွေ့လိုက်ရသည်။

ပြဿနာက ကြောက်လန့်တာကလေ စပြီး
အသိစိတ်လွတ်သွားတာကို ကြည့်နေတဲ့လူတွေအကုန်တွေ့လိုက်ရသည်။ထိုနောက် ပန်းအိုးထဲက ပြုတ်ကျနေတဲ့ နှင်းဆီပန်းကို မျက်နှာတည်တည်နဲ့ ခြွေနေတာကိုတွေ့လိုက်ရသည်။
ပါးပြင်ပေါ်က ကျလာတဲ့ မျက်ရည်တွေကို ဖန်ကွဲစစူးထားတဲ့
လက်နဲ့ပွတ်သပ်သည်။မနာကျင်သလိုဖြစ်နေတဲ့ကောင်လေးကြောင့် ဘန် စိုးရိမ်စိတ်များလာသည်။အဲ့လောက်ထိ ကြောက်သွားမယ် လို့ မထင်သား။

အဖြစ်ပျက် တွေကို ကြည့်ပြီးနောက်

“ပြဿနာက တစ်ခုမပြီးသေးဘူး တစ်ခုထပ်လာပြန်ပြီ”

ရှင်ဘုန်းခ ဆိုဖာပေါ်မှီရင်း စီးကရက် ထုတ်ကာ စိတ်ဓာတ်ကျတဲ့အသံနဲ့ ပြောလာသည်။

“နေမင်းဟန်က ပြဿနာမှ မဟုတ်တာ သူ့ကိုလူလွှတ်သတ်ရင်တောင်ရတယ် ပြီးတော့ အခုကိစ္စက နေမင်းဟန်တို့လည်း မလုပ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ဘန်က သူ့လုပ်ငန်းတွေကို ဒေဝါလီခံအောင်လုပ်ထားတယ်လေ”

ဆောဒီလှိုင်လည်း ဘုန်းခရဲ့စကားကို ထောက်ပြကာ
သူပါ စီးကရက်ထုတ်ကာ ပြောလာသည်။

“အဲ့တာဆို အခုကိစ္စက ဘယ်သူလုပ်တာလဲ”

ဘုန်းခလည်း နဒီရဲ့စကားကိုပြန်ထောက်ကာ

“မသိဘူးလေ သိမှ‌တော့ အဲ့လူကို ချက်ချင်းသွားသတ်ပြီပေါ့”

နဒီလည်း ဘုန်းခရဲ့စကားပြန်ထောက်ကာ စကားများနေတုန်း
ဘန် ကိစ္စတစ်ခုကိုသတိရကာ

“ဒီမှာ စာ အဲ့boxဘေးမှာတွေ့တာ”

ဘန် ပြလိုက်တဲ့စာကို ဘုန်းခ ယူဖတ်လိုက်ကာ ရေးထားတဲ့စာက

“နောက်ထပ်ကျည်ဆံက တစ်စုံတစ်ယောက်ဆီဘဲ ပုံ ကျည်ဆံ ဘာရီးလဲဟ”

“ကျည်ဆံ ဆိုတာ ဘယ်သူလဲ”

ဘုန်းခဖတ်ပြတာကို နားထောင်ပြီး မင်းခန့် မေးခွန်းထုတ်မိသည်။

“ဘယ်သိမလဲ လိုက်ရှာရမှပေါ့ ရေမြေအဆုံးထိ”

ဘန် အဲ့လိုပြောလိုက်ပေမဲ့ ဘယ်သူလဲဆိုတာ ရိပ်မိသလိုပါဘဲ။မင်းခန့်လည်း စာကိုသေချာဖတ်ရင်း တစ်ခုခုကိုသတိရကာ

“ဘန် ဒါနက် မင်းမှာ အိမ်အကူ တစ်ယောက်ထဲ ရှိတာလား”

မင်းခန့်ပြောမှ ဘန်စဉ်စားမိသွားသည်။ကောင်းစေသူနဲ့တာတီးရှိတာ။ကောင်းစေသူကဆုံးပြီဆိုတော့ တာတီးကဘယ်မှာလဲ။

“မဟုတ်ဘူး တာတီးဆိုတဲ့နောက်တစ်ယောက်ရှိသေးတယ်”

ဘန်ရဲ့ စကားကြောင့် စကားများနေတဲ့နှစ်ယောက်လည်း ငြိမ်သက်သွားပြီး

“ဘန် စာအရ နောက်ထပ်ကျည်ဆံက တာတီးဆိုတဲ့လူ မဖြစ်နိုင်ဘူးလား”

နဒီ တစ်ခုခုကို ထိတ်လန့်သလိုအမူအရာနဲ့ပြောလိုက်တာကြောင့်
အားလုံးလည်း သတိထားမိပြီး ဘန်လည်း တစ်ခုခုကိုဆုံးဖြတ်ကာ

“တာတီးပါ ချောင်းသာ ခေါ်သွားလိုက်မယ် နောက်ထပ်ကျည်ဆံသာ တာတီးဖြစ်မယ်ဆိုရင် ကျည်ဆံဆိုတဲ့ကောင်လည်း ချောင်းသာကိုလိုက်လာမှာဘဲ”

ဘန်စကားကို မင်းခန့်သဘောပေါက်လိုက်ပြီး

“အေး ငါပုသိမ် ခရီးသွားစာရင်းကို ငါ့စုံစမ်းထားမယ် အဲ့တော့ ဘယ်နေ့သွားမှာလဲ”

“ဒီည…..”

ဘန်ရဲ့ပြန်ဖြေတဲ့စကားကြောင့်

“ဟမ် တကယ်”

“ဟုတ်တယ် အဲ့တော့ ဒီညထွက်မယ် ဒီမှာနေရင် ငါ့ရဲ့ငြိမ့် ကြောက်နေအုန်းမှာ”

မင်းခန့်ရဲ့စကားကိုပြန်တုံ့ပြန်လိုက်ပြီး စီးကရက်ထုတ်လိုက်သည်။

“အိုးဟိုး အချစ်က လူကိုပြောင်းလဲစေတာဘဲ”

မင်းခန့်ရဲ့စကားကြောင့် ဘုန်းခ ဟက်ခနဲ့ရီလိုက်ပြီး

“ဟား မင်းလည်း အချစ်နဲ့တွေ့နေတာ မဟုတ်ဘူးလား”

“အားယား မတွေ့ပါဘူး”

မင်းခန့် ငြင်းလိုက်တာကြောင့် နဒီပါ ၀င်ပြောလာသည်။

“နင်ဘဲ စော်ရနေပြီဆို”

“အော် ငါ့ကလေ ညဘက်မှာစော်ရှိတယ် နေ့ဘက်မှာစော်မရှိဘူး နားလည်လား”

မင်းခန့်ရဲ့စကားကို နားလည်တဲ့နဒီတို့ကတော့ ခေါင်းခါလိုက်တော့သည်။မင်းခန့်က ပြောရရင် ၂၄နာရီမှာ ၂၀နာရီက bar မှာ အချိန်ဖြုန်းနေတာ ၄နာရီလောက်ဘဲ လုပ်စရာရှိတာလုပ်တယ် ဆိုတာ သူ့တို့သိသည်။

“ဘုန်းခ ညကျရင် ငါ့တို့ကိုပတ်ခေါ်လိုက် ငါ့လေယာဉ်ပျံနဲ့သွားမယ် အသင့်ပြင်သား ဂိုဏ်သားတွေကိုလည်း mission ရှိတယ် ပြောလိုက် “

“အေးပါ”

“မင်းခန့် မင်းက ဒီကောင်းစေသူအလောင်းကို ကြည့်လုပ်လိုက် ပြီးတော့ ငါ့လိပ်စာပို့လိုက်မယ် တာတီးကို၀င်ခေါ်လာခဲ့”

“အေး”

“နဒီ မင်းလည်း မင်းချစ်သူခေါ်လာမှာမလား အဲ့တော့ ပုသိမ်ခရီးသွားစာရင်းကောက်ပေး”

“အိုခေ”

ဘန် အားလုံးကို တာ၀န်ပေးပြီး ပြန်လွှတ်လိုက်ကြသည်။
ထိုနောက် ဘန်အခန်းထဲ၀င်လာပြီး အိပ်ရာပေါ်ကကောင်လေးနားမှာ ထိုင်လိုက်ကာ အိပ်ရာဘေးက အံ့ဆွဲထဲက ဆေးထိုးအပ်တစ်ခုကိုယူလိုက်သည်။ထိုနောက် ဆေးတစ်မျိုး ထည့်ကာ ငြိမ့် လက်ကို‌ ဆေးထိုးပေးလိုက်သည်။

“အင့်…”

“ကျွတ် ကျွတ် ခနအိပ်အုန်းနော် ကိုယ်မင်းကို ကိုယ့်အသက်နဲ့ရင်းပြီး ကာကွယ်ပေးမှာမို့ ကိုယ်ကို ယုံကြည်ပေးပါ အချစ်ရယ်”

ငြိမ့် မျက်နှာလေးကို အသာပွတ်သပ်ရင်း ပြောလိုက်တဲ့စကားကို အိပ်နေသူ ကြားမယ်လို့ ထင်ပါရဲ့။

……………………………
……………………………

A/N

ချစ်ခြင်းများစွာဖြင့်

#fromwinter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 22, novel Coffee With Honey (Complete) part 22, read Coffee With Honey (Complete) part 22 online, Coffee With Honey (Complete) part 22 chapter, Coffee With Honey (Complete) part 22 high quality, Coffee With Honey (Complete) part 22 light novel, ,

Comment

Leave a Reply

Chapter 23