Coffee With Honey (Complete) part 24

All chapters are in Coffee With Honey (Complete)
A+ A-

အချိန်ခနကြာသွားတော့ စိတ်လျော့လိုက်ကြပြီး နဒီ ကိစ္စတစ်ခုကို သတိရကာ မေးလိုက်သည်။

“ငါ နေမင်းဟန်ရဲ့တည်နေရာရထားတယ် အဲ့တော့ သွားမှာလား မသွားဘူးလား”

“အေး အဲ့ကိစ္စကိုမင်းတို့ကြည့်လုပ်လိုက်”

ဘန် ပြောပြီးတာနဲ့ ထိုနေရာကနေ ချက်ချင်းထွက်လာခဲ့သည်။ဘန်အမိန့်ကျလာပြီးတာနဲ့ ဘုန်းခနဲ့မင်းခန့် လူချက်ချင်းစုကာ
နဒီပြော‌တဲ့ နေရာကိုချက်ချင်းသွားဖို့ ဖြစ်လာသည်။
ကျန်ခဲ့တဲ့ နဒီက စုပြည့်ဉီးဆီ သွားလိုက်ပြီး

“လာ ဘေဘီ ကိုယ်တို့ပင်လယ်ကြီးကိုသွားကြည့်ရအောင်”

နဒီ စကားကိုကြားတော့ စုပြည့်ဉီးအသံတိုးညှင်းစွာဖြင့်

“ဟင့်အင်း ငါမှမမြင်ရတာ”

“ဘာမှမဖြစ်ဘူး ကိုယ်ပြောပြပေးမယ်”

ဆိုကာ နဒီ စုပြည့်ဉီးကိုလက်ဆွဲကာ ထွက်လာခဲ့သည်။
သူ့တို့ဘေးက အခြေအနေတွေကိုအကုန်ကြားလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေတဲ့ တာတီးကိုပါ ခေါ်လာခဲ့သည်။

ပင်လယ်ကြီးရဲ့အရှေ့ကို‌ ရောက်သည်နှင့် လေတွေ တရွေ့ရွေ့နဲ့တိုက်ခက်လာကာ လှိုင်းပုတ်ခက်သံတွေနဲ့အသံဟာ ဆူညံနေခဲ့သည်။တာတီးကို နားလို့ရတဲ့နေရာ ထားခဲ့ပြီး နဒီ စုပြည့်ဉီးကို လက်ဆွဲလာသည်။

စုပြည့်ဉီး ခံစားမိသည်။သဲတွေ အထိအတွေ့ လှိုင်းခက်သံတွေ
လေပြည်လေးတွေ ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ အချစ်တွေရောပေါ့။နဒီ ကမ်းစပ်နေရာကိုခေါ်သွားလိုက်ပြီး

“‌စု ဒီအထိအတွေ့ကို ခံစားမိလား “

စုပြည့်ဉီးရဲ့ ခြေထောက်အား ရေရှိတဲ့နေရာ၌ ချပေးလိုက်ပြီး
အေးစက်တဲ့အထိအတွေ့ကို ခံစားရစေသည်။‌
ပင်လယ်ရေရဲ့အထိအတွေ့က စုပြည့်ဉီးရဲ့မျက်နှာပေါ်မှာ အပြုံးတွေကို ဖန်တီးပေးလိုက်သည်။

“အင်း အေးတယ်”

“ဟုတ်တာပေါ့ ချစ်ရဲ့ ဆောင်းရာသီ ၀င်လာပြီမို့လို့လေ”

နဒီ ရဲ့စကားကိုကြားပြီး စုပြည့်ဉီး ‌မမြင်ရပေမဲ့ ခံစားလို့ရတာဘဲ။စုပြည့်ဉီး ပိုပြီးပြုံးလာနိုင်ရန် နဒီ ရေပတ်လိုက်သည်။
ခန္ဓာကိုယ်ပေါ်ရောက်လာတဲ့ ရေစက်လေးတွေကြောင့်
လန့်သွားပေမဲ့ ကျေကျေနပ်နပ်ပြုံးလိုက်ပြီး

“ငါ့ကို ရေပတ်တယ်ပေါ့ ဟုတ်လား”

“အင်း”

စုပြည့်ဉီး နဒီလက်ကိုကိုင်ကာ ထိုင်ချလိုက်ပြီး နဒီပါ ထိုင်ချလိုက်သည်။ပင်လယ်ရေရဲ့အထိအတွေ့ကို ခံစားမိတာနဲ့
နဒီ အားရေပတ်လိုက်သည်။

“ချစ်က ကလဲ့စားချေတာလား”

“အင်း”

သူ့တပြန် ကိုယ်အတူ ရေပတ်ရင်း ပင်လယ်ကြီးရဲ့အထိအတွေ့ကို ခံစားစေခဲ့သည်။နဒီ မျက်၀န်းထဲမှာ ပင်လယ်ကြီးက လှတာမှန်ပေမဲ့ စုပြည့်ရဲ့အပြုံးက ပိုလှတယ်ဆိုတာ လက်ခံလာသလိုဘဲ။မျက်နှာပေါ်မှာ အပြုံးတွေက လှပစွာ ရှိနေခဲ့သည်။
စုပြည့်ရဲ့ အပြုံးတွေက အရာအားလုံးကိုမေ့အောင် လုပ်နိုင်တယ်။သူ့ရှေ့က ပြုံးနေတဲ့ကောင်မလေးကိုကြည့်ရင်း
တိုးဖွစွာ ပြောမိသည်။

“အဲ့လိုလေးဘဲ ပြုံးပေးပါ ‌နောက်ဆုံးချိန်ထိ”

………………………
………………………
တစ်ဖက်မှာလည်း ပင်လယ်ကြီးရဲ့အထိအတွေ့ကိုခံစားနေတဲ့
စုံတွဲတစ်တွဲ ရှိနေသည်။ရေထဲမှာ ပျော်မြူးစွာ ဆော့နေတဲ့
ကောင်လေးကိုကြည့်ပြီး သူပြုံးမိပါတယ်။တစ်ချိန် ဒီအမှတ်တရတွေရော ရှိနေပ့မလား။

“ကိုကို…….လာ…..သဲအိမ်ဆောက်မယ်”

သူ့ကိုလက်ယက်ခေါ်နေတဲ့ ကောင်လေးဆီ အပြေးသွားလိုက်မိသည်။သစ်သားတုတ်လေးတစ်ချောင်းကို ဘန် လက်ထဲထိုးပေးလာသည်။

“ကျွန်တော်တို့ တစ်နေ့ကျနေရမဲ့ အိမ်ဆောက်ကြရအောင်”

“အင်း……”

အင်း တစ်လုံးသာပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ နာကျင်လျက်။ဘာလို့ဆို အဲ့အိမ်လေးကိုတွေ့ရဖို့ ရှိနိုင်ပ့မလား။

“ဒီမှာက နှင်းဆီပန်းခင်းကြီး အဲ့ပန်းခင်းကြီးအနီးမှာက
ကျွန်တော်တို့ရဲ့အိမ် ပြီးတော့ ဒီမှာက ခွေးလေး”

နှင်းဆီ ပန်းခင်းကြီး တဲ့လား။
တုတ်လေးတစ်ချောင်းနဲ့ သဲတွေပေါ်မှာ အနာဂတ်က အိမ်တွေဆွဲကာ ပြုံးနေတဲ့ ကောင်လေး။

“မနက်ကျရင်အလုပ်သွားဖို့ ကိုကို ကိုနိုးမယ်  ထမင်းစားချိန်ရောက်တိုင်း ကိုကိုဆီ ထမင်းချိုင့်လာပို့မယ် နေ့လယ်ခင်းကျရင် နှစ်ယောက်သား လျှောက်လည်ကြမယ် ညဘက်ကျရင် နှင်းဆီပန်းခင်းကြီးရဲ့အလယ်မှာ ထိုင်ရင်းမိသားစုဘ၀လေးကို ဘယ်လိုတည်ထောင်ရမလဲဆိုတာကို ဆွေးနွေးကြမယ်လေ”

ငြိမ့်ရဲ့စကားတွေက တုန်ရီစွာ ပြောနေမိသည်။အက်ကွဲနေတဲ့ အသံနဲ့ သဲတွေပေါ်က အိမ်မက်တွေကို ကြည့်ပြီး ပြောနေမိသည်။သူ့ဟန်နီကိုကြည့်ရင်း ဘန် တစ်နေ့ကျရင် သူစိမ်းတွေ ပြန်‌ဖြစ်ကြမယ်ဆိုတာ သိပေမဲ့ လက်မခံနိုင်။

“ကိုကိုသိလား ကျွန်တော်လေ တစ်နေ့ကျရင် ဒါတွေကိုမေ့သွားရင်ဘယ်လိုလုပ်မလဲ “

ထိုနောက် ပြောလာတဲ့စကားတစ်ခုကြောင့် ဘန် တုန်လှုပ်မိသွားသည်။ငြိမ့်ရဲ့ တိမ်၀င်သွားတဲ့အသံ‌ကြောင့် ကောင်းကင်က မိုးသားတွေကလည်း ငိုကျွေးတော့မယ်မလား။
ငြိမ့် မေးခွန်းကိုပြန်ဖြေချိန်မရ တစ်စက်တစ်စက်နဲ့ ကျလာတဲ့
မိုးစက်တွေ။

ကမ်းခြေကလူတွေလည်း မိုးရွာလို့ တဲရှိရာနေရာကို ပြေးလာကြသည်။ငြိမ့် ရဲ့လက်ဖမိုးပေါ် ကျလာတဲ့ မိုးစက်လေးတွေကိုကြည့်ကာ

“ဟက်…..ဆောင်းရာသီလည်း မိုးရွာတယ်တဲ့လား…..
မိုးနတ်မင်းလည်း မေ့သွားပြီထင်ပါတယ် ဆောင်းရာသီရောက်နေပြီ ဆိုတာကို”

မိုးစက်တွေက စိုရွဲစေရုံသာမက တစ်‌စုံတစ်ယောက်ရဲ့ မျက်ရည်တွေကိုလည်း မိုးရေနဲ့အတူ မျောပါသွားစေသည်။
ငြိမ့် ထိုင်နေတဲ့နေရာက ထလိုက်ကာ

“ကိုကို…..တစ်ခါလောက် လမ်းလျှောက်ရအောင်”

ပြုံးကာ ပြောလာတဲ့ ကောင်လေးရဲ့လက်ကိုတွဲကာ

“အင်း ငြိမ့် သဘော”

တစ်ချို့လူတွေက မိုးရွာလို့ ပြေးသွားကြပေမဲ့ လူနှစ်ယောက်ကတော့ မပြေးခဲ့။ပြေးသွားတဲ့လူတွေလည်း မိုးစိုမှာ သေချာတယ်။အဲ့တော့ မပြေးတော့ဘဲ ‌ကျလာတဲ့ မိုးစက်လေးတွေကို
လက်ခံရုံဘဲရှိတော့တယ်။အဲ့လိုဘဲ ကံကြမ္မာက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို တစ်နေ့ကျရင် ရင်ဆိုင်ရမှာဘဲလေ။

တစ်ချို့လူတွေရဲ့ ချစ်ရတဲ့လူတွေက ပြန်‌မချစ်တော့လည်း
နာကျင်ရတယ်။အဲ့လူတွေက တစ်ဖက်သတ်အချစ်နဲ့ကုန်ဆုံးရတာပေါ့။ အဲ့တာဆို သူတစ်ပြန် ကိုယ်အတူ မေတ္တာတွေကို ဝေမျှပေးနေတဲ့လူတွေကရော။အဲ့လူတွေရဲ့အဆုံးသတ်က
တစ်ဖက်သတ်အချစ်ထက် ပိုနာကျင်ရတယ်ထင်ပါရဲ့။

တစ်ဖက်သတ်အချစ်က တစ်ယောက်တည်းကိုဘဲ ခံစားစေပြီး
ချစ်တိုင်းလည်း မပေါင်းဖက်ရတဲ့အချစ်က နှစ်ယောက်လုံးကို
ခံစားစေရတယ်။

မိုးစက်တွေက လူနှစ်ယောက်ရဲ့ လက်သန်းကြွယ် မှာ၀တ်ဆင်ထားတဲ့ကျောက်စိမ်းရောင်လက်စွပ်က မိုးစက်တွေကြောင့်
မ‌တောက်ပနိုင်တော့ဘူး ထင်ပါရဲ့။
……………………….
……………………….
ပုသိမ်မြို့ရဲ့ ဂျောင်ကျတဲ့တိုက်ခန်း‌ဆီကို
အနက်ရောင် အနောက်တိုင်းအင်းကျီကို၀တ်ဆင်ထားတဲ့ လူတစ်စု လျင်မြန်စွာ တိုက်ခန်းပေါ်သို့ တက်လာခဲ့သည်။

အခန်းတစ်ခုရဲ့ရှေ့မှာရပ်လိုက်ကာ ထိုလူတွေရဲ့ ခေါင်းဆောင်လို့ထင်ရတဲ့ ဘုန်းခ မျက်လုံးဝှေ့ပြကာ တံခါးကိုဖွင့်ခိုင်းသည်။
အဖွဲ့သားတွေလည်း ခေါင်းဆောင်ရဲ့အမိန့်ကြောင့် တံခါးကိုတွန့်ဖွင့်လိုက်သည်။သော့မခက်ထားဘဲ တစ်ခါတည်း ပွင့်သွားတဲ့တံခါးကြောင့် ဘုန်းခနဲ့မင်းခန့် အကြည့်ချင်းစုံမိသည်။
တစ်ခုခုမှားနေပြီဆိုတာ သိတာကြောင့် သေနတ်ကိုသေချာပြင်ထားကာ အခန်းထဲသို့ ၀င်လာကြသည်။

ရှုပ်ကွနေတဲ့ ဧည့်ခန်း၊ သွေးတွေကနေရာတိုင်းမှာ ‌ရှိနေခဲ့သည်။အေးစက်နေတဲ့ဧည့်ခန်းကိုကြည့်ကာ မင်းခန့်တစ်ခုကိုသတိထားမိသွားပြီး သွေးတွေရဲ့လမ်းကြောင်းအတိုင်းလိုက်ကြည့်မိသည်။သွေးတွေက အိပ်ခန်းဘက်ကိုဉီးတည်နေခဲ့သည်။အိပ်ခန်းတံခါး ဖွင့်လိုက်ယုံနှင့် တွေ့လိုက်ရတာ

ကုတင်ပေါ်မှာ ခေါင်းဖြတ်ခံပြီး သေသွားတဲ့လူတစ်‌ယောက် ။
ကုတင်တစ်ခုလုံးမှာ သွေးတွေက ဖုံးလွှမ်းနေခဲ့။
ကော်ဖီမှုန့်နဲ့‌ပျားရည်တွေက နေရာတိုင်းမှာအပြည့်။
ထိုအဖြစ်အပျက်ကို မြင်သွားတဲ့ ဘုန်းခတို့က ဘယ်သူလက်ချက်လဲဆိုတာ သိနေပုံ။
ကုတင်နားမှာ ကျနေတဲ့ စာရွက်ကိုတွေ့တော့ မင်းခန့် ကောက်ဖတ်လိုက်သည်။စာထဲမှာ ရေးထားတဲ့ဟာက

“နောက်ထပ်ကျည်ဆံက တစ်စုံတစ်ယောက်ဆီဘဲ
                                  
                                   ပုံ….ကျည်ဆံ”

စာကြောင့် ဘုန်းခသဘောပေါက်လိုက်ပြီး

“ဟက် သူကငါ့ထက်အရင်လက်ဉီးသွားတယ်”

ဘုန်းခစကားကို နားထောင်ပြီး မင်းခန့် ကုတင်ပေါ်ကအလောင်းကို သေချာသွားကြည့်မိသည်။

“သေသွားတာက မင်းသန့်ဆိုတဲ့ကောင်ဘဲ”

“အဲ့တာဆို နေမင်းဟန်က ဘယ်မှာလဲ”

မင်းခန့်ရဲ့စကားကိုကြားပြီး ဘုန်းခမေးခွန်းထုတ်မိသည်။
မင်းခန့် ပြန်မဖြေဘဲ သူ့လက်ထဲကစာရွက်ကို အိတ်ကတ်ထဲထည့်ကာ

“ငါတို့ပြန်ကြရအောင် မကြာခင်ရဲတွေလာတော့မယ် ဒီတိုင်းထားခဲ့လိုက် “

မင်ခန့် အဲ့လိုပြောလိုက်ပြီး ဘေးကအဖွဲ့သားဆီ ကင်မရာကိုပစ်ပေးလိုက်တာကြောင့် ထိုအဖွဲ့သားလည်း ဘာလုပ်ရမလဲဆိုတာ သိလိုက်သည်။

အလုပ်တွေအကုန်ပြီးတော့ ထိုတိုက်ခန်းကနေ အနက်ရောင်ကားတွေက အမြန်ထွက်ခွာလာကြသည်။မကြာပါဘူး
ရဲကားတွေလည်း ထိုနေရာကိုရောက်လာကြသည်။

…………………..
…………………..
A/N

နည်းနည်း‌နောက်ကျသွားရင် တောင်းပန်ပါတယ်နော်။
ဆောင်း သင်တန်းတွေရဲ့အလုပ်ရှုပ်နေလို့ပါ။
နောက်ပိုင်းလည်း ခပ်မြန်မြန် update ပေးပ့မယ်။

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 24, novel Coffee With Honey (Complete) part 24, read Coffee With Honey (Complete) part 24 online, Coffee With Honey (Complete) part 24 chapter, Coffee With Honey (Complete) part 24 high quality, Coffee With Honey (Complete) part 24 light novel, ,

Comment

Leave a Reply

Chapter 25