Coffee With Honey (Complete) part 25

All chapters are in Coffee With Honey (Complete)
A+ A-

ဘုန်းခတို့ အလုပ်ကိစ္စပြီးတာနဲ့ သူ့တို့အိမ်ရှိရာကို ပြန်လာကြသည်။
ခြေလှမ်းကျဲကျဲတွေနဲ့ ဧည့်ခန်းကိုဉီးတည်၀င်လာသည်။ဧည့်ခန်းရောက်တော့ နဒီနဲ့ဘန်ဘဲ ရှိနေတာတွေ့တော့ ရာသီဉတုက အေးစက်နေတာကြောင့် သူ့တို့လည်း ငြိမ်သက်စွာထိုင်လိုက်သည်။ဘုန်းခတို့ ဆိုဖာပေါ်မှာ ထိုင်လိုက်ကြသည်။

“ဟူး……ပင်ပန်းလိုက်တာ”

ဘုန်းခရဲ့ ခပ်ရွဲ့ရွဲ့စကားကြောင့်
မျက်ခုံးကျုံ့နေတဲ့ ဘန်အကြည့် ချက်ချင်းရောက်လာသည်။

“စတာ စတာ”

“မင်းတို့ဘာဖြစ်နေတာလဲ မျက်ခုံးကြီးကျုံ့လို့”

မင်းခန့် အခြေအနေကိုကြည့်ပြီးနောက် ပြောလာသည်။

“ဘာမှမဖြစ်ဘူးကွာ ပြော အခုဘာဖြစ်လာလဲ”

နဒီ စိတ်ပျက်လက်ပျက်ပြောလာတဲ့စကားကြောင့်
မင်းခန့်လည်းဆက်မမေးတော့ဘဲ သူ့သိမ်းထားတဲ့ စာရွက်ကိုထုတ်ပြကာ ပြောလိုက်သည်။

“မင်းသန့် သေသွားပြီ”

မင်းခန့် ရဲ့စကားကိုကြားတော့ နဒီ စာရွက်ကိုကောက်ဖတ်ကာ
ထင်ထားတဲ့အတိုင်း ကျည်‌ဆံဆိုတဲ့လူဖြစ်နေသည်။

“ကျည်ဆံဆိုတဲ့လူဘဲ အဲ့တာဆို နေမင်းဟန်ကရော”

နဒီအမေးကို မင်းခန့်တို့‌မဖြေခင်

“သူပူပေါင်းသွားပြီ”

မျက်ခုံးကျုံ့ကာ ထိုင်နေတဲ့ ဘန်က အေးစက်စွာ ပြောလာသည်။ဘန်ရဲ့စကားကြောင့် နဒီတို့လည်း လှည့်ကြည့်လာပြီး

“ဟမ်….ဘယ်လိုလုပ်…”

နဒီ ရဲ့စကားမဆုံးခင် ဘန်သူ့သိမ်းထားတဲ့ ကောင်းစေသူဆုံးတုန်းက စာကိုထုတ်ပြလိုက်သည်။

“သေချာကြည့်”

ဘန်စကားကြောင့် နဒီတို့လည်း ကောင်းစေသူရဲ့စာရွက်ကိုကြည့်လိုက် မင်းသန့်ရဲ့စာရွက်ကိုကြည့်လိုက် လုပ်နေကြသည်။ အတွေ့အကြုံပိုရှိတဲ့ ဘုန်းခက ဘန်ပြောတဲ့ စကားကို နားလည်လိုက်သည်။

“လက်ရေး မတူဘူးဘဲ”

ဘုန်းခရဲ့စကားကြောင့် နဒီတို့လည်း သတိပြုမိကာ
လက်မထောင်ကာ ချီးကျူးလာကြသည်။

“တော်တယ်……. ဒါနက် မင်းတို့ အလောင်းပုံ‌ရိုက်လာလား”

ဘန် ရဲ့စကားကိုကြားတော့ ဘုန်းခ သူ့လူကိုခေါ်လိုက်ကာ ဓာတ်ပုံကိုပြလိုက်သည်။ဓာတ်ပုံတွေကို ကြည့်ပြီးတော့
ဘန်မျက်နှာမှာ ခပ်ပြုံးပြုံးလိုက်သည်။

“ခန့်မှန်းခြေအရ မင်းသန့်ကို နေမင်းဟန်သတ်လိုက်တာ…
ဓာတ်ပုံကိုသေချာကြည့် အလောင်းဘေးမှာက ဘောပင်တစ်ချောင်း သေချာတယ် အဲ့စာက နေမင်းဟန်ရေးတာ
မင်းသန့်ရဲ့နောက်ဆုံးအချိန်က နေမင်းဟန်နဲ့အတူတူရှိသွားတာ ဖြစ်နိုင်ချေက သူ့တို့ပူပေါင်းလိုက်ပြီ”

ဘန် စကားကိုကြားတော့ အားလုံးလဲ နားလည်သွားပြီး ထပ်ပြီး လက်မထောင်ပြလာသည်။

“ဘယ်ဆိုးလို့လဲ….ငါ့သူငယ်ချင်းစုံထောက် လုပ်လို့ရပြီ”

ဘုန်းခရဲ့ချီးကျူးစကားကို နားမထောင်တော့ဘဲ

“မင်းဘဲ လုပ်လိုက် ငါ့လစ်ပြီ ဒါဘဲ”

မပြောမဆိုနဲ့ ထသွားတော့ ဘန်ကိုကြည့်ပြီး ထိုင်ဆဲနေရုံဘဲရှိတော့သည်။ထွက်သွားတဲ့ ဘန်မျက်နှာပေါ်က ခပ်ပြုံးပြုံးလေးပေါ်လာပြန်သည်။ တိုးဖွစွာ စကားတစ်ခုကို ပြောလိုက်သည်။

“ခများ ကျုပ်လက်က မပြေးလွတ်နိုင်ပါဘူး ကျည်ဆံ”

…………………
…………………
ဧည့်ခန်းက အစည်းအဝေး ပြီးသွားတော့ နဒီ သူ့အခန်းထဲကို ပြန်လာသည်။လက်ထဲမှာတော့ သူ့ဘေဘီအတွက် နွားနို့တစ်ခွက်။

အခန်းထဲ၀င်တော့ တွေ့လိုက်ရတာ ၀ရံတာမှာ လေညှင်းခံကာပင်လယ်ကြီးကိုကြည့်နေတဲ့သူ့ကောင်မလေး။ခြေလှမ်းငြိမ်သက်စွာ သွားလိုက်ကာ
စုပြည့်ဉီးကို အနောက်ကနေ သိုင်းဖက်လိုက်သည်။
စုပြည့်ဉီးချက်ချင်း သူ့ဆောမှန်းသိသွားသည်။

“ဆော….ဆောလား”

“အင်း “

သူ့မှန်း သေချာအောင် မေး‌တဲ့စုပြည့်ဉီးကို ညင်သာစွာ ဖြေပေးလိုက်သည်။လက်ထဲက နွားနို့ပန်းကန်ကိုအောက်ချလိုက်ပြီး ပင်လယ်ကြီးကိုကြည့်နေတဲ့ သူ့ကောင်မလေးကိုမေးလိုက်သည်။

“ဘာတွေစဉ်စားနေတာလဲ အချစ်”

အဝေးကိုကြည့်ပြီး စဉ်စားနေတဲ့ စုပြည့်ဉီးရဲ့ခါးကိုဖက်ကာ
မေးလိုက်သည်။

“ငါ….အရာအားလုံးကို မြင်ရချင်တယ်”

“………..”

စုပြည့်ဉီးရဲ့စကားကြောင့် နဒီ ငြိမ်သက်သွားခဲ့သည်။
စုပြည့် မမြင်ရပေမဲ့ နဒီငြိမ်သက်သွားတာကို ခံစားမိတာကြောင့်
ထပ်ပြောလိုက်သည်။

“ငါပင်လယ်ကြီးကို မြင်ရချင်တယ် လောကကြီးဘာတွေ ပြောင်းလဲသွားပြီဆိုတာ မြင်ချင်တယ် ပြီးတော့…….
ဆောကိုလည်း မြင်ရချင်တယ်”

စုပြည့်ဉီး ရဲ့အသံဟာ တိမ်၀င်သွားခဲ့သည်။နဒီ ဘာပြောရမှန်းမသိအောင် ဖြစ်သွားခဲ့သည်။သူ့ကောင်မလေး ခံစားနေရတာကို ဘယ်လို ‌ပျောက်ကွယ်အောင် လုပ်ပေးရမလဲ။

“ငါ မနက်က ဆောသူငယ်ချင်း ဂင်ဘန်ချာရီပြောတာကိုကြားတယ် သူ့အမျိုးသား မေ့သွားမှာကို သူ့စိုးရိမ်တယ်
အဲ့ချိန် ငါခံစားမိတာက ငါ့အသက်ရှိနေတုန်း ဆောကို
မတွေ့လိုက်ရမှာ ကြောက်တယ်”

“………..”

“ငါအသက် ၁၅နှစ်က ငါ့အဖေဆုံးသွားခဲ့တယ် ငါ့အမေလည်း
ငါ့ကိုရှာမကျွေးနိုင်တဲ့အဆုံး နောက်အိမ်ထောင်ပြုလိုက်တယ်
မကြာပါဘူး ပထွေးနှိပ်စက်လို့ ဆုံးသွားတယ်
အဲ့ပထွေးဆိုတဲ့လူကလည်း အကြွေးတင်နေတာကြောင့်
ငါ့မျက်ကြည်လွှာကို ရောင်းစားခဲ့ရတယ် အဲ့နေ့ကစပြီး
ငါ့ဘ၀က ရှင်လျက်သေနေသလိုမျိုးဘဲ”

“……….”

နဒီ ပါးပြင်ပေါ်ကိုကျလာတဲ့ ရေစီးချောင်းတွေက
ဘယ်လောက်နာကျင်မှန်းသိသည်။ ဘာမှမဖြေနိုင်ဘဲ ‌ဖြစ်နေခဲ့တယ်။

“ငါအဲ့ချိန်တုန်းက ဘယ်နခါသေဖို့ကြိုးစားခဲ့လည်းမသိဘူး
နောက်တော့ ငါ့ရောင်းစားခံရတယ် အဲ့တုန်းက ‌ငါ‌သေဖို့လမ်းဘဲ ရွေးချယ်ခဲ့မိတယ် ဒါပေမဲ့ ဆောနဲ့တွေ့တော့ ငါသေလို့မဖြစ်သေးဘူးဆိုတာ ငါလက်ခံလိုက်တယ် ‌ဆော နင်ကငါ့ဘ၀ရဲ့ အစွဲအလမ်းတစ်ခုဘဲ အစွဲအလမ်းကြောင့်
ငါမသေနိုင်တော့တာ”

‌ပင်လယ်ကြီးကိုကြည့်ရင်း မျက်ရည်ကျကာ ပြောနေတဲ့ စုပြည့်ကို သူ့ရင်ခွင်ထဲထည့်ကာ ဖြေသိမ့်ပေးလိုက်သည်။
နဒီကိုယ်တိုင်လည်း လက်မလွှတ်ပေးနိုင်ဘူး တစ်နေ့နဲ့တစ်နေ့
ပိုချစ်မိလာတယ်။စွဲလမ်းလာတယ်။ကျလာတဲ့သူ့မျက်ရည်တွေကိုသုတ်လိုက်ပြီး

“စု…….အဲ့တာတွေ မေ့လိုက်တော့ အခု စုဘေးမှာ ကိုယ်ရှိနေပြီလေနော်”

ငိုချင်တာကို ထိန်းကာ ပြောလိုက်သည်။စုပြည့် နဒီရင်ခွင်ထဲကနေ ခေါင်းမော့လာပြီး နဒီ ပါးပြင်ပေါ်က စီးကျနေတဲ့
‌မျက်ရည်တွေကို သုတ်ပေးလိုက်ကာ

“မငိုပါနဲ့ မငိုပါနဲ့ ငါ့မကြိုက်ဘူး…….ငါ့ဆောက သန်မာတယ်မလား ဟင် ငါအတွက်ကြောင့်နဲ့ မငိုပါနဲ့ ငါဒုက္ခတွေကို ထပ်တူ မခံစားစေဘူးနော် “

ကလေးတစ်ယောက်လို ချော့ကာ ပြောလာသည်။
သူ့ပါးပြင်ပေါ်က ကျလာတဲ့မျက်ရည်တွေကို သုတ်လာတဲ့
စုပြည့်ရဲ့ လက်သေးသေးလေးကိုကိုင်ကာ နမ်းရှိုက်လိုက်ပြီး

“ကိုယ်ဂတိပေးတယ် မင်း လောကကြီးမြင်နိုင်အောင်
ကိုယ်လုပ်ပေးမယ်”

နဒီရဲ့ဂတိစကားကြားတော့ စုပြည့်ဉီး ပြုံးလိုက်ပြီး
နဒီရင်ခွင်ထဲ တိုး၀င်လိုက်သည်။ရင်ခွင်ထဲ တိုး၀င်လာတဲ့
စုပြည့်ကိုဖက်ထားလိုက်သည်။ရင်ခွင်ထဲက စုပြည့်ကတော့
တစ်စုံတစ်ခုကိုဆုတောင်းမိသည်။

“ဆော နင်ဂတိတည်နိုင်တဲ့ချိန်ရောက်ရင် ငါ့မရှိတော့မှာကို
ကြောက်တယ်”

………………..
………………..
အလင်းရောင်တွေ မှိန်ပြပြ၊လူတွေရဲ့‌ပျော်နေတဲ့အသံတွေ၊
ထပ်တူနေတဲ့ခြေလှမ်းတွေ။

“မုန့်လင်မယား ရမယ်ဗျို့”

“အကိုလေး ပရစ်ကြော်စားအုံးမလား”

“ထမနဲ ၀င်ကြည့်လို့ရတယ်နော်”

“တစ်ခုမှ ၅၀၀ ၅၀၀”

ဈေးသည်တွေရဲ့ အသံကလမ်းတစ်လျှောက်အပြည့်။
အဲ့နေရာက ပွဲဈေး။ပင်လယ်ဓားပြသံ တစ်ဘူဘူကြီးကလည်း ဟိန်းထွက်နေသည်။

ပွဲဈေးသို့ ဇနီးမောင်နှံအတွဲလေးဟာ ခြေလှမ်းတူညီစွာဖြင့်
လူအုပ်ကြားထဲ တိုး၀င်လာသည်။ခိုင်မြဲစွာ လက်တွဲလာကြပြီး
အဲ့လူနှစ်ယောက်အတွက်တော့ အရာအားလုံးက ကြည်နူးစရာတွေကြီးဘဲ။

“ကိုကို ပူဖောင်း ၀ယ်ပေး”

ကိုကိုဆိုတဲ့ အသံစူးစူးလေးကြောင့် ငြိမ့်ဆီ ခေါင်းငုတ်ကြည့်လိုက်သည်။ စက်ဘီးနဲ့ပူဖောင်းတွေရောင်းနေတဲ့ အသည်ကိုလက်ညှိုးထိုးပြကာ ပူဆာနေသည်။ဘန် ခပ်ပြုံးပြုံးလိုက်ပြီး
ပူဖောင်းတစ်လုံးကာ ၀ယ်ပေးလိုက်သည်။မကြာပါဘူး

“ကိုကို….မုန့်လင်မယား”

“ကိုကို……၀က်သားတုတ်ထိုး”

“ကိုကို…….ငုံးကြော်”

ကိုကိုဆိုတဲ့ အသံခပ်စူးစူးလေး ခေါ်တိုင်း တစ်ခုမဟုတ်တစ်ခု
ဝယ်ခိုင်းတော့မယ်ဆိုတာ သိသည်။ဘန် ဆိုလည်း
အိမ်ထောင်ဉီးစီးပီသအောင် ငြိမ့် လက်ညှိုးထိုးသမျှ အကုန်၀ယ်ပေးသည်။တချို့ပွဲဈေးလာတဲ့ လူအများစုကလည်း သူတို့ကို ကြည့်သွားကြသည်။သေချာတယ် အားကျတာ။

လူတွေ အုတ်အုတ်ကျက်ကျက်ဖြစ်နေတာကြောင့်
သူ့ကလေးငယ်ရဲ့လက်ကို မလွှတ်တမ်းဆွဲထားရသည်။
ပွဲဈေးလမ်းတစ်လျှောက် နှစ်ယောက်အတူတူ လျှောက်လာကြသည်။

“ကိုကို ကျွန်တော် အရမ်းပျော်တယ်သိလား”

အပြုံးတွေနဲ့ ဆိုလာတဲ့ ကလေးကိုကြည့်လိုက်သည်။
တကယ်ပျော်နေတာပင်။ကိုင်ထားတဲ့ မိုးပျံပူဖောင်းလေးကိုလည်း ကြည့်ကာ ပြုံးပျော်နေသည်။တစွယ်လေးတွေ ပေါ်အောင် ပြုံးနေတဲ့ ကလေးငယ်ကို ဘယ်လောက် မြတ်နိုးကြောင်းမပြောပြနိုင်။

လမ်းလျှောက်လာကာ ပွဲဈေးနဲ့အလှမ်းဝေးတဲ့ နေရာကိုရောက်လာကြသည်။ဓာတ်တိုင်မီးရောင်လေးတွေသာ
သူ့တို့အနားမှာရှိတော့သည်။ရုတ်တရက်

“အာ့….ပူဖောင်း ပျံသွားပြီ”

ငြိမ့် လက်ထဲက မိုးပျံပူဖောင်းလေးဟာ သူ့အလိုလို ကောင်ကင်မှာ ပျံသန်းသွားသည်။ဘန် လှမ်းဆွဲရန်မမှီလိုက်။
ငြိမ့် သူ့လက်ထဲကထွက်သွားတဲ့ မိုးပျံပူဖောင်းကိုကြည့်ရင်း

“ပူဖောင်းကလည်း သူ့မူလနေရာကို ပြန်သွားတာဘဲ
ပိုင်ရှင်လက်ထဲကနေ ထွက်သွားပြီးတော့”

ငြိမ့် စကားကြောင့် ဘန်လှည့်ကြည့်လာသည်။
လှည့်ကြည့်လာတဲ့ဘန်ကို ပြုံးကာ ကြည့်လိုက်ပြီး

“တစ်စုံတစ်ယောက်လည်း ပိုင်ရှင်လက်ထဲက ထွက်သွားရတော့မယ် ဆိုရင် လွှတ်ပေးလိုက်တာ ကောင်းတယ်မလား
ကိုကို”

ငြိမ့် စကားကိုနားမလည်ပေမဲ့ ဘန် ခေါင်းညိမ့်လိုက်ပြီး

“အင်း….ကောင်းတာပေါ့”

ဘန် ငြင်သာစွာပြန်ဖြေလိုက်သည်။
ဘန် ပြန်ဖြေတာကို နားထောင်ပြီး ငြိမ့် ဘာရယ်မှန်းမသိ ပြုံးလိုက်မိသည်။

“ကိုကို ခြေထောက်ညောင်းလာပြီ”

ပြန်ထွက်သွားတဲ့ ပူဖောင်းကိုကြည့်နေတုန်း ငြိမ့် ခြေထောက်ညောင်းလာတာကို သတိထားမိသွားသည်။ဆူပုတ်ပုတ်နဲ့ ဘန်ကိုပြောလိုက်ကာ ဘန်လည်း ပါးချိုင့်တွေ ပေါ်အောင် ပြုံးလိုက်ပြီး

“အင်း လာ ကိုယ်ကျောပိုးမယ်”

“ဟီးဟီး သန့်ခယူ”

ဆိုကာ ဘန် ကျောပိုးခိုင်းလိုက်သည်။မိုးပေါ်က ပူဖောင်းကို မကြည့်တော့ဘဲ အိမ်ပြန်ဖို့ဘဲ ဆုံးဖြတ်လိုက်သည်။ဘန် သူ့ကျောပေါ်မှာ ဇိမ်ကျကျပါလာတဲ့ ကလေးငယ်ကိုကြည့်ရင်း ကြည်နူးမိသည်။ဒါမဲ့ ကြည်နူးရတာတွေက မကြာလိုက်။

“ကိုကို…ကျွန်တော် လက်ထဲက လက်စွပ်က ဘယ်သူဟာလဲ”

ခနကြာတော့ ငြိမ့်မှေးနေတာကိုလေ ခေါင်းမော့လိုက်ပြီး
သူ့လက်ထဲက ကျောက်စိမ်းရောင်လက်စွပ်လေးကို ဘန် မျက်စိရှေ့ကို ပြလိုက်သည်။ငြိမ့်‌ မေးခွန်းကြောင့်
ဘန်ခြေလှမ်းတွေ ရပ်တန့်သွားသည်။ဘာလို ဖြေရမလဲဆိုတာတောင် သူမသိလိုက်ဘူး။ဒါက ဘန်ဘ၀မှာ ဒုတိယ တွေဝေခြင်းဘဲ။သူ့အမေရဲ့နောက်ဆုံးအချိန် တုန်းက ဘာပြောရမလဲဆိုတာ မသိလို့ တွေဝေရသလို အခုသူ့ချစ်ရသူစကားကြောင့် ပြန်တွေဝေရပေသည်။

“အာ….ကိုယ်ပေးထားတာ”

အမြန် ငြိမ့် မေးခွန်းဖြေလိုက်သည်။ဘန်အဖြေကြောင့် ငြိမ့် ပြုံးလိုက်ပြီး ဘန် နားနားကပ်ကာ

“ဟုတ်လား ထပ်ပြီး သန့်ခယူ အိပ်ပြီ”

ဆိုတာ တိုးဖွဖွလေး ကျီစယ်ကာ သူ့ပခုံးပေါ်မှာ အိပ်ပျော်သွားသည်။ဘန် ခေါင်းထဲမှာ အတွေးတွေများနေဆဲ။
အားလုံးမေ့သွားတဲ့အချိန် ရောက်လာရင် သူဘာလုပ်ရမလဲ။

………………
………………
ချစ်ခြင်းများစွာဖြင့်

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 25, novel Coffee With Honey (Complete) part 25, read Coffee With Honey (Complete) part 25 online, Coffee With Honey (Complete) part 25 chapter, Coffee With Honey (Complete) part 25 high quality, Coffee With Honey (Complete) part 25 light novel, ,

Comment

Leave a Reply

Chapter 26