Coffee With Honey (Complete) part 29

All chapters are in Coffee With Honey (Complete)
A+ A-

တစ်နေ့ကနေတစ်နေ့ ရက်တွေကူးပြောင်းလာပြီး နောက်ဆုံး
ဆောနဒီလှိုင်တို့ရဲ့ မင်ဂလာပွဲနေ့လေးကို ရောက်လာခဲ့သည်။
အခမ်းအနားကို ကမ်းခြေမှာဘဲ ကျင်းပလိုက်ကြသည်။ကမ်းစပ်တစ်ခုလုံးကို ငှားထားတာကြောင့် ဆောနဒီလှိုင်တို့က လွဲရင် ဘယ်သူမှမရှိ။အခမ်းအနားပြင်ဆင်တဲ့လူတွေလည်း
ပြင်ဆင်ပြီးသာနဲ့ထွက်သွားကြသည်။
အဖြူရောင် နှင်းဆီပန်းတွေနဲ့ အနီရောင်ကောဇောကြီးက တင့်တယ်လျက်။လက်ထပ်ထိမ်းမြားပေမဲ့ ဖာသာလည်းရောက်လာခဲ့ပြီလေ။

“ဟေး…”

ဘန်တို့ ဧည့်ခုံမှာ ထိုင်နေကြတုန်း အနီရောင်ကောဇောပေါ် လျှောက်လှမ်းလာတဲ့ အမျိုးသမီးရဲ့အသံကြောင့် လှမ်းကြည့်လိုက်ကြသည်။အဖြူရောင်သတို့သမီးဂါ၀န်လေး ရိုးရိုးလေးကို ၀တ်ဆင်ထားကာ ရင်ဘတ်မှာလည်း နှင်းဆီအဖြူရောင်လေးတစ်ပွင့် ကပ်လျက်ရှိသည်။ထိုအမျိုးသမီးဘယ်လောက်ပျော်နေကြောင်း မျက်နှာပေါ်က အပြုံးတွေက သက်သေထူနေသည်။

“ငါလှလား”

သတို့သမီး ဆောနဒီလှိုင်ရဲ့မေးခွန်းကို သူ့သူငယ်ချင်းတွေ
လက်မထောင်ကာ ဖြေပေးလိုက်သည်။တကယ် လှတဲ့အမျိုးသမီးပင်။

“နင်ဘာလို့အခုထွက်လာတာလဲ ပြီးမှထွက်လာရမှာလေ”

“စိတ်လှုပ်ရှားနေလို့လေ”

မင်းခန့် မေးခွန်းကို ဆော ပြုံးကာ ပြောလိုက်ပြီး သူ့သူငယ်ချင်းတွေဆီ လာလိုက်သည်။

“ပျော်သွားပြီမှတ်လား”

ဘန် သူ့သူငယ်ချင်းရဲ့အပြုံးကိုကြည့်ပြီး မေးလိုက်သည်။
ဆော ခေါင်းညိမ့်ပြလိုက်သည်။

“အင်း ပျော်တာထက် စိတ်လှုပ်ရှားနေပြီ ပြီးတော့ ငါ့အမျိုးသမီးကို တွေ့ချင်နေပြီလို့”

ဆောရဲ့စကားကြောင့် ဘန်ခပ်ပြုံးပြုံးလိုက်ပြီး သူ့ဘေးမှာ ထိုင်နေတဲ့ ငြိမ့်ကို ငဲ့ကြည့်လိုက်သည်။ငြိမ့်သည်လည်း
အဖြူရောင် Hoodie လေး၀တ်ထားသည်။ ဘန်လည်း
လက်ထပ်တုန်းက ငြိမ့်ကို တွေ့ချင်ခဲ့တာလေ။အခုတော့ ဆောအလှည့်ပေါ့။

“အာ့….ငါ့အမျိုးသမီး ဘယ်မှာလဲ ဒါသွားပေးမလို့”

ဆောနဒီလှိုင်ရဲ့ စကားကြောင့် ဘုန်းခတို့ရီလိုက်ကြပြီး
သူ့တို့သူငယ်ချင်း ထိန်းမရဖြစ်နေတာဘဲ။ဆောနဒီလှိုင်လက်ထဲက လက်စွပ်ကို ဘန်ယူလိုက်ပြီး

“ဒါမင်းရဲ့ လက်ထပ်လက်စွပ်မှတ်လား “

“အေး သူအိပ်ရာပေါ်မှာ ကျန်ခဲ့လို့ “

“အဲ့တာနဲ့ သွားပေးချင်တယ်ပေါ့”

မင်းခန့် စကားဖြတ်ကာ စနောက်လိုက်သည်။ဆောနဒီလှိုင်ပျော်သလို သူ့သူငယ်ချင်းတွေလည်း ထပ်တူပျော်ရပေသည်။

“‌တော်ပါ ဆောနဒီမရယ် နင့်အကြောင်းကို ငါ့တို့သိပါတယ်”

“ဟွန်း…ငါ့အမျိုးသမီးကို တွေ့ချင်လို့ပါဆို”

“ဆေးမနိုင်တော့ဘူးဘဲ”

ဘုန်းခရဲ့စကားကြောင့် အားလုံးလည်း ရီမောလိုက်ကြသည်။
တိတ်ဆိတ်နေတဲ့ ဘန်ဘေးနားက ငြိမ့်ကို သတိထားမိသွားသည်။ဘုန်းခ ငြိမ့်ကို မျက်စပစ်ပြပြီး ဘန်ကိုမေးလိုက်သည်။
ဘာဖြစ်ထားတာလဲ ဆိုတဲ့ မျက်လုံးနဲ့ပေါ့။

“ငြိမ့်..”

ဘန် ရဲ့အသံကြောင့် ငြိမ့် ခေါင်းမော့ကြည့်လာသည်။

“ဟင်….”

“ဒါလေး စုပြည့်ဉီးဆီ သွားပေးပေးပါလား မကြာခင် အခမ်းအနားစတော့မှာလေ”

ဆောနဒီလှိုင်ဆီက ယူထားတဲ့ လက်စွပ်လေးကို ငြိမ့်ဆီပေးလိုက်သည်။ငြိမ့်လည်း အသာပြုံးလိုက်ပြီး

“ဟုတ်”

ဟုတ် တစ်လုံးတဲ့ဆိုကာ နားနေခန်းဆီ ထသွားလိုက်သည်။
ဘန် ငြိမ့် အပြုအမူတွေကို ကြည့်ရင်း သက်ပြင်းချမိသည်။
ဘုန်းခက အခြေအနေကို ရိပ်မိတာကြောင့် ဘန်ပခုံးကိုပုတ်ကာ အသာ နှစ်သိမ့်ပေးလိုက်သည်။
သူတို့သတိမထားမိတာက တစ်ခုခုမှားနေတယ်ဆိုတာ။

…………………………
…………………………
ငြိမ့် နားနေခန်းဆီ ဉီးတည်လျှောက်လာသည်။
ကမ်းခြေနဲ့အနည်းငယ် အလှမ်းဝေးသည်။ခနလောက် လျှောက်လာပြီးတဲ့နောက်မှာ အနားနေခန်းထဲသို့ ရောက်လာခဲ့သည်။

အခန်းထဲမှာတော့ မိတ်ကပ်ဆရာတွေနဲ့စုပြည့်ဉီးပင်။
၀တ်ဆုံကတော့ လဲပြီးပြီဖြစ်တာကြောင့် စုပြည့်ဉီးအတော်လှနေသည်။အရမ်းလည်းရှုပ်မနေဘဲ ရိုးရိုးရှင်းရှင်းရှိတဲ့ အဖြူရောင်ဂါ၀န်အရှည်လေးကို ၀တ်ဆင်ထားသည်။ပကာသနတွေ မလိုအပ်တဲ့ သတို့သမီးလေးပေါ့။နောက်တစ်ခုက ဆောနဒီလှိုင်ကို ဘယ်လောက်ချစ်လဲဆိုတာ အလှပြင်နေရင်တောင် မှန်ရှေ့မှာ သူ့နဲ့ဆော ရိုက်ထားတဲ့ပုံကို ထောင်ထားသည်။

ငြိမ့်ကိုမြင်တော့ မိတ်ကပ်ဆရာတွေ ထွက်သွားကြသည်။
သူ့တို့အလုပ်ပြီးသွားလို့ပင်။

“အမ စုပြည့်ဉီး”

“ဘယ်သူလဲ”

ငြိမ့် စုပြည့်ဉီးရှေ့ကိုသွားလိုက်ပြီး စုပြည့်ဉီးလက်ထဲ လက်စွပ်လေးထည့်ပေးလိုက်သည်။

“ကျွန်တော် တေးငြိမ့်လွှားပါ ဒီလက်စွပ် ‌အမဆောနဒီလှိုင် ပေးခိုင်းလိုက်တာ”

“အာ…ကျေးဇူးပါ အမ ကျန်ခဲ့တာဖြစ်မယ် အာ့”

~~ခွမ်း~~

စုပြည့်ဉီး လက်စွပ်လေးကို ၀တ်လိုက်ပြီး ငြိမ့် ကိုလက်ဆွဲနှုတ်ဆတ်ဖို့အလုပ် ထောင်ထားတဲ့ဓာတ်ပုံလေးက ကြမ်းပြင်ပေါ်ပြုတ်ကျကာ ကွဲအက်သွားသည်။
ငြိမ့်လည်းရုတ်တရက်လန့်သွားကာ ရှောင်လိုက်သည်။

“ဘာဖြစ်သွားတာလဲ”

“အမနဲ့အမဆော ရိုက်တဲ့ပုံ ကွဲသွားတာပါ”

“ဟင်…”

“အမ မလုပ်နဲ့ ရှကုန်မယ်”

ကြမ်းပြင်ပေါ်က ဖန်စတွေကို ကောက်ဖို့ပြင်တော့ ငြိမ့်က တားလိုက်သည်။

“ကျွန်တော် လူခေါ်ရှင်းခိုင်းလိုက်မယ် အခမ်းအနားက စတော့မယ်လေ”

“အင်း ကျေးဇူးပါ”

စုပြည့်ဉီး အသံတိုးညှင်းသွားသည်။စုပြည့်ရဲ့မျက်နှာ ညှိုးသွားတာကို သတိထားမိတဲ့ငြိမ့်က။

“အမ ဒီတိုင်းမတော်မဆပါ အခုလည်း လက်ထပ်တော့မှာလေ”

“အင်း….”

ငြိမ့် နှစ်သိမ့်ပေးလိုက်သည်။ဘာလို့ဆို မင်ဂလာပွဲမှာ သတို့သမီးက မျက်နှာမလှရင် ဘယ်လိုလုပ် ကြည့်ကောင်းပ့မလဲ။

“မမလေး အခမ်းအနား စတော့မယ် လာ သွားကြရအောင်”

အခန်းထဲ၀င်လာတဲ့ ၀န်ထမ်းရဲ့အသံကြောင့် ငြိမ့် စုပြည့်ဉီးကို တွဲပေးလိုက်ပြီး ၀န်ထမ်းဆီပို့ပေးလိုက်သည်။

“အမ ကျွန်တော်ပြီးရင် လိုက်လာခဲ့မယ်နော်”

“အင်း ကျေးဇူးပါ”

၀န်ထမ်းကိုတွဲကာ ထွက်သွားတဲ့ စုပြည့်ဉီးဆီ ငြိမ့်လိုက်ကြည့်ကာ စိတ်ချသွားပြီဆိုမှ အခန်းထဲပြန်၀င်လာသည်။အခန်းထဲမှာ ဖန်ကွဲစတွေကို ရှင်းပေးဖို့လူခေါ်ဖို့လိုအပ်သည်။ထိုကြောင့် ငြိမ့် အခန်းပြင်ထွက်လာသည်။မိုတယ်အသေးစားလိုဖြစ်တဲ့ နားနေခန်းဆိုတော့ လူလည်းသိပ်မရှိ။၀န်ထမ်းလည်းမတွေ့တာကြောင့် ကိုယ်ဟာကို လုပ်ဖို့ဘဲ ဆုံးဖြတ်လိုက်သည်။

အခန်းနဲ့ သိပ်အလှမ်းမဝေးတဲ့နေရာမှာ ‌အမှိုက်ပုံးဘေးက တံမြက်စည်းကို ယူကာ အခန်းထဲသို့ပြန်၀င်လာခဲ့သည်။
၀င်၀င်ချင်း ရှမ်းသံခပ်၀ဲ၀ဲအသံကြောင့် ငြိမ့် ခြေလှမ်းတွေရပ်တန့်သွားသည်။

“ဟိုင်း သမတ်လေး….”

……………………..
……………………..
Beautiful in white ဆိုတဲ့ သီချင်းတွေက
လှိုင်းသံတွေနဲ့အတူ ရှိနေသည်။အခမ်းအနား စနေပြီဆိုတော့
ဘန် တို့လည်း ဧည့်ခုံနေရာကိုယူကာ ထိုင်နေလိုက်သည်။
‌ဆောနဒီလှိုင်ကတော့ စင်ပေါ်မှာ ကိုယ့်ရင်ဘတ်ကို ဖိကာ
စိတ်လှုပ်ရှားမှုကို ဖြေဖျောက်နေသည်။

သီချင်းလေးရဲ့ တေးသွားနဲ့အတူ နောက်ဆုံး ဆော မျှော်နေတဲ့ တစ်ဉီးတည်းသော သူလေး ရောက်လာပြီလေ။
တာတီး လက်မောင်းကို လက်တင်ကာ အနီရောင်ကောဇောကြီးဆီသို့ လက်လှမ်းလာသည်။အဖြူရောင်ဂါဝန်ရှည်လေးကို
ရိုးရှင်းစွာ ၀တ်ဆင်ထားသူမ။

‌သူ့ဆီ တဖြည်းဖြည်း လျှောက်လှမ်းလာတဲ့ စုပြည့်ဉီးကိုကြည့်ရင်း ဆောနဒီလှိုင်ရဲ့ ရင်ခုန်သံတွေက လှိုင်းသံတွေနဲ့
စည်းချက်ညီနေသည်။အဖြူရောင် နှင်းဆီပန်းလေးကို ကိုင်ထားပြီး အပြုံးတွေနဲ့ လျှောက်လှမ်းလာတဲ့သူမက ဆောရဲ့အမျိုးသမီးပင်။

ဆော ပါးပြင်ထက်၀ယ် ၀မ်းသာမျက်ရည်တွေကျနေမိသည်။
ဘာလို့ဆို ဒီနေ့က သူ့ဘ၀ရဲ့အကောင်းဆုံးနေ့ပင်။
ဒါပေမဲ့ စုပြည့်ဉီး စင်ပေါ် မရောက်ခင် တစ်လှမ်းအလိုမှာ….။

~~ဒိုင်း~~

သေနတ်သံ။
အဖြူရောင်ဂါ၀န်လေး သွေးစွန်းသွားတဲ့အချိန်။
လက်ထဲက အဖြူရောင်နှင်းဆီပန်းလေးဟာ မြေပေါ်မှာ
ကြွေခသွားခဲ့သည်။

ဆောနဒီလှိုင် ပါးပြင်ပေါ်က မျက်ရည်တွေ ရပ်တန့်သွားတဲ့အချိန် သူ့ရှေ့က သူ့သတို့သမီးလောင်းလေး လဲကျသွားခဲ့သည်။အဲ့ဒီအချိန်က အဖြူရောင်ပုံရိပ်လေးကို နောက်ဆုံးမြင်လိုက်ရတဲ့အချိန်ပေါ့။

“စု..!!”

လဲကျသွားတဲ့ စုပြည့်ဉီးရဲ့ခန္ဓာကိုယ်ကို ထွေးပွေ့ထားလိုက်သည်။ဘန် တို့လည်း သေနတ်သံလာရာ လှမ်းကြည့်လိုက်သည်။သေနတ်တစ်လက်ကို ကိုင်ထားတဲ့ နေမင်းဟန်။

“နေမင်းဟန်.!!”

အခြေအနေတွေက အမြန်ဖြစ်ပျက်သွားတာကြောင့်
ဘာလုပ်ရမလဲမသိတော့။ဒီခနတာလေးမှာဘဲ မင်ဂလာဆောင်အခမ်းအနားတစ်ခုလုံးကို အနက်ရောင်၀တ်ဆင်ထားတဲ့လူတွေက ၀န်းရံလိုက်သည်။

ဘုန်းခ ၀န်းရံထားတဲ့ လူအယောက် ၁၀လောက်ကြည့်လိုက်သည်။သူ့တို့က ၃ယောက်ထဲ။မင်းခန့် ဘန်တို့ကို မျက်စပစ်ပြလိုက်သည်။‌ဘုန်းခတို့ ဆောနဒီလှိုင်တို့ကို ကာရံပေးထားလိုက်သည်။

“လာကြစမ်းပါ !!”

မင်းခန့် အော်ဟစ်လိုက်သံနဲ့အတူ ၀န်းရံထားတဲ့လူတွေက သူတို့ကို ဝိုင်းတိုက်ခိုက်ကြသည်။အင်အားမမျှတပေမဲ့
အရည်အချင်းမတူညီတာကြောင့် ဘုန်းခတို့ ၁၀ယောက်လုံးကို အသာလုပ်နိုင်သည်။

“တာတီး ငါ့လူတွေကို အကြောင်းပို့လိုက်စမ်း!!”

မင်းခန့် ဘာလုပ်ရမလဲမသိတဲ့ တာတီးကို မြင်တော့ မင်းခန့် အော်ဟစ်ကာပြောလိုက်သည်။တာတီးလည်း လန့်ကာ ခေါင်းအမြန်ညိမ့်ပြပြီး ‌သူ့တို့ဟိုတယ်ကိုအရောက်ပြန်သည်။

ကျန်ခဲ့တဲ့ ဘန်တို့ကတော့ ဒေါသနဲ့အတူ စိတ်ရိုင်း၀င်ကာ
သတ်ဖြတ်တဲ့အထိဖြစ်လာသည်။အဖြူရောင်နှင်းဆီတွေကလည်း သွေးရောင်တွေလွှမ်းကုန်သည်။တွေ့ရာပစ္စည်းတွေကို
လက်နက်အဖြစ်ယူကာ တိုက်ခိုက်ကြသည်။

ဘန် ထိုင်ခုံကို အားနဲ့ရိုက်ချိုးလိုက်သည်။စတီးခုံဖြစ်တာကြောင့် ချိုးသွားတဲ့ထဲက တုတ်ကိုကောက်ကာ နေမင်းဟန်ဆီချဉ်းကပ်လာသည်။

တုတ်ကိုဝေ့ရမ်းလိုက်ပြီး ‌သူ့ရှေ့က ပိတ်ထဲကောင်မှန်တမျှကို
ခေါင်းပိတ်ရိုက်ကာ နေမင်းဟန် ဆီဉီးတည်သွားလိုက်သည်။
ဘန် ကိုင်ထားတဲ့တုတ်မှာလည်း သွေးတွေနဲ့ပင်။
နေမင်းဟန် ရှေ့ရောက်‌တော့ သွေးလန့်နေတဲ့ နေမင်းဟန်ကိုတွေ့လိုက်ရသည်။

“ပစ်လိုက်စမ်း!!”

နေမင်းဟန် ဘန်ကိုချိန်ထားတဲ့ သေနတ်ကို ကိုင်ထားတဲ့လက်က တုန်ရီနေသည်။ဘန် ကောင်းကောင်းသိတော့ နေမင်းဟန်
မလုပ်နိုင်ဘူးဆိုတာ။

“ပစ်လိုက်လေ…..ခွေးကောင် “

နေမင်းဟန် တုန်ရီနေတဲ့အချိန်ကိုအခွင့်ကောင်းယူကာ
ဘန် လက်ထဲက တုတ်ကို တင်းတင်းကိုင်လိုက်ပြီး နေမင်းဟန် သတိမထားနိုင်ချိန် ပြေး၀င်လာကာ နေမင်းဟန်ရဲ့ ခေါင်းကို ပိတ်ရိုက်လိုက်သည်။နားစည်ပါ ပေါက်သွားတဲ့အထိပင်။

လဲကျတဲ့ နေမင်းဟန်ရဲ့သွေးတွေဟာ မြင်မကောင်းစရာ။
အသည်းခက်မတက် နာကျင်နေတဲ့နေမင်းဟန်က
သူ့သေတော့မယ်ဆိုတာ သိတာကြောင့် လက်ကျန်အားလေးနဲ့သူ့ကို စိုက်ကြည့်နေတဲ့ ဘန်ကို ပြုံးပြလိုက်သည်။

“ငါ..ကို..ခွင့်လွှတ်..ပေး..ပါ..ဟွတ် “

စကားပြောလိုက်တိုင်း သွေးတွေအန်နေသည်။အန်နေလဲ
နေမင်းဟန် နောက်ဆုံအသက်ရှူလိုက်ကာ

“ငါ…မင်း..ကို..သိပ်…ချစ်တယ်…ဘန်…တောင်း..ပန်..ပါ..တယ်…”

နောက်ဆုံးစကားသံလေး ပြီးတာနဲ့ တိတ်ဆိတ်သွားတဲ့အသက်ရှူသံ။ဘ၀ရဲ့အဆုံးသတ်ချိန်မှာ ဖွင့်ပြောခွင့်ရလို့
ငါသေပျော်ပါပြီ ဘန်။

သူ့ရှေ့တင် သေဆုံးသွားတဲ့ နေမင်းဟန်ကိုကြည့်ကာ
လက်သီးတင်းတင်းစုပ်မိသည်။ဘန် ပြီးဆုံးသွားပြီလို့ထင်လိုက်ပေမဲ့…။

“ဘန်….တေးငြိမ့်လွှားရော!!!”

တိုက်ခိုက်နေတဲ့ ဘုန်းခက ပတ်၀န်းကျင်ကို တစ်ချက်ကြည့်ကာ ငြိမ့်မရှိတာကို သတိထားမိတော့ ဘန်ဆီ အော်ပြောလိုက်သည်။ဘုန်းခ စကားကြောင့် ဘန် ရုတ်တရက် ကြောက်လန့်ခြင်းကို ခံစားမိလိုက်သည်။အမြန် ‌နားနေခန်းဘက်ကို ပြေးထွက်သွားသည်။

ကျန်ခဲ့တဲ့ လူတွေကတော့ အ‌နက်ရောင်ကောင်တွေကို အမှောက်သိပ်နေတုန်း တစ်စုံတစ်ယောက်ကတော့ ရင်ကွဲမတက်ခံစားနေရသည်။

“စု…ဘာမှမဖြစ်ဘူးနော် တောင့်ခံထား‌နော် “

စုပြည့်ဉီးကိုရင်ခွင်ထဲထည့်ကာ ‌ဆောနဒီလှိုင် ခပ်ဖွဖွပြောဆိုကာ ငိုကြွေးနေသည်။

“ဆော….ငါနာတယ်…ဟင့်…ငါနာနေပြီ အာ့”

“ကိုယ်သိတယ် ခနလေးဘဲ တောင့်ခံထားနော်….ဟင့်…”

ငိုတာကိုမကြိုက်တဲ့ စုပြည့်ဉီးက ဆောငိုနေတာကိုသတိထားမိသွားသည်။

“ဟင့်အင်း မငိုပါနဲ့ ..အင့် အဲ့တာက ပိုနာကျင်ရတယ်…ဆော”

“အင်း အင်း အင်း…ကိုယ် မငိုတော့ဘူးနော် စုလေး…”

စုပြည့်ရဲ့စကားကိုကြားတော့ ‌ဆော ပါးပြင်ပေါ်ကသူ့မျက်ရည်တွေကို အတင်းသုတ်ချကာ စုပြည့်ရဲ့မျက်နှာလေးကို ခပ်ဖွဖွကိုင်လိုက်သည်။

“ဆော…ငါ…ဆောကို…မမြင်ရတော့..ဘူးထင်တယ်….”

“ဟင့်အင်း မြင်ရမှာ မြင်ရမှာ အဲ့တာကြောင့် ကျေးဇူးပြု၍
တောင့်ခံထားပေးပါ…..ကိုယ်တောင်းပန်ပါတယ် ဟင့်”

“ဆော…..ငါအသက်မရှူနိုင်တော့တဲ့အချိန်ရောက်ရင်
မငိုရ…ဘူးနော်…”

“အဲ့လို မပြောနဲ့ စု အသက်ရှင်ရမယ်လေ…ကိုယ်ကို အထီးကျန်အောင် မလုပ်ပါနဲ့…”

“မ..ဖြစ်နိုင်တော့ဘူး….ထင်တယ်…..နောက်တစ်ခုက…
ငါ့ကို မီးမသဂြိုလ်နဲ့နော် ငါ့ပူမှာ…ကြောက်တယ်…”

“ကျေးဇူးပြု၍…အဲ့လိုမပြောပါနဲ့….အင့် ကိုယ်တို့ လက်ထပ်တော့မှာလေ..အချစ်ရ…”

“‌ငါ..အိပ်ချင်လာပြီ…ဆော”

“မအိပ်နဲ့!!…ကိုယ်ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့!!”

“မရတော့…ဘူး…ဆော….ရှေ့ဆက် ပျော်..အောင်နေနော်..
ငါ….မခံ..နိုင်တော့ဘူး..ငါ…‌အိပ်ပျော်သွားရင်…အဲ့..နာကျင်မှုတွေ…ပျောက်သွားမှာ..ဟာ့.”

“မဟုတ်ဘူး မဟုတ်ဘူး”

စုပြည့် ဆောရဲ့မျက်နှာလေးကို အသာပုတ်သပ်လိုက်သည်။
ဆော ပါးပြင်ပေါ်က ကျနေတဲ့မျက်ရည်လေးကို သုတ်ပေးလိုက်ပြီး နောက်ဆုံးအနေနဲ့ ချစ်ရတဲ့သူလေးကို ထိတွေ့ခွင့်ရတာဘဲ။

“ဟင့်….ချစ်တယ်..ဆော…”

ဘ၀ရဲ့နောက်ဆုံးစကားလေး ပြောပြီးသားနဲ့ စုပြည့်ဉီးရဲ့လက်လေးက ဆောနဒီလှိုင်ရဲ့မျက်နှာပေါ်ကနေ စွန့်ခွာသွားလေခဲ့သည်။ဆော စုပြည့်ဉီးကို ရင်ခွင်ထဲထည့်ကာ နာကျင်စွာငိုကြွေးမိသည်။

“စုလေး စုပြည့်ဉီး…ကိုယ်ကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့ဆို…ဟာ့..ကိုယ်နဲ့…မိသားစုဘ၀လေး တည်ဆောက်မယ်ဆို
ဘာလို့လဲ ဘာလို့လဲ!!..အားးး”

အေးစက်သွားတဲ့ စုပြည့်ဉီးကိုဖက်ကာ ငိုကြွေးသံဟာ လှိုင်းသံထက် ဆူညံနေသည်။ချစ်ရသူကို တရား၀င်ပိုင်ဆိုင်ရတော့မယ်လို့ မျှော်လင့်ထားခဲ့တာ။
နှင်းဆီပန်းတွေဟာလည်း သွေးတွေနဲ့ဖုံးလွှမ်းသွားသည်။

“အား…ဟင့်..တစ်ယောက်လောက် ငါ့စု..ကို ကယ်ပေးကြပါ….မဟုတ်ဘူး မဟုတ်ဘူး..ကိုယ်ကို စနေတာမလား ဟင်..ဟင်”

စုပြည့်ဉီးကိုရင်ခွင်ထဲထုတ်ကာ ‌အသိစိတ်လွတ်ကာ မေးနေတဲ့ ဆောနဒီလှိုင်။နေမင်းဟန်ရဲ့လူတွေကိုရှင်းပြီးသွားတဲ့ ဘုန်းခနဲ့မင်းခန့်က..ဆောနဒီလှိုင်နဲ့အတူ မျက်ရည်ကျမိသည်။

“စု…ကိုယ်ကိုမစပါနဲ့တော့!!….ကိုယ် မနေနိုင်ဘူး..စုမရှိဘဲနဲ့
ဟင့်..ကျေးဇူးပြု၍ ပြန်လာပေးပါ ပြန်လာပေးပါလို့!!”

အသေကုန်အော်ဟစ်ကာ ငိုကြွေးနေတဲ့ သူတို့သူငယ်ချင်းကို
ဘယ်လိုဖြေသိမ့်ပေးရမလဲ မသိဖြစ်နေခဲ့သည်။ဘုန်းခ ကိစ္စတစ်ခုကို သတိရသွားပြီး

“မင်းခန့် ဘန်နောက်လိုက်သွား…ငါ့သူငယ်ချင်းနောက်တစ်ယောက် ဒီလို ခံစားရတော့မှာကို ငါမကြည့်ရက်နိုင်တော့ဘူး”

“အေး အေး”

မင်းခန့် ဘုန်းခစကားကိုကြားတာနဲ့ ချက်ချင်း နားနေခန်းကိုပြေးသွားခဲ့သည်။ကျန်ခဲ့တဲ့ ဘုန်းခက သူ့သူငယ်ချင်းရဲ့ ပခုံးကိုအသာဖက်ကာ ဖြေသိမ့်ပေးရှာသည်။

“ဆောနဒီလှိုင်ရာ အသိစိတ်ကပ်ထားစမ်းပါဟာ….ငါ..ဘယ်လိုနှစ်သိမ့်ပေးမှန်းတောင်..မသိ‌တော့ဘူး”

“ဘုန်းခ..ဘုန်းခ..ငါ့စုလေး ငါ့ကိုထားသွားပြီ..သိလား
ငါမှာ..ဘာမှမရှိတော့ဘူးဟာ…ငါရင်ကွဲမတက် နာကျင်နေရတယ်ဟာ….ကျေးဇူးပြု၍ ပြန်ခေါ်ပေးကြပါ…”

အသံတွေတုန်ရီစွာနဲ့ ဘုန်းခရဲ့လက်ကို ဆွဲကာ ဘယ်လိုခံစားနေရလဲဆိုတာ ပြောလာတဲ့ ဆောနဒီလှိုင် ဘယ်လောက်နာကျင်နေရမလဲဆိုတာ နားလည်သည်။

“ငါစုပြည့်ဉီး…ဘာအမှားလုပ်မိလို့လဲ…ဘာလို့လဲ ဘာလို့လဲ..
မကြာခင်…သူငါ့ကို..မြင်ရတော့မှာ….ဘာလို့လုပ်ရက်ကြတာလဲ…ဟင့်…”

“အင်း…ဟ့..နင်ငိုတာကို သူမကြိုက်ဘူးလေ…မငိုပါနဲ့တော့ဟာ…”

“ဟင်…ဟုတ်သားဘဲ…ငါငိုနေလို့ ငါ့စုလေး စိတ်ဆိုးသွားတာ….စုလေး ကိုယ်မငိုတော့ဘူး..အဲ့တာကြောင့်..လေ..ကိုယ့်ဆီ ပြန်လာ‌တော့”

အသိစိတ်မကပ်နိုင်တော့တဲ့ ဆောက အသက်ရှူရပ်သွားတဲ့စုပြည့်ဉီးကို လှုပ်နှိုးသလိုမျိုး လုပ်နေသည်။ဘုန်းခလည်း
ဒီအခြေအနေကို ဘယ်လို ကြည့်ရက်နိုင်ပ့မလဲ….။

စုပြည့်ဉီးကြိုက်တဲ့ အဖြူရောင်နှင်းဆီတွေနဲ့အလှဆင်ထားတဲ့
မင်ဂလာပွဲဟာလည်း ၀မ်းနည်း‌ကြေကွဲစရာတွေနဲ့ ပြည့်နှံနေခဲ့သည်။

လက်ထပ်ခံနီးမှ အဖြစ်ဆိုးကြီးကို တွေ့လိုက်ရတဲ့ ဆောနဒီလှိုင်မှာတော့ ရင်ကွဲမတက် ခံစားရသည်။တစ်ဉီးတည်းသောချစ်ရသူကလည်း ထားသွားခဲ့လေသည်။အချစ်ဉီးကို ပိုင်တောင်မဆိုင်လောက်ရဘဲ သေကွဲ ကွဲသွားလေသည်။

အသက်ရှူရပ်သွားတဲ့‌သတို့သမီးလောင်းလေးက သူ့ရဲ့နာကျင်မှုကို နှုတ်ဆက်သွားလေသည်။ချစ်ရတဲ့လူကိုလည်းထားသွားခဲ့လေသည်။ငယ်စဉ်ကတည်းက လောကကြီးကိုမမြင်နိုင်တော့ဘဲ နာကျင်မှုတွေကို တစ်ယောက်တည်းခံနေရတော့လည်း ပင်ပန်းနေပြီပေါ့။အခုတော့ အဲ့သတို့သမီးလောင်းလေးဟာ သူ့နာကျင်မှုမရှိတဲ့နေရာကို လွတ်လပ်စွာပျံသန်းသွားလေသည်။

ထားသွားတဲ့လူကတော့ ထားသွားတော့ ကျန်ရစ်သူက
သူ့ရဲ့ရှေ့ဆက်ဘ၀တစ်ခုလုံး လွမ်းဆွတ်ကာ နာကျင်ရတော့မည်လေ။ထားသွားတဲ့လူထက် ကျန်ရစ်သူက ပိုနာကျင်ရတယ်ဆိုတဲ့ စကားက တကယ်မှန်နေတယ်လို့ ထင်ပါရဲ့။

12.4.1995 သောကြာနေ့ ကနေ မွေးဖွားခဲ့တဲ့ ကောင်မလေးဟာ အသက်၂၈နှစ် 30.3.2024 စနေနေ့မှာ လောကကြီးကိုနှုတ်ဆက်သွားလေသည်။အခုလာမဲ့
၄လပိုင်း၁၂ရက်နေ့ အသက်၂၉နှစ်ပြည့်မဲ့မွေးနေ့လေးတောင် မဖြတ်သန်းလိုက်ရဘဲ…‌ဆုံးပါးသွားခဲ့ပြီလေ။
…………………….
…………………….
A/N

အခုတော့ စုပြည့်ဉီးလေးလည်း သူ့နာကျင်နေရတဲ့ဒုက္ခတွေကို
နှုတ်ဆက်သွားခဲ့ပြီလေ။ဆောင်းရဲ့သမီးစုလေးက ဒီလောက်
ဘ၀တစ်ခုလုံးကို မိဘတွေရဲ့စွန့်ပစ်မှု…..မျက်မမြင်တော့တဲ့အခြေအနေအထိ ရောက်ခဲ့မှတော့လည်း ပင်ပန်းနေပြီ ထင်ပါရဲ့။

#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 29, novel Coffee With Honey (Complete) part 29, read Coffee With Honey (Complete) part 29 online, Coffee With Honey (Complete) part 29 chapter, Coffee With Honey (Complete) part 29 high quality, Coffee With Honey (Complete) part 29 light novel, ,

Comment

Leave a Reply

Chapter 31