Coffee With Honey (Complete) part 31

All chapters are in Coffee With Honey (Complete)
A+ A-

ပုသိမ်မြို့ရှိ ဆေးရုံ။

ညတွင်းချင်း သတင်းကြားကာ ရောက်လာကြတဲ့ မိသားစု၀င်တွေကြောင့် ခွဲစိတ်ခန်းရှေ့မှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ဘုရားစာ ရွတ်ဖတ်နေတဲ့လူတွေက ဘယ်လောက်စိုးရိမ်နေလဲဆိုတာ သိသာသည်။

“ယောက်ျား ကျွန်မတို့ သားလေး အဆင်ပြေမှာပါနော်”

ဒေါ်ခင်နွယ်ယဉ် ဘုရားစာတွေ ရွတ်ဖက်ကာ မေးလိုက်သည်။
ဉီးထွန်းသစ္စာလည်း သူ့မိန်းမ စိတ်သက်သာရာ ရသွားအောင် ဖြေပေးလိုက်သည်။

“အင်းပေါ့ ကိုယ့်တို့သားလေးက အသက်ပြင်းတယ်လေ မိန်းမရဲ့”

မျက်ရည်တွေ စိုချွဲနေတဲ့ ဒေါ်ခင်နွယ်ယဉ်ကလည်း ဉီးထွန်းသစ္စာရဲ့စကားကို ခေါင်းသာ ညိမ့်နိုင်တော့သည်။မိခင်ဆိုတော့လည်း ခံစားရတာပေါ့လေ။
တေးငြိမ့်လွှား ခွဲစိတ်ခန်း၀င်သွားတာ ၂နာရီလောက်ရှိသွားပြီပင်။

ဘုန်းခတို့လည်း တချို့ ကိစ္စတွေကို ပြောပြဖို့အတွက် ရောက်လာသည်။ဘုန်းခ ဉီးထွန်းသစ္စာ ရှေ့ရောက်သည်နှင့်
ခေါင်းငုတ်ကာ အရိုအသေ ပေးလိုက်သည်။ဘုန်းခ စကားမစခင် ပွင့်လာတဲ့ ခွဲစိတ်ခန်းတံခါး။ဒေါ်ခင်နွယ်ယဉ်တို့လည်း
ဆရာ၀န်ထွက်လာသည်နှင့် ချက်ချင်း ဆရာ၀န်နား ပြေးသွားကြသည်။

“ကျွန်မ သားလေး ဘယ်လိုနေသေးလဲဟင်..”

ဒေါ်ခင်နွယ်ယဉ်ရဲ့ မေးခွန်းကြောင့် ဆရာ၀န်က ခပ်ပြုံးပြုံး ပြုံးလိုက်သည်။

“အဆင်ပြေတယ် အဒေါ်ရဲ့ ကျည်ဆံက အထဲထိမရောက်သွားလို့ အဆင်ပြေသွားတယ် ပြီးတော့ လက်မောင်းနဲ့ခါးကိုဘဲ ထိသွားတာလေ ပုံမှန်လူဆို အသက်မရှင်နိုင်တော့ဘူး
အဒေါ်သားက အသက်ပြင်းလိုက်တာ ကျွန်တော်တောင် အံ့ဩတယ်”

ဆရာ၀န်ရဲ့ စကားသံကြောင့် ဒေါ်ခင်နွယ်ယဉ်တို့လည်း
အပြုံးပေါ် ပြန်ဖြစ်ပေါ်လာသည်။ဘုန်းခလည်း စိတ်ထဲကနေ
ဘန် အတွက် ဂုဏ်ယူနေတာပေါ့။သူ့သာ ဒီသတင်းကြားရင်
ဘယ်လောက်ပျော်နေပ့မလဲ။

“ကျေးဇူးပါနော် ဆရာ…..ကျေးဇူးပါနော်”

“ရပါတယ်ဗျာ အဒေါ်သားကလည်း ချစ်ရသူတွေကို မထားခဲ့နိုင်လို့နေမှာ….ဒါဆို ကျွန်တော် သွားလိုက်အုံးမယ်နော်”

“ဟုတ်ကဲ့ “

ဆရာ၀န် ထွက်သွားတာနဲ့ ဉီးထွန်းသစ္စာက သူ့မိန်းမ ပါးပြင်ကမျက်ရည်တွေကို သုတ်ပေးလိုက်သည်။

“တွေ့လား ကိုယ်ပြောပါတယ် ကိုယ်တို့သားက အသက်ပြင်းပါတယ်ဆို”

သတင်းကောင်း ကြားပြီးသာနဲ့ ဘုန်းခ ဒေါ်ခင်နွယ်ယဉ်တို့ရှေ့မှာ ဒူးထောက်လိုက်သည်။ ဘုန်းခ အပြုအမူကြောင့် ဦီးထွန်းသစ္စာတို့လည်း အံ့ဩသွားရသည်။

“ကျွန်တော်တို့ တောင်းပန်ပါတယ် “

“ဟင် ဘာကြောင့်လဲ”

“………..”

ဘုန်းခ ပြောမထွက်နိုင်ဖြစ်ရသည်။ဘာလို့ဆို ငြိမ့်နိုးလာရင် သူ့တို့ကိုတောင် မှတ်မိပ့မလား ဆိုတဲ့ကိစ္စပေါ့။ထိုအချိန်

“အမေ…”

ရုတ်တရက်အသံလာရင်ကြည့်တော့ ဝီးချဲနဲ့ ရောက်လာတဲ့ ဘန်ပင်။လူနာ၀တ်ဆုံကို ၀တ်ထားပြီး ဆေးကုသပြီးတဲ့နောက် ရောက်လာခဲ့သည်။ဘန် နောက်မှာ ဝီးချဲတွန်းလာပေးတဲ့ မင်းခန့်နဲ့ ဘန်အဘိုးလည်း ပါလာသည်။

“ဘန်…..မင်းဒီကို”

“အမေ…တောင်းပန်ပါတယ်”

လက်အုပ်ချီကာ တောင်းပန်ပါတယ် ဘန်ကြောင့် ဉီးထွန်းသစ္စာတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်ကြသည်။

“နေပါဉီး မင်းတို့ဘာကြောင့် တောင်းပန်နေကြတာလဲ”

ဉီးထွန်းသစ္စာလည်း မေးလိုက်သည်။

“ကျွန်တော်….ငြိမ့်ပေါ်….အတ္တကြီးမိသွားတယ်……”

“ဟမ်…..”

“ငြိမ့်နိုးလာခဲ့ရင်…..ကျွန်တော့်တို့အားလုံးကို……..မေ့သွားလိမ့်မယ်”

ဘန် ရဲ့စကားကြောင့် ဉီးထွန်းသစ္စာတို့လည်း ကြောင်အအဖြစ်သွားခဲ့သည်။

“မင်း ဘာဆိုလိုတာလဲ…..ငါ့သားဘာဖြစ်သွားမှာ”

ဒေါ်ခင်နွယ်ယဉ်ရဲ့ တုန်လှုပ်တဲ့စကားသံကိုကြားတော့
ဘန် ဘာဆက်ပြောရမလဲဆိုတာ မသိတော့။
ဘုန်းခ အခြေအနေကိုရိပ်မိတာကြောင့် ဘန်ရှေ့ကနေ ပြောပြလိုက်သည်။

“တေးငြိမ့်လွှားက….ကောင်းစေသူဆိုတဲ့ကောင်လေး ဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့အသိစိတ်မဲ့သလို ဖြစ်သွားခဲ့ပါတယ်အဒေါ် အဲ့တော့ ကျွန်တော်သူငယ်ချင်း ဘန်က ငြိမ့် အဲ့လိုခံစားနေရတာကို မကြည့်ရက်တာကြောင့် မှတ်ညဏ်တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားစေမဲ့ ဆေးကို ‌ထိုးလိုက်မိတာပါ အဲ့တာကြောင့် တေးငြိမ့်လွှား နိုးလာရင်…..ကျွန်တော််တို့ရော အန်တီတို့ကိုပါ မေ့သွားနိုင်ခြေ….ရှိပါတယ်…”

“ဘာ!!…”

ဒေါ်ခင်နွယ်ယဉ်ရဲ့ ဒေါသထွက်စွာ အော်ဟစ်သံကိုကြားတော့
ဘန် တုန်လှုပ်သွားခဲ့ကာ ခေါင်းဘဲငုတ်ထားနိုင်သည်။

“ထရစ်….မင်းပြော သူ့ပြောတာအမှန်ဘဲလား”

ဉီးထွန်းသစ္စာရဲ့ စကားသံကိုကြားတော့ ဘန် ခေါင်းညိမ့်လိုက်မိသည်။

“ဟာ့….မင်းကို ယုံလို့ ငါ့သားကို မင်းဆီအပ်မိတာလေ အခုတော့…..ငါ့တို့ ယုံကြည့်မှုကို ဖြိုခွဲလိုက်တာဘဲ”

ဉီးထွန်းသစ္စာလည်း ဒေါသစွာပြောလာသည်။ဒေါ်ခင်နွယ်ယဉ်ကတော့ စိတ်တိုနေတဲ့ပုံပင်။ဘန်လည်း ဘာမှမပြောနိုင် ဖြစ်နေခဲ့တယ်။ဘန်အဘိုးလည်း

“သစ္စာ….ဒီကိစ္စကို လုပ်လိုက်တာက ခများတို့သား ကောင်းဖို့အတွက်ပါ ကျေးဇူးပြု၍ နားလည်ပေးပါဗျာ”

“အဘိုး…”

လက်အုပ်ချီကာ မေတ္တာရပ်ခံလာတဲ့ ခွန်းဆာရက်ကို ဘန်မော့ကြည့်နေမိသည်။သူ့အဘိုးအခုလို ‌ခွင့်လွှတ်ဖို့ ပြောတာကိုတစ်ခါမှမကြားဖူးပါ။အခုတော့ သူ့ကြောင့် တောင်းပန်နေရပြီဆိုတဲ့အတွေးက ဘန် အတွက်ပူလောင်လွန်းတယ်။

“ခွင့်လွှတ်ပေးပါ ကျေးဇူးပြ၍…..ကျွန်တော် ငြိမ့်ကို ပြန်မှတ်မိလာအောင် လုပ်ပေးပ့မယ်‌….အဲ့တာကြောင့် ကျွန်တော်ဆီက‌နေ ငြိမ့်ကို ပြန်မခေါ်သွားပါနဲ့…….”

“………..”

လက်အုပ်ချီကာ မျက်ရည်‌များနဲ့‌ တောင်းပန်ပါတယ် ဘန်အဖြစ်ကိုကြည့်ကာ ခွန်းဆာရက်နဲ့မင်းခန့်တို့လည်း မျက်နှာမကောင်း။မင်းခန့်လည်း ဘုန်းခနဲ့အတူ ဒူးထောက်လိုက်ပြီး
ဉီးထွန်းသစ္စာတို့ဆီမှာ ခွင့်လွှတ်မှုတောင်းခံကြသည်။

မျက်ရည်များတဲ့ သူ့တို့ရှေ့မှာ တောင်းပန်နေကြတဲ့ လူတွေကိုကြည့်ပြီး ဒေါ်ခင်နွယ်ယဉ်လည်း မျက်ရည်ဝဲမိပါသည်။
ဘယ်ကနေ ဘယ်လို နားလည်ရမလဲတောင် မသိတော့ဘူး။
သူ့တို့ကလည်း မိဘဖြစ်တဲ့လူမို့ သူ့တို့သား‌ မေ့သွားမယ်ဆိုတဲ့အတွေးက ခံစားစေရသည်။ဒေါ်ခင်နွယ်ယဉ် ဉီးထွန်းသစ္စာကို ဘာလုပ်ရမှာလဲ ဆိုတဲ့အကြည့်တွေနဲ့ကြည့်လိုက်သည်။ဉီးထွန်းသစ္စာလည်း ခေါင်းညိမ့်ပြလိုက်သည်။ဘာလို့ဆို
သူ့သားပေါ်ထားတဲ့ သမတ်ရဲ့အချစ်က သူ့တို့ထက် ဆန်းကြယ်နေလို့လေ။

“အခုလို…ဖြစ်လာပြီဆိုတော့လည်း ငါ့တို့ဘက်က နားလည်ပေးရတော့မှာပေါ့….ငါ့သားကို မင်းဒီထက်ပိုပြီး စောင့်ရှောက်နိုင်ဖို့ဘဲ မျှော်လင့်ပါတယ်”

‌ဆိုကာ ထွက်သွားတဲ့ ဒေါ်ခင်နွယ်ယဉ်။
ဒေါ်ခင်နွယ်ယဉ်ရဲ့စကားကို ကြားတော့ ဘန် မျက်နှာပေါ်မှာ
အပြုံးတွေ ပြန်ပေါ်လာခဲ့တယ်။ဉီးထွန်းသစ္စာလည်း သူ့ပခုံးကိုပုတ်သွားပြီး နှစ်သိမ့်ပေးလိုက်တဲ့ ပုံရိပ်ပင်။ဉီးထွန်းသစ္စာတို့ ထွက်သွားတာနဲ့ မင်းခန့်တို့လည်း ဘန် ကိုလက်မထောင်ကာ
အားပေးလာကြသည်။

ကိုယ်အားလုံးကိုလည်း ရှင်းပြပြီးသွားပြီ အခု မင်းသတိရဖို့ဘဲ ကျန်တော့တယ် လို့တွေ့မိပါရဲ့။

………………………..
………………………..
ပုသိမ်ဆေးရုံရဲ့ ရင်ခွဲရုံမှာပင်။
လူနာ၀တ်ဆုံလေးနဲ့ အနွေးထည်လေးကိုခြုံကာ လေးလံတဲ့ခြေလှမ်းတွေနဲ့ ရင်ခွဲရုံထဲသို့ ၀င်ရောက်လာသည်။
ဆောနဒီလှိုင်နောက်ကနေ တာတီးလည်းပါလာသည်။

ရင်ခွဲရုံရဲ့အလယ် အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့အမျိုးသမီးတစ်ဉီး။ပိတ်စရဲ့အဖြူရောင်ကြီးကို မျက်နှာကိုမဖုံးထားဘဲ ရင်ဘတ်လောက်ဘဲ ခြုံထားသည်။

ဆောနဒီလှိုင် အဲ့အမျိုးသမီးကိုမြင်တာနဲ့ ပါးပြင်ပေါ်ကမျက်
ရည်တွေစီးကျလာသည်။ထိုအမျိုးသမီး နားတိုးသွားပြီး

“အရမ်းအေးနေလား စု……မင်းက‌တော့ ကိုယ်ကိုထားခဲ့ပြီ
ကိုယ်….ဘယ်သူ့ကို လက်ထပ်ရတော့မှာလဲ….ဟင်
တစ်ခုခုပြောပါအုံးလား မကြာခင်…စု မင်းမြင်ရ‌တော့မှာလေ
ဟင့်…..အဲ့အချိန်ကို ဘာလို့မစောင့်နိုင်ရတာလဲဟာ….”

ဆောနဒီလှိုင် အသိစိတ်မဲ့စွာနဲ့ ပြောနေမိသည်။
အဲ့စကားတွေကလည်း ဘယ်လောက်လွမ်းဆွတ်နေမှန်းသိသာသည်။

“စုရယ် ကိုယ်ဘေးနားက ထွက်သွားတာ အချိန်ခနလေးဘဲ ရှိသေးတယ်ဆိုပေမဲ့….အဲ့အချိန်ခနလေးမှာဘဲ ကိုယ်ရူးမတက် နာကျင်နေရပြီ ဆိုတာ သိလား…….ဟင့် ရှေ့ဆက်ပြီး ကိုယ်ဘယ်လိုနေရတော့မှာလဲ…..”

ဆောနဒီလှိုင် တဖြည်းဖြည်းလုံး၀အသိစိတ်တော့မှာကို ရိပ်မိလာသည်။တာတီး ဖုန်းထုတ်ကာ ဆောကို ခနထားခဲ့ကာ
ဘုန်းခတို့ကို ဖုန်းဆက်ဖို့ အပြင်ထွက်လာခဲ့သည်။

“ဟယ်လို…”

“ပြော”

“ဟိုလေ အခု မမလေးဆောက ရင်ခွဲရုံထဲမှာရောက်နေတာ “

“ရင်ခွဲရုံ…?……သူ့စုပြည့်ဉီးကိုသွားတွေ့တာလား”

“ဟုတ်တယ် ဒါမဲ့ သူ့အသိစိတ်မဲ့လာသလို ခံစားမိလာလို့
ရုပ်တည်ကြီးနဲ့ပြောနေတာ အကို‌လေး ဒီကိုလာပေးလို့မရဘူးလား”

“အေး ငါအခု လာခဲ့ပြီ မင်းသူ့ကိုကြည့်ထား”

“ဟုတ်ကဲ့ပါ”

ခနတာလောက် ဖုန်းပြောပြီးတာနဲ့ တာတီး ရင်ခွဲရုံထဲ ပြန်၀င်လာသည်။ ဒါမဲ့သူအခုတွေ့လိုက်ရတာက

“အား…အမ ဆော!!”

သွေးအန်ထဲမှာ လဲကျနေတဲ့ဆော။
လည်ပင်း သွေးတွေက မြင်မကောင်းစွာ ဖြစ်နေခဲ့သည်။
ဆောနဒီလှိုင်လက်ထဲမှာလည်း ဘယ်ကနေ ယူလာမှန်းမသိတဲ့ ဓားတစ်ချောင်း။
‌
“ကယ်ကြပါဉီး…”

တာတီးအသံက ရင်ခွဲရုံတစ်ခုလုံးကိုဖုံးလွှမ်းထားသည်။
‌‌အဲ့အသံတွေကို ဆောနဒီလှိုင်မကြားနိုင်လိုက်။
သူ့အခုမြင်နေရတာ မှုန်ဝါးနေသည်။
လည်ပင်းက နာကျင်မှုကလည်း စုပြည့်ဉီးဆီ ခေါ်ဆောင်သွားခဲ့သည်။တာတီးထွက်သွားတဲ့အချိန်ခနလေးမှာဘဲ ဖြစ်ပျက်သွားတဲ့အခြေအနေပေါ့။

တာတီး အော်ဟစ်ကာ အကူအညီတောင်းနေအချိန် ဘုန်းခ ၀န်ထမ်းရောက်လာခဲ့သည်။သူလည်း ထပ်တူတွေ့လိုက်ရတာက သူ့တို့သူငယ်ချင်းပေါ့။

“ဆောနဒီလှိုင်!!”

ဘုန်းခ အမြန် ဆောနဒီလှိုင်နား ပြေးသွားကာ ဆောနဒီလှိုင်ကိုပွေ့ချီဖို့လုပ်လိုက်ပေမဲ့ မျက်ရည်များနဲ့ခေါင်းခါတဲ့ ဆောနဒီလှိုင်ကြောင့် ရပ်တန့်လိုက်ရသည်။

“ငါ့….စုနောက် လိုက်သွားမှာ…အာ့…သူ့ငါ့ကိုစောင့်နေတယ်ဆိုတာ ငါသိတယ်…ဟာ့”

“ဆောနဒီလှိုင်ရယ်….ဘယ်လောက်ရူး‌မိုက်ရတာလဲဟမ် အဲ့လောက်ထိ သူ့ကိုချစ်တာဘဲလား…ဟမ်”

“အင်း…ဘုန်းခ…ဟင့်…နင်က ငါ့ရဲ့..သူငယ်ချင်းကောင်းပါ
ကျန်တဲ့လူတွေလည်း…ပြောပေးပါ….ငါနင်တို့ကို ချစ်တယ်ဆိုတာ မပြောဖြစ်ပေမဲ့……ဟ့…ဟင့်….ငါ့သံယောဇဉ်ရှိပါတယ်…..‌ဒါပေမဲ့…ငါ…စုမရှိရင်…မနေနိုင်ဘူး….မွန်းကြပ်တယ်….”

“အဲ့တာကြောင့်….ငါ့တို့ကို…ထားခဲ့မလို့လား…ဟမ် ပြောစမ်းပါဟာ….”

“ငါတောင်းပန်ပါတယ်….နင်တို့နဲအတူ….လျှောက်မသွားနိုင်တော့ဘူး…..ဟင့်…နင့်တို့ကိုချစ်တယ်နော်….ငါ့တစ်ခု တောင်းဆိုပါရစေ…နောက်ဆုံးတစ်ခုပါ”

“ပြောလေ…ငါနားထောင်နေတယ်…တာတီး မင်းခန့်တို့ကိုအမြန်သွားခေါ်ပေး”

ဘုန်းခ သူ့သူငယ်ချင်းကိုဆုံးရှုံးလိုက်ရဝောာ့မှာကြောင့် မင်းခန့်တို့ကိုခေါ်ခိုင်းလိုက်သည်။ဘာလို့ဆို မင်းခန့်တို့ ရောက်လာတဲ့အချိန် ဆောအသက်မမှီတော့မှာကို စိုးရိမ်လို့ပင်။

“ငါ့ကို….စုနဲ့အတူ မြေမြုပ်ပေးပါ…..နော် မဟုတ်ရင် စုအထီးကျန်လိမ့်မယ်….ပြီးတော့ မီးမသဂြိုလ်ပါနဲ့ ငါ့စုကပူမှာကြောက်တယ်…..နော်….အ့”

“အေးပါကွာ…ငါလုပ်ပေးပ့မယ်ဟာ…..”

ဘုန်းခ မျက်ရည်မကျတဲ့လူတောင် အခုငိုနေရပြီ။

“နင်တို့ကို ချစ်တယ်‌နော်…ဟာ့…ငါစုကို တွေ့ရပြီ…လိုက်သွားရတော့မယ်….ဟင့်…ဘန်တို့ကိုပြောပေးပါ…ငါနှုတ်ဆတ်ပါတယ်လို့….”

“ဟင့်အင်း မဟုတ်သေးဘူးလေ….ခနလောက်သည်းခံထားပေးပါ ဆောရယ်”

“ဟင့်…နှုတ်ဆက်ပါတယ်….”

ဘုန်းခ စကားကိုတော့ ဆောနဒီလှိုင် မဖြည့်စည်းပေးလိုက်။
ဘန်တို့မရောက်လာခင်မှာဘဲ ဘုန်းခလက်ပေါ်မှာတင် မျက်လုံးမှိတ်သွားခဲ့သည်။

“ငါသူငယ်ချင်းရယ် ငါတို့လည်း ချစ်ပါတယ်ကွာ…..”

ဘုန်းခ ဘာမှမပြောနိုင်ဘဲ ဆောနဒီလှိုင်ပွေ့ဖက်ထားကာ တိတ်တဆိတ်ငိုကြွေးတော့သည်။မကြာခင်ဘဲ မင်းခန့်နဲ့ဘန် ရောက်လာကြသည်။ဘုန်းခ လက်ထဲက ဆောနဒီလှိုင်ကိုကြည့်ကာ

“တောက်ခ် ငါ့တို့ ‌အမြန်ပြေးလာခဲ့သင့်တာ…အခုဆောကို မမှီသွားဘူးကွာ”

မင်းခန့် ကိုယ်ကိုကိုယ်ဒေါသထွက်ကာ ရေရွတ်လိုက်ကြသည်။ဘန်တို့လည်း တိတ်ဆိတ်ငိုကြွေးနေရသည်။တကယ်တမ်းတော့ ကျန်ရစ်သူက ဆောမဟုတ်ပါ။ကျန်ရစ်သူက သူ့သူငယ်ချင်းတွေပါ။

အခုတော့ ကောင်းကင်ဘုံမှာ ဆောနဲ့စု ပြန်ဆုံတွေ့နိုင်ပြီ ထင်ပါရဲ့။၀မ်းနည်းပူဆွေးမှုတွေကို မြေပြင်ပေါ်မှာထားခဲ့ပြီး ကြည်နူးမှုတွေရှိရာ စုနောက်ကို ဆော ယနေ့ချိန်မှာ လိုက်သွားခဲ့လေသည်။အခုတော့ ဆောနဒီလှိုင်နဲ့စုပြည့်ဉီးဆိုတဲ့ ချစ်သူတွေဟာ ငြိမ်းချမ်းစွာ ကောင်းကင်ပေါ်မှာ အတူလက်တွဲသွားကာ နေထိုင်လေတော့သည်။

၃၁.၃.၂၀၂၄တွင် သေဆုံးသည်။
…………………….
…………………….
A/N

ဆောင်း တစ်ခု‌ပြောစရာ ရှိတယ် ဆော သေဆုံးတဲ့ရက်ကို
စုနဲ့တစ်ရက်ခြားအောင် လုပ်ပေးလိုက်မယ်နော်……။

#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 31, novel Coffee With Honey (Complete) part 31, read Coffee With Honey (Complete) part 31 online, Coffee With Honey (Complete) part 31 chapter, Coffee With Honey (Complete) part 31 high quality, Coffee With Honey (Complete) part 31 light novel, ,

Comment

Leave a Reply

Chapter 33