Coffee With Honey (Complete) part 7

All chapters are in Coffee With Honey (Complete)
A+ A-

သုံးလေးရက်လောက် ကြာပြီးနောက် နောက်ဆုံးတော့ အဖြူရောင်အဆင်အပြင်တွေနဲ့ မင်ဂလာအခမ်းအနားကြီးက
ကျင်းပချိန်တန်နေပြီလေ။

ခန်းမရဲ့နားနေခန်းတစ်ခုမှာတော့

“မေကြီး အီးဟီး….သားကိုမမေ့နဲ့နော် မေကြီး ဟင့်”

ငြိမ့်လွှား ရွှေရောင်ကွက်ထားတဲ့မင်ဂလာ၀တ်ဆုံကို၀တ်ထားကာ ဒေါ်ခင်နွယ်ငြိမ့်ကို ဖက်ကာ မျက်ရည်တွေနဲ့ငိုကြွေးနေသည်။ဘေးနားက ဉိးထွန်းသစ္စာလည်း ဒီသားအမိတွေဆက်ချစ်နေရင်တော့ မင်ဂလာဆောင်ရမှာမဟုတ်တော့ဘူးဆိုတာ သိနေသည်။

“ကဲ မိန်းမလည်းတော် သားလည်းတော်ကြပါ‌တော့ မငိုနဲ့တော့ ငိုရင်မလှဘူးလေ”

“လှတာဟုတ်ဘူး ချောတာ”

ငိုနေရင်တောင် ငြိမ့်တစ်ယောက် သူ့ရုပ်ကိုဂုဏ်ယူလို့မပြီးပါ။
ငြိမ့်စကားကြောင့် ဉီးထွန်းသစ္စာ ရယ်မိသွားသည်။

“အေ့ပါ ကဲ မိန်းမ ကိုယ်တို့ အပြင်မှာသွားစောင့်ရအောင် မကြာခင် ပွဲစတော့မှာမို့လို့လေ”

“‌အင်း သား အမေတို့စောင့်နေမယ်နော်”

ဆိုကာ ဒေါ်ခင်နွယ်ငြိမ့်တို့လည်း ထွက်သွားဖို့ပြင်လိုက်သည်။

“အမေ သားကိုမမေ့နဲ့နော်”

ငြိမ့်လှမ်းအော်တဲ့စကားကိုဒေါ်ခင်နွယ်ငြိမ့် ပြုံးမိကာ ခေါင်းညိမ့်လိုက်သည်။ထိုမှသာ ငြိမ့်လည်း စိတ်လှုပ်ရှားစွာဖြင့် ၀န်ထမ်းတွေ လာခေါ်တာကိုစောင့်နေလိုက်သည်။

တစ်ဖက်မှာတော့ ဂင်ဘန်ချာရီ ရဲ့နားနေခန်းမှာ ဆူညံနေခဲ့တယ်။ဘာလို့ဆို လူစုံတက်စုံဖြစ်နေလို့လေ။ ဘန် ဆံပင်ကိုသပ်တင်ထားပြီး အ‌နောက်တိုင်းအမဲရောင်ကို၀တ်ဆင်ထားတဲ့အတွက် အလွန် ချောပြီးကြည့်ကောင်းလေသည်။ရင်ဘတ်နားက နဂါးရင်ဖုံးလေးက သက်သေထူသည်။

“ဂင်ဘန်ရယ် မင်းရုပ်ကြီးက နည်းနည်းပြုံးလို့မရဘူးလား
မသိရင် ထမင်းဆယ်ရက်လောက် မစားရသေးတဲ့ပုံနဲ့”

ဘန် သူငယ်ချင်းဖြစ်သူ ရှင်ဘုန်းခကပြောလိုက်သည်။ရှင်ဘုန်းခက ဆရာ၀န်တစ်ယောက် နယ်အရပ်ရပ်အသီးအသီးမှာ တာ၀န်ကျနေတော့ သူတို့တွေသိပ်မတွေ့ခဲ့ကြပါ။အခုတော့ ဘုန်းခက ရန်ကုန်မှာဘဲ အလုပ်အကိုင်အခြေချတော့မယ်လို့ပြောပြီး ပြန်လာနေသည်။အကြောင်းပြချက်တစ်ခုထဲကတစ်ခုက ကိုယ့်သူငယ်ချင်းကို မင်ဂလာ၀တ်ဆုံလေးနဲ့တွေ့ချင်တာကြောင့်ဖြစ်သည်။

“အေ့လေ “

ဘုန်းခရဲ့စကားကိုထောက်ခံလိုက်တဲ့သူကတော့ မင်းခန့်‌ရှိန်ဘဲဖြစ်တယ်။သူကတော့ ဘန်ရဲ့သူငယ်ချင်းဘဲ။သူက company တစ်ခုထောင်ထားပြီး ချမ်းသာတဲ့လူတစ်ဉီးပင်။ရှင်ဘုန်းခ၊ဘန်၊‌မင်းခန့်ရှိန်တို့က မြေအောက်ဂိုဏ်းတို့ရဲ့ခေါင်းဆောင်တွေဖြစ်တယ်။ဘန်ကတော့ မြေအောက်ဂိုဏ်းရဲ့ဉက္ကဌပင်။

“စိတ်လှုပ်ရှားနေလို့လား ဟမ် ဟမ်”

ဘန် ဘာမှပြန်မဖြေတာကြောင့် ဘုန်းခ မေးခွန်းသတ်လိုက်သည်။ဘန်လည်းငြိမ်သက်သွားပြီး

“မဟုတ်ဘူး”

“ဟုတ်ပါတယ်နော်”

“မဟုတ်ဘူး”

“ဟုတ်တာပေါ့ ဘန်ကြီးရ မင်းရဲ့ငယ်ချစ်ဉီးကို ပိုင်ဆိုင်ရတော့မှာ ပျော်တယ်မလား”

“မှားတယ် အခုမှသူ့ကိုပိုင်ဆိုင်ရတာမဟုတ်ဘူး သူ့အသက်၁၀နှစ်ကတည်းက ပိုင်ဆိုင်ရတဲ့ကောင်က ငါပါကွာ”

“ကြွားတာဟေ့”

ထိုအချိန် ၀န်ထမ်းတစ်ယောက် အထဲ၀င်လာကာ မင်ဂလာပွဲစတော့မည်ဖြစ်ကြောင့် သတိပေးလိုက်သည်။
ထိုကြောင့်ဘန်တို့လည်းအခန်းပြင်ထွက်လာကာ ပွဲစတင်ပါတော့သည်။

အခမ်းအနားထဲမှာတော့ လူတွေအများကြီး ကင်မရာတွေအများကြီးနဲ့ တောက်ပနေသည်။ချိတ်ဆွဲထားတဲ့အဖြူရောင်
မီးဆိုင်းတွေ အဖြူရောင်နှင်းဆီးတွေက တောက်ပနေသည်။
ဘန်လည်း၀င်ရောက်လာပြီး မတ်တပ်ရပ်လိုက်ကာ ၀င်ရောက်လာတဲ့သူ့ဟန်နီလေးကို စောင့်နေလိုက်သည်။

ထိုအချိန် ခန်းမတံခါးကြီးပွင့်လာပြီး ၀င်ရောက်လာတဲ့အဖြူရောင် ပုံရိပ်တစ်ခု။အဝေးကကြည့်ရင်တောင် ‌တောက်ပနေတဲ့ကောင်လေး။
ရွှေရောင်ကွက်ထားတဲ့အင်ကျီကလည်း မီးရောင်ထဲ တောက်ပနေသည်။

တစ်လှမ်းခြင်းဆီ ၀င်ရောက်လာတဲ့သူလေးကြောင့် ဘန်ရင်ထဲ လှိုင်းတွေနဲ့စုန်ဆန်နေသလို ရင်ခုန်နေသည်။‌အဖြူရောင်သတို့သားလေးက ဖြေညှင်းစွာလျှောက်လာပြီး ဘန် ရဲ့အရှေ့သို့ရောက်လာခဲ့သည်။

နောက်ဆုံးတော့ ကလေးဘ၀ရဲ့ကတိတစ်ခုက ချစ်ရေးဆိုနိုင်မယ်လို့မထင်နိုင်ပါ

ထိုနောက် ဘန် မျက်ဝန်းထဲ ရင်ခုန်တဲ့အကြည့်တွေနဲ့ဂုဏ်ယူရတဲ့အကြည့်တွေက ငြိမ့်လွှား ရင်ထဲနွေးထွေးစွာခံစားနေရသည်။

ထိုနောက် ပွဲအစပြုတော့သည်။ဖာသာက ဇနီးမောင်နှံဖြစ်တော့မဲ့လူနှစ်ဉီးအား

“မောင်ဂင်ဘန်ချာရီ(ခ)ခွန်းထရစ်က ဒီက တေးငြိမ့်လွှားကို
တစ်သက်တာ မငြိုငြင်ဘဲ ချစ်ခင်မြတ်နိုးစွာ သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါသလား”

“‌နိုင်ပါတယ်”

ဖာသာလည်း ဘန်ကိုမေးပြီး ငြိမ့်ဘက်ကိုလှည့်ကာ

“ဒီက မောင်တေးငြိမ့်လွှားကလည်း ဒီကဂင်ဘန်ချာရီ‌(ခ)ကို
တစ်သက်တာ မငြိုငြင်ဘဲ ချစ်ခင်မြတ်နိုးစွာ သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါသလား”

“နိုင်ပါတယ်”

‌ငြိမ့်လည်း ဘန်ရဲ့မျက်၀န်းတွေကိုသေချာကြည့်လိုက်ပြီး ဖြေပေးလိုက်သည်။

“ဒီနေ့ဒီချိန်ကစပြီး မောင်ဂင်ဘန်ချာရီ (ခေါ်) တေးငြိမ့်လွှားက ဇနီးမောင်နှံဖြစ်သွားကြောင်း ‌ကြင်ညာအပ်ပါသည်။

ထိုနောက် ဘန် အိတ်ကပ်ထဲက လက်စွပ်ဘူးကိုထုတ်လိုက်ပြီး ကျောက်စိမ်းရောင် လက်စွပ်လေးအား ငြိမ့်ဆီ ၀တ်ပေးလိုက်သည်။ ငြိမ့် ကလည်း လက်စွပ်ကိုယူကာ ဘန်ကို၀တ်ပေးလိုက်သည်။ထိုနောက် ခန်းမထဲ လက်ခုတ်ဩဘာသံများထွက်ပေါ်လာတော့သည်။

“ချပ် ချပ် ချပ်”

ခန်းမထဲက ဘန်ရဲ့အဘိုးရော ငြိမ့်ရဲ့မိဘတွေက မျက်ရည်တွေသုတ်ကာ သူတို့သားတွေအတွက် ဂုဏ်ယူနေရှာသည်။ထို့အပြင်

“နမ်းကြ နမ်းကြ နမ်းကြ”

ခန်းမထဲက လူတစ်အုပ်ရဲ့ဆူညံသံတွေကြောင့် ငြိမ့်နည်းနည်းရှက်သွားမိသည်။ဘန် ကတော့ရုပ်တည်ကြီးနဲ့ပင်။
အော်ဟစ်တောင်းဆိုသံတွေက ပိုမိုကျယ်လာတာကြောင့်
ငြိမ့်လည်း ဒီတစ်ခါတော့ သူ့ဘက်က စရမှာပေါ့။ သူ့ဘန်ကိုပိုင်ဆိုင်ကြောင့် လူတကာ ပြသချင်မိသည်။(ပြောရရင် ကြွားတာပေါ့)

ငြိမ့် ခြေဖျားထောက်လိုက်ပြီး တစ်ထက် ခေါင်းတစ်လုံးစွာပိုအရပ်ရှည်နေတဲ့ ဘန်ရဲ့ပါးပြင်ထက်ကို နူးညံတဲ့ အနမ်းတစ်ခုကျလာသည်။ဘန်ရင်ဘတ်ထဲမှာ နူးညံတဲ့ပိုးသားလိုမျိုး
အရာကြောင့် စိတ်ကြွလာပင်။

ငြိမ့်က နမ်းပြီးအနောက်ကိုပြန်ဆုတ်လိုက်ပေမဲ့ရုတ်တရက်
ဘန်ရဲ့လက်က ငြိမ့်ရဲ့ခေါင်းကိုဆွဲကိုင်ပြီး အခုတော့
နှုတ်ခမ်းချင်း ဖိကပ်ကာ အနမ်းခြွေလိုက်သည်။

ပြွတ်စ်

“ဝါးး”

ထိုပုံရပ်က ခန်းမထဲက လူတွေရဲ့အော်ဟစ်သံကိုပိုမိုကျယ်လောင်စေသည်။နောက်တော့ နှုတ်ခမ်းချင်း ပြန်ခွာချလိုက်ပြီး ငြိမ့်ကိုကြည့်လာသည်။

“ပထမဆုံး အနမ်းနဲ့ ကိုယ့်ဘ၀တစ်ခုလုံးကို မင်းကိုပေးအပ်လိုက်တယ်နော် ကိုယ့်ရဲ့ငြိမ့်”

ငြိမ့်တစ်ယောက်ထဲ ကြားရုံမျှသာ ပြောလိုက်တာကြောင့်
ငြိမ့်မျက်နှာနီရဲလာသည်။ငြိမ့် သူကိုသူ ပြန်ထိန်းရင်း
ဘာမှမဖြစ်သလိုနေလိုက်ပေမဲ့ ရင်ထဲမှာ ရင်ခုန်နေခဲ့။
အချစ်သက်သေအဖြစ် ကျောက်စိမ်းရောင်ရှိတဲ့လက်စွပ်လေးက အသိသက်သေလေးတစ်ခုပေါ့

*******************
ငြိမ့်တစ်ယောက် ဧည်သည်တွေနဲ့စကားပြောပြီး ပင်ပန်းစွာ
အခမ်းအနားရဲ့လသာဆောင်ကိုထွက်လာလိုက်သည်။
ဒီနေ့မှလည်း လမင်းကြီးက ထိန်ထိန်သာနေတော့ပါလား။

ငြိမ့် လမင်းအား မော့ကြည့်နေချိန် ခါးကိုလာဖက်တဲ့အရာတစ်ခုကြောင့် တုန့်သွားမိသည်။

“အာ…ကော်ဖီဆိုင်ရှင်”

ငြိမ့် လှည့်ကြည့်မိလိုက်တဲ့အချိန် company က ကော်ဖီဆိုင်ကဆိုင်ရှင်ဖြစ်နေတာကို မြင်လိုက်ရသည်။ဒါမဲ့ ကော်ဖီဆိုင်ရှင်ရဲ့လက်က ငြိမ့်ရဲ့ခါးကိုတင်းတင်းဖက်ထားတာကြောင့်

“ဟိုလေ ခါးကလက်လွှတ်ပေး”

ငြိမ့်အဲလိုပြောလိုက်ပေမဲ့ ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်လာတာကြောင့် နေရခက်လာသည်။ငြိမ့် ဒီထပ်ပိုတိုးဖက်လာရင်
အဲ့ဆိုင်ရှင်ရဲ့ အောက်ပိုင်းနေရာကိုကန်‌မိတော့မှာဖြစ်ပင်။

ဒါမဲ့အဲ့ချိန်မတိုင်မီ

“အားးး”

ဆိုင်ရှင်ရဲ့စူးနစ်အသံကြီးထွက်လာသည်။ဘာကြောင့်လဲဆို
ဘန် ငြိမ့်ကိုလိုက်ရှာရင်း လသာဆောင်ပေါ်မှာ ဆိုင်ရှင်နဲ့တွေ့လိုက်တော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ဆိုင်ရှင်ရဲ့လက်ကို လိမ်ချိုးပလိုက်သည်။

“ကို…..ကြီး”

ထိုပုံရိပ်ကို ငြိမ့်ပါးစပ်အဟောင်းသားဖြစ်သွားသည်။ဆိုင်ရှင်ရဲ့အသံကြောင့် ဘေးနားကို လူတွေဝိုင်းအုံလာကြသည်။

“ခများ လုပ်ရဲတယ်”

“လုပ်ရဲတယ်!!! မှတ်ထား တေးငြိမ့်လွှားဆိုတာ သူ့မွေးကတည်းက ကျုပ်အပိုင်ဖြစ်လာတာ အေး ကျုပ်လူကိုထိရင်တော့ ငရဲမင်းကို ဘိုကင်ယူစရာမလိုအောင် တွေ့အောင်လုပ်ပေးမယ်”

ဘန် ရဲ့ဒေါသစကားက လသာဆောင်တင်မက အဆောက်အဉီးတစ်ခုလုံးကိုဟိန်းထွက်နေသည်။
ဆိုင်ရှင် ပြန် ထ နိုင်စွမ်း မရှိတော့ သူ့လက်ကျိုးသွားပြီလေ။

ဘန် ဒေါသက အဲ့လူကို ဖျက်ဆီးချင်တဲ့စိတ်ရှိပေမဲ့ ငြိမ့်ရှေ့မှာမလုပ်ဘူး သူ့ကိုငြိမ့်ချစ်မှာကိုဘဲ လိုချင်တာ၊ကြောက်သွားမှာကိုမလိုချင်တာကြောင့် သူတို့အနားရောက်လာတဲ့
ဘုန်းခတို့ကို မျက်စပစ်ပြကာ ဆိုင်ရှင်ကို ခေါ်ထုတ်သွားဆိုတဲ့အမိန့်ကိုပေးလိုက်သည်။

ဘန်ရဲ့မျက်စပစ်တာကိုနားလည်တဲ့ သူငယ်ချင်းတွေက bodyguard တွေခေါ်ကာ ခန်းမထဲဆွဲထုတ်သွားသည်။
လာကြည့်တဲ့လူတွေလဲ ဘန်ရဲ့အကြည့်တစ်ချက်အောက်ကနေ ထွက်သွားစေခဲ့သည်။

“လန့်သွားလား”

“..ဟင်…မလန့်ဘူး”

ဘန် ငြိမ့် ဘက်လှည့်ကာ မေးလိုက်သည်။ ငြိမ့်မလန့်ဘူးပြောနေပေမဲ့ သူ့နည်းနည်းလန့်သွားသည်။
ဘန် ငြိမ့်ရဲ့ခါးသိမ်သိမ်လေးကို ကိုင်လိုက်ပြီး

“ငြိမ့်…ဒီခါးတင်မက မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ကိုယ်ပိုင်တယ် ဒါကြောင့် ကိုယ်ကလွဲရင် ဘယ်သူမှ မင်းခန္ဓာကိုယ် မထိစေနဲ့ ထိခဲ့ရင်လည်း ကိုယ်ကိုလာတိုင် ကိုယ်ဖြေရှင်းပေးမယ် ကိုယ် မင်းလက်မှာသွေးစွန်းတာမမြင်ချင်ဘူး”

“ဟုတ်”

ငြိမ့် ပြန်ဖြေလိုက်တော့ ဘန် ငြိမ့်လက်ကို ဆွဲပြီး ခန်းမထဲ ပြန်၀င်လာသည်။ငြိမ့်ကတော့ ဘန့်ကို ငယ်ငယ်တုန်းကထက်တောင် ပိုစွဲလမ်းမိလာသည် ဝိုင်တစ်ခွက်လိုပေါ့။

………………..

#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 7, novel Coffee With Honey (Complete) part 7, read Coffee With Honey (Complete) part 7 online, Coffee With Honey (Complete) part 7 chapter, Coffee With Honey (Complete) part 7 high quality, Coffee With Honey (Complete) part 7 light novel, ,

Comment

Leave a Reply

Chapter 8