Coffee With Honey (Complete) part_2

All chapters are in Coffee With Honey (Complete)
A+ A-

မဲနက်ရောင်ကားပေါ်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။
အရှေ့က driver လို့ထင်ရတဲ့‌လူငယ်က

“သခင်လေး သခင်ကြီးကဖုန်းဆက်လာပါတယ် သူ့အိမ်တော်ကို ခနလာခဲ့ပါတဲ့”

လူငယ်ကပြောလိုက်ပေမဲ့နောက်က ဘာသံမှထွက်မလာပါ။
နောက်ခန်းမှာထင်နေတဲ့လူက တခြားမဟုတ် ဂင်ဘန်ချာရီပင်။

“အေ့ အဲ့ကို မောင်းသွားလိုက်”

“ဟုတ်ကဲ့”

ဘန်ရဲ့အမိန့်ပေးသံကြောင့် driver လည်း စကားအတိုင်း
အိမ်တော်ကိုမောင်းနှင်လာခဲ့တယ်။

…………………..
အဖြူရောင်အိမ်တော်က ကြီးကျယ်ခန်းနားလျက်။
ထိုမှာနေထိုင်တဲ့ မိသားစုက ချမ်းသာမှန်းသိသာသည်။
ထိုအိမ်တော်ဆီသို့ မဲနက်ရောင်ကားတစ်စီးက မောင်းနှင်လာခဲ့တယ်။ ထိုကားလေးတစ်စီးကနေ ဂင်ဘန်ချာရီ ထွက်လာကာ အိမ်ထဲ၀င်သွားစေသည်။

အိမ်အတွင်းရှိအဆင်တဆာတွေက ရှေးဟောင်းပစ္စည်းတွေလိုဘဲ။ပန်းချီကားအကြီးတစ်ချပ်က ခန်းနားနေသည်။
၀င်၀င်ချင်း တွေ့လိုက်ရတာတော့ အမျိုးသားတစ်ဉီးပေါ့

“မင်းအဘိုးက မင်းကိုတွေ့ချင်နေတယ် ၀င်သွားလိုက်”

ထိုအမျိုးသားက ဘန်ကိုပြောလာပေမဲ့ ဘန်က ဘာမှပြန်မပြောဘဲ သူ့မျက်စပစ်ပြတဲ့အခန်းထဲကိုဘဲ ၀င်သွားလိုက်သည်။

အခန်းထဲမှာ‌တော့ လဲလှောင်းနေတဲ့အဘိုးအိုတစ်ဉီးနဲ့သူနာပြုတစ်ဉီး
ဘန်ကိုမြင်တော့ သူနာပြုလည်း ထွက်သွားလိုက်သည်။
ဘန်လည်း ထိုအဘိုးနားသွားကာ ကုတင်ပေါ်ကိုဘေးစောင်း
ထိုင်လိုက်သည်။အဘိုးရဲ့လက်ကိုကိုင်ကာ

“အဘိုး ကျွန်တော်ရောက်နေပြီလေ”

အဘိုးရဲ့လက်ကို ညင်ညင်သာသာဆုပ်ကိုင်ပြီး ဆေးချိတ်ထားတာကြောင့် အိပ်ပျော်နေလား မှေးနေတာလား မသဲကွဲ။

“ဟင်….ဘိုးဘိုး…မြေးလေး ရောက်ပြီလား”

ခနကြာမှ အဘိုးနိုးလာတာကြောင့် ဘန်လည်း

“ဟုတ်ကဲ့အဘိုး”

“မြေးလေး….ဟွတ်ဟွတ်..အဘိုးကြည့်…ရတာ…အကြာကြီးနေလို့….မရတော့ဘူးထင်တယ်”

အဘိုးရဲ့စကားတွေက ဘန်ကို၀မ်းနည်းစေတာအမှန်။

“အဘိုးကလည်း အဲလိုမပြောရဘူးလေ “

အဘိုးက ဘန်သူ့ကိုကိုင်ထားတဲ့သူ့လက်ကိုဖယ်လိုက်ပြီး
ဘန်မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။

“မြေးလေး…..မှတ်မိသေးလား မြေးလေးက စေ့စပ်ပြီးသွားပြီလေ”

“ဟုတ် မှတ်မိပါတယ်”

အဘိုးက ဘန်မျက်နှာပေါ်က မျက်ရည်ကြည်တွေကို ဖယ်ရှားပေးလိုက်ပြီး

“အင်း အဲတာကြောင့် အဘိုး မသေခင်လည်း….မြေးလေး..လက်ထက်တာကို…မြင်ချင်တယ်”

“……….”

အဘိုးစကားကို ဘန် မတုံ့ပြန်လိုက်ပါ။

“မြေးလေး မလုပ်ပေးနိုင်ဘူးလား”

“မဟုတ်ပါဘူး…ကျွန်တော် လုပ်ပေးနိုင်ပါတယ်”

အဘိုးက ဘန်စကားကြောင့် ပြုံးလိုက်ပြီး

“မြေးလေးနဲ့စေ့စပ်ထားတဲ့သူရဲ့မိဘတွေက အဘိုးတို့အပေါ် ကျေးဇူးရှိခဲ့တယ် အဘိုးကတော့ ကျေးဇူးမဆပ်နိုင်တော့ဘူးထင်တယ်”

“ဘယ်လိုမျိုးကျေးဇူးဆပ်ရမှာလဲ”

အဘိုးက ဘန်စကားကိုပြန်မဖြေဘဲ ဘေးနားကအံ့ဆွဲကိုဖွင့်ကာ လက်‌စွပ်ဘူးလေးကို ထုတ်ပေးကာ ဘန်လက်ထဲကိုထည့်ပေးလိုက်သည်။

“အဘိုးဒါက အဘွားနဲ့အဘိုးရဲ့လက်စွပ်မဟုတ်ဘူးလား”

ဘန် လက်စွပ်ဘူးကိုဖွင့်ကာ မေးလိုက်သည်။လက်စွပ်ဘူးထဲမှာ ကျောက်စိမ်းလက်စွပ်နှစ်ကွင်း။

“ဟုတ်တယ် အဲ့လက်စွပ်ကအဘိုးတို့ရှေးအဆက်ဆက်၀တ်လာကြတာ အခုတော့ အဘိုးလည်း လက်ဆင့်ကမ်းရမယ်လေ
အဲ့လက်စွပ်က အခုတော့ မြေးလေးနဲ့မြေးလေး ၀တ်ဖို့ဘဲ”

“ဟုတ် တကယ်လို့သူ့ကလက်မခံရင်ရော”

“လက်ခံလိမ့်မယ် ဘာလို့ဆို သူ့ကငယ်ငယ်တုန်းက မြေးလေးကို သိပ်ကပ်တဲ့ကလေးလေ “

အဘိုးရဲ့စကားက ခေါင်းခါလိုက်ပြီး

“မဟုတ်လောက်ဘူး သူ့လက်မခံဘူးနဲ့တူတယ်”

ဘန်ပြောရင်း လူတစ်ယောက်ရဲ့ပုံရိပ်ကိုမြင်ယောင်လာသည်။

“အော် ငါ့မြေးက အဲလိုပြောတာတောင် ယုံတောင်မယုံနိုင်ဘူး လက်မခံရင်လည်းအတင်းအကျပ်လုပ်မှာမလား”

“အဘိုး….”

“ဟုတ်ပြီ သန်ဘက်ခါကျရင် ကျေးဇူးရှင်နဲ့သွားတွေ့လိုက်နော်
အခုတော့ အဘိုးအိပ်ချင်လာပြီ”

“ဟုတ်ကဲ့ အဘိုး”

အဘိုးအား စောင်ကိုလုံခြုံစွာ ခြုံပေးလိုက်ပြီး မီးမှိတ်လိုက်ကာ အခန်းထဲက ထွက်လာသည်။

………………..
ဘန် အခန်းထဲက ပြန်ထွက်လာတော့ အခန်းရှေ့မှာစောင့်နေတဲ့ သူ့အဖေကို‌တွေ့လိုက်မိသည်။ရှောင်သွားမယ်ကြံပေမဲ့

“အဘိုးဘာကြောင်းပြောတာလဲ အမွေအကြောင်းလား ငါကိုပေးမယ်လို့ပြောတာလား”

ဘန် ဟက်ခနဲ့ရီလိုက်မိသည်။အဲတာကြောင့် သူ့အဖေက ဒီအိမ်ကနေ မခွာနိုင်အောင်ဖြစ်နေတာကို။

“ဟက်…အမွေကတော့လိုချင်သလားဘဲ အဘိုးကခများအကြောင်းဆိုရင် လျှာရိုးထဲမှာတောင်မထည့်ဘူး”

“မင်း…..ကိုယ့်အဖေကိုမပစ်မှားနဲ့”

“ဘာပြောတာ ကိုယ့်အဖေလို့ပြောလိုက်တာလား ပြောပါအုံး
ဘယ်တုန်းက ခများက ကျုပ်အဖေဖြစ်သွားတာလဲ”

“မိမဆုံးမ ဖမဆုံးမသား”

ဆိုကာ ထိုလူက ဘန်ကိုထိုးလုပ်လိုက်တော ထိုလူလက်ကိုဆုပ်ကိုင်ကာ အားနဲ့လွဲပစ်ပလိုက်သည်။ထိုလူအနောက်က နံရံနဲ့ဆောင့်မိကာ အောင့်တက်သွားသလား။

“မင်…အ့”

“နောက်ဆုံးပြောထားမယ် ခများအခုထိအသက်ရှင်သေးတာ
ကျုပ်ကိုကျေးဇူးတင်လိုက် မဟုတ်ရင် အခုချိန်ဆို ခများအခုလိုစကားပြောနေမလားတောင်မသိနိုင်ဘူး တောက်ခ်”

တောက်ခ် ခေါက်ကာ ထိုအိမ်ထဲကနေ အမြန်ပြန်ထွက်လာသည်။ကားပေါ်ပြန်တက်ကာ

“သခင်လေး ဘယ်သွားမလဲ”

“ငါ့အိမ်ဘဲ သွားတော့”

Driver လည်းဒေါသလေသံပါနေတာကြောင့်ဘာမှဆက်မမေးဘဲ ဘန်ရဲ့စံအိမ်ဆီဘဲ မောင်းနှင်သွားတော့သည်။

ဘန့်အသက်ငယ်ငယ်ကတည်းက သူ့အဖေဖြစ်သူ ခွန်းထချိုင်းက သူ့အမေနဲ့သူ့ကိုထားပြီး နောက်အိမ်ထောင်ပြုလိုက်ကြတယ်။အဲ့တာနဲ့ ဘန်အဘိုးဖြစ်သူ ခွန်းဆာရက်က သူ့အမေနဲ့ဘန်ကို အိမ်ခေါ်ထားလိုက်ကာ အချိန်တွေအများကြီးကိုဖြတ်သန်းကြတယ်။ အခုတော့ ဘန်မှာအဘိုးသာရှိတော့တာဖြစ်တယ်။ခွန်းဆာရက် နေမကောင်းဖြစ်ပြီဆိုရင် ခွန်းထချိုင်းက အရင်ရောက်ကာ အမွေတောင်းလေ့ရှိတယ်။ ဘန်အဘိုးကလည်းသူ့ကိုအမွေမပေးမှန်းသိပေမဲ့
ခွန်းထချိုင်းက အမွေမရရအောင် ကြံစည်တော့တာဘဲ။အဲ့တာတွေကိုသိ‌တဲ့ အဘိုးခွန်းဆာရက်က သူ့မြေးဘန်ကိုလက်ထပ်စေချင်ပြီး ‌မျိုးဆက်မွေးဖွားစေလိုတယ်။ပြီးတော့လည်း ဘန်ကိုမိသားစုပေးချင်တာက တစ်ခုပေါ့။
……………………..
နောက်တစ်နေ့ရောက်လာပြီမို့ နေ့ထွက်လာပါပြီ။
အဖြူရောင်သစ်သားအိမ်လေးမှာတော့ အရင်ကငြိမ်သက်နေပေမဲ့အခုတော့ မိသားစုစုံလင်စွာရှိနေသည်။

“အော် သား နိုးလာပြီလား”

ဒေါ်ခင်နွယ်ယဉ် လှေကားပေါ်က အလုပ်သွားဖို့ဆင်းလာတဲ့
ငြိမ့်ကိုကြည့်ကာ မေးလိုက်သည်။

“ဟုတ်တာပေါ့ မေကြီးရဲ့ ဒါနက် မနက်စာ ဘာလဲ”

“အုန်းနို့ခေါက်ဆွဲ”

“အား ချစ်လိုက်တာ အမေ့ကသားအကြိုက်ကိုချက်ထားတာကို”

ငြိမ့် အုန်းနို့ခေါက်ဆွဲသံကြားတော့ သူ့အမေနားပြေးသွားကာ ပါးကို အာဘွားပေးလိုက်သည်။ထိုအချိန်

“သားအမိတွေနော် ပလစ်ထားတယ်”

ဧည့်ခန်းထဲရှိ သတင်းစာဖတ်နေတဲ့အဖေက သူ့ကိုမေ့နေမှာစိုးလို့ ပုံစံပြောတာကြောင့် ငြိမ့်လည်း သူ့အဖေအား ပြေးသွားကာ

“ဖေကြီးကလည်း အားဘွား”

ထိုမှသာ ဉီးထွန်းသစ္စာလည်းကျေနပ်သွားသည်။ဧည့်ခန်းထဲရှိသားအဖတွေချစ်နေတာက ဒေါ်ခင်နွယ်ယဉ်အား ပြုံးစေမိသည်။

“ကဲ လင်တော်မောင်နဲ့သားတော်မောင်ရေ လာပါ သားအလုပ်မသွားခင် အတူတူစားရအောင်”

“လာပါပြီ ခင်လေးရေ”

ဉီးထွန်းသစ္စာရဲ့ပြန်ဖြေသံကြောင့် ငြိမ့်ရီမိသွားသည်။

“အစကတော့ ခင်နွယ် ခင်နွယ်နဲ့ အခုကျတော့ ခင်လေးတဲ့”

“မင်းနော် သေတော့မယ်”

ဉီးထွန်းသစ္စာလည်း ရှက်ရှက်နဲ့သူ့သားပြောလည်းပြောချင်စရာပါဘဲ။မိဘတွေ စေ့စပ်လို့လက်ထပ်ခဲ့ရပေမဲ့ အစပိုင်းတော့ မချစ်ဘူးဆိုပြီးနောက်ကျတော့ ချစ်မိသွားတာပါဘဲ

သားအဖတွေလည်း ဒေါ်ခင်နွယ်ယဉ်ရှိရာကို လာလိုက်ပြီး
မနက်စာစားကြတော့သည်။ ပျော်နေမိသည်။အရင်က
သူ့မနက်စာကိုပြင်ပေးမဲ့လူမရှိ ဖြစ်သလိုစားရပေမဲ့ အခုတော့
မိသားစုနဲ့အတူတူစားရတာ နွေးထွေးပါလျက်။

“အိုမို့ မေကြီး ဒါကဘာထုပ်လဲ”

ငြိမ့် သူ့တို့ရှေ့မှာချထားတဲ့ အထုပ်အားမေးလိုက်မိသည်။

“ဒါက ကော်ဖီထုပ်လေ အမေတို့ခြံကထုပ်တာ “

ငြိမ့်လည်း သူ့အမေပြောတာကိုနားထောင်လိုက်ပြီး
ကော်ဖီထုပ်ကိုသေချာကြည့်ကြည့်မှ ‘ကော်ဖီချစ်သူ’လို့ရေးထားသည်။

“ဘယ်တုန်းကထုပ်လိုက်တာလဲ”

ဒေါ်ခင်နွယ်ယဉ်တို့က ရွာက ကော်ဖီတွေ ဂျုံတွေထုပ်တဲ့ခြံကိုပိုင်တော့ ကော်ဖီထုပ်တွေထုပ်ကာ ရောင်းကျလေ့ရှိသည်။

“မရောင်းရသေးပါဘူး နမူနာလေ “

“အော်…ဟီးဟီး အမေ သားတစ်ထုပ်ယူသွားလို့ရလား”

ငြိမ့်တစ်ခုခုကိုအကြံရသွားတဲ့ပုံနဲ့သူ့အမေကိုပူဆာသည်။
မျက်တောင်ကပုတ်ခက်ပုတ်ခက်လုပ်ပြနေတဲ့သားကိုကြည့်ကာ

“ယူသွားပေါ့ သားရဲ့”

“ချစ်လိုက်တာ..ဟီးဟီးဒါဆို သားသွားတော့မယ် နောက်ကျနေမှာစိုးလို့”

ဆိုကာ သူ့အမေနဲ့အဖေရဲ့ပါးကိုနမ်းသွားပြီး ပြေးထွက်သွားလေသည်။ပြေးထွက်သွားတဲ့သားကိုကြည့်ကာ

“ဂရုစိုက်နော် အဖေ့သား”

ဉီးထွန်းသစ္စာ မှာလိုက်သည်။ဒေါ်ခင်နွယ်ယဉ်လည်း ပြုံးမိပါရဲ့။ပီတိလည်းဖြစ်မိတယ်။ဘာလို့ဆို မြတ်နိုးတဲ့အမျိူသားနဲ့
ချစ်ရတဲ့သားရှိတာ ဘယ်လောက် ကြည်နူးဖို့ကောင်းလဲ‌ လောကကြီးရယ်

“ဘာတွေပြုံးနေတာလဲ ခင်လေးရဲ့ ကိုယ့်ချောနေလို့လား”

‌ဉီးထွန်းသစ္စာ သူ့ကိုပြုံးပြီးကြည့်နေတဲ့မိန်းမကိုကြည့်ကာ
ပြောလိုက်သည်။

“ရှင်နော်…..ဟွန့် ဟုတ်တာပေါ့ ကျွန်မမှာ ဒီလောက်ချောတဲ့ယောက်ျားရှိတာ ရှင့်ကိုမကြည့်ရင် ဘယ်သူကိုကြည့်ရမှာလဲ ဟွန့်”

“အားဟား ချစ်လိုက်တာ ချစ်ရသူလေးရဲ့”

ဉီးထွန်းသစ္စာ ဒေါ်ခင်နွယ်ယဉ်ကိုရင်ခွင်ထဲထည့်ကာ နဖူးပေါ် အနမ်းခြွေလိုက်မိသည်။ထမင်းစားခန်းလေးမှာတော့
ချစ်ကြည်နူးနေတဲ့ဇနီးမောင်နှံတွေက ကြည်နူးဖို့ကောင်းသည်။

…………………
အိမ်ကနေ စက်ဘီးစီးလာကာ company ကိုသွားမောင်းနှင်နေလျက်။ ငြိမ့်ခံစားချက်ကောင်းအောင် စက်ဘီစီးရင်း
ဘေးနားကပတ်၀န်းကျင်ကိုတစ်ချက်ရှိုးလိုက်သည်။

“အိုးမိုင်ဂေါ့ လန့်တာ”

ငြိမ့် တစ်စုံတစ်ယောက်ကိုမြင်လိုက်သည်။သူ့စက်ဘီးနဲ့အတူ ကပ်ပါလာတဲ့ကားတစ်စီး။ကားကိုလန့်တာမဟုတ်
နောက်ခန်းမှာ ထိုင်နေတဲ့လူက သူ့မျက်ထောင့်နီကြီးနဲ့ကြည့်တာကြောင့် စက်ဘီးမလဲရုံတမယ်။

“ကျစ် လူထူးဆန်းဘာလို့ဒီမှာပေါ်လာတာလဲ”

တိတ်တိတ်လေးပြောမိသွားသည်။သူ့စက်ဘီးကိုအမြန်နင်းလာပေမဲ့ မဲနက်ရောင်ကားက သူ့ဘေးမှာကပ်ပါလာတုန်း။

“ကြည့်နေသေးတယ်ဟ ငါဘာလုပ်သင့်လဲ ပြုံးပြရမလား ရီပြရမလား စကားလှမ်းပြောရမလား “

တိုးတိုးလေး ကိုယ့်ဖင်ကိုကြားအောင်ပြောလိုက်သည်။
ပြုံးပြဖို့တာ ကြံရွယ်လိုက်သည်။

“ဟိုင်း ဟီးဟီး”

ဆိုကာ သွား၃၂ချောင်းလုံးပေါ်အောင်ပြုံးပြလိုက်သည်။
ထိုမှသာ ဘန်ကသူ့ကိုတစ်ချက်ကြည့်ပြီး ကားပြတင်းပေါက်ပိတ်သွားပြီး အမြန်မောင်းထွက်သွားလေသည်။

“ရီလည်းရီပြရသေးတယ် ငါရီတာမလှလို့လား”

နောက်မှာကျန်ခဲ့တဲ့ ငြိမ့် ကိုယ့်ပါးစပ်ကိုပြန်စမ်းကြည့်ကာ
တစ်လမ်းလုံး ရီလိုက် ပြုံးလိုက်နဲ့ ဘေးနားက ကားဆရာတွေတောင် ကွက်ကြည့်ကွက်ကြည့်ကြည့်သွားကြသည်။

နောက်ဆုံးတော့ company ကိုရောက်လာပါပြီ။
စက်ဘီးကိုကပ်ရပ်ကာ လွယ်အိတ်ထဲက မှန်ထုတ်လိုက်ပြီး
ရီကြည့်နေမိသည်။

“ဘာတွေရီနေတာတုန်း”

“အိုးမိုင်ဂေါ့ လန့်တာ”

ငြိမ့် ရီနည်းကျင့်နေတုန်း အနောက်က သူ့ပခုံးကိုလာဖက်တဲ့လူကြောင့် လန့်သွားပြီးမှန်ကိုပြန်ထည့်လိုက်သည်။

“မဟုတ်ပါဘူး မင်းသန့်ရာ”

လာဖက်တဲ့လူကမင်းသန့်ဖြစ်နေတာကြောင့် စိတ်အေးရသည်။မင်းသန့်မဟုတ်ဘူးဆို သူ့တတ်ထားတဲ့သိုင်းကွက်တွေနဲ့ချဖို့အပြင်ဘဲ။

“အော်….မသိပါဘူး သွားကြရအောင် နောက်ကျရင်ဒဏ်ငွေပေးနေရအုံးမယ်”

“အင်း”

ဆိုကာ company ထဲ၀င်သွားလိုက်သည်။ဌာနကိုချက်ချင်းသွားရင်း

“အိုးး…လာကြပြီလား”

ဇွဲမောင် ငြိမ့်တို့ကိုမြင်ရင်းနှုတ်ဆက်လိုက်သည်။
ငြိမ့်လည်း

“ဟုတ်”

ပြန်ဖြေပြီးရင်း ထိုင်မယ်ကြံတော့

“ကဲ ကော်ဖီဘယ်သူမှာကြအုံးမလဲ”

ဇွဲမောင် ထအော််တာကြောင့် တကယ်ပါ ငြိမ့်ကြက်သီးထသွားသည်။

“တေးငြိမ့်လွှား”

“ဟုတ်”

ဇွဲမောင်သူ့ကိုခေါ်တာကြောင့် ရင်တုန်သွားတာအမှန်။

“ဒီနေ့လည်း ကော်ဖီ၀ယ်ပေးပြီးကော်ဖီပို့ပေးပါအုံးနော်”

“ဟိုလေ…ဟိုဟာ”

ငြိမ့် ငြင်းမယ်ကြံတော့ ၀န်ထမ်းတွေအကုန်သူ့ကိုလှမ်းကြည့်နေကြသည်။လက်ခံရမှာလည်းခက် ငြင်းရမှာလည်းခက်

“ဟုတ်…ကဲ့ပါ “

ခေါင်းလေးညိမ့်ပြီး လက်ခံလိုက်သည်မှာလည်း သနားစရာရုပ်လေးနဲ့ပင်။
အဖွဲ့သားတွေက မှာမဲ့ကော်ဖီစာရင်းပေးလိုက်ပြီး ငြိမ့်အားသွားစေသည်။

“အကို ဒါလေးတွေဖျော်ပေးပါ”

ကော်ဖီဆိုင်ကိုသွားလိုက်ပြီး အဖွဲ့သားတွေမှာတာကိုပေးလိုက်သည်။

“အိုခေပါ မနေ့ကသောက်လို့ကောင်းရဲ့လား”

“အမ် ကျွန်တော်မသောက်တော့မသိဘူး”

ငြိမ့်လည်း အကိုမေးတာကိုဖြေလိုက်ပြီး သူ့ဖုန်းကိုပြန်ကြည့်နေသည်။

“ရပါပြီခဗျာ”

ဆိုင်ရှင်ရဲ့အသံကြောင့် ငြိမ့်လည်းကျသင့်ငွေကိုပေးလိုက်ပြီး ကော်ဖီခွက်တွေကိုယူလိုက်သည်။ဒါမဲ့ထိုအကိုကကော်ဖီခွက်ကိုမလွှတ်ပေးဘဲ ငြိမ့်လက်ကိုပွတ်သပ်လိုက်တာကြောင့် ငြိမ့်လက်ရုတ်မိသွားသည်။

“ဆောရီးနော် အကျင့်ပါသွားလို့”

“ဟုတ်”

ဆိုကာ ကော်ဖီထုပ်တွေကိုယူကာ ထိုနေရာမှ ငြိမ့်အမြန်ထွက်လာမိသည်။ဌာနချုပ်ကိုအမြန်သွားပြီးကော်ဖီထုပ်တွေကိုပေးလိုက်သည်။ထိုမှသာ နားနေခန်းထဲပြန်လာပြီး
ဟိုလူအတွက် ကော်ဖီဖျော်ဖို့လုပ်လိုက်သည်။

“ကျစ် ငါဘယ်လိုဖျော်ရအုံးမှာလဲ”

ပခုံးကိုကုတ်ကာ စဉ်စားမိသည်။

“သိပြီ ဟဲဟဲ”

သူ့ရုံးစားပွဲကိုပြန်ပြေးကာ လွယ်အိတ်ထဲက သူ့အမေပေးလိုက်တဲ့ ကော်ဖီချစ်သူ ထုပ်ကိုထုတ်ကာ နားနေခန်းထဲပြန်လာသည်။

“သူ့ ကြိုက်လောက်မှာပါ”

ဆိုကာ ကော်ဖီကို ဖျော်လိုက်သည်။ဒီနေ့တော့သစ်ရွက်မမျောနေဘဲ လမင်းကြီးရှိနေသည်။သု့ဖျော်ထားတဲ့ ကော်ဖီကိုကြည့်ကာ ဂုဏ်ယူမိသည်။

‌ဖျော်ပြီးသွားတော့ ကော်ဖီခွက်ကိုယူကာ ဉက္ကဌရုံးခန်းထဲ ဉီးတည်လိုက်သည်။

~~ဒေါက် ဒေါက်~~

~~ဒေါက် ဒေါက်~~

“၀င်ခဲ့”

ဆိုတဲ့အသံကြားရမှာတာ ငြိမ့်၀င်လာသည်။၀င်လာတဲ့သူကိုမကြည့်ဘဲ စာရွက်တွေနဲ့အလုပ်များနေတဲ့ဘန်က သတိမထားမိပါ။

“ကော်ဖီလာပို့တာပါ”

ဆိုမှာသာ ဘန်မော့ကြည့်လိုက်သည်။

“လာမပို့နဲ့ပြောထားတယ်လေ”

ဘန်ရဲ့အသံက ရေခဲသမျှအေးစက်နေသည်။

“နောက်ဆုံးကြိမ် လာပို့တာ အရင်သောက်ကြည့် မကောင်းရင် လာမပို့ဝောာ့ဘူး”

ငြိမ့်စကားကိုနားထောင်ပြီး ဘန်ကော်ဖီခွက်ကို ကိုင်လိုက်ပြီးတစ်ငုံသောက်ကြည့်လိုက်သည်။ဘန်အိပ်ချင်တဲ့မျက်လုံးတွေ ကျယ်သွားသလား မှတ်ကတယ်။ကော်ဖီကအရမ်းလည်းမချိုသလို အရမ်းလည်းမခါးဘူး ဆိမ့်ဆိမ့်လေးသာဖြစ်သည်။

“ဘယ်လိုလဲ”

ငြိမ့် ဘန်ရဲ့အမူအရာကို ဂရုတစိုက်ကြည့်နေမိသည်။
ဘန်လည်း သူ့အမူအရာကိုပြန်ထိန်းကာ

“သွားလို့ရပြီ”

“………”

ငြိမ့် သူ့ဖျော်တဲ့ကော်ဖီမကောင်းလို့လားလို့စိတ်ထဲ၀င်လာသည်။

“မနက်ဖြန်ထပ်ဖျော်လာခဲ့”

အခန်းထဲက ထွက်ခံနီးက ပြောလိုက်တဲ့ဘန်ရဲ့စကားကြောင့်
ငြိမ့်သူ့ရဲ့ခြေလှမ်းတွေရပ်တန့်ပြီး

“ဟီးဟီး ဟုတ်ကဲ့ပါ”

ဆိုကာခေါင်းညိမ့်ပြီး ထွက်သွားလေသည်။
……………………….

မှတ်ချက်။ ။မိသားစုဘ၀လေးဆိုတာ ချစ်ရတဲ့အမျိုးသားရယ် မြတ်နိုးရတဲ့အမျိုးသမီးလေးရယ် ခင်တွယ်ရတဲ့သားသမီးတွေရယ် ရှိမှသာ မိသားစုဘ၀က ပျော်ရွှင်စရာကောင်းနေမှာပါ။ဉပမာ။ ။ဉီးထွန်းသစ္စာရယ်ဒေါ်ခင်နွယ်ယဉ်ရယ်သူတို့သားလေး ငြိမ့်လွှား လိုမိသားစုလေးပေါ့

“ချစ်ခြင်းများစွာဖြင့် နေ့ရက်တိုင်းပျားရည်လိုချိုမြိန်နိုင်ပါစေ”
#from winter

Tags: read novel Coffee With Honey (Complete) part_2, novel Coffee With Honey (Complete) part_2, read Coffee With Honey (Complete) part_2 online, Coffee With Honey (Complete) part_2 chapter, Coffee With Honey (Complete) part_2 high quality, Coffee With Honey (Complete) part_2 light novel, ,

Comment

Leave a Reply

Chapter 3