False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (12)

A+ A-

မနက်သို့ရောက်တော့ ရောင်ဖြာကအရင်နိုးလာသည်သူနိုးလာတော့ဧကရာဇ်ရဲ့ရင်ခွင့်ထဲကိုရောက်နေသည်
မညာတန်းပြောရရင် ဧကရာဇ်ရဲ့ရင်ခွင်က သူ့အတွက် နွေးထွေးမှုကိုအပြည့်အဝရရှိနေတယ် သူရုန်းလိုက်တော့ ဧကရာဇ်ပါနိုးသွားလေတယ်

“ကျွန်တော်ကိုလွှတ်အုံး ထအုံးမယ်”

ရောင်ဖြာအဲ့လို့ပြောလိုက်တော့ဧကရာဇ်လည်း သူ့ကိုလွှတ်ပေးလိုက်ပြီး ဧကရာဇ်နာရီကို တစ်ချက်ကြည့်လိုက်တော့ ကိုးနာရီတောင်ထိုးနေသည်ရောင်ဖြာလည်းရေချိုးခန်းထဲဝင်သွားပြီးရေချိုးနေသည် ခဏအကြာ ရေချိုးခန်းထဲကပြန်ထွက်လာပြီးနောက် ဧကရာဇ်လည်းရေချိုးထဲဝင်သွားပြန်တယ် ခဏအကြာဧကရာဇ်ပြန်ထွက်လာတဲ့အချိန်မှာ ရောင်ဖြာက အင်ကျီဝတ်ပြီး ကုတင်ပေါ်တက်ကာ ပြန်ပြီးအိပ်နေသည်

“ရောင်ဖြာနေခြည် နိုးပြီးခါမှဘာလို့ပြန်အိပ်တာလဲ”

“အိပ်ချင်သေးလို့”

“ကျုပ်ပြောနေတယ် မနက်စာသွားစားမယ်”

အခန်းအပြင်ကိုထွက်ရမယ်လို့အသံကြားတာနဲ့ရောင်ဖြာချက်ချင်းခေါင်းထောင်လာပြီး

“သွားမယ် ကျွန်တော်လည်း ဗိုက်စာနေပြီး”

အဲ့လိုနဲ့ သူတို့နှစ်ယောက်အခန်းအပြင်သို့ထွက်လာကြသည် ရောင်ဖြာအံဩသွားတာက ဧကရာဇ်၏အိမ်ကြီးသည်ကြီးကျယ်ခန်းနားလွန်းနေတာပဲဖြစ်ပါတယ်
‌နောက်ပြီးအရင်တုန်းကဆို အခန်းရှေ့မှာတောင် အစောင့်ထားတာ အခုကတစ်ယောက်မှ မရှိလို့လေ

“စောင့်တစ်ယောက်မှမရှိဘူးလား အရင်တုန်းကဆို အခန်းရှေ့မှာတောင်ထားတာ”

“အင်းဟုတ်တယ် ဒီနေ့အစောင့်တွေမထားတာ”

“အော်”

ဒီလိုနဲ့ သူတို့လည်း ထမင်းစားခန်းထဲဝင်သွားတော့ မနက်စာကို စေခံမလေးတွေက လာပြီးချပေးနေသည်
သူတို့ကိုကြည့်ရတာဧကရာဇ်ကိုတော်တော်ကြောက်သည့်ပုံရသည် ခေါင်းတောင်မဖော်နိုင်ကြဘူး
သူတို့လည်းမနက်စာတွေချပေးပြီးသွားတာနဲ့ အပြင်သို့ထွက်သွားကြလေသည် ဧကရာဇ်ကစားပွဲရဲ့ထိပ်ဆုံးခုံမှာ ထိုင်နေသည် ရောင်ဖြာက ‌ဧကရာဇ်ရဲ့ဘေးနားကခုံမှာထိုင်မယ်အလုပ်

“ဘယ်မှာသွားထိုင်အုံးမှာလည်း”

“ဟင် ဘယ်မှာထိုင်ရမှာလည်း “

“လာဒီကို”

ဧကရာဇ်က သူပေါင်ပေါ်ကိုပုတ်ပြသည် သဘောကတော့ရောင်ဖြာကိုသူ့ရဲ့ပေါင်ပေါ်မှာလာထိုင်ပေါ့
ရောင်ဖြာကလည်း ပေါင်ပေါ်မှာသွားထိုင်ဖို့ကို မထိုင်ချင်ဘူးဖြစ်နေတယ်

“လာလို့ပြောနေတယ်”

“ကျွန်တော်ခုံပေါ်မှာပဲထိုင်လို့မရဘူးလား”

“လာဆို လာခဲ့လိုက် ကျုပ်ဒေါသမထွက်ချင်ဘူး”

ရောင်ဖြာလည်းမတက်နိုင်တဲ့အဆုံး ဧကရာဇ်ရဲ့ပေါင်ပေါ်ကိုသွားထိုင်လိုက်ရသည်ပြီးတော့ ရောင်ဖြာကထမင်းကိုတစ်လုတ်စားလိုက်တဲ့အချိန်မှာ ငရုတ်သီးအစိမ်းအဖတ်ပါသွားတာကြောင့် ရောင်ဖြာနေခြည်က

“အား စပ်တယ် “

ဧကရာဇ်လည်းပြာယာခတ်သွားသည်

“ဘာဖြစ်တာလည်း”

“ငရုတ်သီးဖတ်သွားစားမိလို့ “

‌ဧကရာဇ်လည်းရောင်ဖြာ မထင်ထားတဲ့အ  လုပ်ကို လုပ် လိုက်သည်

ပြွတ်စ်

ရောင်ဖြာ‌ကအတင်းရုန်းနေသည် သို့သော်ဧကရာဇ်ကဘယ်အလွှတ်ပေးမှာလဲ အနည်းလောက်ကြာတော့ဧကရာဇ်ကလွှတ်ပေးလိုက်သည်

“အစပ်ပြေပြီလား “

“ငရုတ်သီးစပ်ရင် နမ်းရတယ်လို့ဘယ်သူပြောလဲ”

“မင်းမသိဘူးလား ငရုတ်သီးစပ်ရင် Faတွေပဲ့ ရေသောက်ကြတယ် မင်းမှာက လင်တစ်ယောက်လုံးရှိနေတာ ‌ဘာလို့ရေသောက်နေအုံးမှာလည်း”

“အမလေး မှတ်ထားရအုံးမယ်”

ရောင်ဖြာလည်းရွဲ့ကာပြောလိုက်သည်

“တော်ပြီးထမင်းဆက်မစားတော့ဘူး”

“ပြီးရော “

ထိုအချိန်တွင် အစေခံမလေးတစ်ဦးရောက်လာပြီး

“သခင်ကြီး သခင်မ‌လေး အမုန်းဧကရီရောက်နေပါတယ်”

“အင်း”

အစေခံမလေးလည်းထိုသို့ပြောပြီး ထွက်သွားလေသည် ဧကရာဇ်လည်း ထမင်းစားတာကိုရပ်ပြီး ဧည့်ခန်းထဲသို့သွားခဲ့သည် ရောင်ဖြာပါလိုက်သွားခဲ့သည်
ဧည့်ခန်းကဆိုဖာပေါ်တွင် မာထန်နေသည့်မျက်နှာနှင့်
အမျိုးသမီးတစ်ဦးထိုင်နေသည် တိုသူကတော့  အမုန်းဧကရီပေါ့

“ညီမလေး”

အကိုဖြစ်သူရဲ့အသံကိုကြားတော့ခုနက မာထန်နေသည့် မျက်နာကဘယ်ရောက်သွားလည်းတောင်မသိဘူး လုံးဝ ကလေးမျက်နှာလေးဖြစ်သွားသလို့ပဲ
ဂရေဆန်ပြောတာမှန်သည်

“အကိုကြီး”

ရောင်ဖြာလည်း ဆိုဖာပေါ်ကိုထိုင်လိုက်သည်
ဧကရီက ရောင်ဖြာကိုကြည့်ပြီး

“သူလားအကိုကြီး”

ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည် ဧကရီ၏စိတ် ထဲတွင် ‘အကိုကြီး ဟာလေးက ချစ်စရာလေး အေးပေါ့လေး ငါ့အကိုလိုရေခဲတုံးကြီးကိုအရည်ဖျော်နိုင်တယ်ဆိုတော့လည်း ဒီလောက်တော့ရှိအုံးမှာပေါ့”
ထိုအချိန်တွင် ဧကရာဇ်ဖုန်းက အသံမြည်လာတော့သည်  ဧကရာဇ်ဖုန်းကိုကြည့်လိုက်တော့ သူတို့မောင်နှမရဲ့အဖေဖြစ်နေသည် ဧကရာဇ်လည်း ဖုန်းကိုယူပြီး အိမ်အပြင်ကိုခဏထွက်သွားလေသည်

“မင်းနာမည်က ရောင်ဖြာနေခြည်ဟုတ်ပါသလား”

“ဟုတ်ပါတယ်”

“ကျုပ်က အမုန်းဧကရီပါ အကိုကြီးရဲ့ညီမပါ”

“ဟုတ်”

“အပန်းမကြီးရင် ကျုပ်မေးတာဖေပြပေးလို့ရမလား”

ရောင်ဖြာလည်းခေါင်းညိတ်ပြီး

“ရပါတယ်”

“မင်းအဖေ နဲ့ မင်းအမေရယ်  မင်းရဲ့မိထွေးအကြောင်းကိုကျုပ်ကိုပြောပြပါလား”

ရောင်ဖြာလည်းခဏလောက်မှင်သက်သွားပြီးမှ

“ကျွန်တော် 14နှစ်သားအရွယ်မှာ ကျွန်တော်အမေက ကင်ဆာနောက်ဆုံးအဆင့်ဆို‌တာ သိလိုက်ရတယ် တစ်ပြိုင်တည်းပဲ အဖေကလည်း မယားငယ်ထားတယ်ဆိုတာသိလိုက်ရတယ်  အဖေရဲ့မယားငယ်က အခုကျွန်တော်ရဲ့မိထွေး လေ အဲလိုနဲ့ 6လပိုင်း1ရက်နေ့မှာကျွန်တော်ရဲ့ အမေဆုံးသွားခဲ့တယ် အမေဆုံးပြီး 10ရက်လောက်နေတော့ အဖေကသူ့ရဲ့မယားငယ်ကိုအိမ်ကိုခေါ်လာတယ် မယားငယ်နဲ့အတူ သူရဲ့သမီးဖြစ်သူပါခေါ်လာတယ် အဲ့အချိန်မှာ သူတို့နှစ်ယောက်တရားဝင်လက်မထက်သေးဘူး ကျွန်တော်တို့အိမ်မှာနေပြီး နောက်ထက်10ရက်လောက်မှာမယားငယ်မက ပြင်သစ်ကိုကိစ္စ တစ်ခုနဲ့ သွားခဲ့တယ် မသွားခင်မှာကျွန်တော်သိလိုက်ရတာတစ်ခုက အဖေမယားငယ်က ကြေးစားဂိုဏ်းတစ်ခုအပေးအယူလုပ်နေတာကိုကျွန်တော်ကသိသွားတော့ အဖေကိုပြန်ပြောပြပေမဲ့အဖေကမယုံခဲ့ဘူး ‌အဖေရဲ့မယားငယ်ပြင်သစ်ကိုသွားတာ7လပိုင်းကသွားပြီး8လပိုင်းမှပြန်ရောက်တယ်
ပြီးတော့ 8လပိုင်း10ရက်နေ့မှာ အဖေနဲ့အဲ့မယားငယ်မနဲ့လက်ထက်သွားခဲ့တယ် အဲ့တာကျွန်တော်မိဘတွေရဲ့အကြောင်းပါ”

ဧကရီလည်းခဏလောက်မှင်သက်သွားပြန်ရောပြီးမှ

“ဒါဆိုပြင်သစ်ကိုသွားတုန်းက မင်းအဖေမပါဘူးပေါ့”

“အင်းဟုတ်တယ်မပါဘူး အဖေကအဲ့အချိန်တုန်းကကျွန်တော်နဲ့အတူရှိခဲ့တာ”

ဧကရီစိတ်ထဲတွင်’ဒါဆို မေမေကိုသတ်တုန်းက အဲ့မိန်မရဲ့အနားက လူကဘယ်သူလဲ’
ထိုအချိန်တွင်ဧကရာဇ်အိမ်ထဲသို့ပြန်ဝင်လာသည်

“ညီမလေးဖေဖေက သူ့အိမ်ကို ခနလောက်လာခဲ့ပါအုံးတဲ့ အကိုကြီးကိုရော”

“အင်းဒါဆိုသွားမယ်လေ”

ဧကရာဇ်ကရောင်ဖြာ‌ကိုလှည့်ကြည့်ပြီး

“အခန်းထဲမှာဘဲနေနော် ကြားလား”

ရောင်ဖြာလည်းခေါငး်ညိတ်ပြလိုက်သည်

Lovely Darcy Raiona 🏴

†**************************†****
Zawgyi





“အိပ်ချင်သေးလို့”







“အော်”




“လာဒီကို”


“လာလို့ပြောနေတယ်”




“အား စပ်တယ် “


“ဘာဖြစ်တာလည်း”



ပြွတ်စ်


“အစပ်ပြေပြီလား “






“ပြီးရော “



“အင်း”


“ညီမလေး”

ဂရေဆန်ပြောတာမှန်သည်

“အကိုကြီး”


“သူလားအကိုကြီး”



“ဟုတ်ပါတယ်”


“ဟုတ်”



“ရပါတယ်”









“အင်းဒါဆိုသွားမယ်လေ”



ရောင်ဖြာလည်းခေါင်းညိတ်ပြလိုက်သည်

Lovely Darcy Raiona 🏴

Tags: read novel False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (12), novel False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (12), read False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (12) online, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (12) chapter, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (12) high quality, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (12) light novel, ,

Comment

Leave a Reply

Chapter 15