False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(19)

A+ A-

ဒီနေ့ကတော့အလုပ်ပိတ်ရက်လေးဖြစ်တဲ့အတွက်ဧကရာဇ်တစ်ယောက် 9နာရီတောင် မနိုးသေးပဲဆက်၍သာအိပ်နေသည် မကြာပါဧကရာဇ်နိုးလာသည်
နာရီကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ 9နာရီဖြစ်နေတာ‌ကို သူသတိထားမိလာသည်

“စောက်အချိန်တွေကလဲမြန်လိုက်တာ မိုးတောင်လင်းနေပြီး”

ဧကရာဇ်တစ်ယောက်သူလိုလို လည်ပတ်နေသည်နေသည့် အချိန်ကာလကိုပင် စိတ်အလိုမကျစွာ ဆဲဆိုနေသည် တစ်ဖက်သို့လှည့်လိုက်သည့်အချိန်မှာ
ရောင်ဖြာတစ်ယောက်အိပ်မောကျနေသည်
ဖွေးဖြူလှသည့် အသား မထူမပါးမျက်ခုံးမွှေး၊
ဝိုင်းစက်နေသည့် မျက်လုံး နဖူးကနေသွယ်ဆင်းလာသည့် သွယ်လျှသည့် နှာတံ ဘယ်အချိန်ကြည့်ကြည့်
ရောင်ဖြာနေခြည်ဟာ ဧကရာဇ်အမြင်မှာပြီးပြည့်စုံလှသည်

“မင်းက ဘယ်အချိန်ကြည့်ကြည့် မျက်နှာက အကြည့်ဓာတ်လေးအပြည့်ပဲ”

ဧကရာဇ်ပြောပြီး အိပ်ရာပေါ်က ထသွားပြီး ရေချိုးခန်းထဲဝင်သွားသည် ခနအကြာဧကရာဇ်ရေချိုးခန်းထဲကထွက်လာပြီး အင်ကျီလဲ၍ ဆိုဖာပေါ်တွင်ထိုင်၍ အတွေးနယ်ချဲ့ကာ ဆေးလိပ်သောက်နေသည် ထိုအချိန်မှရောင်ဖြာနေခြည်နိုးလာသည် သူနိုးလာသည့်အချိန် နှာခေါင်းထဲ စီးကရက်အနံထောင်ကနဲ့
ရောင်ဖြာနေခြည်က စီးကရက်အနံကိုမခံနိုင်ပါ

” အဟွက်! အဟွက်!”

“ဘာဖြစ်တာလဲ”

“လူကြီးစီးကရက်သောက်ရင် အပြင်သွားသောက်”

ဧကရာဇ်တစ်ယောက် မျက်ခုံပင်ကာ’ဘာလို့အပြင်သွားရမှာလဲ’ ဟုသောအမှုအရာဖြင့်ရောင်ဖြာ စီးကရက် အနံမွန်းရတဲ့အထဲ သူက တစ်မျိုး

“ကျွန်တော် စီးကရက် အနံမခံနိုင်လို့ပါလို့ “

ဧကရာဇ်တစ်ယောက်တစ်ခုခုကို‌ေတွးလိုက်သည်
ထိုအရာက

“အပေးအယူလုပ်မယ်ဆိုရင်ရော”

“ဘယ်လိုမျိုးလဲ”

“ကျုပ်စီးကရက်ကို စွဲ‌လမ်းနေတယ် အဲ့အတွက် စီးကရက်ကိုမင်းကအနံမခံနိုင်လို့ မသောက်ခိုင်းရင်
စီးကရက်အစား မင်းနှုတ်ခမ်းကိုယူမယ် စီးကရက်တစ်ခါသောက်ချင်တိုင်း မင်းကိုတစ်ခါနမ်းမယ်
ဘယ်လိုလဲ”

“…….”

ရောင်ဖြာခနတွေဝေသွားသည် မဖြစ်ဘူး ဒီအပေးအယူကို လုပ်လိုက်ရင် သူတစ်ချိန်လုံး အနမ်းခံနေရမှာ
မဖြစ်ဘူး ဒါပေမဲ့လဲ သူမှာက စီးကရက်အနံကိုမှမခံနိုင်တာ

“မင်းသဘောမတူလဲရပါတယ်”

ဧကရာဇ်လည်း ရောင်ဖြာ၏အဖြေကိုမစောင့်တော့ဘဲ
စီးကရက်တစ်လိပ်ကိုကောက်ပြီး ကိုင်လိုက်ပြီး
ပါးစပ်ပေါ်တင် လိုက်သည့်အချိန်

“ဟေ့ “

ရောင်ဖြာနေခြည် ကုတင်ပေါ်က အသည်းအသန် ဆင်းလားပြီး ဧကရာဇ်၏ ပါးစပ်ပေါ်က ‌စီးကရက် ကိုလက်ဖြင့်ယူကာဘေးကိုလွှတ်ပစ်လိုက်ပြီး ပေါင်းပေါ်ကိုထိုင်လိုက်ကာ ဧကရာဇ်၏အင်ကျီ ကိုဆွဲပြီး နမ်းလိုက်သည်

ပြတ်စ်!!

ဧကရာဇ်တစ်ယောက်ဒီအခွင့်အရေးကိုဘာလိုအလွတ်ပေးမှာလဲ အမိအရဖမ်းယူမှာပေါ့ သူရောင်ဖြာ၏ခါးကိုဆွဲချလိုက်ပြီးဆိုဖာပေါ်ကိုရောင်ဖြာကိုတွန်းချလိုက်သည် ပြီးနောက် ရောင်ဖြာ၏လက်နှစ်ဖက်ကိုချုပ်ကိုင်ကာ အနမ်းတွေကိုရှေ့ဆက်နေသည်

“1 minute”

“2 minutes “

“3 minutes”

“4 minutes”

“5 minutes”

ခေါက်! ခေါက်!

အချိန်ကောင်းမှအဖျက်ကဝင်လာပြန်ပြီး ဧကရာဇ်တစ်ယောက် စိတ်မရှည်စွာ ရောင်ဖြာကိုလွှတ်ပေးလိုက်ရသည် ရောင်ဖြာကတော့ ရှက်သွေးဖြာကာ ရေချိုးခန်းထဲ ပြေးဝင်သွားသည်

“ဘယ်သူလဲ”

“ကျွန်တော်ပါ boss “

“ဝင်ခဲ့”

တင်လာသူကတော့ဘယ်သူရှိမှာလဲ သူရဲ့ညာလက်ရုံးတော် ဘုရင်စက်ပေါ့ကွယ်

“ဘာကိစ္စလဲ”

“ဂိုဏ်းချုပ်က မဟာမိတ်ဂိုဏ်းတွေကို အစည်း‌ေဝးခေါ်ထားပါတယ် ၁၀:၀၀နာရီအရောက်ပါ”

“သွားမယ် “

ဧကရာဇ်ကတော့ ဘုရင်စက်လာခေါ်သည်မို့လိုက်သွားသည် ဂိုဏ်းချုပ်လည်းအဖျက်သမားထဲမှာပါသည်
ဒီလိုအခွင့်အရေးမျိုးကရဖို့ခက်ခဲတာကိုလေ ရောင်ဖြာနေခြည်တစ်ယောက်ရေချိုးခန်းထဲမှာတစ်ယောက်ထဲစကား‌တွေပြောနေသည်

“ဟူးးး ဘုရင်စက်ကယ်လို့ဘဲ မဟုတ်ရင် အမလေး မတွေးရဲစရာ”

ရောင်ဖြာတစ်ယောက်သူ၏နိမ့်လိုက်မြင့်လိုက်ဖြစ်နေသော ရင်ဘက်ကိုလက်ဖြင့်ဖိကာ

“ဘာလဲ ငါ ..  ငါဒီလူကြီးကိုရင်ခုန်‌နေတာလား မဖြစ်ဘူး သူကိုချစ်လို့မဖြစ်ဘူး သူကငါကိုနှိပ်စက်ထားတာ နောက်ပြီးသူကငါကို မုန်းနေတာလေ ငါသူကိုချစ်မိရင်
မဖြစ်ဘူး ငါသူကိုချစ်မိလို့မဖြစ်ဘူး “

ရောင်ဖြာနေခြည်သူအတွေးများကို သူ ကိုယ်တိုင်ပင်နားမလည်ပါ သူဧကရာဇ်ကိုချစ်နေမိတာလား အထိအတွေ့မှာသာယာနေတာလား မသဲကွဲ

“ဒါပေမဲ့ အဲ့လူကြီးက ညှိယူအားပျင်းလိုက်တာအဲ့လူကြီးကနားလည်ရခက်တယ် ဘယ်လိုလဲကွာ သူကဂရုမစိုက်သလိုနဲ့ငါကိုကြတော့အရမ်းဂရုစိုက်သလိုဘဲ”

∆∆∆∆∆∆∆~∆∆∆∆∆

အစည်းအဝေးအခန်း၌ မဟာမိတ်ဂိုဏ်းလေးဂိုဏ်းရဲ့ခေါင်းဆောင်တွေစံုအောင်ရောက်နေပါသည်

“ဒီနေ့အစည်းအ‌ေဝးခေါ်တာ အရေးကြီးကိစ္စရှိလို့ခေါ်လိုက်ရတာပါ “

ဂိုဏ်ချုပ်ကနေထိုသို့ပြောလိုက်တဲ့အချိန်မှာ ဧကရာဇ်က

“ဘာအကြောင်းများရှိပါသလဲ”

“ကျုပ်တို့ မဟာမိတ်လေးဖွဲကို ပြင်သစ် သမ္မတ က ဆင့်ခေါ်လိုက်တယ် အဲဒါကြောင့်ပြင်သစ်ကိုသွားရမယ် “

“ဘယ်တော့လဲခေါင်းဆောင်”

“အခုညနေသွားရမယ် “

ဧကရာဇ်သည် ထိုသို့ဆင့်ခေါ်ချက်အား သဘောမကျပါ သို‌ပေမဲ့‌ဂိုဏ်းချုပ်၏အမိန့်ကိုတော့ မလွန်ဆံချင်ပါ
ထိုကြောင့် သာသွားရတော့မည် နောက်ပြီးသူအိမ်ကအမွေစိန်အားစိတ်မချပါ သူသွားရင် ရောင်ဖြာက နောက်တစ်ခါထွက်ပြေးအုံးမယ် ဆိုတာသူသိနေသည်

“ဒါကိုပြောချင်လိုအစည်းအ‌ေဝးခေါ်လိုက်တာ”

“ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါအုံး”

“အင်း”

ဂိုဏ်းချုပ်ခေါင်းတစ်ချက်ညိတ်ပြလိုက်တာနဲ့အားလုံးက သူဟာသူပြန်သွားကြလေတယ် ဧကရာဇ်အပါအဝင်ပေါ့
သူလမ်းတစ်‌ေလျှာက်လုံးစဉ်းစားနေခဲ့သည် ဒီခရီးကိုသွားလို့ဖြစ်ပါ့မလား

∆∆∆∆~∆∆∆∆

အိမ်၌

ရောင်ဖြာနေခြည်တစ်ယောက် TVထိုင်ကြည့်နေသည်
TV ကိုသာအာရုံရောက်နေသဖြင့် ဧကရာဇ်အခန်းထဲဝက်လာတာကိုသတိမထားမိ

“ရောင်ဖြာ”

“……”

ရောင်ဖြာတစ်ယောက်ဧကရာဇ် ၏ခေါ်သံအားမကြားပါ
TVကိုကြည့်မြဲသာကြည့်နေသည် ဧကရာဇ်ကတော့ရောင်ဖြာကိုခါးထောက်၍ကြည့်နေသည်ဧကရာဇ်စိတ်မရှည်တော့ပါ

“ရောင်ဖြာနေခြည်!!!!!!!!!!”

“ဟင် အမလေးကြားပါတယ် အသံကုန်အော်မနေနဲ့”

ဤအခြေ‌အနေက ဧကရာဇ်ကအော်နေတာလား ရောင်ဖြာကအော်နေတာ‌တောင်မသဲကွဲ တစ်ယောက်နှင့်‌တစ်ယောက်အပြန်အလှန်အော်နေကြသည်

“ကျုပ်ကိုလာပြီးမအော်နဲ့”

“ဒါဆိုခများလည်း မအော်နဲ့လေ”

ဧကရာဇ်တစ်ယောက်သူပြောချင်တဲ့ကိစ္စရဲ့လိုရင်းကိုမရောက်နိုင်တော့ဘူး တစ်ယောက်တစ်လှည့်မခံနိုင်ဘဲ အပြန်အလှန်အော်နေကြသည်

“ကျုပ်ပြောမယ်နားထောင် ကျုပ်ပြင်သစ်ကိုခရီးသွားစရာရှိတယ် အခုညနေသွားရမှာ “

“ဘယ်တော့ပြန်လာမှာလဲ”

“တစ်ပါတ်လောက်တော့ကြာမယ် “

“ပြီးရော”

ရောင်ဖြာဧကရာဇ်ကိုပြောပြီးခေါင်းကိုပြန်လှည့်ကာTVကိုပြန်ကြည့်နေသည် ဧကရာဇ်က ဖုန်းတစ်လုံးထုတ်လိုက်ကာ ဆိုဖာပေါ်သို့ပစ်တင်လိုက်သည်

“ကျုပ်ကိုဆက်သွယ်ချင်ရင် အဲ့ဖုန်းနဲ့ဆက်သွယ် ကျုပ်မင်းကို ဆက်သွယ်ချင်ရင်လည်း ဒီဖုန်းကိုပဲဆက်သွယ်မယ် ကြားလား”

“ကြားတယ် “

∆∆∆∆~~∆∆∆∆

ညနေရောက်သောအခါ

‌ဧကရာဇ် အထုပ်တွေအပိုးတွေပြင်ဆင်ပြီး ထွက်လာသည် ပြီးတော့ရောင်ဖြာရှိတဲ့ဆိုဖာပေါ်သို့လာကာ
မပြောမဆို ရောင်ဖြာ၏နှုတ်ခမ်းကိုသိမ်းပိုက်လိုက်ပြန်သည်

ပြတ်စ်**

ယခုအခါမှာတော့ ရောင်ဖြာဘက်ကရုန်းကန်ချင်မရှိပါ
သို‌့သော် အနမ်းများကိုတော့ တုန့်ပြန်တယ်လို့လဲမဆိုလိုပါ
ဧကရာဇတစ်ယောက်နမ်းလို့ဝခါမှရောင်ဖြာကိုလွှတ်ပေးလိုက်သည် ပြီး‌တော့သူပြောသွားတဲ့စကားတစ်ခွန်း

“ကိုယ်သွားတော့မယ်”

ရောင်ဖြာတစ်ယောက်ခေါင်းသာညိတ်ပြလိုက်သည်
ဧကရာဇ်အရိပ်‌အယောင်သည် အိမ်ထဲကနေတစ်ဖြည်းဖြည်းပျောက်ကွယ်သွားသည်
ထိုနောက်ကားတန်းရှည်ကြီးသည် လမ်းမထက်က ထွက်သွားသည်ကိုရောင်ဖြာက ပြတင်းပေါက်‌ကနေ၍ရပ်ကြည့်နေခဲ့သည်
ပြီးမှရောင်ဖြာတစ်ယောက် စဉ်းစားမိတာက

“ဟင် ဟိုလူကြီး သူကိုယ်သူ ‘ကိုယ်’ လိုသုံးနှုန်းသွားလား”

ရောင်တစ်ယောက်သူကိုယ်သူတောင် သတိမထားမိပဲ
ပြုံးမိသည် ‘ကိုယ်’ဆိုတဲ့အသုံးအနှုန်းက သူကိုတော်တော် နွေးထွေးမှုပေးသည်

🌹Lovely Darcy Raiona 🌹

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

Zawgyi






” အဟွက်! အဟွက်!”

“ဘာဖြစ်တာလဲ”




ဧကရာဇ်တစ်ယောက်တစ်ခုခုကို‌တွေးလိုက်သည်
ထိုအရာက


“ဘယ်လိုမျိုးလဲ”

ဘယ်လိုလဲ”

“…….”


“မင်းသဘောမတူလဲရပါတယ်”


“ဟေ့ “


ပြတ်စ်!!


“1 minute”

“2 minutes “

“3 minutes”

“4 minutes”

“5 minutes”

ခေါက်! ခေါက်!


“ဘယ်သူလဲ”

“ကျွန်တော်ပါ boss “

“ဝင်ခဲ့”


“ဘာကိစ္စလဲ”

“ဂိုဏ်းချုပ်က မဟာမိတ်ဂိုဏ်းတွေကို အစည်း‌ဝေးခေါ်ထားပါတယ် ၁၀:၀၀နာရီအရောက်ပါ”

“သွားမယ် “







∆∆∆∆∆∆∆~∆∆∆∆∆

အစည်းအဝေးအခန်း၌ မဟာမိတ်ဂိုဏ်းလေးဂိုဏ်းရဲ့ခေါင်းဆောင်တွေစုံအောင်ရောက်နေပါသည်

“ဒီနေ့အစည်းအ‌ဝေးခေါ်တာ အရေးကြီးကိစ္စရှိလို့ခေါ်လိုက်ရတာပါ “





“အခုညနေသွားရမယ် “


“ဒါကိုပြောချင်လိုအစည်းအ‌ဝေးခေါ်လိုက်တာ”


“အင်း”

သူလမ်းတစ်‌လျှောက်လုံးစဉ်းစားနေခဲ့သည် ဒီခရီးကိုသွားလို့ဖြစ်ပါ့မလား

∆∆∆∆~∆∆∆∆

အိမ်၌


“ရောင်ဖြာ”

“……”


“ရောင်ဖြာနေခြည်!!!!!!!!!!”







“ဘယ်တော့ပြန်လာမှာလဲ”


“ပြီးရော”



“ကြားတယ် “

∆∆∆∆~~∆∆∆∆

ညနေရောက်သောအခါ


ပြတ်စ်**


“ကိုယ်သွားတော့မယ်”




🌹Lovely Darcy Raiona 🌹

Tags: read novel False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(19), novel False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(19), read False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(19) online, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(19) chapter, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(19) high quality, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(19) light novel, ,

Comment

Leave a Reply

Chapter 22