False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (23)

A+ A-

သာယာလှသည့်အီတလီနိုင်ငံ၏မနက်ခင်းတွင် ရောင်ဖြာတစ်ယောက် အစောကြီးအိပ်ရာထနေ၏ အရင်ကဆို အအိပ်မက်တက်တဲ့သူက ဒီနေ့ကြမှ အစောကြီးထနေသော် အနည်းငယ်တော့ ထူဆန်းနေသည်
အနည်းငယ်ငယ်မဟုတ်ပါ ဒီနေ့မနက်က အများကြီးထူးဆန်းသည် ။ အကြောင်းကတော့ဧကရာဇ် ပြန်လာမှာကို  
ရောင်ဖြာရေချိုးနေရင်း

“မဟုတ်သေးပါဘူး လူကြီးက ပုံမှန်ဆို ဧည်သည်တွေအိမ်လာတာမကြိုက်ဘူးလေ ဘာကိစ္စ ဧည့်သည်က ပါလာအုံးမှာလဲ”

ဟုတ်သည် ဧကရာဇ်က ဧည့်သည်တွေလာတာမကြိုက်ပါ မိသားစုကလွဲရင်အခြားလူအိမ်ဝင်တာလုံးဝမကြိုက်

“အလုပ်ကိစ္စပဲနေမှာပါလေ”

ဧည့်သည်က ဘယ်သူမှန်မသိသေးပေမဲ့ ရောင်ဖြာကတော့လက်ခံရမှာပဲလေ
ရောင်ဖြာတစ်ယောက်အတွေးများနှင့် ရေချိုး၍ပြီးသွားလေသည် ရေချိုးပြီးသည်နှင့် အဝတ်အစားတန်းလဲပြီးအောက်ထပ်ဆင်စလာခဲ့သည်
အောက်ထပ်၌ Grayson တစ်ယောက်ဧည့်ခန်းထဲတွင်ထိုင်နေ၏ ရောင်ဖြာကိုတွေ့တော့

“ရောင်ဖြာခနလာအုံး”

“ဟုတ်”

ရောင်ဖြာသည်ဂရေဆန်ခေါ်သည့်အတိုင်း ဧည့်ခန်းထဲသို့ရောက်လာ၏ ထိုနောက် Grayson ၏ဘေးနားတွင်တင်ထိုင်လိုက်၏

“အကိုပြောပြစရာရှိလို့”

“ဟုတ်ပြောလေ”

ရောင်ဖြာ Grayson ၏မျက်နှာကိုသေသေချာချာကြည့်ပြီးပြန်ဖြေလိုက်၏ နောက်ပြီးပြောပြမည့်စကားကိုလဲကြားချင်မိနေ၏

“အခု ဧကရာဇ်ရဲ့အနောက်မှာဧည့်သည် နှစ်ယောက်ပါလာလိမ့်မယ် တစ်ယောက်က အာဏာစက် ၊ ဘုရင်စက်ရဲ့အကို၊ နောက်တစ်ယောက်က ဆိုဖီ ၊ သူမက…”

“သူမက…. ဘာဖြစ်လဲအကို “

“မင်းကြားရင်အံဩသွားလိမ့်မယ် သူမက ဧကရာဇ်ရဲ့အချစ်ဦး…”

“ဟမ့် !!”

ရောင်ဖြာမျက်လုံးလေး ဝိုင်းစက်သွား၏ ချက်ချင်းဆိုသလိုခေါင်းထဲမှာအတွေးပေါင်းများစွာဝင်ရောက်လာသကဲ့သို့ ရင်ဘက်ထဲတစ်မျိုးကြီးခံစားလိုက်ရ၏

“ဒါပေမဲ့မပူပါနဲ့ အဲ့တစ်ယောက်နဲ့ ဧကရာဇ်က အလုပ်ကိစ္စအရပတ်သတ်‌နေတာပါ ဧကရာဇ်ကသူကိုလမ်းခွဲလိုက်တာကြာပေမဲ့ ဧကရာဇ် သူမအပေါ် ခံစားချက်ရှိသေးလားမရှိတော့ဘူးလားဆို‌တာတော့ အကိုလဲမပြောတက်ဘူး ….အရေးကြီးတာက မင်း ဧကရာဇ်အပေါ်ခံစားချက်ရှိရင် ဧကရာဇ် အဲ့မိန်းမအပေါ်စိတ်မယိုင်သွားအောင်ထိန်းတက်ဖို့ပဲလိုတယ် “

“ဟူတ်ကဲ့အကို ……”

ဧကရာဇ်အပေါ် ရောင်ဖြာသံယောဇဉ်ရှိနေပါသည်
အခုအချိန်မှာဧကရာဇ်ကိုချစ်လားလို့ရောင်ဖြာကိုမေးရင်  ဟင့်အင်းလိုပဲ့ကြားရပါလိမ့်မယ်
ဒါပေမဲ့တကယ်တော့ ရောင်ဖြာ ဧကရာဇ်ကို မသိစိတ်က ချစ်မိနေပါသည်။

ခနအကြာ~~~~

ကြီးကျယ်ခမ်းနားလှသာ်အိမ်တော်ကြီးသို့ အနက်ရောင်ကားတန်းရှည်ကိုဝင်လာလေသည်
ထိုသို့ အိမ်တော်ခြံဝန်းထဲတွင်လဲ အနက်ရောင်အင်ကျီများနှင့် လူများက လူတစ်ယောက်အားစောင့်ကြိုနေဟန်

အနက်ရောင်ကားတန်းရှည်ကြီးသည် ခန့်မှန်းကြည့် လျှင်အနည်းဆုံးကား ဆယ်စီးအထက်ရှိ၏ ။ထိုကားလတန်းရှည်ကြီးမှ ဒုတိယကားမှလူတစ်ယောက်ဆင်းလာ၏ ထိုလူကတော့အခြားလူမဟုတ် အာလုံးစောင့်မျှော်နေကြသည့် မာနဧကရာဇ်ပင်ဖြစ်သည်

အိမ်တော်ကြီး၏ ရှေ့တွင် ရောင်ဖြာနေခြည်၊ Graysonနှင့် သူတို့နှစ်ယောက်၏ သက်တော်စောင့်နှစ်ယောက်က စောင့်ကြိုနေ၏

မာနဧကရာဇ် ၊ အာဏာစက် ၊ဆိုဖီတို့ သုံးယောက်က အိမ်တော်ကြီးဆီသို့ လမ်း‌လျှောက်လာ၏ ထိုလူသုံးယောက်အား ခြံဝန်းထဲ၌ရှိသော အနက်ရောင် ဝတ်စုံနှင့်လူများသည် ထိုသုံးယောက်ကို ဦးညွှတ်‌ေန၏။

အိမ်တော်၏ တံခါးအနားဧကရာဇ်ရောက်သည့်အခါ

“လူကြီး…..”

“လာပါအုံး ဒီကို “

ရောင်ဖြာတစ်ယောက် ဧကရာဇ်အားပြေးဖက်လိုက်၏ သူလွမ်းသည် ။ ဧကရာဇ်ကိုသူအရမ်းလွမ်းသည်။
ပြေးဖက်လိုက်သည့်အချိန်မှာဧကရာဇ်ကိုယ်က ခပ်မွှေးမွှေး ရေမွှေးရနံကိုသူရရှိလိုက်၏ သူနှင့်ရင်းနှီးပြီးသားဖြစ်သော‌အနံမို့သိပ်ပြီးထူးဆန်းမနေပါ

“လွှတ်အုံးလေ “

“ကိုယ်ကလွမ်းလို့ပါ baby ကလဲ”

ပါးစပ်ကသာပြောတာပါ ပြောပြီး ရောင််ဖြာအားလွှတ်ပေးလိုက်၏ ဧကရာဇ်ညာဘက်တွင် ချောမောခန့်ညားသည့် လူတစ်ယောက်နှင့် ဘယ်ဘက်တွင်တော့
ဖြူဖွေး နူပျိုလှသည့် အမျိုးသမီးတစ်ယောက်ကို ရောင်ဖြာမြင်လိုက်၏

“Baby ကိုမိတ်ဆက်ပေးမယ် ဒါက ကိုယ်နဲ့အလုပ်အတူတွဲလုပ်မဲ့ အမလေ ဆိုဖီတဲ့ သူက ဒီတစ်ရက်နှစ်ရက်အိမ်မှာတည်းမှာ”

ဧကရာဇ်တစ်ယောက် ရောင်ဖြာကိုဆိုဖီနဲ့မိတ်ဆက်ပေးနေစဉ် ဘုရင်စက် တို့အတွဲကတော့ ဘယ်ပျောက်လို့ ပျောက်သွားမှန်းကိုမသိ၊
အာဏာစက်က ကြားထဲက ကြောင်တောင်တောင်လေး

“အော်.. .. ဟုတ် တို့နာမည်က ဆိုဖီပါ ။ ‌မောင်နဲ့…အယ် မှားလို့ ….ဧကရာဇ်နဲ့အလုပ်အတူတွဲလုပ်မှာပါ .. ဒါက ဧကရာဇ်ရဲ့ boyfriend ထင်တယ် “

“ကျွန်တော်က မာနဧကရာဇ်ရဲ့ wife ပါ”

“အော် …ဟု..ဟုတ်ကဲ့”

ထိုမိန်းကလေး မထိမ်းနိုင်အောင်မျက်နှာပျက်ကျသွား၏ ဧကရာဇ်ကတော့ ကျင်နပ်သည့်အပြုံးများဖြင့်မဲ့ပြုံးတစ်ချက်ပြုံးလေသည် ရောင်ဖြာက မထင်သလောက် အဆိပ်ပြင်းပါလား
  နောက်အာဏာစက်ဆီတစ်ချက်လှည့်လိုက်ပြီး

“Baby ဒါက ကိုယ်ရဲ့ ညီ”

“အော်..ဟုတ်တွေ့ရတာဝမ်းသာပါတယ်အကို ..”

အာဏာစက်ခေါင်းသာတစ်ချက်ညိတ်လိုက်၏နောက် ဧကရာဇ်သည့်အိမ်တော်ထိန်းအားတစ်ချက်လှမ်း‌ေခါ်ပြီး

“ဆိုဖီအတွက် အောက်ထပ်က  ဧည့်သည်ခန်းကို လိုက် ပြလိုက်  ၊ အာဏာစက်အတွက် သူအရင်နေတဲ့အခန်းကိုရှင်းထားတယ်မလား”

“ရှင်းထားပါတယ် သခင်ကြီး “

“ဒီဘက်ကိုကြွပါ ဧည့်သည်ခမျာ “

ထိုသို့ ဆိုဖီကိုအောက်ထပ်က ဧည့်သည့်တွေတည်းထဲအခန်းမှာထားလိုက်ပြီး အာဏာကိုတော့ သူအရင်နေတဲ့
အခန်းမှာထားလိုက်၏  ဆိုဖီကိုအိမ်တော်ထိန်းခေါ်သွားပြီးနောက်ရောင်ဖြာအား

“အားး လူကြီးဘာလုပ်တာလဲ… အောက်ပြန်ချပေးးး”

“ငါသွားပြီးအာဏာ .. “

“ဟုတ် အကိုကြီးး”

“လူကြီးးးးးး အောက်ချပေးးလို့….”

ဧကရာဇ်တစ်ယောက် ရောင်ဖြာအား ပွေ့ချီသွားပြီး
အိမ်ပေါ်ထပ်အားတက်သွားလေသည် အောက်ထပ်တွင် အာဏာစက်တစ်ယောက်

“အော် ရည်းစားမရှိတဲ့ငါ့ဘဝဟာ‌လဲနော် တွဲတိုင်းကိုပြတ်တာ ယောက်ျားလေးတွဲတွဲ မိန်းကလေးတွဲတွဲ ။
အော် ငါ့စောက်ချိုးနဲ့လဲအဆင်မပြေပါဘူး
ငါမှစောက်ချိုးမပြေတာကို ဟူးးးးးး”

သူလဲပြောရင်လွန်ရာကျအုံးမည် တွဲသည့်လူတိုင်းတစ်ပတ်ထက်ပိုမခံပါ
အနည်းဆံုးခံ တစ်လ။
ဧကရာဇ် မိန်းမရှုပ်တယ်ဆိုတာက ဧကရာဇ်က ကစားတာ ၊
အာဏာ မိန်းမရှုပ်တာက မိန်းမတွေက သူကိုက‌စားတာ ညီအကိုနှစ်ယောက် မိန်းမရှုပ်တာ တူပေမဲ့ ရှုပ်ပုံရှုပ်နည်းမတူပြန်ဘူး။

∆∆∆∆∆~∆∆∆∆∆∆∆∆∆~∆∆∆∆∆∆∆∆∆∆∆~∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆~∆∆∆∆∆∆∆∆∆

အမုန်းဧကရီဘက်

မှောင်မဲနေသည့်အခန်းထဲ၌ မိန်းမတစ်ယောက်သည်ဓားတစ်ချောင်းကိုကိုင်ဆောင်လျက် ဆိုဖာပေါ်တွင် ထိုင်နေ၏
ထိုအမျိုးသမီးကတော့အခြားလူမဟုတ် အမုန်းဧကရီပင်ဖြစ်၏  သူမ၏အရှေ့တွင်
နောက်ထပ်အမျိူးသမီးတစ်ဦးသူသွေးစိမ်းရှင်ရှင်ဖြင့် အသက်ပင်မသေသေးဘဲ ဒူးထောက်၍ထိုင်နေ၏

“ပြောစမ်း!!!!! ကျုပ်လူကို ဘာကြောင့်လာထိရတာလဲ  ဟမ့်!!!!”

“……..”

“အဟက်! ပြစမ်းပါအုံး ကျုပ်လူကိုထိတွေ့ထားတဲ့လက်တွေ “

ဧကရီထိုင်ရာကတစ်ဆင့်ထလာပြီး  ထိုအမျိုးသမီးလက်တွေကိုဆွဲကိုင်လိုက်၏
Phyco ဆန်ဆန်ပြုံးနေ၏ ထိုအပြုံးများသည် အပြင်လူအတွက်ဘာမှမဟုတ်ပေမဲ့အရှေ့မိန်းကလေးအတွက်ကတော့ ယမမင်း(သေမင်း)အလားပင်

“အားးးးးးးးးးးးး”

“ဒီလက်ချောင်းလေးတွေက ကျုပ်လူရဲ့အင်ကျီကိုထိထားတာလားး”

ဧကရီဖြတ်လိုက်တဲ့လက်ချောင်းလေးတွေကို ကြည့်ရင် ဟားတိုက်ရယ်တော့သည်။
ကျုပ်လူကိုလာထိတဲ့လူမှန်သမျှ အသေဆိုးနဲ့သေစေရမယ်
ထိုမိန်းကလေးကတော့ နာကျင်လွန်းလို့ အော်နေရုံမှအပါ အခြားရွေးချယ်စရာမရှိ
ဧကရီအလျော့မပေးသေး မိန်းကလေး၏ ဆံပင်အားဆောင့်ဆွဲ၍

“ပြစမ်းပါအုံး ကျုပ်လူကိုလာမြူဆွယ်တဲ့ မိတ်ကပ် တစ်ပိသာနဲ့ရုပ်ကို “

“အားး နောက်မလုပ်တော့ပါဘူး အသက်ချမ်းသာပေးပါ “

“အသက်ရှင်ဖို့စိတ်ကူး‌ေတာင်မယဉ်နဲ့”

ဧကရီဘေးနားမှသံချောင်းကိုယူကာ ထိုမိန်းကလေးက ခေါင်း‌အားရိုက်ချလိုက် သွေးများကြားလူလိမ့်နေသော မိန်းကလေးအားကြည့်ရင်း အားရသောအပြုံးများဖြင့်သာ စိုက်ကြည့်နေလေသည်။

အမုန်းဧကရီရဲ့အပိုင်ကိုလာထိရဲ့ထိကြည့်အကုန်အသက်ရှင်ဖို့မပြောနဲ့ ငရဲပြည်ကို ကျုပ်ကိုယ်တိုင် ခေါ်သွားပြမယ်

“မင်းက တော်တော်အသက်ပြင်းတာပါလား “

အရင်က‌ဆို ဧကရီအားနဲ့သံ‌ေချာင်းနဲ့ပေါင်းပြီး ခေါင်းကိုရိုက်လိုက်ရင် အခြားလူဆို တစ်ချက်ထဲနဲ့အသက်ပျောက်ပေမဲ့ အခုမိန်းကလေးက မသေသေးတဲ့အပြင်မျက်လုံးတောင်ဖွင့်နိုင်သေးသည်။

ဒိုင်းးးးးးး!!

ဒိုင်းးးးးးးး

ဒိုင်းးးးးးးးး

မသေနိုင်သည့်သူမအား သေနတ်ဖြင့်သုံးခါ်တိတိပစ်ခတ်ပြီးသတ်လိုက်၏ ဒီတစ်ခေါက်တော့ မိန်းကလေး‌‌ေသလောက်ပါပြီး
ဧကရီ သွေးပေနေသော အင်ကျီ ၊ သွေးပေနေသောလက် ၊ သွေးစွန်းနေသော သေနတ်တို့ကိုကိုင်ကာ မြေအောက်ခန်းအပြင် ဘက်သို့ထွက်လာလေသည်
အပြင်တွင် ဆိုမာက ထိုင်စောင့်နေပြီး အခြားလူတစ်ယောက်မှမရှိပါ

” ‌အလောင်းရှင်းထားလိုက်”

“ဟုတ်”

အလောင်းရှင်းရတာဆိုမာအလုပ်မဟုတ်ပေမဲ့
ဒီလိုကိစ္စတွေမှာတော့ ဆိုမာကအမြဲ‌အလောင်းဖျောက်ပေးလေ့ရှိသည်။

ဧကရီအတွက်ဆိုမာဟာဆိုရင် ညီမတစ်ယောက်လို့ သူအပေါ်ဂရုစိုက်ပေးသည်။
ညာလက်ရုံးပီပီ အကြံကောင်းများကိုလည်းပေးစွမ်းသည်။
မိသားစုတစ်ယောက်ကဲ့သို့ နွေးထွေးမှုပေးစွမ်းသည်။
သက်တော်စောင့်တစ်ယောက်ကဲ့သို့ သူအနေားမှာအမြဲရှိနေ‌ေပးနိုင်သည်။

∆∆∆∆∆∆∆~∆∆∆∆∆∆∆∆~∆∆∆∆∆∆∆∆~∆∆∆∆∆∆∆∆∆∆~∆∆∆∆∆∆∆~∆∆∆∆∆∆∆~∆∆∆∆∆∆~

အပေါ်ထပ် မှအခန်းသို့ရောက်သောအခါ ရောင်ဖြာက ရုန်းကန်ခြင်းမရှိတော့။
ဧကရာဇ်၏ပွေ့ချီခြင်း ကို ငြိမ်၍ လိုက် လာ၏ ။
ဧကရာဇ်၏ လည်ပင်းကို လက်သွယ်သွယ် လေးများဖြင့် ဖက်တွယ်လျက်
အခန်းထဲအရောက်

“ကျွန်‌ေတာ့်တာဝန်‌ ပြီးပြီး ချပေးတော့”

“မင်းတာဝန်ကျေပါပေတယ်”

ရောင်ဖြာအား ဆိုဖာပေါ်သို့ ချပေးကာ ပေါ်ကာအုပ်မိုးလာ၏ ။
ထူးဆန်းတာက ရောင်ဖြာ လုံးဝမရုန်းပါ။
ရောင်ဖြာအား ဆိုဖာပေါ်သို့တွန်းချပြီး ပေါ်က လွှမ်းအုပ်လာ၏ ။

“အ့ .. “

ရောင်ဖြာ၏ လည်တိုင်ကြော့ကြော့ ကိုကိုက်ချလိုတော့ နာသွားသည်နှင့်တူတယ်။
အသံပိစိလေးထွက်လာသည်။
တကယ် ကိုယ်မင်းကိုလွမ်းနေတာ

လည်တိုင်က တစ်ဆင့် အပေါ်သို့တက်လာပြီး
နှုတ်ခမ်းပါး သို့ အဆင့်ကျော်လာပြန်သည့် လူဆိုးကောင် ။

ပြွတ်စ် !!!!!!!

အွန်းးးးးး

ရောင်ဖြာ သူစိတ်သူတောင်နားမလည်ခဲ့ ပုံမှန်ဆို  သူအခုချိန်မှာ ရုန်းနေရမှာလေ။
မသိစိတ်၏ စေစားရာအတိုင်း ဧကရာဇ်၏ အနမ်းကိုလက်ခံနေမိသည်။

အနမ်းများကိုရုန်းကန်ခြင်းမရှိပဲတုံပြန်နေမိ၏
အော်မလွယ်ပါလား ။
ဒီလူဆိုးကောင်တော်တော် ပြုစားနိုင်လွန်းပါတယ်။

“အွန်းးး တော်တော့ လူကြီးးး ‌ဆက်နမ်းရင်
‌ညအထိဆက်သွားလိမ့်မယ် “

“မဆက်ချင်ဘူးလားးး “

“No. No . No .  သွား… ရေသွားချိုးတော့ပါးစပ်က စီးကရက် အနံတွေ နံဆော်နေတာပဲ”

ရောင်ဖြာဆူပုပ်နေသောရုပ်ဖြင့် ပြောလာသည်။ အနမ်းခံထားရတော့ နီရဲနေသည့် နှုတ်ခမ်းက ရှေ့ကို တစ်ထောင်လောက် ထော်လန်နေ၏။

“‌ေနာက်တစ်ခေါက်လောက်ထပ်နမ်းလို့မရဘူး‌လားးး”

ဘာတဲ့ နောက်တစ်ခေါက်တဲ့လား အော်..
ဒီလူဆိုးကောင်းကြီးလူကိုလာချွဲနေတာလား။
တော်ပြီးတော်ပြီး အလိုမလိုက်ပါဘူး။

“သွားပါ တော့ ရေသွားချိုးး “

“ကိုယ်က လွမ်းလို့ပါ “

“အပိုတွေ ! “

ဧကရာဇ် သူ၏ သွားထပ်လေးပေါ်အောင် ရယ်မိ၏ ။ ဘာတဲ့ သူ‌အရှေ့မှာရှိနေတဲ့သူရဲ့သက်ဆိုင်သူက သူကိုအမိန့်တောင်ပေးတက်နေပြီး ။

ရောင်ဖြာတစ်ယောက်မှင်သက်သွားပြန်သည်။
ဒီတစ်ခေါက်သူ ဧကရာဇ်၏ သွားထပ်လေးပါတဲ့အပြုံးမှာ နစ်ဝင်သွားသည်။

အပြုံးအရယ်သိပ်မရှိတဲ့လူကြီးရဲ့ အပြုံး‌ ဘယ်လောက်လှသလဲဆိုရင် သွားထပ်လေးမှာကျွန်တော်ရဲ့ ချစ်ခြင်းတွေ ငြီ့ ပါသွားရတဲ့အထိပါပဲ ။

“ကဲ့ပါ ကျုပ်ရေသွားချိုးတော့မယ် “

ရောင်ဖြာခေါင်းသာတစ်ချက်ညိမ့်မိ၏ ။
ဟောကွယ် ဧကရာဇ်ချစ်စရာကြီးပါ။
ဧကရာဇ်ဆိုဖာပေါ်ကနေထသွား၏
ရောင်ဖြာထွက်သွားသောကျောပြင်အားတစ်ချက်ကြည့်ပြီး ပြုံးမိသည်။

သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ ။
တစ်ယောက်ကလဲ ကလဲ့စားချေမယ်ဆိုပြီး နူးညံ့ပြနေတယ်။
တစ်ယောက်ကလဲ မုန်းတယ်ဆိုပြီး ဧကရာဇ်ရဲ့စကားတွေမှာပျော်ဝင်နေမိတယ်တယ်။

Tags: read novel False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (23), novel False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (23), read False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (23) online, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (23) chapter, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (23) high quality, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part (23) light novel, ,

Comment

Leave a Reply

Chapter 26